မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၉ ရက် ၊ ၂၀၁၂
ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း
မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဥပဒေအရ အကာအကွယ်ပေးမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Maplecroft စီးပွားရေးလုပ်ငန်းများဆိုင်ရာ သုတေသနအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရသည်။
နိုင်ငံတကာ လေ့လာသူများအား ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ ကြိုဆို
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြင်ပ နိုင်ငံတကာမှ
စောင့်ကြည့်လေ့လာသူများ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်ကြောင်းသိရသည်။
စောင့်ကြည့်လေ့လာသူများ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်ကြောင်းသိရသည်။
CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည်
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ ထိပ်တန်းခေါင်းဆောင်များထံသို့ ယခုနှစ်ထဲတွင် လာရောက်လည်ပတ်ရန် စီစဉ်နေကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။ CIA ညွှန်ကြားရေးမှူး David Petraeus နှင့် အင်္ဂါနေ့က ထိုင်းနိုင်ငံတွင် စကားပြော ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaiku က သတင်းထောက်များအား ပြောကြားရာတွင် David Petraeus သည် ယခုနှစ်ထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း The New York Times သတင်းစာက Surapong ၏ စကားကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကချင် စစ်ပြေးဒုက္ခသည်များအတွက် 'မနောအလှ ဂီတည'
စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အဆိုတော်များ စုစည်းကာ
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် ဖြစ်ကြောင်း လူသားချင်းစာနာသောအားဖြင့် ရန်ကုန်ရောက် ကချင်လူမျိုး နာမည်ကြီးအဆိုတော်များက စုစည်းကာ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ပြောကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် ဖြစ်ကြောင်း လူသားချင်းစာနာသောအားဖြင့် ရန်ကုန်ရောက် ကချင်လူမျိုး နာမည်ကြီးအဆိုတော်များက စုစည်းကာ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ပြောကြောင်းသိရသည်။
ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား
မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်းထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိလေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကျောင်းသားခေါင်းဆောင်မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲ
ကျောင်းသားခေါင်းဆောင်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို ဖေဖေါ်ဝါရီလ ၈ ရက် နေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပ၊ မြစ်သာရပ်၊ သံသုမာ လမ်းနဲ့ ရတနာလမ်းထောင့် လိုင်စင်ရုံးအနီးက စိတ်တိုင်းကျ စားရိပ်မြုံ ဒုတိယထပ်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှူးအဖြစ် မဇင်မာအောင်က ဆောင်ရွက်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်မျိုးဆက်အသီးသီးမှ လူတစ်ရာကျော်ခန့်တက်ရောက်ခဲ့ ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်များကို ဦးညွှတ်လေးစားအောက်မေ့ခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး၊ ၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေမှ အဖွင့်အမှာစကားချီးမြှင့်ခဲ့ပါတယ်။၇၄ – ၇၅ – ၇၆ ကျောင်းသားခေါင်းဆောင်မျိုးဆက်များမှ ဦးလှစော၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ၉၆ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မနိုဘယ်အေး၊ ၂၀၀၇ ဗကသမျိုးဆက်များကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်တို့က အမှစကားအသီးသီးပြောကြားခဲ့ကြောင်းအခမ်းအနားရဲ့ နိဂုံးချုပ်အမှာစကားကို ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများကို လက်ဖက်ရည်၊ မုန့်များနဲ့ဧည့်ခံကာ ကျောင်းသားခေါင်းဆောင် မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရသည်။
“သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည်
မှတ်တမ်း သမိုင်း အချက်အလက်များ စုဆောင်း လေ့လာရေးသာရာတွင် အမည်ရသည့် စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်
ပင်လယ်ထက်က နေဝန်းနီဇာတ်ကား အကယ်ဒမီဆု အများဆုံးရ
၂၀၁၀ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့၏ ပင်လယ်ထက်က နေဝန်းနီ ဇာတ်ကားနှင့် ဒါရိုက်တာ ဝိုင်း၏ အာဒမ်ရယ် ဧဝရယ် ဒသရယ် ဇာတ်ကားတို့က အကယ်ဒမီဆု အများအပြားရရှိသွားသည်။ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ပြေတီဦးနှင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သက်မွန်မြင့်တို့ကရရှိသည်။ အကောင်းဆုံး တေးဂီတဆုကို မြန်မာပြည်ကျောက်စိမ်းက ရရှိသွားကြောင်းသိရသည်။
ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ
တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
NLD ကြားဖြတ်ရွေးကောက်ပွဲ ရပ်တည်ချက်ထုတ်ပြန်
မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးဖို့နဲ့ ငြိမ်းချမ်းရေးအတွက်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစံနစ်နဲ့မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်တာတွေလုပ်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောကြောင်းNLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘေထားကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်တဲ့အထဲ အခုလို ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်ကို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ကြောင်းသိရသည်။
ရွှေညဝါဆရာတော် တရားပြန်ဟောခွင့်မရသေး
ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် လူတစ်သောင်းခန့် ပြောင်းရွှေ့ရမည်ဟု အီတာလျံ-ထိုင်း ကုမ္ပဏီကြေညာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တစ်နှစ်လျှင်ခရီးသည် ၂ ဒသမ ၇ သန်းအတွက် ၀န်ဆောင်မှုပေးနိုင်ကာ လက်ရှိတွင် တစ်နှစ်လျှင် ခရီးသည် နှစ်သန်းကျော် ၀င်ရောက်လျက်ရှိနေပြီး မကြာမီ အမြင့်ဆုံး လက်ခံဆောင်ရွက် ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာ မည်ဖြစ်သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ရန်စီစဉ်ကြောင်းသိရသည်။
ကားလိုင်စင်သက်တမ်းတိုး ပိုမိုလွယ်ကူလာ
ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်ခံထားရမှုတွင် ဒေါက်တာမြတ်ဉာဏစိုး အနိုင်ရ
ငါးနှစ်အတွင်း ဆင်းရဲသူခြောက်ရာခိုင်နှုန်း လျော့ကျ
ခုခံအားကျရောဂါဆိုင်ရာ ငါးနှစ်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၃၄၀ ကျော်သုံးစွဲမည်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်းရှိ ပြည်တွင်း၊ ပြည်ပခရီး သွားဧည့်သည်အများဆုံးလာရောက် လေ့လာဖူးမြော်ရာဖြစ်သော အေဒီ (၁၁)ရာစုလက်ရာ ရွှေဆံတော်ဘုရား နှင့်အေဒီ(၁၂)ရာစုလက်ရာ ဓမ္မရံကြီးဘုရား တို့တွင် ဘုရားပရ၀ဏ်အတွင်း မြင်းလှည်း၊ ကားများဝင်ရောက်ခြင်းများကို ဖေဖော်ဝါရီလဆန်းမှစတင်၍ ခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ် အစည်းအဝေးခန်းမတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံကာ ကုန်သွယ်မှုများအတွက် ဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ စင်ကာပူ-မြန်မာ ရင်းနှီးမြှုပ်နှံမှု (Singapore- Myanmar Investment Conference) ကို ကျင်းပကာ ရင်းနှီးမြှုပ်နှံမှုများ ဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားမည်ဟု သိရှိရ သည်။
ပြည်တွင်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့ စာရင်းတွင်ရှိသော နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။ရောင်းဝယ်ရာတွင် နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုဖြင့် ဆက်သွယ်ကာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာဘဏ်များတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်သို့ အစိုး ရ၀န်ကြီးဌာနများမှတင်သွင်းလာသည့် အမျိုးသားစီမံကိန်းဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ကာ ဆွေးနွေးနေပြီဖြစ်ကြောင်း နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းသွင်းကာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ကာ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပုဂံဒေသသို့ ယခုနှစ်ခရီးသွားရာသီအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် အမြောက်အမြား ၀င်ရောက်လာရာ ခရီးသွားလုပ်ငန်း၏ ၀န်ဆောင်မှုကဏ္ဍအသီးသီးတွင် အားနည်းချက်များဖြင့် ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရှိရပါသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment