ကမ္ဘာ့သတင်းများ 13/02/2012
နိုင်ငံတကာသတင်း
ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို
ဆီးရီးယားနိုင်ငံကို စေလွှတ်ဖို့အတွက် ပူးတွဲ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အာရပ်အဖွဲ့ချုပ် တောင်းဆိုကြောင်းသိရသည်။
မီးရှို့ဆန္ဒပြသူ တိဘက်သီလရင် သေဆုံး
အသက် ၁၈ နှစ်အရွယ် တိဘက် မယ်သီလရှင် တစ်ပါးဟာ တရုတ်နိုင်ငံ အနောက်ပိုင်း စီချွမ်ပြည်နယ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြ သတ်သေသွားခဲ့ကြောင်းသိရသည်။အဆိုတော် Whitney Houston ကွယ်လွန်
Grammy တေးဂီတဆုတွေ ရရှိခဲ့တဲ့ အသက် (၄၈) နှစ်အရွယ် အဆိုတော် Whitney Houston ဟာ စနေနေ့ ဒေသစံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်သွားကြောင်းသိရသည်။ဆီးရီးယားအရေး စောင့်ကြည့်မှုအဖွဲ့ ခေါင်းဆောင် နုတ်ထွက်
အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဆူဒန်နိုင်ငံက ဗိုလ်ချုပ်ကြီး Mohammed al-Dabi ရာထူးက နုတ်ထွက်သွားကြောင်းသိရသည်။
ဆီးရီးယား စစ်တပ်ဗိုလ်ချုပ်တစ်ဦး လုပ်ကြံခံရ
ဆီးရီးယားစစ်တပ်က အဆင့်မြင့် အရာရှိတစ်ဦး မြို့တော် ဒမတ်စကတ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဆီးရီးယား အစိုးရပိုင် သတင်းအေဂျင်စီက ပြောကြောင်းသိရသည်။လွှတ်တော်အားလပ်ရက်မတိုင်ခင် အခွန်လျော့ကောက်ရေး ဥပဒေ သက်တမ်းတိုး
အခွန်လျော့ကောက်ရေး ဥပဒေကို ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင် လွှတ်တော်က သက်တမ်းတိုးနိုင်လိုက်ကြောင်းသိရသည်။စီးပွားရေးဦးမော့ဖို့ စိတ်ရှည်ကြရန် သမ္မတအိုဘား မေတ္တာရပ်ခံ
အမေရိကန်စီးပွားရေး ပြန်ပြီး ဦးမော့လာဖို့ ကိစ္စဟာ နှစ်နဲ့ချီကြာနိုင်တယ်လို့ သမ္မတအိုဘားမားက သတိပေးကြောင်းသိရသည်။Herman Cain သမ္မတလောင်း မဲဆွယ်စည်းရုံးမှုတွေ ရပ်ဆိုင်း
စီးပွားရေးလုပ်ငန်းရှင် Herman Cain ဟာ သမ္မတလောင်းအဖြစ် သူ့ရဲ့ မဲဆွယ် စည်းရုံးမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပေကျင်းတွင် လုပ်ကြံခဲ့ရမှုကြောင့် သေဆုံးပြီဆိုသည့် သတင်းကို twitter ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါသတင်းကို အတည်ပြုရန်အတွက် အမေရိကန် ထောက်လှမ်းရေးအ၀န်းအ၀ိုင်း က သက်သေအထောက်အထား မတွေ့ရှိခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ကြောင်းမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပေကျင်းသို့ သွားရောက်လည်ပတ်စဉ်အတွင်းတွင် ပေကျင်းရှိ မြောက်ကိုရီးယား သံရုံးရှေ့တွင် ကားများစွာကို တွေ့ရှိခဲ့ပြီးနောက် လုပ်ကြံခံရသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကောလာဟလကို အမေရိကန် ထောက်လှမ်းရေးအရာရှိများက သီတင်းတစ်ပတ်ကျော်အတွင်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။
ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးသုခမိန်များထဲမှ တစ်ဦးအဖြစ် မှတ်ယူခံထားရသော အသက် ၉၃ နှစ် ရှိပြီဖြစ်သည့် မင်ဒဲလား၏ ဓာတ်ပုံများကို ယခင်ထုတ်ဝေသော ငွေစက္ကူများတွင်ပါဝင်သည့် အာဖရိက၏ ထင်ရှားသော တိရစ္ဆာန်ငါးမျိုးဖြစ်သည့် ကျွဲ၊ဆင်၊ကျားသစ်၊ခြင်္သေ့၊ကြံ့ ပုံများဖြင့် ၁၉၉၂ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည့် ငွေအကြွေများနေရာတွင် အစားထိုးမည်ဖြစ်ကြောင်း
တောင်အာဖရိက ငွေစက္ကူသစ် အားလုံးတွင် တိရစ္ဆာန်ပုံများနေရာ၌ နိုင်ငံ၏ပထမဆုံး ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရသည့် သမ္မတ၊လူဖြူလူမဲ ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေသွားမည်ဖြစ်ကြောင်း တောင်အာဖရိက အစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
အူမာပါတက်အား လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ကြံစည်မှုစွဲချက်ဖြင့် စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်သည်ဟု သိရသည်။ ကမ္ဘာလှည့်ခရီးသွားများပါ သေဆုံးစေခဲ့သည့် ဗုံးခွဲမှုအပြင် ပါတက်သည် ၂၀၀၀ ပြည့် နှစ်တွင်ဖြစ်ပွားခဲ့သော ခရစ်ယာန် ဘုရားကျောင်းများ ဗုံးဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီးလည်း တရားစွဲဆိုခံရဖွယ် ရှိနေသည်။
အသက် ၄၄ နှစ်ရှိပြီဖြစ်သော ပါတက်သည် အင်ဒိုနီးရှားနိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်သမားတစ်ဦးဖြစ်ကာ အမေရိကန်အစိုးရကလည်း အမေရိကန်ဒေါ်လာတစ်သန်း ဆုငွေထုတ်ထားခံရသူဖြစ်သည်။
ဘင်လာဒင်ပုန်းအောင်းနေခဲ့ရာ ပါကစ္စတန်နိုင်ငံ အဘော့တာဘတ်မြို့၌ ၂၀၁၁ ခုနှစ်ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် ပါတက်ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ပါတက်ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဘာလီကျွန်းဗုံးခွဲမှုတွင် ပါဝင်ပတ်သက်ကြောင်း၊ ဖောက်ခွဲရေးပစ္စည်းများကို တပ်ဆင်ပေးခဲ့ကြောင်း ရဲများသို့ ထွက်ချက်ပေးထားပြီးဖြစ်သည်။ အကြမ်းဖက်သမားများအကြောင်း လေ့လာသူ အင်ဒိုနီးရှာပညာရှင် နိုရာဟူဒါအစ္စမေးလ်ကလည်း ''အူမာပါတက်ဟာ အင်ဒိုနီးရှားအတွက်တင်မကပါဘူး စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့အတွက်ပါ အလွန်အဖိုးတန်တဲ့ အကြမ်းဖက်သမားတွေရဲ့ ဆက်နွှယ်မှုအကြောင်း တွေပြောနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ပါတက်ကို ဘင်လာဒင်နေထိုင်ခဲ့တဲနေရာမှာ ဖမ်းမိတာဟာ ဘယ်လိုမှ ပုံမှန်တိုက်ဆိုင်မှုလို့ ပြောလို့မရပါဘူး'' ဟုပြောကြားခဲ့သည်။ စစ်ဆေးမေးမြန်းမှုများတွင်လည်း ပါတက်သည် ဒေသတွင်း အကြမ်းဖက်အဖွဲ့များ၊ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုကွန်ရက်များအကြောင်း သဲလွန်စပြောပြမှုများ ရှိခဲ့သည်။
ပါတက်သည် ဘာလီကျွန်းဗုံး ဖေါက်ခွဲမှုနှင့်အင်ဒိုနီးရှားနိုင်ငံ အတွင်း ၌ဗုံးဖေါက်ခွဲမှုများ ပြုလုပ်ခဲ့သော Jemaah Islamiyah အဖွဲ့မှ နောက်ဆုံးကျန်ခဲ့သည့် ထင်ရှားသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ယင်းအဖွဲ့သည် ဘင်လာဒင်၏ သင်ကြားမှုများလွှမ်း မိုးခံရသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့သည်။
အင်ဒိုနီရှားနိုင်ငံ၏ ရေငုပ်သင်္ဘောနှစ်စင်းသည် ၁၉၈၁ ထုတ် ဂျာမနီလုပ် ရေငုပ်သင်္ဘောများဖြစ်ပြီး ၎င်းရေငုပ်သင်္ဘောနှစ်စင်းအနက်မှ KRI Naggala 402သည် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ရှိဒေ၀ူးသင်္ဘော ကျင်း (DSME)၌ ၂၄ လကြာမျှ ပြင် ဆင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယသင်္ဘော KRI Naggala 401 သည် ၂၀၀၆ ခုနှစ်၌ ၎င်း(DSME) သင်္ဘောကျင်းတွင်ပင် ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်သည်။မလေးရှားတွင် ပြင်သစ်နိုင်ငံထုတ် နှစ်စင်းရှိ၍ စင်ကာပူတွင် ဆွီဒင်ထုတ် ရေငုပ်သင်္ဘောခြောက်စင်းရှိကာ ဗီယက်နမ်တွင် ရုရှားနိုင်ငံ ထုတ် ရေငုပ်သင်္ဘောလေးစင်းပိုင် ဆိုင်ထားသည်။ သြစတြေးလျနိုင်ငံတွင်လည်း ဆွီဒင်ထုတ် ရေငုပ်သင်္ဘော ခြောက်စင်းရှိသည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနနှင့်(DSME) သည် ရေငုပ်သင်္ဘောသုံးစင်း ထုတ်လုပ်ရန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဖြင့် စာချုပ်ချုပ်ဆိုထားကြောင်းသိရသည်။
Ref: Jakartapost
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment