နိုင်ငံတကာသတင်း

ဆီးရီးယားကို ကုလအရေးယူမှု ရုရှား လက်ခံမည်မဟုတ်

 

ဆီးရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မယ့် လုပ်ရပ်တွေကို ထောက်ခံမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရက ပြောကြောင်း သိရသည်။

ဆိုမာလီ ပြန်ပေးလက်မှ ဓါးစာခံများ အမေရိကန် ကယ်တင်


ဓါးစာခံတွေကို ဆိုမာလီယာ လက်နက်ကိုင်တွေ လက်ထဲကနေ အမေရိကန် အထူး စစ်ဆင်ရေး တပ်ဖွဲ့တွေက ကယ်တင်ခဲ့တဲ့ကြောင်း သိရသည်။

မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး


အမေရိကန်သမ္မတအိုဘားမားရဲ့ နှစ်စဉ် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကို ချီးကျူးပြောဆိုသွားကြောင်း သိရသည်။

အီဂျစ်ဆန္ဒပြမှု နှစ်ပတ်လည်ကျင်းပ


နှစ်ရှည်အာဏာချုပ်ကိုင်အုပ်ချုပ်ခဲ့တဲ့ အီဂျစ်သမ္မတမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့တဲ့ လူထုဆန္ဒပြပွဲ တနှစ်ပြည့်အထိမ်းအမှတ် Thrir ရင်ပြင်မှာစုဝေးနေကြောင်း သိရသည်။


ကျင်းပရန် သုံးလသာလိုတော့သည့်အချိန်တွင် ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်များ ဖြစ်သည့် လက်ရှိသမ္မတဆာကော်ဇီနှင့် ဆိုရှယ်လစ်ဝါဒီ ဖရွန်ဆွာဟော်လန်ဒေးတို့အပြင် လက်ယာစွန်းနှင့် ဗဟိုဝါဒီတို့ ပါဝင်လာခဲ့သည်။ ယခုရွေးကောက်ပွဲမှာ ၁၉၆၅ ခုမှ၂၀၀၇ ခုနှစ်ကာလအတွင်းမှာကဲ့သို့ သမ္မတလောင်းသုံးဦးသာ ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲမဟုတ်ဘဲ ပထမဆုံးအကြိမ် လေးဦးထိ ယှဉ်ပြိုင်မည့်ပွဲဖြစ်ကြောင်း လက်ဝဲယိမ်း Liberation သတင်းစာက မကြာသေးမီက ၎င်း၏ အယ်ဒီတာအာဘော်တွင် ဖော်ပြခဲ့ကြောင်း ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် လက်ယာစွန်း National Front  ပါတီမှ မာရင်းလီပင်းနှင့် Democratic Movement ပါတီမှ ဖရွန်ဆွာဘေရူးတို့လည်း ခြေလှမ်းကျဲကျဲ လှမ်းနေကြကြောင်း စစ်တမ်းများ၌ တွေ့ရှိရသည်။
စစ်တမ်းများအရ ဟော်လန်ဒေးမှာ ပြိုင်ဘက်အားလုံးရှေ့တွင်ဦး ဆောင်နေပြီး ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ ပထမအကျော့၌ မဲအားလုံး၏ ၂၈ မှ ၃၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ဖွယ်ရှိသည်။ သမ္မတဆာကော်ဇီက ၂၃ နှင့် ၂၄ ရာခိုင်နှုန်းဝန်းကျင်၊ လီပင်းက ၁၈ နှင့် ၂၀ ရာခိုင်နှုန်းကြား၊ ဘေရူးကမူ ၁၂ နှင့် ၁၄ ရာခိုင်နှုန်းခန့် ရရှိနိုင်ကြောင်း ဖော်ပြထားသည်။  သို့သော်လည်း ဟော်လန်ဒေး၏ လူကြိုက်များမှုမှာ တဖြည်းလျော့နည်းဖွယ်ရှိနေပြီး ဆာကော်ဇီကိုလည်း မဲဆန္ဒရှင် ၆၃ ရာခိုင်နှုန်းက မနှစ်သက်ကြောင်း လီပင်းနှင့် ဘေရူးတို့အပေါ် လူကြိုက်များမှု တိုးလာဖွယ် ရှိနေကြောင်း သိရသည်။








ရုရှားသမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် စီးပွားရေးလုပ်ငန်းရှင် မစ်ခေးပရိုခိုရော့က ရုရှားမဲ ပေးသူများအနေဖြင့် ၎င်းတို့သည် ဥရောပ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို သိရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။ နိုင်ငံရေးလောကသို့ ၀င်ရောက်ခါစ ပရိုခိုရော့သည် အသက် ၄၆ နှစ်ရှိပြီဖြစ်ပြီး ဒေါ်လာ ၁၈ ဘီလျံခန့် ကြွယ်ဝချမ်းသာသည်။ ရုရှား၏ ချမ်းသာဆုံးသော လူပျိုကြီးဟု သတ်မှတ်ခံရသည့် ပရိုခိုရော့သည် ဇန်န၀ါရီ ၁၉ ရက်နေ့က ရုပ်သံစကားစစ်ထိုး ပွဲတွင် ကွန်မြူနစ်ပါတီပြိုင်ဘက် ဂျမ်နာဒီဇူကာနော့နှင့် စကားစစ်ထိုးခဲ့ပြီး ပူတင်လက်ထက် ရုရှားနိုင်ငံ၏ ပုံရိပ်ကို တင်ပြထားသည့် စစ်မှန်သည့် အနာဂတ်ဆိုသော ပါတီမူဝါဒကို ထုတ်ပြန်ခဲ့သည်။
''ကျွန်တော်တို့က အာဏာရှင် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်နေရပါတယ်။ ဟန်ဆောင်နိုင်ငံရေးနဲ့ ဟန်ဆောင်စီးပွားရေးတွေရှိတဲ့ အတုအယောင်ကမ္ဘာမှာ ကျွန်တော်တို့နေထိုင်နေရပါတယ်''ဟု ပရိုခိုရော့က ပြောကြားခဲ့သည်။
၎င်း၏ အစီ အစဉ်တွင် စီးပွားရေးကဏ္ဍငယ်များခွဲပြီး ပြည်တွင်းနိုင်ငံရေးနိုင်ငံခြားမူဝါဒနှင့် ကာကွယ်ရေးကိုလည်း ကဏ္ဍများခွဲခြားသွားမည်ဖြစ်သည်။  ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးနှင့် သံတမန်ဆက်ဆံရေးများ တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် ဆက်ဆံရေးကို မပြောကြားခဲ့ပေ။  ထို့ပြင် စိစစ်မှုအားလုံးကို ရပ်တန့်သွားရန် ပရိုခိုရော့က တောင်းဆိုခဲ့ပြီး ရုပ်သံနှင့် ရေဒီယိုများ ထိန်းချုပ်မှုကိုလည်း ဖယ်ရှားသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။





အကြွေးနွံနစ်နေသော အဖွဲ့ဝင်နိုင်ငံများအတွက် ဘဏ္ဍာရေး ကယ်ဆယ်မှုများ ပြုလုပ်နေရမှုအပေါ် ဖင်လန်ပြည်သူများက မလိုလားသည့် သဘောရှိနေသော်လည်း ဥရောပသမဂ္ဂနှင့် ဆက်လက်ပေါင်းစည်းရေး လိုလားသည့် သမ္မတလောင်း ဆော်လီနီနစ်စတိုမှာ သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် မဲအများဆုံးရခဲ့ကြောင်း သိရသည်။



ပင်တဂွန်၏ဘတ်ဂျက်လျော့ချမှုများသည် အမေရိကန်လေယာဉ် တင်သင်္ဘော ၁၁ စင်းကို ဆက်လက်ထားရှိခြင်းအား ပြောင်းလဲပစ်နိုင်မည်မဟုတ်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ဇန်န၀ါရီလ ၂၁ ရက်နေ့က ပြောကြား ခဲ့ကြောင်း သိရသည်။




နျူလက်နက်ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု သံသယရှိနေသော အီရန် နျူလုပ်ငန်းစဉ်ကို ဟန့်တားရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အီရန်၏နိုင်ငံတကာ နှင့်ဆက်ဆံသော ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်ခဲ့ပြီး ဥရောပသမဂ္ဂက အီရန်မှ ရေနံတင်ပို့မှုကိုပါ ကန့်သတ်လိုက်ကြောင်း ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂက အီရန်မှရေနံတင်သွင်းမှုကို ကန့်သတ်လိုက်ကြောင်း သိရသည်။

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment