ကမ္ဘာ့သတင်းများ       09/02/2012

နိုင်ငံတကာသတင်း

ဆီးရီးယားအရေး နိုင်ငံတကာညီလာခံ တူရကီခေါ်မည်

 

 ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီး တိုင်းပြည်တွေ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အစီအစဉ်တရပ် အမြန်ဆုံး ရေးဆွဲနိုင်ဖို့ တူရကီက ပြင်ဆင်နေကြောင်းသိရသည်။


တရားစွဲခံရမည့်ကိစ္စ ပါကစ္စတန်ဝန်ကြီးချုပ် အယူခံ


မထေမဲ့မြင်မှု စွဲချက်နဲ့ တရားရုံးကို ဆင့်ခေါ်ထားတဲ့ အမိန့်အပေါ် ပါကစ္စတန် ၀န်ကြီးချုပ်က တရားရုံးချုပ်မှာ အယူခံ တင်သွင်းလိုက်ကြောင်းသိရသည်။

ဆီးရီးယားအစိုးရနှိပ်ကွပ်မှုကြောင့် အရပ်သား သေဆုံးမှုတိုး


ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့မှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ အရပ်သူအရပ်သား သေဆုံးမှုတွေ တိုးလာနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောကြောင်းသိရသည်။

Republican သမ္မတလောင်းရွေးပွဲ Santorum ၃ ပြည်နယ်မှာ အနိုင်ရ


ပြည်နယ် ၃ ခုမှာ အနိုင်ရသွားတဲ့ Rick Santorum က သမ္မတအိုဘားမားနဲ့ ယှဉ်ပြိုင်ဖို့ ပါတီတွင်းညီလာခံမှာ ထာက်ခံမဲ ၁၁၄၄ ရဖို့ လိုကြောင်းသိရသည်။

မြေသိမ်းခံရသည့် တရုတ်လယ်သမား လေးပုံတပုံ နစ်နာကြေးမရ


မြေသိမ်းခံရတဲ့တရုတ်တောင်သူတွေ ရပိုင်ခွင့် ပိုမိုကာကွယ်ပေးဖို့ ၀န်ကြီးချုပ်က ပြောပေမယ့် ၄၃% ကတော့ နစ်နာကြေးမရကြောင်း စစ်တမ်းက ဖော်ပြကြောင်းသိရသည်။

စာရေးဆရာကြီး Charles Dickens နှစ် ၂၀၀ ပြည့် နှစ်ပတ်လည်


လူမှုပြုပြင်ပြောင်းလဲရေးတွေကို စာပေနဲ့လှုံ့ဆော်ခဲ့သူ Charles Dickens ရဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့ အိမ်ရှေ့မင်းသားချားစ် ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ရုရှ နိုင်ငံခြားရေးဝန်ကြီး၊ ဆီးရီးယားသမ္မတနဲ့ တွေ့


ရုရှနိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားသမ္မတ Assad နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

တပ်မှူး ကက်ရှ်မီရီ သေပြီဟု မိသားစု မယုံကြည်


သူ ငွေလည်းမပို့ဘူးဟု သူ့အစ်ကို ချောင်ဒူရီ အက်စ်ဂါက စိတ်ဆိုးမာန်ဆိုး ဖြင့် ပြောသည်။ ကက်ရှ်မီရီ၏အားအင် ချည့်နဲ့နေသောဇနီး သည်နှင့် အရွယ်မရောက်သေးသော ကလေးလေး ယောက်တာဝန်ကို သူက ထမ်းဆောင် နေရသောကြောင့်ဖြစ်သည်။ "သူသေသွား ပြီဆိုတာ ကျွန်တော်တို့ မယုံဘူး"ဟု အသက် ၅၀ အရွယ်ရှိ သူ့ အစ်ကိုက ထိုကျေးရွာရှိ ဆိုင်ကလေး တစ်ဆိုင်တွင် အေအက်ဖ်ပီ သတင်း ထောက်ကို ပြောကြောင်းသိရသည်။

သက်ကြီးရွယ်အို ခရီးသွားများ အာရှကို နှစ်သက်သဘောကျ


နယူးဒေလီ - အာရှတွင် တွေ့နေကျမြင်နေကျကမ္ဘာလှည့်ခရီးသည်မျိုးမှာ ကျောပိုးအိတ်ကြီးကို ပိုး၍ညစ်ပတ်ပေရေနေသော လူငယ် ခရီးသည်များ ဖြစ်လေ့ရှိသည်။ သို့ရာတွင် ယခုခေတ် တွင်မူ သက်ကြီးရွယ်အိုများနှင့် အငြိမ်းစား အဘိုးကြီး အဘွားကြီးများသည် အာရှတိုက်တစ်ခွင် သဝေထိုး၍ ၎င်း ဒေသ၏ လူသိနည်းသည့် လျှို့ဝှက်ချက် များကို ရှာဖွေလျက်ရှိကြောင်းသိရသည်။

မွမ်ဘိုင်းအကြမ်းဖက်ရန် ဒိန်းမတ်တွင် စီစဉ်ခဲ့


သူသည် မွမ်ဘိုင်းတိုက်ခိုက်မှုနှင့် မလုပ်ဖြစ်ခဲ့သော ကိုပင်ဟေဂင် တိုက်ခိုက်ရေး အစီအစဉ်နှစ်ခုစလုံးတွင် နောက်ကွယ်မှ ထောက်ပံ့ ရေးတွင် ပါဝင်ခဲ့သည်။ မွမ်ဘိုင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယက ယုံကြည်နေသော လက်ရှ်ကာအီးတိုင်ဘာ (LeT) အဖွဲ့ကို ပါကစ္စတန်လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ (ISI) က လျှို့ဝှက်ထောက်ပံ့နေ သည်ဟု ဟက်ဒ်လေက ပြောကြောင်းသိရသည်။

ယီမင်ပြဿနာဖြေရှင်းရေး ဆော်ဒီသော့ချက်


အိမ်နီးချင်းယီမင်နိုင်ငံ၏ပြဿနာကို နိုင်ငံရေးအဖြေရှာရန် ဆော်ဒီ၏ အစဦးကြိုးပမ်းမှု အရာမထင်ဖြစ်နေခဲ့ရာ ယခု အခါ သမ္မတဆာ လေတစ်ယောက် ဆော်ဒီနိုင်ငံတွင်းရောက်နေမှုကြောင့် ဆော်ဒီနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများထပ်မံလုပ်ဆောင်ရန် အခွင့် သာလာသည်ဟု အီဗရာဟင်ရှာ ကီးရှ်က ထောက်ပြကြောင်းသိရသည်။

ဆူဒန်သမ္မတ ဘတ်ရှားအား ဖမ်းပေးရန် မလေးရှားကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း


ဘတ်ရှားသည် ဆူဒန်အနောက်ပိုင်း ဒါဖာဒေသတွင် ကျူးလွန်ခဲ့သည့် မျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား အပြစ် ကျူးလွန်မှုနှင့် စစ်ရာဇ၀တ်မှု များအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (အိုင်စီစီ) က ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ကြောင်းသိရသည်။

၂၀၅၀ တွင် ကမ္ဘာ့မြို့ကြီးတွေ လူနေထပ်တိုး


ကန်းစ် (ပြင်သစ်)- ၂၀၅၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် မြို့ပြများတွင်နေထိုင်ကြမည်ဖြစ်ရာ ယခုပင် လျှင် လူဦးရေ များပြားသဖြင့် ကွဲထွက်လုမတတ်ဖြစ် နေသော ကမ္ဘာ့မြို့ကြီးများတွင် နေထိုင် သူ ပို၍ပင်ကြီးထွားများပြားလာလိမ့် မည်ဟု လူဦးရေကျွမ်းကျင်သူများက ဟောကိန်းထုတ်လိုက်ကြောင်းသိရသည်။

အဓမ္မကိုယ်ဝန်ဆောင် ကလေးမွေးခိုင်းသည့် အိမ်


အသက် ၁၅ နှစ်နှင့် ၁၇ နှစ်ကြားရှိ မိန်းကလေးများသည် သူတို့၏လုပ်ငန်းရှင်အတွက် ကလေးများမွေးပေးရန် စေခိုင်းခံနေရကြောင်း သတင်းများရရှိ ခဲ့ပြီးနောက် နိုင်ငံအရှေ့တောင်ဘက်၊ အဘာပြည်နယ်ရှိ နေအိမ်ခြံဝင်းကို ရဲများက စီးနင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုင်းရွေးကောက်ပွဲ အီးယူ တာဝန်ရှိသူများ အကဲခတ်ခွင့်ရ


ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပီချတ် ဆူခက်ဂါနွန်က ထိုင်းနိုင်ငံတွင် အီးယူ အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများရှိခြင်း ကြောင့် ရွေးကောက်ပွဲကို အီးယူတာဝန်ရှိသူများအား စောင့်ကြည့်လေ့လာခွင့်ပြုရန် ကော်မရှင်က အဆင်သင့်ဖြစ်နေ သည်ဟု ဇွန်လ ၁၃ ရက် တနင်္လာနေ့ က ပြောကြားကြောင်းသိရသည်။

ဗီယက်နမ်စစ်ပွဲနှင့်ပတ်သက်သည့် ပင်တဂွန်အစီရင်ခံစာ လျှို့ဝှက်ချက်ပေါက်ကြားပြီး နှစ် ၄၀ အကြာတွင် လူထုကို အသိဖတ်ခွင့်ပြု


ဗီယက်နမ်စစ်ပွဲနှင့်ပတ်သက်သော အမေရိကန်အစိုးရ၏ မှတ်တမ်းတစ်ရပ် ဖြစ်သည့် ပင်တဂွန်အစီရင်ခံစာ ပေါက်ကြားမှုဖြစ်ပြီး နှစ် ၄၀ အကြာတွင် ၎င်းအား အများပြည်သူထံ အပြည့်အ၀ ဖတ်ရှုခွင့်ပေးလိုက်ပြီဖြစ်သည်။ ဗီယက်နမ်အရေးအတွင်း အမေရိကန် ပါဝင် ခဲ့ခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ရပ်ကို ရေးသားရန် အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်က ၁၉၆၇ ခုနှစ်တွင် ဗီယက်နမ် အရေး လေ့လာရေးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

ရဲပုန်ကန်မှုကြောင့် ရာထူးမှနုတ်ထွက်ပေးခဲ့ရသော မော်လ်ဒိုက်သမ္မတ ဆန္ဒပြမှုများတွင်ပါဝင်စဉ် ရိုက်နှက်ခံရ

အိန္ဒိယသမုဒ္ဒအတွင်းရှိ ကမ္ဘာ့အကောင်းဆုံး အပန်းဖြေခရီးထွက်ရန် နေရာတစ်ခုဖြစ်သော မော်လ်ဒိုက် ကျွန်းနိုင်ငံငယ်၏ ပထမဆုံးဒီမိုကရေစီ နည်းကျတင်မြှောက်ခံရသော သမ္မတမိုဟာမက်နာရှီးသည် ရဲအရာရှိများ၏ ပုန်ကန်မှုကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ နာရှီးသည် ဒုသမ္မတ မိုဟာမက်ဝါဟစ်ဟာဆန်မာနစ်ကို အာဏာလွှဲပေးခဲ့ရခြင်းဖြစ်သည်။
ယခုနှစ်သမ္မတရွေးကောက်ပွဲ မတိုင်မီတွင် ကျဆင်းလာသော စီးပွားရေးအခြေအနေနှင့် ဆွန်နီမွတ်စလင် အများစုရှိသော နိုင်ငံတွင် နာရှီးသည် အစ္စလာမ်မစ်မဆန်သော လုပ်ဆောင်ချက်များဆောင်ရွက်နေသည်ဆိုသော ဝေဖန်ချက်များကြုံတွေ့ခဲ့ရပြီး ကန့် ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းအချိန်တွင် ရဲအရာရှိများ၏ ပုန်ကန်မှုကိုပါ ကြုံတွေ့ခဲ့ရသည်။


Lwin Pwin
Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment