မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ ဖေဖေါ်ဝါရီလ ၂၃ ရက်၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

ကြာသပတေးနေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရသည်။
 “ကျနော်တို့ကတော့ ဘာဆွေးနွေးဖို့ ကြိုတိုင်ပင်ထားတာတော့ မရှိသေးဘူး။ ဒါပေမယ့် သူနဲ့ တွေ့ဆုံတဲ့အခါမှာပဲ အချင်းချင်း မိတ်ဆက်ရင်းနဲ့ ပြောကြဆိုကြမှာပါ။ အိမ်ရှင်ဆိုတော့ ဧည့်သည်က လာတွေ့တယ်ဆိုရင် လက်ခံ ကြိုဆိုပါ တယ်”ဟု အမည်မဖော်လိုသည့် WMR  အဖွဲ့ဝင် ကချင်ခေါင်းဆောင်တဦးက ပြောသည်။
 WMR ကချင်အတိုင်ပင်ခံအဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင် ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင် ၅ဝ ကျော် ပါဝင်ပြီး ထိုအဖွဲ့မှ ခေါင်းဆောင်အချို့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရရှိရန် ညှိုနိုင်းပေးနေသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရ (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့် အကြောင်းအရာများ ဆွေးနွေးဖြစ်မည် ဆိုသည်ကိုမူ WMR က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြာသပတေးနေ့တွင် ရန်ကုန်မြို့မှမြစ်ကြီးနားမြို့သို့ လေကြောင်းမှ သွားရောက်မည် ဖြစ်ပြီး မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာအုပ်စုရှိ အားကစားကွင်း တွင် လူထုဟောပြောပွဲ နေ့ချင်း ပြုလုပ်မည်ဖြစ်သည်။ ဟောပြောမည့် စင်မြင့်ကို နမ္မတီး NLD လူငယ်များက အဆင်သင့် ဆောက်လုပ်ကာ လုံခြုံရေး စီစဉ်ထားကြောင်း နမ္မတီး စည်းရုံးရေးအဖွဲ့ဝင် ဦးဝင်းဗိုလ်က ပြောသည်။
 သောကြာနေ့၌ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းတွင် စည်းရုံး ဟောပြောဦးမည် ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့ရှိ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သည့် မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။ထို့နောက် ဗန်းမော်မြို့ဘက်သို့ သွားရောက်၍ ကချင်ရိုးရာ မနောကွင်းတွင် ဟောပြောဦးမည်ဟု NLD မဲဆွယ် စည်းရုံးရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၁၉၈၉ ခုနှစ် နှင့် ၂ဝဝ၃ ခုနှစ်များတွင် သွားရောက်ခဲ့ပြီး ယခု ခရီးစဉ် မှာ တတိယအကြိမ်မြောက် ဖြစ်သည်။
 ၁၉၈၉ ခုနှစ်က သွားရောက်စဉ် ပင်လုံပြည်ထောင်စု လမ်းပြမြေပုံကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရေးဆွဲခဲ့သည့် ဒူဝါဇော်ရစ်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
 NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာပြည် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများဖြစ်သည့် ထားဝယ်၊ ပခုက္ကူ၊ ပုသိမ်၊ ကော့မှူး၊ လှည်းကူးနှင့် ဖျာပုံမြို့များသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် အဖြစ် သွားရောက်ခဲ့သည်။
 မန္တလးတိုင်း NLD မှ ဒေါ်ဝင်းမြမြ အပါအဝင် အဖွဲ့ဝင် ၇ ဦးသည်လည်း ကချင်စစ်ပြေး ဒုက္ခသည်များအား ကူညီရန် အတွက် အဝတ်အထည်များနှင့် ကျပ်သိန်း ၁ဝဝ ယူဆောင်ပြီး မြစ်ကြီးနားမြို့သို့ မီးရထားဖြင့် ဗုဒ္ဓဟူးနေ့က ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

မဟာဂန္ဓာရုံကျောင်းတော် ဆွမ်းစားဆောင်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ခွင့်ကန့်သတ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိသော မဟာဂန္ဓာရုံကျောင်းတော် ဆွမ်းစားဆောင်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်ခွင့်မပြုတော့ကြောင်း မန္တလေးဇုန် ဧည့်လမ်းညွှန်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဆွမ်းစားဆောင်အတွင်း ဖိနပ်မစီးရန်တားမြစ်ထားသော်လည်း ဧည်သည်များမှာ ဖိနပ်စီးခြင်းနှင့် ခြေအိတ်များဝတ်၍ ၀င်ရောက်နေသဖြင့် ထိုကဲ့သို့ တား မြစ်ရခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။“မဟာဂန္ဓာရုံကျောင်းက မန္တလေးမှာ အရင်ဆုံးပြရတဲ့ နေရာပါ။  တစ်ခုလျော့သွားတာပေါ့ ၀မ်းနည်းစရာပဲ”ဟု ဂျာမန်ဧည့် လမ်းညွှန်တစ်ဦးကပြောသည်။
အဆိုပါ ကျောင်းသည် သံဃာတော်များ အများဆုံး သတင်းသုံးသော ကျောင်းတစ်ခုဖြစ်ပြီး ၀ါတွင်းကာလမဟုတ်သောအချိန်တွင် ပင့်သံဃာအပါးတစ်ထောင်ခန့်ရှိသည်။ ဆွမ်းစားချိန်တွင် အသံမထွက်အောင်ဘုန်းပေးရသော ကျောင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်လိုပါက 7daynewsjournal.com

AIDS ဆေးဝါးများ ဈေးအသက်သာဆုံး ထုတ်မည်

ယူဂန္ဓာနိုင်ငံတွင် AIDS ဝေဒနာရှင် များ အတွက် ထုတ် လုပ် သော ဆေးဝါးများမှာ ဈေး အသက်သာ ဆုံးဖြစ်ပြီး ကုသရာတွင် ပိုမို ထိရောက်သော HIV/AIDS ဆေးဝါးများကို လာမည့်လ တွင် စတင် ထုတ်လုပ်မည် ဖြစ်ကြောင်း ယူဂန္ဓာနိုင်ငံ နယူးဗားရှင်း သတင်းစာ၌ ဖေဖော်ဝါရီ ၈ ရက်က ပါ ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဖော်ပြချက်တွင် ၄င်းဆေးဝါး များကို ယူဂန္ဓာနိုင်ငံ ပြည်တွင်း ကုမ္ပဏီ ဖြစ်သည့် Quality Chemicals Pharmaceutical မှ ထုတ်လုပ်မည် ဖြစ်ကြောင်း၊ ဆေး၏ အမည်မှာ တန်နိုဖိုဖီယာ ဖြစ်ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နယူးဗားရှင်း တွင် ဖော်ပြထားသည်။
ဆေးထုတ်လုပ်မည့် ကုမ္ပဏီမှ သုတေ သန ပညာရှင် ဆမ်မြူရယ် အိုပီအိုက “ဝေဒနာရှင်တွေ အနေနဲ့ တစ်လတာ ဆေးဖိုးက အမေရိကန် ဒေါ်လာ ၂၀ သာ ကုန်ကျမှာဖြစ်တယ်။ ဒီဆေးမျိုးကို ဥရောပနိုင်ငံတွေမှာ ဒေါ်လာ ၆၀ဝ ကုန်ကျနေတာနှင့် နှိုင်းယှဉ်မယ်ဆိုရင် သက်သာပါ တယ်။ ရောဂါခံစားရချိန်မှာ ဒီဆေးကို တစ်နေ့တစ်လုံးသာ သောက်ရမှာဖြစ်ပါတယ်” ဟု နယူးဗားရှင်းသတင်းစာတွင် ပြောထားသည်။ ထိုဆေးဝါးများကို နိုင်ငံပိုင်လုပ်ငန်းတစ်ခုမှ ဈေးနှုန်းသတ်မှတ်ကာ နိုင်ငံတကာသို့ ဖြန့်ဖြူး ရောင်းချမည် ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်ဝသော ဘေးထွက် ဆိုးကျိုးနည်းသော ဆေးဖြစ်သောကြောင့် ဖြန့်ဖြူးပြီး ၆ လကျော်တွင် လူဦးရေ ၅၀ဝ၀ဝ ခန့် စတင်အသုံးပြုနိုင် ကြောင်း အမျိုးသား ဆေးဝါးဌာနမှ ပြောသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဆေးဝါးများကိုတစ်လုံးလျှင် ၁ ဒသမ ၉ ဒေါ်လာဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း၊ ယူဂန္ဓာနိုင်ငံသား ၅၄၀ဝ၀ဝ သည် AIDS ရောဂါဖြစ်ပွားလျက်ရှိပြီး ၂၁၈၀ဝ ဦးသည် ဆေးကုသမှု ခံယူလျက်ရှိကြောင်း Uganda AIDS Commision ၏စာရင်းဇယားတွင် ဖော်ပြထားသည်။
နီတိုး

အမျိုးသမီးများ၏ တင်ပါးများအား ဓားဖြင့် လိုက်လံထိုးမှုများ ဖြစ်ပေါ်နေ

မန္တလေး တိုင်း ဒေသ ကြီး၊ ပြင် ဦး လွင်မြို့ တွင် အသက် ၄၀ အရွယ် ခန့် အမျိုး သား တစ်ဦးဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသမီး များအား ရွေးချယ်ကာ နောက်မှ လိုက်ပြီး အမျိုးသမီး များ၏ တင်ပါးအား ဓားဖြင့် ထိုးခွဲကာ ထွက်ပြေး သွားသော စိတ္တဇဆန်ဆန် ပြစ်မှု ကျူးလွန်မှုများ ဖြစ်ပေါ်နေကြောင်း နှင့် အဆိုပါဖြစ်စဉ်များနှင့် ပတ် သက်၍ မြို့လူထုမှ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီအချိန်ခန့်က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၈၊ ပြည်သာ ယာလမ်း၊ အမှတ် (..)နေ မ.. (၃၈) နှစ်သည် နှစ်နှစ်အရွယ် သမီးကို စက်ဘီးပေါ်တွင်တင်၍ ကံ့ကော် လမ်းအတိုင်း စက်ဘီးကိုတွန်းလာ စဉ် တောရ ရွှေစည်းခုံ ဘုန်းကြီး ကျောင်းအနီး အရောက်တွင် အသက် ၄၀ အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာပြီး ၄င်း၏တင်ပါးအား ဓားဖြင့်ထိုးခွဲ ထွက်ပြေးသွားသဖြင့် အဆိုပါ ဖြစ်စဉ်အား ပြင်ဦးလွင် ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ပ-၃၁/ ၂၀၁၂၊ ပြစ်မှု ပုဒ်မ ၃၅၄/ ၃၂၄ ဖြင့် အရေးယူ ဆောင်ရွက်ထား သည်။
အလားတူ ဇန်နဝါရီ ၂၀ ရက်၊ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့် က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၈၊ သိင်္ဂီလမ်း၊ အမှတ် (..)နေ မ...(၂၇) နှစ်သည်ယောက္ခမဖြစ်သူနှင့်အတူ သိင်္ဂီလမ်း အတိုင်း လမ်းလျှောက် လာစဉ် ကျားညီနောင် အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ရှေ့ အရောက်၌ နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသူက ၄င်း၏ဘယ်ဘက် တင်ပါးအား ဓားဖြင့်ထိုးခွဲ ထွက် ပြေးသွားသဖြင့် အဆိုပါ ဖြစ်စဉ် အား ပြင်ဦးလွင်ရဲစခန်းသို့ တိုင် ကြားရာ ပ-၃၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၄ အရ အရေးယူ ဆောင် ရွက်ထားသည်။
တစ်ဖန် ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၁၊ ထုံးဘို လမ်းနေ မ... ၃၃ နှစ်သည် သူငယ် ချင်းဖြစ်သူနှင့်အတူ စက်ဘီးစီးနင်း လာစဉ် ရွှေမြင်တင် ဘုရားနှင့် ထုံးဘို လမ်းဆုံ အရောက်တွင် နောက်မှ ဆိုင်ကယ် စီးနင်းလာသူ အမျိုးသား က ၄င်း၏ ဘယ်ဘက် တင်ပါးအား ဓားဖြင့်ထိုးခွဲပြီး ထွက်ပြေးသွားရာ အဆိုပါ ဖြစ်စဉ်အား ပြင်ဦးလွင် ရဲစခန်းသို့ တိုင်ကြားရာ ပ-၄၁/ ၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄ /၃၂၄ အရ အမှုဖွင့် အရေးယူထားသည်။
အဆိုပါ ပုံစံတူ ကျူးလွန်မှု အား သက်ဆိုင်ရာ ပြင်ဦးလွင် ရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက အပူတပြင်း ရှာဖွေဖော် ထုတ်လျက်ရှိရာ အဆိုပါ ပြစ်မှု ကျူးလွန်သော အမှုများနှင့် ပတ် သက်၍ သင်္ကာမကင်းသူ ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး (..)နေ မောင် ... ၃၂ နှစ်အား ခေါ်ယူစစ်ဆေး လျက်ရှိသည်။ 
မန်းမောင်မောင်

ရန်ကုန်တွင် ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားသော နေရာသစ်ထပ်တိုး
အောင်သူရရန်ကုန်၊ ဖေဖော်ဝါရီ - ၁၆အတွဲ (၁၀)၊ အမှတ်(၄၉)


ရန်ကုန်မြို့တွင် ကမ္ဘာလှည့်ခရီးသွားများအား ပြသရန်နေရာတစ်ခု ထပ်တိုးလာကြောင်း ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဧည့်လမ်းညွှန်များက ပြောသည်။

“လာတဲ့လူတိုင်းက အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)အိမ်ကို ကြည့်ချင်ကြတာ။တချို့ကသူ့ရဲ့ရုံးကိုပါကြည့်ချင်တဲ့လူတွေလည်းရှိတယ်”ဟုကျောက်တံတားမြို့နယ် အခြေစိုက်ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ဧည့်သည်များအနေဖြင့် ရန်ကုန်လေဆိပ်မှ မြို့ထဲအ၀င်နှင့် ကမ္ဘာအေးဘုရားသို့သွားသောအခါတွင် ဒေါ်အောင်ဆန်း စုကြည်အိမ်အနီးအရောက် အချို့မှာ ကားပေါ်မှဆင်း၍ ဓာတ်ပုံရိုက်သူများရှိကြောင်း ဂျာမန်ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။

ထိုကဲ့သို့ သွားရောက် ကြည့်ချင်သူများမှာ ယခုနှစ်တွင် သိသိသာသာများလာပြီး ယာဉ်မောင်းများ ဧည့်လမ်းညွှန်များကလည်း ပေါ်ပေါ်တင်တင် ပြသရဲလာကြကြောင်း ခရီးသွားလုပ်ငန်းရှင်များကပြောသည်။ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ တရုတ်တန်း၊ နန်းသီတာဆိပ်ကမ်း၊ ဆင်ဖြူတော်၊
ကန်တော်ကြီး၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနှင့် ဗိုလ်ချုပ်ဈေးတို့ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်အိမ်နှင့် ရုံးတို့အား နှစ်ရက်ခရီးစဉ်အဖြစ် ပြသလေ့ရှိကြသည်။

၂၀၁၁-၂၀၁၂ ခရီးသွားရာသီမှစ၍ မြန်မာနိုင်ငံသို့ လာရောက်သော ဧည့်သည်တိုင်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုကြည့်ရှုရန်တောင်းဆိုလာကြကြောင်း ခရီးသွားအသိုင်းအ၀ိုင်းကဆိုသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကမ္ဘာလှည့်ခရီးသွားများအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဒေါ်
အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင်ကမ္ဘာလှည့်ဧည့်သည်လေးသိန်းနီးပါး မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည်။


ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်ဖော်ထုတ်မှုနှင့်ပတ်သက်၍ မီဒီယာသို့ ရှင်းလင်း


ပြည်သိမ်းရန်ကုန်၊ ဖေဖော်ဝါရီ-၁၆အတွဲ (၁၀)၊ အမှတ်(၄၉)

ဇေကမ္ဘာကုမ္ပဏီသည် ရန်ကုန်စက်မှုဇုန်(၄)အတွက် မြေတစ်ဧကလျှင်ကျပ်သိန်း ၄၄ သိန်းနှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ ၀ယ်ယူခဲ့သည်။ အဆိုပါမြေကွက်များကို ဇေကမ္ဘာကုမ္ပဏီက ကျပ်သိန်း ၄၀၀ ဖြင့် ပြန်လည်ရောင်းချကြောင်း သိရသည်။

ရန်ကုန်စက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ခွင့်ပြုချက်တင် ရန် သက်ဆိုင်ရာမှ စာထုတ်ထားသည်ဆို ခြင်းကို ဇေကမ္ဘာကုမ္ပဏီက မရရှိသေးကြောင်း ဖေဖော်ဝါရီ ၁၄ရက်က ကုမ္ပဏီမှ တာဝန်ရှိသူများ မီဒီယာများသို့ ရှင်းလင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုတွင် ရန်ကုန် စက်မှုဇုန်(၄)အကောင်အထည် ဖော်နေမှုခွင့်ပြုချက်တင်ပြရန်နှင့်ခွင့်ပြချက် မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေဖျက်ဆီးခြင်းအဖြစ် သတ်မှတ် အရေးယူသွားမည်ဟု ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်နှင့် ပြည်ပသတင်းမီဒီယာတစ်ခု၏ ထုတ်လွှင့်မှုအပေါ် ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။

“တိုင်းဒေသကြီးက ထုတ် ပြန်တဲ့ စာတစ်စုံတစ်ရာ ကုမ္ပဏီကို မရောက်လာသေးဘူး”ဟု ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေ မန်နေဂျာဒေါ်မီမီသိန်းတန်က ဆိုသည်။ ဇေကမ္ဘာ ကုမ္ပဏီသည် မင်္ဂလာဒုံမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြု ချက်ဖြင့် အိမ်ရာနှင့် စက်မှုဇုန်များအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက် ရာတွင် စက်မှုဇုန် ၁၊ ၂၊ ၃ ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်သည်။ မြေဧက ၁၀၀၀ ကျော် သည့် စက်မှုဇုန်(၄) အကောင်အ ထည်ဖော်ရာရန် လန (၃၉)ကို လျှောက်ထားခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုသည်။ “လယ်မြေမဟုတ်တဲ့ မြေ လွတ်မြေရိုင်းကို စက်မှုဇုန်ဖော်ထုတ်ဖို့ ကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ရန်ကုန်တိုင်းကို ခွင့်ပြုချက်ပြန်ချပေးပြီးပြီ”ဟု ဒေါ်မီမီသိန်းက ပြောကြားသည်။

အဆိုပါ စက်မှုဇုန်(၄) ကို အကောင်အထည်ဖော်မည့် ရွှေနံ့ သာကျေးရွာအုပ်စုမှာ လယ်မြေများအတွက် တစ်ဧကလျှင် ကျပ် သုံးသိန်းဖြင့် လယ်သမားများအား ကရုဏာ ကြေး(လျော်ကြေး)ပေးခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ဇေကမ္ဘာကုမ္ပဏီသည် ရန်ကုန်စက်မှုဇုန်(၄)အတွက် မြေတစ်ဧကလျှင်ကျပ်သိန်း ၄၄ သိန်းနှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ ၀ယ်ယူခဲ့သည်။ အဆိုပါမြေကွက်များကို ဇေကမ္ဘာကုမ္ပဏီက ကျပ်သိန်း ၄၀၀ ဖြင့် ပြန်လည်ရောင်းချကြောင်း သိရသည်။ “လမ်းဖောက်တာ၊ ရေကြောင်းသွယ်၊ မီးသွယ်တာနဲ့ အခြားဝန်ဆောင်စရိတ်တွေကြောင့် အခုလို ဈေးများတာပါ” ဟု အဆို ပါ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ က ရှင်းပြသည်။

ဦးရွှေမန်း...သတ္တိရှိရင် ခင်ဗျားခမည်းခမက် ဇေကမ္ဘာခင်ရွှေ လယ်သမားတွေဘဝပျက်အောင်လုပ်နေတာရပ်ခိုင်းပါ

ပြည်သူ့လွှတ်တော် ဥက်္ကဌသူရဦးရွှေမန်းသည် အထက်ပါ အခမ်းအနားတွင် လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူများသတိ္တရှိကြ ရန်အတွက် သတိ္တရှိရန်ဆိုသော စကားလုံးကိုဆယ်ကြိမ်ထက်မက ပြောကြားသွားခဲ့သည်။

““ကျွန်တော်က လွှတ် တော်ထဲမှာလဲ ရဲရဲဝံ့ဝံ့သတိ္တရှိရှိဆိုတဲ့ စကားလုံးကိုပြောခဲ့ပေးမယ့် သတင်းထဲမှာကျတော့ ရဲရဲဝံ့ဝံ့ဆိုတဲ့ စကားတော့ပါပြီးသတ်္တိဆို တာမပါလာဘူး”” ဟု သူရဦးရွှေမန်း ကလွှတ်တော်အတွင်းဆွေးနွေးခဲ့ သောအချက်အလက်များနှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။



Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment