မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၁၄ ရက်၊ ၂၀၁၂
ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဒေါက်တာမနန်တူးဂျာသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားသော်လည်းရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း မိုးကောင်း မြို့နယ်ရှိ မဲဆန္ဒရှင်များကို အင်္ဂါနေ့တွင် သွားရောက် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အမတ်လောင်း မဟုတ်သေးသည့်အတွက် စည်းရုံးရေးခရီးစဉ်အဖြစ် လူထုဟောပြောပွဲ မလုပ်နိုင်သေးကြောင်း ဒေါက်တာတူးဂျာက ပြောကြောင်း သိရသည်။
တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး
တပတ်ကျော် ကြာသွားပြီဖြစ်သော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ထိုင်သပိတ် ဆန္ဒပြပွဲမှာ အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်နိုင်သေးဘဲဖြစ်နေပြီး ဆန္ဒပြပွဲ ရက်ဆက်သွားမည့် အခြေအနေတွင် ရှိနေကြောင်း တနင်္လာနေ့မနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ကြောင်း အလုပ်သမားများသည် မူလက စက်ရုံက သတ်မှတ်ပေးထားသည့် တနာရီလျှင် ၇၅ ကျပ်နှုန်းကို ၂၁၆ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း မရသဖြင့် ၁၅၀ ကျပ်သို့ လျှော့ချ တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အလုပ်ရှင်ဘက်မှ ၁၀၀ ကျပ်ထက် ပိုမပေးဘဲ တင်းမာနေ၍ အဆင်မပြေရခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အလုပ်အကိုင် ရှားပါးနေသည့် ကော့မှူးမြို့နယ်တွင်း ရှိ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က ကတိပေး ပြောဆိုခဲ့ကြောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်
နိုင်ရန် လူထုအနေဖြင့် ပါတီအားထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်း စည်းရုံးပြောဆိုသွားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က ကတိပေး ပြောဆိုခဲ့ကြောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်
နိုင်ရန် လူထုအနေဖြင့် ပါတီအားထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်း စည်းရုံးပြောဆိုသွားကြောင်း သိရသည်။
ရန်ကုန်တိုင်း လွှတ်တော် ပြန်လည်စတင်မည်
တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများကို
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်စတင် တော့မည်ဖြစ်ရာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို အထူးပြု ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်စတင် တော့မည်ဖြစ်ရာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို အထူးပြု ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ရုံးခန်းဖွင့်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဓမ္မစေတီလမ်းတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် NLD အဖွဲ့ဝင်များ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစ ရှိသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူမှုရေး၊ နိုင်ငံရေး၊ စာပေနှင့် အနုပညာအသိုင်းအ၀ိုင်းမှ ဧည့်ပရိသတ်များစွာ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဒေါ်အောင် ဆန်း စုကြည်က အဖွင့်မိန့်ခွန်းပြောသည်ဟု သတင်းရရှိသည်။ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
EU ဖွံ့ဖြိုးရေး ကော်မရှင်နာ မြန်မာနိုင်ငံရောက်ရှိ
EU ဖွံ့ဖြိုးရေး ကော်မရှင်နာ Andris Piebalgs သည် ပြုပြင်ပြောင်းလဲမှုများနှင့် တိုးတက်မှုများကို လေ့လာရန်အတွက် မြန်မာနိုင်ငံ သို့ ယမန်နေ့က ရောက်ရှိနေသည်။ ၎င်း၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိသည်။ EU က မြန်မာနိုင်ငံသို့ လာမည့် ၂ နှစ်အတွက် ယူရို သန်း ၁၅၀ ကူညီ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုရေး ကဏ္ဍများ၌ အကူအညီများ ပေးမည်ဖြစ်ကြောင်း Reuters သတင်း၌ ရေးထားကြောင်းသိရသည်။
ဘားကမ့်ရန်ကုန်ပွဲ ၂၀၁၂ ကျင်းပပြီးစီး
နည်းပညာဆိုင်ရာ အတွေးအမြင်များကို လွတ်လပ်စွာ မျှဝေသည့် ဘားကမ့်ရန်ကုန် ၂၀၁၂ ဖွင့်ပွဲကို ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ်ရှိ Main Building အဆောက်အဦရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက်က စတင်ပြီး ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ပြင်ပကမ္ဘာနှင့် ယှဉ်လျှင် မြန်မာက နောက်ကျကျန်နေကြောင်း၊ ထို့ကြောင်း ရှေ့တန်းရောက်ရန် နည်းပညာကျွမ်းကျင်သူ လူငယ်များ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ဘားကမ့်ပွဲကို ၂ ရက်ကြာ ကျင်းပပြီး လူပေါင်းထောင်နှင့်ချီ၍ လာရောက်ကြောင်း သိရှိရသည်။
သံတွဲ ဒွါရဝတီဈေး ဆိုင်ခန်း ၇၀၀ ကျော် မီးလောင်
ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရဝတီဈေးကြီးတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်း ၈၀၀ ကျော်အနက် ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကြောင်း သိရသည်။ မီးလောင်ရာတွင် အထည်ဆိုင်၊ ကုန်စုံဆိုင်၊ ရွှေဆိုင်များ ပါဝင်ကြောင်း သိရှိရသည်။ မီးလောင်ရာတွင် ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ရခြင်း အကြောင်းရင်းများကိုမူ မသိရှိရသေးပေ။
ပင်လုံစိတ်ဓာတ် ရှိရန် ဒေါ်အောင်ဆန်းစုကြည် ပြော
ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး လိုအပ်ချက်တွေဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အားကောင်းလာဖို့ လိုတယ်လို့ ဒီကနေ့ ပြောဆိုကြောင်း သိရသည်။
ရွှေည၀ါ ဆရာတော်ရဲ့ နှုတ်ဆက်ပွဲ ၁၅ ရက် စတင်မည်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် လှူဒါန်းပွဲများကျင်းပ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ငှားရမ်းထားတဲ့ ရုံးခန်းတစ်ခုကို ရန်ကုန် ဓမ္မစေတီလမ်း ခြံအမှတ် (၁၀၁) မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇ နှစ်မြောက်မွေးနေ့ ဒီကနေ့ စဖွင့်လိုက်ပြီး ရုပ်ရှင်ကားအတွက် လှူဒါန်းတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံခဲ့ကြောင်း သိရသည်။
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့အပြင် ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရပါမယ်လို့ မြန်မာအစိုးရနဲ့ လာရောက် ဆွေးနွေးနေတဲ့ ဥရောပသမဂ္ဂ အီးယူ ထိပ်တန်းအရာရှိတွေကို လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကတိပေးလိုက်ကြောင်း သိရသည်။
ဘာသာပေါင်းစုံ ဆုတောင်းပွဲ
မန္တလေးမြို့ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မနေ့ညနေ (၅)နာရီမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ နေရာအသုံးခွင့် မရလို့ ပွဲပျက်သွားခဲ့ပြီး လမ်းဘေးမှာ အကျဉ်းရုံး ကျင်းပခဲ့ရ ကြောင်းသိရပါတယ်။
ခေတ်မီ မျိုးချစ်တပ်မတော် ထူထောင်ရေး သမ္မတ ပြောဆို
အင်အားကြီးနိုင်ငံတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ ကျင့်သုံးတတ်တဲ့အပေါ် သတိပြုကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ဖေါ်ပြထားကြောင်း သိရသည်။
ပြည်ထောင်စု စိတ်ဓါတ် ခိုင်မာရေး ဗမာ တိုင်းရင်းသားတွေ ပိုတာဝန်ရှိ
စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ် ခိုင်မာဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျရောက်ခဲ့တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ ရလဒ်ကို ကြည့်ပြီး မြန်မာအစိုးရကို တုံ့ပြန်သွားမယ်လို့ အီးယူအရာရှိတစ်ဦးက ပြောကြောင်း သိရသည်။
ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းဖွင့်
ဒီကနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ် ရုပ်ရှင်ထုတ်လုပ်ရေး ရုံးခန်းကို ဒီကနေ့ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ကုလအကြံပေး Vijay Nambia နေပြည်တော်ရောက်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ အစိုးရအရာရှိတချို့နဲ့ တွေ့ဆုံခဲ့ကြောင်း သိရသည်။လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ အပြီးသတ် ချုပ်ငြိမ်းကြဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုနေ့မှာ တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည်
မြန်မာနဲ့ တရုတ်အကြား သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကို ရှေ့နှစ်မှာ စတင်စမ်းသပ် လည်ပတ်မယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း သိရသည်။
ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs မြန်မာနိုင်ငံသို့ လာရောက်၊ နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် ယူရိုသန်း ၁၅၀ ထောက်ပံ့မည်
ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs သည် လူသားချင်းစာနာ ထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့် အနေဖြင့် ယူရိုသန်း ၁၅၀ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် ယူရိုသန်း ၁၅၀ အမေရိကန် ဒေါ်လာသန်း ၂၂၀ တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို မြန်မာနိုင်ငံအတွက် တိုးမြှင့်လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး အီးယူ၏ထောက်ပံ့ ကူညီမှု အစီအစဉ်များအတွက် အီးယူဖွံ့ဖြိုး တိုးတက်ရေး ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး နေပြည်တော်တွင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးကာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အီးယူ မဟာမင်းကြီး၏ ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောဆိုမှုကို အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment