ဖေဖော်ဝါရီ ၂ ၀ါရှင်တန်ဒီစီမှာ ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနဲ့ ဒေါ်ခင်သန်းမြင့်တို့ NED မှာ တွေ့ကြမည်
အမေရိကန်ပြည်ကို ဇန်န၀ါရီလကုန် လာရောက်လည်ပတ်မည့်မြန်မာပြည်က အရေးပါသူ ၃ ဦးဖြစ်တဲ့ သီးလေးသီးထူထောင်သူ အနုပညာရှင် ကိုဇာဂနာ၊ ကချင်အရေး နိုးကြားလှုံ့ဆော်သူနဲ့ အင်န်ဒီအက်ဖ် ပါတီဝင် ဒေါ်ဘောက်ဂျာ နဲ့ အင်န်အယ်ဒီ အမျိုးသမီးရေးရာနိုးကြားလှုံ့ဆော်သူ ဒေါ်ခင်သန်းမြင့်တို့ကို မြန်မာအရေးထောက်ပံ့အားပေးသူ အမေရိကန်အစိုးရနဲ့ လွှတ်တော်နောက်ခံအဖွဲ့အစည်းကြီးဖြစ်တဲ့ NED (National Endowment for Democracy) က ကြိုဆိုပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်၊ နေ့ခင်းမှာ ကျင်းပမယ့်အစီအစဉ်ကို အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ကော်မီတီ လက်ထောက်အတွင်းဝန် မိုက်ကယ်ပိုဇနာက တက်ရောက် ချီးမြှင့်မှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ မြန်မာပြည်ရဲ့ တိုးတက်နေတဲ့ အပြောင်းအလဲကာလအပေါ် မြန်မာပြည်က အရေးပါသူတို့ရဲ့ သဘောထားနဲ့ အမြင်တွေကို တိုက်ရိုက်နားထောင် ဆွေးနွေးနိုင်ဖို့ အခုလို အစီအစဉ်ကျင်းပတယ်လို့ဆိုကြောင်း
မြန်မာပြည်သူတွေရဲ့အချစ်တော်လူရွှင်တော်ကိုဇာဂနာကတော့အဆိုပါအစီအစဉ်များတက်ရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင်း နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုမျာနဲ့ နွေးထွေးရင်းနှီးစွာ ခရီးလှည့်လည်တွေ့ဆုံလိမ့်မယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ တလလုံး အမေရိကန်ပြည်ထောင်စုမှာ ကိုဇာဂနာ ရောက်ရှိလည်ပတ်မှာ ဖြစ်ပြီး၊ ၂၀၀၆ ခုနှစ်ကတည်းက ကွဲကွာနေရတဲ့ သူ့ဇနီး၊ သူ့သားသမီးများနဲ့ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီလို့ အမေရိကန်သမ္မတ ပြော
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပါပြီလို့ အမေရိကန် အောက်လွှတ်တော်မှာ မနေ့က ပြောကြားတဲ့ ၂ဝ၁၂ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန် သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုလိုက်ကြောင်း သိရသည်။
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပ ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်တကျ အသွင်ကူးပြောင်းမည် နိုင်ငံခြားရေးဝန်ကြီး ပြော
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ စနစ်တကျနဲ့ တဖြည်းဖြည်းချင်း အသွင်ပြောင်းမှုသာ ဖြစ်လိမ့်မယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ပြောကြားလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို IMF ချီးကျူး
မကြာသေးခင် လပိုင်းတွေမှာ ပေါ်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးပြီး စီးပွားရေး ပိုမိုတည်ငြိမ်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက် ပိုမို လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်မှာ တိုက်တွန်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်း တိုးတက်လာကြောင်း RSF ပြော
ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် သတင်းလွတ်လပ်မှု အညွှန်းကိန်း Press Freedom Index ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကို ၂၀၁၀ တုန်းက အဆင့် ၁၇၄ သတ်မှတ်ထားခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင့် ၁၆၉ အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့
မြန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာ မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြား လိုက်ပါကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့်
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ကြိုးပမ်းမှု အတွက် ပါကစ္စတန် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ဒီကနေ့ ချီးမြှင့်လိုက်ကြောင်း ဒီဆုဟာ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ် ဘာနာဇီယာဘူတို အထိမ်းအမှတ် အဖြစ် ချီးမြှင့်ကြောင်း သိရသည်။
ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ
ဆော်ဒီအာရေဗီးယား နိုင်ငံရောက် မြန်မာ အလုပ်သမား ၂၆ ဦးဟာ အလုပ်ပွဲစားရဲ့အလှည့်ခံရလို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အပြင် အလုပ်ရှင်က ပတ်စပို့နဲ့ နေထိုင်ခွင့် လက်မှတ် သိမ်းထားတာကြောင့် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။
မြန်မာ့စီးပွားရေး မူဝါဒ တိုးတက်မှု IMF ကြိုဆို
မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေ ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေ တွေ့မြင် လာနေရပြီလို့ IMF က ပြောလိုက်ကြောင်း သိရသည်။
မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး
အမေရိကန်သမ္မတအိုဘားမားရဲ့ နှစ်စဉ် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကို ချီးကျူးပြောဆိုသွားကြောင်း သိရသည်။နေပြည်တော်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီတို့သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ရရှိရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အပါအ၀င် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန်အတွက် ပူးတွဲကော်မရှင် တည်ထောင်ရေးနှင့် နှစ်နိုင်ငံဗဟိုဘဏ်များ ကြား တွေ့ဆုံဆွေးနွေးရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ပါကစ္စတန် သမ္မတအာဆစ်အလီဇာဒါရီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် ရန်ကုန်မြို့ရှိ သူမ၏နေအိမ်သို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီက ဒေါ်အောင်ဆန်းစုကြည်အား Mohtar- ma Benazir Bhutto Shaheed ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ကတည်းကပေးထားတဲ့ Benazir Bhutto Shaheed ဆုကို ပါကစ္စတန်သမ္မတ Zardari ကိုယ်တိုင်ချီးမြှင့်ခဲ့ကြောင်း သိရသည်။မီဒီယာဥပဒေကြမ်း စာပေစိစစ်ရေး ရှင်းလင်း
ပိုလွတ်လပ်မယ့် စာပေစိစစ်ရေး ဥပဒေအကြောင်းပြောစဉ် လွတ်မြောက် နိုင်/ကျဉ်းတွေ အကြောင်းရေးတဲ့သတင်းတွေ သတ်မှတ်မူဝါဒထက် ကျော်ခဲ့ကြောင်းသတိပေးကြောင်း သိရသည်။မြန်မာနိုင်ငံတောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့အား မှတ်တမ်းရုပ်ရှင် လာရောက် ရိုက်ကူးနိုင်ရန် BBC က ကမ်းလှမ်းထားကြောင်း သတင်းရရှိပါသည်။ |
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆက်ဖိအားပေးဖို့လို
မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေရှိလာပေမယ့် လုံလောက်မှုမရှိသေး၊ ဆက်ပြီးဖိအားပေးဖို့ အမေရိကန်ရဲ့ ကဏ္ဍအရေးပါကြောင်း ဦးဝင်းတင်ပြောကြောင်း သိရသည်။အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မွန်ပြည်သစ်ပါတီက ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ် ၇ ဦးပါ အဖွဲ့ကို ရွေးချယ်လိုက်သည်။ပါတီဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတွင် ဗဟိုအလုပ်မှုဆောင် ကော်မတီများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အင်္ဂါနေ့တွင် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း
ကိုယ်စားလှယ်များမှာ ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်သည့် နိုင်တလညီနှင့် နိုင်လရီဂကောင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားလယ်၊ သထုံခရိုင် အတွင်းရေးမှူး နိုင်ဧကနှင့် ဗဟိုစစ်ကော်မတီ ဒု-ဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ ဖြစ်ကြောင်း ဗဟိုကော်မတီဝင်နိုင်ဟံသာပိန်ခိုင်းက ပြောကြောင်း သိရသည်။
ကိုယ်စားလှယ်များမှာ ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်သည့် နိုင်တလညီနှင့် နိုင်လရီဂကောင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားလယ်၊ သထုံခရိုင် အတွင်းရေးမှူး နိုင်ဧကနှင့် ဗဟိုစစ်ကော်မတီ ဒု-ဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ ဖြစ်ကြောင်း ဗဟိုကော်မတီဝင်နိုင်ဟံသာပိန်ခိုင်းက ပြောကြောင်း သိရသည်။
ရေလုပ်ငန်းရှင် အများစု၏ တင်ပြချက်များအရ ကမ်းဝေးငါးဖမ်း ရေယာဉ်များတွင် VMS (Vessel Monitoring System) စနစ်တပ်ဆင်အသုံးပြု ခြင်းအား ဖြေလျှော့ လိုက်လျောမှုပေး ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။ ငါးလုပ်ငန်း စီမံခန့်ခွဲရာ၌ VMS စနစ်သည် ထိရောက်သော အရေးပါသည့် စနစ်တစ်ခုဖြစ်ပြီး ရေငန်ငါး သယံဇာတ ထိန်းသိမ်းရေးအတွက် တရားမ၀င် ငါးဖမ်းဆီးခြင်းကို ကာကွယ်တိုက်ဖျက်ရာ၌ မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံများ လိုက်နာဆောင်ရွက်ရာတွင်လည်း အရေးပါသော စနစ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ငါးဖမ်းရေယာဉ် အရေအတွက်မှာ ကမ်းဝေး ၂၀၄၇ စင်း၊ ကမ်းနီး ၂၉၃၇၁ စင်းနှင့် နိုင်ငံခြား ငါးဖမ်းရေယာဉ် ၃၉၆ စင်းရှိပြီး နိုင်ငံခြားငါးဖမ်း ရေယာဉ်များထဲတွင် ထိုင်းနိုင်ငံမှ အများဆုံး ဖြစ်ကြောင်းလည်း သိရှိရသည်။
SSA-S ခေါင်းဆောင်များ မြို့ကြီးသုံးမြို့တွင် စီးပွားရေး လေ့လာမှုပြုလုပ်
အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုးပြီးနောက် ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ခေါင်းဆောင်များမှ ယခုရက်ပိုင်းအတွင်း မြို့ကြီးသုံးမြို့တွင် စီးပွားရေး လေ့လာရေးမှုများ သွားရောက်ပြုလုပ် ခဲ့ကြောင်း SSA-S မှ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောကြောင်း
အစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ခေါ်ချက်အရ SSA-S အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သော ခုနှစ်ဦးအဖွဲ့က ရန်ကုန်နှင့် မန္တလေးမြို့များသို့ သွားရောက်လေ့လာခဲ့ပြီး ဗိုလ်မှူးချုပ် ဆိုင်မိန်း ဦးဆောင်သော သုံးဦးအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ခေါ်ချက်အရ SSA-S အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သော ခုနှစ်ဦးအဖွဲ့က ရန်ကုန်နှင့် မန္တလေးမြို့များသို့ သွားရောက်လေ့လာခဲ့ပြီး ဗိုလ်မှူးချုပ် ဆိုင်မိန်း ဦးဆောင်သော သုံးဦးအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထားဝယ်စီမံကိန်း အတွက် ၁၈ ရွာ ပြောင်းရမည် သေချာ
တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းသို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သွားရောက် စစ်ဆေးခဲ့ပြီးနောက် စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ ၁၈ ရွာ ပြောင်းရွှေ့ ရန်မှာ သေချာသွားပြီ ဖြစ်ကြောင်း သိရသည်။
ဥယျာဉ်ခြံမြေများဖြင့် အခြေကျနေသဖြင့် မပြောင်းရွှေ့လိုသည့် ဒေသခံရွာသားများနှင့် ဇန်နဝါရီ ၂၂ ရက်နေ့ကတွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးအတွက် ပြောင်းရွှေ့ပေးကြရန် ဒုသမ္မတ က အတည်ပြုပြောခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြသကဲ့သို့ ဒေသခံများက ပြောကြောင်း သိရသည်။
ဥယျာဉ်ခြံမြေများဖြင့် အခြေကျနေသဖြင့် မပြောင်းရွှေ့လိုသည့် ဒေသခံရွာသားများနှင့် ဇန်နဝါရီ ၂၂ ရက်နေ့ကတွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးအတွက် ပြောင်းရွှေ့ပေးကြရန် ဒုသမ္မတ က အတည်ပြုပြောခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြသကဲ့သို့ ဒေသခံများက ပြောကြောင်း သိရသည်။
ပဲပေါ်ချိန်ရောက်ပြီ . . . အထွက်နှုန်း ကျဆင်းမှုနှင့် ဈေးနိမ့်ဆင်းနေမှုကြောင့် ပဲစိုက်တောင်သူများ တွက်ခြေကိုက်မှု နည်းပါး
၂၀၁၂ ဇန်န၀ါရီလသို့ ရောက်လာပြီ ဖြစ်သောကြောင့် ဆောင်းပဲများ လှိုင်လှိုင်ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ သို့သော် ပဲစိုက်ချိန်မှဆွတ်ခူးသည့် ကာလအတွင်း ပိုးကျသည့် ဧရိယာများခဲ့သောကြောင့် တစ်ဧကအထွက်နှုန်း သိသိသာသာ ကျဆင်းနေပြီး ဈေးနှုန်းများမှာလည်း ယခင်နှစ်ထက် နိမ့်နေသောကြောင့် ပဲစိုက်တောင်သူများ တွက်ခြေကိုက်မှု နည်းပါးကြောင်း သတင်းရရှိသည်။
မှောင်ခိုတင်သွင်းမှုများကို သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်မည်ဟုဆို မင်္ဂလာဈေး၊ သိမ်ကြီးဈေးနှင့် စက်မှုဇုန်များအထိဆင်းကာ ဦးစွာအသိပေးခြင်း၊ နောက်ပိုင်းတွင် မျက်မြင်အတိုင်း အခွန်စည်းကြပ် အရေးယူခြင်းများ ပြုလုပ်မည်ဟု သိရ
မှောင်ခိုတင်သွင်းမှုကြောင့် လက်ရှိတွင် ပြည်တွင်းရှိ စားသောက်ကုန် ထုတ်လုပ်သူများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ ထိခိုက်လျက်ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တင်ပြခဲ့ကြသည်။ မှောင်ခိုတင်သွင်းမှုများ အား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။
အဝေးရောက်ကုသိုလ်
၂၅.၁.၂၀၁၂ (ဗုဒ္ဓဟူး)နေ့တွင် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့သည် သြစတေးလျားနိုင်ငံတွင်းရှိ မြန်မာပြည်သူ/သားတို့ကို သွားရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ရာ Sydney Myanmar Groupနှင့် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့ စုပေါင်းလှူဒါန်းခဲ့သော အလှူငွေ ကျပ် ၂၄၀၀၀၀၀ိ/- (နှစ်ဆယ့်လေးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းမှု ပြုခဲ့သည်။
ထို့ပြင် လွတ်လပ်သောအနုပညာရှင် ကိုဇာဂနာမှလည်း ၂၄.၁.၂၀၁၂ (အင်္ဂါနေ့) တွင် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာကာ စင်္ကာပူ နိုင်ငံရှိ ရဲရင့်ပို့ဆောင်ရေး (မိသားစု) မှတစ်ဆင့် လှူဒါန်းလိုက်သော စင်္ကာပူ $200၊ စင်္ကာပူနိုင်ငံရှိ ဦးသန်းလွင် (မိသားစု)မှ လှူဒါန်းသော စင်္ကာပူ $100 နှင့် စင်္ကာပူနိုင်ငံရှိ ကိုတင်မောင်ဆွေ၊ ကိုသက်နောင် (ရသအလင်းဖောင်ဒေးရှင်း) မှ စင်္ကာပူ $500 တို့အား မအားမလပ်သည့် ကြားမှ လာရောက်၍လှူဒါန်းမှုကို ပြုခဲ့ကြသည်။ထို့ကြောင့် “တစ်ဦးနှင့်တစ်ဦး မည်မျှပင် ဝေးကွာစေကာမူ နှလုံးသားခြင်း နီးနီးလေးရှိဖို့လိုတယ်” ဟူသော စကားအတိုင်း မြန်မာပြည်ဘွား မြန်မာတိုင်းရင်းသားများသည် မည်မျှပင် မိုင်ပေါင်းကွာဝေးကြသည်ဖြစ်စေ သွေးကစကားပြောသည့်အတိုင်း တစ်ဦး၏ဒုက္ခ အခက်အခဲများ ကို တစ်ဦးမှစာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီဖေးမလှူဒါန်းမူများတို့ကို ပြုလုပ်ခြင်းအပေါ် သာဓု … သာဓု … သာဓုဟုခေါ်ဆို လိုက်ရပါသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment