ကမ္ဘာ့သတင်းများ  07/03/2012

နိုင်ငံတကာသတင်း

အင်တာနက် Hacker အဖွဲ့ Anonymous ခေါင်းဆောင်ကို ဖမ်းလိုက်ပြီ


Anomymousအမည်မသိလို့ခေါ်တဲ့ နိုင်ငံတကာကွန်ပြူတာကွန်ယက် ဖောက်ထွင်းရေးအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တချို့ဟာ အခုတော့ အမည်မသိတွေ မဟုတ်ကြတော့ပါဘူး- အမည်တွေ ပေါ်ကုန်ကြောင်း
ကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ (Hacker) ဇေဗီယာ မွန်ဆေးဂူးလ် (Xavier Monsegur) အပါအဝင် ထိပ်တန်းကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ ၆ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်တဲ့အကြောင်း ဟက်ကာများကို ဖမ်းဆီးနိုင်ဖို့အတွက် ဟက်ကာနာမည်ဝှက် ဆာဘူး (Sabu) လို့ သိကြတဲ့ ဇေဗီယာမွန်ဆေးဂူးလ်က အာဏာပိုင်များနဲ့ ပူးပေါင်းကူညီမှု ပေးခဲ့တယ်လို့ အာဏာပိုင်များက ဆိုကြောင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဇေဗီယာမွန်ဆေးဂူးလ်ဟာ ကွန်ပြူတာများ ဖောက်ထွင်းခဲ့တဲ့အကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့ကြောင်း
အခုအခါမှာ ဒေါ်လာ ၅ သောင်းတန်တဲ့ အာမခံနဲ့ အပြင်မှာ ရှိနေကြောင်းဧရာမ credit (အကြွေး) ကဒ် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဗီဇာနဲ့ မာစတာကဒ်တို့ကိုလည်းကောင်း၊ ကွန်ပြူတာကတဆင့် ငွေချေမှု ဝန်ဆောင်လုပ်ငန်း Paypal ကိုလည်းကောင်း၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမဲန်၊ ဇင်ဘာဘွေ အစိုးရတွေနဲ့ အမေရိကန်ဆီးနိတ် ကွန်ပြူတာစနစ်တွေကို ဖောက်ထွင်းခဲ့တဲ့အကြောင်း တခြား ဟက်ကာအုပ်စုတွေဖြစ်ကြတဲ့ Lulz Security နဲ့ Internet Feds မှာလည်း မွန်ဆေးဂူးလ်ပါဝင်ခဲ့ကြောင်း ရုံးတော်ကိုတင်တဲ့ စာရွက်စာတန်းများမှာ ပါဝင်ကြောင်း သတင်းရရှိသည်။

ဆီးရီးယားလူမျိုး ၉,၀၀၀ လက်ဘနွန်သို့ ထွက်ပြေးကြောင်း ကုလခန့်မှန်း

သွေးထွက်သံယို နှိမ်နင်းမှုတွေကြောင့် အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲကို ထွက်ပြေးခိုလှုံရတဲ့ ဆီးရီးယားဒုက္ခသည်ဟာ အနည်းဆုံး ၉,၀၀၀ လောက်ရှိမယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြောင်း
ပြီးခဲ့တဲ့ ဧပြီလကစပြီး လက်ဘနွမ်နိုင်ငံထဲ ထွက်ပြေးခိုလှုံ သူပေါင်း ၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့  လက်ဘနွန်အစိုးရတို့ရဲ့ စာရင်းဇယားတွေအရ သိရတယ်လို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ  ဒေနာ ဆူလေမန် (Dana Suleiman) က ဘေရွတ်မှာပြောကြောင်း
မကြာခင်ရက်တွေအတွင်း ဟုမ်းစ်မြို့မှာ ဖြစ်ပွားတဲ့ အကြမ်းဘက်မှုတွေကြောင့်  နယ်စပ်ဒေသက ဘက်ကာ (Bekaa )တောင်ကြားကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်က  ၂,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့လည်း ပြောကြောင်း ဟုမ်းစ်မြို့က  ဒဏ်ရာရသူတွေကို ကယ်ထုတ်ရာမှာသုံးတဲ့  တံတားတစင်းကိုလည်း ဆီးရီးယား စစ်တပ်က အင်္ဂါနေ့က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့  ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့က ပြောကြောင်း
ဆီးရီးယား အနောက်မြောက်ပိုင်း အစ်ဒ်လဗ် (Idlib) ခရိုင်က မာရက် အယ်လ်နျူမန် (Maaret al-Numan) မှာ ဆီးရီးယားတပ်တွေက ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆီးရီးယား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ပြောကြောင်းဒါ့ပြင် ဒါရာ (Daraa)  ဒေသထဲမှာလည်း ပေါက်ကွဲမှုတွေ ပြင်းထန်တဲ့အပြင် အဆက်အသွယ်ပါ ပြတ်တောက်နေကြောင်းတချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ လုပ်ဆောင်နေတဲ့ ဆီးရီးယားနိုင်ငံထဲ အကြမ်းဘက်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သန္ဓိဌာန်ချထားကြောင်း ဆီးရီးယား နိုင်ငံသားတွေက ပြသနေတယ်လို့ သမ္မတ Bashar al-Assad ရဲ့  အင်္ဂါနေ့ ပြောကြားချက်ကို အစိုးရထုတ် ဆာနာသတင်းမှာ ဖော်ပြထားကြောင်းသတင်းရရှိသည်။

ရီပတ်ဘလင်ကန် သမ္မတလောင်း အင်္ဂါနေ့မဲပေးပွဲ အဆုံးအဖြတ်ပေးနိုင်

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ကြီး ၁၀ ခုမှာ Super Tuesday လို့ခေါ်တဲ့ Republican ပါတီ သမ္မတလောင်း အရည်အချင်းစစ် ရွေးကောက်ပွဲကို ဒီကနေ့ အင်္ဂါနေ့မှာ မဲပေးကြတော့မှာဖြစ်ပါကြောင်းအရင်ကျင်းပခဲ့တဲ့ Primary ခေါ် ပြည်နယ်အစိုးရတွေကြီးမှူးတဲ့ သမ္မတလောင်းပဏာမရွေးကောက်ပွဲနဲ့ caucuses ခေါ် ပါတီတွင်း မဲပေးပွဲတွေထက် ဒီနေ့ Super Tuesday ရွေးကောက်ပွဲမှာ မဲအရေအတွက် ပိုများမှသာ သမ္မတလောင်း အရွေးခံရဖို့ သေချာမှာဖြစ်ကြောင်းသမ္မတလောင်းရွေးခံရဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အသီးသီးရဲ့ ကိုယ်စားလှယ် စုစုပေါင်း ၁၁၄၄ ယောက်ရဲ့ ထောက်ခံမဲပြည့်ဖို့လိုအပ်နေကြောင်း
ရှေ့ဆုံးကပြေားနေတဲ့ Mitt Romney က ပြီးခဲ့တဲ့ပြည်နယ် ၅ ခု ရွေးကောက်ပွဲမှာ အနိုင်ရထားတာကြောင့် ဒီနေ့ပွဲမှာ လည်း နိုင်ချေရှိကြောင်းပြိုင်ဘက် Rick Santorum ကလည်း  ဖေဖေါ်ဝါရီလအတွင်း ပြည်နယ် ၃ ခုမှာ ဆက်တိုက် အနိုင်ရထားတဲ့ အရှိန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေကြောင်းအမေရိကန်သမ္မတလောင်း ရွေးပွဲတွေမှာ အစဉ်အလာအရ အဓိကအကျဆုံး အနောက်အလယ်ပိုင်းက Ohio ပြည်နယ်မှာ Mitt Romney ရော၊ Rick Santorum ပါ မနေ့က တနင်္လာနေ့က အကြိတ်အနယ် စည်းရုံရေး ဆင်းခဲ့ကြကြောင်းတချိန်တည်းမှာပဲ လက်ရှိ သမ္မတအိုဘားမားအပေါ် လူကြိုက်များတဲ့နှုန်း တဖြည်းဖြည်းပြန်တက်လာတာ တွေ့နေရကြောင်းသတင်းရရှိသည်။



လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲထည့်ရမည့် မဲပုံးများကို ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲပုံးများကိုသာ ပြန်လည် အသုံးပြု သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
''ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပုံးတွေကို အရင် ၂၀၁၀ ရွေးကောက်ပွဲက သုံးခဲ့တာတွေကို ပြန်သုံးမှာဖြစ်ပါတယ်။ မဲရုံတွေအတွက်လည်း လျာထားပြီးသား ရှိပါတယ်။ မဲရုံတွေကိုလည်း စာသင်ကျောင်း၊ လူမနေသေးတဲ့ တိုက်ခန်းတွေ၊ ဂို ဒေါင်စတာတွေ အသုံးပြုမယ့်အပြင် ကွင်းပြင်တွေထဲမှာ မဲရုံသဘောမျိုး ဆောက်ပြီးလည်း လုပ်သွားဖို့ရှိပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မဲထည့်ရမည့် လူစာရင်းများကိုလည်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ၇ ရက်တိတိ ကြေ ညာပေးခဲ့သည်။ လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။



Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment