မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ်တိုးမပေါက်အောင်ကြိုဆိုအားပေးကြကြောင်းသိရပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လူမှုရေးအဖွဲ့ဖွဲ့စည်း
စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ မတည်ပြီး "ရွှေမှော်ဝန်း" လူမှုရေးအဖွဲ့ကို ဒီနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ပင်လုံစိတ်ဓာတ် ခိုင်မာဖို့ NLD တိုက်တွန်း
စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးအတွက် ပင်လုံစိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြေညာချက်မှာ တိုက်တွန်းလိုက်ကြောင်းသိရပါတယ်။ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ သမ္မတဦးသိန်းစိန်ပြောကြား
မြန်မာနိုင်ငံမှာ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်နေသလို တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း ပူးပေါင်းပါဝင်ဖို့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ဖေါ်ပြထားကြောင်းသိရပါတယ်။ရွေးကောက်ပွဲ နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုက်တွန်း
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူ တွေကို ခွင့်ပြုပေးဖို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက RFA ကို အခုလို ပြောကြောင်းသိရပါတယ်။အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ
အိန္ဒိယရေပိုင်နက် ကပ္ပလီကျွန်းစုအနီး တပ်စခန်း ဆောက်ဖို့ ရခိုင်ပြည်တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံးက တာဝန်ပေး စေလွှတ်လိုက်တဲ့ ရခိုင်နဲ့ ကရင်တော်လှန်ရေးသမားထဲက ရခိုင်ပြည် တပ်မတော် ဗိုလ်ချုပ်ခိုင်ရာဇာနဲ့ ခေါင်းဆောင်ငါးဦး ၁၉၉၈ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အိန္ဒိယ ထောက်လှမ်းရေးတပ်ရဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ၁၄ နှစ် ပြည့်တဲ့ ဆွမ်းကျွေးတရားနာပွဲကို နယူးဒေလီမှာ မနေ့မနက်က ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စာရေးဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) အား ရသအလင်းမှ ဂါရ၀ပြုဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း
ရသအလင်းဖောင်ဒေးရှင်း ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂ ဘ၀တစ်လျှောက်လုံးစာရေးဆရာ၊ ဘာသာပြန်ဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ စသဖြင့် ပြည်သူ့အကျိုးကို စာပေအနုပညာဖြင့် ကျေပွန်စွာ ထမ်းရွက် သယ်ပိုးခဲ့သော ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) ၏ စာပေဂုဏ်ကျေးဇူး အနုပညာဂုဏ်ကျေးဇူးကို တန်ဖိုးထား ဂါရ၀ပြု သောအားဖြင့် စင်ကာပူနိုင်ငံရှိ ရသအလင်းဖောင်ဒေးရှင်းမှ မြန်မာကျပ်ငွေ (၃) သိန်းတိတိကို လေးစားစွာ ချီးမြှင့်ဂုဏ်ပြုအပ်ပါသည်။ ဖေါ်ပြပါ ဂုဏ်ပြုမှတ်တမ်းနဲ့အတူ ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) ကို ရသအလင်းက ၂၀၁၂ ဖေဖေါ်ဝါရီလအတွက် ဂုဏ်ပြုငွေပေးအပ် ချီးမြှင့်နိုင်ခဲ့ကြပြီး ရသအလင်း၏ကိုယ်စား ဆရာဦးဖေမြင့်က ( ၁၀.၂.၂၀၁၂) နေ့မှာ ဆရာကြီးနေအိမ်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ အပြီးသတ် ချုပ်ငြိမ်းကြဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုနေ့မှာ တိုက်တွန်းလိုက်ကြောင်းသိရပါတယ်။
ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည်
မြန်မာနဲ့ တရုတ်အကြား သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကို ရှေ့နှစ်မှာ စတင်စမ်းသပ် လည်ပတ်မယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်းသိရပါတယ်။စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စား လုပ်ဆောင်ဖို့လို
မြန်မာနိုင်ငံမှာ တန်းတူညီမျှပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေဖြစ်ဖို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြကြောင်းသိရပါတယ်။ဒေါ်စု ကော့မှူးရောက်
ပြည်သူလူထုကို လွယ်လွယ် ကတိမပေးဘဲ မှန်မှန်ကန်ကန်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှု ယူသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ကြောင်းသိရပါတယ်။သံတွဲဈေး မီးလောင်
သံတွဲမြို့က ဒွါရ၀တီမြို့မဈေးကြီး ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ဆိုင်ခန်းပေါင်း ၇၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်းသိရပါတယ်။ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်၊ စစ်တွေနှင့် နေပြည်တော်တို့တွင် မီးလောင်မှု သုံးကြိမ်ဖြစ်ပွား
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် အနည်းဆုံး သုံးကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း
ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်အတွင်း ရုံးကြီးလမ်း အာစီသုံးထပ်တိုက်ရှိ ပထမထပ်တွင် အိပ်ခန်းအတွင်မှ မွေ့ယာပေါ်တွင် ထွန်းထားသော ခြင်ဆေးခွေမှ တစ်မီး နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်က လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ် ၃စီးဖြင့် မီးကိုငြိမ်းသတ်နိုင်ခဲ့ကြောင်း ၊အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်၅၀၀၀၀ခန့်ရှိပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်စေသော အိမ်ရှင်အား ပုဒ်မ-၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
ထို့အတူ ရခိုင်ပြည်နယ် သံတွဲမြို့တွင်လည်း နံနက် ၅ နာရီအချိန်ခန့်က မြို့မဈေးကြီးတွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၄၀၀ ကျော် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “မီးကဘယ်က စလောင်တယ်ဆိုတာ မသိရသေးဘူး။ လောင်တာက မနက်စောစော ငါးနာရီကတည်း က စလောင်တာ။ အများစုကတော့ လျှပ်စစ်မီးကြောင့်လို့ ပြောနေကြတယ်။ ဈေးတွင်းမှာ လျှပ်စစ်မီးက ညနေ ၅ နာရီဆိုရင် မီးပိတ်ပြီး မနက် ၇ နာရီမှ ဖွင့်တာ။ ဈေးတစ်ခုလုံးနီးပါးလို့လည်း ဆိုနိုင်တယ်။ လောင်တာက ဘာမှမကျန်လိုက်ဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းရာတွင် ဈေးမျက်နှာစာက ဈေးဆိုင်တန်းတစ်ခုနှင့် အင်္ဂလိပ်ခေတ်က ဆောက် ထားခဲ့သည့် အဆောက်အဦးများသာ မီးလွတ်ခဲ့ပြီး ကျန်ဆိုင်တန်းများမှာ မီးထဲပါဝင်သွားကြောင်းလည်း သိရ သည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဟိုတယ်ဇုန်သွား လမ်းမကြီးဘေးရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းဘေးရှိ စက်သုံးဆီ ရောင်းချသော ဆိုင်အမှတ် ၀၃၅၄ တွင် ဂါလံ (၁၆၀၀)ဆံ့ ဆီဘောက်ဆာ ဒ/၃၂၅၅ ကားမှ မြေအောက် ဆီသိုလှောင်ကန်သို့ ဆီချနေစဉ် နေအပူရှိန်ကြောင့် ရုတ်တရက် မီးထလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းဆီဆိုင်မှ ဒုတိယမန်နေဂျာ ဦးမြင့်အောင် မီးလောင်ဒဏ်ရာရရှိကာ ဆီဘောက် ဆာကားတစ်စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရပါသည်။
အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ
အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ်စစ် ဆေးသွားမည်ဖြစ်ကြောင်း အခြေခံပညာကျောင်းများ၌လည်း စာမေးပွဲများဖြေဆိုရန်အတွက် အချိန်စာရင်းများကို ထုတ်ပြန်ထားရှိ သွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲများကို နှစ်စဉ်နှစ်တိုင်း မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးလေ့ရှိကြောင်း သိရှိရသည်။ အခြေခံပညာကျောင်းများတွင် မူလတန်းအောက်ဆင့်ဖြစ်သည့် သူ ငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားကျောင်းသူများ၏ အခန်းဆုံးစာမေးပွဲစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိလည်းကောင်း၊ မူလတန်းအလယ်ဆင့်နှင့် အထက်ဆင့်များဖြစ်ကြသည့် တတိယတန်းမှ သတ္တမတန်းအထိ ကျောင်းသား ကျောင်းသူများ၏ အခန်းဆုံးစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၂ ရက် မှ ၂၄ ရက်နေ့အထိ လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်း
အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များဖြစ်ကြသည့် အဌမတန်းနှင့် န၀မတန်းအဆင့် ကျောင်းသားကျောင်းသူများ၏ ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိလည်းကောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြို စစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ လည်းကောင်း စစ်ဆေးရန် ကျောင်းအချို့တွင် အချိန်စာရင်းများ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု နှင့် မြန်မာနိုင်ငံ ပါဝင်နိုင်မှု အခြေအနေ
ထိုင်းနှင့် အမေရိကန်တို့ နှစ်စဉ် ပြုလုပ်နေသည့် နာမည်ကျော် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက ပါဝင်လိုကြောင်း သတင်းများ ထွက်ပေါ်နေသည်။သို့သော်လည်း ရွှေမြွေဟောက်တွင် မြန်မာစစ်သားများကို လက်ခံနိုင်ဖွယ်ရှိဦးမည်မဟုတ်ဟု Global Post အွန်လိုင်းသတင်းဌာနက ကြာသပတေးနေ့တွင် သုံးသပ်လိုက်သည်။
“နိုင်ငံတကာ အကဲခတ်တို့ကမူ မြန်မာစစ်တပ်ကို ရာဇ၀တ်မှုကျူးလွန်သူအဖြစ် မြင်နေကြဆဲဖြစ်သည်၊ အမေရိကန်တပ်များသည် လုပ်အားပေးခိုင်းခြင်း၊ တိုင်းရင်းသားကျေးရွာများကို ပစ်ခတ်ခြင်း၊ ဆန္ဒပြသူများကို ပစ်ခတ်ခြင်းတို့ဖြင့် နာမည်ကြီးနေသည့် မြန်မာစစ်တပ်နှင့် လက်တွဲဆောင်ရွက်ရေးဆိုသည်မှာ မဖြစ်နိုင်ပေ” ဟု ရေးသားထားသည်။
မြန်မာအစိုးရကမူ ရွှေမြွေဟောက် နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
အနာဂတ် စစ်ရေးလေ့ကျင့်မှုများတွင် လေ့လာသူအဖြစ် ပါဝင်လိုသည်ဟု မြန်မာတို့က ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း အမေရိကန်က ဖိတ်ခေါ်ခြင်း မရှိသေးကြောင်း ထိုင်းအရာရှိတဦးကို ကိုးကားပြီး ကျိုဒိုသတင်းတပုဒ်တွင် ရေးသားထားသည်။
“မြန်မာပြည်က နိုင်ငံတကာကို ၀င်ဆံ့ချင်နေတာ” ဟု ထို ထိုင်းအရာရှိက ဆိုသည်။
လေ့လာသူအဖြစ် ပါဝင်ခွင့်ရရေးအတွက် အချိန်ယူရမည်ဆိုသည်ကို မြန်မာနိုင်ငံက နားလည်ကြောင်းကိုလည်း ထိုအရာရှိက ကျိုဒိုသတင်းဌာနကို ပြောခဲ့သည်။
ဤအတောအတွင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ပြုလုပ်နေသော ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံတချို့မှ တပ်သားများအပြင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များလည်း ပါဝင် ဆင်နွှဲနေကြသည်ဟု ထိုင်းနိုင်ငံမှ လာသော သတင်းများက ဆိုသည်။
ဒေသတွင်း အကြီးဆုံး စစ်ရေးလှုပ်ရှားမှုဖြစ်သော ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားတပ်များ ပထမဆုံးအကြိမ် ပူးပေါင်း ပါဝင်ခြင်း ဖြစ်သည်။
ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုများတွင် လူမှုရေးအကူအညီများ၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရေး အစီအစဉ်များနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များလည်း ပါဝင်သည်။
၁၀ ရက်ကြာ ပြုလုပ်မည့် ယခုနှစ် လေ့ကျင့်မှုသည် လာမည့် ၁၇ ရက်နေ့တွင် အဆုံးသတ်မည် ဟု သိရသည်။လေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ စစ်သား တသောင်းကျော် ပါဝင်နေသည်။နိုင်ငံ ၂၀ မှ လေ့လာသူများလည်း တက်ရောက် အကဲခတ်နေကြသည်။
ဤစစ်ဆင်ရေးသည် အမေရိကန်၏ စစ်အင်အားကို တရုတ်နိုင်ငံတခါးဝသို့ ဖြန့်ချခြင်းအဖြစ် တရုတ်ပြည်သူတချို့နှင့် အကဲခတ်တချို့က ယူဆနေကြသည်ဟု တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက စစ်ဆင်ရေး တရားဝင် စတင်ပြီး နောက်တနေ့တွင် ရေးသားလိုက်သည်။
တောင်တရုတ်ပင်လယ်နယ်နိမိတ် သတ်မှတ်ချက်နှင့်ပတ်သက်ပြီး တရုတ်အစိုးရနှင့် အငြင်းပွားနေသော နိုင်ငံများ၊ ၎င်းတို့ကို ထောက်ခံသော နိုင်ငံများ ဤစစ်ဆင်ရေးတွင် ပါဝင်နေသည်ဟု အကဲခတ်တဦး၏ သုံးသပ်ချက်ကို သတင်းတွင် တွေ့ရသည်။
ဤစစ်ဆင်ရေးသည် “ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှု” ဖြစ်သည် ဟူသော ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၏ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ ပြောဆိုချက်ကိုလည်း သတင်းတွင် ကိုးကား ဖော်ပြထားသည်။
ကမ်းတက်စစ်ဆင်ရေး၊ တောတွင်းစစ်ဆင်ရေး၊ နှူကလီးယား နှင့် ဖျက်အားပြင်းလက်နက်သင်တန်းတို့လည်း ပါဝင်နေသည်ဟု အမေရိကန် နှင့် ထိုင်းတို့၏ ထုတ်ပြန်ချက်များကို ကိုးကား ထောက်ပြထားသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment