ကမ္ဘာ့သတင်းများ  18/02/2012

 

နိုင်ငံတကာသတင်း

အီရန်ဆွေးနွေးဖို့ ကမ်းလှမ်းချက် ကန်နဲ့ အီးယူ သတိနဲ့ကြို

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့ အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine Ashton) တို့က ပြောကြောင်း
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မစ္စကလင်တန် နဲ့ မစ္စအက်ရှ်တွန် တို့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံကြစဉ်မှာ အတူတကွ ပြောကြားလိုက်ကြတာ ဖြစ်ကြောင်း ရပ်ဆိုင်းထားခဲ့ရတဲ့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ရဲ့ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်လိုတယ်ဆိုတဲ့ အကြောင်း ဖော်ပြထားတဲ့ အီရန်ရဲ့ နျူးကလီးယားရေး စေ့စပ်ညှိနှိုင်းရေးမှူး Saeed Jalili ရဲ့ မကြာခင်က ပေးပို့တဲ့ စာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ က ဒီလိုဆွေးနွေးပွဲ ပြန်စကြရအောင် ဆိုပြီး မစ္စအက်ရှ်တွန် က ကမ်းလှမ်း ပေးပို့ခဲ့တဲ့ စာကို အခုမှ တုံ့ပြန်လိုက်တာလည်း ဖြစ်ကြောင်း
အီရန်ရဲ့ ဒီတုံ့ပြန်ချက်ဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ၀န်ကြီး ကလင်တန်က ပြောကြားလိုက်ကြောင်း P 5 + 1 အမည်ရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် ငါးနိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဗြိတန်၊ ပြင်သစ်၊ ရုရှ၊ တရုတ်နဲ့ ဂျာမဏီ နိုင်ငံတို့ဟာ အရင်က အီရန်နိုင်ငံနဲ့ အီရန်ရဲ့နျူးကလီးယားအရေးကို ဆွေးနွေးခဲ့ကြရာကနေ ၂၀၀၉ ခုနှစ်မှာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့ကြောင်း P 5 + 1 အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ကက်သရင်းအက်ရှ်တွန်က အီရန်ရဲ့ ဒီစာဟာ အီရန်အနေနဲ့ P 5 + 1 အဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အချက်ပြ လိုက်မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း

အမေရိကန် လွှတ်တော်ကို တိုက်ခိုက်မဲ့သူကို လက်ရဖမ်းမိ

 

ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ် မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊ ကွန်ဂရက် လွှတ်တော် အဆောက်အဦးကို ဖောက်ခွဲရေး ပစ္စည်းတွေလို့ သူ ယူဆနေတဲ့ အရာတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီးတော့ တကယ်တမ်းမှာ သူ အသုံးပြုတဲ့ ပစ္စည်းတွေဟာ လူတွေကို အန္တရာယ် မပေးနိုင်တဲ့ နှစ်ချို့ပစ္စည်းတွေသာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုကြောင်း
El Khalifiဟာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့အချိန်ကြာရှည် စောင့်ကြည့်ပြီး ဆင်နွှဲတဲ့ စစ်ဆင်ရေး တစ်ရပ်ရဲ့ အစိတ်အပိုင်းအဖြစ် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ကွန်ဂရက် လွှတ်တော် ရဲတပ်ဖွဲ့က ပြောကြောင်းသူဟာ အမေရိကန်နိုင်ငံထဲမှာ တရားမ၀င် နေထိုင်နေသူ ဖြစ်ပြီး Al-Qiada အကြမ်းဖက်အဖွဲ့နဲ့တော့ ဆက်စပ်မှု မရှိဘူးလို့ ရဲတွေက ဆိုကြောင်းသူ့ကို နေ့တွင်းချင်းမှာပဲ ၀ါရှင်တန်ဒီစီက တရားရုံးတစ်ရုံးရဲ့ ရှေ့မှောက်မှာ လူတွေကို အစုလိုက် အပြုံလိုက် သေစေရန် ကြံစည်မှုနဲ့ ကနဦး စွဲချက်တင်လိုက်တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောကြောင်း
မူလက El Khalifi ကို အမေရိကန် စစ်ဌာနချုပ်၊ စားသောက်ဆိုင် တစ်ဆိုင်နဲ့ ဂျူးဘုရား ခိုးကျောင်းတစ်ကျောင်း တို့ကို တိုက်ခိုက်ရန် ကြံစည်မှုနဲ့ စွဲဆိုဖို့ တရားရေး ၀န်ကြီးဌာနက စဉ်းစားခဲ့ကြောင်းသိရသည်။

အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန်

 

ဒေသတွင်း ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ၀င်ရောက် စွက်ဖက်မှုတွေကြောင့် ဖြစ်တယ်လို့ အီရန်သမ္မတ မာမွတ်အမာဒင်နီဂျက်က ပြောလိုက်ကြောင်းဒီကနေ့ Islamabad မြို့မှာ အခုလို ပြောခဲ့တာမှာ ဘယ် နိုင်ငံခြားတိုင်းပြည်တွေ ဆိုတာကိုတော့ သူက နံမည်တပ် မပြောသွားကြောင်းဒေသတွင်း တည်ငြိမ်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က ခေါင်းဆောင်တွေနဲ့ မစ္စတာ အမာဒင်နီဂျက် တွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ကြောင်း တာလီဘန်နဲ့ ပါကစ္စတန် တို့ရဲ့ သမိုင်းဝင် ဆက်နွှယ်မှုတွေနဲ့ ဒီ သုံးနိုင်ငံကြား နယ်နိမိတ် ထိစပ်မှုတွေက အခု ဆွေးနွေးပွဲဖြစ်လာရကြောင်း
အာဖဂန် တာလီဘန်တွေနဲ့ သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့ အတော်များများဟာ အာဖဂန်နဲ့နယ်စပ် ပါကစ္စတန်နိုင်ငံထဲက လူမျိုးစုဒေသတွေမှာ အခြေစိုက်တေနယ်လို့ ယုံကြည်ထားကြကြောင်းအခု ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲဟာ အကြမ်းဖက်ဝါဒ နဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး၊ နိုင်ငံတွေအားလုံးကို ခြိမ်းခြောက်နေတဲ့ ဘုံအန္တရာယ် တိုက်ဖျက်ရေးတို့အတွက် အရေးပါတဲ့စည်းဝေးမှု ဖြစ်တယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ ပြောခွင့်ရသူက အမွမ်းတင် ပြောဆိုခဲ့ကြောင်းသိရသည်။

ဆီးရီးယားသမ္မတ နှုတ်ထွက်ဖို့ ကုလတောင်းဆို

 

ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ရာထူးက ဆင်းပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တခဲနက် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်းနိုင်ငံပေါင်း ၁၃၇ နိုင်ငံက အဆိုကို ထောက်ခံခဲ့ကြပြီး ၁၂ နိုင်ငံကသာ လက်မခံဘဲ နေခဲ့ကြကြောင်း
၁၇ နိုင်ငံကတော့ ကြားနေခဲ့ကြကြောင်းလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ တရုတ်နဲ့ရုရှား ၂ နိုင်ငံကတော့ ကန့်ကွက်တဲ့ နိုင်ငံတွေထဲ ပါဝင်ခဲ့ကြကြောင်း
အထွေထွေညီလာခံရဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ဟာ မလိုက်နာမဖြစ် လိုက်နာကျင့်သုံးရမယ့် ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမဲ့ ဆီးရီးယားနိုင်ငံက အခြေအနေတွေအပေါ် ကမ္ဘာတဝှမ်းက သဘောထားတွေကိုတော့ ထင်ဟပ်ပြသခဲ့တာ ဖြစ်ကြောင်း
ကြာသပတေးနေ့ အစောပိုင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သမ္မတ အာဆဒ် အစိုးရဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုမျိုးတွေ ကျူးလွန်နေတဲ့အကြောင်း အရပ်သားတွေအပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ အင်အားသုံး နှိမ်နင်းနေတာတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့လည်း တောင်းဆိုခဲ့တာ ဖြစ်ပါကြောင်း
လန်ဒန်မြို့ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့ကတော့ ဒါရာ(Daraa) မြို့က လူ ၄ ယောက်နဲ့ အစိုးရတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဟာမာ့(Hama) မြို့အနီးက ၁၄ ယောက် အပါအဝင် ကြာသပတေးနေ့ နိုင်ငံအနှံ့က ပဋိပက္ခတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၄ ယောက် ထက်မနည်း ရှိခဲ့ကြောင်းသိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment