နိုင်ငံတကာသတင်း
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် သမ္မတသက်တမ်းအတွင်း တတိယအကြိမ်မြောက်ပြည်ထောင်စုမိန့်ခွန်းကို ဇန်န၀ါရီလ ၂၄ ရက်နေ့ကပြောကြားခဲ့ပြီး ၀င်ငွေမညီမျှမှုနှင့် စီးပွားရေးတရားမျတမှုရှိရေးကို အဓိကထားပြောကြားသွားခဲ့ကြောင်း သိရသည်။
မြန်မာ့အရေးကိုလည်းထည့်သွင်းပြောကြားသွားခဲ့ပြီးမြန်မာ့အရေးမျှော်လင့်ချက်သစ်ဖြစ်ထွန်းလာမှုကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ပြုတ်ကျစေခဲ့သော တော်လှန်ရေးတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အီဂျစ်တို့က ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တဟီရာရင်ပြင်သို့ သွားရောက်စုဝေးဆန္ဒပြခဲ့ကြသည်။ အစ္စလာမ်မစ်များ၊ လစ်ဘရယ်များ၊ လက်ဝဲများနှင့် သာမန်အီဂျစ်ပြည်သူထောင်ပေါင်းများစွာသည် ဆန္ဒပြမှုများ၏ ဗဟိုချက်ဖြစ်ခဲ့သော တဟီရာရင်ပြင်တွင်စုဝေးကာ အလံများ ဝှေ့ယမ်းဆန္ဒပြခဲ့ကြသည်။ အီဂျစ်ပါလီမန်သစ် တွင် လွှမ်းမိုးထားသော မွတ်စလင်ဘရားသားဟုဒ်က ဆန္ဒပြမှုများ တစ်နှစ်ပြည့်အထိမ်းအမှတ် ကျင်းပခဲ့ပြီး တော်လှန်ရေးနောက်ကွယ်မှ ဒီမိုကရေစီလိုလားသည့် အဖွဲ့များက မပြီးဆုံးသေးသည့် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဏာရစစ်ကောင်စီကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
လာမယ့် ၁၀ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချရေးအစီအစဉ်ကို သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်မှာ တင်ပြဖို့ရှိကြောင်း သိရသည်။
ဆီးရီးယား လူထုအုံကြွမှုတွေကိုဖြေရှင်းနိုင်မယ့် အစီအစဉ်တရပ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်သွင်းမယ်လို့ အာရပ်အဖွဲ့ချုပ်က ပြောထားကြောင်း သိရသည်။
မစ္စတာဆာလေးရဲ့လေယာဉ် သိပ်ဟောင်းနေလို့ အမေရိကန်လေဆိပ်တွေက ဆင်းဖို့ လက်မခံတာကြောင့် အိုမဲန်နိုင်ငံမှာပဲ ရှိနေကြောင်း သတင်းတွေထွက်နေကြောင်း သိရသည်။
ဆီးရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မယ့် လုပ်ရပ်တွေကို ထောက်ခံမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရက ပြောကြောင်း သိရသည်။
ဓါးစာခံတွေကို ဆိုမာလီယာ လက်နက်ကိုင်တွေ လက်ထဲကနေ အမေရိကန် အထူး စစ်ဆင်ရေး တပ်ဖွဲ့တွေက ကယ်တင်ခဲ့ကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
0 comments:
Post a Comment