မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ သွားရောက်ကြမည်

မြစ်ဆုံနှင့် စစ်ပြေးဒုက္ခသည်အရေး ၈၈ တို့ ကချင်ပြည် သွားမည်
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်ကြမည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်းရှိရာ တန်ဖရဲကျေးရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ကျင်းပရန်ရှိသည့် အဆိုပါ ဆုတောင်းပွဲမှာ စီမံကိန်းကို ရပ်ဆိုင်းပေးလိုက်သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် နောက်တကြိမ် ရေကာတာ စီမံကိန်း များ မပြုလုပ်ရန်အတွက်ဒေသခံများကဆုတောင်းပွဲကျင်းပရခြင်း ဖြစ်သည်
“မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ ကျေးဇူးတင်တယ်ဆိုပြီးတော့ ကချင်လူငယ်တွေ၊ ကချင်လူကြီးတွေ၊ ရပ်ဖိရပ်ဖတွေက ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ဒေသခံများ၊ မြစ်ကြီးနားမြို့ လူငယ်များ၊ ရပ်မိရပ်ဖများက ဘာသာပေါင်းစုံ စုပေါင်း၍ ဆုတောင်းကြမည် ၈၈ မျိုးဆက်ကျောင်းသားများနှင့် စာနယ်ဇင်းသမားများက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှား ခဲ့ကြသဖြင့် ယင်းတို့ကို ဖိတ်ခေါ်ရခြင်းဖြစ်ပြီး မြစ်ကြီးနား မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည်များကိုလည်း လာရောက်အားပေး ကူညီနိုင်မည် ဖြစ်၍ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်တီဝင် တဦးက ပြောကြောင်း

“သူတို့တွေက ဒီကိုလာတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေကို အားပေးကူညီမှုတွေ ရှိတယ်ဆိုတဲ့ ခေါင်းစဉ်ဘဲ။မြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့ သူတို့ကူညီလို့ ရပ်ဆိုင်းသွားတယ်။ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် သူတို့လည်း ပါဝင်ကူညီနိုင်မယ်လို့ မျှော်လင့်တယ်”ဟု သူက ပြောကြောင်းကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုမြအေး၊ ကိုဂျင်မီတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၆ ဦးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် နေရာရွေ့ပြောင်း ခံခဲ့ရသော ဒေသခံများ၊ ကချင်စစ်ပြေး ဒုက္ခသည်များနှင့် ထပ်တူထပ်မျှ ခံစားရကြောင်းနှင့် တသားတည်း ရှိနေကြောင်းကို ပြသလိုခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရေးလိုလားခြင်းကို ပြသလိုခြင်း ဖြစ်ကြောင်း

“ကျနော်တို့သွားတာ ပွဲသတ်သတ်မဟုတ်ပါဘူး။ ကျနော်တို့က စစ်ပြေးဒုက္ခသည်တွေကို ငွေကြေးအရ ရုပ်ဝတ္ထုပစ္စည်း အရ ကျနော်တို့ ဘားမှ ပေးနိုင်စရာ မရှိဘူး။ ကျနော်တို့ ပေးနိုင်တာက စိတ်ဓါတ် ခွန်အားပါ”ဟု ကိုမြအေးက ပြောကြောင်း

ထို့ပြင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ကြားဝင် စေ့စပ်ပေးရန် အဆင်သင့်ရှိနေကြောင်း
“စစ်ရပ်ဆိုင်းဖို့အတွက် အစိုးရကိုရော KIO ကိုရော ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ကျနော်တို့ကို ဘယ်သူကဘဲ ခိုင်းမယ်ဆိုရင် လုပ်ဖို့ ကျနော်တို့ အသင့်ပါ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်။ ကြားဝင်ပေးဖို့ လိုလား တယ်ဆိုရင် ကျနော်တို့ ဝင်မှာပါ”

အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် တရုတ်နိုင်ငံအတွင်း ထပ်မံ တွေ့ဆုံ ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေစဉ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် လွန်ခဲ့သည့် အပါတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင်များအားလုံး ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် သွားကြမည် ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလည်း ဖေဖေါ်ဝါရီလ ၂၃-၂၄ ရက်နေ့များတွင် မြစ်ကြီးနားမြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကိုမင်းကိုနိုင် နှင့် တချို့က မန္တလေးမြို့သို့ ပြန်မည်ဖြစ်ပြီး ကိုမြအေး အပါအဝင် ၇ ဦး မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း
ရန်ကုန်မြို့မှ စာနယ်ဇင်းသမားများကိုလည်း ဆုတောင်းပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်
ကြားဖြတ်ရွေးကောက်ပွဲ အာဆီယံလေ့လာခွင့် သမ္မတ စဉ်းစားမည်
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာသူများအား ခွင့်မပြုသေးဘဲ အာဆီယံမှ လာရောက်လေ့လာရေး “အလေးအနက်ထား စဉ်းစားမည်”ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုကြောင်း အာဆီယံမှ အင်္ဂါနေ့တွင် ကြေညာချက်ထုတ်ပြန်ကြောင်း

“ဧပြီ ရွေးကောက်ပွဲတွေမှာ အာဆီယံက လာရောက်လေ့လာနိုင်ဖို့ ကျနော်တို့ အလေးအနက်ထား စဉ်းစားပါ့မယ်”ဟုမြန်မာသမ္မတ ဦးသိန်းစိန်က အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan ကို တနင်္လာနေ့က နေပြည်တော်မှာတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် အဓိကကျသည့် စမ်းသပ်ချက်တခုဖြစ်ပြီး “လွတ်လပ်၍ တရားမျှတမှု” ရှိရန် လိုအပ်နေကြောင်းတနင်္လာနေ့က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရဝန်ကြီးက NLD မဲဆွယ်စည်းရုံးရေး ဟောပြောပွဲများအား လိုက်လံ ပိတ်ပင်နေကြောင်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်း က ပြောဆိုခဲ့ကြောင်း မန္တလေး၊ ဖျာပုံ၊ လှည်းကူးမြို့နယ် ဘောလုံးကွင်းများအသုံးပြုမှုကို အားကစားဝန်ကြီး ဦးတင့်ဆန်း က ပိတ်ပင်ခဲ့ခြင်းများအား ထောက်ပြခဲ့ကြောင်း

ထိုနေ့တွင်ပင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝန်ကြီး၏ အမိန့်များကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေး လူထုအား မဲဆွယ်စည်းရုံးရန်အတွက် ဘောလုံးကွင်းများ အသုံးပြုမှုကို ခွင့်ပြုပေးလိုက်ကြောင်းဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့် စည်းရုံးရေး ခရီးစဉ်များလည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ရာ ဖေဖော်ဝါရီလ ၂၃-၂၄ ရက်နေ့များတွင် မြစ်ကြီးနားမြို့သို့ သွားရောက် ဟောပြောမည်ဟု ဖြစ်ကြောင်း သိရသည်။
လစာတိုးဖို့ ဦးရွှေမန်း သဝဏ်လွှာထပ်ပို့
ဝန်ထမ်းများ လစာတိုးရေး အဆိုကို ဘဏ္ဍာရေးဝန်ကြီးက ငြင်းပယ်လိုက်ပြီးနောက် သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အင်္ဂါနေ့တွင် သဝဏ်လွှာပေးပို့ကာ ထပ်မံ တောင်းဆိုလိုက်ကြောင်း

ဖေဖေါ်ဝါရီလ ၂၁ ရက် ရက်စွဲဖြင့်ပေးပို့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “ဝန်ထမ်းတဦး၏ လစာ သည် အနည်းဆုံး တသိန်းဖြစ်သင့်ပြီး ထိုက်သင့်သည့် အခွန်များ နုတ်ပယ်ပြီးပါက ရှစ်သောင်းခန့် ကျန်ရှိနေသင့်ကြောင်း” ပါရှိသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောကြောင်းနေပြည်တော် အနီးပတ်ဝန်းကျင်ရှိ အခြေခံလုပ်သားတို့၏ တနေ့လုပ်ခ ကျပ် နှစ်ထောင်သာ ရှိပြီး၊ ကျွမ်းကျင် လုပ်သားနှင့် လုပ်သက် ငါးနှစ်အထက် လုပ်သားများမှာ တနေ့ဝင်ငွေ သုံးထောင်မှ ငါးထောင်သာ ရရှိနေသည်ကို သူ၏ သဝဏ်လွှာတွင် ထောက်ပြထားကာ အစိုးရဝန်ထမ်းများ လစာတိုးပေးသင့်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း
ရေးသားထားကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော
ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ် နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်များပင် အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း
“ အမအခုအသက် ၆၇ နှစ်ရှိနေပြီး၊ ဒါပေမဲ့ ရိုးရိုးသာမာန်လူအသက် ၆၇ နှစ် ထက်ပိုကျန်းမာတယ် ၊ စစ်ဆေးထားတဲ့ အဖြေတွေကို ကြည့်ပြီး ဆရာတွေတောင် အံ့သြတယ် ” ဟုဒေါက်တာ တင်မျိုးဝင်းက ပြောကြောင်း
ပြုလုပ်ခဲ့သောကျန်းမာရေးစစ်ဆေးမှုတွေဟာ နှလုံး၊ အဆုပ်၊အသည်း၊ကျောက်ကပ် ၊အစာအိမ်၊ကြွက်သား၊ အာရုံကြော ၊အရိုး သိပ်သည်းဆ စသည်တို့ကို စစ်ဆေးခဲ့ရာ အားလုံးအခြေအနေကောင်းသည်ဟု လည်း၎င်းကပြောကြောင်း
“အမျိုးသမီးတွေကအသက်ကြီးလာရင် အရိုးပွတာ ၊ အရိုးပါးတာတွေဖြစ်တတ်တယ်လေ၊ သူကလည်းခရီး ခဏခဏသွားရတယ်ဆိုတော့ ဒါကိုအထူးသတိထားစစ်ဆေးပါတယ် ၊ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်း အခြေအနေကောင်းတယ်၊ အကောင်းဆုံး အခြေအနေမှာရှိတယ်လို့ တောင်ပြောလို့ရတယ်၊ စိုးရိမ်စရာမလိုဘူး”ဟု ၎င်းကဆက်ပြောကြောင်း
ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင် ခလုပ်တိုက်မိသည်များ ၊ သြဂုတ်လ သမ္မတနှင့်တွေ့ ဆုံသည့် နေပြည်တော်ခရီးစဉ်သွားစဉ် ကားမူး သည်များ ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲသာမာန်ဖြစ်လေ့ ဖြစ်ထရှိသည့် ပြသာနာများပင်ဖြစ်သည်ဟု မိသားစု ဆရာဝန်ကရှင်းပြကြောင်း၂၀၀၃ ခုနှစ် နေအိမ်အကျုယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရစဉ် အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခွဲစိတ်မှု တခုခံယူခဲ့ရာ ယခုအခါ အဆိုပါ ခွဲစိတ်မှု နောက်ဆက်တွဲအခြေအနေပါ ကောင်းမွန်လျက်ရှိသည်ဟုဆိုကြောင်း
သူမသည် နေ့စဉ် တရားထိုင်လျက်ရှိပြီး ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်ဟု ဆိုကြောင်း အစားအနည်းငယ်သာ စားသောကြောင့် အဟာရမျှတအောင် စီစဉ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိသည်ဟု လည်းပြောဆိုကြောင်းစိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာကျော်လွှာနိုင်ပြီးတခါတရံတွင် ဆေးကြောင့်ဖြစ်စေ ၊ အစားအသောက်ကြောင့်ဖြစ်စေ ၊အခြားအခြေအနေကြောင့်ဖြစ်စေ ဓာတ်မတည့်သည့် ပြဿနာ အနည်းငယ် ရှိကြောင်း
ယခင် နေအိမ်အကျယ်ချုပ် ကျစဉ်ကလည်းပင်း အရိုးကျီးပေါင်းတက်သည့် ရောဂါကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ သူမလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ပိုမိုများပြားလာသောကြောင့် လေ့ကျင့်ခန်းပုံမှန် မပြုလုပ်နိုင်တော့ ဟု ဆိုကြောင်းယခုထက်တိုင်ထိ နုပျိုလှပနေသည့် လျို့ဝှက်ချက်မှာ ထွေထွေထူးထူးမရှိဘဲသူမရဲ့ အကောင်းမြင်စိတ်ထားများကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဒေါက်တာ ပြုံးအိမွန်ကပြောကြောင်း
အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍ အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုကြောင်းသိရသည်။
လှိုင်သာယာဆန္ဒပြမှု ၀ါဏိဇ္ဖခုံရုံးတက်ရန် အယူအဆ ကွဲလွဲမှုများရှိနေ
ညှိနှိုင်းပြေလည်မှု မရရှိသေးပဲ ၁၅ ရက်ရှည်ကြာလာသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရှုံးသို့ တင်၍ အဆုံးအဖြတ်ခံယူမည့် အချက်အပေါ်တွင် အလုပ်သမားများ သဘောထား အမြင်ကွဲလွဲမှုရှိနေကြသည်ဟု အလုပ်သမား ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။
ခုံရုံးတင်ရန် အလုပ်သမားအရေး ဆောင်ရွက်သူနှင့် အလုပ်သမားကိုယ်စားလှယ်များက သဘောတူခဲ့ကြသော်လည်း အလုပ်သမား အများစုက တောင်းဆိုချက်မရပဲ ဆန္ဒပြခြင်းကို မရပ်ဆိုင်းလိုကြကြောင်း
အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမျိုးမင်းသိန်းက “ ကျွန်တော်တို့မှာ ၂ လမ်းရှိနေပြီ၊ တလမ်းကိုရွေးရမှာပါ၊ ကျွန်တော်တို့က ၀ါဏိဇ္ဖရုံးကို တင်လိုက်မယ်ဆိုရင် အချိန်အကန့်အသတ်မရှိကြာနိုင်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲကိစ္စကို စဉ်းစားရမယ် ” ဟု ဆိုကြောင်းယနေ့နေ့လည်ပိုင်းက အလုပ်သမား ခေါင်းဆောင် ၄၉ ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဖိုးဖြူတို့ ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရုံးသို့ တင်ပြရန် သွားရောက်မေးမြန်းကြကြောင်း
ယင်းနောက် ခုံရုံးတင်ထားစဉ် လုပ်ဆောင်ခွင့်ရှိသည့် အချက်နှင့် မရှိသည့်အချက်များအား ဆန္ဒပြ လုပ်သားများ၏ ဆန္ဒကိုမေးမြန်းရာတွင် ခုံရုံးတင်သည်နှင့် ဆန္ဒပြမှုရပ်ဆိုင်းရမည် ဖြစ်ကာ အလုပ်ပြန်ဆင်းလိုသူများအား တားဆီးခွင့်မရှိဆိုသည့် အချက်နှင့် ခုံရုံးတင်ထားစဉ် ဆန္ဒဆက်ပြပါက ထောင်ဒဏ်နှင့် ဒဏ်ငွေ အပြစ်ပေးခံရမည့် အချက်တို့ကြောင့် ခုံရုံးတင်ရန် အယူအဆ ကွဲလွဲလျှက်ရှိကြကြောင်းထို့ကြောင့် ၀ါဏိဇ္ဖခုံရုံးတင်မည်မတင်မည်ကို မနက်ဖြန်နှင့် သဘက်ခါ နံနက်ပိုင်းတွင် အလုပ်သမားများ၏ သဘောဆန္ဒကိုယူကာ ဆုံးဖြတ်သွားမည်ဟု အလုပ်သမား ခေါင်းဆောင် အချို့ကပြောကြောင်း
၎င်း ခေါင်းဆောင်က အလုပ်ရှင်ဘက်က ဆွေးနွေးညှိနှိုင်းလာသည်ကို အလုပ်သမားများ အနေဖြင့် လိုလားကြောင်း၊ တောင်းဆိုမှုများအနက် နာရီကြေး တနာရီ ၁၅၀ကျပ် အား အလုပ်ရှင်ဘက်မှ ကျပ် ၁၀၀ ထိသာတိုးပေးသဖြင့် အလုပ်သမားများက ဆက်လက်ဆန္ဒပြနေကြခြင်းလည်း ဖြစ်ကြောင်း
တိုင်ရီ ရှုးဖိနပ်စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိကာ ယခုလက်ရှိ ရာထူးမြင့်သူ အလုပ်သမား အနည်းငယ်မှလွဲ၍ လုပ်သားအားလုံးနီးပါး ဆန္ဒပြလျှက်ရှိကြရာ အလုပ်သမား အရေးဆောင်ရွက်သူများက လာရောက်ကူညီ အကျိုးဆောင်ပေးကြကာ အလုပ်ရှင် သို့မဟုတ် အလုပ်သမားညွှန်ကြားမှု ဦးစီးဋ္ဌာနတို့နှင့် တွေ့ဆုံ ပြောဆိုရန် အလုပ်သမားများဘက်မှ လုပ်သားကိုယ်စားလှယ် ၄၀ ၀န်းကျင်ရွေးချယ်ထားကြောင်း သတင်းရရှိသည်။

တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်

လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စက်ရုံမှပေးအပ်သည့် အခြေခံလစာ၊ အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အခြားသော ဖိနပ်စက်ရုံအချို့သည်လည်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ဖြစ်ပေါ်လာကြောင်း လက်ရှိအချိန်တွင် ကျန်စက်ရုံများမှ ပြေလည်အောင် ညှိနှိုင်းပြီးဖြစ်သော်လည်း တိုင်ရီစက်ရုံအနေဖြင့်မူ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှုပြေလည်ခြင်းမရှိသေးကြောင်း
''တချို့ဂျာနယ်တွေမှာတော့ ပြေလည်သွားပြီလို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ အလုပ်သမားတွေဘက်က စက်ရုံကပေးတဲ့အချက်ကို သဘောတူပါတယ်လို့ လက်မှတ်မထိုးရသေးပါဘူး''ဟု စက်ရုံ အလုပ်သမား များ၏ကိုယ်စား လုပ်သက်ရှစ်နှစ်ရှိ မမိုးဝေက ပြောပြခဲ့သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အလုပ်သမားများ၊ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး လစာ တစ်နာရီ ၇၅ကျပ်မှ ၁၀၀ကျပ်သို့ လည်းကောင်း၊ အချိန်ပိုကြေး တစ်နာရီ ၁၀၄ ကျပ်မှ ၂၁၈ ကျပ်သို့ လည်းကောင်း တိုးမြှင့် ပေးခဲ့ကြောင်းနှင့် ယင်းနှုန်းထားအား သဘောတူညီသူများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ကြောင်း၊ သဘောမတူသူများ အလုပ်ထွက်လိုက ထွက်နိုင်ကြောင်း တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ကြောင်း
'' ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ။ အခုသူတို့ တိုးပေးတာက အခြားကြေးတွေမှာ ဖြစ်ပါတယ်။ အိုတီကြေးကလည်း အိုတီရှိမှ ရပါတယ်။ ကျန်တဲ့ တာဝန်ကျေကြေး၊ ရက်မှန်ကြေးနဲ့ ဆုကြေးတွေက ပုံမှန်တွက်ချက်ထားလို့ မရပါဘူး။ ဒီပုံမှန်တွက်လို့မရတဲ့ ကြေးတွေအားလုံးပေါင်းပြီးမှ လစာက တစ်သောင်းတိုးပေးတယ်လို့ ပြောနိုင်တာပါ။ ဒီကြေးတွေဆိုတာကလည်း သူဌေးနဲ့ မန်နေဂျာပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ''ဟု မမိုးဝေက ပြောကြားခဲ့သည်။ စက်ရုံအား ဆက်သွယ်မေးမြန်းခဲ့ရာ''ဒီဘက်က တိုးပေးနိုင်တာ အကုန်ပါပဲ။ သူဌေးက ဒီထက်ပိုပြီးမတိုးပေးနိုင်ဘူးလို့ ပြောပါ တယ်''ဟု စက်ရုံမန်နေဂျာဆိုသူက ဖြေကြားခဲ့ပါသည်။ တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံသည် လုပ်သားအင်အား ၂၀၀၀ ၀န်းကျင်ဖြင့် ဆောင်ရွက်နေသည့် စက်ရုံဖြစ်ပြီး လုပ်ခလစာအဆင်မပြေမှုနှင့် အခြားသော ဖိအားများကြောင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ် မတ်လတွင် တစ်ကြိမ် အလုပ်သမားများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
တိုင်ရီစက်ရုံမှပေးအပ်သည့် အခြေခံလစာသည် အခြားသောစက်ရုံများမှ ပေးအပ်သည့် လစာများထက် နည်းပါးနေပြီး လုပ်သားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ပိုင်းတွင်လည်း အလုပ်မြန်မြန်ပြီးစေရန်၊ အရေအတွက် ပိုမိုပြီးစေရန် ဖိအားပေးစေခိုင်းမှုများ အခြား စက်ရုံများနှင့် နှိုင်းယှဉ်ပါက များပြားနေကြောင်း
လက်ရှိအချိန်တွင် အလုပ်သမားအများစု လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းမရှိသေးဘဲ ၎င်းတို့ဘက်မှ တောင်းဆိုသည့်အချက်များ ညှိနှိုင်းမှုမရရှိပါက မြို့နယ်ဝါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြပြီး ရရှိလာသည့် ညွှန်ကြားချက်အရ ဗဟိုဝါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားများဘက်မှ ဆောင်ရွက်ပေးမည့် ရှေ့နေကိုဖိုးဖြူ၏ ပြောကြားချက်အရ သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့် ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့် ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး (Campaign Manager) ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရပါသည်။

"ကချင်ပြည်နယ်၊ မြစ်ကြီးနား ကော်မရှင် အဖွဲ့ခွဲက ပြည်နယ် NLD ကို ခေါ်ပြီး ပြောတာပါ။ ပြန်ခွင့်ပြုတယ်ဆိုပြီး ပြောတာပါ။ အရင် ကန့်သတ်ထားတာတွေ ဖျက်လိုက်ပြီဆိုပြီး ပြောတာပါ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး (Campaign Manager) ဦးဥာဏ်ဝင်းက ပြောကြားခဲ့ကြောင်း

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က "ကြားတာပဲ ရှိပါသေးတယ်။ စာကို မြင်ရတာတို့ အမိန့်ကို မြင်ရတာတို့ အဲ့ဒီလို မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ခေါ်ပြောတယ်ဆိုတာ အပေါ်ကပြောတယ် ဆိုတော့ ရသွားတဲ့ သဘောပါပဲ။ အသေးစိတ်အောက်မှာ ညှိရမယ့်ဟာတွေ ရှိပါသေးတယ်။ အစပိုင်းက အားကစားကွင်း သုံးခွင့်မပြုဘူး။ ခရီးစဉ်လည်း ခွင့်မပြုဘူး ဆိုပြီး ရှိခဲ့တာပါ။" ဟုပြောကြားခဲ့ကြောင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၄ ရက် တို့တွင် စည်းရုံးရေးခရီးစဉ် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွား

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပြီးလို့ မြကာသေးခင်မှာပဲ တဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ပြန် ဖြစ်နေပါတယ်။အစိုးရနဲ့ အပစ်အခတ်ရပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)က တပ်ဖွဲ့တွေနဲ့ နယ်မြေခံအစိုးရတပ်၊ နယ်ခြားစောင့် တပ်တွေနဲ့ ဖြစ်ပွားခဲ့တာပါ။ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ ဒီလ ၁၇ ရက်နေ့ မနက်မှာ အစိုးရတပ် ခလရ ၂၃ က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က တပ်မှူးတယောက်နဲ့ ဇနီးဖြစ်သူတို့ကို ပစ်ခတ်လို့ နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။“အပစ်အခတ်ရပ်စဲရေးကို ယုံပြီးတော့ ကျနော်တို့ တပ်မှူးတယောက် ဈေးဝယ်ပြီး ပြန်လာတာ။ အစိုးရတပ်နဲ့တွေ့တော့ အပစ်ခံရတာ သူ့မိန်းမကိုလည်း ပစ်သတ်တယ်။ သူ့ဆီမှာ ပါလာတဲ့ ရွှေတွေ၊ ငွေတွေလည်း ယူသွားတယ်။ သေနတ်တလက်လည်း သိမ်းယူသွားတယ်။”၁၉ ရက်နေ့မှာ အစိုးရတပ်တွေနဲ့ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ဝမ့်ဟန်ဖိုက်ရွာနားမှာ တြကိမ်၊ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းဟိုင်းတိုက်နယ်ဘက်မှာ တြကိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ အစိုးရတပ်ဘက်က သဘောတူညီချက်ကို မလိုက်နာဘဲ နယ်မြေကျော်လို့ ဖြစ်တာလို့ အက်စ်အက်စ်အေက ပြောပါတယ်။
ဒီကိစ္စကို အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဆီကို ဒီနေ့ စာရေးမေးမြန်းထားတယ်လို့ သူက ပြောပါတယ်။“အပစ်အခတ်ရပ်စဲရေးကို ယုံကြည်ပြီးတော့ သဘောတူညီထားတဲ့အတိုင်း ကျေးလက်ဒေသတွေမှာ ကျနော်တို့နြေကတယ်။ မြို့ထဲကိုလည်း ကျနော်တို့ မသွားဘူး။ ဒါပေမယ့် မလိုအပ်တဲ့ ပြဿနာတွေ ခုတလောမှာ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ အစိုးရတပ်တွေက ဒေသတဝိုက်ထဲ လာပြီး လှုပ်ရှားနေတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တွေ့တိုင်း ပြဿနာ ဖြစ်ရတယ်။”ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲကြောင့် အစိုးရတပ်ချောကားပေါ်က ကားစပယ်ယာ ပုံဝိုးရွာက ရွာသားတဦး သေဆုံးခဲ့ပြီး အပစ်ခံရသူ ရှမ်းပြည်တပ်မတော် တပ်မှူးနဲ့ ဇနီးသည်တို့ရဲ့ ၅ နှစ်အရွယ် ကလေးငယ်တဦး မိဘမဲ့ ဖြစ်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ အစိုးရတပ်အြကား ဇန်နဝါရီ လလယ်ပိုင်းက နှစ်ဖက် အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ပြီး တိုက်ပွဲတွေ ဖြစ်နေတာပါ။ကရင်ပြည်နယ်ဘက်မှာတော့ အပစ်အခတ်ရပ်ဖို့ သဘောတူထားကြတဲ့ ဒီကေဘီအေနဲ့ အစိုးရဘက်က နယ်ခြားစောင့်တပ်အြကား လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ မနေ့က ညနေပိုင်းနဲ့ ဒီနေ့ နေ့လည်မှာ တိုက်ပွဲဖြစ်ပါတယ်။အဓိကကတော့ ဒီကေဘီအေရဲ့ စခန်းငါးခုက လက်နက်တွေကို နယ်ခြားစောင့်တပ်က ဝင်ရောက်သိမ်းပိုက်တဲ့အတွက် ဒါကို မကျေနပ်လို့ နယ်ခြားစောင့်တပ်ရဲ့ လက်နက်သယ်တဲ့ယာဉ်တန်းကို ဒီကေဘီအေက စောင့်ပစ်တာ အစိုးရဘက်က ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။ဒီနေ့ မွန်းတည့်မှာ မြိုင်ကြီးငူဘုန်းကြီးကျောင်းအနားမှာ စခန်းချတဲ့ ဒီကေဘီအေတပ်ဖွဲ့ကို နယ်ခြားစောင့်တပ်က စနိုက်ပါနဲ့ဝင်ပစ်သွားလို့ အရာရှိတဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒီကေဘီအေ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။နယ်ခြားစောင့်တပ်က သိမ်းယူသွားတဲ့ လက်နက်တွေကို မြဝတီ ဆက်ဆံရေးရုံးကနေ တဆင့် ပြန်တောင်းမှာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်မရရင် တိုက်ယူမယ်လို့ သူက ပြောပါတယ်။အပစ်အခတ်ရပ်ကြပီးမှ တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့အပေါ် ဒီကေဘီအေ ပြောခွင့်ရ ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောလုံ့လုံက ခုလိုပြောပါတယ်။“ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက တတိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ပုံစံ ဖြစ်ချင်တယ်။ အဲဒီတော့ ဒီလိုမျိုးပုံစံတွေမှာ ကျနော်တို့ ညီညွတ်ချင်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘဲ အေးအေးချမ်းချမ်းနဲ့ လမ်းကြောင်း လျှောက်ချင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ အားပေးချင်တယ်။ ဖြစ်တာကောင်းတာပေါ့။ ဖြစ်ဖို့ကတော့ သက်ဆိုင်ရာ အာဏာပိုင် အဓိကကတော့ နိုင်ငံတော်က ဒီကိစ္စကို မြဖစ်သင့်တာ မြဖစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သင့်တယ်။
အန်အယ်လ်ဒီကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်
ဝတုတ်

ဒီမိုကရေစီစနစ်မှာ တပ်မတော်ဟာ အမိ၊ တပ်မတော်ဟာ အဖ မဟုတ်ဖူး။ အလားတူပဲ ဒီမိုကရေစီစနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖ မဟုတ်ဖူး။ ပြည်သူလူထုသာ အမိ၊ ပြည်သူလူထုသာ အဖ ဖြစ်တယ်။ ပြည်သူလူထုက သူတို့ဆန္ဒကို ဖော်ဆောင်ပေးဖို့ အစိုးရကို အတိုက်အခံကို ရွေးချယ် တာဝန်ပေးရတာမျိုးဖြစ်တယ်။ အစိုးရပဲ ဖြစ်ဖြစ်၊ တခြားအတိုက်အခံပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ဆောင်ပေးရမယ့် တာဝန်က သွေဖည်လာပြီဆိုရင် ဒီတာဝန်ကို သက်ဆိုင်ရာအားလုံးကို သတိပေးဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။

ဖျာပုံတရားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ရွေးကောက်ပွဲဝင်မှာကို ကန့်ကွက်ဝေဖန်မှုတွေကို တုံ့ပြန်ပြောသွားတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ နေရာအားလုံး ရရင်တောင် ဒီအမတ်အရေအတွက်က ထိထိရောက်ရောက် လုပ်နိုင်မယ့် အရေအတွက်မဟုတ်တဲ့အတွက် ဘာထူးမှာလဲဆိုပြီး ဝေဖန်တာကို အရေအတွက်က အဓိက မကျပါဘူးတဲ့၊ အရည်အချင်းက အဓိကကျပါတယ်ဆိုပြီး ပြောသွားတယ်။ ဒါဟာ စိတ်တိုင်းကျစရာကောင်းတဲ့ အဖြေမဟုတ်ဘူး။ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အရွေးခံရလို့ လွှတ်တော်ထဲရောက်ရင် သူတို့အရည်အချင်းနဲ့ ကျန်တဲ့လူတွေကို စည်းရုံးသိမ်းသွင်းနိုင်မယ်ထင်လို့ ပြောတာပဲလား။

ကမ္ဘာတဝှမ်းက လွှတ်တော်တွေကို ကြည့်ရင် အမတ်တယောက်က သူ့ပါတီက ချပေးတဲ့လိုင်းအတိုင်း မဲပေးရတာပဲ။ အဆိုတခုကို လွှတ်တော်မှာ မဲခွဲပြီဆိုရင် ဒီအဆိုကို ကြံ့ဖွံ့ပါတီက မကြိုက်ရင် ကြံ့ဖွံ့ပါတီ အမတ်အားလုံးက မကြိုက်ဘူးဆိုတဲ့ မဲပဲ ပေးရတယ်။ ကြံ့ဖွံ့အမတ်တယောက်တလေက ချွန်ပြီး ဆန့်ကျင်ဘက်မဲ ပေးရင် အဲဒီကြံ့ဖွံ့အမတ်ကို သူ့ပါတီ စည်းကမ်းထိန်းသိမ်းရေးမှူးက သတိပေးတန် သတိပေးပြီး နောက်ဆုံး တခြားတယောက်ယောက်နဲ့ အစားထိုးပစ်တဲ့ထိ လုပ်မှာပဲ။ ဒီတော့ ကြံ့ဖွံ့ပါတီ အမတ်တဦးချင်းဆီကို စည်းရုံးသိမ်းသွင်းပြီး ကိုယ်ဖြစ်စေချင်တဲ့ ပေါ်လစီတွေ ချမှတ်နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

“ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။”

လွှတ်တော်ထဲမှာ ဘယ်အဆို တင်တင် လွှတ်တော်အမတ်တယောက်ရဲ့ မဲကို တမဲပဲ သတ်မှတ်တယ်။ အောင်ဆန်းစုကြည်မို့ သူ့မဲက သူများမဲထက် ပိုသာတယ်ဆိုတာ လက်လွတ်စပယ် ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်ကသာ အရည်အချင်းက အရေအတွက်ထက် အရေးကြီးတယ် ပြောနေပေမယ့် ဟိုတနေ့က အန်အယ်လ်ဒီကနေ မိထ္ထီလာမှာ အမတ်အဖြစ် ဝင်အရွေးခံမယ့် ဗိုလ်ကြီးဟောင်း ဝင်းထိန်နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါရင် ပြည်သူလူထုက မဲထည့်မှာပဲလို့ ခပ်ပေါ့ပေါ့ ပြောတယ်။ နောက်လိုက်တွေက ကိုယ့်အရည်အချင်းထက် ခေါင်းဆောင်အရှိန်အဝါကို မှီပြီး လိုက်မယ့်သူတွေ၊ ကိုယ်ပိုင်အရည်အချင်းမရှိသူတွေ ဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းက အဓိက ဆိုတဲ့အပြောကို သူ့ပါတီက လူတွေဆီက ထွက်လာတဲ့ စကားတွေက ပြန်ချေနေတာကို ပြနေတယ်။

လွှတ်တော်ထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ရှိ အန်အယ်လ်ဒီ ကျင့်သုံးနေတဲ့ပုံစံနဲ့ တိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အတွက်က ရှင်းနေပြီးသားပါ။ ရှင်းနေပြီးသားကို အချိန်ကုန်ခံ၊ ကြောင့်ကြစိုက်ပြီး ရှင်းသထက်ရှင်းအောင် တချို့က ကျကျနန တင်ပြပေးလာတာတောင် (Swe Swe Kyi Facebook ရဲ့ wall ပေါ်က ပို့စ်ကို ကြည့်ပါ။) ခုလက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဇွတ်ကြီး အကောင်းမြင်တဲ့ လူတွေကလည်း ဒီပုံစံနဲ့ သွားမှရမယ်ဆိုတာ ရှင်းနေတာပဲဆိုပြီး ပြောတယ်။ ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။

လွှတ်တော်ထဲ ဝင်ပြီးလုပ်မှ ရမယ်ဆိုတာ ရှင်းနေတာပဲလို့ ပြောတဲ့အုပ်စုရဲ့ စဉ်းစားချက်ကို အဓိက ပင့်ထောက်ထားတဲ့ အကြောင်းပြချက်တွေကို ကြည့်ရင် လွှတ်တော်ထဲ မဝင်ရင် တရားဝင် ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ကို ဝင်ရမယ်လို့ အကြောင်းပြတယ်။ တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်ဖို့ အရေးကြီးတယ်ဆိုတာကလည်း တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှ နိုင်ငံရေးကို ဆက်လုပ်နိုင်မှာမို့လို့ ဆိုပြီး ထပ်အကြောင်းပြကြတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မဝင်ရင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မရပ်နိုင်၊ နိုင်ငံရေးလုပ်လို့ မရနိုင်ဘူး ဆိုတာ လက်ခံရင်တောင် လွှတ်တော်ထဲ ဝင်လိုက်တာနဲ့ နိုင်ငံရေး လုပ်နိုင်ပြီလို့ ကောက်ချက်ချလို့မရဘူး။ လွှတ်တော်ထဲမှာ ရှိနေတဲ့ အတားအဆီးတွေ စိန်ခေါ်မှုတွေဟာ မျက်ရည်ခံထိုးပြရုံနဲ့ ကျော်လွှားနိုင်တဲ့ အတားအဆီးတွေ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီနဲ့ သူတို့ကို ထောက်ခံနေသူတွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး ချော့လိုက်တာနဲ့ အားလုံးပျော့ပြီး သူ့နောက်လိုက်လာမယ် ထင်နေကြတယ်။

လွှတ်တော်ထဲ ဝင်ရုံကလွဲပြီး တခြားလမ်းမရှိဘူးလို့ ပြောတဲ့အခါ ဖြစ်နိုင်ခြေရှိတဲ့ လမ်းအားလုံးကို စဉ်းစားရဲ့လား ဆိုတာလည်း မေးစရာပဲ။ အန်အယ်လ်ဒီက လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးဟာ ပြည်သူလူထု ထိခိုက်နစ်နာစေမယ်၊ လွှတ်တော်နည်းလမ်းက ထိခိုက်နစ်နာမှုမရှိဘဲ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့လည်း အကြောင်းပြပြန်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီ လွှတ်တော်ထဲ ဝင်တဲ့အခါ ကျတော့ရော ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ လျော့သွားအောင် အန်အယ်လ်ဒီက ဘာလုပ်ပေးမှာလဲ။ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ ဖိနှိပ်ခံရတာတွေကို သူတို့ဘက်က လူသိရှင်ကြား ထောက်ခံမှုပြဖို့ သူတို့ရဲ့ အားကိုးအားထားရာဆိုတာ ပြနိုင်ဖို့၊ ဦးဂမ္ဘီရကို မတရား ဖိနှိပ်အနိုင်ကျင့်နေတာကို ကြားက ဝင်ပြောဖို့ဆိုတာ လမ်းပေါ်ထွက်စရာ မလိုပါဘူး။ အဲ့သလို လမ်းပေါ်ထွက်စရာမလိုဘဲ လူသိရှင်ကြား ပြောရုံပြောဖို့ကိုတောင် နှာစေးနေတဲ့နောက် လွှတ်တော်ထဲရောက်ရင် အားလုံး လုပ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်ကို ဘယ်လိုယုံရမလဲဆိုတာ မေးစရာဖြစ်နေတယ်။

ဒီတော့ စစ်အုပ်စု ငြိုငြင်မှာမို့ ဖြစ်နိုင်ခြေရှိတဲ့ ရွေးစရာ နည်းလမ်းတွေထဲက ကိုယ်မလုပ်ချင်တဲ့ ဒါမှမဟုတ် မလုပ်ဝံ့တဲ့ လမ်းကြောင်းကို ရွေးစရာနည်းလမ်းအဖြစ် စကတည်းက မစဉ်းစားဘဲ ပယ်ထားပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို စကတည်းက ကြိုတင်နှပ်ကြောင်းပေးထားတာလားဆိုတာ ယူဆစရာ ဖြစ်လာတယ်။ စစ်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်ပေးရင် တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုလျော့ကျအောင် လုပ်နိုင်မယ်ဆိုပြီး ပေးတဲ့ ဆင်ခြေနဲ့ အန်အယ်လ်ဒီက လွှတ်တော်ထဲရောက်အောင် ပို့ပေးရင် ပြည်သူလူထုအတွက် လုပ်ပေးနိုင်မယ်ဆိုတဲ့ ဆင်ခြေနှစ်ခုဟာ တပုံစံထဲပဲလား ဆိုတာကို ခု ဦးဂမ္ဘီရတို့ကိစ္စ၊ အလုပ်သမားသပိတ်တွေ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ကြည့်ပြီး မေးစရာဖြစ်လာနေတယ်။

တကယ်က ကိုယ့်ပြည်သူလူထု ဆင်းရဲမွဲတေမှု လျော့ကျစေချင်ရင် စစ်အုပ်စုအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ယိုးမယ်ဖွဲ့မနေဘဲ လုပ်နိုင်တာတွေ ရှိတာပဲ။ အစိုးရက ပြည်သူလူထုအတွက် စေတနာကို မရှိလို့ကို မလုပ်တာ။ အန်အယ်လ်ဒီအနေနဲ့လည်း ပြောခဲ့တဲ့ လူထုကို၊ အကာအကွယ်မဲ့ရှာသူတွေကို ဖိနှိပ်တဲ့ ကိစ္စတွေမှာ သူတို့ဘက်ကနေ လူသိရှင်ကြား ရပ်တည်ပေးဖို့ဆိုတာ ဘာဖြစ်မှ ညာဖြစ်မှ လုပ်နိုင်မယ်ဆိုပြီး အကြောင်းပြနေတယ်ဆိုရင် စစ်အုပ်စုဆင်ခြေနဲ့ အန်အယ်လ်ဒီဆင်ခြေ အတူတူပဲလားဆိုပြီး မေးစရာ ဖြစ်လာနေတယ်။ တချို့ကတော့ အန်အယ်လ်ဒီက လူသိရှင်ကြား ထောက်ခံတယ်လို့ မပြောပေမယ့် ကချင်ဒေသတွေကို ဒေါ်စုကိုယ်တိုင် ငွေလှူတယ်။ နောက် လယ်သမားတွေ မြေသိမ်းခံရတဲ့ ကိစ္စ၊ တိုင်ရီ အလုပ်သမားတွေ ဆန္ဒပြနေတဲ့ ကိစ္စတွေမှာ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့တွေကို လွှတ်တယ်ဆိုပြီး ကျိုးကြောင်းခိုင်လုံမှုမရှိတဲ့ ဆင်ခြေမျိုးတွေနဲ့ ဖာထေးပေးကြတယ်။

တကယ်က မစုစုနွေးက သူ တိုင်ရီ အလုပ်သမားတွေဆီ သွားတာ အန်အယ်လ်ဒီက လွှတ်လို့ သွားတာလို့ ပြောသံမကြားဘူး။ ပါတီဝင်တယောက်က သူ့သဘောနဲ့သူ သွားတာနဲ့ ပါတီကို ကိုယ်စားပြုသွားတာ လေးနက်မှုချင်း ဘာမှမဆိုင်ဘူး။ အဲသလို မဆိုင်တာကို ဆိုင်သယောင် ပြောတာကိုက ရိုးသားမှုမရှိတာကို ပြနေတယ်။ နောက်တခုက အန်အယ်လ်ဒီက ဦးဂမ္ဘီရတို့၊ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့လုပ်နေတဲ့ သက်ဆိုင်ရာ အာဏာရှိသူတွေကို တိုက်ရိုက်အရေးဆိုတဲ့ ပုံစံ၊ မတရားတဲ့ အာဏာတွေ ဥပဒေတွေကို ဖီဆန်တဲ့ ပုံစံမျိုးကို မူအားဖြင့် လက်မခံဘူး။ ဒီအချက်ဟာ အဓိက အချက်ပဲ။ အဲဒီ့အတွက်ကြောင့် ဒီလူတွေကို သူတို့နဲ့ မဆိုင်သလို သဘောထားနေတာ။ သူတို့အမြင်မှာ အန်အယ်လ်ဒီကို ဒီလူတွေနဲ့ တွဲမြင်နေတာ အန်အယ်လ်ဒီအတွက် အာဏာပိုင်တွေ ငြိုငြင်စရာဖြစ်မယ်လို့ တွက်နေတယ်။ အာဏာပိုင်တွေ မျက်မုန်းကျိုးအောင် မလုပ်မိဖို့ သတိထားနေရင်းနဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုရမယ့် အဖွဲ့အစည်းဟာ ပြည်သူ့ဆန္ဒကို မသိကျိုးကျွန်ပြုရုံမက ပြည်သူ့ဆန္ဒကို ဖော်ဆောင်တဲ့ အလုပ်တွေကိုပါ ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားနေတယ်။

ဒေါ်နော်အုန်းလှရဲ့ လှုပ်ရှားမှုတွေကို အန်အယ်လ်ဒီက အဖွဲ့ချုပ် ဒုက္ခရောက်အောင် တမင်လုပ်နေတာ၊ ဒေါ်နော်အုန်းလှကို မယုံရဘူးဆိုပြီးတောင် သွားပုပ်လေလွင့် ပြောသေးတယ်။ ဒါ ကျနော်ကိုယ်တိုင် နားနဲ့ ကြားခဲ့ရတာ။ နောက်တခါ ခုအချိန်ဟာ အင်မတန်မှ သိမ်မွေ့တဲ့ အချိန်ကာလမို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို အကုန်ထုတ်မပြောသေးတာကို ဝေဖန်မစောသင့်ဘူးလို့ ပြောကြတယ်။ အမှန်က ခုလို အပြောင်းအလဲကို ဖော်ဆောင်နေတဲ့ကာလမှာ ခေါင်းဆောင်လုပ်သူအနေနဲ့ ပိုတောင်မှ ပွင့်လင်းထင်သာမှု ရှိသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲတွေရဲ့အကျိုးဆက် ဒါမှမဟုတ် ထိရောက်တဲ့ အပြောင်းအလဲ မရှိခြင်းရဲ့အကျိုးဆက်ကို ပြည်သူလူထုက အဓိက ရင်ဆိုင်ရမှာမို့လို့ပဲ။ အစိုးရ ချထားတဲ့ ခွင်ထဲမှာ ဝင်ကစားနေရတဲ့အချိန်မှာ အမှားအယွင်းကို ပြည်သူလူထုက အရင်ဆုံးခံရမှာ။ ဒါ့ကြောင့် အန်အယ်လ်ဒီက ဘာ့ကြောင့် ဝင်ကစားတယ်၊ ဘယ်လို ကစားမလဲ ဆိုတာ ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိခွင့်ရှိတယ်။ တကယ်တော့ တရားဝင်ပါတီအဖြစ်နဲ့ ဆက်ရပ်တည်မှ ဖြစ်မယ်ဆိုတဲ့ အပြောက ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လာပြီးမှ ကြားလာရတဲ့ စကားပါ။ ဘာလို့ဆို ဦးဝင်းတင်ကိုယ်တိုင်က နိုင်ငံရေးပါတီရယ် ဆိုပြီး ရှိမှ နိုင်ငံရေးလုပ်လို့ရတာ မဟုတ်ဘူးလို့ ပြောဖူးတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ ပြန်မလွတ်သေးခင် အန်အယ်လ်ဒီက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်း အန်အယ်ဒီပါတီရဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကို မေးခွန်းထုတ်လာကြချိန်မှာ သူတို့ရဲ့ ပြောခွင့်ရတာဝန်ခံ ဉီးဉာဏ်ဝင်းကိုယ်တိုင်က ပြည်သူလူထုရဲ့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိတယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ ပျက်မသွားဘူး၊ ရှိနေတာပဲဆိုပြီး ပြည်ပမီဒီယာတခုနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တယ်။ ဒီတော့ ပါတီရှိမှ နိုင်ငံရေးလုပ်နိုင်မယ် ဆိုတာထက် မှန်ကန်တဲ့ဘက်က ရပ်ပြီး အားနည်းသူ၊ အကာအကွယ်မဲ့သူ ပြည်သူလူထုအတွက် သူတို့ကိုယ်စား ဖိနှိပ်ချုပ်ချယ်သူကို ပြတ်ပြတ်သားသား ရင်ဆိုင်တဲ့နည်းနဲ့ နိုင်ငံရေးမီးကို မသေအောင် ဆက်ဖိုထားနိုင်တယ်ဆိုတဲ့ အယူအဆကို အန်အယ်လ်ဒီဟာ မှန်ကန်တဲ့နည်းအဖြစ် ဆုပ်ကိုင်ခဲ့ဖူးတာပဲ။

အန်အယ်လ်ဒီက တိကျရေရာမှုမရှိတဲ့ အပြောတွေကို ပြောနေတာကို ထိန်းကျောင်းဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်။ ပြည်သူလူထုမှာ အဓိက တာဝန်အရှိဆုံးလို့တောင် ပြောရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို ကိုယ်က ပုံဖော်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူ ချပေးထားတဲ့ ပုံစံခွက်ထဲမှာ ကျေကျေနပ်နပ်နဲ့ မနေသင့်ဘူး။ ငါ့နောက်က လိုက်ခဲ့လို့ ပြောတာနဲ့ ကျေကျေနပ်နပ် လိုက်နေလို့ မရဘူး။ ကိုယ်နဲ့တကွ ကိုယ့်ပြည်သူလူထုကို ကိုယ်စားပြုမယ့် ပြည်သူ့ကိုယ်စားလှယ်ကို ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံတာဟာ အချောင်သမားစိတ်ဓာတ်ပဲ။ လူမုန်းခံရဲရမယ်၊ မှန်တယ်ထင်ရင် ပြောရဲရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ အမိ၊ ပြည်သူလူထုဟာ အဖတဲ့။ သူတို့ကို ကိုယ်စားပြုမယ့် ခေါင်းဆောင်က သူတို့ရဲ့ ကျေးကျွန် အစေအပါး၊ သားသမီးပေါ့။ ဒီတော့ သားသမီး မကောင်း မိဘခေါင်း မဖြစ်ရအောင် ကိုယ့်သားသမီးနဲ့ တူတဲ့၊ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို လမ်းမှားမရောက်အောင် လမ်းညွှန်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူက ပေးနေတဲ့ ကတိတွေကို သူ့အနေနဲ့ တကယ်တည်နိုင်စွမ်းရှိမရှိကို တာဝန်သိတဲ့ ပြည်သူလူထုက သတ္တိရှိရှိ ထောက်ပြဝေဖန်သင့်တယ်။

ဒီတော့ ဘာတွေ ထောက်ပြဝေဖန်သင့်လဲ။ အခုလောလောဆယ်မှာ ဇေကမ္ဘာက မြေတွေ သိမ်းနေတဲ့ ကိစ္စ၊ တိုင်ရီ ဖိနပ်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှု၊ ဆရာတော် ဦးဂမ္ဘီရကို မတရား အနိုင်ကျင့်နေတဲ့ ကိစ္စတွေကို အန်အယ်လ်ဒီက အစိုးရကို အရေးဆိုပေးဖို့ တောင်းဆိုသင့်တယ်။ စုပေါင်းလက်မှတ်ထိုးပြီး အန်အယ်လ်ဒီကို သွားတင်ပြတာတွေ လုပ်သင့်တယ်။ အန်အယ်လ်ဒီကို ဒီနည်းနဲ့ နည်းလမ်းမှန်ပေါ် လျှောက်နိုင်အောင် ထိန်းကျောင်းသွားရမယ်။ ဒီလိုပြောတာဟာ ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ကနေ့ချိန်ထိ ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ထုတ်ပေးနိုင်မယ့် အဖွဲ့အစည်းအဖြစ်နဲ့ မြင်နေသေးလို့ပဲ။ အန်အယ်လ်ဒီကသာ ပြောခဲ့တဲ့ ကိစ္စတွေကို လူသိရှင်ကြား တခုခု စပြောလိုက်ပြီဆိုရင် အန်အယ်လ်ဒီကို သံသယရှိနေသူတွေရဲ့ ယုံကြည်မှုဟာ တက်လာမှာပဲ။

ပြည်သူလူထုမှာ အင်အားမရှိဘူးလို့ တချို့က ထင်နေကြတာ တကယ်တော့ မှားတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရမှ လူထုထောက်ခံမှုမရှိဘဲ မရပ်တည်နိုင်ဘူး၊ နိုင်ငံရေးမလုပ်နိုင်ဘူး။ ဖျာပုံတရားပွဲမှာ အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်မှာကို ဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောလာတာကိုက ဒီဝေဖန်မှုတွေရဲ့အရှိန်ကို သူသတိပြုမိလို့ ပြောလာရတာပဲ။ ဒီတော့ ခုပြောခဲ့တဲ့ နည်းတွေနဲ့ ပြည်သူလူထုဟာ သူတို့ကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းကို ကိုယ်လိုချင်တဲ့လမ်းကြောင်းအတိုင်း လျှောက်အောင် ထိန်းကျောင်းသွားနိုင်တယ်ဆိုတာ ပြရမယ်။ ပြည်သူလူထုတရပ်လုံးမှာ တာဝန်ရှိတယ်။

(ဒီဆောင်းပါးကို မတင်ခင် ဝေဖန်ထောက်ပြ အကြံပေးသူအားလုံးကို ကျေးဇူးပါ။)
“၀ီရသူ သဘောထား”
၁၉.၂.၂၀၁၂-ရက်စွဲပါ နိုင်ငံတော်ပိုင် သတင်းစာများ၌ပါရှိသောဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍

အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်။ (၂၀.၂.၂၀၁၂) ၁၃၇၃-ခု၊ တပိုတွဲလဆုတ်(၁၃)ရက်။
(က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသော ကျင့်ဝတ်ဥပဒေ များကို လျစ်လျူရှုခဲ့ပါသည်။
တရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကို ရယူနိုင်ပါလျက် ဥပဒေမဲ့ ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ် သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့် ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏ အပြုအမူ မဟုတ်သလို၊ ဒီမိုကရေစီ နည်းလမ်းလည်း မကျပါ။ ဒီမိုကရေစီကို လိုလားသူ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီ နည်းလမ်းကျ ဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါသည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာ ကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင် လာရမည်သာ ဖြစ်ပါသည်။
ပို၍ဆိုးသည်မှာ-နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ် မေတ္တာရပ် ခံပါလျက် “မိမိလိုသံဃာတစ်ပါးအတွက် လိုအပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွား မည်မဟုတ်ကြောင်း’’တင်းခံငြင်းဆန်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ငြင်းဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။
(ခ) ဦးဂမ္ဘီရ လျှောက်ထားသည့် အချက်(၁၀)ချက်ပါ လျှောက်ထားချက်ကို လျှောက်ထားခွင့်ပြုသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား လေးစားကြည့်ညိုမိပါသည်။
ဦးဂမ္ဘီရ လျှောက်ထားသည့် အချက်များတွင် ရွှေည၀ါဆရာတော် ဦးပညာသီဟအား သာဓုဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား(၄၁၅)ဦးတွင် ပါဝင်သော ရဟန်း(၄၃)ပါးအား အကျဉ်းထောင်မှလွတ်မြောက်ရန် နိုင်ငံတော်သံဃာ့ မဟာနာယကက ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးနက်ရှုတ်ချကြာင်းတို့ ပါဝင်သည်ကို တွေ့ရပါသည်။
(၂)
ကန့်ကွက်ထိုက်သည်ကိုကန့်ကွက်ခြင်း၊ရှုတ်ချထိုက်သည်ကို ရှုတ်ချခြင်း ဖြစ်သောကြောင့် ဦးဂမ္ဘီရ၏ လျှောက်ထားချက် အပြည့်အ၀ မှန်ကန်ပါသည်။ မြတ်စွာဘုရားက “ချစ်သားတို့ ငါဘုရားမှာ အပြစ်ရှိ လျှင်လည်းထောက်ပြကြ’’ ဟုမိန့်တော်မူဖူးပါသည်။ ဟန္ဒ ဒါနိ ဘိက္ခဝေ ပ၀ါရေမိ ဝေါ နစမေ ကိဉ္စိ ဂရဟထ ကာယိကံ ၀ါ ၀ါစသိကံ ၀ါ ။ (သဂါထာဝဂ္ဂ ပါဠိ၊ ပ၀ါရဏာသုတ်) “ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူရာ နှုတ်အမူရာကို သင်တို့မကဲ့ရဲ့ဘဲ ရှိကြ ကုန်၏လော။’’ (၎င်းသုတ်မြန်မာပြန်)
န စ ကိဉ္စီတိ ပုစ္ဆနတ္ထေ နကာရော။ ကိံ မေ ကိဉ္စိ ဂရဟထ?
ယဒိ ဂရဟထ, ၀ဒထ, ဣစ္ဆာပေမိ ဝေါ ၀တ္တုန္တိ အတ္ထော။ (၎င်း၊ဋ္ဌ။၂၅၃)
ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှု့နှင့်၊ပြစ်ဒဏ် လုံးဝမျှတသည့် အမိန့် အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းကျသံဃာများနှင့်ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှ ဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာ လုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝ စိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင်သည့် အာဏာရှင် အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဦးဂမ္ဘီရ၏ ကန့်ကွက်ခြင်း၊ အလေးအနက်ရှုတ်ချချင်းကို အပြည့်အ၀ ထောက်ခံကြောင်း အတိအလင်း ကြေငြာ ပါသည်။ သို့သော် ဦးဂမ္ဘီရသည် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဂုဏ်ကို မလေးစားမလိုက်နာဘဲ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နိုင်ငံရေးအရ ထိုးနှက်နှိပ်နယ်သည့် သဘောသက်ရောက်သွားပါသည်။ ဓမ္မကို မြတ်နိုးသူဖြစ်လျှင် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားရမည် ဖြစ်ပါသည်။ ဥပမာ - ရွှေည၀ါဆရာတော် အပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို ပြန်လည် စဉ်းစားသုံးသပ်၍ လျှော့ပေါ့ပေးစေလိုပါသည်ဘုရား။ (၀ါ)လျှော့ပေါ့ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား-ဟူ၍ ဖြစ်ပါသည်။
ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသော ဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီယာများမှ တစ်ဆင့် ကန့်ကွက်နိုင်ပါသည်။ ရှုတ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံး ထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက် မလျှောက်ထားသင့်ပါ။ မရိုသေ မလေးစားရာ၊
(၃)
စော်ကားမော်ကားပြုရာ ရောက်နေပါသည်။ မိမိအပြု အမူကို အကြောင်းပြု၍ ရဟန်း၊ ရှင်၊ လူအပေါင်း အကုသိုလ်များ မတိုးပွားစေသင့်ပါ။
(ဂ) ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရမည်သာ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီးလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။
ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသော ပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ် နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့ အကြောင်းပြနိုင်လောက်အောင် လုံလောက်သော ဆင်ခြေမရှိ သောကြောင့် ဥပဒေမဲ့ လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင် ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင် သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ်ပါး၏ ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထု အပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့်သတ်ချက် မျိုးကိုမဆို ငြိမ်းချမ်းသော နည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။
သမ္မောဒမာန ဇာတ်တော်အတိုင်းပင်
ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။
မေတ္တာရှေ့ထား ၊မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁)
ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက်

ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

တပ်မတော်သားကိုယ်စားလှယ်များမပါတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် သူရဦးရွှေမန်းတို့ တွေ့ဆုံမည်ဖြစ်၍ လွှတ်တော်အစည်းအဝေးရ

တပ်မတော်သား ကိုယ်စားလှယ်များမပါ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များနှင့်ပြည်သူ့လွှတ်တော် ဥက္ကဌတို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ တွင်တွေ့ဆုံမည် ဖြစ်သောကြောင့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ကို(၅) ရက်သာ ကျင်းပပြီးရပ် နားခဲ့ ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးရပ်နားရခြင်းမှာ-ပြည်သူ့ လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နှင့်ပြည်သူ့လွှတ်တော် တရားစီရင် ရေးနှင့် ဥပဒေရေး ရာကော်မတီ မှတာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း ဒေသကြီးရှိ တိုင်းဒေသကြီးလွှတ် တော် ကိုယ်စား လှယ် အသီးသီး နှင့် တွေ့ ဆုံရန် ဖြစ်ကြောင်း သိရသည်။အဆိုပါတွေ့ဆုံမှုမှာ ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင်နံနက်(၉)နာရီ တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ရုံးတွင် တွေ့ဆုံသွား ကြောင်းသိရသည်။
ယခင်ကရန်ကုန်တိုင်း ဒေသကြီး ပထမ အကြိမ် တတိယ လွှတ်တော် အစည်းအဝေးအား ယခင်ကဖေဖော်ဝါရီ(၁၄)ရက်မှ (၂၁)ရက်နေ့ အထိကျင်းပ ရန်စီ စဉ်ထားသောလည်း ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးကိုရပ် နားခဲ့ပြီး ဖေဖော်ဝါရီ (၂၁)ရက် နေ့တွင် မေးမြန်းကြမည့် အဆိုများ၊ မေးခွန်းများနှင့်ဥပဒေကြမ်း အ တည်ပြုခြင်း များကို ဖေဖော်ဝါ ရီ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။''အဆိုတွေ၊မေးခွန်းတွေကိုတော့ စာနဲ့ပြန်ဖြေခဲ့တယ်။ ကျန်တဲ့ဥပဒေကြမ်း ကိုတော့ဒီနေ့ပဲ အတည်ပြုခဲ့တယ်။ကျွန်တော့် မေးခွန်းတွေ ကိုစာနဲ့ပြန်ဖြေ ထားတယ်။သူရဦးရွှေမန်းနဲ့သူရဦး အောင်ကိုတို့ (၂၂) ရက် နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အားလုံးနဲ့တွေ့မယ် လို့ပြောတယ်။ အဲ့ဒီမှာ တပ်မတော်သား ကိုယ်စား လှယ် တွေမပါဘူးလို့သိရတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ဦးဝင်းထိန် ကဆိုသည်။
ရန်ကုန်တိုင်းမ်

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment