ကုလအတွင်းရေးမှူးချုပ် မကြာခင် မြန်မာပြည်သွားမည်
မကြာခင်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ မစ္စတာ ဗီ ဂျေး နမ်ဘီယား (V. J. Nambiar) က နေပြည်တော်မှာ အမျိုးသား လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ လုပ်မည်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့် တနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင် ဘာ ၁၄ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ဖိတ်စာ များ ဖြန့်ဝေထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလက ဖြစ်ပွားသည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုအပြီး မှ စတင်၍ နေအိမ် အကျယ်ချုပ် ၇ နှစ် ခန့် ကျခံနေရခြင်းမှ ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
KNU ကို အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းနေ
ကရင် အမျိုးသား အစည်းအရုံး(KNU)ကို အစိုးရက ယခုရက်ပိုင်းအတွင်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုပြုလုပ်ကြောင်း သိရသည်။ အစိုးရဘက်က ပြည်နယ်အဆင့်ကိုယ်စားလှယ်များနှင့် KNU ဘက်က အထွေထွေအတွင်းရေးမှူး အပါအ၀င် ကိုယ်စားလှယ်များ တရားဝင် နှစ်ကြိမ် တွေ့ဆုံပြီး ဖြစ်သည်ဟု KNU ဒု ဥက္ကဌ ဒေးဗစ်တာကပေါက ပြောကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှုအရှိန်မြှင့်လျှင် အာဆီယံဥက္ကဋ္ဌရာထူး သေချာ
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားရောက်ပြီးနောက်တွင်
မြန်မာနိုင်ငံအား၂၀၁၄ အာဆီယံဥက္ကဋ္ဌရာထူး မပေးမီ နိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း အကဲခတ်များက တိုက်တွန်းလိုက်သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်ပို့ခြင်းခံရသည့် မြန်မာအလုပ်သမားများထံမှ ကရင် နယ်ခြားစောင့် တပ်နှင့်လူပွဲစားများ၏ တရားမ၀င် ငွေတောင်းခံနေသည့် လုပ်ရပ်များကို စနေနေ့က စတင်၍ မြ၀တီ ခရိုင် အာဏာပိုင်များက ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မဟာမိတ်ပါတီများက နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ကိစ္စများကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကြေညာသွားဖွယ်ရှိကြောင်း သိရသည်။
မဟာသီယာ ရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆိုမည်
မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) ၏ ဗုဒ္ဓဟူးနေ့တွင်စတင် သွားရောက်မည့် မြန်မာနိုင်ငံ ခရီးစဉ်တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု စာချွန်လွှာများ လက်မှတ်ရေးထိုးရန် ရှိကြောင်း UMFCCI ၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်မည့် မလေးရှားဝန်ကြီးချုပ်ဟောင်းသည် ဗုဒ္ဓဟူးနေ့ နေ့လည်တနာရီခွဲမှ ညနေ လေးနာရီခွဲအထိ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပမည့်
မြန်မာ- မလေးရှား စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိသည်ဟုလည်း သိရသည်။
မြန်မာ- မလေးရှား စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိသည်ဟုလည်း သိရသည်။
သမဝါယမနှင့် တောင်သူများ အပြန်အလှန် တရားစွဲ
“ခေတ်သစ် လယ်ယာမြေနှင့် အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမအသင်း လီမီတက်”
နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာမှ တောင်သူများ အပြန်အလှန် တရားစွဲဆိုမှု ဖြစ်ပွားလျက် ရှိသည်။
နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာမှ တောင်သူများ အပြန်အလှန် တရားစွဲဆိုမှု ဖြစ်ပွားလျက် ရှိသည်။
ကြက်သွန်ဈေး မတက်ဖို့ ပြည်ပမှ တင်သွင်းမည်ဟု ဆို
ကြက်သွန်ဈေးများ တက်မည်ကို ကာကွယ်သည့်အနေဖြင့် ကြက်သွန်များကို လိုအပ်ပါက ပြည်ပနိုင်ငံများမှ တင်သွင်းသွားမည်ဟု မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) လက်အောက်ရှိ ကြက်သွန် စိုက်ပျိုးထုတ်လုပ်သူများ အသင်းက ပြောသည်။မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေကြီး ခဲ့ပြီးနောက် ကြက်သွန်ခင်းများ ပျက်စီးခဲ့ရာမှ ကြက်သွန်နီ (ရှယ်) တပိဿာလျှင် ၇၀၀ ကျပ်မှ ၁,၂၀၀ ကျပ်သို့
မြင့်တက်သွားခဲ့သည်။အဆိုပါ ဖြစ်ရပ်ကြောင့် ကြက်သွန်ဈေးများ ထပ်မတက်ရန် ပြည်ပနိုင်ငံ များမှ တင်သွင်းမည်ဟု ကြက်သွန် စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးခင်ဟန်က ပြောခြင်း ဖြစ်သည်။
မြင့်တက်သွားခဲ့သည်။အဆိုပါ ဖြစ်ရပ်ကြောင့် ကြက်သွန်ဈေးများ ထပ်မတက်ရန် ပြည်ပနိုင်ငံ များမှ တင်သွင်းမည်ဟု ကြက်သွန် စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးခင်ဟန်က ပြောခြင်း ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တိုက်ပွဲများအကြောင်း မီးမောင်းထိုး ပြောကြား
ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကို အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ပေါ်စနာအား ပြောဆိုခဲ့ သည်ဟု ရွေးကောက်ပွဲဝင် ချင်းအမျိုးသား ပါတီ - CNP က ပြောသည်။
“ကျနော်တို့ ပြည်နယ်မှာဆိုရင် အခုထိ Human Rights Violations နဲ့ပတ်သက်တာပေါ့နော်။ လူ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ထိပါးတဲ့ ကိစ္စတွေက အခုထပ်ထိ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ ပြောင်းလဲပါတယ် လို့ ပြောရမှာ ခက်ပါတယ်လို့ ကျနော် ပြောပါတယ်” ဟု CNP ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
“ကျနော်တို့ ပြည်နယ်မှာဆိုရင် အခုထိ Human Rights Violations နဲ့ပတ်သက်တာပေါ့နော်။ လူ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ထိပါးတဲ့ ကိစ္စတွေက အခုထပ်ထိ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ ပြောင်းလဲပါတယ် လို့ ပြောရမှာ ခက်ပါတယ်လို့ ကျနော် ပြောပါတယ်” ဟု CNP ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှာ နိုဝင်ဘာလ ၂ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ် ရောက်ရှိလာမည်ဟု သိရှိရပါသည်။ | ||
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသို့ မစ္စတာ ဗီဂျေးနမ်ဘီယာ ရောက်ရှိလာခြင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။ ဗီ ဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံခရီးစဉ် သည်ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။ Lwin Pwin |
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment