မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၈ ရက်၊ ၂၀၁၂ 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်၊ မြောင်းမြ ပါတီစည်းရုံးရေးခရီးစဉ်၌ ထောက်ခံသူများနှင့် ပြည်သူများ တစ်ခဲနက်ကြိုဆို

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုသိမ်၊ မြောင်းမြဒေသများသို့ ပါတီစည်းရုံးရေးခရီးစဉ်ကို၂၀၁၂ ခု နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က သွားရောက်ခဲ့ပါသည်။ အဆိုပါ ပုသိမ်၊ မြောင်းမြပါတီ စည်းရုံးရေးခရီးစဉ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့် ပြည်သူများက တစ်ခဲနက် ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

 

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ်ဖြစ်လာရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာနှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တင်ပြသည့် အဆိုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု 

 

သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့် ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၇ရက်နေ့ကပြု လုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး လက်ငင်း ရေတိုနှင့် ရေရှည်အကျိုး များအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို မတ်လကုန် ဧပြီလဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် စီစဉ်

 

မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ၂၀၁၂ ခုနှစ် မတ်လကုန် ဧပြီလ ဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။
ယင်း E-Visa စနစ်ကိုဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ ပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်နှင့် ပတ်သက်၍ လွယ်ကူမှုရှိစေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရှိရသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second  Mobile  Operator အဖြစ်လုပ်ကိုင်ရန်လျောက်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ရာကျော်ရှိပြီး ပြည်ပကုမ္ပဏီများမှ ကမ်းလှမ်းထားမှုပိုမိုများပြားကြောင်း သိရသည်။

 

တရားမ၀င်ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်တင်သွင်းမှုများ အပေါ် လက်ရှိဥပဒေဖြင့် ဆိုပါက ထိရောက်စွာညွှန်ကြားခြင်း၊ အရေးယူနိုင်ခြင်းမရှိ၍ အမိန့်စာဖြင့်သာ လုပ်ကိုင်နေရ၊ ဥပဒေအရထိရောက်စွာ ညွှန်ကြားအရေးယူနိုင်ရန် ဆေးဝါးနှင့် စားသောက်ကုန်များအတွက် နည်းဥပဒေကို ရေးဆွဲ

 

ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ ဆေးဝါးနှင့်စားသောက် ကုန်များအတွက် နည်းဥပဒေ(By Law) အား ရေးဆွဲလျက်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ တာဝန်ရှိသူများ က ပြောကြားခဲ့ပါသည်။
လက်ရှိတွင် ဆေးဝါးနှင့် စားသောက်ကုန်များအတွက် Food Law, Drug Law များ ရှိသော်လည်း အဆိုပါ ဥပဒေများတွင် အချို့အချက်အလက်များမှာ အသေးစိတ်ပါဝင်ခြင်း မရှိသည့်အတွက် ဆေးဝါး နှင့် စားသောက်ကုန်များ ထုတ်လုပ်တင်သွင်းမှုအပေါ် ထိရောက်စွာညွှန်ကြားခြင်း၊ အရေးယူရန် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ထိရောက်စွာအရေးယူနိုင်ခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များအား ပီပြင်စွာလုပ်ဆောင်ရန် ခက်ခဲကြောင်း၊ ၀န်ကြီးဌာန အမိန့်စာဖြင့်သာ ထုတ်ပြန်လုပ်ကိုင်နေရကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ၁၆ ရာခိုင်နှုန်းနှင့် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ် ၁၂ ရာခိုင်နှုန်းဝန်းကျင် လျာထားကြောင်း သိရှိရ

 

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ စုစုပေါင်းအသုံးစရိတ်၏ ၁၆ ရာခိုင်နှုန်းနှင့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ၁၂ ရာ ခိုင်နှုန်းဝန်းကျင် လျာထားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ရသုံးမှန်း ခြေငွေစာရင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားခဲ့သည်။

 

မလေးရှား ကာချုပ် နှင့် မြန်မာ ကာချုပ်တွေ့

မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli bin Mohd Zin သည် မြန်မာနိုင်ငံသို့ ယမန်နေ့ကရောက်ရှိလာပြီး နေပြည်တော်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံသည်။ မလေးရှား ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော် နှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပါတီ နှစ်ပါတီ မှတ်ပုံတင် ပယ်ဖျက်ခံရ

နိုင်ငံရေး ပါတီ နှစ်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်လိုက်သည်။ ယင်း ပါတီ များမှာ ဒီမိုကရက်တစ် မဟာမိတ် ပါတီ နှင့် ၈၈ - ပြည်သူ့အင်အားစု ပါတီတို့ ဖြစ်သည်။ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် ၃ နယ် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ မ၀င်ရောက်နိုင်ခြင်းကြောင့် ပယ်ဖျက်လိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားကြောင်း သိရသည်။

 

၂၀၁၃ တွင် အစိုးရဝန်ထမ်းများ လစာတိုးရန် ဦးရွှေမန်း အကြုံပြု

အစိုးရဝန်ထမ်းများ၏ လုပ်ခလစာသည် ခေတ်နှင့် လိုက်လျောညီထွေ မရှိကြောင်း၊ အခြေခံ စားဝတ်နေရေးအတွက် မလုံလောက်ကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်တွင် လစာများတိုးပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ယမန်နေ့က လွှတ်တော်တွင် ပြောကြားသွားသည်။ လုပ်ခလစာ မလုံလောက်၍ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေကြောင်းလည်း ဝန်ခံပြောဆိုသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး ပုသိမ်လူထု တခဲနက်ကြို


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့သူမြို့သားများအနေဖြင့် NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဲပေးရန် ပုသိမ်မြို့ကိုးသိန်း အားကစားကွင်းတွင် ကျင်းပသော မဲဆွယ် ဟောပြောသည့် အခမ်း အနား၌ ပြောကြား လိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ပုသိမ်မြို့သို့ နံနက် ၁၁ နာရီ ခန့်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး စောင့်ဆိုင်းနေသည့် ဒေ သခံ ပြည်သူ ၅ သောင်း ခန့်အား မိနစ် ၃၀ ခန့်ဟောပြောရာတွင် NLD ပါတီအနေဖြင့် ပြည်သူများအား ကျေးဇူးဆပ်ရန်အတွက် အနှစ်၂၀ ခန့် စောင့်ဆိုင်းခဲ့ရကြောင်း၊ ပြည်သူ့အတွက် တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟုသိရသည်။

မူးယစ်ဆေးကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ထိခိုက်


မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း ကူးသန်းရောင်းဝယ်မှုများကြောင်း ဖေဖော်ဝါရီလအစောပိုင်းမှစ၍ အစစ်အဆေးတင်းကျပ်ပြီး အသွားအလာကန့်သတ်သဖြင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေကြောင်း သိရသည်။

ဒေါ်စုကို ပုသိမ် မြောင်းမြ တခဲနက်ကြိုဆို

 

ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ် မြောင်းမြ ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ASEAN စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်

ွ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံရင် ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း ရှိပြီလား ဆိုတာ အာဆီယံစီးပွားရေးလုပ်ငန်းရှင်တွေက သိချင်နေကြောင်း သိရသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ မြန်မာအစိုးရ ပဏာမ ငြိမ်းချမ်းရေးလက်မှတ်ထိုး 

 

၂၀၀၇ ခုနှစ်ကတည်းက နှုတ်အားဖြင့် ငြိမ်းချမ်းရေးယူထားတဲ့ KNU-KNLA အဖွဲ့နဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီ် ဟုသိရသည်။

မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ အမေရိကန် ရုပ်သိမ်း

 

နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီဟုသိရသည်။

၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု

လာမယ့် ဘဏ္ဍာရေးနှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးရေးအဆိုပြုချက်ကို ပြည်ထောင်စုလွတ်တော်မှာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြကြောင်း သိရသည်။

ပုသိမ်လူထု ဒေါ်စုကို ကြိုဆို

ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို သွားရောက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတအောင် ပြည်သူအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုကြောင်း ပုသိမ်မြို့မှာ ဒီကနေ့ ပြောသွားကြောင်း သိရသည်။

အစိုးရ ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးဖို့ ဦးရွှေမန်း အဆိုတင်

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစိုးရဝန်ထမ်းတွေ လစာတိုးမြှင့်ပေးဖို အဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ မနေ့က တင်သွင်း လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံထဲကို ၀င်ရောက် ခိုလှုံနေကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်ပေါင်း တစ်သောင်းလောက်ဟာ ကူညီထောက်ပံ့မှုတွေ အလုံအလောက် မရဘဲ နေထိုင်ကြရကြောင်း ကူညီရေးအဖွဲ့တွေက ပြောကြောင်း သိရသည်။

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

အမေရိကန် ဗဟို စုံစမ်း ထောက်လှမ်းရေးအဖွဲ့ CIA ညွှန်ကြားရေးမှူး မစ္စတာ David Petraeus ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ စီအိုင်အေ အရာရှိပိုင်းက ပြောဆိုကြောင်း နယူးယောက် တိုင်း သတင်းစာက ဖော်ပြလိုက်ကြောင်း သိရသည်။

နိုင်ငံတော် ရသုံးငွေခွဲဝေသုံးစွဲမှုဆိုင်ရာ ပညာရှင်များရဲ့ ဆွေးနွေးပွဲ

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံတော် ရသုံးငွေ ခွဲဝေသုံးစွဲမှုဆိုင်ရာ ပညာရှင်များရဲ့ ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဒီကနေ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ် ထိန်မောင်အဖွဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီနဲ့ KNU ခွဲထွက် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးစီးတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီတို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးကြောင်း သိရသည်။

ရွှေည၀ါဆရာတော် တရားဟောကြားခွင့် ပြန်လည်ရရှိ

ရွှေည၀ါ ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီ ဖြစ်တဲ့အတွက် ပြန်လည် ဟောပြောခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မနေ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

နိုဘဲဆုရ အမေရိကန် စီးပွားရေးပညာရှင် ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ်ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တက်ရောက် ဟောပြောဖို့ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၉ ရက်မှာ ဒုတိယအကြိမ် လာမယ်လို့ သိရပါတယ်။

CIA ညွှန်ကြားရေးမှူး မြန်မာပြည်သို့ လာရောက်ဖွယ်ရှိ

 

 အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး Mr. David H. Petraeus သည် မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မစ္စတာ Petraeus ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မှ အမည်မဖော်လိုသည့် အမေရိကန်အရာရှိတဦးကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားကြောင်း သိရသည်။


ခိုးကူးခွေများ ဖမ်းပေးဖို့ အကယ်ဒမီ ဝေဠုကျော် အာဏာပိုင်များကို တောင်းဆို 

မြန်မာနိုင်ငံက ထွက်ရှိနေသော ရုပ်ရှင်နှင့် ဗွီဒီယိုကားများအား တရားမဝင် ခိုးကူး
ရောင်းချနေမှုများအား အာဏာပိုင်များအနေဖြင့် စနစ်တကျ ဖမ်းဆီး အရေးယူပေးရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် က တောင်းဆိုလိုက်
ကြောင်း သိရသည်။
၂ဝ၁ဝ ခုနှစ်အတွက် ပူပူနွေးနွေး အကယ်ဒမီဆု ရရှိသူ မင်းသားဝေဠုကျော်က အင်္ဂါနေ့က နေပြည်တော်တွင်ပြုလုပ်သော အကယ်ဒမီဆုပေးပွဲအခမ်းအနား၍ အကယ်ဒမီဆုရရှိမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားရာ တွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်
ကြောင်း သိရသည်။

ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်ကိုင်ရရှိရေး လုပ်ဆောင်မည်ဟု ဒေါ်စု ပြော 

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟုဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်
ကြောင်း သိရသည်။

KNU ခွဲထွက် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် အစိုးရ အပစ်ရပ် လက်မှတ်ထိုး 

ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် အင်္ဂါနေ့က ပဏာမ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

 
အပစ်ရပ်စာချုပ် ဖြစ်လာမည့် သဘောတူညီချက်ကို ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သောအဖွဲ့နှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့ နေပြည်တော်ရှိ အမရာဟိုတယ်၌ အင်္ဂါနေ့ နံနက် ၉ နာရီမှ မွန်လွဲ ၁ နာရီထိ တွေ့ဆုံဆွေးနွေးအပြီး လက်မှတ်ရေးထိုးခဲ့ရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်သောင်းလည်း တက်ရောက်သည်ဟု သိရသည်။

အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား 

နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် ထို နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၌ ပါဝင်ရန် စိတ်ဝင်စားသည်ဟု လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သည်ဟု အဆိုပါ ထိုင်းအရာရှိက ဆိုကြောင်း
ရွှေမြွေဟောက် Cobra Gold ၁၂ အား ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က စတင် ပြုလုပ်လျက်ရှိပြီး ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု သည် အာရှ-ပစိဖိတ် ဒေသတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။ ယခုလက်ရှိ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံများမှာ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့ ဖြစ်
ကြောင်း သိရသည်။

 

Lwin Pwin
Blog:                                 http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment