မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၂
နမ်ဘီးယား အချက်သုံးချက် ပြော
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေး နမ်ဘီးယား က သူ၏ ငါးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်များ အပါအဝင် တွေ့ဆုံဆွေးနွေးမှုများစွာ
ပြုလုပ်ခဲ့ရာတွင် အဓိကအားဖြင့် အချက်သုံးချက် တွေ့ခဲ့ကြောင်း ခရီးစဉ်အပြီး သောကြာနေ့က ထုတ်ပြန်ပြောဆိုကြောင်းသိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် စီးပွားရေး ပေါ်လစီကိစ္စများမှာ ပြုပြင်ပြောင်းလဲရေး အတွက် ပြည်တွင်း/ပြည်ပ သဘောထားအမြင်များအဖြစ် ခရီးစဉ်အပြီး ၎င်း၏ကြေညာချက်တွင် ဖော်ပြ ထားကြောင်းသိရသည်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနှင့် ကျင်းပမှု နှစ်ရပ်စလုံး ယုံကြည်စိတ်ချရမှု မဖြစ်မနေ လိုအပ်ကြောင်း “ဒီအစိုးရရဲ့ဒီမိုကရေစီလမ်းကြောင်းအပေါ် အများယုံကြည်မှု တိုးမြှင့်လာစေရေး အတွက် ကြားဖြတ် ရွေးကောက်ပွဲများဟာ အရေးကြီးတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်” ဟု ဖော်ပြပါရှိကြောင်း
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တတိုင်းပြည်လုံး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗဟိုချက်မ ကျသည်ဟုလည်း မစ္စတာနမ်ဘီးယား က ပြောဆိုသည်။
လတ်တလော အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်များမှာ သမိုင်းတွင်မည့် အောင်မြင်မှု ရရန် မကြုံစဖူး နီးစပ်လာနေသော်လည်း ကချင်ပြည်နယ်လို အခြေအနေမျိုးမှာ တိုးတက်ဖြစ်ထွန်းမှုတွေ လိုအပ်နေပါသေးကြောင်း မစ္စတာနမ်ဘီးယား က “ဆယ်စုနှစ်များစွာကြာ ပဋ္ဋိပက္ခနဲ့ အယုံအကြည် ကင်းမဲ့မှုတွေကိုအောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးမှုတွေကတဆင့် အရေးကြီးတဲ့ ခြေခံလိုအပ်ချက် ရရှိဖို့ ကျန်ရှိနေပါသေး တယ်”ဟု ပါရှိသည်။
တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ကြီးထွားတိုးတက်မှုအတွင်း ပြည်သူများ သာတူညီမျှ ပြည့်ဝစွာ လိုက်ပါနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် ဖန်တီးရေးများမှာ ဗဟိုနှင့် ဒေသအာဏာပိုင်များ၌ အဓိက တာဝန်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။
“ကြံ့ခိုင်တဲ့ စီးပွားရေးပေါ်လစီတွေကို ချမှတ်အကောင်အထည်ဖော်မှသာ ဒီပြောင်းလဲမှုတွေဟာ ပြည်သူ တရပ်လုံး အကျိုးစီးပွားကို အရှိန်မြှင့်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ဖော်ပြပါရှိသည်။
သမ္မတ ဦးသိန်းစိန်အစိုးရဖွဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် တနှစ်အကြာတွင်
နိုင်ငံရေး အင်အားစု အမျိုးမျိုးတို့၏ အသိအမှတ်ပြုမှုဖြင့် ပြောင်းလဲမှုများမှာ အစပြုမှု၏ မကြုံစဖူး အဆင့်သို့ ရရှိလာနေကြောင်း မစ္စတာနမ်ဘီးယား က မှတ်ချက်ချသွားခဲ့သည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဘီးယားသည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင့် အပါအဝင် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ကြံ့ခိုင်ရေးပါတီတို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့သည်။ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့ ညနေက တွေ့ဆုံခဲ့ကြောင်းသိရသည်။
ပြုလုပ်ခဲ့ရာတွင် အဓိကအားဖြင့် အချက်သုံးချက် တွေ့ခဲ့ကြောင်း ခရီးစဉ်အပြီး သောကြာနေ့က ထုတ်ပြန်ပြောဆိုကြောင်းသိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် စီးပွားရေး ပေါ်လစီကိစ္စများမှာ ပြုပြင်ပြောင်းလဲရေး အတွက် ပြည်တွင်း/ပြည်ပ သဘောထားအမြင်များအဖြစ် ခရီးစဉ်အပြီး ၎င်း၏ကြေညာချက်တွင် ဖော်ပြ ထားကြောင်းသိရသည်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနှင့် ကျင်းပမှု နှစ်ရပ်စလုံး ယုံကြည်စိတ်ချရမှု မဖြစ်မနေ လိုအပ်ကြောင်း “ဒီအစိုးရရဲ့ဒီမိုကရေစီလမ်းကြောင်းအပေါ် အများယုံကြည်မှု တိုးမြှင့်လာစေရေး အတွက် ကြားဖြတ် ရွေးကောက်ပွဲများဟာ အရေးကြီးတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်” ဟု ဖော်ပြပါရှိကြောင်း
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တတိုင်းပြည်လုံး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗဟိုချက်မ ကျသည်ဟုလည်း မစ္စတာနမ်ဘီးယား က ပြောဆိုသည်။
လတ်တလော အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်များမှာ သမိုင်းတွင်မည့် အောင်မြင်မှု ရရန် မကြုံစဖူး နီးစပ်လာနေသော်လည်း ကချင်ပြည်နယ်လို အခြေအနေမျိုးမှာ တိုးတက်ဖြစ်ထွန်းမှုတွေ လိုအပ်နေပါသေးကြောင်း မစ္စတာနမ်ဘီးယား က “ဆယ်စုနှစ်များစွာကြာ ပဋ္ဋိပက္ခနဲ့ အယုံအကြည် ကင်းမဲ့မှုတွေကိုအောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးမှုတွေကတဆင့် အရေးကြီးတဲ့ ခြေခံလိုအပ်ချက် ရရှိဖို့ ကျန်ရှိနေပါသေး တယ်”ဟု ပါရှိသည်။
တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ကြီးထွားတိုးတက်မှုအတွင်း ပြည်သူများ သာတူညီမျှ ပြည့်ဝစွာ လိုက်ပါနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် ဖန်တီးရေးများမှာ ဗဟိုနှင့် ဒေသအာဏာပိုင်များ၌ အဓိက တာဝန်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။
“ကြံ့ခိုင်တဲ့ စီးပွားရေးပေါ်လစီတွေကို ချမှတ်အကောင်အထည်ဖော်မှသာ ဒီပြောင်းလဲမှုတွေဟာ ပြည်သူ တရပ်လုံး အကျိုးစီးပွားကို အရှိန်မြှင့်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ဖော်ပြပါရှိသည်။
သမ္မတ ဦးသိန်းစိန်အစိုးရဖွဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် တနှစ်အကြာတွင်
နိုင်ငံရေး အင်အားစု အမျိုးမျိုးတို့၏ အသိအမှတ်ပြုမှုဖြင့် ပြောင်းလဲမှုများမှာ အစပြုမှု၏ မကြုံစဖူး အဆင့်သို့ ရရှိလာနေကြောင်း မစ္စတာနမ်ဘီးယား က မှတ်ချက်ချသွားခဲ့သည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဘီးယားသည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင့် အပါအဝင် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ကြံ့ခိုင်ရေးပါတီတို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့သည်။ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့ ညနေက တွေ့ဆုံခဲ့ကြောင်းသိရသည်။
ကမ္ဘောဇ လေကြောင်း သံတွဲမှာ အရေးပေါ် ဆင်းသက်ရ
ကမ္ဘောဇ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် တစီးသည် သောကြာနေ့ နံနက်
ဒေသစံတော်ချိန် ၁၁:၃ဝ ခန့်တွင် သံတွဲမြို့ မဇင် လေဆိပ်သို့ ဆင်းသက်ရာ လေယာဉ်ဘီး ချမရသဖြင့် ပြေးလမ်းဘေးသို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး တောင်ပံတဖက် ကျိုးပဲ့သွားရသည်ဟု သံတွဲမြို့ခံတဦးက ပြောကြောင်းသိရသည်။
ဒေသစံတော်ချိန် ၁၁:၃ဝ ခန့်တွင် သံတွဲမြို့ မဇင် လေဆိပ်သို့ ဆင်းသက်ရာ လေယာဉ်ဘီး ချမရသဖြင့် ပြေးလမ်းဘေးသို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး တောင်ပံတဖက် ကျိုးပဲ့သွားရသည်ဟု သံတွဲမြို့ခံတဦးက ပြောကြောင်းသိရသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၅ဝ ကျော်ခန့် လိုက်ပါလာပြီး ခရီးသည်များ အထိအခိုက်မရှိဟုလည်း “ကြီးကြီး ကျယ်ကျယ်တော့ ဘာမှ မဖြစ်ပါဘူး။ ခရီးသည်တွေလည်း အထိအခိုက် မရှိပါဘူး။ မီးလောင်တာလည်း မဖြစ်ပါဘူး” ဟု အထက်ပါ သံတွဲမြို့ခံက ပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းအသေးစိတ်နှင့် အတည်ပြုချက် ရယူရန် မဇ္ဈိမက သံတွဲလေဆိပ်သို့ ဆက်သွယ် စုံစမ်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
ကမ္ဘောဇ လေကြောင်းကို ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ပြီး လေကြောင်းကို ၂ဝ၁၁ ခုနှစ် ဧပြီလ အတွင်း ၁ ရက်နေ့မှစ၍ ပြည်တွင်းမြို့များသို့ ပျံသန်းပေးနေခြင်း ဖြစ်ကြောင်းသိရသည်။
လှိုင်သာယာဆန္ဒပြအလုပ်သမားများအား အဆောင်မှနှင်ချမည်ဟု သတင်းထွက်ပေါ်
ယခုလ ၆ ရက်နေ့မှစတင်ပြီး မိမိတို့ဆုံးရှုံးခဲ့သည့် ရပိုင်ခွင့်အတွက် စက်ရုံပိုင်ရှင်များအား ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လှိုင်သာယာမြို့နယ် တိုင်ရီ ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများအား လာမည့်စနေနေ့အထိ ဆန္ဒပြခြင်းမရပ်ပါက၎င်းတို့နေထိုင်ရာ စက်ရုံပိုင်အဆောင်မှ နှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း ဆန္ဒပြအလုပ်သမားများကဆိုသည်။
ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မခိုင်ခိုင်နွယ်က “ အရင်ကတည်းက အဲဒီလိုပြောသံတွေကြားနေရတာ။ ဒါပေမယ့် ဘယ်သူပြောမှန်းမသိဘူး။ စက်ရုံတာဝန်ရှိသူတွေက တိုက်ရိုက်ပြောတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲဒီသတင်းကတော့ ထွက်နေတယ်” ဟု ပြေကြားသည်။
တိုင်ရီဖိနပ်စက်ရုံ၏ အလုပ်သမားများ နေထိုင်ရာအဆောင်တွင် အမျိုးသမီး အလုပ်သမား ၈၀၀ ခန့်နေထိုင်လျက်ရှိသည်။
အခြားဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် မမိုးဝေက “ ကျွန်မတို့ကိုလာပြီး တိုက်ရိုက် ချိမ်းခြောက်တာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အခုထိ စက်ရုံဝန်ထမ်းဖြစ်တဲ့အတွက် စက်ရုံ အဆောင်မှာနေပိုင်ခွင့်ရှိတယ်။ အဲဒီလိုနှင်ချလည်း ဆင်းမှာမဟုတ်ဘူး” ဟု ပြောကြားသည်။
တိုင်ရီကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုသို့ထွက်ပေါ်နေသောသတင်းများမှာ မဟုတ်မှန်ကြောင်း မိမိတို့အနေဖြင့် ယခုအချိန်ထိ အလုပ်သမားများကို အဆောင်မှနှင်ချရန် မစဉ်းစားဘူးကြောင်း ပြောကြားသည်။
၎င်းက “အဲဒီအဆောင်မှာ ၀န်ထမ်းမိန်းကလေးတွေချည်းပဲနေတာကို ဘယ်သူက ဆွဲချရဲမှာလဲ။ ရဲကိုဆွဲချပါဆိုရင်တောင် ဆွဲချရဲမှာမဟုတ်ဘူး၊ ကျွန်တော်တို့ကပိုဝေးတာပေါ့။ သတင်းမှားတွေပါ” ဟုYPI သို့ ပြောသည်။
အလုပ်သမား အရေးကိစ္စများကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးသူထဲမှ တဦးဖြစ်သည့် မစုစုနွေးက ဆန္ဒပြ အမျိုးသမီး အလုပ်သမားများအား နေထိုင်ရာ အဆောင်မှု နှင်ချလိုက်လျင် နေစရာအခက်အခဲကြုံမည့်အရေးကို စိုးရိမ်လျှက်ရှိကြောင်း ယခုလ ၁၅ ရက်နေ့ကပြောသည်။
ထို့်ပြင်၎င်းက မိမိတို့အနေဖြင့် ယနေ့အထိ အလုပ်သမားများနှင့်ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း အခြေအနေမှာမူ တည်ငြိမ်မှုမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် လာမည့် သတင်းပတ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပါ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း ယနေ့နေ့လည်က ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။
ပြီးခဲ့သော တရုတ်နှစ်သစ်ကူးကာလတွင် တိုင်ရီဖိနပ်စက်ရုံအား စက်ရုံတာဝန်ရှိသူများမှ ငါးရက်တာပိတ်ခဲ့ပြီးနောက် လုပ်အားခရှင်းပေးရာတွင် ထိုပိတ်ရက်များအတွက် လစာဖြတ်တောက်ခဲ့သည်ကို အလုပ်သမားများက မကျေမနပ်ဖြစ်ရာမှ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ဆန္ဒပြခြင်းအား သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဦးစီးဌာန၊ အလုပ်သမားအရေး ဆောင်ရွက်သူများ ၊ ဥပဒေကျွမ်းကျင်သူများက ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးသော်လည်း နှစ်ဘက်ပြေလည်မှုမရသေးဘဲ ယနေ့အထိ ဆန္ဒပြနေဆဲဖြစ်သည်။
ယခုလ ၁၅ ရက်နေ့ကကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ယခုဥပဒေကြမ်းသည် အလုပ်ရှင်နှင့် အလုပ်သမားကြားဖြစ်ပွားသည့် ပဋိပက္ခများကို ညှိနှိုင်းပေးမည့် ဥပဒေဖြစ်ကြောင်း၊ မိမိအမြင်အရဆိုလျှင် မျှတသောဥပဒေ ဖြစ်ကြောင်းပြောကြားသည်။
၎င်းက “ အဲဒီဥပဒေအရဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်ရဲ့ထုတ်ကုန်ကဏ္ဍကိုလည်း မထိခိုက်နိုင်ဘူး၊ အလုပ်သမားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးကိုလည်း ရအောင်လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု သူ၏အမြင်ကိုပြောကြားကြောင်းသိရသည်။
တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်မီးလောင်
စုစုပေါင်း အိမ်၅ လုံးလောင်းကျွှမ်းခဲ့ပြီးမီးကျွှမ်းမီးကျန်မှတဆင့်လောင်ကျွှမ်းခဲ့သည်ဟုခန့်မှန်းရကြောင်း
မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၁၀ ကျား ၁၈ ဦး မ၂၉ ဦး စုစုပေါင်း ၄၇ ဦး မီးဘေး ဒုက္ခသည်ဖြစ်ခဲ့ရသည်။ မီးဘေးဒုက္ခသည်များကို ယင်းရပ်ကွက်ရှိ ဓမ္မဘေရီ ဓမ္မာရုံတွင် လောလောဆယ်ထားရှိပြီး ဆန်၊ အ၀တ်အစား နှင့် သောက်ရေများထောက်ပံ့ရန်စီစဉ်လျက်ရှိ ကြောင်းသိရသည်။
စစ်ရေးအသုံးစရိတ်အတွက် ၃၀% ပေးနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပါရမီတက္ကစီ အငှားကားသမားများရဲ့ ဒုက္ခ
ဖေဖော်ဝါရီလအတွက် လစာငွေ လေးသိန်း ကြိုသွင်းရန် (၁၅) ရက်နေ့ နောက်ဆုံးထား သွင်းပေးကြရန်၊ မသွင်းနိုင်သူအား ကားသော့သိမ်းပါသည်။ ကားသော့လိုချင်လျှင် (၁၆)ရက်နေ့ ပါရမီတက္ကစီ အုပ်ချုပ်ရေး ဒါရိုက်တာ (ဗိုလ်မှူးကြီး သိန်းထွန်းဝင်း) နှင့် တွေ့ပြီး နေ့တစ်ဝက်စောင့်နေကာ ငွေ နှစ်သိန်း သွင်း၍ ကားသော့ ပြန်ပေးပါသည်။ ကျန်ငွေ နှစ်သိန်းကို (၁၇) ရက်နေ့ မပေးလျှင် ကားသော့ပြန်သိမ်းဦးမည်ဟုဆိုပါသည်။ မပေးသွင်းနိုင်သူများက ကားပြန်အပ်ကြသော်လည်း လက်မခံပါ။
မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေးအသင်း ဒုဥက္ကဌ (ဗိုလ်ချုပ် လှအောင်သိန်း) က အကျိုးမပေးရင် ကား ဒီနေ့ပြန်အပ်ရင်၊ ဒီနေ့ စပေါ်ငွေ (၁၅)သိန်း ပြန်ပေးမည်ဟု ပြောခဲ့သော်လည်း ယခုအခါ ကြိုတင်ငွေ (၄)သိန်း မပေးနိုင်ကြ၍ ကားပြန်အပ်မည်ဆိုလျှင် စပေါ်ငွေ (၁၅)သိန်းမှ (၇)သိန်းပဲ ချက်ချင်းပြန်အမ်းကာ ကျန်ငွေ (၈)သိန်းကို ၂-လ စောင့်ရ ပါသည်။ ၂-လ အတောအတွင်းမှာ အကူယာဉ်မောင်း (စပေါ် ဆယ်သိန်း ပေးသွင်းထားကာ ကားမောင်းရန် စောင့်နေရသူ) အား တစ်လ လေးသိန်းဖြင့် ၂-လ မောင်းစေကာ ရရှိသော ငွေ (၈)သိန်းကို ပြန်ပေးမှာဖြစ်သည်။ စပေါ် (၁၅)သိန်း သွင်းစဉ်ကလည်း မူအရ (၃+၂+၃+၂+၃+၂) လစဉ် အရစ်ကျသွင်းရမည်ဟု ပါရှိသော်လည်း တစ်ပေါင်းတည်း (၁၅)သိန်း ပေးသွင်းခဲ့ရပါသည်။
တပ်မတော်စစ်ထွက် အငြိမ်းစားတစ်ယောက်အနေဖြင့် လစာ လေး ငါးထောင်ဖြင့် စစ်မှုထမ်းသက် အနှစ် (၂၀) (၃၀) တာဝန်ထမ်းဆောင်ခဲ့ရပြီး အငြိမ်းစားယူခဲ့ရာ လက်ထဲတွင် ကိုယ်ပိုင်ငွေ အလွန်ဆုံး ငါးသိန်းလောက်သာ ရှိကြ ပါသည်။ ပါရမီ ကားကောင်းလေးများ မောင်းနိုင်ရန် စပေါ်ငွေ (၁၅)သိန်းမှ လိုငွေ (၁၀)သိန်း ကို (၂၀) တိုးဖြင့် အလွတ်ချေး၍ ပေးရပါသည်။ လစာငွေကလည်း သုံးသိန်းမှ လေးသိန်း မြှင့်သွားပါသည်။ ကားများမှာလည်း နှစ်ရှည်လများ ဖြစ်သဖြင့် ငါးရက်နှစ်ကြိမ် ဝပ်ရှော့ပို့ ကားပြင်နေရပါသည်။ ကားရပ်နားခြင်း၊ ပြင်ဆင်နေရခြင်း၊ ကားပစ္စည်းဝယ်ထည့်ရခြင်း၊ လက်ခ ပေးရခြင်းတို့ကြောင့် အကြွေးယူပြီး အတိုးများ သတ်နေရသည်မှာ အိမ်က မိသားစုများပင် အငတ်နေ နေရပါသည်။
ကားယာဉ်စစ်ဆေးသည့်နေ့တွင် ညနေ ၃ နာရီထိုးမှ စ၍ ကားသန့်ရှင်းခ ငါးထောင်ပေးကာ ကား ရေဆေးရပါ သည်။ ကားဖုန်တင်နေရင်လည်း အပြစ်ဖြစ်ပါသေးသည်။ ညနေ ၆ နာရီထိုးအထိ ထိုင်စောင့်ရပါသည်။ ကားသမားများအဖို့ ယာဉ်ရပ်ထားစဉ် ဆုံးရှုံးသွားသောငွေ၊ သန့်ရှင်းရေးစရိတ်၊ အော်ဒါခေါ်သော မိတ်ဆွေအပေါင်းအသင်း၊ အားလုံး ဆုံးရှုံးရပါ သည်။ ပါရမီတက္ကစီ ယာဉ်မောင်းများသည် စပီကင် (Eng+Chinese) တက်ရပါသည်။ သင်တန်းတက်ရသည့် နေ့တွင် တစ်နေကုန် အော်ဒါငှားသူကို လက်ခံ၍မရပါ။ နေ့လည် ၁၁နာရီမှ ၂ နာရီအတွင်း ထမင်းအငတ်ခံကာ ကားလိုက်ကြရပါသည်။ “ဒါဘာ” တက်၍ တင်ပြစရာများ တင်ပြသော်လည်း ပဲခူးလို ခရီးမျိုးများ မသွားရတော့ပါ။(၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က အင်တာနက်တွင်ရေးထားသော ပါရမီတက္ကစီသတင်းမှာလည်း သူတို့အထဲက ရေးထားသော သတင်းပါ)
တစ်ချို့ယာဉ်မောင်းများမှာ မိမိနာမည်ပေါက် ရထား၍ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကားထဲသို့ ထည့်ပါ သည်။ ထိုယာဉ်မောင်းများမှာ မိမိတို့အား ပထမဦးစားပေး ရောင်းပေးမည်ဟု ပြောထားသဖြင့် တစ်နေ့ အပိုင် ရနိုးနိုး၊ စောင့်စားသည်းခံ အကြွေးတင်ကာ ရှိနေပါသည်။ ပါရမီတက္ကစီမောင်းသူများ၏ ဘဝသည် ယခုအခါ အကြွေးသံသရာ လည်၍ ဒုက္ခရောက်နေရပါသည်။ ပါရမီတက္ကစီမောင်းသူများသည် (တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ…) သီချင်းထဲကလို ဖြစ်နေရပါ ကြောင်းသိရသည်။
မြန်မာအစိုးရအဖွဲ့ကို ခရီးသွားခွင့် ပိတ်ထားမှု ဥရောပသမဂ္ဂ ပယ်ဖျက်
ဥရောပသမဂ္ဂက သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဆင့်မြင့်အရာရှိ ၈၇ ဦးကို ခရီးသွားလာခွင့် ပိတ်ပင်ထားမှု ရုတ်သိမ်းပေးလိုက်ကြောင်း သိရသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် ထူးခြားသော အစီအစဉ်များ ပြုလုပ်နိုင်၍ ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်သွားရန် အထူး တိုက်တွန်းကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးသွားလာခွင့် ပြုလိုက်သည့် စာရင်းတွင် ဒုသမ္မတများ၊ အစိုးရကက်ဘိနက် အဖွဲ့ဝင်များ၊ လွှတ်တော် နှစ်ရပ်မှ ဥက္ကဋ္ဌများနှင့် ၎င်းတို့၏ မိသားစုဝင်များ အကြုံးဝင်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံတွင် လူထုမိန့်ခွန်းပြော
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ယနေ့ မွန်းလွဲပိုင်း၌ ဧရာဝတီတိုင်း ဖျာပုံမြို့သို့ ရောက်ရှိပြီး သောင်းနှင့်ချီသည့် ဒေသခံများကို မိန့်ခွန်းပြောကြားကြောင်း သိရသည်။ ပထမ စီစဉ်ထားသော ဘောလုံးကွင်း ၌ ဟောပြောခွင့်မရဘဲ မြို့ပြင်တွင် ဟောပြောရသည်ဟုလည်း သတင်းများက ဆိုကြောင်းသိရသည်။
ကမ္ဘာ့ ဘဏ်က မြန်မာကို ကူညီမည်
ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ဘဏ္ဍာရေး ဆိုင်ရာ ကဏ္ဍ၊ ဘဏ် လုပ်ငန်းဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများကို မြန်မာနိုင်ငံသို့ ပို့ဆောင်၍ ကူညီပေး သွားမည်ဟူသော ကမ္ဘာ့ဘဏ်မှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ အကြီးအကဲ၏ ပြောဆိုချက်ကို ကိုးကား၍ AP သတင်း ၌ ဖော်ပြထားကြောင်းသိရသည်။
ဂျာမနီ လွှတ်တော် အာဆီယံဆိုင်ရာအဖွဲ့ ဦးသိန်းစိန်နှင့်တွေ့
ဂျာမနီနိုင်ငံမှ Dr. Thomas Gamke ဦးဆောင်သော ဂျာမနီ လွှတ်တော် အာဆီယံဆိုင်ရာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင် ရာများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဂျာမနီနိုင်ငံနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး Mr. Dirk Niebel သည် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့ကြောင်းသိရသည်။
အစိုးဝန်ထမ်းများ လစာတိုးရေးအဆို ပယ်ချ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း တင်သွင်းသော နိုင်ငံ့ဝန်ထမ်းလစာများ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်ပေးရေးအဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရက ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံထောင်ချီပြနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရှိရသည်။
ပါတီများ ရေဒီယိုနှင့်ရုပ်မြင်သံကြား ဟောပြောမှု ဆိုင်ရာ ထုတ်ပြန်
ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအား ရေဒီယိုနှင့်ရုပ်မြင်သံကြားမှ ဟောပြော ထုတ်လွှင့် ရာတွင် လိုက်နာရမည့် အချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဟော ပြောထုတ်လွှင့်လိုသော ပါတီသည် ဟောပြောမည့် အကြောင်းအရာစာမူနှင့်အတူ ခွင့်ပြုမိန့်ကို အနည်းဆုံး ၇ ရက်ကြိုလျှောက်ထား ရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြု၊ မပြုကို အကြောင်းပြန်မည် ဖြစ်ကြောင်း၊ ဟောပြောရာတွင် သတ်မှတ် ထားသော တားမြစ်ချက်များကို မလိုက်နာပါက တည်ဆဲဥပဒေများ အပြင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူ ခံရမည် ဖြစ်ကြောင်းသိရသည်။
ရေဒီယို၊ ရုပ်သံ ဟောပြောမှု ကန့်သတ်ချက် ပါတီများ ဝေဖန်
နိုင်ငံရေး ပါတီများ၏ မူဝါဒများကို ရေဒီယို၊ ရုပ်သံ အစီအစဉ်များမှ ဟောပြော တင်ပြခွင့်ပြုရာ၌ ကန့်သတ် ထားမှုများအပေါ် ပါတီများက ဝေဖန်လိုက်သည်ကြောင်းဧပြီလ ၁ ရက်နေ့ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ အချက် ၈ ချက်ပါ ကြေညာချက် ၌ ကန့်သတ်ထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးပါတီ တခုခု၏ စည်းရုံးဟောပြောမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ ဖွဲ့စည်းပုံ ဥပဒေနှင့်တည်ဆဲဥပဒေများအား လိုက်နာလေးစားမှု မရှိခြင်း၊ လူမျိုးရေး၊ ဘာသာရေး လူပုဂ္ဂိုလ် တဦးဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေးကို ထိခိုက်စေခြင်း စသည့်တို့အား တခုခု ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေအရ အရေးယူ ခံရမည်ဟု ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် က ဆိုကြောင်းသတ်မှတ်ချက်အား မလိုက်နာသည့် ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခံရမည်ဖြစ်ပြီး ပါတီ ဖျက်သိမ်း ခံရနိုင်သည်။ ထိုကြေညာချက်အရ ဟောပြောခွင့် ၁၅ မိနစ်အချိန်ရမည်ဖြစ်ပြီး ယခင် နအဖ စစ်အစိုးရ လက် ထက်၂၀၁၀ ရွေးကောက်ပွဲ ကြေညာချက် နှင့် ထပ်တူ ဖြစ်ကြောင်း
လက်ရှိအစိုးရသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်လုပ်ဆောင်နေပြီ ဖြစ်၍ ယခုကဲ့သို့ ကန့်သတ်မှုများ လုပ်ဆောင်ခြင်းသည် မသင့်လျော်သော လုပ်ရပ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောဆို ကြောင်းနိုင်ငံရေးပါတီများသည် မိမိတို့ဟောပြောလိုသည့် အကြောင်းအရာများကို စာမျက်နှာ ၇ မျက်နှာဖြင့် အနည်းဆုံး ၇ ရက် ကြိုတင် ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ထိုတင်ပြချက်အား ပြန်ကြားရေး ၀န်ကြီး ဌာနနှင့်ညှိနှိုင်း၍ ခွင်ြ့ပုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်ကြောင်း ကြေညာချက်၌ ရေးသားထားကြောင်း
ရေဒီယို၊ ရုပ်သံများမှ ပြောဟောစည်းရုံးခွင့် ရခြင်းကို ကြိုဆိုသော်လည်း စိစစ် ပယ်ချမှုတို့ကြောင့် အချိန်ကုန်ပြီး အပြည့်အ၀ ဟောပြောခွင့်မရဟု ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြောင်း
ကားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာရှိပြီး နိုင်ငံရေးပါတီ ၁၇ ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ကော်မရှင် ၏ ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားကြောင်း
နအဖ စစ်အစိုးရ ဦးဆောင်ကျင်းပသည့်၂၀၁၀ ရွေးကောက်ပွဲ၌ ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောကြမည့် ဒီမိုကရက် တစ် ပါတီ အများစု၏ မူဒ၀ါဒများ၊ စည်းရုံး ဟောပြောမှုများ၊ တင်ပြခဲ့သည့် အချက်အလက် အများစုကို ပယ်ဖျက်ခြင်း ခံခဲ့ရကြောင်းသိရသည်။
ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား တို့ကနေ နိုင်ငံရေး ပါတီတွေ ဟောပြော တင်ပြခွင့်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသလို လက်ခံနိုင်စရာ မရှိဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ ဒီကန့်သတ်ချက်တွေကို ထုတ်ပြန်ပြီးတဲ့နောက် ဦးဝင်းတင်က အဲဒီလို ပြောလိုက်တာပါ။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေက ရေဒီယိုနဲ့ ရုပ်သံတွေမှာ ပါတီမူဝါဒတွေနဲ့ ပတ်သက်လို့ ဟောပြောကြဖို့အတွက် ကန့်သတ်ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့စွဲနဲ့ အစိုးရ သတင်းစာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။ ဒီကန့်သတ်ချက်တွေကတော့ ရေဒီယိုနဲ့ ရုပ်သံတွေမှာ ဟောပြောလိုတယ်ဆိုရင် နိုင်ငံရေးပါတီတွေဟာ ၇ ရက် ကြိုတင် အကြောင်းကြားရမယ် ဆိုတာတွေ၊ ဟောပြောကြမယ့် စာမူတွေကို လိုအပ်သလို စိစစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုမယ်၊ ဒါမှမဟုတ် ငြင်းပယ်တာတွေ လုပ်မယ်ဆိုတာအပြင် ၁၅ မိနစ်သာ ခွင့်ပြုမယ်ဆိုတာတွေ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် အပြောအဆိုတွေ၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်ပြီး မပြောရဘူးဆိုတာအပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားရမယ် ဆိုတာတွေလည်း ပါပါတယ်။ ဒါ့အပြင် တပ်မတော်ကို မထိခိုက်ရဘူး၊ လူမျိုးရေးနဲ့ ဘာသာရေးအပြင် ပညာရေး သင်ကြားမှုတွေကို ထိခိုက်ပြီး သွေးထိုးလှုံ့ဆော်တဲ့ ဟောပြောမှုတွေ မဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေလည်း ပါဝင်ပါတယ်။
ဒီကန့်သတ်ချက်တွေဟာ အရင်စစ်အစိုးရ လက်ထက်တုန်းက ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ထုတ်ပြန်ချက်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု မြန်မာနိုင်ငံက အရပ်သား အစိုးရတစ်ရပ် ဖြစ်နေပြီး ဒီမိုကရေစီစနစ်ဘက် သွားနေတဲ့ နိုင်ငံတစ်ခုမို့ အခုလို ကန့်သတ်ချက်တွေ ထွက်လာတဲ့အပေါ်မှာ မြန်မာ့အရေး လေ့လာသူတွေက အတော် ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက် တက်ကြွစွာ လှုပ်ရှား ကြိုးပမ်းမှုတွေနဲ့ ဒီကန့်သတ်ချက်တွေဟာ ဆန့်ကျင်ဘက် ဖြစ်နေသလို ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ရွေးကောက်ပွဲမှာ ဒါမျိုးတွေ လုံးဝ မရှိသင့်ဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။
“လက်ရှိ ရှိနေတဲ့ ပေါ်ပေါက်နေတဲ့ စိတ်အားတက်ကြွမှု အနေအထားတွေ၊ စိတ်ဓါတ် အခြေအနေတွေနဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ အဲဒီစိတ်ဓါတ် တက်ကြွမှုတွေ၊ စိတ်အားတက်ကြွမှုတွေကိုတောင် ချိုးနှိမ်ရာ ရောက်တဲ့သဘော ဆောင်နေတယ်။ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံရေး လက်လိမ်ချိုးမှုရဲ့ ရလဒ်တွေပေါ့ဗျာ။ သို့မဟုတ်ရင်လည်း ပုံရိပ်တွေပေါ့ဗျာ။ ကျနော် တစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒါတွေဟာ လုံးဝ လက်ခံနိုင်တဲ့ အနေအထား မရှိဘူးလို့ ကျနော် ယူဆပါတယ်။”
အခုဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးတွေ အဖြစ် နယ်ဘက်တွေကို သွားနေသလို လူထုဟောပြောပွဲတွေမှာ ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ ဟောပြောနေတာပါ။ ဒါပေမဲ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်သံကနေ လူထုကို စကားပြောဖို့ ကန့်သတ်ချက်တွေ အခုလို ကန့်သတ်ချက်တွေ ထွက်လာတော့ ဒီကန့်သတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်ပါ့မလား။ ဆရာ ဦးဝင်းတင် မြင်ပါသလဲလို့ မေးကြည့်တော့ -
“ကျနော်တော့ မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် မျက်ဝါးထင်ထင် တွေ့နေတဲ့ဟာက ဘာလဲဆိုတော့ သူတို့ ဒီလှိုင်း ဆိုတဲ့ ဂျာနယ် ကျနော်တို့ ထုတ်နေပါတယ်။ ဒီလှိုင်း ရဲ့အနေအထားက ဘာလဲဆိုတော့ ကျနော်တို့က ဒီလှိုင်းဟာ ပြန်ကြားရေးဌာနကို တင်ပြီးတော့ ပြန်ကြားရေးဌာနရဲ့ အတည်ပြုချက်၊ သို့မဟုတ်လည်း ကန့်သတ်ချက်၊ ဆင်ဆာလုပ်ချက်တွေနဲ့ ကျနော်တို့ ဘာမှမရှိတဲ့ ထုတ်ဝေမှုဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီလှိုင်း စိတ်ဓါတ်နဲ့ပဲ ကျနော်တို့ ဒီလို ပြဿနာမျိုးတွေကို ရင်ဆိုင်သွားလိမ့်မယ်လို့ ကျနော်တော့ ထင်ပါတယ်။”
ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အခုပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်မှုတွေ ဘယ်လောက်ရှိမလဲ ဆိုတာကို နိုင်ငံတကာ တော်တော်များများက စောင့်ကြည့်နေတာ ဖြစ်ပြီး ဒီရလဒ်တွေကနေ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံတွေက ပိတ်ဆို့မှုတွေကို လျှော့ချပေးမယ်လို့ ပြောထားတာပါ။ ဒါ့အပြင် ရွေးကောက်ပွဲအတွက် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေ လာဖို့ တိုက်တွန်းထားပေမဲ့ ခုချိန်ထိတော့ အစိုးရက လက်ခံမယ် လက်မခံဘူးဆိုတာ တစုံတရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment