မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ ဖေဖေါ်ဝါရီလ ၂၂ ရက်၊ ၂၀၁၂
စာဖတ်တဲ့ ရွာသူကြီး 
ကျနော်တို့ရွာ ကအိမ်ခြေ ၂၀၀ ကျော်ကျော်လောက်ရှိတဲ့ အသင့်အတင့် ကြီးတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ ၁၉၈၅ လောက်ကတည်းက တွဲဘက် အလယ်တန်းကျောင်း ရှိတယ်။ အဲဒီလို ရွာမျိုးမှာ ရွာသူကြီးဖြစ်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ရွာသူကြီးဖြစ်ဖို့ ပထမ တချက်က ရွာဦးဘုန်းကြီးရဲ့ ထောက်ခံမှုက သိပ်အရေးပါတယ်။ တနယ်တကျေးက ဆရာတော် သမားတော်တွေလာရင် ဘာသာရေးအကြောင်း ၊ ဘရားဟော တရားတော်လာ နိပါတ်တော်တွေ၊ ခေတ်အဆက်ဆက် ရေးသွားခဲ့ကြတဲ့ ရခိုင်ရာဝင်တွေကို ဆွေးနွေးနိုင်မှ ရွာဦးဆရာတော်ဘုရားက မျက်နှာသာပေးတာပါ။ ဒါက စာပေဗဟုသုတ ဘက်က ပြည့်စုံရမယ့် အနေထားပါ။
ဒုတိယ အချက်က ရွာသူကြီး လုပ်မယ့်လူဟာ မိသားစုစားဝတ်နေရေး ပြေလည်တဲ့သူ ဖြစ်နေရပါတယ်။ အကြောင်း ကိစ္စတခုခုကြောင့် ဆယ်ရက် တစ်ပတ် အိမ်ကခွာပြီး သွားလာနိုင်တဲ့သူ ဖြစ်ရပါမယ်။ နောက်ကြောမလုံတဲ့သူ မဖြစ်ရဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။
တတိယအချက်က ရိုးသားတဲ့သူ ဖြစ်စေရမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဘယ်လောက်ဘဲ ဘာသာရေး၊ ရာဇ၀င် ဗဟုတ၊ စီးပွားရေး ပြေလည်နေပစေ၊ အကျင့်စာရိတ္တ မကောင်းပြန်ရင်လည်း လုပ်လို့မရပါဘူး။
နောက်ဆုံးအချက်က သတ္တိလည်း ရှိရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဘယ်လို သတ္တိမျိုးလဲဆိုတာ ရပ်ရွာလူထုအကျိုးအတွက် မကြောက်မရွံ့လုပ်ရဲ သတ္တိဖြစ်ပါတယ်။ ၁၉၈၈ မတိုင်မီကဆို ရပ်ရွာတွေမှာ ရွာသူကြီး တယောက်ဖြစ်ဖို့ ဒီနေ့ လွတ်တော် ကိုယ်စားလှယ်တွေထက် စံချိန်စံညွန်းတွေ မြင့်တယ်လို့ ပြောရပါတယ်။
အဖေရဲ့ ဗဟုသုတ ကြွယ်ဝပုံကို ကျနော်ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ကျနော်တို့ ရွာသားအားလုံးက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတော့ လုပ်ငန်းအတွက် မရှိမဖြစ်က နွားတွေဖြစ်ပါတယ်။ တအိမ်ထောင် အနည်းဆုံး ၄ ကောင်ဆို တရွာလုံး ပေါင်းလိုက်ရင် ကောင်ရေ အနည်းဆုံး တစ်ထောင်လောက် ရှိပါတယ်။ နွားကောင်ရေ တစ်ထောင် စားဖို့အတွက် စားကျက်မြေက ရွာဘုံပိုင် မြေပြင်ကွက်လပ်ကြီး ဖြစ်ပါတယ်။ ဧက တော်တော် ကျယ်ဝန်းတဲ့ စားကျက်မြေပါ။
အဲဒီ စားကျက်မြေကို ရပ်ကွက်ကောင်စီ အတွင်းရေးမှူးဆိုတဲ့ ပုဂ္ဂိုလ်က မြေလွတ်မြေရိုင်း မထားရဆိုတဲ့ စနစ်အရ စားကျက်မြေ ဆယ်ဧက လောက်ကို လယ်မြေ ဖော်ထုတ်လိုက်ပါတယ်။ နှစ်ပေါင်း ထောင်ချီ ရှိလာတဲ့ ရပ်ရွာ လူမှုရေး ပဋိညာဉ်ကို ချိုးဖေါက်လိုက်တာ ဖြစ်ပါတယ်။ တခြားလိုချင်တဲ့ သူတွေကလည်း လုပ်လာနိုင်တဲ့ အနေအထားမျိုးကို တွေ့ရတဲ့ အတွက် အဖေက ရွာကိုယ်စား မြို့ပေါ် တရားရုံးကို တက်ပြီး တရားစွဲပါတော့တယ်။ ဒါပေမဲ့ မဆလ ခေတ်ရဲ့ မြေလွတ်မြေရိုင်း ဥပဒေကြောင့် အဖေ ဦးဆောင်တဲ့ တရားလိုတွေ အရှုံးကြီးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့ အဖေက ဘာသာရေး စာပေတွေ၊ ရာဇ၀င်တွေလာ ဗဟုသုတ၊ နှင့် ဂါမပညပ် (ရပ်ရွာစည်းကမ်း) ကိုသေချာစွာ လေ့လာထားတဲ့ သူဆိုတော့ နောက်တမျိုးနဲ့ အနိုင်ယူလိုက် ပါတော့တယ်။ ကျနော်တို့ဆီမှာ ရွာထုံးတမ်း စဉ်လာဆိုတာရှိတယ်။ ရွာလူထု အများသဘောတူညီမှုနဲ့ ဆုံးဖြတ်ရင် ဘယ်သူမဆို လိုက်နာရပါတယ်။ ဒါကြောင့် အဖေက အုန်းမောင်းခေါက်ကာ ရွာလူထု အစည်းအဝေး လုပ်ပြီး တရားရှုံးတဲ့ အကြောင်းကို ပြောပြလိုက်တယ်။ ရှုံးပေမယ့် နောက်နည်းလမ်း အဆိုတခုကိုပါ တင်သွင်းလိုက်တယ်။
အဲဒီ အဆိုက ရွာလူထုအများစုရဲ့ သဘောထားကို မလိုက်နာတဲ့ သူတွေကို (မီး မယူ၊ ရေ မကမ်းရ) ဆိုတဲ့ ပြင်းထန်တဲ့ ရပ်ရွာ ဥပဒေ တခုဖြစ်ပါတယ်။ အဲဒီ ပြစ်ဒဏ် ခံရတဲ့သူတွေကို ဘယ်ရွာကမှ လက်မခံတော့ပါဘူး။ နာရေးဖြစ်ရင်တောင် ဘယ်ရွာက ဘုန်းကြီးမှ သရဏဂုံ တင်ခွင့် မရှိပါဘူး။ ဒီပြစ်ဒဏ် ခံရပြီး နောက်တလလောက်အကြာမှာ ကျေးရွာကောင်စီ အတွင်းရေးမှူးဟာ သူမှားကြောင်း ၀န်ခံပြီး၊ နွားသရေနဲ့ လုပ်ထားတဲ့ ဗုံကြီးကို ရှိခိုးကာ တောင်းပန်ရပါတယ်။
ဒီလိုအမှုမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်တာဟာ ကျနော့်အဖေက စာဖတ်တဲ့ ပုဂ္ဂိုလ် ဖြစ်နေလို့ထင်တယ်။ အဖေဟာ အားလပ်ချိန်တွေမှာ ဇိနတ္ထပကာသနီလို စာအုပ်မျိုးတွေ၊ ဇာတ်တော်ကြီးတွေ၊ ပေရွက်တွေပေါ် ရေးထားတဲ့ ဗဟုသုတ ဖြစ်ဖွယ်တွေကို အသေအချာ လေ့လာထားတဲ့အတွက် ရပ်ကျိုးရွာကျိုးအတွက် လိုအပ်တဲ့အခါ ထုတ်သုံးတာ ဖြစ်မယ်။
၁၉၈၈ မတိုင်မီက ကျနော်တို့ ဒေသမှာ နွေရာသီ ရောက်ပြီဆို အခါအားလျော်စွာ ဓါးပြတွေ သောင်းကျန်းတာရှိတယ်။ တနေ့ အဖေဟာ အကိုတွေကို ခေါ်ပြီး တလုံးပေါက် သေနတ်ကို ဆွဲကာ ရွာအပြင်ကို ထွက်သွားပါတယ်။ ထွက်သွားလို့ သိပ်မကြာလိုက်ဘူး “ ဒိုင်း-ဒိုင်း” သေနတ်သံ နှစ်ချက်ကို ဆယ်မိနစ်လောက် ခြားပြီး ကြားလိုက်ရတယ်။ သိပ်မကြာခင်မှာဘဲ အကို၊ အဖေတို့ ပြန်ရောက်လာကြတယ်။ ကျနော်က “အဖေဘာဖြစ်လို့ သေနတ် ဖေါက်တာတုန်းလို့” မေးတော့
“အနီးအနား တောတောင်တွေမှာ လူဆိုးတွေ ရောက်နေသလိုလို ကြားတယ် ဒါကြောင့် ဒီကိုမလာနဲ့ လာရင် ငါနဲ့တွေ့မယ်လို့ သတင်းပါးလိုက်တာလို့” ပြန်ဖြေတယ်။
ခုချိန်ပြန်စဉ်းစားတော့ ကျနော့်အဖေက ဒီနေ့ခေတ်နဲ့ ပြောရရင် Idealist ခေါင်းသမား။ ရန်သူနဲ့ ထိပ်တိုက် မတွေ့ဘဲနဲ့ ရန်သူ ဘေးကို ရှောင်သွားနိုင်အောင် လုပ်လိုက်တာဖြစ်တယ်။ အဖေက Balance of Power ကို သိသလို ဖြစ်နေတယ်။ ဘယ်လူမိုက်မဆို အင်အားရှိတဲ့သူ၊ တကယ်လည်း လုပ်နိုင်တဲ့သူဆိုရင် ထိပ်တိုက် မတွေ့ရဲဘူး။ ကိုယ့်ရပ်သူရွာသား အပေါ်ကျလာမယ့် အန္တရာယ်ကို ကြိုတင် တွက်ချက်ပြီး ရှောင်လွဲနိုင်သူ ရွာသူကြီး ကျနော့်အဖေကို အခုနေစဉ်းစားကြည့်ရင် တော်တော်လေးစားမိတယ်။
ဥပုတ်နေ့ဆိုရင် အဖေက စာမတတ်တဲ့ ဥပုတ်သည်တွေကို ဇာတ်ကြီးဆယ်ဘွဲ့တို့ အခြားသော ဘာသာရေး စာပေတွေကို အသံကျယ်ကျယ်နဲ့ အော်ပြီးဖတ်ပြတတ်တယ်။ ဥပုတ်နေ့က အဖေ့အတွက် စာဖတ်တဲ့ ရက်ပဲ။
ကျနော်ပြန်တွေးကြည့်တယ်။ အဖေရဲ့ တပတ် စာဖတ်တဲ့ အချိန်က အနည်းဆုံး ဆယ်နာရီလောက် ရှိမယ် ထင်တယ်။ ရွာသူကြီးလုပ်တဲ့ လူတယောက်က ဒီလောက်စာဖတ်ရင် လွှတ်တော် အမတ်လုပ်မယ့် လူတွေ၊ ခေါင်းဆောင် လုပ်မယ့်သူတွေက ဘယ်လောက် စာဖတ်ရမလဲ။
အဖေက ရွာသူကြီးဆိုပေမယ့် ရပ်ရွာတွင်းလုပ်လေ့ရှိတဲ့ မင်္ဂလာပွဲတို့၊ အလှူပွဲဆို သိပ်သွားလေ့မရှိဘူး။ ရှောင်လေ့ရှိတယ်။ အဖေပြောတာက လူတယောက်ဟာ နေရာတကာ ပါနေရင် ကိုယ့်အတွက် မကျန်တော့ဘူးတဲ့။ ဆိုလိုတာက မိမိလုပ်နေတဲ့ အသိုင်းအ၀ိုင်းအပြင် လောကုတ်တရာ အတွက် ဆင်ခြင်နိုင်အောင်၊ လောကီကောင်းရာကောင်းကျိုး လုပ်နိုင်ဘို့ ပြင်ပ ဗဟုတသုတ ရှာဖွေရမယ်လို့ ပြောလိုတာပါ ။
အဖေက အချိန်ကို အင်မတန် လေးစားတယ်။ သားသမီးတွေကို ဆုံးမလေ့ရှိတာ အလိမ္မာ စာမှာရှိတယ်ဆိုတဲ့ စကားနဲ့ အမြဲဆုံးမလေ့ရှိပါတယ်။ စာများများ ဖတ်ဖို့ အားပေးလေ့ရှိတယ်။ “အဖေ အမြဲပြောလေ့ရှိတဲ့ စကားက ခေါင်းဆောင်လုပ်ချင်တယ်ဆိုရင် စာများများ ဖတ်ပါတဲ့” ။ ပြန်တွေးကြည့်ရင် ကျနော်အဖေရဲ့ အတွေးတွေက အချိန်ရဲ့ တိုက်စားမှုကို ခံနိုင်တဲ့ အတွေးတွေ ဖြစ်နေတယ်။
တလောက အနုပညာရှင်တဦးက လူလတ်ပိုင်းနိုင်ငံရေး သမားတွေ စာမဖတ်တာလို့ အားမလိုအားမရ ဝေဖန်တာကို တွေ့ရတယ်။ ခေတ်ကလည်း မမြဲတမ်းလေ့လာ သင်ယူနေရတဲ့ ခေတ်ဖြစ်နေတယ်။ မိမိကိုယ်ကို နိုင်ငံ့ခေါင်းဆောင်လို့ ထင်နေသူတွေသာ မဟုတ်ဘဲ နေရာ၊ ဒေသတ ခုခုရဲ့ ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် ခေတ်နဲ့လိုက်လျော ညီထွေစွာ စဉ်းစားနိုင်ရေး စာများများဖတ်ဖို့လိုတယ်။ တိုင်းပြည် ခေါင်းဆောင် ဖြစ်ချင်တဲ့သူဆို ပြောစရာကို မလိုတော့ဘူး။
ဒေသဆိုင်ရာမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှု တွေက ကျနော်တို့ကို စာနာမှာ မဟုတ်ဘူး။ သနားပါတယ်ကွာ မင်းတို့က မကောင်းတဲ့ စနစ်အောက်မှာ နေခဲ့ရတဲ့လို့ နားလည်မှု ပေးမှာမဟုတ်ဘူး။ ဒီနေ့အခြေအနေ ပေးရင်ဒီနေ့လေ့လာသင့်တယ်။ မနက်ဖြန်ဆိုတာ ကျနော်တို့အတွက် စိန်ခေါ်တဲ့ နေ့တွေပါ။ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်ကို Special Education Zone လုပ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပြီ။ ဘာကြောင့်လုပ်မလဲ ဆိုတာ အိမ်နီးချင်း ကျနော်တို့တွေ စဉ်းစားသင့်တယ်။ အိမ်နီးချင်းတွေဟာ သူတို့ရဲ့ အနာဂတ် အတွက် ပြင်ဆင်နေတာပါ။
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန် ပြောသွားတာ သိပ်ကိုသတိထားရမယ့် အချက်တွေပါ။ မြန်မာနိုင်ငံကို ပြည်ပက စီးပွားရေးသမားတွေ အမဲဖျက်သလို ၀ိုင်းဖျက်ကြမှာကို စိုးရိမ်တယ်လို့ ပြောသွားတယ်။ ဒီလို လောဘသမားတွေ အမဲဖျက်တာကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးသမားတွေ၊ အတိုက်အခံ ခေါင်းဆောင်တွေ စာများများ ဖတ်သင့်ပါတယ်။
အိမ်နီးချင်း နိုင်ငံတွေနဲ့၊ ပြည်ပ နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေဟာ အချိန်ကို တန်ဖိုးထားတဲ့သူတွေ၊ မဟုတ်တဲ့ နေရာတွေသွားပြီး အချိန်ကုန်မခံဘဲ အချိန်ကို တန်ဘိုးရှိရှိ အသုံးချတာကိုတွေ့ရပါတယ်။ ကျနော်အဖေ ပြောသလိုမျိုး ပြောရရင်တော့ “ ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် စာများများဖတ်ပါ”။
မောင်ရမ္မာ
ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?
          ဒီမေးခွန်းဟာ ကျွန်တော့ကို ခဏခဏအမေးခံရတဲ့ မေးခွန်းတစ်ခုပါ။ABSDF(NB) ပါဂျောင်စခန်းမှာ လူသတ်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့ရဲ့ညီ-ညီညီတစ်ယောက် ကျောင်းသားတပ်ဖွဲ့ကနေ KIA ဘက် ကိုရောက်ရှိသွားပြီးတဲ့နောက် ကျွန်တော်ပါဂျောင်မှာရှိတဲ့  KIA ရဲ့ NEW CAMP ခေါ် လိုင်စင်စခန်းနဲ့ လိုင်ဇာ ဘက်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။
          KIA ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်မှူးကြီးပန်းအောင် နဲ့ မကြာခဏဆုံဖြစ်ပြီး တရုတ်ပြည်ရင်ကျန်းမြို့ ကတဆင့် လိုင်စင်-လိုင်ဇာဘက်တွေကို ညီညီနဲ့အတူ မကြာခဏ ကားလိုက်မောင်းပေးဘူးပါတယ်။KIA တပ်က သက်တန်းရင့် ဗိုလ်ချုပ်ကြီးတစ်ချို့ နဲ့လည်း တွေ့ခဲ့ ဆုံခဲ့ စကားပြောခဲ့ဘူးပါတယ်။
          သူတို့တတွေဟာ ကျောင်းသားစခန်းတွင်းက နှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ စိတ်မပါကြပါဘူး။အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ခါတရံမှသာ စကားပြန်ရတတ်ပါတယ်။ဘယ်လိုဘဲပြောပြော ဘယ်သူနဲ့ပြောပြော သူတို့ရဲ့စကားကို “သူတို့က ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက် ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပစ်တတ်ကြပါတယ်။
          သူတို့အားလုံးအတွက် လူအင်အား(၃၀၀)လောက်ရှိတဲ့နေရာမှာလူ(၁၀၀)လောက်က ထောက်လှမ်းရေး ဖြစ်နေတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ကြဘဲ ဟာသတစ်ခုလိုပြောနေကြပေမဲ့ အဲ့ဒီအကြောင်းကိုမေး လိုက်ရင် အပေါ်ကမေးခွန်းကိုဘဲ ထပ်ခါတလဲလဲမေးနေတတ်ကြတယ်။
          ဗိုလ်မှူးကြီးပန်းအောင်ဆိုရင် ကိုယ်တိုင်က ထောက်လှမ်းရေးတာဝန်ခံတစ်ယောက်ဖြစ်တယ်။ကျောင်း သားတပ်က စွတ်စွဲစစ်ဆေးချက်တွေအရ တပ်မတော်ထောက်လှမ်းရေးဗိုလ်တစ်ယောက်ပါလို့ ဖြောင့်ချက်ပေး ထားတဲ့ ညီညီ့ကို အကာအကွယ်ပေးခေါ်ယူပြီး သူ့အနားမှာထားလိုက်တာ-ဘယ်ကိုသွားသွား ညီညီနဲ့ နှစ် ယောက် ထဲသွားကြလာကြ လုပ်နေလို့ ကချင်တွေကတောင် ပြောလာဆိုလာကြတဲ့ အဆင့်။ညီညီနေဖို့ အခန်း က စစ်ရုံးထဲမှာ အခန်းဖွဲ့ပေးထားတာ-ကျွန်တော်သွားတော့တောင် အဲ့ဒီအခန်းမှာဘဲတည်းရတာ။
          ဒီလိုအခြေအနေတွေကိုကြည့်ရင် သံချောင်းတို့ မျိုးဝင်းတို့ အောင်နိုင်တို့ရဲ့ လုပ်ရပ်-သူတို့ပြောဆိုမှု တွေကို လုံးဝလက်မခံဘူး အရေးအရာမထားဘူးဆိုတာသိသာလှပါတယ်။နောက်ပိုင်း မျိုးဝင်းတို့ အောင်နိုင်တို့ က ညီညီကိုပြန်လွှဲပေးဖို့ တောင်းဆိုတော့လည်းငြင်းခဲ့တယ်-နောက်ပိုင်းဇွတ်ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းလည်း ကြားရရော ကျောင်းသားတပ်ဖွဲ့ဝင်တွေ ကချင်ဘက်လာရင် လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ ညီညီ့ကို သူကိုယ်တိုင်ကိုင်တဲ့  9mm ပစ္စတိုကိုပေးထားလိုက်တာတွေကြည့်ရင်ကျောင်းသားတပ်ကကောင်တွေလုပ်သမျှ လက်မခံဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ ကျွန်တော်နဲ့တွေ့တဲ့အခါ ဒီအကြောင်းစကားစလိုက်တာနဲ့ ဒီမေးခွန်း ဘဲ “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” လို့ မေးခွန်းနဲ့ တုန့်ပြန်တတ်ပါတယ်။
          ဒီတော့ ကျွန်တော်က သူတို့ နားလည်သဘောပေါက်သွားအောင် ပုံပြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်။ မူရင်းပုံပြင်ကတော့ ပါကစ္စတန်က လူရွှင်တော် တစ်ယောက်ကပြောခဲ့တဲ့ ဟာသပုံပြင်ပါ။သူပြောခဲ့တာကတော့  သူတို့ပါကစ္စတန်ရဲတွေအကြောင်းပြောထားတာပါ။ကျွန်တော်ကအဲ့ဒီပုံပြင်ကိုဘဲမြန်မာမှုပြုပြီးပြောပြလိုက်တယ်၊
          ပုံပြင်က ဒီလိုဗျ...........................................................................................................
          တခါတုန်းကပေါ့ဗျာ....နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးတစ်၊တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ အလွန်လှတဲ့ အမွှေးပွ ယုန်ကလေးနှစ်ကောင်  မွေးထားတယ်တဲ့။အဲ့ဒီယုန်ကလေးနှစ်ကောင်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အလွန်အင်မတန်ချစ်မြတ်နိုးလွန်းလို့ အလုပ်အားလပ်တဲ့အချိန်တိုင်းမှာ ယုန်ကလေးတွေနဲ့ ဆော့ကစားရင်း အပန်းဖြေလေ့ ရှိတယ်တဲ့။
          သူအလုပ်တာဝန်တွေနဲ့ မြန်မာနိုင်ငံ ဘယ်အရပ်ဒေသကိုသွားသွား သူ.တပည့်တွေက ယုန်လေးနှစ် ကောင်ကို သယ်ယူပေးသွားရတယ်တဲ့။ဗိုလ်ချုပ်ကြီးဟာ ဘယ်အရပ်ဒေသကိုဘဲရောက်ရောက် ဘာတာဝန် တွေဘဲထမ်းဆောင်ရ ထမ်းဆောင်ရ အချိန်အားရတာနဲ့ သူ့ယုန်လေးနှစ်ကောင်နဲ့ဆော့ကစား အပမ်းဖြေတတ် တာကိုး။
          တစ်ရက်တော့ အညာဒေသဘက်ကို ခရီးလှည့်လည်ရင်း လမ်းခုလပ်မှာ ခဏနားပြီးအပမ်းဖြေကြ တယ်။ထုံးစံအတိုင်း လမ်းဘေးတောစပ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ယုန်လေးနှစ်ကောင်နဲ့ ဆော့ ကစားနေ တယ်တဲ့။အဲ့ဒီအချိန်မှာ ကားတစ်စီးရဲ့ အင်ဂျင်က Miss-fire ဖြစ်လို့ “ဒိုင်း” ဆိုတဲ့ အသံထွက်သွားတယ်တဲ့။ ဗိုလ်ချုပ်ကြီးနဲ့ သူ့ရဲ့သက်တော်စောင့်တွေ သတိအနေအထားဖြစ်သွားတဲ့ အချိန်မှာဘဲ ယုန်ကလေးနှစ်ကောင် ကတော့ လန့်ပြီး မဟာမြိုင်တောထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်တဲ့။
          ကားအိပ်ဇောက မြည်လိုက်တဲ့ အသံဆိုတာ သိပြီးတဲ့နောက် အားလုံးအေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့တပည့်တပမ်းတွေနဲ့ အတူ မဟာမြိုင်တောစပ်မှာ ရှာဖွေကြပေမဲ့ ယုန်လေး နှစ်ကောင်ကတော့ ရှာမတွေ့တော့ဘဲ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တယ်တဲ့။
          ဗိုလ်ချုပ်ကြီးလည်း ယုန်လေးတွေကိုချစ်တဲ့စိတ်နဲ့ အဲ့ဒီ မဟာမြိုင်တောစပ်မှာတင် စခန်းချလို့နေပြီး ဘာ အလုပ်မှဆက်မလုပ်နိုင်တော့ဘူးဖြစ်သွားတော့တယ်တဲ့။သူ့လက်ထောက်တွေက ဗိုလ်ချုပ်ကြီးရဲ့အဖြစ် အပျက် ကို မကြည့်နိုင်ကြလို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားတွေကိုခေါ်ပြီး ယုန်လေး နှစ်ကောင်ကို တောနင်းရှာခိုင်းပေမဲ့ ယုန်လေးနှစ်ကောင်ကတော့ လုံးဝ ခြေရာပျောက်နေတယ်တဲ့။နောက်ဆုံး တော့ တပ်မတော်(ကြည်း)က ခြေလျှင်တပ်ရင်းတွေကိုအကူအညီတောင်းပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ တောနင်းရှာပေမဲ့လည်း ယုန်လေးနှစ်ကောင်ကို မတွေ့ကြဘူးတဲ့။ဒေသခံတောမုဆိုးတွေလည်း ဘယ်လိုမှ ရှာ လို့မတွေ့နိုင်တဲ့ ယုန်လေးနှစ်ကောင်ကို ဇွတ်ရှာခိုင်းမှာကြောက်လို့ တနယ်တကျေးကို ပြောင်းပြေးကုန်ကြတယ် တဲ့။
          အဲ့ဒီအချိန်မှာ ပုံမှန်အစည်းအဝေးတွေမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို မတွေ့ရလို့ မေးလာတာနဲ့ တပ်ချုပ် ကြီးကို အကြောင်စုံ ဖွင့်ပြော အသိပေးလိုက်ရတယ်တဲ့။ဒီအချိန်မှာ တပ်ချုပ်ကြီးက “ဒါလေးများကွာ-သူငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှာခိုင်းပေါ့-သူတို့ကတောကျွမ်းပြီးသားတွေဘဲ” လို့ မိန့်တော်မူလိုက်သ တဲ့။ဒါနဲ့ အထူးဒေသများအဖြစ်သတ်မှတ်ပေးထားတဲ့နယ်မြေအသီးသီးကငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို အကူအညီလှမ်းတောင်းလိုက်တော့ အဖွဲ့အားလုံးက တောနင်းတာကိုကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်ရွေးစင် ကွန်မင်ဒိုတွေကိုစေလွှတ် အကူအညီပေးခဲ့တယ်တဲ့။
          တသက်လုံးတောထဲတောင်ထဲနေလာပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တောနင်းရှာကြပေမဲ့ အချိန်တွေသာကုန် အဖွဲ့တွေသာစုံသွားတယ် ယုန်လေးနှစ်ကောင် က တော့ ရှာလို့မတွေ့ ကြဘူးတဲ့။ နောက်ဆုံးအဖွဲ့အစည်းတွေအားလုံး လက်မှိုင်ချနေတဲ့အချိန်မှာ KIO ဥက္ကဌကြီး ဦးဘရန်ဆိုင်းက သတိရတာနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အကြံတစ်ခုပေးလာတယ်တဲ့။
          သူပေးတဲ့အကြံက ဘာလည်းဆိုတော့ “တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးစုံသွားပြီဆိုပေမဲ့- ကျွန်တော့နယ်မြေထဲမှာ နေရာပေးထားတဲ့ ABSDF(NB) ဆိုတဲ့ ကျောင်းသားအဖွဲ့ ရှိပါသေးတယ်-သူတို့ကို အကူအညီတောင်းကြည့်ရရင် ကောင်းမလား”တဲ့။
          ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က “မဖြစ်နိုင်ပါဘူးဗျာ-တောကျွမ်းပါတယ်ဆိုတဲ့ ခင်ဗျားတို့တောင် မရှာ နိုင်တာ-တစ်နေ့မနေ့ကမှတောထဲရောက်တဲ့ ကျောင်းသားတွေ-ဘယ်လိုလုပ်ရှာနိုင်ပါ့မလဲ” လို့ပြန်ပြောလိုက် တယ်တဲ့။ဒီတော့ ဦးဘရန်ဆိုင်းက “ဒီကောင်တွေကို အထင်မသေးနဲ့နော်-ကျွန်တော်တို့ ကချင်တွေ တစ်သက် လုံးမမိဘူးတဲ့ ထောက်လှမ်းရေးတွေ တပ်ခွဲလိုက်ကြီးမိအောင်တောင်ဖမ်းထားနိုင်တဲ့ကျောင်းသားတွေနော်-ဘာဘဲဖြစ်ဖြစ် ကျွန်တော်အကူအညီတောင်းကြည့်လိုက်တာမမှားလောက်ဘူးထင်တယ်” ဆိုပြီး ဇွတ်ပြောလာ တော့ ယုန်လေးနှစ်ကောင်ကို သံယောဇဉ်ကြီးလှတဲ့ ဗိုလ်ချုပ်ကြီးလည်း သဘောတူလိုက်ရတယ်တဲ့။
          ကျောင်းသားတပ်ကို ဦးဘရန်ဆိုင်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အလုပ်ဖြစ်ပေမဲ့ သူမျက်နှာကိုထောက် ထားပြီးအကူအညီပေးဖို့ တောင်းဆိုလိုက်တော့အောင်နိုင်၊သံချောင်း၊မျိုးဝင်းနဲ့ လှဆိုင်းတို့က တိုင်ပင်ပြီးတော့ သန်းဇော်၊ဇော်ဇော်မင်း၊ကျော်ထင်ဦး၊သက်လင်းနဲ့ ဖိုးနှောင်းတို့(၅)ယောက်ကို ယုန်ရှာဖို့ အမိန့်ပြန်တမ်းထုတ်ပြီး ထည့်ပေးလိုက်တယ်တဲ့။
          ကျောင်းသာတပ်ရဲ့လက်ရွေးစင် သန်းဇော်တို့ အဖွဲ့ရောက်ရှိသတင်းပို့လာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာတော်တော်စိတ်ပျက်သွားတယ်တဲ့။ “ဖြစ်ပါ့မလားကွာ-ဘာလက်နက်ကရိယာမှမပါဘဲနဲ့-တစ်ယောက်ဝါးဆစ် ပိတ်တစ်ချောင်းစီနဲ့-မင်းတို့ကဘယ်လိုလုပ် တတ်နိုင်မှာလည်း” လို့မေးတယ်တဲ့။သန်းဇော်က “မပူပါနဲ့အဘ-အဘရဲ့ယုန်နှစ်ကောင်ပြန်တွေ့ပြီလို့သာ သဘောထားလိုက်တော့-ခဏပါ-ကျွန်တော်တို့ အချိန်တွေ အများကြီး မယူပါဘူး” လို့အဖြေပေးတယ်တဲ့။
          ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း နောက်ဆုံးကျိုးစားတဲ့အနေနဲ့ သန်းဇော်တို့ ငါးယောက်ကို မယုံရဲရဲနဲ့ဘဲ ယုန် လေးနှစ်ကောင်ဝင်သွားတဲ့ မဟာမြိုင်တောအစပ်အထိ ပို့ပေးလိုက်တယ်တဲ့။
          သန်းဇော်တို့ အဖွဲ့ တောထဲဝင်သွားလို့ (၁၅)မိနစ်လောက်ဘဲရှိဦးမယ်-မဟာမြိုင်တောကြီးထဲက တော တိုးသံတွေ တဝုန်းဝုန်းကြားလိုက်ရလို့ အားလုံးဝိုင်းကြည့်လိုက်တော့-မဟာမြိုင်တောကြီးထဲက စွယ်စုံဆင်ကြီး နှစ်ကောင် အော်ရင်းဟစ်ရင်း အူယားဖားယား ပြေးထွက်လာတာကို အားလုံးတွေ့လိုက်ကြရတယ်တဲ့။ကြောက် အားလန့်အားနဲ့ သေးတဖြန်းဖြန်းပါရင်းထွက်ပြေးလာတဲ့ ဆင်ကြီးနှစ်ကောင်က ပြေးရင်းလွှားရင်း ပါးစပ်ကလည်း အော်ဟစ်လာသေးတယ်တဲ့။သူတို့အော်လာတာကတော့ “ဟုတ်ပါတယ်ဗျ-ကြောက်ပါပြီဗျ-ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်မွေးထားတဲ့ ယုန်လေးနှစ်ကောင်ပါဗျ” တဲ့။ဆင်နှစ်ကောင်ကိုသေသေချာချာကြည့် လိုက် တော့ တစ်ကောင်က လက်တစ်ဘက်ပြတ်နေပြီးတော့ နောက်တစ်ကောင်က အစွယ်တစ်ဘက်ကျိုးနေပြီး ဖင်ပွင့်နေတာ တွေ့ရတယ်တဲ့။
          သန်းဇော်တို့အဖွဲ့ကတော့ တောထဲကထွက်လာပြီး ခတ်တည်တည်ဘဲ “ကဲ-ကျွန်တော်တို့တာဝန်ပြီး သွားပြီ-ပြန်တော့မယ်-ခင်ဗျားတို့ဘာမှစောဒကလာတက်မနေနဲ့-သူတို့ပါးစပ်က ဝန်ခံနေတာတွေ့လား-ဒါဘဲ” လို့ပြောပြီးပြန်သွားကြတယ်တဲ့။
          ကဲ-ဒီလောက်ဆို တျောင်းသားတော်လှန်ရေးသမားတွေ “ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေး ပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေ ရှင်းသွားလောက်ပါပြီ။
          သူတို့လိုချင်တဲ့ အဖြေကို နိမိတ်ပြမေးခွန်းတွေနဲ့မေးပြီး ဝန်ခံခိုင်းတယ်-ဝန်မခံမချင်း လူမဆန်တဲ့နည်း တွေနဲ့ နှိပ်စက်တယ်-သူတို့လိုချင်တဲ့အဖြေရမှ နှိပ်စက်တာတွေရပ်တယ်-ဒါဘဲပေါ့။
          ဒီလို ပုံပြင်လေးနဲ့ရှင်းပြလိုက်တော့ ဗိုလ်မှူးကြီးပန်းအောင်က ဟက်ဟက်ပက်ပက် ရီတယ်-“ကိုမောင် မောင်-မင်းစကားကို ကြံကြံဖန်ဖန် ပြောတဲ့ကောင်ဘဲ” တဲ့။
          ကျွန်တော်က သူ့ကိုပြန်ပြောလိုက်တယ် “ကျွန်တော်-ကြံကြံဖန်ဖန် ပြောတာမဟုတ်ဘူး-အခြေအနေ မှန်ကို-ဒူကမ္ဘာတို့ သဘောပေါက်အောင်ပြောပြတာ-အဲ့ဒီနည်းနဲ့ဆို ကြိုက်တဲ့ဖြောင့်ချက်ယူလို့ရတယ်-မယုံရင် မျိုးဝင်းတို့-သံချောင်းတို့-အောင်နိုင်တို့ အုပ်စုကို ကျွန်တော့လက် အပ်ကြည့်လိုက်ပါလား-နေ့မကူးစေရဘူး-ဒီကောင်တွေဖြောင့်ချက်ပေးလာအောင် ကျွန်တော်လုပ်ပြမယ်-ဘယ်လိုဖြောင့်ချက်မျိုး-ဒူကမ္ဘာ လိုချင်သလဲ ကြိုတင်ပြောထားလိုက်-အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားတွေပါလို့ ဝန်ခံခိုင်းချင်သေးလား-ရတယ်”လို့။
          ကချင်တွေနဲ့ ကျွန်တော်ပြောခဲ့ဆိုခဲ့တာတွေ ထားလိုက်ပါတော့ ကျွန်တော်အခုတင်ပြချင်တာက “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါ။
မောင်မောင်(ရွှေကရဝိက်) ၂၁-၂-၂၀၁၂ ရက် အင်္ဂါနေ့။
၈၈ ကျောင်းသားတွေရဲ့သတင်းစာရှင်းပွဲ စာအုပ်ထုတ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အချက်အလက်တွေပါဝင်တဲ့ “၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ် ရောင်းချတဲ့ အခမ်းအနားကို ရန်ကုန် ရန်ကင်းစင်တာမှာ ဒီကနေ့ နေ့လယ်က ကျင်းပပါတယ်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာတွင် "၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ"၌ ကိုမင်းကိုနိုင် ဟောပြောနေစဉ်။
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အတွေးအမြင်တွေ၊ ခံယူချက်တွေကို ပြည်သူတွေကို သိစေချင်တဲ့အတွက် အခုလို စာအုပ်အဖြစ်ထုတ်ဝေ ဖြန့်ချိရတာလို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
“နှစ်ဆယ့်သုံးနှစ်လောက် ကျွန်တော်တို့ ရင်းနှီးလိုက်ရတဲ့နောက်မှာ ကျွန်တော်တို့ စိုက်ခဲ့တဲ့အပင်လေးက ဖူးလာ ပွင့်လာတဲ့အပွင့်ကို ကျွန်တော်တို့ရဲ့မိဘပြည်သူများထံကို ဆက်သခြင်းပါပဲ။ နှစ်ဆယ့်သုံးနှစ်ဆိုတဲ့ ကာလလောက် ပေးပြီးတော့မှ ဒီလူတွေအားလုံး ပြန်ဆုံပြီး ပြန်တွေ့ရတယ်ဆိုတာ အခွင့်အရေးတစ်ရပ်နဲ့လည်း တူပါတယ်။ အဲဒီအခွင့်အရေးပေါ်မှာ ကျွန်တော်တို့ ပြောချင်တာတွေ၊ ကျွန်တော်တို့ တွေးမိတာတွေ၊ ကျွန်တော်တို့ မြင်တာတွေ၊ ပြီးတော့ ကျွန်တော်တို့အပေါ်မှာ ရောက်လာတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးလိုက်တာကို ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်ပါပဲ”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဒီအခမ်းအနားမှာ အမှတ်တရ လက်မှတ် ရေးထိုးပေးပါတယ်။ ဒီစာအုပ်မှာ စာပေစိစစ်ရေး ရှိသင့် မရှိသင့်ဆိုတဲ့ မေးခွန်းကို ကိုမင်းကိုနိုင် ပြန်လည် ဖြေကြားချက်မှအပ တော်ဝင်စင်တာ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ စာအုပ်ရောင်းချရာက ရရှိငွေတွေကို ရန်ပုံငွေအဖြစ်ထားရှိပြီး လူမှုအကျိုးပြု လုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာ ရှင်းလင်းပွဲစာအုပ် ထုတ်ဝေဖြန့်ချိဖို့အတွက် ပုဂံစာအုပ်တိုက်က တာဝန်ယူ ဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။ စာအုပ်တစ်အုပ်ကို ကျပ် တစ်ထောင်နဲ့ ရောင်းချနေပြီး အခုအချိန်အထိ အုပ်ရေ ရှစ်ရာကျော် ရောင်းချရပြီးဖြစ်ကြောင်း သိရပါတယ်။
ရွေးကောက်ပွဲ အာဆီယံအဖွဲ့ စောင့်ကြည့် လေ့လာရေး စဉ်းစားပေးမယ် ဦးသိန်းစိန်ပြော
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ “အရှေ့တောင် အာရှနိုင်ငံတွေက ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ” ကို လက်ခံသွားဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြောင်း အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်က ဒီကနေ့ ပြောပါတယ်။
အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ပစ်ဆူဝန်ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ် သမ္မတဦးသိန်းစိန်က ကတိပေးခဲ့တာလို့ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒီအတော အတွင်း အာအက်ဖ်အေကရရှိတဲ့ တခြားသတင်းတစ်ပုဒ်မှာ ဖီလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က မကြာသေးခင်က သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်က သူ့ကို ပြောကြားခဲ့တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ပါကြောင်း ဒီကနေ့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ အခြေခံပြောင်းလဲချက် အတော်များများကို ကြည့်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနေ ပြီလို့ ယုံကြည်ရကြောင်း သူက ဆိုပါတယ်။
ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်
မကြာခင် ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့က ကချင်ရိုးရာ မနောကွင်းတွေမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနား မနောကွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖူးတယ်ဆိုပြီး သမိုင်းမှာ ဂုဏ်ယူစရာဖြစ်အောင် ဟောပြောပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စီစဉ်ထားတယ်လို့ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေ၀င်းက ပြောပါတယ်။
ဗန်းမော်မြို့မှာလည်း မူလက ဘောလုံးကွင်းမှာ ကျင်းပဖို့ တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့တဲ့အတွက် ကချင်ရိုးရာ မနောကွင်းကို စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဘောလုံးကွင်းတွေကို ပြန်လည် ခွင့်ပြုလိုက်ပေမယ့် လေယာဉ်ကွင်း အနီးမှာရှိပြီး မြို့လယ်နဲ့ ၆ ဖာလုံလောက်သာဝေးတဲ့ မနောကွင်းမှာပဲ ကျင်းပမှာဖြစ်ကြောင်း ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး တာဝန်ခံ ဦးဇော်သင်းက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရန်ကုန်က မြစ်ကြီးနားကို လေကြောင်းနဲ့ လာရောက်ပြီး အဲဒီနေ့မှာပဲ နမ္မတီးနဲ့ မိုးကောင်းမြို့က ပြည်သူလူထုကို သွားရောက် ဟောပြောမှာပါ။ အဲဒီနောက် မြစ်ကြီးနားမှာ ညအိပ်၊ နောက်နေ့မနက် မြစ်ကြီးနား မနောကွင်းမှာ လူထုကို စည်းရုံး ဟောပြောပြီး ဗန်းမော်မြို့ကို ဆက်သွားမှာပါ။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဗန်းမော်ကနေ ရန်ကုန်ကို ပြန်မှာဖြစ်ကြောင်း ဦးနေ၀င်းက ပြောပါတယ်။
RFA အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA အဖွဲ့ဝင်တွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခွင့် ရခဲ့ပါတယ်။
RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင်တို့ပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက RFA ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အတူလက်တွဲ လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒေါက်တာမြဥာဏစိုးကို NLD က ပါတီဝင်အဖြစ် လက်ခံ
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဥာဏစိုးကို ပါတီဝင်အဖြစ် လက်ခံလိုက်ပြီလို့ မနေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲမှာ ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကကြေညာခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
ဒါကြောင့် အန်အယ်လ်ဒီပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီးနောက်ပိုင်း ဒေါက်တာ မြဥာဏစိုးဟာ အန်အယ်လ်ဒီရဲ့ ပထမဦးဆုံး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်လေးမြို့နယ်က ဝင်အရွေးခံကြမယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေးအတွက် ပါတီက တာဝန်ပေးထားတယ်လို့ ဒေါက်တာမြဥာဏစိုးက ပြောပါတယ်။ ဒေါက်တာမြဥာဏစိုးဟာ ၂၀၁၀ ရွေးကောက်ပွဲကာလက အန်အယ်လ်ဒီက ခွဲထွက်သွားတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တာပါ။
ဒါပေမယ့် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ၂၀၁၀ နိုဝင်ဘာလမှာ လွတ်မြောက် လာပြီးတဲ့နောက် မိခင်ပါတီနဲ့ NDF ပြန်လည် ပေါင်းစည်းရေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် NDF ပါတီက နှုတ်ထွက်ပြီး အန်အယ်လ်ဒီပါတီဝင်အဖြစ် ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်မှာ လျှောက်လွှာတင်သွင်းခဲ့ တာဖြစ်ပါတယ်။
ဘိန်းစိမ်းသယ်လာသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ်
ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းခွန်ကောက်နေသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ သီးသန့် မုံးကိုးတပ်ရင်းကြား မုံကိုး-မုံခေါင်လမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများဆိုသည်။
မုံးခွမ်ဒေသဘိန်းခင်းများမှ ဘိန်းခွန်အဖြင့် ဘိန်းစိမ်းပိဿာချိန် ၁၀၀ ကျော် ကောက်ခံပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများသို့ ရောင်းချရန် တရုတ်နယ်စပ် မုံးကိုးမြို့သို့ ချီတက်လာသည့် လောက်ကိုင်နယ်မြေခံ ခလရ (၂၃၉)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်စင်အောင် ဦးဆောင်သည့် အင်အား (၆၀) ခန့်ရှိ စစ်ကြောင်းနှင့် KIA တပ်ရင်း ၃၈ တပ်ဖွဲ့များကြား မုံးခွမ်-မုံကိုးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ KIA အရာတဦး ပြောသည်။
“ကုတ်ခိုင်မြို့နယ် ပန်ခွန်လမ်းခွဲ ဟိုချာလုံဆိုတဲ့ရွာမှာ ဒီနေ့မနက် ၅ နာရီလောက်ကနေ စပစ်နေကြပြီ။” ဟု မုံးကိုး ဒေသခံတစ်ဦးပြောသည်။ခလရ (၂၃၉)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဇော်မင်းအောင်နှင့် သူ၏တပ်များသည် ယမန်နှစ် နိုဝင်ဘာ ကတည်းက မုံးကိုးမြို့၌ တပ်စွဲထားခြင်းဖြစ်သည် ဟု ဒေသခံများပြောသည်။ထိုအစိုးရစစ်ကြောင်းတွင် မုံးခွမ်နှင့် ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး တနေ့လုံး ကြိုးကြား ကြိုးကြား ပစ်ခတ်မှုများတွင် မြန်မာအစိုးရတပ်ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရပါ။ KIA ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု KIA မုံးကိုး အရာရှိများ ဆိုသည်။
တိုက်ပွဲစဖြစ်ရာ ဟိုချာလုံရွာမှ ၃ မိုင်အကွာရှိ အိမ်ခြေ ၅၀ ခန့်ရှိ ပန်ခွန်ရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြစဉ် ရွာသားအချို့ ကျန်ရှိနေသေးသည့် ထိုတရုတ်ရွာတွင် အစိုးရစစ်သားများက ရွာသားများ၏ အိုးအိမ်များထဲ ၀င်ရောက်လုယက်ခြင်းနှင့် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်နေကြသည်ဟု ဒေသခံများ ပြောသည်။
ယမန်နှစ်နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းထားသည့် မုံးကိုးဒေသ သီးသန့် KIA တပ်ရင်းသစ်ဖြစ်သည့် တပ်ရင်း (၃၈) မှ အရာရှိများက တိုက်ပွဲ ကြီးမားလာနိုင်သည်ဟု ကချင်သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်စုသန်းခေါင်စာရင်း မိသားစုဝင်
အမိုး ဒေါ်သန်းသန်းလေးရဲ့ ဝမ်းသာ ပီတိသံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်းတင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအများကြီးပြောတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ဒေါ်သန်းသန်းလေးက ပိုးကရင်ဘာသာစကားဖြင့် “ဆခုတ်ဆတား” (ကျေးဇူးတင်ပါတယ်) လို့  ပေါ်ပြူလာဂျာနယ်ကို ပြောကြားခဲ့ပါတယ်။
Popular Myanmar News Journal
စက်မှုစီမံကိန်းများ၌ ယခင်အမှားမျိုး ထပ်မမှားသင့်၊ ငွေပုံမအောသင့်
စိုးသန်းလင်း           အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာသည့် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စက်မှုလက်မှုကဏ္ဍ၏ မူဝါဒ၊ ရည်မှန်းချက်၊ ရှေ့ လုပ်ငန်းစဉ်များအပေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးအကြံပြုရာတွင် ယခင် အမှားမျိုး ထပ်မမှားသင့် ကြောင်း၊ မဟာစက်ရုံ ထုတ်လုပ်စက်ကြီးများ တည်ဆောက်ရေးကို စဉ်းစားသင့်ကြောင်း၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ အထမြန်ရေးနှင့် ရှင်သန်ရေးအတွက် ထိရောက်စွာ အားပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ ဝေဖန် ဆွေးနွေးခဲ့ကြသည်။
"မိမိနိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပကတိအတိုင်း လက်ခံသုံးသပ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း အားသာချက် (Comparative advantage) ရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ကာ ထုတ်ပစ္စည်းမျိုးထုတ်လုပ်နိုင်မည့် စက်ရုံများ၊ စက်ကိရိယာများ ထုတ်ပေး နိုင်သော မဟာစက်ရုံ ထုတ်လုပ်စက်ကြီးများကိုသာ စဉ်းစားသင့်ပါတယ်။ နိုင်ငံမှာ လိုအပ်သမျှပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်ရုံ၊ စက်ကိရိယာအားလုံးကို မွေးဖွားပေးနိုင်မည့် မဟာစက်ရုံ ထုတ်လုပ်စက်ကြီးများ တည်မည်ဆိုသည်မှာ မဖြစ်နိုင်ပါ"ဟု သာပေါင်းမဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်း က အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ စက်မှုကဏ္ဍတွင် ပါရှိသော မဟာ စက်ရုံ ထုတ်လုပ်စက်ကြီးများကို ထောက်ပြ ဆွေးနွေးခဲ့သည်။
"ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားနေပြီဖြစ်လို့ ဈေးကွက်အခြေအနေမှန်ကို ဖော်ပြသော ၀ယ်လိုအား၊ ရောင်းလိုအားကို မည်သို့မည်ပုံ တွက်ချက်ချင့်ချိန်ပြီးမှ မည်သည့်စက်ရုံမျိုး တည်ရန် ဆုံးဖြတ်ခဲ့ ကြောင်းကိုလည်း (စီမံကိန်းဥပဒေကြမ်းမှာ) ဖော်ပြသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း နိုင်ငံတော်က အလုံးစုံ ရင်းနှီးမြှုပ်နှံသည့်ပုံစံမဟုတ်ဘဲ PPP model (Public Private Partnership) များ ပါဝင်သင့်ပါတယ်" ဟု ဆက်လက်အကြံပြုခဲ့သည်။
ပြည်သူ့လွှတ်တော်၏ အစိုးရအာမခံချက်၊ ကတိက၀တ်များ စိစစ်ရေးကော်မတီနှင့် စီးပွားရေးကုန်သွယ်မှုဖွံ့ဖြိုးရေး ကော်မတီဝင် ဖြစ်သည့် ဦးဝင်းသန်းက အစိုးရ၀န်ကြီးဌာနများအနေဖြင့် ဌာန တစ်ခုနှင့်တစ်ခု ကျောချင်းခိုင်းမနေကြဘဲ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ဓာတ်မြေဩဇာလိုအပ်ချက်ကို လွှတ်တော်မှာ လယ်/ဆည် ၀န်ကြီးက တန်ချိန် ဘယ်ရွေ့ဘယ်မျှလိုကြောင်း တင်ပြခဲ့ပြီး စွမ်းအင် ၀န်ကြီးက ယခုနှစ် ဓာတ်မြေ ဩဇာတန်ချိန် ၂ ဒသမ ၂ သိန်း ထုတ်မယ်လို့ လျာထားတော့ သိသာလွန်းတဲ့ လိုအပ်ချက်ကို (ဓာတ်မြေ ဩဇာကို) ဘယ်ဝန်ကြီးဌာနတွေက၀ိုင်းလုပ်ဖို့ ရည်မှန်းထားသလဲ (စီမံကိန်းတွေမှာ) ကြည့်တော့ လယ်/ဆည်မှာလည်း မတွေ့၊ စက်မှုမှာလည်း မတွေ့၊ ထုတ်လုပ်ရေးကဏ္ဍ မဟုတ်သော်လည်း ပြည်ပက တင်သွင်းပေးနိုင်တဲ့ စီးပွား/ကူးသန်းဝန်ကြီးဌာန က ကုန်သွယ်မှုအပိုင်းကနေဘယ်လို အားပေးမယ်ဆိုတာ သွားရှာကြည့်တော့လည်း မတွေ့ရ။ တကယ်တော့ ၀န်ကြီးဌာနတွေဟာ တစ်ခုနဲ့တစ်ခု ကျောခိုင်းမနေကြဘဲ ရင်ချင်းအပ် ဆောင်ရွက်ကြစေလိုပါတယ်"ဟု ၎င်းက တိုက်တွန်း ဆွေးနွေးခဲ့သည်။
ထို့ပြင် စက်မှုစီမံကိန်းများ၌ နိုင်ငံ့ငွေကြေးကို တစ်ပြိုင်တည်း တစ်ပုံတစ်ပင် ပုံအောကာ၊ဆောင်ရွက်ခြင်းမျိုးမဖြစ်သင့်ကြောင်းလည်း ၎င်းကအကြံပြုခဲ့သည်။
"အကြံပေးပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ စနစ်တကျငှားရမ်းပြီး အဘက်ဘက်ကသုံးသပ်ပြီးမှသာ (စက်မှုလုပ်ငန်းတွေကို) လုပ်ဆောင် သင့်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာလည်း ဓာတ်ခွဲခန်းအဆင့်၊ သုတေသနအဆင့်များကိုသာ ဦးစားပေးသင့်ပါတယ်။ ငွေကြေး ပုံအော ပြီးစမ်းသပ်ခြင်းမျိုးမဖြစ်စေသင့်ပါ"ဟု ဦးဝင်းသန်းက ဆွေးနွေးတင်ပြခဲ့သည်။
ခင်ဗျ။အခု ၅၀၀၀ တန်ဆင်းကဒ်ကိစ္စတွေအစစအရာရာကို ပုံရိပ်ကောင်းအောင်တင်နေကြပါပြီ။တဖက်ကငွေထုပ်ကို လက်လွှတ်ရမှာဆိုးလို့ ပုံရိပ်ကောင်းအေင်ာတင်နေပါပြီခင်ဗျ။
စွမ်းအားရှင်နဲ့ ကြံ့ ခိုင်ရေးဖြုတ်ထုတ်သတ်စပြီ(အထူးသတင်း)
နိုင်ငံရေးသမားတော်တော်များများခြံထဲကိုသိပါတယ်။ထို့ ကိစ္စကို စွမ်းအားရှင်တွေကမကျေနပ်ပဲ အရင်ကကြဲ့ ဖွတ်ခိုင်းသမျှကိစ္စတွေကို ပြန်ဖော်မယ်လုပ်နေလို့ လွှတ်တော်ကိုအတိအလင်းတင်သွင်းဖို့ ကိုလဲ ခေါင်းကိုက်နေပါတယ်။အဲ့အတွက်ကြောင့်အခု စွမ်းအားရှင်တွေကို တိုးတိုးတိတ်တိတ်လိုက်လံဖမ်းဆီးနေကြောင်းသတင်းအခိုင်အမာရပါတယ်ခင်ဗျာ။
နိုင်ငံရေးပတ်ဝန်းကျင်မှာလဲ တော်တော်လေးပွနေပါပြီ။စွမ်းအားရှင်တွေဝတ်လည်ပြီ
                                                                                                                          လေးစားစွာဖြင့် ဒေါင်းခေတ်
ဒီ "လူသုံးမျိုး" ဆောင်းပါးက ၂၁.၀၂.၂၀၁၂ ထုတ် News Watch Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
လူသုံးမျိုး                                                              လူထုစိန်ဝင်း
"မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ " နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့လူစားများရဲ့ ပါးစပ်ကအမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။
 မြန်မာမှာမကွဲတာမရှိတဲ့
သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်းကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့မရှိဘဲ၊ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ် ဆိုတာတွေ့ရလိမ့်မယ်။
 သက်သက်ရမယ်ရှာတာ
တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ရမယ်ရှာပြီး ပြောကြတာဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင် တူတယ်ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာမရှိဘူး။ ဒါသဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အ မြွှာချင်းတောင်မှ စိတ်ချင်းအတော်တူပေမယ့် အားလုံးတစ်သားတည်းကျအောင် တူတာတော့မဟုတ်ဘူး။ မတူတဲ့နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေရှိသလို အကြိုက်မတူတာတွေလည်းရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘာဝပဲ။ အဆန်းမဟုတ်ဘူး။ အပြစ်ပြောစရာလည်းမဟုတ်ဘူး။
 စစ်မဖြစ်ဘူးတဲ့ နိုင်ငံမရှိ
မြန်မာလူမျိုးတွေမှ သူများထက်ထူးပြီးကွဲကြတာမဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆမတူ ကွဲပြားကြလို့ သူ့ပါတီ၊ ကိုယ်ပါတီဆိုပြီး သီးခြားခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက်တရားဝင်တည်ရှိနေတာ ဖြစ်တယ်။
 လူလားမမြောက်သေးလို့
ကွဲကြ၊ ပြဲကြတယ်ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း၊ မတူလို့မဟုတ်ဘူး။ ဦးနှောက်လူလား မမြောက်သေးလို့နဲ့ နိုင်ငံရေးမရင့်ကျက်သေးလို့ဖြစ်တာ။ လူလားမြောက်ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ  လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံလူ့လောကဆိုတာ မတူတဲ့လူတွေအတူတွဲပြီး မတူတဲ့အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာဖြစ်တယ်။
 ထင်းစည်းဥပမာ
တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်၊ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ တကယ်လက်တွေ့တည်ရှိနိုင်တာမျိုး မဟုတ်ဘူး။ ထင်းစည်းတစ်စည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူလောကမှာ သဘာဝ ကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်းညီညွတ်ရေးဖြစ်တယ်။ ထင်းစည်းတစ်စည်းမှာ အမျိုးအစားမတူတဲ့၊ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီးစည်းထားလိုက်တာဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာလွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။
 ဘုံအကျိုးစီးပွားအတွက်
လူ့လောကဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ်မတူ ကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ သာယာရွှေပြည်ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားရောင်မရွေး၊ လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်းခံစား ရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွားတစ်ခုအတွက် ပူးတွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်တယ်။
 ဒီမိုကရေစီကျင့်စဉ်
ဘုံအကျိုးစီးပွားချင်း တူရင်တွဲလုပ်တယ်။ မတူရင်တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။  ဒါသဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းကသွားသလို၊ သူလည်းသူကြိုက်တဲ့ လမ်းကသွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်းသူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတာ၊ သူ့အခွင့်အရေး သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။
 လူသုံးမျိုး
ဒီလိုပြောတဲ့အတွက် အားလုံးဟာမိတ်ဆွေဖြစ်တယ်၊ ရန်သူမရှိဘူးလို့ပြောတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်း အတွင်းမှာ လူကောင်း၊ လူဆိုး၊ လူယုတ်မာဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ်ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာရှိတယ်။ တချို့က အရက်သေစာသောက်စားမူးရစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူးဆိုတဲ့သူမျိုးကိုတော့ မိတ်တွေအဖြစ်မပေါင်းသင်းချင်ရင်တောင်၊ ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူးထင်ပါတယ်။
 အမှားကိုမြင်လို့ပြုပြင်ရင်
တချို့ဆင်းရဲလွန်းလို့ ကြံမိကြံရာကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုးရှိတယ်။ သူတို့ဟာ လူဆိုးတော့လူဆိုးပဲ၊ ဒါပေမဲ့ မတရားနိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်းမလုပ်ဘူး။ သူတစ်ပါးသားပျို၊ သမီးပျိုကို ထိပါးစော်ကားမပြုဘူးဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်၊ ရှေးအခါ နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆက်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန်သားကောင်း၊ သမီးကောင်းတွေဖြစ်လာခဲ့ကြတဲ့ သာဓကရှိပါတယ်။
 ငတေမာပြီးရော
တချို့ကျတော့ သောက်စားမူးယစ်မှုမရှိဘူး၊ လောင်းကစားမလုပ်ဘူး၊ ဓားပြလည်းမတိုက်ဘူး၊ ဒါပေမဲ့ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့စိတ်နဲ့ တစ်ရွာလုံးငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်းဖိထောင်းထားတယ်ဆိုတဲ့ စိတ်နဲ့ အားနည်းသူတွေကို နိုင့်ထက်စီးနင်းညှဉ်းပန်းနှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေးစုပ်တတ်တယ်။ တချို့က သူတော်ကောင်းဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေလုပ်တတ်တယ်။
 မောရုံသာအဖတ်တင်
ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ဘယ်အခါမှ အပေါင်းအသင်းမလုပ်အပ်သူတွေညဖစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသားသတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှတန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။
မပြောင်းလဲသေးသော မြန်မာ့လေကြောင်း
Black Bear
ဖေဖေါ်ဝါရီ ၉ ရက်နေ့က ကျနော် အလုပ်ကိစ္စတစ်ခုနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို သွားဖို့ဖြစ်လာတယ်။ ဒါနဲ့ လေယာဉ်လက်မှတ် အရောင်းဆိုင်တွေကိုဆက်သွယ်တော့ ပုဂလိက လေကြောင်းလိုင်းတွေမှာ လက်မှတ်မရတော့ဘူး လို့သိရတယ်။ မြန်မာ့လေကြောင်းကဘဲရနိုင်မယ်တဲ့။ အိုကေပေါ့ ကမ်းနားလမ်းမှာရှိတဲ့ မြန်မာ့လေကြောင်း လက်မှတ်အရောင်းဌါနကို သွားလိုက်တယ်။ အဖြေကတော့ထုံးစံအတိုင်း လက်မှတ်ကုန်ပီတဲ့။ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာတော့ အပြင်ကစောင့်နေတဲ့ပွဲစားတွေက အကိုဘယ်သွားချင်လဲ လက်မှတ်ရှိတယ်တဲ့။ ကိုယ်ကလည်းအရေးကြီးနေတော့ လုပ်မယ်ကွာ ဗန်းမော်သွားချင်တယ် ၉ ရက်နေ့လက်မှတ်လိုချင်တယ်ဆိုတော့ အကိုခဏစောင့် ဆိုပြီးအထဲဝင်သွားတယ်။ ခဏနေပြန်ထွက်လာပြီး ၂ သောင်းပိုပေးရမယ် လက်မှတ်ရမယ်တဲ့။ လွယ်လိုက်တာ.. ဒီလိုနဲ့ မနက် ၁၁ ခွဲလောက်ကျတော့လက်မှတ် ရလာတယ်..
၉ ရက်နေ့မနက် လေယာဉ်ထွက်ချိန်က ၇နာရီ ၃၀ ကွင်းချိန်းက ၅ နာရီ ၃၀၊ ကျနော် အိမ်ကနေ မနက် ၅ နာရီလောက်ထွက်လိုက်တယ်။ နှင်းပိတ်နေလို့တဲ့ လေယာဉ်က ၉ နာရီခွဲမှ ထွက်တယ်။ ထားပါတော့ ရာသီဥတုကိုး ဘယ်တတ်နိုင်မလဲပေါ့။
ဟိုရောက်တော့ ရောက်ရောက်ချင်းနောက်နေ့ဘဲ အပြန်အတွက် လက်မှတ်သွားဝယ်တယ် ကြိုမရောင်း ဘူးတဲ့။ လိုချင်တဲ့နေ့ မတိုင်ခင် ၃ ရက်လောက် အလိုမှ ရောင်းပေးမယ်တဲ့။ ဒီလိုနဲ့ အဲ့နေ့ရောက်တော့ သွားဝယ်တယ်။ မရတော့ဘူးတဲ့ ဟိုနားဒီနားကြည့်တော့လဲ ပွဲစားကမတွေ့။ ပြသနာဘဲပေါ့။ ဒါနဲ့သူငယ်ချင်းတစ်ယောက် သူကဌါနတစ်ခုက လူကြီး ဟဲဟဲ သူ့ဘဲအားကိုးရတော့တာပေါ့. ပြောလိုက်တော့ သူကစာတစ်စောင်ရေးပေးလိုက်တယ်. သူ့စာနဲ့ဝယ်တော့မှရတယ်. အဲ့ချိန်မှာဘဲ ကောင်မလေးတစ်ယောက် လက်မှတ်ရောင်းဆီမှာ ငွေ ၂၀၀၀၀ ပိုပေးပြီးဝယ်နေတာတွေ့တော့မှ အော်ဒီမှာက ပွဲစားမလိုပါလား တိုက်ရိုက်ငွေပေးရင် ရပါလားဆိုတာသိသွားတော့တယ်။
ဒီလိုနဲ့ လေယာဉ်စီးရမယ့်နေ့ (၁၆ ရက်ဖေဖေါ်ဝါရီ ၂၀၁၂) ရောက်တော့ မနက် ၈နာရီခွဲ ကွင်းချိန်းတဲ့ ၉နာရီလောက်ရောက်အောင်သွားလိုက်တယ်.. လေယာဉ်ကရောက်မလာဘူး နေ့လည် ၁၂ နာရီလောက်မှ လေယာဉ်ရောက်လာတယ် ရန်ကုန်၊ မန်းလေး သွားမယ့်သူတွေက တက်လို့မရသေးဘူးတဲ့ လေယာဉ်ကမြစ်ကြီးနားကို အရင်သွားမှာ အပြန်မှ ရန်ကုန်၊ မန်းလေးခရီးသည်တွေကို ၀င်ခေါ်မယ်တဲ့. ဒါနဲ့ဗိုက်ကလဲ ဆာလာတော့ ဆိုင်ကယ်တက်စီနဲ့ အပြင်ထွက်ပြီးထမင်းစားလိုက်တယ်. နေ့လည် ၂ နာရီလောက်မှလေယာဉ်ပြန်ဝင်လာတယ်. ကိုယ်တွေတော့သွားရတော့မယ်ပေါ့ဆိုပြီး အထုပ်ဆွဲ ကျောပိုးအိတ်လွယ်နဲ့ပေါ့။ ဒီလိုနဲ့ ၂နာရီခွဲလောက်မှ ကွင်းတာဝန်ခံဆိုတဲ့သူက ၀င်လာပြီး လေယာဉ်က ဘီးပေါက်သွားလို့ပါ၊ ရန်ကုန်က လေယာဉ်တစ်စီးလာကြိုပါ့မယ် ညနေ ၄ နာရီလောက်ပြန်လာခဲ့ပါတဲ့။ ဒါပထမဆုံးအကြိမ် လေယာဉ်ကွင်းက ရတဲ့ information ဘဲ။ ဒီလိုနဲ့ပြန်ပေါ့ တည်းတဲ့နေရာကို ညနေ ၄နာရီပြန်လာတော့  ခဏစောင့်ရင်း ညနေ ၅ နာရီလောက်မှာ ရန်ကုန်က လေယာဉ်တစ်စီး ရောက်လာတယ်။ ကဲဒီတစ်ခါတော့ သွားရပီပေါ့စိတ်ကူးနေတုန်း ရောက်လာတဲ့လေယာဉ်ကသေးလို့တဲ့ နေပြည်တော် သွားမယ့်သူတွေဘဲလိုက်လို့ ရမယ်တဲ့။ အဲ့ဒီ့လေယာဉ်က ဘီးလဲဖို့ လိုအပ်တဲပစည်းတွေသယ်လာတယ်၊ ဘီးလဲပြီးရင်ထွက်ပါမယ်တဲ့။ ဒီလိုနဲ့စောင့်ရင်း စောင့်ရင်း ကြည့်နေတာ ဘီးက ဖြုတ်လို့ကို မရသေးဘူး ညက ရနာရီထိုးနေပြီ၊ လေယာဉ်ကွင်းမှာက မီးလဲမရှိဘူး၊ ဘီးလဲနေတဲ့သူတွေက ဓါတ်မီးသေးသေးလေးနဲ့ လဲနေတာ၊ စောင့်နေတဲ့ခရီးသည်တွေက ကြောက်လာပြီ၊ ကျနော်ကတော့မစီးရဲတော့ဘူး မီးမရှိတဲ့လေယာဉ်ကွင်းက ထွက်မယ့်လေယာဉ်ကို ပြင်နေတာက လက်နှိပ်ဓါတ်မီးသေးသေးလေးနဲ့၊ ခရီးသည်အကုန်လုံးကလဲ မစီးရဲတော့ဘူး မစီးဘူး အပ်ထားတဲ့အိတ်တွေပြန်ပေးဖို့ တောင်းမယ်ဆိုတော့ လေယာဉ်ကွင်းမှ တာဝန်ရှိတဲ့သူ ကိုရှာမတွေ့ဘူး ကွင်းတာဝန်ခံဆိုတဲ့သူက ဘာ information မှလဲမပေး၊ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတဲ့ ခရီးသည်တွေကိုလဲ မထိန်းသိမ်းဘဲ သူနဲ့ဘာမှမဆိုင်တဲ့ လေယာဉ်ဘီးလဲတဲ့ဆီမှာ သွားယောင်နေတယ်။ ခရီးသည်အချို့ပြသနာရှာတော့မှ ရဲတစ်ယောက်ကသွားခေါ်ပေးတယ်။ အဲ့ဒီ့ တာဝန်ခံဆိုတဲ့လူက စောင့်ပါတဲ့ ပြင်နေပါတယ်တဲ့ လိုတဲ့ပစည်းကို မြို့ထဲထွက်ဝယ်နေပါတယ်တဲ့၊ လေယာဉ်ပစည်း ဗန်းမော်မှာရမှန်း ကျနော်လဲအဲ့တော့မှသိတော့တယ်။ ခရီးသည်တွေအကုန်လုံးက မလိုက်ရဲတော့ဘူး ပြန်မယ် အိတ်တွေပြန်ထုတ်ပေးပါ အတင်းတောင်းဆိုတော့မှ ည ဂ နာရီ ခွဲမှာ အိတ်တွေပြန်ရတယ်၊ နောက်ရက်မနက် ၁၀ နာကို ကွင်းချိန်းပြန်ပေးလိုက်တယ်။ နောက်နေ့မနက်ရောက်တော့ ရန်ကုန်ကနေလေယဉ်တစ်စီး ရောက်နေတာတွေ့တယ်။ ကျနော်တို့ကိုလာခေါ်တဲ့လေယာဉ်လို့ထင်တာပေါ့ ဟုတ်ဘူးဗျ ဘီးလဲဖို့ မေ့ကျန်ခဲ့တဲ့ ပစ်စည်းတွေလာပို့တာတဲ့၊ သေလိုက်ပါတော့၊ ဒီလိုနဲ့ နေ့လည် ၁၂ နာရီခွဲမှာ တကယ်လေယဉ်ထွက်ဖြစ်သွားပါတယ်။ ထမင်းက မစားရသေးတော့ ဗိုက်တွေကက ဆာနေတာပေါ့၊ လေယဉ်မောင်၊ မယ် တွေကလဲ ဆက်ဆံရေးကောင်းပါတယ်၊ သူတို့လဲ ဗန်းမော်မှာတစ်ညအိပ်လိုက် ရတာကိုး၊ ကျနော်တို့ကြောင့်အိပ်လိုက်ရတဲ့ ပုံစံနဲ့ တောင်းပန်စကားတစ်ခွန်းမပြောဘူး၊ မျက်နှာက ရှစ်ခေါက်ချိုးနဲ့၊ ခရီးသည်တွေကပြန်ကြောက်နေရတယ်။ ဒီလိုနဲ့ ညနေ ၃ နာရီခွဲလောက်မှာ မန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်ကြီးဟာ ရန်ကုန်မြို့တော်ကြီးကို အောင်မြင်စွာဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ဗန်းမော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့လာတာ ကြာချိန်စုစုပေါင်း ၂၇ နာရီခွဲကြာသွားပါတယ်။
မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများခင်ဗျား ပြုပြင်ပါအုံးလို့ ပြောလိုက်ပါရစေ။
သဘာဝဓာတ်ငွေ့လုပ်ငန်းမှရရှိသော ခွဲတမ်းကို ငွေမယူဘဲ ဓာတ်ငွေ့သာယူ၍ ပြည်တွင်းစက်ရုံများ လည်ပတ်ခွင့်ပြုရေး လုပ်ငန်းရှင်များ တောင်းဆို
ပြည်ပနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ မြန်မာအတွက် ရရှိသည့် ခွဲတမ်းအား ငွေမယူတော့ဘဲ ဓာတ်ငွေ့သာ ယူပြီး ပြည်တွင်း ဓာတ်မြေသြဇာ စက်ရုံများကို လည်ပတ်ခွင့်ပြုရန် လုပ်ငန်းရှင်များက အဆိုပြုတောင်းခံခြင်းကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် လယ်/ဆည် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး အပါအဝင် ဝန်ကြီးအချို့သည် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင် အပါဝင် ပြည်တွင်းလုပ်ငန်းရှင် ၁၀ ဦးအား ဖေဖော်ဝါရီ ၁၉ ရက်တွင်လက်ခံတွေ့ဆုံစဉ် လုပ်ငန်းရှင်များက အထက်ပါကဲ့သို့ တင်ပြတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “လက်ကျန် စာချုပ်တွေအရတော့ ဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် ၂၀၁၃-၂၀၁၄ လောက်မှာ ဓာတ်ငွေ့ စထွက်မယ့် ဇောတိက စီမံကိန်းစရင်တော့ ခွင့်ပြုမယ်လို့ သမ္မတက သဘောတူညီ လိုက်ပါပြီ” ဟု လုပ်ငန်းရှင် ၁၀ ဦးအဖွဲ့တွင် ပါဝင်သည့် ဝါးခယ်မ ရောင်းဝယ်ရေးကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ပြောသည်။ လက်ရှိအချိန်တွင် ကုန်ထွက်စွမ်းအား ကျဆင်းနေသော ဌာနဆိုင်ရာပိုင် ဓာတ်မြေသြဇာ စက်ရုံများကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ရန် လယ်/ဆည် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များကို အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရဥည်။ ထို့အပြင် ပြည်ပသို့ ရောင်းချနေသော သဘာဝဓာတ်ငွေ့များအနက်မှ အချို့ကို ပြည်တွင်းလုပ်ငန်းများသို့ ဈေးနှုန်းတူဖြင့် ရောင်းချပေးခြင်းဖြင့် ပြည်တွင်းလုပ်ငန်းများ တိုးတက်ခွင့်ရရှိစေရန် သမ္မတသို့ အဆိုပြုတင်ပြခဲ့ကြောင်းလည်း သိရသည်။ “အစိုးရက ပြည်ပကို ရောင်းတဲ့ဈေးအတိုင်း ပြည်တွင်းကိုလဲ ရောင်းပေးဖို့ ပြောခဲ့ပါတယ်။ အစိုးရက ဒေါ်လာနဲ့လိုချင်ရင်လဲ ပြည်တွင်းလုပ်ငန်း ရှင်တွေက ဒေါ်လာနဲ့ပေးဖို့ အသင့်ပါပဲ” ဟု ယင်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
နမ္မတီးဈေးတွင် ဈေးစည်ပင် ငွေတိုးမြှင့်ကောက်ခံ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဈေးမှာ စည်ပင်သာယာက ပျံကျဈေးသည်တွေ ဆီကနေ ဈေးကောက်တွေကို ၂ ခါ ကောက်ခံနေပါတယ်။
အဲဒီလို ကောက်ခံနေတဲ့အပြင် ဈေးအတွင်းမှာ ရောင်းချနေတဲ့ မှတ်ပုံတင် ဆိုင်ခန်းခတွေကိုလည်း တိုးမြှင့်ကောက်ခံတယ်လို့  ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု မိုကောင်းမြို့နယ် အမတ် ဦးမြတ်မိုးမြင့်က ပြောပါတယ်။
ဈေးအတွင်း မှတ်ပုံတင် ဆိုင်ခန်းခတွေကိုလည်း ဒီနှစ်မှာ နှစ်စဉ်ကြေး ၅,၅၀၀ နဲ့ လစဉ်ကြေး ၂,၆၀၀ ကျပ် တိုးမြှင့်ကောက်ခံလို့ ဈေးသူဈေးသားတွေနဲ့ ပြဿနာဖြစ်ကြတယ်လို့ ဆိုပါတယ်။
အရင်နှစ်က နှစ်စဉ်ကြေး ၂,၀၀၀ ကျပ်နဲ့ လစဉ်ကြေး ၁,၀၀၀ ကျပ်သာ ကောက်ခံခဲ့တယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။
“ဈေးသူဈေးသားတွေက မပေးချင်ကြတော့ ဈေးရုံးမှာ ဈေးတာဝန်ခံနဲ့ သွားပြောတယ်။ ဈေးတာဝန်ခံက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ မင်းတို့ တိုင်ချင်တဲ့ နေရာတိုင်….၊ ဈေးသူဈေးသားတွေက လျှော့ပေးဖို့၊ ဘာကြောင့် အဲဒီလောက်အထိ ဈေးတွေတက်သွားရတာလဲ အဲဒီလိုမျိုးတွေ သွားမေးတဲ့အခါမှာ နည်းနည်းလေး ပြဿနာဖြစ်တာ ရှိတယ်။ ဈေးအရာရှိ ဦးဝင်းနိုင် လက်မှတ်ထိုးပြီးမှ  စာနဲ့ထုတ်တာ တွေ့ရတယ်။ စာကို ဖတ်ကြည့်တဲ့အခါမှာ ဈေးအရာရှိ နာမည်က ဦးဝင်းနိုင်လို့ ရေးထားပါတယ်။”
စည်ပင်သာယာက ပျံကျဈေးသည်တွေကိုလည်း ဈေးကောက်ခ ၁၀၀ ကျပ် အပြင် ဈေးသန့်ရှင်းရေးဆိုပြီး နောက်ထပ် ၁၀၀ ထပ်မံ ကောက်ခံနေတဲ့အတွက် ပျံကျဈေးသည်တွေ အခက်အခဲဖြစ်ရတယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။
နေ့စဉ် ရာနဲ့ချီတဲ့ ပျံကျဈေးသည်တွေဟာ လမ်းဘေးမှာ ရောင်းချတဲ့အတွက် တချို့အိမ်ရှင်တွေကလည်း ထပ်ကောက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“တောမှာ ပေါက်တဲ့ အရွက်ကလေးတွေပေါ့။ လယ်တောက ပေါက်တဲ့ဟာမျိုးလည်း ဘယ်သူလာရောင်းရောင်း ၂၀၀ ပဲ။ ၂ ကြိမ်ကောက်တာကိုး။ အဲဒီလို တိုင်လိုက်ရင် အိမ်ရှင်က မောင်းထုတ်မှာတို့၊ နောက်တခါ ဒီဈေးဝန်ထမ်းတွေက မင်းတို့မရောင်းနဲ့ အထဲမှာရောင်း ဆိုပြီးတော့ ပိတ်လာမှာတို့ကို ကြောက်ကြတာပေါ့ဗျာ။ အဲဒီမှာ ရောင်းတော့။ ဘာပဲပြောပြော ၁,၀၀၀ ဆိုရင်တော့ ၅၀၀ တော့ ရသေးတာပေါ့။ သူတို့အတွက် ဘေးကနေ ကြည့်ရတဲ့ အနေနဲ့တော့ ဒါ မတရားမှု တခုပဲလို့ ကျနော် မြင်တာပဲ။”
နမ္မတီးစည်ပင်သာယာကို ဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရပါဘူး။
ကချင်ပြည်နယ်မှာ မိုးကောင်းဈေးပြီးရင် နမ္မတီးဈေးဟာ ဒုတိယ အကြီးဆုံးဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာက ရွာသူရွာသားတွေက သူတို့ရဲ့ ခြံထွက် ကုန်ပစ္စည်းတွေကိုလည်း လာရောက် ရောင်းချနေကြတာ ဖြစ်ပါတယ်။
ယာဉ်ရပ်နားခပိုမိုကောက်သူ လုပ်ငန်းလုပ်ကိုင်ခွင့်ရုပ်သိမ်း
မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီအခွန်ဌာနက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အ တွက် လေလံတင်ရောင်းချခဲ့ သော လုပ်ကိုင်ဆောင်ရွက်မှုရှိမ ရှိကို လုပ်ငန်းရပ်များအလိုက်ကွင်း ဆင်း၍ စစ်ဆေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများဖြင့် ထိန်းသိမ်းကြီးကြပ်လျှက်ရှိသည်။
ပထမအကြိမ်လေလံလုပ်ငန်း ရှင်အား သတိပေးခြင်း၊ ဒုတိယအ ကြိမ် လေလံစည်းကမ်းဖောက် ဖျက်မှုအတွက် သတ်မှတ်ဒဏ် ကြေးငွေတပ်ရိုက်ခြင်း၊ တတိယ အကြိမ်ထပ်မံ၍လေလံစည်းကမ်း ဖောက်ဖျက်မှုအတွက် လေလံ လုပ်ငန်းလုပ်ကိုင်ခွင့်အားပြန်လည် သိမ်းယူသည်အထိ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
လေလံကြေးကျပ် ၃၀၃၃၀ ၀၀၀ ဖြင့်လေလံဆွဲဝယ်ယူ၍ချမ်း အေးသာစံမြို့နယ် ၂၆လမ်း၊လမ်း ၈၀နှင့် ၈၄လမ်းကြား ယာဉ်ရပ် နား(ကန့်သတ်) ကောက်ခံခွင့်လုပ် ငန်းလုပ်ကိုင်သူသည် ဆိုင်ကယ် တစ်စီးတစ်နာရီရပ်နားလျှင် ကျပ် ၅၀၊ တစ်နာရီထက်ကျော်လျှင် ၁၀၀ကျပ်၊ မော်တော်ကားတစ်စီး တစ်နာရီအတွင်း ၁၀၀ကျပ်၊တစ် နာရီကျော်လျှင်ကျပ်၂၀၀၊ကောက် ခံရန် သတ်မှတ်ထားသော်လည်း ပိုမိုကျော်လွန်ကောက်ခံသဖြင့်မေ လ ၈ရက်က ပထမအကြိမ်သတိ ပေးခြင်း၊ မေလ ၂၅ရက်တွင် ဒုတိယအကြိမ် ကျူးလွန်သဖြင့် သတ်မှတ်ဒဏ်ငွေတပ်ရိုက်ခြင်းပြု လုပ်ခဲ့သော်လည်း ၂၀၁၂ခုနှစ်ဇန် န၀ါရီ ၂၀ရက်ကသတ်မှတ်အခွန် အခထက်ပိုမိုကောက်ခံနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လေလံ လုပ်ငန်းလုပ်ပိုင်ခွင့်အား ရုပ်သိမ်း အရေးယူခဲ့သည်။
ယာဉ်ရပ်နား (ကန့်သတ်) လုပ်ငန်းကောက်ခံသူလူငယ်များ၏ ရိုင်းပြစွာကောက်ခံမှုကြောင့်ချမ်းအေး သာစံမြို့နယ် ၈၂လမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ၂၉လမ်းနှင့် လမ်း ၃၀ကြား၊ ၈၃လမ်း၊ ၂၉လမ်း နှင့် လမ်း၃၀ကြား၌အိမ်ရှင်များနှင့် ကောက်ခံသူ လူငယ်များကြား မကြာခဏအချင်းများမှုများဖြစ်ပေါ် လျက်ရှိရာ ချိုသာပြေပြစ်စွာ ယာဉ်ရပ်နားခကောက်ခံသင့်ကြောင်း ရပ်ကွက်ပြည်သူများကသုံးသပ်ပြော ဆိုကြကြောင်းသိရသည်။
ဇေကမ္ဘာစက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှု ခွင့်ပြုချက်မရှိဘဲ ဆက်လက်ဆောင်ရွက်ပါက အရေးယူမည်
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်မြေ ၈၁၅ ဧက အား ဇေကမ္ဘာကုမ္ပဏီမှ တစ်ဧက လျှင် ကရုဏာကြေး ကျပ်သုံးသိန်းစီ ပေး၍လယ်သမားများထံမှ လက်မှတ်ထိုးကာ သိမ်းယူခဲ့ကြောင်းနှင့် ယင်း နှစ်မိုးစပါးရိတ်သိမ်းပြီးချိန်မှ စတင်ကာ အဆိုပါ လယ်စိုက်ဧက ၈၁၅ ဧက ၏ လယ်ကန်သင်းရိုးများ ဖြတ်သိမ်းခြင်း၊ ရေစီးမြောင်းများပိတ်ခြင်း၊ ကုန်ထုတ်လမ်းများ ဖြတ်စီးခြင်းကို စတင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။၂၀၁၁ ခုနှစ်တွင် ယင်းလယ်မြေများပေါ်၌ သီးစားချထားမှုကို ဇေကမ္ဘာကုမ္ပဏီမှ ရရှိခဲ့ပြီး လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ အစား စက်မှုဇုန်အဖြစ် အသွင်ပြောင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
“ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ပိတ်ဆို့ထားတဲ့လူ့အဖွဲ့အစည်းမဟုတ်ဘူးပေါ့ဗျာ”” (မင်းကိုနိုင်)
7Day News Journal
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဗကသကျောင်းသားလူငယ်များပါဝင်သော အဖွဲ့သည် ယခုလ ၂၀ရက်နေ့က ဟင်္သာတမြို့သို့သွားရောက်ကာ ဦးအောင်မြတ်ကျော်ခန်းမတွင် မြို့သူမြို့သား သုံးထောင်ခန့်နှင့် တွေ့ဆုံ၍ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
““ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ပိတ်ဆို့ထားတဲ့ လူအဖွဲ့အစည်း မဟုတ်ဘူးပေါ့ဗျာ။ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ မလိုလားအပ်တဲ့ တားမြစ်မှုတွေမရှိတော့ပါဘူး။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို ကြောက်လို့မရပါဘူး။ မှန်မှန်ကန်ကန် အသုံးချဖို့ပဲလိုပါတယ်။ ပြည်သူလုထုအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အခွင့်ထူးခံမှုတွေ ကို တော့ ရှောင်တိမ်းဖို့လိုမယ်။ ဒါဆို ပြည်သူထူလု ပူးပေါင်းမှာပဲ””ဟု ကိုမင်းကိုနိုင်က ဟင်္သာတမြို့သူမြို့သား သုံးထောင် ခန့်ကို ပြောကြားခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဗကသကျောင်းသားများပါဝင်သော အဖွဲ့သည် ဟင်္သာတမြို့သို့ နေ့လည်တစ်နာရီခန့် တွင် ရောက်ရှိလာပြီး မြို့သူမြို့သားငါးထောင်ခန့်က ခွပ်ဒေါင်း၊ ကဒေါင်းအလံငယ်များဝှေ့ယမ်းကာ တခဲနက်ကြိုဆိုခဲ့ကြသည်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့က လူထုနှင့် မိတ်ဆက်ခဲ့ ကြပြီး ကိုမင်းကိုနိုင်က ကျဆုံးခဲ့ပြီးသော ဟင်္သာတမြို့သား နိုင်ငံရေးသမားများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းစည်းများချခဲ့ကာ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ဟင်္သာတခရီးစဉ်အား ဇလွန်မြို့နယ်မှစတင်ကာ လမ်းတစ်လျှောက် ကျေးရွာများမှ ကြိုဆိုအားပေးခဲ့ကြပြီး ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်နှင့် ကားအစီးနှစ်ဆယ်ခန့်က လိုက်ပါပို့ဆောင် ခဲ့ကြသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ဟင်္သာတမြို့မှပြန်လည်ထွက်ခွာလာပြီး ဇလွန်ပြည်တော်ပြန် ဘုရားသို့ ၀င်ရောက်ဖူးမြော်ခဲ့သည်။
ည ရှစ်နာရီခွဲခန့်တွင် ဓနုဖြူမြို့သို့ရောက်ရှိကြပြီး ဓနုဖြူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ နှုတ်ခွန်းဆက် စကားပြောကြားကာ ကျိုက္ကလွန်ဗွန်းဘုရားအား ၀င်ရောက်ဖူးမြော်ခဲ့သည်။
(ဥက္ကာကိုကို)
ရွှေညဝါ ဆရာတော်၊ အရှင်ဂမ္ဘီရ၊ တိုင်ရီ ပြဿနာ၊ လွတ်လပ်စွာ မဲဆွယ်ခွင့်ကို ထိပါးတာ၊ တိုင်းရင်းသား အရေး၊ လက်ကျန် နိုင်ငံရေးအကျဉ်းသား၊ အစိုးရရဲ့ မမှန်ကန်ဆဲ ရှိနေတဲ့ အတွေးအခေါ်၊လုပ်ရပ် စတဲ့ ကိစ္စတွေကို ထောက်ပြတာ။ NLD ရဲ့ လုပ်နည်းလုပ်ဟန်တွေကို အားမရလို့ မတရားမှုကို ပိုပြီး ထိရောက်အောင်တွန်းလှန်ဖို့ နှိုးဆော်တာ၊ ဝေဖန်တာ စတာတွေဟာ နိုင်ငံမတည်ငြိမ်အောင် တမင်သက်သက် ပြဿနာရှာနေတာ မဟုတ်ဘူး။
ကျနော် ခဏခဏ ပြောဖူးတယ်။ ပြဿနာကို ထောက်ပြတယ်။ ပြဿနာရှာတယ်ဆိုတာ ကောင်းတဲ့၊ မရှိမဖြစ်မွေးယူရမဲ့ အလေ့အကျင့်တစ်ခု။ အလကား၊ စားကောင်း၊သောက်ကောင်းအောင် ဖွနေတာ မဟုတ်ဘူး။
ဘယ်လူ့အဖွဲ့အစည်းမှာမဆို ပြဿနာမရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာ မရှိဘူး။ ရှိတဲ့ ပြဿနာကို ထုတ်ဖော်၊တင်ပြ၊ပြောဆိုမှ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာပေါ့။
စစ်အစိုးရအဆက်ဆက် ဌာနဆိုင်ရာတွေက (စစ်ဝတ်၊ အရပ်ဝတ်) အဆင့်မြင့်အရာရှိကြီးတွေ နိုင်ငံတကာ အစည်းအဝေးသွားရင် မေးခံရလေ့ရှိတာ "ဘာပြဿနာရှိသလဲ" ဆိုတာဖြစ်တယ်။ ထုံးစံအတိုင်း "ဘာပြဿနာမှ မရှိဘူး" လို့ပဲ ပြန်ဖြေလေ့ရှိတော့ နိုင်ငံတကာကလာတဲ့ ကိုယ်စားလှယ်တွေ အံ့သြကြရတယ်။ ခေတ်မီဖွဲ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတောင် ပြဿနာပေါင်း သောင်းခြောက်ထောင်တက်နေတာ၊ ဗမာပြည်လို ကမ္ဘာအဆင်းရဲဆုံးနိုင်ငံထဲမှာ ပါတဲ့ နိုင်ငံတစ်နိုင်ငံက ဘာပြဿနာမှ မရှိဘူးဆိုတော့ အံ့သြရပြီပေါ့။
နိုင်ငံတကာက အစိုးရ၊ ပုဂ္ဂိလက အဖွဲ့အစည်းတွေ အစည်းအဝေးတွေမှာ အဓိက လုပ်ရတာ ပြဿနာရှာတဲ့ အလုပ်ဖြစ်တယ်။ ရှိပြီး ပြဿနာ၊ မရှိသေးတဲ့ (ဖြစ်လာနိုင်တဲ့) ပြဿနာကို မဖြစ်မနေ ရှာကို ရှာရတာ။ တစ်ခုခု စတင် ကျင့်သုံး၊ အသစ် လုပ်လို့ရှိရင်လည်း မဖြစ်မနေ ကြိုတင် စဉ်းစားသုံးသပ်ရတာက "ဘာပြဿနာရှိလာမလဲ" ဆိုတာ ဖြစ်တယ်။ တကယ့်အင်္ဂလိပ်စာအသုံးမှာဆိုရင် "What are the implications? (of the proposed project or new law or something) negative, positive အကုန်စဉ်းစားရတာ။
ဒါမှ ရှိပြီး ပြဿနာဆိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်မယ်။ ဖြစ်လာနိုင်တဲ့ ပြဿနာဆိုလည်း မဖြစ်အောင် ကာကွယ်နိုင်မယ်။ ကြိုတင်ကာကွယ်ရဲ့နဲ့ ဖြစ်လာခဲ့လည်း ပြဿနာကို ကျကျနနလေ့လာ၊သုံးသပ်ပြီး ဖြစ်တဲ့အတွက် ထိခိုက်မှုအနည်းဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်မယ်။
ပြဿနာကို မီးထွန်းရှာရတဲ့ တန်ဖိုးကို နားလည်စေချင်တယ်။
"ဘုန်းတော်ကြောင့် အားလုံးကောင်းပါသည်။" လုပ်ခဲ့လို့ တိုင်းပြည်လည်း ဖြစ်ချင်တိုင်း ဖြစ်၊ မွဲချင်တိုင်း မွဲနေတာ လက်တွေ့ပဲ။
ဒီလို ကိစ္စတိုင်းကို ထောက်ပြ၊ ပြောဆို၊ တောင်းဆို နေလို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်ရင် လာလတံ့ရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံတွေ တန့်သွာပြီး စီးပွားရေးတိုးတက်မှု နှောင့်နှေးမယ်ထင်သူတွေ သိအောင် ရှင်းရှင်းပြောမယ်။ သေနတ်နဲ့ ချိန်ပြီး တည်ငြိမ်အောင် လုပ်ထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုမျိုးမှာလည်း စီးပွားရေးက တိုးတက်လာမှာ မဟုတ်ဘူးဆိုတာ လွန်ခဲ့တဲ့ သမိုင်းက သက်သေရှိပြီး ဖြစ်တယ်။
ကျနော် အရင်တုန်းက ပြောလေ့ရှိသလို တိုင်းပြည်မှာ ဖြစ်နေတဲ့ ပင်မရောဂါက ဘာလဲ၊ဘယ်သူ့ကြောင့်လည်း ဆိုတာ သေချာ မြင်အောင် ကြည့်ပါ။ အဆွယ်အပွားရောဂါကို လူမြင်ကောင်းအောင် ကုလို့ တိုင်းပြည်ရဲ့ ပင်မရေသောက်မြစ် ရောဂါ(ပြဿနာ) မပျောက်နိုင်သလို ဘယ်တော့မှလည်း ထူထူထောင်ထောင်ပြန်ဖြစ်လာမှာ မဟုတ်ပါ။
ခုဒီအကြောင်းတွေရေးရင်းနဲ့ ဆရာအောင်သင်း ပြောဖူးတဲ့ သူ့ထောင်တွင်း အတွေ့အကြုံလေး တစ်ခုကို သွားသတိရတယ်။ ထောင်ထဲမှာ ညတန်းစီ၊ လူစစ်၊ မီမှိတ်ပြီးလို့ ရှိရင် နာရီအပိုင်းအခြားနဲ့ "အားလုံးကောင်းရဲ့လား" လို့ မေးလေ့ရှိတယ်။ အဲ့လို မေးရင် တာဝန်ကျ ထောင်စောင့်တွေက "အားလုံးကောင်းပါသည် ခင်ဗျား" ဆိုပြီး ပြန်ပြီး ဖြေရတယ်။ အဲ့သလို ညတိုင်း နာရီခြား "အားလုံးကောင်းပါသည် ခင်ဗျား" လို့ အော်..အော်နေတာ ကြာတော့ နားကြားပြင်းကတ်လာတဲ့ ရာဇဝတ်အကျဉ်းသားထားတဲ့ဘက်က အကျဉ်းသားတစ်ယောက်က ထပြီး "ဟေ့ ဒီမှာ ရောက်နေတဲ့ ကောင်တွေ တစ်ကောင်မှ မကောင်းဘူး၊ မကောင်းလို့ ထောင်ထဲရောက်နေတာ၊ အကုန်လုံး သူခိုးနဲ့ ဓါးပြချည်းပဲ..၊ ငါတစ်ယောက်ပဲ ခါးပိုက်နှိုက်" လို့ ပြန်အော်တယ်။
မကောင်းမှု၊ ဒုစရိုက်တွေ၊ မတရားမှုတွေရှိနေတော့လည်း ရှိတဲ့အကြောင်းတော့ အော်ရမှာပဲ။
ခုရေးတဲ့ စာကို အင်္ဂလိပ်စာ အသုံးအနှုန်းလေးတစ်ခုနဲ့ နိဂုံးချုပ်လိုက်တယ်။
"Never looke at life through rose-tinted glasses."
ငြိမ်းချမ်းအေး
၂၂ ဖေဖောါဝါရီလ၊ ၂၀၁၂
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  
0 comments:
Post a Comment