ကမ္ဘာ့ လူဦးရေ သန်း ၇၀၀၀ ပြည့်သွားပြီ
ကမ္ဘာ့ လူဦးရေ သန်းပေါင်း ၇၀၀၀ ပြည့်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ယမန်နေ့တွင် ကြေညာသည်။ ကမ္ဘာတွင် လူဦးရေ တိုး လာသည်နှင့် အမျှ စားနပ်ရိက္ခာနှင့် သောက်သုံးရေသန့် ဖူလုံရေး ၊ လုံခြုံရေးနှင့် တရားမျှတမှု အာမခံချက်များ စသည့် စိန်ခေါ်မှုများနှင့် ကြုံရဖွယ်ရှိပြီး ထိုအရေး ကိစ္စများအတွက် စီစဉ်ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ကမ္ဘာ့ခေါင်းဆောင်များကို တောင်းဆိုလိုက်သည်။
ဂရိ ကြွေးမြီအစီအစဉ်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးထိုးကျ
ဂရိနိုင်ငံက ဥရောပရဲ့ ကြွေးမြီသက်သာစေရေး သဘောတူညီချက်အပေါ် လူထုဆန္ဒခံယူချက် တောင်းခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးကွက်တွေ အင်္ဂါနေ့မှာ ထိုးကျဆင်းသွားသလို မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဥရောပခေါင်းဆောင်တွေ ဦးနှောက်ခြောက်နေကြတယ်လို့ ဆိုပါတယ်။ဥရောပ စတော့ရှယ်ယာဈေးကွက် ထိုးကျသွားသလို အာရှဒေသက ဈေးကွက် အညွှန်းကိန်း ဂဏန်းတွေလည်း ကျဆင်းသွားပါတယ်။
နှိပ်ကွပ်မှု အဆုံးသတ်ဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ အစီအစဉ် ဆီးရီးယား လက်ခံ
ဆီးရီးယားနိုင်ငံမှာ ၁၁ နှစ် ကြာအုပ်ချုပ်နေတဲ့ သမ္မတ Bashar al- Assad ဘက်ရှာ၊ အယ်လ် အာဆတ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေအတွက် အစိုးရတပ်တွေရဲ့ ချေမှုန်းနေမှုတွေ ရပ်ဆိုင်းသွားအောင် အာရပ်အဖွဲ့ချုပ် က ချပြခဲ့တဲ့ အစီအစဉ်ကို ဆီးရီးယား အစိုးရက သဘောတူ လက်ခံခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာပါတယ်။ ဒါ့ကြောင့် သမ္မတ အာဆတ်ဟာ အတိုက်အခံတွေနဲ့ စတင်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။
အီရန်နဲ့ မြောက်ကိုရီးယား နျူကလီယားအစီအစဉ် IAEA စိုးရိမ်
နိုင်ငံတကာ အဏုမြူအေဂျင်စီ IAEA အဖွဲ့ အကြီးအကဲက ဒီနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာကို ကုလသမဂ္ဂကို တင်လိုက်ပြီးတော့ အီရန်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ရဲ့ လုပ်ရပ်တွေကြောင့် စိုးရိမ်စရာ အသစ်တွေ ဖြစ်လာရပြန်ပါတယ်။အီရန်နိုင်ငံဟာ အဏုမြူစွမ်းအားကို ငြိမ်းချမ်းစွာ အသုံးပြုနေပါတယ်လို့ သက်သေပြနိုင်ဖို့ IAEA နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ IAEA ညွှန်ချုပ် Yukio Amano က အင်္ဂါနေ့မှာ အတည်ပြု ပြောကြားပါတယ်။
ဘန်ကောက်ရေဘေး ကာကွယ်မှု ရပ်ကွက်အချို့ မကျေနပ်
ရေကြီးနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဆင်ခြေဖုံးရပ်ကွက်မှာ ရှိနေတဲ့အချက်အခြာနေရာတွေမှာ ရေတက်ပြီးတော့ ရေ၀ဲကတော့တွေပါ ဖြစ်ပေါ်လာတဲ့အတွက် ရေဘေးဒဏ် ခံနေရတဲ့သူတွေဟာ ပိုပြီးတော့ ကြောက်လန့်ဒေါသထွက်နေကြတယ်လို့ ဆိုပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment