06/08/2011
မြို့တော်ရန်ကုန် ဇာတ်လမ်းစုံ အပိုင်း(၁) (၂) (၃) (၄)တို့ ကို (၂၀၁၀) က ဒီလွင်ပြင် ဒီဘလော့ သတင်းမီဒီယာမှာ တစ်ပတ်တစ်ခါ ရေးသားတင်ဆက်ခဲ့ရာတွင်၊ ၂၀၁၀( ၆) လပိုင်းအရောက်မှာ လွင်ပြင် ဘလော့ကို မသမာ စစ်ခွေးဝဲစားအုပ်စုရဲ့ လက်ချက်ကြောင့် wanna23@gmail.com လဲပျောက် ဘလော့ပါ အဖျက်အဆီးခံခဲ့ ရပါတယ်။ အဲဒီနောက်ပိုင်းမှာ လွင်ပြင်ကြီးနဲ့ ၀ိုင်းတော်သားများအားလုံး အင်တာနက် သတင်းကွန်ယက် နှင့် ဝေးကွာခဲ့ရ ပြီး ဆယ်သွယ်ရေးဂြိုလ်တုတွေပါ ပြတ်တောက်ခဲ့ရပါတယ်။
အမျိုးမျိုးသောအကြောင်းတို့ကြောင့် သတင်း မီဒီယာဘလော့ ကို ပြန်ပြီး မစနိုင်ခဲ့ပါဘူး။ အခုတော့ တော်လှန်ရေးရဲဘော်အပေါင်သင်းများနှင့် ဒီလွင်ပြင်ဝိုင်းတော်သားများ စကားဝိုင်ဖွဲ့ပြီး ဆွေးနွေးခဲ့ကြရာ ဆက်လက်ပြီး သတင်းနဲ့ မီဒီယာအခန်းကို ပြန်စကြဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဒီလွင်ပြင်မှာ၊ ဒီစစ်ပွဲတွေ မပြီးသ၍…ဒီတိုက်ပွဲကို ဆက်တိုက်ကြဖို့ရန်အတွက် ဆန္ဒတွေပြန်လည်စုစည်းပြီး ဒီဘလော့လေးကို ပြီးမြောက် အောင် ဆောင်ရွက်ခဲ့ ကြပါတယ်။
၂၀၁၀ ၆လပိုင်းက မြို့တော်ရန်ကုန် ဇာတ်လမ်းစုံ ဆောင်ပါးကို အပိုင်းအားဖြင့် (၁ ကနေ ၄အထိ) ဒီလွင်ပြင်ဝိုင်းတော်သားများအတွက်တင်ဆက်ရေးသားခဲ့ပြီး ယခုတစ်ဖန် ဒီလွင်ပြင်ကြီးဘလော့ မှာ အပိုင်း(၅) ကနေစပြီး ရေးသား တင်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးရင်း လွင်ပြင်ပရိသတ်ကြီးကို အသိပေးကြေငြာအပ်ပါတယ်…..။။
မေတ္တာများစွာဖြင့်
လွင်ပြင်ဝိုင်းတော်သားအားလုံးရဲ့ ထာဝရဒီလွင်ပြင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment