မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၂

မေတ္တာမွန်ဂိုဒေါင် ပြင်းထန်စွာ မီးလောင်ပေါက်ကွဲရခြင်း အကြောင်းမှန် ဖော်ထုတ်နိုင်ပြီဆို

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မေတ္တာမွန်သိုလှောင်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပရ ဆေးဂိုဒေါင်မီးလောင်ရာ၌ ပေါက်ကွဲမှုအား များစွာပြင်းထန်ရခြင်းမှာ သိုလှောင်ထားသော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်ကြောင်း သိရသည်။
''ပေါက်ကွဲမှုဖြစ်တဲ့ ဂိုဒေါင် အမှတ်(၇၉)ထဲမှာ ပရဆေးနဲ့ ဓာတု ပစ္စည်းစုစုပေါင်း ၆၈ မျိုး၊ တန်ချိန် အားဖြင့် ၂ဝ၅ ဒသမ ၁၂၂ တန် သိုလှောင်ထားတယ်။ အဲဒီထဲမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ ဓာတုပစ္စည်း က ၅၈ ဒသမ ၂၅ဝ တန်နဲ့ အပူရှိန် မြင့်မားမှုကို ပိုမိုအားပေးတဲ့လောင် စာက ၄၁ ဒသမ ၄၃၆ တန် ပါဝင် တာတွေ့ရတယ်။ မီးလောင်တဲ့ အချိန်မှာ ဒီဓာတုပစ္စည်း ၉၉ ဒသမ ၆၈၆ တန်က မြင့်မားတဲ့ အပူရှိန်နဲ့ ထိတွေ့ပြီး ဓာတုအချင်းချင်း ပေါင်း စပ်ဓာတ်ပြုကာ အသေးစားကြီးမား ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်တာ တွေ့ ရတယ်'' ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဂိုဒေါင်ပိုင်ရှင်အား စစ်ဆေးရာ တွင် ¤င်းသည် ပရဆေးများကို အရောင်းအဝယ်ပြုစဉ် ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် အဆက် အသွယ်ရှိခဲ့ပြီး ထိုလမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဓာတုပစ္စည်း များကိုပါ သယ်ယူသိုလှောင် ရောင်း ချခဲ့ကြောင်း၊ ဓာတုပစ္စည်းများကို သိုလှောင်ရာတွင် ရောနှောစုပုံခဲ့ ကြောင်း၊ ၂ဝ၁၁ အောက်တိုဘာ ပထမပတ်ထဲတွင် မီးလောင်ပေါက် ကွဲလွယ်သည့် Potassium Chlorate ၅ဝဝဝ ကီလိုဂရမ် (၂၅ ကီလို ဂရမ်ဝင် ၂ဝဝ အိတ်) Red Phosphorous ၁၆ဝဝ ကီလိုဂရမ်တို့ကို ဝယ်ယူ၍ ဂိုဒေါင်အတွင်းရှိ ယမ်း စိမ်းအိတ်များအနီး စုပုံထားခဲ့ ကြောင်း Potassium Chlorate အိတ် ၂ဝဝ မှ ၆ဝ ခန့်သာ ရောင်း ချခဲ့ရပြီး ကျန်အိတ်များနှင့် Red Phosphorous ၁၆ဝဝ ကီလို ဂရမ် တို့မှာ မီးလောင်သွားခဲ့ကြောင်း ထို့ ပြင် မီးမလောင်မီ ၁ဝ ရက်ခန့်က ဝယ်ယူသိုလှောင် ထားသော Ammonium Nitrate ငါးတန်နှင့် လက်ကျန် တစ်အိတ်လျှင် ၅ဝ ကီလိုပါသော ၁ဝ အိတ်မှာလည်း မီးလောင်မှုတွင် ပါဝင်သွားကြောင်း၊ ထို့ကြောင့် ပေါက်ကွဲမှု ပြင်းထန် သွားသည်ဟု စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုအား အမြန်ဆုံး ဖော်ထုတ်ရန် ဒုတိယသမ္မတဒေါက် တာ စိုင်းမောက်ခမ်းက ဇန်နဝါရီလ ၁ ရက်နေ့တွင် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးစဉ် က သက်ဆိုင်ရာဌာနအဖွဲ့အစည်း များသို့ မှာကြားခဲ့သည့်အတွက် ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်တိုင်းဒေသ ကြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဟူ၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ မီးလောင်ပေါက် ကွဲမှု အကြောင်းရင်းကို အပူတပြင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းအား စစ်ဆေးရာ၌ ကနဦးအနေဖြင့် မီးလောင်မှု အ ကြောင်းရင်းအား စတင်စစ်ဆေး ခဲ့ရာ ထွက်ဆိုချက်များအရ ဂိုဒေါင် အမှတ်(၈ဝ)မှ မီးစတင်လောင် ကျွမ်းခဲ့ပြီး ကပ်လျက်ရှိသော ဂိုဒေါင် အမှတ်(၇၉)သို့ ကူးစက်လောင် ကျွမ်းကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း၊ မီးစတင်လောင်ကျွမ်း စဉ်က ဝါယာကြိုးညှော်နံ့များရကာ အဆိုပါနေ့၏ ည ၁ နာရီခန့်မှ မီး စတင်လောင် ကျွမ်းနေ ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုဂိုဒေါင် အမှတ်(၈ဝ) တွင် မီးလောင်မှုမဖြစ်မီက ခဲဂဟေ ဆော် သည့် ဂေါက်အသုံးပြုခြင်းနှင့် အင်ဗာတာ အားသွင်းခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်း ပြီးဆုံးချိန်၌ ထိုမီးခလုတ်များကို မပိတ်ခဲ့ကြောင်း၊ အဆိုပါ မေတ္တာ မွန်ဂိုဒေါင်ဝင်းအတွင်းရှိ ဂိုဒေါင်များ အား လုံခြုံရေးမီးသာ သွယ်တန်း ခွင့်ပြုထားပြီး ကျန်လျှပ်စစ်မီးသွယ် တန်းခြင်းကို မြန်မာ့ဆိပ်ကမ်း အာ ဏာပိုင် လျှပ်စစ် အင်ဂျင်နီယာဌာန ၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင် ရွက်ရမည်ဖြစ်သော်လည်း ဂိုဒေါင် အမှတ်(၈ဝ)၏ လျှပ်စစ်မီးသွယ်တန်း ခြင်းကိုမူ ဌာန၏ခွင့်ပြုချက် မရမီ သွယ်တန်းခဲ့ကြောင်း စစ်ဆေးတွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ အဖွဲ့ဝင်မီးသတ်အရာရှိတစ်ဦးက ပြောသည်။
''အခုတွေ့ရှိရတဲ့ စစ်ဆေးချက် တွေအရ ဒီမီးလောင်မှုဟာ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲပြီး မီး လောင်မှု စတင်ဖြစ်ပွားတယ်လို့ သုံး သပ်ရတယ်။ ဘာကြောင့်လဲဆို တော့ မီးလောင်မှုဖြစ်တဲ့ညမှာ မီး မလောင်ခင် အချိန်အထိ လျှပ်စစ် မီးလာနေပြီး ပေါက်ကွဲမှု ကြီးဖြစ် တော့မှ လျှပ်စစ်မီးပြတ်သွားတယ် ဆိုတဲ့ အချက်ရယ်၊ မီးလောင်မှု မဖြစ်ခင် သုံးရက်လောက်က ဒီဂို ဒေါင်မှာရှိတဲ့ ဝါယာကြိုးတွေ ပူနေ တယ်လို့ ဂိုဒေါင်စောင့် ဝန်ထမ်းတွေ ရဲ့ ထွက်ဆိုချက်တွေအရ လျှပ်စစ် ပစ္စည်းတွေ အပူလွန်ကဲရာကနေ စလောင် တယ်လို့ ပြောနိုင်တာပါ။ ဒါ့အပြင် ဂိုဒေါင်အမှတ်(၈ဝ) အတွင်း မှာလည်း မီးလောင်ပျက်စီးနေတဲ့ အင်ဗာတာတစ်လုံးကိုလည်း ရှာဖွေ တွေ့ရှိခဲ့တယ်''ဟု ၄င်းက ဆက် လက်ပြောကြားသည်။ ထို့ကြောင့် ဓာတုပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းချုပ်သည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များ၊ ဘေးဥပဒ်ဖြစ်စေသော ဓာတု ပစ္စည်းများကို လူနေရပ်ကွက်အနီး သိုလှောင်ခြင်းမရှိစေရန် ညွှန်ကြား ချက်များ ထုတ်ပြန်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြု တင်ပြထားကြောင်း သိရသည်။
ပေါ်ပျူလာဂျာနယ်

 မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ပါကစ္စတန် သမ္မတာ မစ္စတာ ဇာဒါရီ ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ လည် ၂ နာရီမှ၃နာရီခွဲအထိရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ 

မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ပါကစ္စတန် သမ္မတာ မစ္စတာ ဇာဒါရီ ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ လည် ၂ နာရီမှ ၃ နာရီခွဲ အထိ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် "ရှာဟိဒ် ဘန်နာဇီယာဘူတို" ဆုကို ပေးအပ်ခဲ့ပါတယ်။ လုပ်ကြံခံခဲ့ရသူ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘန်နာဇီယာဘူတို အား ရည်စူးသောအထိမ်းအမှတ်ဖြင့် ပေးအပ်တဲ့ ဒီဆု ကို ပါကစ္စတန် သမ္မတ ကိုယ်တိုင် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
"ကျွန်မတို့ နိုင်ငံထဲက မိသားစုတွေ ဒုက္ခခံစားနေရတာတွေကို တတ်နိုင်သမျှရပ်တန့် အောင်လုပ်ချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုပေးပွဲ အတွင်းမှာ ပြောခဲ့ပါတယ်။ နေရာအနှံ့အပြားမှာရှိတဲ့ မိသားစုတွေနဲ့ လူသားတွေကို ဘေးကင်းလုံခြုံခိုင်မာတဲ့ တန်ဖိုးတွေနဲ့ စောင့်ရှောက်နိုင်မယ့် နေ့ တနေ့ ကို နှစ်နိုင်ငံကြားပူးပေါင်းဆက်ဆံမှုတွေပိုပြီး နီးနီးကပ်ကပ် လုပ်ဆောင်နိုင်တဲ့အခါ ရောက်လာဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ပါကစ္စတန်သမ္မတ ဟာ အဂါင်္နေ့ က မြန်မာသမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ ဆုံပြီး နှစ်နိုင်ငံကြားရင်းနှီးမြုပ်နှံမှု အခွင့်အရေးတွေ နဲ့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်ဖို့ အရေးတွေကို ဆွေးနွေးခဲ့ပါသေးတယ်။

ဗဟိုဘဏ်သီးခြားလွတ်လပ်သွားလျှင် နိုင်ငံသုံးစွဲငွေတစ်ဦးတည်း ထုတ်ဝေသွားမည်

Popular News Journal — မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား သီးခြား လွတ်လပ် သည့် အဖွဲ့တစ်ခု အဖြစ် လက်ရှိ တွင် ဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
“ငွေကြေး မူဝါဒနဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း မူဝါဒကို အကောင်အထည် ဖော်ဆောင်ရွက် သွားမယ်၊ ငွေရေးကြေးရေး အဖွဲ့ အစည်းတွေကို ကြီးကြပ် စစ်ဆေးခြင်းနဲ့ ကြပ်မတ်ကွပ်ကဲ သွားမယ်။ နိုင်ငံခြားသုံး သီးသန့် ငွေကို စီမံခန့်ခွဲ သွားမယ်။ ထိ ရောက်တဲ့ ငွေပေးချေမှုနဲ့ စာရင်း ရှင်းလင်းမှု စနစ် ဖော်ဆောင်ခြင်း အပါအဝင် နိုင်ငံရဲ့ တရားဝင် သုံးစွဲ ငွေကိုပါ တစ်ဦးတည်း ထုတ်ဝေသူ အဖြစ် အဓိက ထားတာဝန်ယူ သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
သီးခြား ရပ်တည်ချိန်၌ ဗဟိုဘဏ်၏ လက်ရှိဖွဲ့စည်းပုံနှင့်လုံ လောက်မှု ရှိလိမ့်မည် မဟုတ်သဖြင့် ဌာနများ တိုးချဲ့ဖွဲ့စည်း သွားမည် ဖြစ်သည် ဟုလည်း ဗဟိုဘဏ်မှ သိရသည်။
မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးမှုဘဏ်၏ ဒါရိုက်တာ ဖြစ်သူ ဒေါက်တာ သန်းထွန်းက “ဗဟိုဘဏ်က သီးခြားဆိုရင် နိုင်ငံတော် သမ္မတရဲ့ အုပ်ချုပ်မှုအောက် ပဲ ရောက် သွား မှာပေါ့။ ဒီလိုဆိုရင် ပိုပြီး ကောင်းသွားမယ်။ ဆုံးဖြတ်ချက် တစ်ခုကို ချတဲ့အခါမှာ ဝန်ကြီးအထိ တင်ရတာမျိုး တွေလုပ်ဖို့ မလိုတော့ဘဲ ကိုယ်တိုင် လုပ်ရဲကိုင်ရဲ လာမယ် ။ နောက်ပြီး တာဝန်ယူ ရမှုအပိုင်း မှာလည်း ပိုပြီး လေးနက်လာမယ်” ဟု ပြောသည်။

လွတ်လပ်စွာ ဆောင်ရွက်ခြင်းဖြင့် ဗဟိုဘဏ်၏ ဆောင်ရွက်မှုများကို ပြည်သူလူထုက ထင်သာမြင်သာ ရှိသွားမည် ဖြစ်သည့်အပြင် အကောင်အထည် ဖော်ဆောင် ရွက် နိုင်စွမ်း အပေါ် လူထုက ယုံကြည် ကိုးစားမှုများ ပါ ရရှိသွားနိုင်မည် ဟု ဗဟိုဘဏ် ထံမှ သိရသည်။
လက်ရှိတွင် ဗဟိုဘဏ် အနေဖြင့် ၁၉၉ဝ ခုနှစ်၊ ဇူလိုင် ၂ ရက်က ပြဋ္ဌာန်းခဲ့သည့် တည်ဆဲ ဥပဒေအရ ဆောင်ရွက်နေပြီး ၁၉၉၅ ခုနှစ်၊ ၁၉၉၇ ခုနှစ် များက ထပ်မံ ၍ ပြင်ဆင် ဖြည့်စွက်မှုကို ပြုလုပ်ခဲ့သေးကြောင်း၊ ယခုခေတ် လိုအပ်ချက် နှင့်အညီ ဖြစ်စေရန် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် အသစ် ပြန်လည် ရေးဆွဲခြင်း တို့ကိုစီ စဉ်ဆောင်ရွက် နေသည်ဟု ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။
မင်းသုအောင်

ဘုရင့်နောင်ဈေး အဆောင်သစ် တည်ဆောက်ရေး မဲခွဲဆုံးဖြတ်မည်

ဈေးသူဈေးသားများက ကန့်ကွက်လျက်ရှိသည့်  ဘုရင့်နောင်ဈေး ယာဉ်ရပ်နားရာနေရာတွင် ဆောက်လုပ်မည့် အဆောင်သစ် တည်ဆောက်ရေးစီမံကိန်းအား ဈေးသူဈေးသားများ၏ ဆန္ဒကိုခံယူပြီး ယခုလ ၂၈ ရက်နေ့တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းဈေးတာဝန်ခံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက YPI သို့ပြောသည်။ ယခုကဲ့သို့ မဲခွဲရန်အတွက် အဆောင်သစ်တည်ဆောက်လိုသည့် ဈေးများဋ္ဌာနနှင့် ယင်းအစီအစဉ်အားကန့်ကွက်သည့် ဈေးသူဈေးသားများ ကြား ယခုအချိန်တွင်အပြိုင်အဆိုင် မဲဆွယ်မှုများ ပြုလုပ်လျှက်ရှိကြောင်း ယင်းဈေးတွင်  ယာဉ်အပိုပစ္စည်းရောင်းချသူ ဦးဗဟာဒူးက ဆိုသည်။
 “သူတို့ဘက်ကလည်း အဆောင်သစ်ဆောက်မှ ဈေးခိုင်မာမယ်။ မဟုတ်ရင် ဈေးပြောင်းရတော့မယ်ဆိုပြီး မဲဆွယ်နေတယ်။ ကျွန်တော်တို့ကလည်း ကန့်ကွက်မဲပေးကြဖို့ အတွက်ဆိုင်တွေကို စာရွက်တွေ လိုက်ဝေနေတယ်။ ဘယ်သူ အားသာမလဲတော့ စနေနေ့မှာတွေ့မှာပဲ” ဟု ၎င်းကဆိုသည်။
 အခြား ယာဉ်အပိုပစ္စည်းဆိုင်ပိုင်ရှင် တဦးဖြစ်သည့် ဦးထွန်းထွန်းဝင်းကလည်း ကားရပ်နားရာနေရာတွင် အဆောင်သစ် တည်ဆောက်ပါက ဈေးသူဈေးသားများအတွက် များစွာထိခိုက်မှုရှိနိုင်ကြောင်း၊ အဆိုပါ ကားရပ်နားဝင်းသည် တစ်ဈေးလုံး အသုံးပြုသည့်နေရာဖြစ်ပြီး အချို့သောယာဉ်အပိုပစ္စည်းဝယ်ယူသူများအား ထိုနေရာတွင်ပင် တပ်ဆင်ပေးရလေ့ရှိကြောင်း၊ ထိုနေရာတွင် အဆောင်သစ်ဆောက်လုပ်ပါက ဈေးတွင်းယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်နိုင်ပြီး ပစ္စည်းအတင်အချလည်း ခက်ခဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ဘုရင်နောင်ဈေးရှိ ယာဉ်ရပ်နားရာနေရာအား အဆောင်သစ်ဆောက်လုပ်ရန်အတွက် စည်ပင်သာယာရေးကော်မတီမှ ဈေးသူဈေးသားများအား အသိပေးခြင်းမရှိဘဲ ခြံစည်းရိုးကာရံခဲ့ကြောင်း၊ ထိုကိစ္စနှင့်ပတ်သတ်ပြီး ဈေးသူဈေးသားများက နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားခဲ့ကြောင်း၊ ထိုသို့တိုင်ကြားခဲ့သဖြင့် စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာနမှ ခေါ်ယူဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဈေးသူဈေးသားအချို့ကပြောကြားသည်။
ယခုကဲ့သို့ ဆုံးဖြတ်ချက်မချမီက ဈေးသူဈေးသားများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနမှ တာဝန်ရှိသူများတွေ့ဆုံရာတွင် လက်ထောက်ဌာနမှူးဖြစ်သူ ဦးမောင်မောင်အေးက ယခုဈေးမြေအား ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ပိုင်ဆိုင်ကြောင်းပြောကြားခဲ့သည့်အပြင် အာဏာရှင်ဆန်သော ပြောဆိုမှုများလည်း ရှိခဲ့ကြောင်း ဦးဗဟာဒူးကပြောကြားသည်။
 “ကျွန်တော်တို့ကိုသူကပြောတယ်။ ခင်ဗျားတို့ အကြံပေးလို့ရတယ်။ ကန့်ကွက်လို့မရဘူး။ ကန့်ကွက်လည်း လုပ်မှာပဲလို့ပြောတယ်။ ပြီးတော့ ကျွန်တော်တို့ကို ဘာလို့ကြိုအသိမပေးလဲ မေးတော့ ခင်ဗျားတို့ထက်ကျုပ်တို့ပိုသိတယ်။ ခင်ဗျားတို့ သိစရာမလိုဘူးလို့ပြောတယ်” ဟု ၎င်းကဆိုသည်။
 ယခုဈေးဆောင်သစ်တည်ဆောက်မည့် စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂမုန်းပွင့်င့် ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး ယင်းအဆောင်သစ်တွင် ဆိုင်ခန်းပေါင်း၄၀ ပါဝင်မည်ဖြစ်ကာ အဆိုပါဆိုင်ခန်းများကို တခန်းလျှင် သိန်း ၂၅၀၀ သတ်မှတ်ကာ ကြိုပွိုင့်စနစ်ဖြင့် အခန်းစေ့ရောင်းချပြီးကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ မီးဘေးသင့်ခဲ့သည့် သင်္ဃန်းကျွန်းဈေးသစ် ဆောက်လုပ်ပြီးနောက် မကြာမီလပိုင်းအတွင်းက ပြန်လည် နေရာချထားပေးရာတွင် စည်ပင်သာယာဈေးများဋ္ဌာနနှင့် ဈေးသာယာရေးမှ တာဝန်ရှိသူအချို့ပူးပေါင်းပြီး မသမာမှုများ ပြုလုပ်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားခြင်းခံခဲ့ရသည်။          ။

အစိုးရဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ကားဝယ်နိုင်ပြီ

Popular News Journal — အာမခံစနစ်မလိုဘဲ အရစ်ကျစနစ်ဖြင့် အစိုးရဝန်ထမ်းများအား ပြည်တွင်းထုတ်မော်တော်ယာဉ်များကို ရောင်းချပေးသွား မည်ဟု အားမာန်သစ်ကားထုတ်လုပ်ရေးမှတာ ဝန်ရှိသူက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြောသည်။
”နိုင်ငံဝန်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ်ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ် ရောင်းပေးသွားမယ်”ဟု ၄င်းက ပြောသည်။ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်းဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကို ဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့ ရောင်းချပေးမည့်  ကားများမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)လိုင်စင် အပြီးအစီးဖြစ်ကြောင်း သိရသည်။အားမာန်သစ်ကားထုတ်လုပ်ရေးမှလိုက်ထရပ်အမျိုးအစား တူ AMTOBအားကျပ် ၁၂၃ သိန်း၊MTO 16  အားကျပ် ၉၈ သိန်း၊ မီနီဘတ်စ် အားကျပ်သိန်း ၅ဝ ဖြင့် ဇန်နဝါရီ ၁၉ ရက်မှ၂၂ ရက်နေ့ထိ မင်းဓမ္မလမ်း  MCC ခန်းမကားပြ ပွဲတွင် ရောင်းချခဲ့ကြောင်းသိရသည်။
မေမြန်မာ

ချေးငွေဖြင့် လူ့အသုံးဆောင်နှင့် အိမ်ရာများ ဝယ်ယူနိုင်ရေး AGD ဘဏ်စီစဉ်

Popular News Journal — အခြေခံလူတန်းစားများ လက်လှမ်းမမီနိုင်သေးသော လူ့ အသုံးအဆောင်၊ လုပ်ငန်းသုံးနှင့် အိမ်ရာ၊ တိုက်ခန်းများကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)မှ   ချေးငွေ ရယူ၍ ဝယ်ယူခွင့်ရနိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း ယင်းဘဏ်က ကြေညာချက် တစ်ရပ်ထုတ်ပြန် လိုက်သည်။ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာပစ္စည်း၊ တယ်လီဖုန်း ဆင်းကတ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ၊စက်ဘီးဆိုင် ကယ်များ၊မော်တော်ယာဉ်နှင့်ယန္တရားများ၊လုပ်ငန်းသုံးစက်ပစ္စည်းများနှင့်ဂျင်နရေတာများ၊တိုက်ခန်းများနှင့် လုံးချင်းအိမ်ရာများ စသည့်အမျိုးအစား ကိုးမျိုးကို ယခု လနောက်ဆုံး ပတ်မှစတင်၍ ယင်းဘဏ်မှ ချေးငွေရယူ ပြီး ဝယ်ယူခွင့်ရရှိမည်ဖြစ် ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။တန်ဖိုး ကျပ်သန်း ၅ဝမှအများ ဆုံးကျပ်သန်း ၃ဝဝ အထိ ချေးငွေထုတ်ချေးပေးသွား မည်ဖြစ်ပြီး ပြန်လည်ပေးသွင်းရမည့် ကာလ မှာ တစ်နှစ်မှ သုံးနှစ်သက်တမ်းအတွင်း သတ်မှတ်ထားကြောင်း ၄င်းက  ပြောကြားသည်။ ချေးငွေအနည်းအများအလိုက် လက်ငင်းပေးချေရမည့် တန်ဖိုးကို ပုံသေ၂ဝ ရာခိုင်နှုန်းသတ်မှတ်ထားပြီး၊ ငှားရမ်းခနှုန်းထားမှာ ၇ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ ပေးချေရမည်ဖြစ်ပြီး ဝန်ဆောင်ခမှာ မူ တစ်ရာခိုင်နှုန်းသာယူ၍ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသ ည်။ ငွေချေြး ခင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာ မည့် ပြဿနာရပ်များအား အခြားဘဏ်များ၏ လုပ်ထုံးလုပ်နည်းများ နည်းတူ ဥပဒေအရ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။မြန်မာနိုင်ငံအတွင်းရှိ အချို့သော ပုဂ္ဂလိက၊ အစိုးရဖက်စပ်ဘဏ် များမှ လတ်တလောကာလများတွင်ဘဏ်ချေးငွေများဖြင့် ပစ္စည်းများ ဝယ်ယူ၍ အရစ်ကျ   ငွေပေးသွင်းခြင်းစနစ်များကို လုပ်ဆောင်လာကြ သော် လည်း၊ အခြေခံလူတန်းစားများနှင့်လူလတ်တန်းစား အချို့အတွက်ထိုစနစ်များမှာထိရောက်မှုမရှိသေးကြောင်း၊ လုပ်ခလစာ နှုန်းထားများနှင့် လစဉ်ဝင်ငွေမြင့်မားခြင်း မရှိသေးသူများအတွက် ထိုစနစ်များမှာ အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ဝါရင့်စီးပွားရေးပညာရှင်ကြီးတစ်ဦး ကသုံးသပ်ပြောကြားသည်။
နိုင်လင်း

ချင်းတွင်းမြစ်နှင့် ဥရုမြစ်အတွင်းသွား ရှော်တယ်များ ရေကြောင်းကျပ်၍ အချို့နေရာများတွင် ခရီးသည်များ ဆင်းတွန်းရ

ချင်းတွင်းမြစ်နှင့်ဥရုမြစ်အတွင်းသွားလာနေသော ရှော်တယ်များသည် မြစ်အတွင်း ရေကြောင်းကျပ်သောကြောင့် အချို့နေရာများတွင် ခရီးသည်များမြစ်အတွင်းသို့ ဆင်းတွန်း ခဲ့ကြရသည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့အထက် ဆယ်စင်းဘက်ကပြန်လာတာ လမ်းမှာ ရေကြောင်းမကောင်းတော့ ဆင်းတွန်း ကြရတယ်။ ဒီလိုရေနည်းကာလမှာ ဆို ဥရုမြစ်အတွင်းမှာက ရေကြောင်း က တော်တော်လေးကျပ်တယ်။ ကုန်မော်တော်ကြီးတွေဆိုရင် ဥရုမြစ်ဝမှာ ရှော်တယ်၊ စက်လှေအသေးလေးတွေ နဲ့ ကုန်တွေကိုကဲ့ပြီးမှ ဥရုမြစ်ထဲကို ၀င်ကြရတယ်။ ဥရုမြစ်ဖျားမှာရှိတဲ့ ကျောက်လုပ်ငန်းနဲ့ မြစ်လယ်မှာရှိတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ်က ပျောက်ဆုံးလု နီးပါးဖြစ်နေတာ အတော်ကိုကြာပါပြီ။ အရင်ကဆိုရင် ဥရုမြစ်ဖျားမှာ မြစ်ကြောင်းကိုလွှဲပြီး ကျောက်ရှာကြတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်”ဟု အဆိုပါဒေသမှ ပြန်လာသူတစ်ဦးက ပြောကြားခဲ့သည်။ ချင်းတွင်းမြစ် အတွင်းတွင်လည်း  မုံရွာတံတားအနီးရေကြောင်း၊ ကနီ မြို့အနီးမှ ရေကြောင်း၊ မင်းကင်းမြို့ အနီးမှရေကြောင်း၊ မော်လိုက်မြို့ အနီးမှရေကြောင်း၊ ရိုးလာရေကြောင်း၊ ဟုမ္မလင်းမြို့ရှေ့မှ ရေကြောင်းများ နှင့်အထက်ပိုင်းတွင်လည်း ရေကြောင်း ကျပ်သည့် နေရာအများအပြား ရှိသေးသည်ဟု သိရှိရပါသည်။
“ကျွန်တော် ပြန်လာခဲ့တုန်းက ရေကြောင်းက တော်တော်ကျပ်တယ်။ ရှော်တယ်က သောင်ပေါ်ကို တစ်စင်းလုံးတင်သွားတာ တစ်နာရီကျော်ကျော်လောက် ကြာတယ်။ ဒါတောင်ရှော်တယ်ပေါ် မှာ ရာဂဏန်းလောက်ပါခဲ့လို့။ ဒါမှ မဟုတ်ရင် မလွယ်ဘူး။ မှုန်အိုးနဲ့ သဲတွေကိုစုပ်ထုတ်ပြီး၊ ရှော်တယ်ကို သောင်တင်တာ ပြန်ကျအောင် လုပ်ကြရတာ။ ခုတော့ လူအားနဲ့ပြီးသွားတယ်။ တကယ် မြစ်လယ်ကောင်မှာ သောင်တင်ပြီး ရေလယ်မှာဆင်းတွန်း ခဲ့ကြရတာပါ”ဟု အဆိုပါဒေသမှ ပြန်လာသူကလေးမြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
ချင်းတွင်း မြစ်ကြောင်း ရေလမ်းကောင်းမွန်ရေး အတွက် ကုမ္ပဏီများသို့ ရေလမ်းထိန်းသိမ်းရန် လုပ်ကွက်များ ချပေးခဲ့သော်လည်း ကုမ္ပဏီများမှ ရွှေလုပ်ငန်းကို ဇောင်းပေးလုပ်ခဲ့ပြီး ရေလမ်းများပိုမို ပျက်စီးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၅၀၀၀ တန် ဆင်းမ်ကတ်အတွက် တရားဝင်ပူးပေါင်ဆောင်ရွက်မည်

DVB — တယ်လီဖုန်း ဆင်းမ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့ အများပြည်သူ အသုံးပြုနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး စာတိုက်၊ ကြေးနန်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ တရားဝင် လျှောက်လွှာတင်လိုက်ပြီလို့ မန်းနေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောပါတယ်။
“ဒီ နေ့ပဲ ကျနော် ဆက်သွယ်ရေးကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရသေးဘူး။ တင်တယ်ဆိုတာ ကျနော်တို့ ဒီလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ စီးပွားရေး အစီအစဉ်တွေပေါ့။ နည်းပညာပိုင်း ဆိုင်ရာတွေပါ နှစ်ခုလုံးပါတယ်။ ပြည်သူတွေ စရိတ် သက်သက်သာသာနဲ့ တယ်လီဖုန်းတွေ ကိုင်နိုင်အောင် ကျနော် ကြိုးစားနေပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့။ ကျနော်တို့က ဥပဒေအရ၊ မူဘောင်အရ သွားနေတာပါ။”
မြန်မာပြည်မှာ ဆက်သွယ်ရေး နည်းပညာအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိသေးတဲ့အတွက် အစိုးရမဟုတ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေ အတားအဆီးလည်း ဖြစ်နေတယ်လို့ ဦးလွင်နိုင်ဦးက ပြောပါတယ်။
“ကျနော်တို့ ဆီမှာ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ပြင်သင့်တာတွေ ပြင်ဖို့ နိုင်ငံတော်အကြီးအကဲတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကျနော်တို့ကို ပြောထားတယ်။ ပြည်သူတွေအတွက် လိုအပ်လို့ရှိရင် မြစ်ဆုံ ကိစ္စပဲကြည့်၊ ထားဝယ်ကျောက်မီးသွေးကိစ္စပဲ ကြည့်ကြည့်၊ နိုင်ငံတော် သမ္မတကြီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ အခုလောလောဆယ် အစိုးရရဲ့ ဆက်သွယ်ရေး ကွန်ရက်ကလည်း လုပ်နိုင်စွမ်း မရှိတာတို့၊ အင်တာနက်တွေက နှေးနေတာ၊ ဆက်သွယ်ရေးကို မြှင့်တင်အောင် လုပ်မှာဆိုတော့ အဲဒီအပိုင်းတွေကိုလည်း စဉ်းစားထားပါတယ်။”
အစိုးရက ခွင့်ပြုချက်ရရင် ၂၀၁၃ ခုမှာ အများပြည်သူလက်ထဲ ထုတ်ရောင်း နိုင်မယ်လို့လည်း ပြောပါတယ်။ဆင်းမ်ကတ်တခုရဲ့ မူလတန်ဖိုးဟာ မြန်မာကျပ်ငွေ ၃၀၀ ပတ်ဝန်းကျင်သာ ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာဆက်သွယ် ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကတော့ ဂျီအက်စ်အမ် ဟန်းဖုန်း ဆင်းမ်ကတ် တကတ်ကို ကျပ် ငွေ ၃သိန်း နဲ့ ၂၀၁၂ မှာ ရောင်းချမယ်လို့လည်း သိရပါတယ်။
မင်းလွင် DVB

ပြည်သူတွေအား စော်ကားတဲ့ကြံ့ဖွံ့များကို အရေးယူမှုများရှိလာနိုင်ဟု ဦးရွှေမန်းပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အနေဖြင့် ပြည်သူများအား အနိုင်အထက်ပြုကျင့်ခြင်း၊ မောက်မာစော်ကားခြင်း၊ စည်းကမ်းပျက်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောင့်အယှက် ပြုသူများအား ပါတီတွင် နေရာရှိမှာ မဟုတ်သကဲ့သို့ ဒဏ်ခတ်အရေးယူမှုများ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
”ပါတီဝင်များအနေနဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖလို့ ခံယူပြီး ပြည်သူကို ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေမှုများကိုလည်း ပြောင်းလဲလို့ ကောင်းတာပဲဖြစ်ရမယ်၊ကောင်းတာဖြစ်ဖို့ပြောင်းလဲတာပဲ ဖြစ်ရမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ပြုလုပ်မည်ဖြစ်သော လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာအားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်ရွာထဲ မြန်မာအစိုးရတပ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်

တရုတ်နှစ်သစ်ကူးအကြို ဇန်န၀ါရီ ၂၂ တနင်္ဂနွေနေ့ ညနေပိုင်းတွင် နယ်စပ် တရုတ်နိုင်ငံ လားယိန်းရွာနှင့် ၎င်းတွင် တရားမ၀င် ခိုလုံနေသော ကချင်စစ်ပြေးဒုက္ခသည်စခန်းများရှိရာ သို့ မြန်မာအစိုးရတပ်က လက်နက်ငယ်အကြိမ်ပေါင်းများစွာ ချိန်ရွယ်ပစ်ခတ်ခဲ့ကြောင်း ဒုက္ခသည်နှင့် ရွာသားများဆိုသည်။ မြန်မာနယ်စပ် လွယ်ဂျယ်မြို့ တပ်စခန်း နှစ်နေရာမှ မြန်မာစစ်သားများ၏ပစ်ခတ်မှုတွင် တရုတ်ရွာသားများနှင့် ကချင် ဒုက္ခသည်များ ထိခိုက်မှုမရှိသော်လည်း ကျည်ဆန်မှ လွတ်ရန် မြေပြင်ပေါ် ပြားပြားဝပ်နေရသည့် အခြေအနေရှိခဲ့သည်ဟု ရွာသားများဆိုသည်။ ယင်းပစ်ခတ်မှုသည် မြန်မာစံတော်ချိန် ညနေ ၇ နာရီခန့်တွင် ဖြစ်ပွားသည်ဟု ပြောသည်။
 တရုတ်ပြည်သူများနှင့် စစ်ပြေးဒုက္ခသည်များအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေသည့် နယ်စပ်မြန်မာစစ်တပ်၏ ပစ်ခတ်မှုအား တရုတ်အာဏာပိုင်များက တစုံတရာ တုန့်ပြန်မှုမရှိသေးဟု လားယိန်းဒေသခံ တစ်ဦး ပြောသည်။
 မြန်မာစစ်တပ်နှင့် ၎င်း၏မဟာမိတ် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တို့မှ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းထဲသို့ လက်နယ်ငယ်များပစ်ခတ်လေ့ရှိသော်လည်း အလားတူပစ်ခတ်မှုများ တရုတ်နယ်စပ်၌ ပြီးခဲ့သည့်နှစ် KIO ကို ထိုးစစ်ကြီးပြုလုပ်လာသည်အထိ မရှိသလောက်နည်းပါးသည်။ မြန်မာအစိုးရနှင့် KIO တိုက်ပွဲဖြစ်လာ၍ လားယိန်းသို့ ဒုက္ခသည် ထောင်ဂဏန်း ထွက်ပြေးခိုလှုံနေရခြင်းဖြစ်သည်။ နှစ်ဖက် တွေ့ဆုံမှုများရှိသော်လည်း ငြိမ်းချမ်းရေးသဘောတူနိုင်ခြင်း မရရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တရုတ်နိုင်ငံသားတဦးကို တရုတ်နိုင်ငံထဲ မြန်မာအစိုးရတပ်က ရက်ရက်စက်စက် သတ်ဖြတ်
 ယခုပစ်ခတ်မှုမတိုင်ခင် ဇန်န၀ါရီ ၁၂ ရက်က တရုတ်နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံထဲ မြန်မာအစိုးရစစ်သားများ ၀င်ရောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။သေဆုံးသူ လဖိုင်ဇော်လောန်သည် ဂျိန်းဖော(ကချင်)လူမျိုးဖြစ်၍ ၀မ်းဗိုက်နှင့် ဦးခေါင်း၌ အနီးကပ် ပစ်ခတ်ခံရကာ မျက်နှာတွင်လည်း သေနတ်ဒင်ဖြင့်ထုထောင်းခံရသည် ဟု ဆွေမျိုးများဆိုသည်။

တရုတ်အာဏာပိုင်များကလည်း အခင်းဖြစ်နေရာတွင် သွေးကွက်နှင့် ကျည်ခွံများတွေ့ရှိကြ၍ အသက် ၅၃ နှစ်ရှိ ထိုကချင်အမျိုးသားမှာ မြန်မာဘက် နယ်စပ်ဖြတ်ကျော်ခြင်းမရှိဘဲ တရုတ်နယ်မြေအတွင်း ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်သည်ဟု ဆက်ဆိုသည်။ အလောင်းကို အသတ်ခံရသည့်နေရာမှ အနည်းငယ်အကွာတွင် တွေ့ရှိ၍ မြန်မာတပ်က သွေးကွက်တွေ့ရှိရာတွင် မြေမြုပ်မိုင်းတစ်ခု၊ အလောင်းရှိရာအနီး နောက်ထပ်မြေမြုပ်မိုင်းတစ်ခု တပ်ဆင်သွားကြသည်ဟု မျက်မြင်များဆိုသည်။
 သတ်ဖြတ်သည့်တပ်မှာ နယ်စပ် မုဘွမ် (Mu Bum) တောင်တွင် တပ်စွဲထားသော ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် နယ်မြေခံ ခမရ (၃၂၁) မှ စစ်သားများဖြစ်သည်ဟု ဆိုသည်။ ဒီဇင်ဘာ ၂၂ ရက်က အသတ်ခံရသူ ဇော်လောန်နေထိုင်သည့် လွယ်လုံးရွာသားများက တရုတ်နိုင်ငံထဲ ခိုးဝင်လာသည့် မြန်မာတပ်သားနှစ်ဦးကို ဖမ်းဆီး၍ တရုတ်အာဏာပိုင်များထံ အပ်နှံလိုက်ရာ ၎င်းအားတုန့်ပြန်သည့်အနေဖြင့် ယခုလို တရုတ်နိုင်ငံသားကို သတ်ဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ ယူဆကြသည်။ မုဘွမ်စခန်းမှ မြန်မာစစ်သားများသည် ရိက္ခာပြတ်လပ်မှုကြောင့် တရုတ်နိုင်ငံထဲ ခိုးဝင်ကာ ဒေသခံများ၏ လယ်ကွက်များမှ အစားအစာများ ခိုးယူလေ့ရှိကြောင်း ဒေသခံများပြောသည်။

ကတ္တီပါလမ်းခွဲ ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) 

ဒီနေ့အချိန်ဟာ နိုင်ငံရေးအမြင် အလွန်ရှုပ်ထွေးတဲ့ ကာလတခု ဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါလို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ် မေတ္တာထားပြီး ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ်ပါတယ်။ အတွေးအခေါ် ရှုပ်ထွေးရင် နိုင်ငံရေး ရှုပ်ထွေးပြီး ညီညွတ်ရေး ပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေး ပြိုကွဲရင် ရန်သူဘက်က အနိုင်ရ အသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။ စစ်အာဏာရှင်အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို “ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ” ဆောင်းပါးမှာ ကျနော် ပြောခဲ့ဖူးပါတယ်။ အပျော့အမာတွေ ကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက်အထားနဲ့ သေသေချာချာ ပြောနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်က စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့သလို ရာထူးဖြုတ်တာ တောရှင်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို တောရှင်းတာမျိုး မတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေး မှန်းဆနေတာကို စစ်အစိုးရက နှစ်သက်နေသလား လို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံနဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက် ဆိုပြီး ဇာတ်တိုက် ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်းနဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက် ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။ “ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်” သူတို့ထဲမှာ အပျော့အမာ ကွဲမကွဲတော့ မသိဘူး။ ကျနော်တို့ထဲမှာတော့ အပျော့အမာ ကွဲနေပါပြီ။ ဗြန်းကနဲ နှစ်ခြမ်းကွဲထွက်တာမျိုးကို မျက်ဝါးထင်ထင် မတွေ့မြင်ရသေးပေမယ့် အတွေးအခေါ်အရ ကွဲနေပါပြီ။ စိတ်ဝမ်းကွဲနေကြပါပြီ။ ဒီလိုကွဲနိုင်တာမျိုးကို တွေးမိလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး မဆုံးဖြတ်ခင်တုန်းက ရေးတဲ့ ကျနော့်ရဲ့ “ကျုံးသွင်းခံရသော ဆင်ကြီးတကောင်” ဆောင်းပါးမှာ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မူအရကွဲလာတဲ့အခါ လူအရ တွဲဖို့ဆိုတာလည်း ခက်လာပါတယ်။ မလွဲမရှောင်သာ ကွဲလာကြပါတယ်။ အတွေးအခေါ်အကွဲရဲ့ အဓိက အက်ကြောင်းနေရာက ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်တဲ့ အုပ်စုကို ခေါင်းမာသူတွေလို့ တခြားဒီမိုကရေစီသမားတွေက ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပြတ်သားသူတွေလို့ ခံယူကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမယ့် သူတွေကိုတော့ တခြားဒီမိုကရေစီအုပ်စုက ပျော့ညံ့သူတွေလို့ ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပျော့ပျောင်းသူတွေလို့ ခံယူကြပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မယ့် ပြတ်သားသူနဲ့ ပျော့ပျောင်းသူ အပျော့နဲ့ အမာလို့ပဲ ကျနော် သုံးစွဲပါမယ်။ တချို့က ညီညွတ်ရေး ရှေးရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြမယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင်ကြီးမားတဲ့ အမြင်ပါ။ ဒါပေမယ့် တကယ်လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယဖြစ်မိပါသလဲ။ ကျနော် ပြောပါမယ်။ ဒေါ်နော်အုန်းလှက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပီပီ မီဒီယာနေရာ မနေဘဲ ဒီအချိန်မှာ ပွဲဖျက် နှောက်ယှက်လာရင် ဘယ်သူ့မှ သည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီးလူကောင်းဆန်ဆန် လုပ်ရမယ့်အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာဦးစိန်ဝင်းလို ပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုး ပြောထွက်လာတာကို တွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ ဒီလောက် ဒီမိုကရေစီစကား ပြောခွင့်ရလာတယ် ဆိုတာကိုတော့ သတိမေ့သွားသယောင်ယောင်ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။ မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူ သံဃာတော်ငါးပါးကို ကြံ့ဖွံ့စစ်အစိုးရက ဖြိုခွဲတဲ့ကိစ္စမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက်တော်သားများဟာ သူတို့ဘက်ကနေ အားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကို ကူညီပြီး ဆန္ဒပြ သံဃာတော်တွေရဲ့ ရည်ရွယ်ချက် ပျက်ပြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက်ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှ ပြောဖော်မရဘဲ နှာစေးနေခဲ့ပါတယ်။ ဒါဟာလည်း ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှုခဲ့တာရဲ့ နောက်ထပ် နမူနာပါ။ တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေးအတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှာစေးပြန်ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကိုတောင်မှ တချက်ကလေး ဝေဖန်ဖော်မရပါ။ ဒီမိုကရေစီအခွင့်အရေးအတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ် ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှု ပျက်ပြားမှာစိုးလို့ နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူတွေ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်တွေ ဒီမိုကရေစီအတွက် စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီနောင်ရေးဟာ ရင်လေးစရာ ဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့အဖြစ်ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့ အပြုအမူ ဖြစ်ပါတယ်။ တာဝန်မဲ့တဲ့ အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရဖြစ်တာ ငါတို့နဲ့ မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့လုပ်ရပ်ကို မကြိုက်လို့ မထောက်ခံနိုင်ဘူး ဆိုရင်လည်း မထောက်ခံနိုင်ကြောင်း ဘာ့ကြောင့် မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ထောက်ခံတယ် ဆိုရင်လည်း ထောက်ခံကြောင်း ပြသသင့်ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့မရပါ။ လူထုခေါင်းဆောင်ဆိုတာ လူထုအရေးကို မသိချင်ယောင်ဆောင်နေရင်လည်း မသင့်တော်ပါ။ ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူတွေက ပြတ်သားသူတွေဘက်က မရပ်ဘဲ ဦးသိန်းစိန်ဘက်က ရပ်ခဲ့တဲ့ နောက်ထပ် ဥပမာတခု ဖြစ်ပါတယ်။ ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အရိပ်အကဲကို အရိပ်တကြည့်ကြည့် ကြည့်ပြီး မပြောရဲ မဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေးက အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင်မှာပါလား။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပြောင်းလဲရေးဆိုတာ ဘယ်လိုပြောင်းလဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီး ဝင်နေခဲ့ပါတယ်။ နောက်ထပ် မတရား ချိတ်ပိတ်ခံထားရတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း သော့ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေ ချိုးဖောက်ရကောင်းလားဆိုပြီး အပြစ်တင်ကြပါတယ်။ မတရားတဲ့ဥပဒေကို လိုက်နာဖို့ တောင်းဆိုနေကြပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီအရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှ ဥပဒေကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲဝင်နေစရာ မလိုတော့ပါဘူး။ စစ်အစိုးရ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေးကစားစရာ အရုပ်ကလေးတွေလို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျနော်တို့ကို ဟန့်တားဖို့အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာ မလိုဘဲ ဥပဒေတမျိုးပြီး တမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစားလိုက်နာမှု မရှိတဲ့ ဆရာစံကို ဗြိတိသျှနယ်ချဲ့အစိုးရက ပုန်ကန်သောင်းကျန်းသူ၊ သူခိုးဓားပြတွေလို့ ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့သူ ဒေါက်တာဘဦးကိုတော့ လူကြီးလူကောင်း ဥပဒေသမား တရားသူကြီးလို့ သဘောထားပါတယ်။ ပြည်သူတွေရဲ့ သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့အတိုင်းပါပဲ။ တကယ်တော့ ဆရာတော် ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရဲရဲတောက် အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေမလား။ သဘောထားတင်းမာသူတွေက စိုးရိမ်ပူပန်ကြရင် အပျော့သမားဆိုတဲ့ သမ္မတ ဦးသိန်းစိန် ဒုက္ခရောက်မလား။ ဒေါ်စုရဲ့ တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက်ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားကြဖို့က အပြောင်းအလဲ ဖြစ်လာဖို့အတွက် သူတို့ စိတ်ကောက်မှာကို စိတ်ပူနေကြရတယ်ဆိုရင် ကျနော်တို့ မျှော်လင့်နေကြတဲ့ အပြောင်းအလဲဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲဆိုတဲ့ အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်းခံနေလို့ ဒီမိုကရေစီ ရမယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါပေါက်မှ ပေးမယ့် ဒီမိုကရေစီမျိုးကို ကျနော်တို့ မမျှော်ကိုးပါဘူး။ အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျနော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့အတွက် ဒီလောက် အာမခံချက်ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။ ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာစိုးလို့ ကိုယ်လူ့အချင်းချင်းကို ဟို့လူ့ပါးစပ် လိုက်ပိတ်၊ ဒီလူ့ပါးစပ် လိုက်ပိတ် လုပ်နေတာဟာ ဘယ်သူတွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်က လူထုတရပ်လုံးမှာ အတွေးအခေါ်တွေ ဘယ်လောက် ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန် ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေကုန်ပါပြီလဲ။ ဘယ်လောက် တွေဝေကုန်ပြီလဲဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြဖို့ ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့တောင် ထင်လာပြောလာကြတဲ့ အထိပါပဲ။ လူထုအဖွဲ့အစည်းတွေဟာ ကျနော်တို့ရဲ့အင်အားဖြစ်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ လူထုအင်အားကို ပြသတာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင်စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့သဘောထား၊ လူထုရဲ့ဆန္ဒကို လုံးဝလျစ်လျူရှု ပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်းနည်းနဲ့ လူထုထောက်ခံမှုကို ရယူဖို့ ကြိုးစားကြ ပြသကြရတာချည်းပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေ ဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ တကယ်တမ်း စစ်အစိုးရကို ရွေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ် မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာတာပါ။ ၂၀၀၇ ခု သံဃာ့အရေးအခင်းကြီးကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင် ထောင်က လွတ်လာတော့ ဓားအိမ်ကို ကြည့်လို့ ဓားကောင်းမှန်း မသိရင်၊ ဓားကို ထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ပါတယ်။ လူထုက တခဲနက် ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါးစပ်ပိတ်ထားပေးမယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ့်အကြောင်း ဝန်ခံလက်မှတ်ရေးထိုးချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာကို ထောက်ခံရတာဟာ အင်မတန် စွန့်စားရတဲ့ ထောက်ခံမှုလို့ ဆိုပါတယ်။ ဒါပေမယ့် ၈၈ မျိုးဆက်ထဲမှာ ဒေါ်စု ရွေးကောက်ပွဲဝင်တာကို နှစ်နှစ်ကာကာ ထောက်ခံသူတွေလည်း ရှိကြပါတယ်။ အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ဓားကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှုပမာဏကလည်း သိပ်ကြီးမားလို့ အတိအလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။ ဒါပေမယ့် မစန္ဒာမင်းကို ထောင်ကလွတ်အလာ စောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့ နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျနော်မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီသမားတွေ အကြားမှာ အပျော့အမာ လက်တွဲပြီး တအုပ်စုနဲ့ တအုပ်စုအကြားမှာ အကူအညီပေး ချီတက်ကြဖို့ ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့ သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယဖြစ်မိတယ်လို့ ကျနော် ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချီတက်ရေးလမ်းကြောင်းဟာ ကျနော်တို့အနေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ ကိစ္စကို ဖြစ်အောင်လုပ်ကြရပါတော့မယ်။ တကယ်တမ်း ဒီလို သွားရတော့မယ်ဆိုရင် တဘက်နဲ့တဘက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဘက်နဲ့တဘက် ကူညီကြဖို့၊ အတွေးအခေါ်အရရော၊ လက်တွေ့အရပါ တဘက်ကို တဘက် အနှောက်အယှက်မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။ ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့ မတားရုံသာမက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါမယ်လို့တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေဘက်က ဒီလို သဘောထားကြီးကြသလို ပျော့ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့ လိုပါတယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက်တယ်လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာဆိုတာကို နားလည်ပေးဖို့ လိုပါတယ်။ ပြတ်သားသူတွေနဲ့ ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားက ဝင်လာတာမျိုးဟာ ပြတ်သားသူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာအကွယ်ပေးနေရင် ပြတ်သားသူတွေ အခက်တွေ့စေနိုင်ပါတယ်။ အဲသလို အခက်တွေ့ရင် စိတ်ဝမ်းကွဲပြားမှုတွေ တိုးပွားလာပြီး ညီညွတ်ရေး ပျက်ပြားမှာကို စိုးရိမ်ရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်သန်းရွှေက ပြောကြောင်း သတင်းတခု ထွက်ခဲ့ဖူးပါတယ်။ ဒီသတင်း မှန်နေသလားဆိုတာ အခု ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာမျိုးတောင် စဉ်းစားစရာ ဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။ ၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စု မပါတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထုလှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံကို စားသုံးခွင့်ရသူသာ ဖြစ်ပါတယ်။ တကယ်တမ်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့ အဆင်သင့်ပါ။ ဒါပေမယ့် ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင်လည်း မပါဝင်ဖူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့ အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင်တယောက်အနေနဲ့ သူယုံကြည်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံပါ့မယ်။ ဒါပေမယ့် လူထုလှုပ်ရှားမှုတွေကို မဟန့်တားစေချင်ပါ။ ဒေါ်စု ကိုယ်တိုင် ဟန့်တားတာမျိုးကို ကျနော် တွေ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်စု လုပ်သမျှ ထောက်ခံသူတွေက လူထုလှုပ်ရှားမှုကို ဟန့်တားကန့်ကွက် ရှုတ်ချလာတာမျိုးတွေ၊ တိုက်ခိုက်ထိုးနှက်လာတာမျိုးတွေ ရှိနေလို့ ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေဟာ ဒေါ်စု နှုတ်ဖျားကနေ တိုက်ရိုက်ထွက်မလာပေမယ့် ဒေါ်စုရဲ့ဆန္ဒ၊ ဒေါ်စုရဲ့အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။ ဒီအချိန် ဒီအခါမှာ ညီညီညွတ်ညွတ် ချီတက်ကြဖို့ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့ လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့ လိုပါတယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ်သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုး မလုပ်ဖို့ လိုပါတယ်။ နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော် ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမယ့် ဒါဟာ တိုက်ခိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ဝေဖန်ဦးမှာပါ။ ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက်ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေး ပျက်ပြားအောင် ဝေဖန်တာ မဟုတ်ပါဘူး။ ညီညွတ်ရေး မပျက်ပြားစေချင်လို့ ဝေဖန်တာဖြစ်ပါတယ်။ အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ ညီညွတ်ရေး မပျက်ပြား မထိခိုက်ဘဲ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက် နည်းအမျိုးမျိုးနဲ့ ချီတက်နိုင်ရေးအတွက် ညှိနှိုင်းတဲ့သဘောပါ။ ကျနော်တို့အကြားမှာ အမြင်ကွဲတွေ ရှိနေတာကိုတော့ အရှိကို အရှိအတိုင်း လက်ခံကြပါစို့။ ဒီနေ့အချိန်မှာ ကျနော်တို့ လက်မခံလို့ မရတော့ပါဘူး။ ဒါကို လက်ခံမှလည်း ကျနော်တို့ ရှေ့ဆက်လို့ ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျနော်တို့ လမ်းခွဲလျှောက်ကြရအောင်ပါ။ ဒါပေမယ့် လမ်းခွဲလျှောက်ကြတဲ့အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ခွဲဖို့၊ ရဲဘော်ရဲဘက်တွေလို ခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ညင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါလမ်းခွဲ ခွဲကြဖို့ ဖြစ်ပါတယ်။ နောက်တပတ် ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှ မဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာဆက်လုပ်စရာရှိသေးလို့လဲလို့ မေးခွန်းထုတ်ကြသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ကြမယ်ဆိုတာကို ပြောပါမယ်။ သဘောထားပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေအတွက် ရှေ့ဆက်လုပ်ကြရမယ့် အပိုင်းကို ဆက်ပြီး ဆွေးနွေးချင်ပါတယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) 
 
Lwin Pwin
Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment