မြန်မာသတင်းများ    ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၁၂


လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။
၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး ကပြောကြောင်းသိရသည်။

ဦးသိန်းဇော်၏ အဆိုနှစ်ခု အတည်ပြု

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တင်သွင်းသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ အဆိုနှစ်ရပ်ကို လွှတ်တော်မှ အတည်ပြုပေးလိုက်ကြောင်း
တိုင်းရင်းသားများ၏ လူနေမှုဘဝ မြင့်မားရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းရန် သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းဇော် အဆိုပြုတင်သွင်းရာ အတည်ပြုပေးလိုက်သည်ဟု လွှတ်တော်အမတ် များက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဥက္ကဋ္ဌဖြစ်သူ  ဦးသိန်းဇော် တင်ပြသည့်  အဆိုပါကော်မတီတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်နယ်/ တိုင်း ဝန်ကြီးချုပ်များ ဦးစီးမည် ဖြစ်ကြောင်းသိရသည်။

ပအိုဝ်း PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်ရွေးပြီး၊ ဆွေးနွေးရက် မသိရသေး

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က အစိုးရနှင့် ဆွေးနွေးရန် အဖွဲ့ဝင် ၅ ဦးပါသည့် ငြိမ်းချမ်းအဖွဲ့ ဖွဲ့စည်းထားရှိကြောင်း PNLO ၏ ငြိမ်းချမ်းရေးအဖွဲ့တွင် အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်ပြီး ဗဟိုကော်မတီဝင်များ ဖြစ်သည့် တွဲဘက် အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး ခွန်သူရိန်၊ ခွန်အောင်ကျော်၊ ခွန်အိုး၊ ခွန်မျိုး တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းများကို ထိုင်းနိုင်ငံမှ အကျိုးဆောင်နေသူ ဦးညိုအုန်းမြင့် က သမ္မတကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားရေး ပြောဆိုလာသော်လည်း ရက်အတိအကျ ကိုမူ ယခုတိုင် မသိသေးကြောင်း ခွန်ဥက္ကာက ပြောကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေး

 

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြောင်းသိရသည်။

SSPP နဲ့ အစိုးရ အပစ်ရပ် လက်မှတ်ထိုး


ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆာင် ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်တဲ့ ၅ ဦးပါအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် စောဝ်ခွန်ဆရမ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ တောင်ကြီးမြို့ ပြည်နယ် ၀န်ကြီးချူပ်ရုံးမှာ ဒီကနေ့ နေ့လည် ၂ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ ချက် သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောကြောင်းသိရသည်။

 

ဒီမိုကရေစီ ဦးတည်တဲ့ ပြောင်းလဲမှုတွေ တွေ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်ပြော

 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်တဲ့ ပြောင်းလဲ တိုးတက်မှုတွေကို တွေ့လာရကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောကြားလိုက်ကြောင်းသိရသည်။

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းချိန် တန် မတန်

 

မြန်မာနိုင်ငံမှာ နိုင်ငံရေးကျဉ်းသားအားလုံး လွတ်မြောက်လာတဲ့ အချိန်အထိ ဒဏ်ခတ်အရေးယူမှုတွေ ဆက်ရှိနေသင့်တယ်လို့ လှုပ်ရှားတွေက ပြောကြောင်းသိရသည်။

၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေးကိစ္စ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မဂ္ဂင်ကျောင်းအမှု မဟန ဓမ္မစက်နဲ့ ကိုင်တွယ်မည်


ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ပြန်ဖွင့်မှုနဲ့ သံဃာတချို့ကို အရေးယူဖို့ လုပ်နေတဲ့အပေါ် သံဃာ့မဟာနာယကအဖွဲ့က ကြားဝင်ညှိနှိုင်းခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ


အပြောင်းအလဲကြီးဖြစ်လာနိုင်တာ မြင်နေရပေမယ့် စီးပွားရေးဖွံ့ဖြိုးဖို့ တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေ ပြင်ဖို့လိုသေးကြောင်း ဒေါ်စုပြောကြောင်းသိရသည်။

ဘဏ္ဍာငွေခွဲဝေမှုဆွေးနွေးမည့် လွှတ်တော်စည်းဝေးတွေစတင်


အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန် စည်းဝေးစတင်ပြီး ရသုံးမှန်းခြေနဲ့ စီမံကိန်းဥပဒေကြမ်း ဆွေးနွေးကြောင်းသိရသည်။




မြန်မာနိုင်ငံ၌ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော်လည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း မရှိသေးကြောင်း၊ ယင်းကြောင့် ဗိဿနိုး၊ သရေခေတ္တရာအပါအ၀င် ရှေးဟောင်းမြို့တော်များအား ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် မှတ်တမ်းတင်ခံရရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။




လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ လူကုန်ကူးမှုဆိုင် ရာများအတွက် သတင်းပေးတိုင်ကြားရန် Hot Line ဖုန်းများကို တပ်ဆင်ပေးခဲ့ပြီး သုံးလအတွင်း၌ပင် ပြည်တွင်းပြည်ပမှ တိုင်ကြားမှု ၁၀၈ ကြိမ်ကို လက်ခံရရှိခဲ့ကြောင်းနှင့် လူကုန်ကူးခံရသူ ခြောက်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ ၂၂ ဦးအား ရှာဖွေနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ချက်များအရ Hot Line ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မူဆယ်မြို့များတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ဆင်ပြီး သုံးလအတွင်း(၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ) ပြည်တွင်းမှ ၁၀၅ ကြိမ်နှင့် ပြည်ပမှ သုံးကြိမ် သတင်းပေး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း 
သိရသည်။

Lwin Pwin

Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment