မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၁၃ ၊ ၂၀၁၂

တောင်ကိုရီးယား STX Group လျှပ်စစ်စွမ်းအင် ကဏ္ဍ လုပ်ကိုင်လို


တောင်ကိုရီးယား နိုင်ငံ STX Group ကုမ္ပဏီ က မြန်မာနိုင်ငံ၏ သဘောင်္ကျင်း လုပ်ငန်းနှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍ များ၌ လာရောက် လုပ်ကိုင်ရန် ကမ်းလှမ်းကြောင်း သိရသည်။ တောင်ကိုရီးယား သို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က ဘူဆန်မြို့ရှိ STX Group ကုမ္ပဏီ၏ သဘောင်္တည်ဆောက်ရေး လုပ်ငန်းကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သွားရောက် လေ့လာ ရာတွင် ကုမ္ပဏီ ဥက္ကဌက ယင်းသို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ကြေးမုံ သတင်းစာ၌ ပါရှိသည်။ ဦးသိန်းစိန်ကလည်း မြန်မာ နိုင်ငံ ၏ အထူး စီးပွားရေးဇုန် ၃ ခုတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဦးသိန်းစိန်သည် တောင် ကိုရီးယား သမ္မတ လီမြောင်ဘက်၏ ဖိတ်ကြားချက်ဖြင့် အောက်တိုဘာ ၇ ရက်မှ ၁၀ အထိ ခရီးစဉ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တရားဝင် ငွေလဲ ဈေးကွက် ပြန်လည် သုံးသပ်ရန်လို


နိုင်ငံခြားငွေ တရားဝင် လဲလှယ်ပေးသည့် ဘဏ်များသည် မှောင်ခို ဈေးကွက်နှင့် ငွေလဲနှုန်း ကွာဟမှု ရှိနေပြီး ကန့်သတ်ချက် များပြားနေသောကြောင့် ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များ အသိုင်းအဝန်းက ပြောသည်။
ငွေလဲကောင်တာများက ဒေါ်လာ ၃၀၀ နှင့် ၁၀၀၀ ကြားသာ အများဆုံးလဲပေးပြီး ဟောင်းနွမ်း စွန်းထင်းမှုရှိသည့် ငွေများ လဲမပေးခြင်း၊ မှောင်ခိုဈေးနှုန်းထက် ငွေရောင်းဝယ် ဈေးနှုန်းကွာခြားမှု များပြားနေခြင်း၊ လဲလှယ်မှုအပေါ် အထောက်အထား တောင်းခံခြင်း စသည့် ကန့်သတ်ချက်များကြောင့် ငွေလဲသူ အများစုမှာ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည့် မှောင်ခိုဈေးကွက် ကို သာ အသုံးပြုလျက် ရှိသည်။
ပြည်ပ ထွက်ခွာမည့်သူများ၊ ပြည်တွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြား ဧည့်သည်များနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် အများစုမှာ နိုင်ငံခြားငွေ ပုံမှန်ရောင်းဝယ်သူများဖြစ်ပြီး နယ်စပ်ဒေသများ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တရားဝင်ငွေလဲ ကောင်တာ ထားရှိမှု အားနည်းနေသေးသည့်အတွက် မှောင်ခိုဈေးကွက် ပိုမိုကျယ်ပြန့်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ပြည်ပက ပြန်လာပြီး ရန်ကုန်မှာ ပါလာတဲ့ နိုင်ငံခြားငွေကို တခါတည်း လဲခွင့်မရတော့ ငွေလိုအပ်တဲ့ ကိစ္စကို ချက်ချင်း ဖြေရှင်း လို့မရဘူးပေါ့၊ ချက်ချင်း အရင်းအနှီး လုပ်လို့မရဘူး။ နယ်ပြန်မယ် ဆိုရင်လည်း ရန်ကုန်မှာ တခါတည်း လဲပြီး ပြန်ဖို့အရေး အလုံးအရင်းနဲ့ လဲလို့မရတော့ ပြဿနာပေါ့”ဟု နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ပြီး ပြန်လာသူတဦးက ဆိုသည်။
နိုင်ငံခြားငွေ တရားဝင် လဲလှယ်နိုင်သည့် ကောင်တာများတွင် အကန့်အသတ်ဖြင့်သာ ရောင်းဝယ်နိုင်သောကြောင့် ဘဏ် ဝန် ထမ်း တချို့က ငွေကြေး ပိုမိုရောင်းဝယ်လိုသူများထံမှ အခကြေးငွေယူကာ ပြင်ပမှောင်ခိုဈေးကွက်နှင့် ချိတ်ဆက် အလုပ် လုပ်ပေးနေမှုများ ရှိနေကြောင်း ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
“တရားဝင်ကောင်တာတွေမှာ အပြင်က ပွဲစားတွေ ဝင်ပြီး အမြတ်ယူ လဲပေး နေတာတွေလည်း ရှိတယ်။ အဲဒါကြောင့် နိုင်ငံ တကာ ဘဏ်တွေနဲ့တော့ ယှဉ်လို့ မရသေးဘူး။ ဘဏ်တွေမှာ လုပ်ငန်းစွမ်းရည် မြှင့်တင်ဖို့ လိုနေပါပြီ”ဟု သူက ဆိုသည်။
မှောင်ခိုဈေးကွက်ဖြင့် ငွေအရောင်းအ၀ယ် ပြုလုပ်သူအများစုသည် အချိန်မြန်ခြင်း၊ ဈေးပိုရခြင်း၊ ကန့်သတ်မှုမရှိခြင်း၊ စွန်းထင်း  ဟောင်းနွမ်းသည့် ငွေကြေးများကိုလည်း အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း စသည်တို့ကြောင့် မှောင်ခိုဈေးကွက်ကို အားကိုးကြ သော်လည်း မကြာခဏ ငွေလိမ်ခံရခြင်းများ ရှိနေကြောင်း သိရသည်။
“မှောင်ခိုဈေးကွက်ကို တရားဝင် ဈေးကွက်ဖြစ်အောင် လုပ်သင့်တယ်၊ မှောင်ခိုတွေကို သက်ဆိုင်ရာတွေက လိုင်စင် ထုတ်ပေး ရင်တော့ တရားဝင် ငွေဈေးကွက်ဖြစ်တာပေါ့။ သူတို့ဘက်ကလည်း ခိုးပြီး လုပ်မယ့်အစား အခွန်ဆောင်ပြီး တရားဝင်လုပ်သင့် တယ်”ဟု အာရှ စိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ် ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောသည်။
ဦးသန်းလွင်က ယခင် အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံ များ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကြောင့် ပြည်တွင်းဘဏ်များ အနေဖြင့် ကမ္ဘာ့ဘဏ်များ၊ ကမ္ဘာ့ငွေကြေး အခြေအနေများနှင့် ထိတွေ့မှု အားနည်းခဲ့ကြောင်း၊ ငွေကြေး လဲလှယ်သူများသည် ပြစ်မှုဆိုင်ရာ ကိစ္စများနှင့် သက်ဆိုင်မှု ရှိနေနိုင်ခြင်း၊ နယ်စပ်မှ တရားမ၀င် ၀င်ရောက်သည့် ငွေများ ဖြစ်နေနိုင်ခြင်း စသည့် အခြေ အနေများ အပေါ် အာမခံနိုင်ခြင်း မရှိသောကြောင့် ဘဏ်၏ လုံခြုံရေးနှင့် စီးပွားရေး အခြေအနေကို ထိန်းသိမ်းသည့် အနေဖြင့် ငွေလဲလှယ်ရာတွင် ကန့်သတ်ချက်များဖြင့် လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ထို့အပြင် ပြည်ပမှ ရင်းနှီးမြုပ်နှံလာမည့် ဘဏ်လုပ်ငန်းများ ၀င်ရောက်လာပါက ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင် ပြီး လက်ရှိ ငွေကြေး လဲလှယ်ရာတွင် ဖြစ်ပေါ်နေသည့် ဟောင်းနွမ်း စွန်းထင်း ဒေါ်လာများ မယူသည့်ပြဿနာနှင့် မှောင်ခိုဈေးကွက် ကြီးထွားနေသည့် အခက်အခဲများ ပြေလည်သွားနိုင်သည်ဟုလည်း ဦးသန်းလွင်က ဆိုသည်။
လက်ရှိတွင် ရန်ကုန် မြို့တွင်း၌ တရားဝင် ငွေလဲကောင်တာ ၆၃ ခုရှိပြီး မှောင်ခိုဝယ်ရောင်း အဓိက ပြုလုပ်သည့် နေရာများမှာ ပန်းဆိုးတန်း လမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ဂွတ္တလစ်လမ်း၊ ရွှေဘုံသာလမ်းနှင့် လသာလမ်းများပေါ်တွင် အုပ်စုလိုက် ဖွဲ့၍ လည်း ကောင်း၊ ပွဲစားအသွင်ဖြင့် လည်းကောင်း ငွေကြေး အရောင်းအ၀ယ်များ ပြုလုပ်ကြသည်ဟု သိရသည်။
တရားဝင် နိုင်ငံခြား ငွေလဲကောင်တာများကို အစိုးရဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖွင့်လှစ်ခွင့် ပြုခဲ့သည်။
ယနေ့ အမေရိကန်ဒေါ်လာ တရားဝင်ဝယ်ဈေးမှာ ၁ ဒေါ်လာလျှင် ၈၄၂ ကျပ်၊ ရောင်းဈေးမှာ ၈၄၉ ကျပ် ဖြစ်ပြီး မှောင်ခိုဈေးကွက် တွင် ၁ ဒေါ်လာ ဝယ်ဈေးမှာ ၈၄၃ ကျပ် ဖြစ်ပြီး ရောင်းဈေး ၈၄၇ ကျပ် ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးဖို့ ဖိတ်ခေါ်

 

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံကြဖို့ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနက နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူတွေကို မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာကို ဘဏ္ဍာရေး စီးပွားရေးအကူအညီ ဂျပန်ပေးမည်

 

ဂျပန်နိုင်ငံဟာ မြန်မာအပေါ် ဘဏ္ဍာရေး စီးပွားရေးအကူအညီတွေ ထောက်ပံ့သွားမယ့်အပြင် မြန်မာနိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီတွေကို ရှင်းလင်းနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီးက မနေ့က ပြောလိုက်ပါတယ်။


HTC မိုဘိုင်းဖုန်း၏ တရားဝင်ဆားဗစ်စင်တာများအား ပြည်တွင်း၌ ဖွင့်လှစ်မည်


ထိုင်ဝမ်အခြေစိုက် မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် HTC ၏  တရားဝင်ဆားဗစ်စင်တာများအား လာမည့်နိုဝင်ဘာလအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မှ Authorized Service Center အဖြစ် ပေးအပ်ထားသည့် KMD ကုမ္ပဏီမှ သိရှိရသည်။
"စင်ကာပူ Branch office ကနေပြီး KMD ကို Authorized Service Center အဖြစ်ပေးလိုက်တာပါ။ လောလောဆယ်တော့ ဆားဗစ်ပဲလုပ်ဦးမှာပါ။ HTC Brand ကို တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ပေးဖို့လည်းရှိတယ်။ လောလောဆယ်သူတို့ဘက်က မဆုံးဖြတ်ရသေးဘူး။ အခု ဆားဗစ်လုပ်မယ့်သူတွေကို သူတို့ဆီကပဲခေါ်မလား ဒီကပဲလုပ်မလားဆိုတာတော့ သေချာ မဆုံးဖြတ်ရသေးဘူး။ လောလောဆယ်တော့ HTC က Certify Engineer တွေပြင်ပေးမှာပါ" ဟု KMD ကုမ္ပဏီမှ Deputy General Manager ကိုစိုးငွေရက ပြောကြားသည်။
အဆိုပါ HTC ၏တရားဝင် ဆားဗစ်စင်တာတွင် Global Warrantly ရရှိထားသည့် မည်သည့် HTC ဟန်းဆက်မျိုးမဆို ဆားဗစ်ပြုလုပ်ပေးမည်ဖြစ်သော်လည်း  ပြည်ပနိုင်ငံများမှ Operator နှင့်တွဲရောင်းသည့် ဟန်းဆက်များကိုမူ ဆားဗစ်ပြုလုပ်ပေးမည်မဟုတ် ဟုလည်းသိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment