နိုင်ငံတကာသတင်း


ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား

 

တောင်တရုတ် ပင်လယ်ပြင်ထဲ ဖိလစ်ပိုင်နိုင်ငံ ကင်းလှည့်ရာမှာသုံးဖို့ ထောက်လှမ်းရေး လေယာဉ်တွေ ချထားပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းထားကြောင်းသိရသည်။

ပြင်သစ် အာဖဂန် ဗျူဟာ သဘောတူညီမှု


အာဖဂန်နစ္စတန်နိုင်ငံမှာ တစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ လေ့ကျင့်ရေး သင်တန်းတွေကို ပြင်သစ်တပ်တွေက ပြန်စမယ်လို့ ပြင်သစ်သမ္မတက ပြောကြောင်းသိရသည်။

အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်းငါးသိန်း လျှော့ချမည်


လာမယ့် ၁၀ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချရေးအစီအစဉ်ကို သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်မှာ တင်ပြဖို့ရှိကြောင်းသိရသည်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ တင်မည်

 

ဆီးရီးယား လူထုအုံကြွမှုတွေကိုဖြေရှင်းနိုင်မယ့် အစီအစဉ်တရပ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်သွင်းမယ်လို့ အာရပ်အဖွဲ့ချုပ်က ပြောကြောင်းသိရသည်။

ယီမင်သမ္မတ အိုမင်မှာ သောင်တင်

 

မစ္စတာဆာလေးရဲ့လေယာဉ် သိပ်ဟောင်းနေလို့ အမေရိကန်လေဆိပ်တွေက ဆင်းဖို့ လက်မခံတာကြောင့် အိုမဲန်နိုင်ငံမှာပဲ ရှိနေကြောင်း သတင်းတွေထွက်နေကြောင်းသိရသည်။



Lwin Pwin

Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment