ကမ္ဘာ့သတင်းများ 14/02/2012
နိုင်ငံတကာသတင်း
၂၀၁၃ အမေရိကန်ဘတ်ဂျက် သမ္မတအဆိုပြု
ချမ်းသာတဲ့ ကုမ္ပဏီကြီးတွေအပေါ် အခွန်တိုးမြှင့်ဖို့ အပါအ၀င် ၂၀၁၃အသုံးစားရိတ် အဆိုပြုလွှာကို အတည်ပြုပေးဖို့ သမ္မတက လွှတ်တော်ကိုတင်သွင်းခဲ့ကြောင်းသိရသည်။
တရုတ်ဒုသမ္မတ အမေရိကန်ရောက်
တရုတ် ဒုသမ္မတ ရှီကျင်းပင် (Xi Jinping) ဟာ အမေရိကန် နိုင်ငံကို လေးရက်ကြာခရီး လာရောက်နေကြောင်းသိရသည်။
ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို
ဆီးရီးယားနိုင်ငံကို စေလွှတ်ဖို့အတွက် ပူးတွဲ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အာရပ်အဖွဲ့ချုပ် တောင်းဆိုကြောင်းသိရသည်။
မထေမဲ့မြင်မှုနဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ကို အရေးယူ
ပါကစ္စတန်ဝန်ကြီးချုပ် ယူစွပ်ရာဇာဂီလာနီ (Yusuf Raza Gilani) ဟာ တနင်္လာနေ့က ပါကစ္စတန် တရားရုံးချုပ်က တရားခွင်မှာ သူဟာ အပြစ်မရှိကြောင်း ထွက်ဆိုသွားပါတယ်။ တရားရုံးတော်ကို မထီမဲ့မြင်ပြုကြောင်း ပါကစ္စတန် တရားရုံးက ထောက်ပြခဲ့တာကို သူက အခုလို ပြန်ပြီး ချေပခဲ့တာပါ။ မစ္စတာ ဂီလာနီ အနေနဲ့ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင်တော့ သူ့ကို ရာထူးကနေ ဖယ်ရှားပြီး ထောင်ချခံရမှာဖြစ်ပါတယ်။ မစ္စတာ ဂီလာနီ ဟာ ၁၉၉၀ ခုနှစ်တွေကတည်းက စပြီး သူ့ရဲ့ အကျင့်ပျက် ချစားတွေနဲ့ ပက်သက်ပြီး တရားရုံးတော်မှာ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအမှုဟာ ပါကစ္စတန် သမ္မတ အဆစ်ဖ်အလီဇာဒါရီ (Asif Ali Zardari)၊ ယခင် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို (Benazir Bhutoo) နဲ့ ဒီအမှုမှာ ပါဝင် ပတ်သက်နေသူတွေကို Swiss ဘဏ်မှာ အပ်နှံထားတဲ့ ဒေါ်လာ သန်းပေါင်းများစွာ ငွေကြေးခ၀ါချမှု နဲ့ အစိုးရရှေ့နေတွေဘက်က စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။ ပါကစ္စတန် သမ္မတ ဇာဒါရီ ရဲ့ ဇနီးဖြစ်သူ ဘူတို ဟာ ၂၀၀၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတာပါ။
မစ္စတာ ဇာဒါရီ နဲ့ တခြား ဒီအမှုမှာ ပါဝင် ပတ်သက်နေသူတွေကို အစောပိုင်း ၂၀၀၇ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမှုကို ရုပ်သိမ်းခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ တရားရုံးက အမှုကို ပြန်ဖွင့်ပြီး စစ်ဆေးခဲ့တာပါ။ မစ္စတာ ဇာဒါရီဟာ သမ္မတတာဝန် ထမ်းဆောင်နေစဉ်အတွင်း ဥပဒေကြောင်းအရ ကင်းလွတ်ခွင့် ရှိတဲ့အတွက် ၀န်ကြီးချုပ် ဂီလာနီ က သူ့အနေနဲ့ ဒီအမှုမှာ ပူးပေါင်းဖြေရှင်းဖို့ ငြင်းဆိုခဲ့ကြောင်းသိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment