ဘန်ကီမွန်း မြန်မာပြည် လာမည်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေပြီး ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယားကိုလည်း အချိန်ပြည့် မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒါဗို့စ် တက်ရန် ဖိပုံစာ - ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းဒဏ်ခံ ဒေသသို့ ရောက်ရှိလာပြီး ဒေသခံများနှင့် တွေ့ဆုံနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဓာတ်ပုံ - UN Photo/Evan Schneider)
 “မြန်မာအာဏာပိုင်တွေနဲ့ ထပ်မံဆွေးနွေးဖို့ ကျနော် သိပ်မကြာခင်မှာ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်” မစ္စတာ ဘန်ကီမွန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
 “သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာတွေ အပါအဝင် လက်ရှိလုပ်ဆောင်နေတာကို အလွန်ပဲ ကျေနပ်အားရပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီးဖြစ်ပြီး ၎င်း၏ အထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂ ထိပ်တန်းအရာရှိများလည်း သီးခြားစီ လာရောက်ခဲ့ကြပြီးဖြစ်သည်။
 မစ္စတာ ဘန်ကီမွန်းက “နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စေ့စပ်ညှိနှိုင်းမှု ပေါ်ပေါက်လာစေဖို့ သူတို့တွေက အခြေခံအခင်းအကျင်းတွေ လုပ်ပေးနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ မြန်မာ့မိတ်ဆွေများအဖွဲ့ကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျနော်ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံအားပေးဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ အဲဒီအခြေခံတွေပေါ်မှာ လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောသည်။ ယခု ရလဒ်များသည် ပူးပေါင်းပါဝင်သူအားလုံး၏ စုစည်းစွာ လုပ်ဆောင်မှု ရလဒ်ဖြစ်ကြောင်း၊ ဂုဏ်ယူစွာ ပြောလိုသည်မှာ လူသိနည်းသည့် သံတမန်နည်းဖြစ်စေ၊ လူသိရှင်ကြား သံတမန်နည်းနှင့် ဖြစ်စေ နည်းနှစ်ရပ်စလုံးကို အဆက်မပြတ် စိတ်ရှည်ရှည်ဖြင့် တချိန်လုံး အသုံးပြုခဲ့ကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
မြန်မာအာဏာပိုင်များနှင့် တချိန်လုံး တိုက်ရိုက် ပြောဆို ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဤချဉ်းကပ်မှုဖြင့် ရလဒ်ထွက်ပေါ်လာကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြောသည်။
 ထို့အပြင် ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဗီးယားကိုလည်း သူ၏ မြန်မာပြည်ဆိုင်ရာ အချိန်ပိုင်း ကိုယ်စားလှယ်အဖြစ်မှ အချိန်ပြည့် အထူးကိုယ်စားလှယ်အဖြစ်သို့ ပြောင်းလဲခန့်ထားတော့မည်ဟု ကြေညာသွားသည်။
ဤကာလအတောအတွင်းတွင်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် အသစ်ခန့်အပ်လိုက်သော အမေရိကန်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး နီရူပါမာ ရာအိုနှင့် ဝါရှင်တန်တွင် တွေ့ဆုံရာ၌ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
 အိန္ဒိယသံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဗီရန်ဒါ ပေါလ်က “နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သံအမတ်ကြီး ရာအိုတို့ တွေ့ဆုံရာမှာ အာဖဂန်နစ္စတန် အခြေအနေ၊ အီရန်နိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့ ပတ်သက်လို့ ဖြစ်ထွန်းမှုအခြေအနေတွေအပေါ် ဒေသတွင်းက နှစ်ဖက် အကျိုးစီးပွားကိစ္စတွေကို အမြင်ဖလှယ်ခဲ့ကြပါတယ်” ဟု ပြောသည်။
 အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းကလည်း ကလင်တန်နှင့် ရာအို တွေ့ဆုံရာတွင် မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့သည်ဟု သတင်းထောက်များကို အတည်ပြု ပြောကြားသည်။

မိတ္ထီလာမြို့ စက်မှုဇုံ ၅လမ်းရှိ ဦးဂမ္ဘီရ မိဘများနေအိမ်သို့ ဒီနေ့ ရောက်ရှိလာသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဆင့်ခေါ်စာဖြစ်ပါတယ်။

အကြောင်းအရာ။ ။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရုံးသို့လာရောက်ရန်ကိစ္စ

ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော ရဟန်းများကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၅.၁.၂၀၁၂နေ့တွင်ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် ပထမအထူးအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ပါသည်။
ဆုံးဖြတ်ချက်
ပြစ်မှုကျူးလွန်နေသော ဦးဂမ္ဘီရ ဦးအိဿရိယ၊ ဦးပဏ္ဍ၀ံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟတို့အား (၂၇.၁.၂၀၁၂) သောကြာနေ့၊မွန်းလွဲ၁နာရီအချိန် ခေါ်ယူဆုံးမသြ၀ါဒပေးရန်။
၂။ သို့ဖြစ်ပါ၍ အထက်အပိုဒ်၁ပါဆုံးဖြတ်ချက်အရ ပြစ်မှုကျူးလွန်နေသော ရဟန်းတော်များ သည် (၂၇.၁.၂၀၁၂) သောကြာနေ့၊မွန်းလွဲ၁၂း၃၀နာရီအချိန် ကမ္ဘာအေးကုန်းမြေ ဥတ္တရကုရု ကျောင်းဆောင် အစည်းအဝေးခန်းမသို့ ကြွရောက်သတင်းပို့ရန် အကြောင်းကြားပါသည်။

ဘဒ္ဒန္တ ၀ါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်


အမေရိကန် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင်များ လာရောက်မည်


မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ခြင်းနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာ ပါမောက္ခချုပ်နှင့် ပါမောက္ခများ လာမည့်ဖေဖော်ရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြ မည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာ နေစိုးမောင်က ပြောသည်။

ယင်းသို့ အလည်အပတ် လာရောက်ခြင်းမှာ မြန်မာနိုင်ငံ၏ ကျန်းမာရေး ပညာရေးပိုင်းဆိုင်ရာ အခြေအနေများကို လာရောက်လေ့လာ ခြင်းဖြစ်ပြီး၊ နောက်ဆက်တွဲရလဒ် အနေဖြင့် ယင်းတက္ကသိုလ်နှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်အကြား ကျောင်းသားဖလှယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

၎င်းအစီအစဉ်ကြောင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ ကျောင်းသားများ အဆင့်မြင့်ဆေးပညာရပ်များကို လေ့လာခွင့်ရကြမည်ဖြစ်ပြီး သင်ကြားပို့ချနေကြသည့် ဆရာများပါ သင်ကြားရေးဆိုင်ရာ အဆင့်မြင့်အတတ်ပညာများ ပိုမိုရရှိကြမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအစဉ် များ ရေးဆွဲရာတွင် အထောက်အကူပြုစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

လတ်တလောကာလများတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ ပိုမိုရရှိလာနေပြီး ယင်းနိုင်ငံများမှ ကျန်းမာရေးဆိုင်ရာ ပညာရှင် များ၊ တက္ကသိုလ်များမှ မြန်မာနိုင်ငံ ဆေးပညာလောကနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လိုကြောင်းကို ကမ်းလှမ်းလာနေ ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှစ်စဉ်ပူးတွဲ လေ့လာချက်များ ပြုလုပ်နေပြီး ဂျပန်၊ ကိုရီးယားအစရှိသည့် တောင် အာရှနိုင်ငံ အချို့ကပါ ၂ဝ၁၁ ခုနှစ် မှစတင်၍ ပူးပေါင်းလာကြကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Credit  : နိုင်လင်း  Popular News Journal 

မြန်မာအင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန်လာတော့မည်ဟု ဆို


မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့်ပါ။ အခု SEA-ME-WE3 နေရာမှာ SEA-ME-WE5 ကို အစားထိုးတပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။

အဲ့ဒါကိုတော့ China Unicom နှင့် တရုတ်ဝန်ကြီးရဲ့ အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ” ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network တိုးချဲ့ခြင်း လုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟု ဆိုသည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့် အင်တာနက် Service ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။ တကယ်တမ်းတော့ ဖုန်းနဲ့ အင်တာနက်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ အင်တာနက်လိုင်းများမှာ ၂၀၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
Source : ပြည်မြန်မာ

 

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အကြံပြုချက်များ တောင်းခံခြင်း။ (ABSDF)


သို့

ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများ 
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၈)ရက်။

အကြောင်းအရာ။ ။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အကြံပြုချက်များ တောင်းခံခြင်း။

လေးစားအပ်ပါသော ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီချစ်မြတ်နိုးသော နိုင်ငံရေးအင်အားစုအပေါင်းတို့ခင်ဗျား

  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည် ၁၉၈၈ ခုနှစ် လူထု ဒီမိုကရေစီ အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသည့် နိုင်ငံရေး ရည်မှန်းချက်များကို ဆက် လက် ဖော်ဆောင်နိုင်ရန် ၁၉၈၈ ခုနှစ်မှ ယနေ့ကာလအထိ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသော တိုင်းရင်းသားအင်အားစုများနှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်အား တစိုက်မတ်မတ် လက်နက်ကိုင် တော်လှန် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ထို့အတူ အမိမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်း အဖြေရှာနိုင် ရေးကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲကာ အစဉ်တစိုက် အားထုတ် ကြိုးပမ်းလျက်ရှိပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူဆွေးနွေးနိုင်ရန် ပေးပို့သော ကမ်းလှမ်းစာကို မိမိတို့ လက်ခံရရှိခဲ့ပါသည်။

မိမိတို့ တပ်ဦးနှင့်တပ်မတော် အနေဖြင့်လည်း အမိမြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် နိုင်ငံရေးအရတန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်အား အလေးအနက် ကြိုဆိုခဲ့ပြီး အလွတ်သ ဘော စတင် တွေ့ဆုံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့ တပ်ဦးနှင့်တပ်မတော်သည် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ပြည်သူလူထုနှင့် နိုင်ငံရေးအင်အားစုအသီးသီး တို့၏ အမြင်သဘောထားများကိုထင်ဟပ်ကာ ကြိုးပမ်းအားထုတ်သွားရန် ရည်မှန်းထားပါသည်။

ထိုသို့ ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် အလွှာအသီး သီးတို့၏ အမြင်သဘောထားများ၊ အကြံပြုချက်များ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် လူကြီးမင်းတို့၏ အမြင်သဘောထားများနှင့် အကြံပြု ချက်များအား လေးစားစွာဖြင့် တောင်းခံအပ်ပါသည်။

ချစ်ကြည်လေးစားစွာဖြင့် -


ရဲဘော်မျိုးဝင်း
အဖွဲ့ခေါင်းဆောင်
ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကော်မီတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်)

ရန်ကုန်မြို့တွင်းတွင်ရှိသော အရေးပေါ်ဌာနများရှိ အရေးပေါ်တယ်လီဖုန်းအချို့မှာ ဆက်သွယ် ခေါ်ဆိုရာတွင် ခက်ခဲမှုများရှိနေကြောင်း
ရန်ကုန်မြို့တွင်းတွင်ရှိသော အရေးပေါ်ဌာနများရှိ အရေးပေါ်တယ်လီဖုန်းအချို့မှာ ဆက်သွယ် ခေါ်ဆိုရာတွင် ခက်ခဲမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့မှ ပြောပြသည်။

အချို့သော အရေးပေါ်တယ်လီဖုန်းများမှာ ဖုန်းဝင်သော်လည်း လာရောက်မကိုင်ခြင်း၊ တိကျ စွာဖြေဆိုမှုမရှိခြင်း၊ ပုံမှန်ဖုန်းမအားခြင်းများရှိနေကြောင်း သိရသည်။

" ဗိုလ်တစ်ထောင်ကမ်းနားမှာ လူတစ်ယောက်အရိုက်ခံရတာ အသက်အန္တရာယ်စိုးရိမ်ရလို့ ကျွန်မက ကူညီတဲ့အနေနဲ့ အရေးပေါ် ၁၉၁ ကိုဆက်တယ်၊ မကိုင်ဘူး၊ တော်တော်ခေါ်လိုက်ရတယ်၊ ဒါနဲ့မရလို့ ၁၉၉ ကိုပြောင်းခေါ်တော့၊ ဒါအရေးပေါ်ဖုန်းဆိုပေမယ့် မီးလောင်မှုကိုပဲ လက်ခံတယ်ပြောပြန်ရော၊ ကျွန်မလည်း လိုင်းကားစီးရင်တွေ့တွေ့နေတဲ့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းဆိုတာကို ဆက်လိုက်တာ၊ ဖုန်းက ၅၀၀၀၀၅ လေ ဖုန်းက၀င်သွားတယ်၊ အားလည်းအားတယ်၊ ကိုင်မယ့်သူလုံးဝမရှိဘူး၊ ငါးမိနစ်လောက်ခေါ်လိုက်မှ ကိုင်တဲ့သူ ရောက်လာတယ်၊ ကျွန်မကလည်း အရေးပေါ်ဆိုတော့ အရေးပေါ်ကားပဲဆိုပြီး ခေါ်တာ၊ ဖြစ်တာကိုပြောပြတော့ ကိုင်တဲ့သူက ဒီ ၅၀၀၀၀၅ က ကားတိုက်မှုပဲသုံးတာ၊ ကျန်တာမလိုက်ဘူးတဲ့၊ ကျွန်မတို့ပြည်သူတွေဖြစ်စေချင် တာက ပြည်သူတွေကိုမလှည့်စားဖို့ နားလည်ဖို့သေချာရှင်းပြစေချင်တယ်၊ အခုက အရေးပေါ်ဆက်သွယ်ရန်ဖုန်း နံပါတ်လဲဆိုသေးတယ်၊ ဖုန်းမကိုင်တာနဲ့ ကိုင်တော့လည်း ဒီကိစ္စမှ ဟိုကိစ္စမှလက်ခံတယ်၊ လုပ်ပေးတယ်ဆို တော့ ဖုန်းနံပါတ်တွေနောက်မှာ ၁၉၉ ဆိုလည်း မီးလောင်မှုအတွက် ၅၀၀၀၀၅ ဆိုရင်လည်း ယာဉ်တိုက်မှုအ တွက် ဆိုတာမျိုးထည့်ပေးထားသင့်ပါတယ်" ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မသဇင်မှပြောပြသည်။

ပြည်သူများအနေဖြင့် အရေးပေါ်မှုခင်းများ၊ အရေးပေါ်ကိစ္စမျာဖြစ်ပေါ်လာပါက အချိန်တိုအ တွင်း အမှန်တကယ်ခေါ်ဆိုဆက်သွယ်နိုင်မည့် တယ်လီဖုန်းများ လိပ်စာများကို သေချာစွာသိရှိနားလည်ရန် လို အပ်နေကြောင်း သိရသည်။
 

ဒီဗီဘီမှ ထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် မျိုးမင်းနိုင်၊ ကိုနန္ဒ ခေါ် ကိုနေထွန်းမှ တုန့်ပြန်ချက်

ဗမာအစိုးရသတင်းစာက   ဖမ်းဆီးခံရသူတွေကို  တရားရုံးမတင်ခင်မှာတင်  တရားခံတစ်ယောက်လိုသုံးနှုန်း   စွပ်စွဲရေးသလိုမျိုး   ဒီဗီဘီလို  သတင်းဌာနက  အကြိမ်ကြိမ်  စွပ်စွဲ   ရေးသားနေတဲ့ အပြင်နောက်ဆုံး   နာမည်တပ်ပြီး   ရေးသား  စွပ်စွဲလာတဲ့အတွက်ကြောင့်  ကိုယ်တိုင်  ဖြေရှင်းသင့်ပြီလို့ယုံကြည်တဲ့အတွက်  အလေးအနက်  စဉ်းစားပြီး   အခုစာကို  ရေးပါတယ်။   စာကြောင့်  ဖြစ်လာမယ့်အကျိုးဆက်အပေါ်  အဆိုး  အကောင်းကို  အလေးအနက်  ချင့်ချိန်ရေးသည့်  တိုင်အောင်  အခုစာရဲ့ အကျိုးဆက်အနေနဲ့  တကိုယ်ချင်းကော   အဖွဲ့အစည်းအရပါ   ထိခိုက်ဖို့  ဖြစ်ကောင်း   ဖြစ်လာခဲ့ရင်တောင်မှ  ကျွန်တော့်အနေနှင့်  အစွမ်းကုန်  ရှောင်လွှဲဖို့  ကြိုးစားလျှက်နှင့်  မလွှဲမရှောင်နိုင်တဲ့အခြေအနေကို  တွန်းပိုတဲ့  ဒီဗီဘီက  တာဝန်ရှိသူအချို့ကြောင့်လို့  သက်ဆိုင်တဲ့  လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ  အနေနှင့် နားလည်စေချင်ပါတယ်။
 အနှစ်သာရအရကော  အယူအဆအရပါ  သိသိသာသာ  နက်နက်ရှိုင်းရှိင်း   ကွဲလွဲသွားတဲ့  အတွက်ကြောင့်  လမ်းခွဲလိုက်ကြတဲ့ ကိစ္စကို  ဒီဗီဘီမှာ   ရာထူးအကြီးဆုံးယူထားတဲ့  ဒါရိုက်တာ  အေးချမ်းနိုင်နဲ့ ဒုတိယ  ဒါရိုက်တာ  ခင်မောင်ဝင်းတို့က  ငွေကြေး  အလွဲသုံးစားမှုအဖြစ်  စနစ်တကျ  ငွေပုံသုံးပြီး ပုံဖေါ်လာခ့ဲတဲ့ အပြင်  ဒီဗီဘီနဲ့   ပြည်တွင်းနက်ဝပ်  မျိုးမင်းနိုင်  အုပ်စုကွဲလွဲမှုအဖြစ်  ပုံဖော်လာခဲ့ပါ တယ်။  ကျွန်တော်  အနေနှင့်  ရှင်းရှင်းလင်းလင်း   ပြောချင်တာက  ဒီဗီဘီနှင့်  ပြဿနာ   ဖြစ်နေတာ မဟုတ်ပါ။  ဒီဗီဘီက  ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦးနဲ့   ပြဿနာ   ဖြစ်နေတာပါ။ 

  ဒီဗီဘီဟာ  အေးချမ်းနိုင်၊ ခင်မောင်ဝင်းပိုင်  စီးပွားရေးလုပ်ငန်း   မဟုတ်သလို  ဗီဂျေတွေရဲ့   နက်ဝပ်ဟာလည်း   မျိုးမင်းနိုင်နက်ဝပ်၊  ကိုနန္ဒပိုင်  နက်ဝပ်  မဟုတ်ပါ။  အဲသည်တော့  အခု  ပြဿနာတွေကို  ဒီဗီဘီရဲ့   ပြဿနာ ဖြစ်  ပုံမသွင်းသင့်သလို၊   ဗီဂျေနက်ဝပ်နှင့်  ဒီဗီဘီရဲ့   ပြဿနာအဖြစ်လည်း   ပုံမဖော်သင့်ပါ။မီဒီယာတစ်ခုလုံးကို  ပိုင်ထားတယ်လို့  သဘောထားပြီး   ကိုယ်ပိုင်  ၀ါဒဖြန့်ချိရေး  ယန္တရားတစ်ခုအနေနှင့်  အလွဲသုံးစား   မလုပ်သင့်ပါ။  ပြဿနာတွေကို  တရားမျှတတဲ့  တရားရုံးမှာ၊ သက်ဆိုင်ရာ  လူပုဂ္ဂိုလ်တွေနှင့်  တည့်တည့်ရှင်းကြတဲ့   လောကဓမ္မ  ခုံရုံး   မှာ   ဖြစ်ဖြစ်ဖြေရှင်းသင့်တယ်၊  ဖြေရှင်းဖို့လည်း   အသင့်ရှိတယ်လို့  ကျွန်တော်  ပြောချင်ပါတယ်။   ဒီဗီဘီမှာလည်း သတင်းမီဒီယာ  အလုပ်နဲ့   တိုင်းပြည်ကို  ကောင်းကျိုးပြုနိုင်တယ်လို့  နှစ်နှစ်ကာကာ  ယုံကြည်ပြီး ဘ၀ပုံ  လုပ်ကိုင်နေသူတွေ   ရှိနေသလို၊   ဗီဂျေတွေရဲ့   နက်ဝပ်မှာလည်း   အသက်နှင့်  ဘဝနှင့်  ရင်းပြီး ပြည်တွင်းမှာ   လုပ်ကိုင်နေသူ  တွေ   ဖြစ်လို့  ဒီဗီဘီနှင့်  ဗီဂျေနက်ဝပ်ရဲ့   ပြဿနာအဖြစ်  ပုံမဖော်ပါနဲ့။ တိုက်ရိုက်  သက်ဆိုင်ကြသူတွေ   အနေနှင့်  ဘယ်လို  တရားမျှတတဲ့   နည်းလမ်းနှင့်မဆို  ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိပါတယ်။  လိပ်ပြာသန့်သန့်နှင့်  သတ္တိရှိရှိ  ရင်ဆိုင်ကြယုံပါ။ကိုယ်ပိုင်မီဒီယာကို  အသုံးပြုပြီး   အကြိမ်ကြိမ်  ကြေညာချက်တွေ   ထုတ်ပြန်၊  ငွေပုံသုံး၊   နော်ဝေရဲဌာနက  အမှုလက်မခံလို့  စုံထောက်အဖွဲ့တွေ  ငှားရမ်းပြီး   ဒေါ်လာ  နှစ်သိန်းကျော်  အကုန်ကျခံအမှုဖြစ်အောင်  မျိုးစုံ  အကွက်ဆင်ခဲ့ ပေမဲ့   အဓိက  ထောက်ထားရမယ့်  ကိစ္စ  နှစ်ခုကြောင့်  လူသိထင်ရှား   ထုတ်မပြောခဲ့ပါ။  အခုအချိန်မှာတော့   လက်တွဲ  လုပ်ကိုင်ခဲ့ သူတွေ၊   အဆင့်ဆင့်တာဝန်ခံခဲ့ သူတွေရဲ့  ဂုဏ်သိက္ခာတွေကိုပါ   ကာကွယ်ဖို့  လိုအပ်လာပြီလို့  ယူဆလို့  အခုစာကို
အလေးအနက်  စဉ်းစားပြီး   ရေးပါတယ်။  
 ပထမ  ထောက်ထားရမယ့်ကိစ္စက  ဒီဗီဘီ  အတွက်ပါ။
ပြည်တွင်းလုပ်ငန်း   လုပ်ကိုင်တဲ့  ဘယ်အဖွဲ့အစည်းမဆို  ဒိုနာ  လိုအပ်ချက်နဲ့   ပြည်တွင်းသုံး
ငွေစာရင်းဟာ   စံချိန်စံညွှန်း   မကိုက်နိုင်တာ  အဖွဲ့အစည်း   ဦးဆောင်မှုမှာ  ရှိတဲ့လူတိုင်း   ပါဝင်
ပတ်သက်သူတိုင်း   သိတဲ့ကိစ္စပါ။  ဒါ့ အပြင်  မီဒီယာ  ကျင့်ဝတ်  စံချိန်စံညွှန်းတွေနဲ့   မကိုက်ညီ  မသင့်တော်တဲ့  ကိစ္စတွေကို  သဘောတူလုပ်ခဲ့ တဲ့  ကိစ္စတွေကိုပါ   နှစ်ဖက်  အပြန်အလှန်  အပြစ်ပုံချရင်းနှင့်ထုတ်ပြောလို့  ညောင်မြစ်တူးရင်း   ပေါ်လာမယ့်  ပုတ်သင်ဥတွေကြောင့်  ဒီဗီဘီ  ပထမဆုံး   နစ်နာပါလိမ့်မယ်။  ဒီဗီဒီ  အခုလို  အခြေအနေအထိ  ရောက်အောင်  လုပ်လာခဲ့တဲ့  ဗီဂျေတွေရဲ့   နက်ဝပ်ကိုထူထောင်ခဲ့ သူ  တစ်ဦး   အနေနှင့် 
ကိုယ်တိုင်  ကြိုးစားလာခဲ့ တဲ့  အောင်မြင်မှုကို  ကိုယ်တိုင်မထိခိုက်စေလိုပါ။
ဒုတိယအချက်  ဆိုပေမယ့်  ပိုအရေးကြီးတဲ့ အချက်က  ပြည်တွင်းက   လူပုဂ္ဂိုလ်  အဖွဲ့အစည်းတွေ အတွက်  ဖြစ်ပါတယ်။  ဗီဂျေနက်ဝပ်ဟာ  သတင်းမီဒီယာသက်သက်  ကိစ္စသာ  လုပ်ခဲ့ တာ  မဟုတ်ပါ။ထောင်ထွက်ဟောင်းတွေနှင့်  စတင်  ဖွဲ့စည်းခဲ့ တဲ့  နက်ဝပ်ဟာ  အခြား  ထောင်ထွက်  နိုင်ငံရေးလုပ်ကိုင်နေသူတွေ၊   နိုင်ငံရေးကိစ္စတွေနှင့်  ခွဲခြားလို့  မရနိုင်တဲ့  ကိစ္စများစွာ  ရှိခဲ့ ပါတယ်။   ဒီဗီဘီထိပ်ပိုင်းပုဂ္ဂိုလ်တွေ   ကိုယ်တိုင်  နိုင်ငံရေးအုပ်စုတွေနှင့်  ပူးပေါင်း   ဆောင်ရွက်ဖို့၊  ကူညီထောက်ပံ့ကြဖို့  အားပေးခဲ့၊   သူတို့ကိုယ်တိုင်  ပါဝင်ပြီး   တက်တက်ကြွကြွ   လုပ်ခဲ့ ကြတာပါ။ ပြည်တွင်းမှာ   နိုင်ငံရေး  လုပ်နေတဲ့  ရဲဘော်ရဲဘက်
ဟောင်းတွေ၊  အင်အားစုတွေကို  မီဒီယာနှင့်မသက်ဆိုင်ဖူးလို့  ပြောလို့  ရတဲ့   နိုင်ငံရေး  အပြောင်းအလဲတွေ  ဖြစ်ဖို့အတွက်  ထောက်ပံ့ခဲ့ တဲ့ကိစ္စတွေက   ကျွန်တော့်  ဆုံးဖြတ်ချက်  သက်သက်  မဟုတ်ပါ။  ဒီဗီဘီ  ဒါရိုက်တာတွေ  မပါရင်  ဒါတွေမလုပ်နိုင်ပါ။
အခုအချိန်မျိုး   ရောက်မှ  အပြန်အလှန်  ဒီလို  အထိခိုက်  မခံတဲ့ကိစ္စတွေကို  ထုတ်ပြောဖို့ရာမှာ 
အရေးတော်ပုံ  ကိုယ်ကျင့်  တရားအရ  မဖြစ်နိုင်ပါ၊   မဖြစ်သင့်ပါ။  ထုတ်ပြောဖို့  လွယ်သလောက်
ထိခိုက်သူတွေ   အနေနှင့်  ထောင်တန်တဲ့၊   အခန့်မသင့်ရင်  တသက်တာ  ပေးဆပ်ရနိုင်တဲ့ဂုဏ်သိက္ခာကို  ထိခိုက်နိုင်တဲ့  ကိစ္စတွေ   ဖြစ်ပါလိမ့်မယ်။   အခု  မလွဲမသွေ  အချိန်ကို  ရောက်လို့ဒီစာကို  ရေးရသည့်တိုင်  အဖြစ်နိုင်ဆုံး   လူပုဂ္ဂိုလ်၊   အဖွဲ့အစည်းတွေရဲ့   အမည်နှင့်  အကြောင်းအရာ အချို့ကို  အဖြစ်နိုင်ဆုံး   ချန်လှပ်သွားရပါလိမ့်မယ်။ 
ပါဝင်ပတ်သက်ခဲ့ ၊  ပူးပေါင်း  ဆောင်ရွက်ခဲ့ တဲ့ပြည်တွင်းပြည်ပက   လူတွေ   တစ်ဦးမှ  မသေသေးပါ။  အရာအားလုံးဟာ   သက်သေမဲ့  မဟုတ်ပါဘူး။ 
ဒါကြောင့်  ဒီစာမှာ   အသေးစိတ်  ပြောဆို  ငြင်းခုန်ဖို့  မရည်ရွယ်ပါ။  ပြောဖို့  လိုအပ်တဲ့  ကျန်ကိစ္စအသေးစိတ်ကို  တရားရုံးမှာ  ဆက်ပြောကြပါမယ်။
၁။   ဒီဗီဘီနှင့်  ပူးပေါင်းလုပ်ဖို့  ၂၀၀၅  ဧပရယ်မှာ   နော်ဝေကို  ရောက်လာပြီး   သြဂုတ်လမှာ 
လက်ထောက်  ဒါရိုက်တာ  ကိုခင်မောင်ဝင်းနှင့်  အဆက်အသွယ်ရပြီး   ကင်မရာ   သုံးလုံး၊   ဒေါ်လာ
သုံးထောင်နဲ့   နက်ဝပ်ကို  စတင်  ထူထောင်ခဲ့ ပါတယ်။   သဘောတူချက်က  တစ်လကို  ဒေါ်လာ
သုံးထောင်နှင့်  အသေးစိတ်  ဘတ်ဂျက်တင်စရာမလို၊  လက်တွေ့လိုအပ်သလိုစီမံ ဆိုတဲ့ပုတ်ဖြတ်  သဘော  သဘောတူချက်နဲ့   စတင်ခဲ့ ပါတယ်။  အဲသည့်  အချက်ကိုလည်း   နောက်ဆုံး
လမ်းခွဲကြဖို့  ဆုံးဖြတ်တဲ့  အချိန်အထိ  အပြောင်းအလဲ   ဘာမှ  လုပ်ခဲ့ ကြတာ   မဟုတ်ပါ။  ဆိုလိုတာကပြည်တွင်းနက်ဝပ်ရဲ့   စီမံ  အုပ်ချုပ်မှုဟာ  ဒီဗီဘီရဲ့   ပုံမှန်လည်ပတ်မှုနဲ့   သီးခြားဖြစ်ပြီး   အဖွဲ့အစည်း တစ်ခုရဲ့   သီးခြား   စီမံအုပ်ချုပ်မှု  အဖြစ်  တလျှောက်လုံး   ကျင့်သုံးလာခဲ့ ပါတယ်။  အဲသည့်အချက်ကိုလည်း  ဒါရိုက်တာ  နှစ်ဦးက   အကြိမ်ကြိမ်  အတည်ပြုခဲ့ ပါတယ်။   ပုံမှန်  ပြင်ပက   ဒီဗီဘီသတင်းထောက်တွေက   စလို့  တာဝန်ကြီးကြီး   ယူထားသူတွေ   အဆုံး   ပြည်တွင်းနက်ဝပ်နှင့်ဆက်ဆံ  ဆွေးနွေးဖို့  ထားလို့  ရုံးဘယ်မှာ   ရှိမှန်းကိုတောင်  သိခွင့်မပေးခဲ့ ၊   တရားဝင်  လည်ပတ်ခွင့်မပေးခဲ့ ပါ။
အဲဒါဟာ  အကြိမ်ကြိမ်  နိုင်ငံတကာမီဒီယာကိုကော  ဒိုနာ  အသီးသီးကိုပါ   ဒီဗီဘီက
ပြောခဲ့ပြီးသားပါ။  စတင်လုပ်ကိုင်ဖို့  ပါဝင်  ဆွေးနွေးခဲ့တဲ့  လူဟောင်းတွေ   မသေသေးပါ။  အချိန်မရွေးလူသိထင်ရှား   ထုတ်ပြောဖို့ကော  တရားရုံးမှာ   ပြောဆိုဖို့ကိုပါ   အဆင်သင့်ရှိကြပါတယ်။ 
၂။   စလုပ်စဉ်မှာ   ကတည်းက   ဗီဂျေနက်ဝပ်  ဖြစ်လာမယ့်  ကျွန်တော်  အပါအ၀င်  ကျွန်တော့်ရဲ့ 
ရဲဘော်ရဲဘက်တွေ    စခဲ့တဲ့  ရည်ရွယ်ချက်က  ရှင်းရှင်းပြောရရင်  ပြည်တွင်းကို  တစ်ခုခု  လုပ်ပေးနိုင်တဲ့  နိုင်ငံရေး  လုပ်နေတဲ့  ရဲဘော်ရဲဘက်တွေကို  တစ်ခုခုလုပ်ပေးဖို့  (ပြည်တွင်းက   အခြေအနေတွေကို  အချက်အလက်တွေ   အရ  သိအောင်  လုပ်ပေးနိုင်တဲ့  မီဒီယာလုပ်ငန်း   အပါအ၀င်)ပြည်တွင်းကို  ထောက်ပံ့နိုင်ဖို့ပါ။ 
 ဗီဂျေတွေဟာ  ယုံကြည်ချက်ကြောင့်  လုပ်ခဲ့ သူတွေ   ဖြစ်ပြီး   လခစား
သတင်းထောက်ဖြစ်ဖို့  ၀န်ထမ်းဖြစ်ဖို့  ငွေကြေးရယူဖို့  အလုပ်  လုပ်ခဲ့ သူတွေ   မဟုတ်ပါ။  ပထမဆုံး ရခဲ့တဲ့  တလစာ  ဘတ်ဂျက်  ဒေါ်လာ  သုံးထောင်နဲ့ ပဲ   အားလုံးက   လစာမရှိ  ကုန်ကျစားရိတ်ကိုသာအသုံးပြုပြီး   ကိုယ့်ထမင်း   ကိုယ်ရှာစားပြီး   လုပ်ခဲ့ သူတွေပါ။   ဗီဂျေနက်ဝပ်ဟာ  မီဒီယာလုပ်ငန်း လုပ်ပြီး   ရတဲ့   ငွေကြေးနဲ့   လုပ်ဖော်ကိုင်ဖက်  နိုင်ငံရေး  လုပ်ကိုင်သူတွေကို  ထောက်ပံ့ခဲ့ တာပါ။ အတိုဆုံး   ပြောရရင်  နိုင်ငံရေး  အတွက်  မီဒီယာကို  အလွဲသုံးစား   လုပ်တယ်လို့  မီဒီယာသက်သက်ကို  ယုံကြည်သူ  တချို့က   စွပ်စွဲခဲ့ကြတာ   မှန်ရင်လည်း   ဒါရိုက်တာ  နှစ်ယောက်ဟာနိုင်ငံရေးကို  မှီပြီး   ဒီဗီဘီ  အောင်မြင်ဖို့  မီဒီယာ  နည်းလမ်းနဲ့   မဟုတ်ဘဲ  နိုင်ငံရေး  လောကရဲ့အားကိုယူတက်ဖို့  ကြိုးစားခဲ့ကြတယ်လို့ 
ပြောရပါမယ်။  ကျွန်တော်က  ကြံရာပါသာ  ဖြစ်ပါလိမ့်မယ်။  အခုပြောနေတာတွေဟာ   အထောက်အထားမဲ့  သက်သေမဲ့  မဟုတ်ဖူး   ဆိုတာတော့  သက်ဆိုင်သူတွေ သတိချပ်စေချင်ပါတယ်။ 
ထဲထဲဝင်ဝင်  ပါဝင်  ပတ်သတ်ခဲ့ သူတွေ   မနည်းသလို  ပြည်တွင်း  ပြည်ပမှာ 
ဒီနေ့အထိ  ရှိနေပြီး   ထုတ်ပြောဖို့  သင့်တော်တဲ့တချိန်မှာ   သိက္ခာရှိရှိ  ထုတ်ပြောဖြစ်ကြမှာပါ။ 
ကျွန်တော်  ပြောနေတာ   မှန်သလား  မှားသလား   သိသူ  အရေအတွက်က  မနည်းလှပါဖူး။   နိုင်ငံရေးလောကကို  ထောက်ပံ့မှုဟာ  တာဝန်  အကြီးဆုံးသူတွေ   မသိဘဲ  သဘောမတူဘဲ  ကျွန်တော်တဦးတည်း   လုပ်လို့ရတဲ့   ကိစ္စမဟုတ်ပါ။  တကယ်  အဲသည်လို  မီဒီယာအဖွဲ့အစည်း  တစ်ခုရဲ့ ဘတ်ဂျက်မှာ   ဘယ်နည်းနဲ့ မှ  အကျုံးမ၀င်နိုင်တဲ့  ငွေစာရင်းတွေ   ရှိခဲ့ ရင်  သက်ဆိုင်သူ  တာဝန်ခံတွေ သဘောတူလို့  လုပ်ကိုင်ခဲ့ တာတွေဟာ  လက်လွတ်စပယ်  မဟုတ်ပါ။  တဖက်က  ကြည့်ရင်လည်း နိုင်ငံရေး  အင်အားစုတွေရဲ့  ပူးပေါင်းပါဝင်မှုက  ဒီဗီဘီ  ဒီအခြေအနေ 
ရောက်လာဖို့  အများကြီး အရေးပါတဲ့  နေရာက  ပါခဲ့ပါတယ်။ 
နိုင်ငံရေး  ရဲဘော်ရဲဘက်ဟောင်းတွေရဲ့   ထောက်ခံ  ပူးပေါင်း ပါဝင်မှု  မရှိဘဲ  ဗီဂျေတွေရဲ့  
နက်ဝပ်ဟာ  ဒီအောင်မြင်မှုတွေ   ရလာမှာ  မဟုတ်ခဲ့ သလို  ဗီဂျေ
နက်ဝပ်က  ဒီအောင်မြင်မှုတွေ   ရအောင်  ဒီနည်းလမ်းတွေနဲ့ သာ  မလုပ်ဆောင်ခဲ့ ရင်  ဒီဗီဘီ  တီဗီတခုဖြစ်လာမှာ   မဟုတ်တာ  မြေကြီးလက်ခတ်  မလွဲပါ။   အခုမှ  အောင်မြင်ပြီဆိုပြီး   နိုင်ငံရေးနဲ့  ခပ်ဝေးဝေး နေချင်လို့  ဒီဇာတ်ကို  ဆင်တယ်ဆိုရင်  ကံကြီးထိုက်ပါလိမ့်မယ်။   နိုင်ငံရေး  အရိပ်အယောင်တွေ ကင်းလွတ်တဲ့  မီဒီယာ  တရာ  ရာခိုင်နှုန်းဖြစ်တယ်လို့ 
အသံကောင်း   ဟစ်ချင်ရင်  နိုင်ငံရေးနဲ့အစကတည်းက   မပတ်သတ်ပါနဲ့လို့  မှောက်ချီလှန်ချီ  လုပ်တဲ့  ဒီဗီဘီ  ခေါင်းဆောင်ကြီးများကိုပြောချင်တယ်။ 

၃။   ရွှေဝါရောင်  မတိုင်ခင်ထဲက  ဗီဂျေနက်ဝပ်ဟာ  အရှိန်ရနေပါပြီ။  အပြင်းအထန်  အလုပ်
လုပ်ခဲ့ တယ်။  လိုအပ်တဲ့  နက်ဝပ်  တည်ဆောက်ရေးကို  အငတ်ခံပြီး   ရတဲ့   အလွန်နည်းပါးတဲ့ 
ငွေကြေးနှင့်  ယုံကြည်ချက်ကို  အရင်းပြုပြီး   တည်ဆောက်ခဲ့ ကြတယ်။  နှစ်ပေါင်းများစွာ   လက်တွဲခဲ့တဲ့
နိုင်ငံရေး  ရဲဘော်ရဲဘက်တွေနဲ့  လေးနက်တဲ့  ဆွေးနွေးမှုတွေကို  လုပ်ခဲ့ ပြီး   ရှိသမျှ  ငွေကြေးနဲ့   အပြန်
အလှန်  ထောက်ပံ့ပြီး   အင်အားစုအားလုံးကို  တည်ဆောက်ရေး  လုပ်ခဲ့ တယ်။  နိုင်ငံရေးမှာ 
အကျဉ်းထောင်မှာ   အတူနေခဲ့ တဲ့  ရဟန်းတွေမကျန်  တိုင်ပင်ကိုက်အောင်  အတူ  လက်တွဲ  လုပ်ခဲ့ ကြ 
လို့  လိုအပ်သလို  ထောက်ပံ့ကူညီမှုကို  လုပ်ခဲ့ ကြတာပါ။   အကျိုးဆက်က  ရွှေဝါရောင်
တော်လှန်ရေးမှာ  အဆင်သင့်ဖြစ်နေခဲ့ ပြီး   တိုက်ပွဲရလဒ်  ယေဘူယျအားဖြင့်  အနိုင်မရသည့်
တိုင်အောင်  ကမ္ဘာသိအောင်တော့  လုပ်နိုင်ခဲ့ တာပါ။  ဒါကြောင့်လည်း  ဒီဗီဘီအနေနဲ့  နာမည်ကောင်း 
ရပြီး   နိုင်ငံတကာ  ဆုပေါင်းများစွာ   ရခဲ့ (ငါးဆယ်ကျော်  ဖြစ်ပါမယ်)  ဂုဏ်တက်ခဲ့ ၊  နောက်ဆုံး 
ဘားမားဗီဂျေ  ရုပ်ရှင်ဟာ  အော်စကာဖိုင်နယ်အထိ  ပါခဲ့၊   ဒီဗီဘီကို  နိုဘယ်ဆု  ပေးဖို့  လျာထားတဲ့
အဆင့်အထိ  ရောက်ခဲ့ တာပါ။

  အဲသည်လို  ကာလမှာ   ရွှေဝါရောင်အပြီး   ကိုနန္ဒ  ဆိုတဲ့သူက
ပြည်တွင်း   နိုင်ငံရေးအင်အားစုတွေကို  ဘယ်လို  ငွေကြေးပေးပြီး   နိုင်ငံရေး  အင်အားစုတွေ 
လှုပ်ရှားနိုင်အောင်  ထောက်ပံ့ခဲ့ ၊  ပြဿနာတွေ  ဖန်တီးခဲ့ တယ်လို့  ဒီဗီဘီဟာ  မီဒီယာတွေမှာ
အဆိုးဆုံး   ဖြစ်ပါတယ်လို့  ရဲချုပ်  ခင်ရီရဲ့   သတင်းစာရှင်းလင်းပွဲ   နာမည်ထုတ်ပြော၊  မြတ်ခိုင်က
ဂျာနယ်တွေမှာ   ထောက်လှမ်းရေးက   အဖမ်းခံရသူ  တွေဆီက  စာကို  ငွေစာရင်းနဲ့ တကွ  နိုင်ငံသိ
ထုတ်ပြောတာတွေ လုပ်ခဲ့ စဉ်မှာ   မီဒီယာကိစ္စအတွက်  ငွေကြေးသုံးတာ   မဟုတ်ဘဲ၊  တခြား  နိုင်ငံရေး
ကိစ္စတွေ   အတွက်  ငွေကြေးသုံးနေတာတွေ   အလွဲသုံးစားမှုတွေလို့  ဒီဗီဘီက  ခေါင်းဆောင်များက
စွပ်စွဲ   အရေးယူဖို့  နေနေသာသာ  အလွန်ကို  သူရဲကောင်းသဖွယ်  ချီးကျူးဂုဏ်ပြု   မြှောက်စားခဲ့ 
ယုံတင်မက   ဒိုနာများကိုပါ   လူလုံးထွက်ပြ၊   အကြိမ်ကြိမ်  ပါဝါပွိုင့်တွေ   လုပ်ပြီး   ငွေပိုရဖို့  ကြွားလုံးတွေ ထုတ်ခဲ့ ကြတာပါ။ 
 ၄။   ပြည်တွင်းမှာ   စီးပွားရေး  လုပ်ငန်းတွေ   ထူထောင်ထား၊  ကားတွေ  ၀ယ်ထားပါတယ်  ဒါဟာအလွဲသုံးစားလို့  ပြောရအောင်  ရွှေဝါရောင်  အပြီးမှာ  ထောက်လှမ်းရေးက   ၀င်စီးသွားတဲ့  ရေကျော်က  ကိုအောင်ကြီး  ( အခု  အင်္ဂလန်)  ဦးဆောင်တဲ့  လျှို့ဝှက်ရုံးဟာ  ( ကာဗာစတိုရီ)  ဟန်ပြ   လုပ်ငန်း အဖြစ်  ဗီဒီယိုနဲ့   ကြော်ငြာလုပ်ငန်း   ထူထောင်ထားတာပါ။  ဒါ   ဘယ်သူ့   စီးပွားရေးလုပ်ငန်းမှမဟုတ်ပါ။  ငွေကြေးအကျိုးအမြတ်ကိုလည်း  ရည်ရွယ်ခဲ့တာ  မဟုတ်ပါ။  ငွေကြေး  သိန်းနှစ်ရာနီးပါးလောက်  ဆုံးရှုံးသွားရတဲ့   အဲသည်လုပ်ငန်း   ထူထောင်ခဲ့ စဉ်က  လူဟောင်းတွေ   အားလုံး   လစာမယူဘဲ  ရတဲ့   နည်းပါးတဲ့   ဘတ်ဂျက်ထဲက  အင်တာနက်  အပါအ၀င်  အားလုံးကို  တစစနဲ့  ရင်းနှီး စိုက်ထည့်ပြီး   ထူထောင်ထားခဲ့တာပါ။ 
 အဲသည်တုန်းက   လစာတွေ  လျှော့ ယူကြပြီး   အားလုံး   ငွေနဲ့ ထူထောင်ထားခဲ့စဉ်က  လူသိထင်ရှားဖြစ်ပါလျှက်  လစာ  အလွဲသုံးစား၊   ငွေကြေး  အလွဲသုံးစားလို့ခေါင်းစဥ်  မတပ်ခဲ့ တဲ့အပြင်  ဒီဗီဘီ  ခေါင်းဆောင်ကြီးများက   ဂုဏ်ယူချီးကျူးခဲ့ ၊   ဂုဏ်ပြုမူတွေ လုပ်ခဲ့ ကြပြီး   သည်လုပ်နည်းလုပ်ဟန်အတိုင်း   ပြည်တွင်းရုံးတွေ   ဖွင့်ဖို့  ဟန်ပြလုပ်ငန်းတွေ   လုပ်ခဲ့ ကြ 
တာကို  အခုမှ  ရုံးစရိတ်တွေ   ပိုပြတယ်၊   လစာတွေ  အပြည့်မပေးဘဲ  အလွဲသုံးစား   လုပ်တယ်၊  ဟန်ပြ လုပ်ငန်းလို့  မသုံးနှုန်းတော့ ဘဲ  စီးပွားရေးလုပ်ငန်းတွေ   ထူထောင်ထားရတယ်လို့  ဘာလို့
စွပ်စွဲလာပါသလဲ၊  နည်းနည်းမှ  ရိုးသားမှု  မရှိတော့တာပါ။  လျှို့ဝှက်လုပ်ငန်း   ဆိုတာ  သစ္စာမဲ့ကြပြီဆိုရင်  အလွန်  အန္တရာယ်ကြီးတယ်  ဆိုတဲ့  သင်ခန်းစာပါ။  

သုံးဦးတိုင်ပင်  သဘောတူ  လုပ်တဲ့ကိစ္စတွေကိုတောင်  ကျန်နှစ်ဦးက   သူတို့  မသိပါဘူး၊   ရီပိုဒ့်မတင်  မသိရှိပါလို့  ငြင်းလာရင်ယူဂျီလုပ်ငန်း   သဘောသဘာဝအရ  ပြဿနာ  
အလွန်ကြီးပါတယ်။   ဒါပေမယ့်  ကာယကံရှင်တွေက ပြည်တွင်းလုပ်ငန်း   မှန်သမျှဟာ   လူတယောက်အတွက် ဟုတ်  မဟုတ်ကို  သက်သေခံကြမှာပါ။ 
၅။   ဗီဂျေတွေရဲ့   နက်ဝပ်ဟာ  မီဒီယာနက်ဝပ်  သက်သက်  မဟုတ်ယုံ၊   နိုင်ငံရေးအင်အားစုတွေနဲ့အပြန်အလှန်  ယုံကြည်တဲ့  လုပ်ငန်းစဥ်တွေ   ရှိယုံမကဘဲ   လျှို့ဝှက်  နက်နဲတဲ့   တည်ဆောက်မှုတွေ ရှိတဲ့  နက်ဝပ်တစ်ခု  ဖြစ်ပါတယ်။  သေချာတဲ့  ဥပမာကို  ပြရရင်  ဘယ်တုန်းကမှ  စစ်အစိုးရရဲ့   နက်နဲ လျှို့ဝှက်တဲ့  စီမံကိန်းတွေကို  အထောက်အထားနဲ့  မဖော်ပြနိုင်ခဲ့ တဲ့  ကိစ္စတွေကို  ထဲထဲဝင်ဝင်ဖော်ထုတ်နိုင်  အထောက်အထားရအောင်  စွမ်းဆောင်နိုင်တဲ့  စနစ်ကျတဲ့  နက်ဝပ်ပါ။  အတွင်းကျကျ နက်နဲတဲ့   လျှို့ဝှက်တဲ့  ကိစ္စတွေမှာ   ပါဝင်နေတဲ့  အစိုးရ၀န်ထမ်းတွေ၊  လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ
ထဲထဲဝင်ဝင်  ပါဝင်ယုံကြည်နေအောင်  တည်ဆောက်နိုင်တဲ့  နက်ဝပ်ပါ။ 
 အဲသည်  ကိစ္စတွေ   အတွက်သုံးရတဲ့   ဘတ်ဂျက်ငွေကြေးတွေဟာ  စပိုင်တွေအတွက်  သုံးရတဲ့   ငွေကြေးတွေလို  ဘာအထောက်အထားမှ  ရယူနိုင်တာ  မဟုတ်ပါ။  အစိုးရရဲ့   နျူကလီးယားနဲ့   မြေအောက်  ဥမှင်လိုဏ်ခေါင်း စီမံကိန်းတွေကို  သတင်းရုပ်ရှင်အဖြစ်နဲ့   ဖန်တီးနိုင်ပြီး   အယ်လ်ဂျာဇီးယား  ရုပ်သံက  လွှင့်လို့ကမ္ဘာသိ  ဖြစ်အောင်  ဒီဗီဘီ  နာမည်ကျော်ကြားမှုတွေ   ဗီဂျေနက်ဝပ်နဲ့   ဗိုလ်မှူး   စိုင်းသိန်းဝင်းကြောင့်
ရလာတာတွေကြောင့်  ဒီလို  ကိစ္စတွေ   တည်ဆောက်ဖို့ကို  ဒီဗီဘီခေါင်းဆောင်ကြီးများက   အလွန်ကိုအားပေးခဲ့  ငွေပုံသုံးစေခဲ့ပေမယ့်  အခုလို  သူတို့နဲ့   သဘောမတိုက်ဆိုင်တဲ့  အချိန်မှာ   အဲသည်လိုကိစ္စတွေအတွက်  သုံးစွဲတဲ့   ငွေကြေးရဲ့  အထောက်အထား  ကင်းမဲ့ မှုကိုပဲ   အားနည်းချက်တစ်ခုအဖြစ်  အသုံးချဖို့  ကြံလာတာဟာ  သစ္စာမဲ့လွန်းတဲ့   လုပ်ရပ်ပါ။  အကျိုးလိုလို့
ညောင်ရေလောင်းပြီး   အဲသည့်  ညောင်ရေနဲ့   အရိပ်ခို  အသီးစားခဲ့တဲ့  ညောင်ပင်ကို  အဆိပ်
ခပ်သတ်ဖို့  ကြိုးစားတာပါ။   အဲသည့်ကံက  အကျိုးပေးမှာပါ။ 
၆။   ကျွန်တော့်  အနေနှင့်က  ဒီဗီဘီမှာ   ပြည်တွင်းနက်ဝပ်ရဲ့   ဘက်ဂျက်ကို  သတ်မှတ်  အတည်ပြုသူ (ကြိါနအ ဗူသခအေငသည)  လုပ်သူ  မဟုတ်ပါ။  ငွေကြေးကို  လက်ခံရရှိပြီး   ကိုင်တွယ်  အသုံးပြုသူမဟုတ်ပါ။  အဲသည်လိုပဲ   ငွေကြေးစာရင်းလုပ်တဲ့  ဘောက်ချာတွေ   အပါအ၀င်  တင်ပြတဲ့ ငွေစာရင်းကိုင် (ဗခခသကညအညေအ)  မဟုတ်ပါ။  လုပ်ငန်းသဘောအရ  ပြည်တွင်းနက်ဝပ်ကို  လွှဲသမျှငွေလွှဲမှု  အကုန်လုံးကို  ဒီဗီဘီ  တစ်ခုလုံး   ငွေကြေးကိစ္စ  တာဝန်ခံတဲ့  ဒီဗီဘီ  လက်ထောက်ဒါရိုက်တာကိုခင်မောင်ဝင်းက   ဒါရိုက်တာ  ကိုအေးချမ်းနိုင်ရဲ့   သဘောတူညီချက်နဲ့   ဆုံးဖြတ်ချက်ပေးပြီး အော်စလိုက  ငွေစာရင်းကိုင်က  ထိုင်းမှာရှိတဲ့  ဒီဗီဘီရဲ့   ငွေကိုင် (ထားထား)  ကို  လွှဲပါတယ်။အဲသည်ကမှ  ပြည်တွင်းဗီဂျေနက်ဝပ်ရဲ့   မန်နေဂျာကို  ငွေလွှဲပြီး   မန်နေဂျာက  ငွေလက်ကိုင်သုံးစွဲပါတယ်။  မန်နေဂျာ  လက်ထဲကမှ  အဆင့်ဆင့်  ပြည်တွင်းက   မန်နေဂျာတွေကို  လွှဲပြီး   ငွေကြေးသုံးစွဲပါတယ်။ 
 ဗီဂျေနက်ဝပ်ဟာ  စည်းစနစ်မဲ့   ငွေကြေးသုံးစွဲလို့  မရပါဘူး။   အဲသည်လို  သုံးစွဲတဲ့ 
ငွေကြေးသုံးစွဲမှုကို  ပြည်တွင်းငွေစာရင်းကိုင်နဲ့   မန်နေဂျာက  ပြန်ပြုစုပြီး   အော်စလို  စာရင်းကိုင်ဆီကိုလစဉ်တိုက်ရိုက်  စာရင်းတင်နေရတာပါ။  ကျွန်တော့်ဆီကို  မဟုတ်ပါ။  ကျွန်တော်က  ဒီဗီဘီဒုတိယဒါရိုက်တာ  ခင်မောင်ဝင်း   အပါအ၀င်  သုံးစွဲထားတဲ့   ငွေစာရင်းတွေကို  မှန်ကန်ကြောင်း အတည်ပြု   လက်မှတ်ရေးထိုး   ရသူ  သုံးဦး   အနက်က  တစ်ဦးသာ  
ဖြစ်ပါတယ်။  ငွေကြေးကို  လက်နဲ့ ကိုင်တွယ်ခွင့်တောင်  ရသူ  မဟုတ်ပါ။  ငွေကြေး  ဘောက်ချာတခုကို  လူသုံးယောက်  လက်မှတ်ထိုး အတည်ပြုရတဲ့   လူသုံးယောက်ထဲက  တစ်ဦးသာဖြစ်ပြီး   ဘာကြောင့်  တာဝန်ယူ  လက်မှတ်ထိုးရတဲ့ သူတွေ   သုံးဦးထဲမှာ  
အကြီးဆုံး   တာဝန်ယူထားသူလည်း  ဖြစ်၊   လစဉ်ဘတ်ဂျက်ကို  သတ်မှတ်ပေးသူလည်း   ဖြစ်တဲ့  ဒီဗီဘီ  ဒုတိယ  ဒါရိုက်တာ  ခင်မောင်ဝင်းက   တာဝန်မရှိဘဲကျွန်တော်ကသာ  တာဝန်ရှိသူလို့ စွပ်စွဲနေတာ အဓိပ္ပါယ်မဲ့ ပါတယ်။   
၇။   ပြဿနာ   အစပြုတာက  ရွေးကောက်ပွဲကာလပါ။  သတိထားသူတွေ   သိနိုင်တာက
ရွေးကောက်ပွဲကာလမှာ   ဒီဗီဘီအနေနဲ့  ရုပ်သံထုတ်လွှင့်မှု  အစီအစဉ်မှာ  အမှားအယွင်းတွေ 
ကြီးကြီးမားမား   ဖြစ်နေတယ်  ဆိုတာပါ။  အဓိကက  အော်စလိုမှာ   စက်ပိုင်းကော   လူပိုင်းကော ပြဿနာ   တက်နေပြီး  အတွင်းနက်ဝပ်က  လုပ်နိုင်တဲ့  အရုပ်တွေ   သတင်းတွေ   တစ်ခုမှမလွှင့်နိုင်အောင်  ပြဿနာတက်နေတာပါ။   အဲသည်ညမှာ  ကြီးကြီးမားမား   ကိုအေးချမ်းနိုင်နဲ့ ကျွန်တော်နဲ့   မိုးလင်းပေါက်လောက်အထိ  စကားများကြပါတယ်။   ဒါလည်း   အကြောင်းတစ်ချက်ဖြစ်နိုင်ပါတယ်။   အဲသည်  ကာလ၀န်းကျင်မှာပဲ  ကျွန်တော်တို့ 
ပြည်တွင်းနက်ဝပ်မှာ   လူမှုရေးကိုအခြေခံတဲ့  ပြဿနာ   တချို့   တက်ပါတယ်။  အဲသည်တော့  မလွှဲမရှောင်သာ  ကာယကံရှင်ကိုယ်တိုင်သဘောတူတဲ့  အရေးယူမှုကို 
ပြည်တွင်းနက်ဝပ်အတွင်း   လုပ်ရပါတယ်။   အဲသည်  အခြေအနေကို
အကောင်းဆုံး   အသုံးချပြီး   ပြည်တွင်းနက်ဝပ်ကို  ခွဲထုတ်ဖို့  စကြိုးစားသူက  ဒါရိုက်တာ
ကိုအေးချမ်းနိုင်  ဖြစ်ပါတယ်။ အောင်မြင်တယ်  ပြောရပါမယ်။  ပြည်တွင်းနက်ဝပ်က  ယုံကြည်
အားထားတဲ့သူ  တချို့ကို  သူက  တိုက်ရိုက်  စကွပ်ကဲပါတယ်။  ကျွန်တော်  အကြိမ်ကြိမ်  သတိပေးခဲ့ပါတယ်။  လုပ်ထုံးလုပ်နည်း   မှားတယ်။  ဒါရိုက်တာ  တစ်ယောက်လုံးက   အုပ်ချုပ်ရေးလမ်းကြောင်းကို  ဖောက်ပြီး   တိုက်ရိုက်  မလုပ်သင့်ဘူး   ဆိုတာကို။   ဒါပေမဲ့  ထိပ်ဆုံးရာထူးယူထားပြီး ရည်ရွယ်ချက်ရှိသူပီပီ  နားမထောင်ဘဲ  ပြည်တွင်းနက်ဝပ်က  လူတွေကို  တစစ  ခွဲထုတ်၊   ဖဲ့ ထုတ်သူ့သြဇာခံ  တလက်ကိုင်လူတွေနဲ့  သဲလွန်စတွေ  တဖက်သတ်  တိတ်တဆိတ်  စုယူတာ၊  ပြည်တွင်း  
နက်ဝပ်  ခေါင်းဆောင်သူတွေကို  အရေးယူဖို့ ဇာတ်လမ်းတွေ   ဆင်လာပါတယ်။
၈။   ပြီးခဲ့ တဲ့  ရွေးကောက်ပွဲကို  နိုင်ငံရေးအရ  မယုံကြည်ပေမယ့်  မီဒီယာလုပ်ငန်းအရ   တရား
မမျှတတာတွေကိုလည်း   သက်သေနဲ့တကွ  ဖော်ပြပေးဖို့  လိုတယ်လို့  ယုံကြည်တဲ့အတွက်
ပြည်တွင်းသတင်းနက်ဝပ်က  အထူးအစီအစဉ်တွေ   ဆွဲခဲ့ပါတယ်။ 
ဒါရိုက်တာ  အေးချမ်းနိုင်ကလည်ူးငလနွှဠ  လွှင့်ဖို့  ရူးသွပ်နေပြီး   ပြည်တွင်းနက်ဝပ်ကို  ဖိအားပေးနေတဲ့  ကာလဖြစ်လို့  အနီးကပ်အဲဒါကို  စီမံဖို့ (တကယ်တော့  ပြည်တွင်းကလူတွေ   တီဗီကို  လိုက်ဖ်လွှင့်ဖို့  ဆိုတာစွန့်စားမှုကြီးလွန်းလို့  သဘောမတူဘူး  ပြောခဲ့ပြီးသားပါ ) 
ထိုင်းကို  ခြောက်လလောက်  သွားလုပ်ခဲ့ ပါ တယ်။  ရွေးကောက်ပွဲပြီးလို့  မပြန်ခင်မှာတင်  အော်စလိုဖက်က  ဖြုတ်ထုတ်သတ်  သတင်းတွေ ကြားပါတယ်။  ကိုထက်အောင်ကျော်တို့ 
သုံးဦးကို  အလုပ်က  ထုတ်ပြီး   ရွေးကောက်ပွဲကာလမှာပူးပေါင်း   ဆောင်ရွက်မှု  မရှိ၊  ဒေါ်အောင်ဆန်းစုကြည်  လွတ်မြောက်မှု  သတင်းတွေမှာ   လုပ်ပိုင်ခွင့်ကိုသုံးပြီး  
အလုပ်မဖြစ်အောင်  လုပ်ခဲ့ တယ်  ဆိုတဲ့  စွပ်စွဲချက်တွေနဲ့  ကိုမိုးအေးကို  အယ်ဒီတာအဖြစ်က
ဖြုတ်ထုတ်လိုက်ပါတယ်။

  တကယ်တော့  ဒါတွေက  အနှေးနဲ့ အမြန်  အကောင်အထည်ဖော်မယ့်
စီမံချက်တွေဆိုတာ  ဘက်တခုထဲမှာ   ရှိနေစဉ် ( တည့်နေစဉ်က)  ဒါရိုက်တာနဲ့  ဒုတိယ  ဒါရိုက်တာတို့တိုင်ပင်နေကြတာတွေကို  သိနေတဲ့  အတွက်ကြောင့် 
သူတို့  သဘောမကျသူတွေကို  ဖြုတ်ထုတ်သတ်ဖို့  စီမံကိန်းကို  သိနေပြီးဖြစ်လို့  မအံ့သြပါဘူး။   ဒါပေမယ့်  အံ့သြစရာက  ထိုင်းက   ပြန်ခါနီးမှာ(နိုင်ငံရေးအဖွဲ့အစည်းတွေမှာ  ထဲထဲဝင်ဝင်  အရေးပါတဲ့  သူငယ်ချင်းတချို့က   ဒီတခါမင်းတို့အလှည့်၊  မင်းပြန်ရင်  ရုံးတင်  စစ်ဆေးခံရမယ်)  ဆိုတဲ့  သတင်းစကားပါ။   နည်းနည်းမှမယုံခဲ့ လို့  ရီမော   နောက်ပြောင်ခဲ့ မိပါတယ်။  
အော်စလို  ပြန်ရောက်ချင်း   ဒီကိစ္စကို  ဒါရိုက်တာနှစ်ဦးကိုစကားစပ်လို့  အဲသည်လို  ကြားတယ်လို့  ပြန်ပြောတဲ့ အခါမှာ   သူတို့မျက်နှာပျက်ကြပြီး  ( မဟုတ်ပါဘူး၊ 
ဒါ   ကိုထက်အောင်ကျော်တို့ဘက်က  သတင်းလွှင့်တာ  ဖြစ်ပါလိမ့်မယ်)  လို့  ကိုခင်မောင်ဝင်းက 
ပြန်ပြော   ပါတယ်။  ဒါပေမယ့်  တကယ်တမ်းကျတော့   အဲသည်ကိစ္စက  သွေးထွက်အောင်  မှန်ခဲ့ပါ တယ်။  ထောင်ထွက်မို့လို့  ထောင်စကားပြောရရင်  သတ်ခံရမယ့်  သူကလွဲလို့ 
သူအသတ်ခံရတော့ မယ်  ဆိုတာ  တထောင်လုံး   သိပြီးသား  ဖြစ်နေပါတယ်။  နောက်တော့  ပိုတောင်  ခိုင်မာလာပါတယ်။
 ၉။   အတွင်းပြဿနာကို  အစပြုတာက  နက်ဝပ်အတွင်းက   လူတယောက်က 
သူရသင့်ရထိုက်တဲ့ငွေကြေး  မရဘူး  ဆိုတဲ့  အီးမေးလ်တခုက  စတာပါ။  အဲသည်ကိစ္စကို  သိသိချင်း   ငွေပေးသူကိုကောလက်ခံသူ  နှစ်ဦးလုံးကိုပါ   မေးမြန်းခဲ့ သလို  ဒါရိုက်တာ 
နှစ်ဦးလုံးကိုလည်း   ငွေထုတ်ပေးသူ
ပြည်တွင်းမန်နေဂျာနဲ့  လက်ခံမရဘူးလို့  ဆိုသူ  သတင်းထောက်ကို  နှစ်ဦးလုံး   ထိပ်တိုက်
မေးဖြေရှင်းခိုင်းဖို့  ပြောခဲ့ပါတယ်။  ဒါပေမယ့်  စထူးဆန်းလာတာက   အဲသည်ကိစ္စကို  အထောက်အထား  တစ်ခုအဖြစ်သာ  သုံးလာပြီး   ကာယကံရှင်  နှစ်ဦးကို  တိုက်ရိုက်  မေးမြန်းဖို့၊  တေ့ တေ့ ဆိုင်ဆိုင်  ရှင်းခွင့်ပေးဖို့ကို  လက်မခံတာပါပဲ။  ဘယ်ကိစ္စမှာမဆို  နှစ်ဖက်စကားကို  နားထောင်ဖို့လိုတယ်  ဆိုတာ  ရှင်းပါတယ်။  ပြည်တွင်းကို  ငွေပို့ပြီး   မရောက်ဘူးဆိုတာ 
ပြည်ပအခြေစိုက်အဖွဲ့အစည်းတွေ   ကြုံနေကြ  ပြဿနာပါ။ 

  ဒါပေမယ့်  နည်းပညာနဲ့  ဆက်သွယ်ရေးဒီလောက်ကောင်းတဲ့   ဗီဂျေနက်ဝပ်တွင်းမှာ  ဒါက   လက်ခံနိုင်ဖို့  ကောင်းတဲ့   ကိစ္စ  မဟုတ်လို့ကျွန်တော်က  ခေါင်းမာမာ   ယုံကြည်တဲ့သူပါ။ 
ရှင်းလို့  ရကို  ရရပါလိမ့်မယ်။   ဒါပေမယ့်  ဒီဗီဘီ
ထိပ်ပိုင်းခေါင်းဆောင်တွေက   ပြဿနာကို  ဖြေရှင်းဖို့  ငွေပေးသူ  ပြည်တွင်းမှာရှိတဲ့  မန်နေဂျာနဲ့
ယူသူကို  ဖြစ်စေ၊  သူတို့  အထက်က  တာဝန်ခံတဲ့  ကိုပွကြီး၊   ကျွန်တော်တို့နဲ့   ဖြစ်စေ  မရဘူး 
ဆိုတဲ့သူကို  တိုက်ရိုက်ပြောဖို့၊  ဖြေရှင်းဖို့ကို  လက်မခံဘဲ  ပြည်တွင်းက   လူတွေကို  တိတ်တဆိတ်  ခိုး ဆက်သွယ်၊  အထောက်အထား  လိုက်စု၊   တဖက်လှည့်  စကားတွေနဲ့  
 လျှောက်မေးလာတာပါ။ အဲဒါကိုလည်း   ပြည်တွင်းမန်နေဂျာတွေ  အပါအ၀င်၊ 
နတ်ဝပ်က  ပြန်သိလာတော့  ပြဿနာက ပိုကြီးကျယ်လာပါတယ်။
 ရိုးသားမှု  မရှိတော့ဘူး   တစ်ခုခုကို  အန္တရာယ်ပေးဖို့  ကြိတ်ကြံစည်နေပြီလို့
ပြည်တွင်းနက်ဝပ်က  တစစ  ယုံကြည်လာပါတော့တယ်။  ငွေမရဘူး   ပြောသူနဲ့  ငွေပေးသူကို
မျှမျှတတ   ထိပ်တိုက်  ရှင်းခွင့်မပေးဘဲ  မရဘူး   ဆိုသူရဲ့   စွပ်စွဲချက်ကိုပဲ   အတည်ယူပြီး   စွဲချက်
အထပ်ထပ်  တက်လာတာက  ကျွန်တော်  အပါအ၀င်  အဆင့်ဆင့်  တာဝန်ခံရသူတွေက   ဒီဗီဘီ
ထိပ်ပိုင်းကို  သံသယဖြစ်စရာ   အတိ  ဖြစ်လာခဲ့ပါတယ်။  ဒါကြောင့်လည်း   ခင်ဗျားတို့မှာ (ံငိနည
ဗါနညိေ) ဘာရှိနေလဲ၊  ကျွန်တော့်ကို  ဖယ်ပစ်ချင်သလား၊  နက်ဝပ်အုပ်ချုပ်ရေးက  လူတွေကို
ဖယ်ပြီး   ခင်ဗျားတို့  နက်ဝပ်ကို  အပိုင်လိုချင်သလား၊  အကြိမ်ကြိမ်  မေးခဲ့ပေမယ့်  မရှိဘူးလို့
အကြိမ်ကြိမ်  ဗျောင်ငြင်းခဲ့ ပေမယ့်  နည်းနည်းမှ  ယုံကြည်ဖို့  မကောင်းတဲ့   အခြေအနေကို  ရောက်လာခဲ့ ပါတယ်။ 
၁၀။  ပြည်တွင်းက   လူက  ငွေကြေးကို  မရဘူး   ဆိုတဲ့ကိစ္စကို  အကြောင်းပြုပြီး   ဒီဗီဘီ
အုပ်ချုပ်ရေးပိုင်း၊   စာရင်းအင်းပိုင်းက   တောင်းဆိုလာတဲ့  အချက်တွေက   အခြေအနေကို  ပိုဆိုးဝါး လာစေပါတယ်။  ပြည်တွင်းက   လျှို့ဝှက်ရုံးတွေ   အားလုံးရဲ့  စာချုပ်တွေ   ပေးရမယ်၊ ( စာချုပ်ဆိုတာအဲသည်  လျှို့ဝှက်တဲ့ရုံးတွေရဲ့   အိမ်လိပ်စာ၊  ငှားသူ  မှတ်ပုံတင်၊  အမည်ရင်း   အားလုံးပါတာပါ )ဖုန်းတွေ   အားလုံးရဲ့  စာရွက်စာတမ်း   စသည်ဖြင့်  အချက်အလက်  အသေးစိတ်ကို  ပေးဖို့တောင်းဆိုလာပါတယ်။  ယုံကြည်  စိတ်ချရတဲ့  အခြေအနေမှာ  
ယူဂျီ  ဖြစ်သည့်တိုင်အောင်မပေးနိုင်စရာ   မရှိပါ။ 
 ဒါပေမယ့်  ယုံကြည်စိတ်ချဖို့  ခက်ခဲလာတာက   ဒါရိုက်တာ  နှစ်ဦး   လိုအပ်ချက်အရ  ဆိုပြီး   အော်စလိုကို  ခေါ်ခန့်လိုက်တဲ့  အုပ်ချုပ်ရေးအရာရှိချုပ်လို့ (ဗိာငည ဃ့ငန်)  ရာထူး 
ပေးလိုက်တဲ့  အရင်  ချင်းမိုင်  ဒီဗီဘီရုံးမှာ  စာရင်းကိုင်ဖြစ်သူ  လာပိုးဟာ   ဗိုလ်ထိန်မောင်နဲ့   အဖွဲ့နေပြည်တော်မှာ   ငြိမ်းချမ်းရေး   ဆွေးနွေးပွဲလုပ်စဉ်မှာ  အဖွဲ့ဝင်အဖြစ်  ပါဝင်ခဲ့ တဲ့သူနှင့်  မောင်နှမတော်စပ်နေပြီး   အဲသည်  ဆွေးနွေးပွဲမှာတောင်  နော်ဝေမှာ  ရှိတဲ့  သူတွေက  
ပြန်လာချင်တယ်လို့သူတို့ရဲ့   ကရင်မိသားစုတွေကို  ရည်ညွှန်းပြီး   အလေးအနက်ထား  ဆွေးနွေးတဲ့  ဗီဒီယိုကိုပြည်တွင်းနက်ဝပ်က  သိနေတာပါပဲ။  သည်လို  အခြေအနေမှာ   ရှိသမျှ   ပြည်တွင်းနက်ဝပ်  ယူဂျီလုပ်နေရသူတွေကော၊  သည့်ထက်ပို  အရေးကြီးတဲ့   လျှို့ဝှက်နေရာ၊  လူပုဂ္ဂိုလ်တွေရဲ့  အချက်အလက်တွေကိုကော  အဲသည်လို  လူလက်ကို  ယုံကြည်စွာ  ပေးအပ်ဖို့  ဆိုတာ  ပြည်တွင်းဗီဂျေနက်ဝပ်  အနေနဲ့  ဘယ်လိုမှ  သဘောမတူနိုင်ပါ။ ဘယ်လိုမျိုး   ငွေစာရင်းအရ   ပါလို့  အကြောင်းပြတောင်းဆိုသည့်တိုင်အောင်  အဲသည်လို  မိသားစုနောက်ခံ  ရှိတဲ့  ယုံကြည်ဖို့  ခက်ခဲတဲ့ သူလက်ထဲကို  ပြည်တွင်း   ယူဂျီစာရင်းကို  မအပ်နိုင်ပါ။  ဒီအပေါ်မှာ  
ဒီဗီ


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

 

0 comments:

Post a Comment