နိုင်ငံတကာသတင်း

ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ

ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြောင်းသိရသည်။


"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်

အာရပ်နွေဦး လို ဒီမိုကရေစီရေး လှုပ်ရှားမှုမျိုး တရုတ်နိုင်ငံမှာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက သတိပေးပြောဆိုကြောင်းသိရသည်။


ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းသိရသည်။


ရာသီဆိုးတဲ့ကြားက ရုရှားလူထု ဆန္ဒပြ

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ရာသီဥတု အပြင်းအထန် အေးစက်နေတဲ့ကြားက နိုင်ငံရေး စုဝေးမှုတွေမှာ လူတွေ ထောင်နဲ့ချီ ပါဝင်ခဲ့ကြကြောင်းသိရသည်။


ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည်

အနောက်နိုင်ငံတွေရဲ့ အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေနဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို အီရန်ဘက်က လက်တုံ့ပြန်သွားမယ်လို့ ဆိုကြောင်းသိရသည်။


ဂျာမဏီနဲ့ မဟာဗျူဟာ ဆက်ဆံရေး ထူထောင်ဖို့ တရုတ်လိုလား

တရုတ်နိုင်ငံဟာ ဂျာမဏီနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ စိတ်အား ထက်သန်နေတယ်လို့ တရုတ်သမ္မတ ပြောကြားလိုက်ကြောင်းသိရသည်။


ခမာနီထောင်မှူး ထောင်ဒဏ် တစ်သက်ကျ

ခမာနီအစိုးရလက်ထက် ထောင်အကြီးအကဲကို လူ့သမိုင်းမှာ အဆုံးရွားဆုံးပြစ်မှုတွေကို ကျူလွန်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်းသိရသည်။


ဥရောပမှာ အအေးလှိုင်းဒဏ် ရှိနေဆဲ

ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အအေးလှိုင်းကြောင့် ရာသီဥတု ဆိုးရွားနေမှုဟာ ချက်ချင်း ပြန်ကောင်းသွားဦးမယ့် အခြေအနေ မရှိသေးကြောင်းသိရသည်။


ဘောလုံးရန်ပွဲ မတားနိုင်မှု အီဂျစ်လူထုရှုတ်ချ

အားကစားရာဇဝင်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အဓိကရုဏ်းကြောင့် အီဂျစ်ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ ကို အစိုးရက အလုပ်ဖြုတ်လိုက်ကြောင်းသိရသည်။


ပါကစ္စတန်ဝန်ကြီးချုပ် အမှုရင်ဆိုင်ရမည်

သမ္မတအပါအဝင် ထောင်ပေါင်းများစွာရဲ့ လာဘ်စားမှုတွေကို ပြန်စစ်ဆေးဖို့ ပျက်ကွက်မှုနဲ့ ဝန်ကြီးချုပ်ကို တရားရုံးကသမ္မန်စာထုတ်ပြီး ဆင့်ခေါ်ခဲ့ကြောင်းသိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com


 

0 comments:

Post a Comment