မြန်မာသတင်းများ ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၂
EU က မြန်မာကို ယူရို သန်း ၁၅၀ ထောက်ပံ့ဖွယ်ရှိ
ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာနိုင်ငံအား ယူရိုသန်း ၁၅၀ (အမေရိကန် ဒေါ်လာ ၁၉၇ သန်း)ထောက်ပံ့ရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကိုယ်စားလှယ်များ ပြောဆို၏ ဆွေးနွေးနေကြကြောင်းအေအက်ဖ်ပီ သတင်းတရပ်၌ ဖော်ပြပါရှိသည်။
အဆိုပါ ထောက်ပံ့ငွေကို ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍများတွင် သုံးစွဲသွားရန် EU နိုင်ငံခြားရေး ဝန်ကြီးများ တနင်္လာနေ့က ဆွေးနွေးကြသည်ဟု ဆိုသည်။ထောက်ပံ့မှုမျာကိုနယ်စပ်ဒေသတလျှောက်တိုက်ပွဲများကြောင့်ထွက်ပြေးရှောင်တိမ်းနေရသည့် ဒုက္ခသည်လေးသောင်း ရရှိခံစားနိုင်ရန် အဓိက ရည်ရွယ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။မြန်မာအစိုးရ ခေါင်းဆောင်များအား ဥရောပနိုင်ငံတွင်း ခရီးသွားလာမှု ပိတ်ပင်ချက်အား ရုတ်သိမ်းရန် သဘောတူ ခဲ့ကြသည်။ ရိုက်တာသတင်းတရပ် အဆိုအရ အဆိုပါ ဗီဇာပိတ်ပင်ထားခံရသူပေါင်း ၅၀၀ ခန့်ရှိသည်။၂၀၁၁ ခုနှစ်တွင်လည်း လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများအတွက် ဥရောပကော်မရှင် EC က မြန်မာနိုင်ငံအား ယူရိုငွေ ၂၂ သန်း (အမေရိကန်ဒေါ်လာ သန်း ၃ဝ) ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
ထောက်ပံ့မှုများ စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ တိုးမြှင့်လာစေရန်အတွက် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိမည်ဟု ဇန်နဝါရီလဆန်းပိုင်းတွင် EU က ပြောသည်။
ထို့ပြင် နိုင်ငံခြားရေးပေါ်လစီ ဦးဆောင်သူ Catherine Ashton အနေနှင့် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဧပြီလအတွင်းမြန်မာနိုင်ငံကို လာရောက်ရန် ရှိသည်။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေးအကျဉ်းသားများအား “လပိုင်းအတွင်း” ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း EU က တောင်းဆိုထားသည်။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်လာခဲ့သော အကျဉ်းသား ၆၅၁ ဦးထဲတွင် နိုင်ငံရေး အကျဉ်းသား ၃ဝ၃ ဦး ပါဝင်သဖြင့် ၃၄၈ ဦး ကျန်ရှိနေသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်များအရ သိရသည်။

တွေ့ဆုံဆွေးနွေးရေး အမျိုးသမီးများ ပိုမိုပါဝင်ရန် KNU ကြိုးပမ်းမည်
KNU က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးများ၏ ပိုမို ပူးပေါင်း ပါဝင်မှုကို ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးရေး ထိရောက် အဆင်ပြေချောမွေ့စေရန် ကျွမ်းကျင်သောပညာရှင်များ၏ အကြံပြုချက် များကိုလည်း ရယူသွားမည်ဟု ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဇန်န၀ါရီ၂၃ မှ၂၅ ရက်အထိ ကျင်းပသော KNUဗဟို ကော် မတီ အရေးပေါ် အစည်းအဝေး၏ အချက် ၅ ချက်ပါ ကြေညာချက်၌ ဖော်ပြ ထားကြောင်း သိရသည်။
တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း
"ကျွန်တော်ရယ်၊ ကိုဌေးကြွယ်ရယ်၊ ကိုကိုကြီး ရယ် ဒီသုံးဦးက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စားအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ဒီတစ်ခါ တွေ့ဆုံမှုမှာတော့ အလုပ်သဘောပါလာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့ ကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တာကတော့ ဒီအချက်သုံးချက်ပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာတွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး" ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုမြအေးက ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေပိုင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အလွတ်သဘော တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံစဉ်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ ၊ ကိုအံ့ဘွယ်ကျော်၊ကိုအောင်သူနှင့် ကိုပဏ္ဍိတ်ထွန်းတို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။
သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်သည် သန်လျင်၊ သုံးခွနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တို့၌ အသေးစားချေးငွေကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း ဇန်န၀ါရီလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့အစီအစဉ်များ ကျင်းပရာ လွှတ်တော်ပရ၀ုဏ် အတွင်းသို့ လက်ကိုင်ဖုန်းများ ယူဆောင်အသုံးပြုခွင့် ရရှိခဲ့သည်။ ထို့ပြင် ရုပ်သံမီဒီယာများအတွက် လက်ပ်တော့ကွန်ပျူတာနှင့် အခြားလိုအပ်သည့်ပစ္စည်းများကိုပါ သယ်ဆောင်ခွင့်ပြုလာကြောင်း သိရှိရသည်။
လာရောက်သတင်းယူကြသည့် ပြည်ပအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များမှာ ဗြိတိန်နိုင်ငံ Reuters သတင်းဌာနမှ Asia Bureau Chief ဖြစ်သူ Mr. Jason Szep Southeast၊ ဂျပန်နိုင်င TBS သတင်းဌာနမှ Correspondent ဖြစ်သူ Mr.Toru KITA- MURA၊ ဂျပန်နိုင်ငံ Ji Ji သတင်း ဌာနမှ Correspondent ဖြစ်သူ Mr.Tetsuo Okabe၊ ဂျပန်နိုင်ငံ NTV သတင်းဌာနမှ Reporter ဖြစ်သူ Mr. Yuzo Yamashita၊ တရုတ်အစိုးရပိုင် CCTV ရုပ်သံမှ Ms.Lin Xi စသူ တို့ဖြစ်ကြပြီး စုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။
လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နော်ဝေးနိုင်ငံ၏ အရေးယူမှုပိတ်ဆို့မှုအား ရုတ်သိမ်းပြီးဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊ မပြုလုပ်ခြင်းမှာ ပုဂ္ဂလိကကုမ္ပဏီများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီး H.E Jonas Gahr Store က ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ အလားတူ EU နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍မူ လာမည့်ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကာလကို စောင့်ကြည့်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲဖြစ်ရေးအတွက် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအား ခွင့်ပြုပေးရန်လိုလားကြောင်း ယင်းကိစ္စအဆင်ပြေပြီးနောက်ပိုင်းမှသာ ဥရောပသမဂ္ဂနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းသွား ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ မှန်ကန်ပြီးမျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ မြန်မာနိုင်ငံစစ်မှန်သော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိရေး၊ ဥပဒေစိုးမိုးမှုရှိရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်နော်ဝေးနိုင်ငံမှဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးပြောကြားလိုက်ကြောင်း သိရသည်။
ကြီးမားသညအပြောင်းအလဲများ ဖြစ်လာနိုင်ဟု ဒေါ်အောင်ဆန်း စုကြည် ပြော
မြန်မာနိုင်ငံ၌ ကြီးမားသည့် အပြောင်းအလဲများ ဖြစ်လာနိုင်ခြေကို တွေ့နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။ ထို့အပြင် ရွေးကောက်ပွဲနှင့် တရားရေး လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ အင်အားစုများ ပါဝင်လာနိုင်သော စစ်မှန် သည့် အပြောင်းအလဲ တရပ်ဖြစ်လာရန် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ ဗုဒ္ဓဟူး နေ့က စတင်ပြီး ၅ ရက်ကြာကျင်းပ မည့် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် ကမ္ဘာ့ စီးပွားရေး ညီလာခံသို့ ပေးပို့သော ဗီဒီယို ရုပ်သံ သ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဂမ္ဘီရ အပါအ၀င် သံဃာ ၅ ပါး မဟန ဆင့်ခေါ်
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်၌ သီတင်းသုံးနေသော ဦးဂမ္ဘီရ အပါအ၀င် သံဃာ ၅ ပါးကို နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့က ဇန်န၀ါရီ ၂၅ ရက်တွင် ဆင့်ခေါ်စာပေးပို့ကြောင်း သိရသည်။ ထိုသံဃာ ၅ ပါးသည် ခွင့်ပြုချက် မရ ဘဲ သီတင်းသုံးနေသောကြောင့် ပြစ်မှုကျွန်းလွန်သူများဖြစ်၍ ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မဂ္ဂင်ကျောင်းကို ၂ဝဝ၇ ရွှေဝါ ရောင်တော်လှန်ရေး နောက်ပိုင်းတွင် အာဏာပိုင်များက ချိတ်ပိတ်ထားသည်။ ကျောင်းထိုင် ဆရာတော်ကိုလည်း ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ် အနှစ်၂ဝ နှင့် ၆ လ ချမှတ်ခဲ့ကြောင်း သိရသည်။
NLD က ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ခန့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး (Campaign manager) အဖြစ် ဦးဉာဏ်ဝင်း အား တာဝန်ပေးအပ်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန် သည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် သော အခက်အခဲ ပြဿနာ များကို ဦးဉာဏ်ဝင်း နှင့် တွေ့ဆုံ၍ မေးမြန်းစုံစမ်းခြင်း၊ အကြံဉာဏ် တောင်းခြင်းများ ပြုလုပ်နိုင်သည်ဟု ဖော်ပြထား ကြောင်း သိရသည်။
ရခိုင်တွင် လှေမှောက်၍ ကျောင်းသားကျောင်းသူ ၅ ဦးသေ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ကူးတို့လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၅ ဦး သေဆုံးကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တဘက်ကမ်းရှိ စေတီတောင်ကျေးရွာ၌ ကျောင်းတက်ရန် လှေဖြင့်သွားကြရာ လမ်းတ၀က်တွင် လှေဝမ်းဗိုက် ပေါက်သွားသောကြောင့် ရေနစ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာသတင်း၌ ဖော်ပြထားကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
ရေရှည် စီးပွားရေးဖွံ့ဖြိုးရန် အစီအစဉ် NLD ရေးဆွဲမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေမည့် ရေရှည်တည်တံ့သော စီးပွားရေး မော်ဒယ်ပုံစံသစ်အတွက် အသေးစိတ်အစီအစဉ် ရေးဆွဲရန် စီစဉ်ထားကြောင်း ပြောဆိုလိုက်ကြောင်း သိရသည်။
ထားဝယ် အထူးစီမံကိန်းဒေသ အိမ်ခြေ ၄၀၀၀ နီးပါး ပြောင်းရမည်
ကော့မှူးဒေသခံ ထောင်နှင့်ချီ၍ NLD အဖွဲ့ဝင်များအား ကြိုဆို
ပိတ်ဆို့အရေးယူမှုအပေါ် အစိုးရအတွင်း အငြင်းပွား
NDSC တွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတများဖြစ်သော ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သည်။
နေပြည်တော် အစိုးရအသိုင်းအဝန်းမှလာသော သတင်းများအရ သမ္မတ ဦးသိန်းစိန်အစိုးရသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်းမှ ရုပ်သိမ်းနိုင်မည်ဆိုသည့် မူဝါဒသဘောကို နားလည်ကြောင်း၊ သို့သော် ခရီးသွားလာခွင့် ပြန်လည်ဖွင့်ပေးခြင်းသည် ၎င်းတို့ အလိုရှိသော ဦးစားပေး ကိစ္စမျိုး မဟုတ်ကြောင်း၊ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အပေါ် ကန့်သတ်ချက်များ၊ အနောက်နိုင်ငံများမှ ငွေလွှဲပြောင်းမှုများအပေါ် ထိန်းချုပ်မှုများကသာ သမ္မတဦးသိန်းစိန်အစိုးရ၏ ဦးစားပေးလိုလားသည့်ကိစ္စဖြစ်ကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်ရန် လွှတ်တော်တွင် အတည်ပြု
ကျန်ရှိ နိုင်/ကျဉ်းစာရင်း တိုးလာနိုင်ဖွယ်ရှိ၊ ဆက်လက်ပြုစုဆဲ
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်းအတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြောသည်။ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ မလွှတ်မြောက်
သေးသည့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦး ကျန်ရှိနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စာရင်းအရ ၃၈၈ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။
သေးသည့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦး ကျန်ရှိနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စာရင်းအရ ၃၈၈ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်းပြော
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ World Economic Forum ထိပ်သီးညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်ရေး ကုလအကြီးအကဲ တိုက်တွန်း
ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူးခန့်
ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ
မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ
အပြောင်းအလဲကြီးဖြစ်လာနိုင်တာ မြင်နေရပေမယ့် စီးပွားရေးဖွံ့ဖြိုးဖို့ တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေ ပြင်ဖို့လိုသေးကြောင်း ဒေါ်စုပြောကြောင်း သိရသည်။
ဘဏ္ဍာငွေခွဲဝေမှုဆွေးနွေးမည့် လွှတ်တော်စည်းဝေးတွေစတင်
အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန် စည်းဝေးစတင်ပြီး ရသုံးမှန်းခြေနဲ့ စီမံကိန်းဥပဒေကြမ်း ဆွေးနွေးမည် ကြောင်း သိရသည်။
ရွှေဝါရောင်မှာအပိတ်ခံရကျောင်းတွေ ပြန်ဖွင့်သူသံဃာများသတိပေးခံရ
အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်
စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံသည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များပြန်လည်ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည်နေရာချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောကြောင်း သိရသည်။
တနှစ်တာ ဘတ်ဂျက်ကိစ္စ တရက်တည်းနှင့် အပြီးဆွေးနွေးမည်
၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဝန်ကြီးဌာန အသီးသီး၏ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် တရက်တည်းနှင့် အပြီးအပြတ် ဆွေးနွေးသွားမည်ဟု လွှတ်တော်အမတ်များက ပြောကြောင်း သိရသည်။ တနှစ်တာ ဘဏ္ဍာရေးနှင့် စီမံကိန်းကိစ္စရပ်များကို ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က တရက်ဖြင့် အပြီးသတ်စေ၍ ထိုနေ့ဆွေးနွေးမှုများကို ညပိုင်းအထိ ဆက်ရမည် ဖြစ်သည်ဟု လွှတ်တော်အမတ်များက ပြောကြောင်း သိရသည်။
“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ” ဦးတင်ဦး ရှင်းပြ
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်းပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က ပြောသည်။
“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော်ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။ NLD ၏ လွတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အမျိုးသမီး၊ ဒေသခံ၊ ပညာတတ်နှင့် လုပ်ငန်း အတွေ့အကြုံ ရှိမှုပေါ်တွင် မူတည်၍ ရွေးချယ်သွားမည်ဟု ကြေညာထားရာ အချို့နယ်မြေများတွင် ယခုကဲ့သို့ အင်အားစု၍ ယှဉ်ပြိုင် တင်သွင်းမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“အသိုင်းအဝိုင်းတွေနဲ့ လော်ဘီလုပ်ပြီး လက်မှတ်တွေဝိုင်းထိုးပြီး ရွေးပါခင်ဗျဆိုပြီး လာနေလို့ ပြောလိုက်တာပါ။ အချင်းချင်း မညီညွတ်လို့ မဟုတ်ပါဘူး။ သိပ်ပြီး ကိုယ်ရည်သွေးလာကြတာတွေ များလွန်းလို့ဗျာ။ ဘဝင်မကျလို့ နည်းနည်း ပြောလိုက်တဲ့သဘောပါ” ဟု ဦးတင်ဦး က ပြောသည်။
ပြည်နယ်/တိုင်းတို့မှ ရွေးချယ်တင်ပြသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုမှ စိစစ်ချမှတ်ပေးခြင်းဖြစ်ပြီး မကျေလည်မှု အတော်များများကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကာ ဘဝင်မကျမှုရှိနေသေးသည့် အချို့နေရာများကို ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကွင်းဆင်း စည်းရုံးပေးသွားမည်ဟုလည်း ဦးတင်ဦးက ပြောသည်။
ထို့ပြင် NLD က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခက်အခဲနှင့် ပြဿနာများ ဖြေရှင်းပေးရန် အတွက် လည်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းအား ကြာသပတေးနေ့က တာဝန်ပေးအပ်လိုက်သည်။ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
“ဦးဉာဏ်ဝင်းက ဘယ်မဲဆန္ဒနယ်မှာမှ ပါဝင်အရွေးခံမှာ မဟုတ်ဘူး။ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် တယောက်လည်းဖြစ်တယ်။ ဒါကြောင့် မဲဆွယ်ကာလမှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် မဲဆွယ်နိုင်ဖို့နဲ့ ကြုံတွေ့နိုင်တဲ့ အခဲအခဲတွေကို တရား မျှမျှတတနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ သူ့ကို ဒီတာဝန်ပေးတာ
ဖြစ်ပါတယ်” ဟု သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့်မြို့နယ်များရှိ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခွဲများတွင်မူ အတွင်းရေးမှူးများ ထားရှိမည် မဟုတ်ကြောင်းလည်း သိရသည်။
NLD ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဦးဝင်းတင် ခေါင်းဆောင်သည့် သတင်းပြန်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး ကော်မတီ၊ မုံရွာအောင်ရှင် ခေါင်းဆောင်သည့် မဲဆွယ်ဟောပြောရေး ကော်မတီ၊ ဦးဟံသာမြင့်ခေါင်းဆောင်သည့် ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ၊ ဦးတင်ဦး ခေါင်းဆောင်သည့် ဥပဒေရေးရာ ကော်မတီနှင့် ဦးသိန်းဦး ခေါင်းဆောင်သည့် စာရေးစစ်အဖွဲ့တို့၏ အဖွဲ့ဝင် အမည်စာရင်းများကိုလည်း ဖော်ပြထားသည်။
လာမည့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ပါတီ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်း စတင်လုပ်ဆောင်မည် ဖြစ်ပြီး ပထမဆုံး မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်အဖြစ် မဲဆန္ဒရှင်များကို ဆန္ဒမဲနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment