မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၅ ရက်၊ ၂၀၁၂

လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ၁၉ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၉ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ ၁၉ ပါတီ အ နက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ၁၁ ခုအပြင် အဆိုပါရွေးကောက်ပွဲ နောက်ပိုင်းမှတ်ပုံတင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ပါတီသစ် ရှစ်ခုပါ ထပ်မံဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း  ကြားဖြတ် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည့် ပါတီသစ်ရှစ်ခုမှာ ပြည်သူ့ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဖြစ်ကြကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေ တစ်သန်း မရှိသော်လည်း လက်ရှိအခြေအနေအရ အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် မလိုအပ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေတစ်သန်း မပြည့်သော်လည်း လက်ရှိအခြေအနေအရ အမျိုးသားစစ်မှုထမ်း ဥပဒေကို ကျင့်သုံးရန်မလိုအပ်ကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ခွင့်ပြုရန် အမေရိကန် တိုက်တွန်း


မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပြည်တွင်းနှင့်နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ခွင့်ပြုရန် အမေရိကန်က ဖေဖော်ဝါရီလ၂ ရက်နေ့က တိုက်တွန်းခဲ့ကြောင်းသိရသည်။

 

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲ နှစ်ရုံး မန္တလေးမြို့မှာ ဖွင့်လှစ်မည်

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွက် ရုံးသစ်တစ်ရုံးကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွတ်ပေးရေး တောင်းဆို

 

မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်လို့ သိရပါတယ်။

အသားဈေး ကျဆင်းရေး ပုသိမ်စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ

 

သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ခရီးစဉ် ရက်ရွှေ့

 

မန္တလေးတိုင်းကို ဖေဖေါ်ဝါရီ ၄ ရက်နဲ့ ၅ ရက် သွားရောက်မယ့် ပါတီစည်းရုံးရေး ခရီးစဉ်မှာ လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်ရက်ကို မနေ့ညက ရွှေ့ဆိုင်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောတယ်လို့ သိရပါတယ်။

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

အဖမ်းခံရသူ မိသားစုဝင်တွေက အကူအညီ တောင်းတဲ့အတွက် ကချင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရတပ်က ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားက ရှေ့နေ ဦးမာခါးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

 

မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉၉ ဦးရှိပြီး အကျဉ်းထောင် အသီးအသီးမှာ ဆက်လက် ချုပ်နှောင်ခံထားရဆဲ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၇၀၀ လောက်ရှိတယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်လို့သိရပါတယ်။

မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာအခက်အခဲတွေ့နေ

 

အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မန္တလေးတိုင်းကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်တဲ့အခါ မန္တလေးမြို့လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောတယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော

 

နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေထဲမှာ လောလောဆယ် ပြင်ဆင်စရာ သိပ်မပါဝင်ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦး ဒီကနေ့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက် 

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက ပြော
ကြောင်းသိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပိုင်းကဏ္ဍအချို့သည် ပြည်သူလူထုအတွက် အကျိုးမရှိသည့်အတွက် ပြင်ဆင်ရမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့ကပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် လာရောက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကြံခိုင်ရေးပါတီမှ ဦးဌေးဦး၏ အခြေခံဥပဒေအပေါ် သဘောထား မှတ်ချက်ကို တုန့်ပြန် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ဧရာဝတီမှ လက်ခံရရှိထားသည့် တောင်သူများ၏ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သောစာတွင် မိမိတို့ အသက်သွေးကြောသဖွယ် အရေးပါသော တောင်ယာခြံမြေများ မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်သမ္မတကြီးမှ ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး

 

ဒေါ်အောင်ဆန်းစုကြည် မန္တလေးကိုလာဖို့ ခရီးစဉ်ကို ရွှေ့ဆိုင်းထားတာနဲ့ ပတ်သက်ပြီး မန္တလေးလူထုကို ဒေါ်အောင်ဆန်းစုကြည်က အသိပေးချက် ပို့ခဲ့ကြောင်းသိရသည်။

ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်

 

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာ တွေ့နေရတယ်လို့ မစ္စတာကင်တားနားက ပြောကြောင်းသိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

 

0 comments:

Post a Comment