မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ  မတ် ၀၇ ရက်၊ ၂၀၁၂


"မြန်မာ့လူ့ အခွင့်အရေးနေ့ " သို့ ''ကိုဖုန်းမော်ကျဆုံးခြင်း နေ့ "
မတ်လ (၁၃)ရက်၊ ၂၀၁၂ ခုနှစ်။
ဖုန်းမော် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မည်

၁၉၈၈ အရေးအခင်း ဖြစ်ပွားရခြင်း အကြောင်းအရင်း များအနက် တစ်ခု အပါအဝင် ဖြစ်သော ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကွယ်လွန်ရခြင်း (၂၄) နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီ ခန်းမတွင် မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တစ်ဦးက ပြောကြားသည်။

ယင်းအခမ်းအနားတွင် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ တို့တွင် အသီးသီး ကျဆုံးခဲ့သော ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့အတွက် အောက်မေ့ဖွယ်ရာများ ပြောကြားမည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း ယင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

ကိုဖုန်းမော်ကျဆုံးခြင်း (၂၄)နှစ်မြောက် အမှတ်တရအခမ်းအနားတစ်ခုကို
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများက ဦးစီးပြီးကျင်းပပြုလုပ်သွားဖို့  ပြင်ဆင်စိုင်းပြင်းနေကြတယ်လို့  သိရှိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ အနေနဲ့ ကိုဖုန်းမော်နေ့ အခမ်းအနားကို
ဝိုင်းဝန်းပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားကြောင်း၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ယောက်က ပြောဆိုပါတယ်။
 ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ နေ့ ရက်ကို "မြန်မာ့လူ့ အခွင့်အရေးနေ့ " အဖြစ်ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများက အစဉ်တစိုက် ဖော်ညွှန်းသတ်မှတ်ခဲ့ကြပါတယ်။
AMT     11-Mingalar, Sanchaung, Yangon  Ph: 01510698, 092032925

ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား
ယနေ့မြန်မာစံတော်ချိန် ည(၁၀)နာရီခွဲက ရဲအထူးတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပါသည်...။

 
မနက်ဖြန် ပြန်ပို့ပေးမည်ဟု ပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားပါသည်...။ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ကားပေါ်၌ အရှင်ဂမ္ဘီရနှင့် ဆက်သွယ်မေးမြန်းချက် အသံဖိုင်အား မကြာမှီ ဖော်ပြပေးပါမယ်..။

သတင်းလင်ခ့် http://www.demowaiyan.co.cc/2012/03/blog-post_2346.html

အသံဖိုင်လင့်ခ် http://soundcloud.com/demowaiyan/pxjuoscdk9ic


ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ   မတ်လ ၆ ရက်၊ ၂၀၁၂၊ ည ၉နာရီခွဲ

ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။


မဲဆွယ်စည်းရုံးမှု အကန့်အသတ်များအပေါ် ဒေါ်အောင်ဆန်းစုကြည် သတိပေး

မြန်မာ နိုင်ငံသည် အမှန်တကယ် ဒီမိုကရေစီလမ်းကို သွားနေခြင်း ရှိမရှိကို ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်မှုသာမက မဲဆွယ်စည်းရုံးမှု လွတ်လပ်ခွင့်ကိုပါကြည့်ပြီး နိုင်ငံတကာက သတ်မှတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်သည်။

“ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကိုကြည့်ပြီး နိုင်ငံတကာက ဆုံးဖြတ်မှာပါ။ ရွေးကောက်ပွဲဖြစ်စဉ်ဆိုတာ ဒီရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဲထည့်တာ၊ လွတ်လပ်တာ၊ တရားမျှတာတာကိုပဲ ကျမတို့ ပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်မီအချိန်မှာ၊ စည်းရုံးရေး ကာလမှာ လုပ်ပုံလုပ်နည်းတွေက မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကမ္ဘာက ကြည့်နေတယ်ဆိုတာ ကျမ အသိပေးပါရစေ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ငူမြို့ မိုင်ဒါကွင်း မဲဆွယ်ဟောပြောပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။
NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် နေပြည်တော်မှ ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် တောင်ငူမြို့သို့ ယနေ့ နေ့လယ် ၂ နာရီ ခွဲခန့်က ရောက်ရှိလာပြီး မိုင်ဒါကွင်းအတွင်းရှိ ရာနှင့်ချီသော လူထုပရိတ်သတ်ကို ၁၅ မိနစ်ခန့် မဲဆွယ်ဟောပြောသည်။
“ကိုယ့်ဟာကိုယ်ချည်း နိုင်ချင်ဇောနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ကျမတို့ တနိုင်ငံလုံး နာမယ်ဆိုတာ သေချာမှတ်ထားကြပါလို့ ကျမတို့ ပြောချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အကူအညီပေးရေး စိတ်ဝင်စားလာကြသည်မှာ တနှစ်ခန့်သာ ရှိသေးပြီး ကန့်သတ်မှုများ လုပ်ဆောင်ပါက လိုအပ်သည့် နိုင်ငံတကာအကူအညီများလည်း မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလို ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် တက်တော့မယ်၊ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အစုအဖွဲ့ပေါင်းစုံ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရတော့မယ်လို့ ထင်လို့ ကူညီချင်တဲ့ စိတ်တွေ ရှိနေတာပါ။ အဲဒီလို မဟုတ်ဘဲနဲ့ ဘယ်သူ မပါကြေး၊ တို့ပဲပါကြေးဆိုတာ လုပ်လို့တော့ ဒီမိုကရေစီလမ်းပေါ်မှာ ရောက်မှာလည်း မဟုတ်ဘူး၊ လိုအပ်တဲ့ အကူအညီတွေကိုလည်း ရမှာ မဟုတ်ဘူးဆိုတာကို ကျမက ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများကို မိမိ၏ သားသမီးအရင်းပမာ စိတ်ထားပြီး နိုင်ငံသားများ နစ်နာမည့်အရာများကို မလုပ်သင့်ကြောင်းလည်း မဟောသဓာ သားတရား စီရင်ခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားသည်။
“ဒါကြောင့်မို့ ကိုယ့်အတွက်ကိုယ်တင် မကြည့်ပါနဲ့။ မဟောသဓာ သားစီရင်ခန်းထဲက ဘီးလူးမလို ကိုယ်လိုချင်တာပဲ ကိုယ်မဆွဲပါနဲ့။ ကိုယ်လိုချင်တာကိုပဲ ဆွဲလို့ရှိရင် ကိုယ့်သားနာမယ်ဆိုတဲ့ ပြည်သူတွေ နာမယ့်ကိစ္စတွေ မလုပ်ပါနဲ့။ ကျမတို့ နိုင်ငံကို ကမ္ဘာက အထင်သေးရမယ့် ကိစ္စတွေကို မလုပ်ပါနဲ့လို့ ကျမကတော့ သက်ဆိုင်သူ အားလုံးကို မေတ္တာ ရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
NLD အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ လုပ်မှားကိုင်မှား ရှိခဲ့လျှင်လည်း NLD အဖွဲ့ချုပ်သို့ စာရေးတိုင်ကြားနိုင်ကြောင်း၊ ထိုသို့ တင်ပြပြောဆို တိုင်ကြားမှုများကို သိရမှသာ၊ ပြည်သူ၏အသံကို ကြားသိရမှသာ NLD အဖွဲ့ချုပ်ကို မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ ယနေ့ နံနက် ၇ နာရီခန့်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များမှ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် တွေ့ဆုံခဲ့သည်။
ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာ်သော်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခြင်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဗ္ဗသီရိ မဲဆွယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အောက်တန်းကျသည့်လုပ်ရပ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက NLD ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်းက အာဏာပိုင်တချို့သည် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုကို ကန့်သတ်နေကြောင်း၊ ထိုကန့်သတ်မှု များကြောင့် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း ပြောဆိုဝေဖန်ခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာတွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး အစောပိုင်းက ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကိုလည်း ဦးဉာဏ်ဝင်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
မဲဆွယ်စည်းရုံးရေးခရီးစဉ် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က မန္တလေးတိုင်း တံတားဦးမြို့၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့များမှတဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး ယနေ့တွင် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်

 

***ချေးငွေနဲ့ တည်ထားတဲ့ နိုင်ငံပိုင်စက်ရုံတွေ ချေးငွေတွေ မကျေသေးချိန်မှာ တရားမ၀င်လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖျက်သိမ်းနေ***
***နိုင်ငံပိုင်လုပ်ငန်းတွေ ဘယ်ရောက်ကုန်လဲ***by-ဦးစိန်ကျော်လှိုင်


ဦးသိန်းစိန်အစိုးရတက်ပြီး ၆ လအကြာမှာ အရှုံးပေါ်နေတဲ့ စက်မှု (၁) ၀န်ကြီးဌာနပိုင် စက်ရုံအတော်များများဟာ တချိန်က စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိက ကုန်သည်တစုလက် ရောက်ကုန်တယ်လို့ စုံစမ်းသိရပါတယ်။ ဦးအောင်သောင်းလက်ထက်မှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေအတွက် ထိပ်ပိုင်းအရာရှိတွေ အစိုးရဘတ်ဂျက်ကို ဘယ်လို အလွဲသုံးစားလုပ်ခဲ့သလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

တကယ်တော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အတော်များများဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးအစီအစဉ်နဲ့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံပိုင်အဆောက်အဦတွေ၊ ဓာတ်ဆီဆိုင်တွေ၊ သင်္ဘောလိုင်းတွေ၊ လေကြောင်းလိုင်းတွေ အကုန်လုံး စုစုပေါင်း အမျိုး ၃၀၀ ကျော် ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောင်းချတဲ့ ငွေပမာဏက များပြားလွန်းတဲ့အတွက် ဗိုလ်ချုပ်တွေနဲ့ အဆက်အစပ်မရှိတဲ့ သာမန်လုပ်ငန်းရှင်တွေ မ၀ယ်နိုင်ဘဲ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူတွေသာ ၀ယ်နိုင်ပါတယ်။

ဒါကြောင့် အဲဒီနောက်ဆုံးအကြိမ် ရောင်းချခဲ့တဲ့ တန်ဖိုးကြီးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဦးပိုင်ကုမ္ပဏီကြီးတွေကတဆင့် ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးတွေရဲ့ မဟာမိတ်လုပ်ငန်းရှင်တွေ လက်ရောက်သွားတယ်။ ဒီမှာတင် ဗိုလ်ချုပ်လူထွက် လူတန်းစားလက်သစ်ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ သြဇာရှိသူတွေ ဖြစ်လာတယ်။ အနောက်နိုင်ငံ ဆန်ရှင်တွေသာ ရုတ်သိမ်းခဲ့ရင် တိုးလာမယ့် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရသူမယ့် သူတွေ ဖြစ်လာတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဘက်က ပြောင်းလဲမှုတွေလုပ်နေတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ထောက်ပြပါတယ်။

ကနေ့ စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျန်နေတဲ့ စက်ရုံတွေ ကြည့်ပြန်တော့လည်း တချိန်က ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးခဲ့တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေလက် ရောက်ကုန်ပြီလို့ စက်မှု (၁) စက်ရုံမှူးတဦးက ပြောပြပါတယ်။

ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ရွှေသံလွင်ကုမ္ပဏီက စစ်တောင်းစက္ကူစက်ကို လုပ်ကိုင်ခွင့်ရသွားတဲ့ပြင် မွန်ပြည်နယ်က စက်ရုံတွေ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတလျှောက်က ဓာတ်ဆီဆိုင်တွေ လမ်းပြင်တာတွေပါ လုပ်ခွင့်ရသွားပါတယ်။ ဦးအောင်သောင်းရဲ့သား ပိုင်တဲ့ IGE ကုမ္ပဏီက မန္တလေး စကျင်ကျောက်ပြားစက်ရုံကို တနှစ် ကျပ်ငွေ ၆၈ သန်းနဲ့ ၅ နှစ် စာချုပ်ပြီး ငှားထားပါတယ်။ ဆိုလိုတာက ဦးသိန်းစိန်အစိုးရ ၅ နှစ်သက်တမ်းအတွင်းမှာ ဒီစက်ရုံကို ဦးအောင်သောင်းရဲ့သား ပိုင်တဲ့ IGE ကုမ္ပဏီက ငှားထားတဲ့သဘော ဖြစ်ပါတယ်။ တဘက်က ပြန်ကြည့်တော့လည်း စက်မှု (၁) ၀န်ကြီးဌာနကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သမ္မတ ဦးသိန်းစိန်အစိုးရဘက်က ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင် ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဦးကျော်စွာခိုင်ကို စက်မှု (၁) ၀န်ကြီးပေးခဲ့ပေမယ့် ကျန်းမာရေးကြောင့် နေရာပြောင်းပေးခဲ့ရပါတယ်။ နောက်ဆုံး စက်မှု (၂) ၀န်ကြီး ဦးစိုးသိန်းက တွဲကိုင်နေရပြီး ခုထိ ၀န်ကြီးသစ် မခန့်နိုင် ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရခေတ် ၁၀ တန်း မအောင်တဲ့သူတောင် စီးပွားကူးသန်းဝန်ကြီးဖြစ်နေချိန်မှာ ဘာကြောင့် စက်မှု (၁) ၀န်ကြီး ခန့်ဖို့ကိစ္စ နှောင့်နှေးနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ သေချာတာကတော့ စက်မှု (၁) ၀န်ကြီးဌာနလက်အောက် ကျန်နေတဲ့ စက်ရုံတွေအနက် တနှစ်ကို ကျပ်ငွေ သန်းတထောင် ရအောင်မရှာနိုင်တဲ့ စက်ရုံတွေ ဖျက်ပစ်မယ်လို့ ခေတ္တတာဝန်ယူထားတဲ့ စက်မှု (၂) ၀န်ကြီး ဦးစိုးသိန်း မကြာခင်က နေပြည်တော် စက်ရုံမှူးအစည်းအဝေးမှာ ပြောသွားပါတယ်။

ရန်ကုန်က စက်ဘီးစက်ရုံဆိုရင် ဦးအောင်သောင်းလက်ထက်မှာ ခွက်ခွက်လန် ရှုံးနေတဲ့ပြင် စက်ဘီးလက်ကျန်ကလည်း ကျပ်ငွေ သန်းရှစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီမှာတင် ရန်ကုန်စက်ဘီးစက်ရုံကို ကျောက်ဆည်စက်ဘီးစက်ရုံနဲ့ ပေါင်းမယ်လို့ အစိုးရကို လိမ်ပြပြီး ရန်ကုန်စက်ဘီးစက်ရုံတခုလုံးက ပစ္စည်းတွေကို ရန်ကုန် အုတ်ကျင်းမှာရှိတဲ့ ကြွေရည်သုတ်စက်ရုံ အမှတ် (၂) က ဂိုဒေါင်ဟောင်းတွေထဲမှာ ဦးအောင်သောင်းလက်ထက်ထဲက ဖွက်ထားခဲ့တယ်လို့ အာရ်အက်ဖ်အေက စုံစမ်းသိရပါတယ်။ ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး တရားမ၀င် ဖျက်သိမ်းထားတဲ့ ရန်ကုန်က စက်ဘီးစက်ရုံကို လက်ညှိုးထိုးပြီး နိုင်ငံပိုင် ဘတ်ဂျက်တွေ ဘယ်လို မတရား သုံးခဲ့လဲဆိုတာ အတွင်းသိ စက်ရုံမှူးက ခုလို ရှင်းပြပါတယ်။

အဲဒီအချိန်က တာဝန်ရှိတဲ့ ဦးအောင်သောင်းတပည့် စက်မှု (၁) ဦးဆောင်ညွန်ကြားရေးမှုး ဦးအေးမောက် ဆိုတာ စစ်ဗိုလ်လူထွက်တဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မလှိုင်မဲဆန္ဒနယ်က အမတ်ဖြစ်လာတဲ့ပြင် ကနေ့ နေပြည်တော်မှာ လွှတ်တော်တက်နေသူ ဖြစ်ပါတယ်။ ဇာတ်ပေါင်းတဲ့အခါ စက်မှု (၁) က စက်ရုံတခုလုံး တရားမ၀င် လက်စဖျောက်ခဲ့တဲ့ စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းက နေပြည်တော် လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကော်မီတီမှာ ဥက္ကဌ လာဖြစ်နေပြီး ရန်ကုန်မှာ မရှိတော့တဲ့ စက်ဘီးစက်ရုံကို အကြောင်းပြပြီး အစိုးရဘတ်ဂျက်တွေ မတရား ထုတ်ယူသုံးခဲ့တဲ့ ဦးအေးမောက်က စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်ရေးကော်မီတီမှာ အတွင်းရေးမှူး လာဖြစ်ပါတယ်။ အမတ် ဦးအေးမောက်ကို မေးမြန်းဖို့ အာရ်အက်ဖ်အေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အိန္ဒိယချေးငွေနဲ့ တည်ထားတဲ့ ရန်ကုန်စက်ဘီးစက်ရုံဟာ ချေးငွေတောင် မကျေသေးချိန်မှာ တရားမ၀င် ဖျက်သိမ်းခံရတာကို လွှတ်တော်မှာ မေးခွန်းထုတ်ထုတ်သင့်တယ်လို့ စက်ရုံမှူးတဦးက ယူဆပါတယ်။
ခုလိုမျိုး စက်မှု (၁) ၀န်ကြီးဌာနအနေနဲ့ စက်ရုံတွေကို လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖျက်သိမ်းမယ်ဆိုရင် လွှတ်တော်အမတ်တွေနဲ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က အန်ဒီအက်ဖ် လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ထောက်ပြပါတယ်။

စက်ရုံတွေ ဖျက်ဆီးတာ ပေါင်းစပ်တာ လုပ်ပြီး ခုလို စာရင်းဖျောက်တာကို ခုထိ ဘာလို့ အရေးမယူနိုင် ဖြစ်နေသလဲ။ ကြံ့ဖွံ့ပါတီရန်ပုံငွေအတွက် စက်မှု (၁) ၀န်ကြီးဌာနတခုလုံး ခုတုံးလုပ် ငွေရှာပေးခဲ့တဲ့ ဦးအောင်သောင်း နောင်တချိန် အရေးယူမခံရအောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကာအကွယ်ပေးတဲ့ သဘောလားဆိုတာလည်း ဘယ်သူမှ အဖြေမပေးနိုင်တဲ့ မေးခွန်းတွေ ဖြစ်နေကြောင်းပါခင်ဗျား။

(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

“ပတ္တမြားမြေကို ကယ်တင်ကြ”

ဦးပဉ္ဇင်းသည် ၂၉.၂.၂၀၁၂-မှ ၃.၃.၂၀၁၂-ရက်နေ့အထိ လေးညတိတိ မိုးကုတ်မြို့မှာ တရားဟော ခဲ့ပါသည်။ မိုးကုတ်မြို့သည် ဟိုယခင်ကလို မဟုတ်တော့ပါ။ မိုးကုတ်သူ/မိုးကုတ်သားတို့လည်း ဟိုတစ်ချိန်ကလို မဟုတ်တော့ပါ။
          မိုးကုတ်မြို့မှ ပတ္တမြားမြေများကို မိုးကုတ်သူ/မိုးကုတ်သားတွေ မပိုင်တော့သလို ဆိုင်လည်း မဆိုင်တော့ပါ။ မိုးကုတ်မြို့ကြီး ခြောက်သွေ့နေပြီး စီးပွားရေးလည်း မဖြစ်ထွန်းတော့ပါ။ ယခင်က မြန်မာပြည် အရပ်ရပ်မှ စီးပွားရေးသမားများ မိုးကုတ်တက်၍ စီးပွားရှာခဲ့ကြသော်လည်း ယခုအခါ မိုးကုတ်သားများ ကိုယ်တိုင်ပင် ဖားကန့်၊ ရွှေတောစသည့် မြို့များသို့ စီးပွားရှာထွက်နေရပြီ ဖြစ်ပါသည်။
          သတ္တိကောင်းခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ချီးကျူးအားကျခဲ့သော မိုးကုတ်သူ/မိုးကုတ်သားတွေလည်း ယခင်ကလို သတ္တိမကောင်းကြတော့ပါ။ ကြောက်စိတ်တွေလွှမ်းမိုးနေပြီး လူတိုင်းကိုယ်စီ ကြောက်ရောဂါ ရနေကြ၍ လူရုပ်မပေါ်ကြတော့ပါ။ ကြောက်အားကြီးသည့် ကျောက်ရုပ်ကြီးတွေ ဖြစ်နေကြပါပြီ။ ဦးပဉ္ဇင်းဟောသည့် တရားကိုတောင် မနာရဲကြတော့ပါ။ တရားနာလာကြသူများလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နာနေကြရပြီး ဦးပဉ္ဇင်းမေးသည့် မေးခွန်းများကိုပင် မဖြေရဲကြတော့ပါ။ လူတစ်ရာမှာ တစ်ယောက်သာ ပြန်ဖြေသည်ကို တွေ့ခဲ့ရပါသည်။
          ပတ္တမြားမြေ အကျည်းတန်နေခြင်း၊ ပတ္တမြားသူများ လူညွှန့်တုန်းစေမည့် ကြောက်ရောဂါကပ် ဘေးကြီးသင့်နေခြင်းတို့ကြောင့် အနာဂတ်ပတ္တမြားမြေအတွက်၊ အနာဂတ်ပတ္တမြားသူများအတွက် စိတ်မကောင်းခြင်းများစွာဖြင့် ထိခိုက်ကြေကွဲစွာ ခံစားခဲ့ရပါသည်။
          မိုးကုတ်မြို့ကြီး ဆင်းရဲမွဲတေသွားခြင်း၊ မိုးကုတ်သူ/မိုးကုတ်သားများ ကြောက်အားကြီးသွားခြင်းနှင့် ပတ်သက်၍ မြို့နေလူထု ယခုလို ခံစားနေကြရပါသည်။
          “ဒေါ်အောင်ဆန်းစုကြည် ဒီပဲရင်း ခရီးစဉ်မတိုင်မီ လာတုန်းက တောရောမြို့ပါ တစ်ခဲနက် ထောက်ခံကြိုဆိုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ‘မိုးကုတ်လိုသာ ပြည်သူအားလုံး သတ္တိရှိကြရင် ဒီမိုကရေစီ ရတာကြာပြီ’လို့ ချီးကျူးရလောက်အောင် သတ္တိကောင်းခဲ့ကြတယ်။ အဲဒီနောက်ပိုင်း နအဖက မိုးကုတ်ကို မွဲအောင် လုပ်ပစ်လိုက်တာ ‘ဦးပိုင်’ဆိုတာတွေ ‘အကျိုးတူ’ဆိုတာတွေ တည်ထောင်ပေး လိုက်ပြီးတဲ့နောက်ပိုင်း မြို့နေလူထုဟာ ကျောက်ခဲလေး တစ်လုံး၊ ဖျုံးလေးတစ်ပွင့်တောင် ကောက်ခွင့် မရတော့ဘူး”။
          “စီးပွားရေးကျသွားပေမယ့် စိတ်ဓာတ်တွေ ကျမသွားသေးပါဘူး။ ၂၀၀၇-ရွှေဝါရောင်မှာ သံဃာထုရော လူထုပါ ရဲရင့်တက်ကြွပြီး စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြပါသေးတယ်။ အကြမ်းဖက်နှိမ်နင်းခံရခြင်း၊ တစ်ခြားမြို့တွေနဲ့ တန်းတူအခွင့်အရေးမပေးတော့ခြင်း၊ တင်းကြပ်ကန့်သတ်မူတွေ တစ်ရစ်ပြီးတစ်ရစ် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ပြီး ဖိနှိပ်ချုပ်ချယ်လွန်းအားကြီးလို့ မြို့လူထုက ကြောက်အားကြီးသွားကြတာပါ။ မြို့နာသွားရတာပါ”။
          အရှေ့ပိုင်းမှာနှစ်ည အနောက်ပိုင်းမှာ နှစ်ညတရားဟောခဲ့ပါသည်။ အရှေ့ပိုင်း ပထမ ညဟော ကြားရာတွင်
“အရင်ကလှချင်ပချင်သူတွေ မိုးကုတ်မှာ ရှိုးလာထုတ်ကြတယ်။ အခုမိုးကုတ်သူတွေ ကိုယ်တိုင် ရှိုးမထုတ်နိုင်တော့လို့ မိုးကုတ်ဟာ မိုးချုပ်ခဲ့ရပါပြီ။ ခြောက်သွေ့နေတဲ့ ပတ္တမြားမြေကြီးကို ကြည့်ပြီး ဦးပဉ္ဇင်း စိတ်မကောင်းပါ။ ကိုယ့်ရတနာတွေ ကိုယ့်လက်ထဲပြန်ရောက်အောင် ကိုယ့်ပတ္တမြားမြေကို ကိုယ်လုပ်ပိုင်ခွင့် ရအောင် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်ကြပါ။ မိုးကုတ်မြို့ကြီး အရုဏ်ကြဉ်းလို့ အလင်းအမြန် ရောက်ပါစေ” ဟုဟောကြားခဲ့ပြီး လက်ဝါးကြီးအုပ်ခံ၊ ကုတ်သွေးစုပ်ခံနေရတာတွေကို စစ်တမ်းကောက်ဖို့၊ စာတမ်းပြုစုဖို့၊ လွှတ်တော်ထဲထိ တင်ပြဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို သည့်အဆင့်ထိ ပြုလုပ်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါသည်။
အနောက်ပိုင်း ပထမညဟောကြားရာတွင်
“မိုးကုတ်သူတွေဟာ အာဖရိကသူတွေလိုပဲ သယံဇာတ ပေါကြွယ်ဝပါလျက် မွဲနေကြတယ်။ အာဖရိကမှ စိန်တွေထွက်တယ်။ ဒါပေမယ့် စနစ်မကောင်းလို့၊ ပညာမတတ်လို့ အာဖရိကပြည်သူတွေ ဆင်းရဲတွင်းနက် နေကြရတယ်။ မိုးကုတ်သူတွေလည်း ဒီလိုပဲ။ ပတ္တမြားထွက်တဲ့ ပတ္တမြားမြေမှာနေရပြီး ပတ္တမြားလုပ်ပိုင်ခွင့် မရကြလို့ ဆင်းရဲတွင်း နက်နေကြရတယ်။ အရင်ကလို တစ်ပိုင်တစ်နိုင် လုပ်ပိုင်ခွင့် ရရှိနိုင်ဖို့ဆိုရင် စနစ်ကောင်းဖို့လိုတယ်။ စနစ်ကောင်းအောင် သတ္တိရှိဖို့လိုတယ်”စသည်ဖြင့် ထည့်သွင်း ဟောကြားခဲ့ပါသည်။
အနောက်ပိုင်း ဒုတိယညတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် (၃.၃.၂၀၁၂)နှင့် တိုက်ဆိုင်နေ၍ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတရားဟောကြားခဲ့ပါသည်။
“ပတ္တမြားဆိုတာ ရဲရင့်တယ်၊ တည်ကြည်တယ်၊ တန်ဖိုးရှိတယ်၊ ပတ္တမြားကို အရောင်မှိန်အောင် လုပ်ကြံလို့မရဘူး။ အရောင်မွဲအောင်လည်း လုပ်ကြံလို့မရဘူး။ တန်ဖိုးမဲ့အောင်(အဖိုးမတန်အောင်) လည်း လုပ်ကြံလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ပတ္တမြားလိုပါပဲ။ သတ္တိရှိတယ်၊ ပြတ်သားတယ်၊ အဖိုးအနဂ္ဃထိုက်တန်တယ်။ သူ့ကိုမှိန်အောင်၊ မွဲအောင်၊ ညစ်နွမ်းအောင်၊ တန်ဖိုးမဲ့အောင်၊ လုပ်ကြံလို့မရဘူး။ ပတ္တမြားမြေမှာနေတဲ့ ပတ္တမြားသူတွေလည်း ပတ္တမြားလို နှလုံးသားမျိုးကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ”။
ပတ္တမြားဂူ၊ ၀က်ငြူစူ၍၊ ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်း၊ သရေမညှိုး၊
ရောင်ဝါတိုးသို့၊ တန်ခိုးထင်ရှား၊ ပွားထက်ပွားလစ်၊ သစ်ထက်သစ်၏။  (မဃဒေ၀။ ၂၂၆။ မဏိသူကရဇာတ်တော်။) ပတ္တမြားမြေနှင့် ပတ်သက်၍ တာဝန်ရှိ NLDပါတီနှင့်လည်း တွေ့ဆုံဆွေးနွေး အားပေးတိုက်တွန်း နှစ်သိမ့်အကြံပြုခဲ့ပါသည်။
          ဟောကြားခဲ့သောတရားတော်များ
၁။ လွတ်လပ်မှ ချမ်းသာမည်။  (၂၉.၂.၂၀၁၂) 
၂။ စိတ်မှာစူးသောဆူး။  (၁.၃.၂၀၁၂)
၃။ မာရ်နတ်၏ စစ်သည်တော်ဆယ်ပါး။ (၂.၃.၂၀၁၂)
၎။ ပတ္တမြားလို နှလုံးသား။ (၃.၃.၂၀၁၂)
 ၀ီရသူ(မစိုးရိမ်) ၅.၃.၂၀၁၂။ပတ္တမြားမြေနှင့်ပတ်သက်၍ဆက်သွယ်ရန်။
09-47117605, 09-6538686, 09-6537551

ဘတ်ဂျက်လိုငွေ ပြနေချိန် စီမံကိန်းကြီးများ ဆောင်ရွက်သင့်ပါသလား



ဘတ်ဂျက်လိုငွေ ပြနေချိန် စီမံကိန်းကြီးများ ဆောင်ရွက်သင့်ပါသလား
 “………အစိုးရအဖွဲ့မှ တင်ပြလာသည့် ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ ဘတ်ဂျက် လိုငွေ ကျပ် ၇၀၁၃၆၇၂ သန်းရှိလာမည်ဖြစ်ရာ ၎င်းလိုငွေဖြင့်စီမံကိန်းကြီးများကို ဆောင်ရွက်ပါက ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏ များပြားပြီး ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်၍ ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်ကြောင်း….” (ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာရေးကော်မရှင်၏ တင်ပြချက်)
မြန်မာနိုင်ငံမှာ ဘတ်ဂျက် လိုငွေပြချိန် ဘယ်ပိုက်ဆံနဲ့ စီမံကိန်းကြီးတွေ လုပ်မလဲ ဆိုတာက စဉ်းစားစရာ ဖြစ်လာရပါတယ်။ စီမံကိန်းကြီးတွေအတွက် ချေးငွေတွေကို ရယူဖို့ ရှိတာလား၊ BOT စနစ်နဲ့ သွားမှာလား၊ နိုင်ငံခြား အရန်ငွေကို ထုတ်သုံးမှာလား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ စီမံကိန်းကြီးတွေ လုပ်မလား၊ ဒါတွေမဟုတ်ဘဲ အခြားနည်းလမ်း ရှိနေလား စသဖြင့် စဉ်းစားစရာ ရှိပါမယ်။
တကယ်လို့ နည်းလမ်းတခုခုနဲ့ မဖြစ်ဖြစ်အောင် စီမံကိန်းကြီးတွေ လုပ်မယ် ဆိုပါတော့ -- ဘာစီမံကိန်းတွေ ဖြစ်မလဲ။ လက်ရှိ လုပ်ဆောင်နေဆဲ စီမံကိန်း အကြီးတွေလား၊ စီမံကိန်း အသစ်တွေလား၊ အသစ်တွေ ဆိုရင် ၂ဝ၁၃ ဆီးဂိမ်းအတွက် အားကစားရုံတွေနဲ့ Infrastructure နဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းတွေလား၊ ၂ဝ၁၄ အာဆီယံ ညီလာခံအတွက် Infrastructure နဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းတွေလား စသဖြင့် မေးစရာ ရှိပါမယ်။
ဒီစီမံကိန်းကြီးတွေကို တိုင်းပြည်က အပူတပြင်း လိုအပ်နေတာ ဟုတ်မဟုတ်လည်း ဆန်းစစ်ရပါဦးမယ်။ ဘာမှန်းမသိရသေးတာကို ဆန်းစစ်ဖို့ ဆိုရင် သိပ်ကျယ်ပြန့်လွန်းနေမှာ ဖြစ်ပါတယ်။
စီမံကိန်းတွေ ရှိလာရင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏများပြားလာပါမယ်။ ဒါ အမှန်ပါပဲ။ ဒါပေမယ့် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏ များပြားတာကြောင့် ငွေကြေးဖောင်းပွမှု (Inflation) များလာရမယ် ဆိုတာက မမှန်ကန်တဲ့ အကြောင်းပြချက်ပါပဲ။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံထက် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏမှာ အဆမတန် များပြားပေမယ့် ဂျပန်ယန်းငွေ တန်ဖိုးက ကျုံ့တောင် ဝင်နေပါတယ်။ Deflation ဖြစ်နေပါတယ်။ ကုန်ပစ္စည်းတန်ဖိုးတွေ (ရောင်းဈေးတွေ) ထိုးကျနေပါတယ်။ ဒါကြောင့် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏ များပြားတာကြောင့် ငွေကြေးဖောင်းပွနိုင်တယ် ဆိုတာ မမှန်ကန်တဲ့ အကြောင်းပြချက် ဖြစ်နေပါတယ်။
ပြည်တွင်း လှည့်ပတ်သုံးစွဲငွေ ဘယ်လောက်များများ တကယ်လို့ “မြန်မာကျပ်ငွေတန်ဖိုးကို ထိန်းထားနိုင်ရင်” ငွေကြေးဖောင်းပွမှု မရှိနိုင်ပါဘူး။  
ငွေကြေးဖောင်းပွလာနိုင်တယ် ဆိုပြီး ခန့်မှန်းတာကတော့ ကုန်ဈေးနှုန်းကြီးမှာကို အရမ်းကြောက်နေတဲ့ လူထုကို ခြောက်လှန့်နေသလို ဖြစ်စေပါတယ်။ တချိန်တည်းမှာ ပြည်သူတွေ မနှစ်သက်နိုင်တဲ့ အခြားတခုခုကို မဖြစ်မနေ လုပ်ယူဖို့ ရမယ်ရှာတာလားလို့ သံသယဖြစ်စေနိုင်ပါတယ်။    
တိုးတက်ဖွံ့ဖြိုးဖို့အတွက် စီမံကိန်းတွေဟာ အလုပ်အကိုင်သစ်တွေကို ဖန်တီးရာရောက်တာဖြစ်လို့ အလုပ်လက်မဲ့ ပြဿနာကို တနည်းတလမ်းအားဖြင့် ဖြေရှင်းပေးတဲ့သဘော ဖြစ်သွားပါတယ်။ နိုင်ငံတိုင်းဟာ သူတို့အစိုးရ တည်ငြိမ်ရေးအတွက် ဒီနည်းလမ်းကို သုံးကြပါတယ်။ ဒီနည်းလမ်းကို မသုံးဘဲ အခြားနည်းလမ်းနဲ့ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းယူဖို့ကတော့ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင် အတော့်ကို ခက်ခက်ခဲခဲ လုပ်ယူနေရပါတယ်။    
“ဘတ်ဂျက် လိုငွေ ပြနေချိန်မှာ စီမံကိန်းကြီးတွေ လုပ်ရင် ….” လို့ ပြောထားတာကြောင့် စီမံကိန်းအလတ်၊ အသေးတွေလုပ်ဖို့ ကိစ္စကရော ဘယ်လိုရှိနေမလဲ။ မပြီးဆုံးသေးတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဘတ်ဂျက် အားနည်းလို့ မြစ်ရေတင် စီမံကိန်း (၄ဝ)ကို ရပ်နားလိုက်ရတဲ့အကြောင်း သိပ်မကြာသေးခင်ကပဲ သိလိုက်ရပါတယ်။ စီမံကိန်းတွေကို  ရပ်နားလိုက်ရင် ကုမ္ပဏီတွေလည်း အလုပ်ရပ်သွားပါတယ်။ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ ပြဿနာ ဖြစ်သွားပါတယ်။  
ဘတ်ဂျက်လိုငွေ ပြမှုကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာကလည်း အရေးပါတဲ့ မေးခွန်းဖြစ်ပါတယ်။ အခွန်တိုးကောက်မှာလား၊ အခွန်ကောက်တဲ့ အမျိုးအစားတွေကို တိုးချဲ့မှာလား၊ အခြားနည်းလမ်းတွေ ရှိနေလား၊ ရှိနေရင်တောင် လက်တွေ့ ကျင့်သုံးနိုင်အောင် အဆင်သင့်ဖြစ်နေမလား။ အစိုးရ အရပ်ရပ် အသုံးစရိတ် ချွေတာမှုက ဘယ်ကဏ္ဍတွေမှာ ရှိမလဲ။ ဥပမာ- ဗျူရိုကရေစီ ယန္တရားပုံစံနဲ့ မဆလရဲ့ ဆိုရှယ်လစ် ယန္တရားပုံစံ ရောထွေးပြီး ရှုပ်ယှက်ခတ်နေတဲ့ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်ကို ဒီမိုကရေစီ နည်းလမ်းတကျ ဘယ်လို ချုံ့ယူပြီး လမ်းကြောင်းတဖြောင့်တည်းထားမလဲ ဆိုတာမျိုး ဖြစ်ပါတယ်။   
အဓိကအချက်ကတော့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုတွေ ပြသဖို့ အများကြီး လိုအပ်နေပါတယ်။ မိသားစု စိတ်ဓါတ်ထားပြီး ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ပေါင်းစည်းမှုကို အခုထက်ပိုပြီး ရှာကြံသင့်ပါတယ်။ နောက်ကြောင်း ပြန်မသွားဘူးဆိုတာ အာဏာရှင်စနစ်ဆီကို ပြန်မသွားတာသာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ရှင်သန်ကြီးထွားခဲ့ဖူးတဲ့ နည်းလမ်းတွေကို မကျင့်သုံးတော့ဘဲ ဒီမိုကရေစီ နည်းလမ်းတွေကိုသာ ကျင့်သုံးဖို့ ဖြစ်ပါတယ်။

ဆက်နွယ်နေတဲ့ အရေးကြီးကိစ္စကတော့ အစိုးရအနေနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတည်ဆောက်မှုကို ပိုမို အာရုံစိုက်ထားဖို့ ဖြစ်ပါတယ်။ နေရာတိုင်းမှာ လူတိုင်းက တရားဥပဒေ စိုးမိုးမှု (Rule of Law) ကို တိတိကျကျ လေးစားလိုက်နာနိုင်ဖို့၊ Rule of Law က လူတိုင်းကို အကာအကွယ်ပေးထားနိုင်ဖို့ အရင်ဆုံး ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ အဂတိလိုက်စားမှု ကျယ်ပြန့်ပြီး မတားဆီးနိုင်အောင် ဖြစ်နေချိန်မှာ စီးပွားရေးကိစ္စကို ဆက်လုပ်နေရင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ မဟုတ်ဘဲ ဆင်းရဲ-ချမ်းသာ ကွာဟချက်ကိုသာ ပိုမို ကြီးမားသွားစေနိုင်ပါတယ်။  
ကျနော့်အမြင်မှာတော့ (၁) Rule of Law (၂) စီမံကိန်း အလတ်နဲ့အသေး .. ဆိုတဲ့ ဒီအလုပ် ၂ မျိုးကို တပြိုင်တည်း လုပ်လို့ရှိရင် နိုင်ငံအတွက်ရော ပြည်သူတွေအတွက်ပါ တချက်ချက် ၂ ချက်ပြတ် ကောင်းသွားနိုင်ပါလိမ့်မယ်။ ဥပဒေကြောင်းအရ အာမခံချက် ပေးနိုင်တဲ့ ဈေးကွက်စီးပွားရေးကို လူတိုင်း တန်းတူညီမျှစွာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် လုပ်ဆောင်နိုင်ခွင့် ရှိလာမှ တိုးတက်ဖွံ့ဖြိုးတာ အခြေခံမှန်မယ်လို့ ယူဆပါတယ်။
လွင်အောငိစိုး ၅-၃-၂ဝ၁၂

ဂျာနယ်များမှာ စာပေစီစစ်ရေးမှ ပယ်ဖျက်၊ ပိတ်ပင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများ...


လူပြောများနေတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲ

NLD ပါတီစည်းရုံးရေးဟောပြောပွဲ တက်ရောက်သူများကို ဇမ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာ မီးလင်းရေးကော်မတီမှ မီးမပေးဟု ဆို
(စိစစ်ရေးပယ်သော သတင်း)

ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်း ပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက် နားထောင်ခဲ့ကြကြောင်း ၊အဆိုပါ အောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသားများ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။
အထက်ပါကိစ္စနှင့် ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာမင်းကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့ လုပ်ဆောင်ရတာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအား ပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှ မေးမြန်းမှုကို ဖြေကြားရာတွင် “အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထား ကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း” ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများ ဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။

ကိုရဲ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲမှာ ပြည်သူနဲ့ ဝန်ထမ်းအပါအဝင် သိန်းနဲ့ချီတက်ရောက် ကြတယ်လို့ သိရှိရပါတယ်...

နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ
(စိစစ်ရေးပယ်သော သတင်း)


နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။
ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။
“ အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော် အသိပေးချင်ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။
ကိုရဲ
ယူနီဖောင်းတွေထဲမှာ ခွပ်ဒေါင်းတွေ အများကြီးရှိပါတယ်..။ ဝန်ထမ်းတွေ ဘဝအခြေခိုင်မာဖို့အတွက်
မဲပေးတဲ့ နေ့ရောက်ရင် ယူနီဖောင်းကို မေ့လိုက်ပါ ခွပ်ဒေါင်းကို ခြစ်လိုက်ပါ..
... အမှန်တရားအတွက် သက်သေပြလိုက်ပါ...။
နေပြည်တော်က ကျောင်းယူနီဖောင်းနဲ့အမေ့မြေးတဦးက သက်သေပြနေပြီနော်.

ခေါင်းဆောင်ဟူသည်


သမ္မတဖြစ်လာသူတိုင်း ခေါင်းဆောင်မဟုတ်ကြချေ။
သို့ဖြစ်စေကာ ကျနော်တို့သည် သမ္မတတယောက်ကို ရွေးချယ်ရသည့်အခါတိုင်း ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်ကြသည်ချည်း ဖြစ်သည်။ အထူးသဖြင့် မရေရာ မသေချာမှုများ ဖုံးလွှမ်းနေသည့် အကျပ်အတည်းကာလများတွင် ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်တောင့်တတတ်သည်။ အပူအပင်ကင်းမဲ့သော ကာလများတွင်ကား ခေါင်းဆောင်ကို လိုချင်သလိုလို မလိုချင်သလိုလို ဒွိဟ ဖြစ်နေတတ်သည်။
စင်စစ် ခေါင်းဆောင်ဟူသည်ကား ပင်ပန်းခက်ခဲသောအလုပ်တို့ကို လုပ်ဆောင်ရန် လှုံ့ ဆော်တွန်းထိုးတတ်သည်။ တည်ဆဲအနေအထားကို ဆန်းစစ်စိန်ခေါ်တတ်သည်။ အရေးပါသော ပြောင်းလဲမှုကြီးများကို ဖြစ်ထွန်းစေတတ်သည်။
ခေါင်းဆောင်မှုကိစ္စရပ်သည်လည်း အခြားနည်းတူပင် သူ့ အချိန်နှင့်သူ ပေါ်ထွန်းလာရပါသည်။ ပြည်သူလူထုက သူတို့အားခေါင်းဆောင်မှုပေးရန် လိုလားတောင့်တနေသည့်အချိန်မှာမှ ခေါင်းဆောင်လည်း ပေါ်ထွန်းလာရသည်။ ၁၉၄၀ ခုနှစ်တွင် အင်္ဂလန်ပြည်၌ ချာချီပေါ်ထွန်းလာရသလိုမျိုး။ ၁၉၃၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ရုစ်ဗဲ့လ်ဒ် ပေါ်ထွန်းလာရသလိုမျိုး။ ၁၉၁၇ ခုနှစ်တွင် ရုရှားပြည်၌ လီနင် ပေါ်ထွန်းလာရသလိုမျိုး။
ထိုသို့ ပေါ်ထွန်းလာသော ခေါင်းဆောင်သည် ရိုးစင်း၍ လိုရင်းရောက်သော စကားကို ထိထိမိမိ ပြေ နိုင်ရမည်။ ကြီးကျယ်သော ခေါင်းဆောင်ဟူသမျှသည် အခက်ကိုလွယ်စေပြီး အရှုပ်ကို ရှင်းသွားစေနိုင်သည့် သူများ ဖြစ်သည်။
ခေါင်းဆောင်သည် ဆန့်ကျင်ဝေဖန်မှုများ၊ အချေအတင်ငြင်းခုန်မှုများ၊ ဇဝေဇ၀ါသံသယများကို ဖောက်ထွက်ဖြတ်ကျော်ပြီး လူတိုင်းနားလည်သဘောပေါက်ကာ စိတ်ထဲစွဲသွားစေမည့် ဖြေရှင်း ချက်မျိုးကို ပေးတတ်သည်။
သွေး ချွေး မျက်ရည်နှင့် ပင်ပန်းဆင်းရဲမှုတို့ကိုသာ မျှော်လင့်ထားရန် ချာချီက ဗြိတိသျှလူမျိုးတို့အား သတိပေးခဲ့သည်။ ငါတို့မှာ ငါတို့ ရဲ့ ကြောက်စိတ်တခုပဲ ကြောက်စရာ ရှိတယ်ဟု ရုစ်ဗဲ့လ်ဒ်က အမေရိကန်နိုင်ငံသားတို့ကို ပြောခဲ့သည်။ လယ်မြေနှင့် ပေါင်မုန့်ကို ပေးမည်ဟု လီနင်က စစ်ပန်းနေသော ရုရှားလယ်သမားတို့ကို ကတိပြုခဲ့သည်။ ဖြောင့်စင်းရိုးရှင်းသော စကားများ ဖြစ်ပါဧ။် သို့သော် အလွန်ခွန်အားရှိသော စကားများလည်း ဖြစ်ပေသည်။
ကျနော်တို့ ဧ။်စိတ်ကူးထဲတွင် ခေါင်းဆောင်အရည်အချင်း၊ ခေါင်းဆောင်ဂုဏ်ရည် နှင့်ပတ်သက်သော ရုပ်ပုံလွှာတခု ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာ အမှတ်လက္ခဏာပင် ရှိနေသည်။ ခေါင်းဆောင်တို့ အနေနှင့် အရပ်အမောင်းရှည်ဖို့ မလိုအပ်သော်လည်း မျက်လုံးမျက်ဖန် နှာတံပါးစပ် စသည့် အင်္ဂါရပ်တို့ သည် သာမန်ရှိရိုးရှိစဉ်ထက် ကြီးမားပေါ်လွင်ပြီး ခန့် ညားသည့်အသွင်ကို ဆောင်နေရမည်။ ဂျွန်ဆင်ဧ။် နှာခေါင်းမျိုး၊ အီကေဧ။် ပါးစပ်မျိုး။
ထူးခြားသည့် အပြင်အဆင် အ၀တ်တန်ဆာသည်လည်း ခေါင်းဆောင်တယောက်ဧ။်ရုပ်ပုံလွှာအတွက် အသုံးဝင်ပါသည်။ လင်ကွန်းဧ။် ဦးထုပ်ပုံမျိုး။
ကျနော်တို့ သည် မိမိဧ။်ခေါင်းဆောင်ကို သာမန်လူထက် ထူးခြားသာလွန်စေချင်သည်။ သမတဖို့ဒ်ဧ။် ချို့ယွင်းချက်တခုမှာ ရုပ်ရည်သွင်ပြင်နှင့် အ၀တ်အစားတွင် ဘာမှမထူးခြားသည့်အချက်ဖြစ်သည်။ ထိုချို့ယွင်းချက်ကြောင့် ပြည်သူလူထုက သူ့ အပေါ် မစွဲငြိ။ ခေါင်းဆောင်တယောက်တွင် မြင်လိုက်သည်နှင့် စိတ်ထဲစွဲငြိသွားစေမည့် ဥပဓိမျိုး ရှိရမည်။ အလွယ်တကူ မေ့ပျောက်၍ မရနိုင်သော ဥပဓိမျိုး ရှိရမည်။
သာမန်လူများစု မတတ်နိုင်သော ကိစ္စရပ်မျိုးကို စွမ်းဆောင်နိုင်ခြင်းသည် ခေါင်းဆောင် တယောက်ဧ။် ဂုဏ်ရည် ဖြစ်သည်။ အမေရိကန်သမတ ရုစ်ဗဲ့လ်ဒ်သည် ပိုလီယိုရောဂါကို ကျော်လွှား လွန်မြောက်ခဲ့ သည်။ မော်စီတုန်းသည် အသက်ခုနစ်ဆယ်နှစ်နှစ်အရွယ်တွင် ယန်စီမြစ်အတွင်း ရေကူးခဲ့သည်။
ကျနော်တို့ သည် မိမိခေါင်းဆောင်ကို ကိုယ်နှင့်မရိုးမစွဲ မဖြစ်စေချင်ကြ။ အရည်အသွေး အနှစ်သာရအားဖြင့် များစွာထူးခြားသာလွန်စေချင်သည်။ သို့ ဖြစ်စေကာ မိမိနှင့် အလွန်အမင်းကွဲပြားခြားနား လွန်းပြန်လျှင်လည်း လက်သင့်မခံ ငြင်းဆန်ချင်ပြန်သည်။ အက်ဒ်လိုင်း စတီဗင်ဆင်သည် ပညာတတ် ဆန်လွန်းသည်။ နယ်လ်ဆင်ရော့က်ဖဲလားသည် ချမ်းသာကြွယ်ဝလွန်းသည်။
တကယ်ရှိသည့် အရည်အချင်းထက် ပိုရှိသည်ဟု ထင်လာရအောင် ဖန်တီးတင်ပြတတ်သော ရုပ်မြင်သံကြားသည်ပင် ကျနော်တို့ သိမှတ်ထားသည့် ခေါင်းဆောင်မှုအရည်အသွေးတို့နှင့် ပတ်သက်လျှင် အရှိကို မရှိဖြစ်အောင်၊ မရှိကို အရှိဖြစ်အောင် မလုပ်တတ်။ ရုပ်မြင်သံကြားသည် နစ်ကဆင်ဧ။် စိုးရိမ်ကြောင့်ကြ စိတ်မချဖြစ်မှုကို ဖော်ပြခဲ့သည်။ ဟန်ဖရေဧ။် ကိုယ့်အသံကိုယ် စွဲလန်းလွန်းနေပုံကို ဖော်ပြခဲ့သည်။
ခေါင်းဆောင်တယောက်သည် အာဏာအသုံးပြုပုံကို သိရမည်။စင်စစ် ခေါင်းဆောင်မှုလုပ်ငန်းသည် အာဏာသုံးခြင်းလုပ်ငန်းပင် ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်တယောက်အနေနှင့် အာဏာသုံးပုံ သုံးနည်းကို သူသိကြောင်း ပြသနိုင်ရမည်။ တည်ငြိမ်ခိုင်မာမှုကို ထုတ်ဖော်ပြသနိုင်စွမ်းရှိရမည်။ ဖို့ဒ်ကဲ့သို့  ပုံမကျပန်းမကျ ရုပ်ခန္ဓာမျိုး မရှိရ။ ကာတာကဲ့သို့  မျက်စေ့ ကစားလွန်းခြင်းမျိုး မရှိရ။ တည်ကြည်လေးနက်သော ရာဇအိနြေ္ဒမျိုး ရှိရမည်။ ခေါင်းဆောင်တယောက်သည် ကချေသည်တယောက်ဧ။် တင့်တယ်လှပမှုမျိုး ရှိရမည်ဟု တရုတ် တွေးခေါ်ရှင် တယောက်က ကောက်ချက်ချဖူးသည်။ အလွန်ပညာပါသောစကား ဖြစ်ပါသည်။
ခေါင်းဆောင်တယောက်သည် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းပြီး ယုံကြည်မှုအပြည့်အ၀ရှိသော အသွင်အပြင်မျိုး ဆောင်နိုင်အောင် မည်သို့ လုပ်ရမည်ကို သိသည်။ သူဧ။်လမ်းလျှောက်ဟန်သည် ခိုင်မာရမည်။ ရည်ရွယ်ချက် ရှိရမည်။ ကယိမ်းကယိုင် မဖြစ်ရ။ ပေါ့တီးပေါ့ဆ မဖြစ်ရ။
လင်ကွန်း၊ ရုစ်ဗဲ့လ်ဒ်၊ ထရူးမင်း၊ အီကေ၊ ကနေဒီတို့  ရယ်မောသလိုမျိုး ကြည်ကြည်နူးနူး ဟက်ဟက်ပက်ပက် ပြုံးရွှင်ရယ်မောနိုင်ရမည်။ သူတပါး ပြက်ရယ်ပြုချင်စရာကောင်းသော နစ်ကဆင်နှင့် ကာတာ တို့ဧ။် မအီမသာ အပြုံးမျိုးကို ရှောင်ရှားနိုင်ရမည်။ ရိုနယ်လ်ရီဂင်သည် ရုပ်ရှင်မင်းသားအဖြစ် သရုပ် ဆောင်ခဲ့ဖူးရာ ယင်းသရုပ်ဆောင်အတတ်ပညာကို သုံး၍ ကာတာနဲ့ စကားစစ်ထိုးရာ၌ အသာစီးရခဲ့သည်။ တည်ငြိမ်အေးဆေးသော အမူအရာနှင့် ဖော်ရွေရည်မွန်သော ဟန်ပန်တို့ ကြောင့် ပရိသတ်က သူ့ ကို သမ္မတအဖြစ် မြင်လာပြီး ကာတာကိုတော့ စိန်ခေါ်သူတယောက်အဖြစ်သာ မြင်သွားစေခဲ့သည်။
ခေါင်းဆောင်မှုဆိုင်ရာတွင် အမှန်တရားတခု ရှိသည်။ ပြည်သူလူထုကို သူတို့ သွားချင်သည့်နေရာသို့သာ ဦးဆောင်ခေါ်ယူ သွားနိုင်လိမ့်မည်ဟူသော အမှန်တရား ဖြစ်ပါသည်။ ခေါင်းဆောင်တို့သည်လည်း ပြည်သူလူထု သွားချင်သော နေရာဆီသို့သာ သွားရပါလိမ့်မည်။ သို့သော် ခေါင်းဆောင်က ခြေတလှမ်း စောရမည်။
အမေရိကန်နိုင်ငံသားတို့သည် စီးပွားရေးဆုတ်ကပ်ကြီးအတွင်းမှ ရုန်းထွက်ချင်နေသည့်အချိန်တွင် ရုန်းထွက်နိုင်ကြောင်း ရုစ်ဗဲ့လ်ဒ်က ပြောခဲ့သည်။၁၉၄၀ ခုနှစ်တွင် အရှုံးပွဲများရင်ဆိုင်နေရသော်ငြား စစ်ကြီးကို နိုင်နိုင်သည်ဟု ဗြိတိသျှလူမျိုးတို့  ယုံကြည်နေသည့်အချိန်တွင် ချာချီက ယင်းယုံကြည်ချက် မှန်ကန်ကြောင်း ပြောခဲ့သည်။
ခေါင်းဆောင်တယောက်သည် ပြည်သူလူထုဧ။် အလိုဆန္ဒလှိုင်းလုံးကြီးများကို စီးဧ။်။ ပြည်သူလူထုဧ။်မျှော်လင့်ရည်မှန်းချက် ဒီရေနှင့်အတူ စီးမျောရွေ့ လျားဧ။်။ ပြည်သူလူထုဧ။် အနက်ရှိုင်းဆုံး လိုလား တောင့်တချက်များကို နားလည်သဘောပေါက်ဧ။်။ခေါင်းဆောင်တယောက်အနေနှင့် ငြိမ်းချမ်းရေးလိုလားသော နိုင်ငံတခုကို စစ်ပွဲဆင်နွှဲလာအောင် မည်သို့မျှ မလုပ်နိုင်။ စစ်တိုက်ရန် ဆုံးဖြတ်ထားသော နိုင်ငံတခုကိုလည်း ဘယ်လိုမှ မတားမြစ်နိုင်။
ခေါင်းဆောင်တယောက်ဧ။်ရည်မှန်းချက်သည် နိုင်ငံဧ။် စိတ်ခံစားမှုအနေအထားနှင့် တသားတည်း ကျနေရမည်။ ခေါင်းဆောင်ဧ။် အလုပ်မှာ ပြည်သူလူထုဧ။် စွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒများကို စုစည်းပေးဖို့ ဖြစ်သည်။ ယင်းစွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒတို့ ကို အရိုးရှင်းဆုံး စကားလုံးတို့ ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြပေးဖို့ ဖြစ်သည်။ ပြည်သူလူထုကို တက်ကြွရှင်သန်အောင် လှုံ့ ဆော်ပေးဖို့ ဖြစ်သည်။ ပြည်သူလူထု အလိုရှိသောအရာတို့ကို   အရေးကြီးသောအရာ လက်ဆုပ်လက်ကိုင် အရယူ နိုင်သောအရာအဖြစ် မြင်လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ခေါင်းဆောင်လုပ်သူသည် ကျနော်တို့ဧ။် လိုအင်ဆန္ဒများကို ဂုဏ်တင် ချီးမြှောက်ရပါမည်။ ပြည်သူလူထုသည် ကြီးကျယ်သော သမိုင်းကို ဖန်တီးရာတွင် ပါဝင်နေကြောင်း သဘောပေါက်လာအောင် ရှင်းပြရပါမည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိသူများအဖြစ် မြင်လာအောင် အရေးပါသူများအဖြစ် ဂုဏ်ယူလာအောင် လုပ်ပေးရပါမည်။ ချာချီသည် သူဧ။်စကားတို့ ဖြင့် ဗြိတိသျှလူမျိုးတို့ ရင်ဆိုင်နေရသောအရှုံးကို မဟာအောင်ပွဲဆီသို့ လှည့်ပြောင်းပေးခဲ့သည်။ ရုစ်ဗဲ့လ်ဒ်ဧ။် စကားတို့ သည် ပုလဲဆိပ်ကမ်း၌ အမေရိကန်သင်္ဘောများ နစ်မြုပ် ဆုံးရှုံးမှုကို ချောက်ချားသိမ်ငယ်စရာအဖြစ်မှ အမျိုးသားစည်းလုံးညီညွတ်ရေးအဖြစ်သို့  ပြောင်းလဲပေးခဲ့သည်။ ခေါင်းဆောင်တယောက်သည် ကျနော်တို့ ဧ။် ဆင်ခြင်တုံဥာဏ်ကို ဆွဲငင်ရမည် မဟုတ်ဘဲ ကျနော်တို့ဧ။် အတွေးများကို ဆူပွက်လာအောင် လှုံ့ ဆွပေးရမည်။
ကြီးကျယ်သော ခေါင်းဆောင်တယောက်သည် ကြောင်းကျိုးမညီသော ဂုဏ်ရည်တခုကို ပိုင်ဆိုင်နေရမည်။ လက်တွေ့ အချက်အလက်တို့ကို လက်သင့်မခံ ရင်မဆိုင်သော ခေါင်းမာသည့် ငြင်းဆန်မှုမျိုး ရှိရမည်။ သူတပါးကို ကူးစက်သွားစေနိုင်သည့် အကောင်းမြင် စိတ်ဓာတ်မျိုး ရှိရမည်။ ပြည်သူလူထုအနေနှင့် ဘာမှမကျန်အောင် ဆုံးရှုံးသွားလေပြီဟု ခံစားနေရသည့်တိုင် အကုန်မဆုံးရှုံးသေးပါဟု လက်ခံလာအောင် လုပ်နိုင်စွမ်းရှိရမည်။
ကြီးကျယ်သောခေါင်းဆောင်တယောက်ဧ။် အကြံပေးပုဂ္ဂိုလ်များသည် ရေခဲတုံးတမျှ အေးစက်နေသော်လည်း ကြီးကျယ်သောခေါင်းဆောင်သည်ကား တေဇောဓာတ်အပူမီးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။ မြင့်မြတ်သော ရူးသွပ်မှု မီးပွားကလေးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။ခေါင်းဆောင်တယောက်သည် ကျနော်တို့  အဆင်သင့်မဖြစ်သေးသရွေ့ ရောက်လာမည်ကား မဟုတ်။ ခေါင်းဆောင်ဟူသည်ကား ကျနော်တို့ဧ။် စိတ်ကူးအိပ်မက်များနှင့် မျှော်လင့်ချက်များကို စကားလုံးများဖြင့် ပုံဖော်ပေးခြင်း၊ ကျနော်တို့ ဧ။် လိုအပ်ချက်များနှင့် စိုးရိမ်ကြောက်လန့် မှုများကို မူဝါဒများ စီမံချက်များ အဖြစ်သို့ ပြောင်းလဲပေးခြင်း စသည့် လုပ်ဆောင်ချက်တို့ ဖြင့် ကျနော်တို့ ဧ။် ရည်ရွယ်ချက်များကို ကျနော်တို့ဖာသာ ပြန်မြင်လာအောင် လုပ်ပေးသည့် ကြေးမုံမှန်ပြင်တခုသာ ဖြစ်သောကြောင့်တည်း။
ကျနော်တို့ဧ။် အင်အားသည် ခေါင်းဆောင်ကို သန်မာစေဧ။် ကျနော်တို့ဧ။် သန္နိဋ္ဌာန်သည် ခေါင်းဆောင်ကို ခိုင်မာစေဧ။် ကျနော်တို့ဧ။် ရဲစွမ်းသတ္တိသည် ခေါင်းဆောင်ကို သူရဲကောင်းအာဇာနည် ဖြစ်စေဧ။်ခေါင်းဆောင်ဟူသည် ကျနော်တို့၌ ရှိသော အကောင်းမြတ်ဆုံး စံပြဂုဏ်ရည်တို့ဧ။် သင်္ကေတဖြစ်ဧ။်
ထိုကြောင့် ကျနော်တို့တွင် ယင်းဂုဏ်ရည်များ ချို့ယွင်းနေသည့်အခါ ခေါင်းဆောင်ကို ကျနော်တို့  မမွေးထုတ်ပေးနိုင်။ ကျနော်တို့ဧ။် ကျွမ်းကျင်မှုများ၊ နည်းပရိယာယ်များ အားလုံးဖြင့်လည်း ခေါင်းဆောင်တယောက်ကို မွေးထုတ်၍ မရနိုင်။ စင်စစ်သော်ကား ခေါင်းဆောင်ဟူသည် ကျနော်တို့  အားလုံးကို စုပေါင်းထားသော အရာသာ ဖြစ်ပါဧ။်။         ။
မောင်သာမည

အာဏာရူးတွေ နောက်တစ်ခါ လက်မဦးခင်

ငါသာသိန်းစိန်ဆို ဒီအချိန်ဘာလုပ်မလဲ

ဖွဟဲ့ လွဲပါစေ ငါ့ကိုယ်ငါများ ဒီလူယုတ်မာ သေချင်းဆိုးကြီးနဲ့ နှိုင်းရတယ်လို့ ဟုတ်ပ ၊
ဒါပေမယ့် ကွယ် ဒီ (၂၆+၂၂+၂) နှစ် ၅၀ အတွင်းမှာ အဲသလို လူယုတ်မာ ကြီး သေချင်းဆိုးကြီး တွေပဲ ဗမာပြေရဲ့ စီရင်ပိုင်ခွင့်ကို လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့ကြတယ် မဟုတ်လား ၊အခုအခြေအနေဆိုတာတောင် သူတို့က အလျှော့ ပေးထားလို့လား ၊ အခြေအနေကိုယ်တိုင်က ရင်မှည့်လို့ ဒီအခြေအနေရောက်လာတာလား ဝေေ၀၀ါးဝါး ရှိနေတုန်းပဲ ၊ဒီအခြေအနေ မှာ အမျှော်အမြင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် က အချိန် နဲ့ အမျှ အရွေ့ရှိအောင် အားကုန်တွန်းပြီး ကြိုးစားနေလေရဲ့ ၊
အန်တီစု ပြောသွားတဲ့ စကားတွေကို စေ့စေ့စပ်စပ် ကြည့်စေလိုပါတယ် ၊(ဦးသိန်းစိန်ကို ကျမ ယုံတယ်) ဆိုတာလည်းပါတယ် ၊ (လက်ရှိ အခြေအနေဟာ နောက်ကြောင်းပြန်လှည့်သွားနိုင် သေးတယ်) ဆိုတာလည်း ပါတယ် ၊သူကိုယ်တိုင် အခြေအနေကို အတင်းယုံပြီး လုပ်နေရတာတွေ ရှိသလို သူကိုယ်တိုင် မယုံရသေးဘူး လို့ ပြောနေတာတွေလည်း တွေ့ရပါတယ် ၊ကဲ စကားကို ပြန်ဆက်ကြစို့ရဲ့ ၊ဒီ နှစ် ၅၀ အတွင်းမှာ နိုင်ငံကို အညှာကိုင် လှုပ်သွားတဲ့သူ နှစ်ယောက်ကိုတွေ့တယ် ၊
ဦးနေ၀င်း နဲ့ ဦးသန်းရွှေ ပါပဲ ၊
သူတို့နှစ်ယောက် ကစားသွားတဲ့ နေရာတွေမှာ တူတာလေးတွေကို သွားတွေ့တယ် ၊
၁။ စစ်တပ်ကို လူထုနဲ့ ကင်းကွာအောင်လုပ်ထားတယ် ၊ စစ်တပ်ရော စစ်တပ်မိသားစုတွေရော စစ်တပ်ပတ်ဝန်းကျင်တွေကို ပါ လူထုနဲ့ တအားကြီး ကင်းကွာအောင်လုပ် ထားတယ် ၊နမူနာပြောရရင် ရပ်ကွက်ထဲမှာ လမ်းထဲမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူ ၊ ဟိန္ဒူဘာသာကိုးကွယ်တဲ့သူ ၊ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေ နဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့သူတွေအိမ်နီးချင်း အဖြစ်သာနေကြတယ် ၊ အချင်းချင်းခင်တယ် မင်တယ် သာ ထင်ကြရတာ ၊ တကယ်တမ်းဆို တစ်ယောက်ယုံကြည်မှုကို တစ်ယောက် နားမလည် ၊ ရန်ဖြစ်မယ်ဆို ချက်ချင်းကြီး ၊သူ့ဖာသာသူ ကလေးချင်း မုန့်လုရာက ဖြစ်ချင်ဖြစ်မယ် ၊ ခေါင်းစဉ်တပ်လိုက်တော့ ဘယ်ဘာသာနဲ့ ဘယ်ဘာသာ ရိုက်လို့တဲ့ ၊ ကြားတဲ့သူတွေကလည်း ထောင်းကနဲ့ ဒေါသထွက် မစဉ်းစား မဆင်ချင် ၊ထစ်ကနဲဆို သွေးဆူပြီး ဆဲမယ်ဆိုမယ် ရိုက်မယ် နှက်မယ်လုပ်ကြ ၊ ဒီပုံစံကို အဲဒီ နေ၀င်းတို့ သန်းရွှေတို့ က အမိအရယူထားကြတယ် ၊ ခုလည်းကြည့် သိန်းစိန် မိန့်ခွန်းထဲမှာ စစ်သားနဲ့ အရပ်သား လို့ ခွဲခြားပြီး ပြောသွားသေးတယ် ၊မိဘပြည်သူလို့ ထပ်ခါထပ်ခါပါနေတာ ၊ စစ်သားနဲ့ အရပ်သားလို့ တစ်ခါပြောရုံနဲ့ အတွင်းကောက်ဆိုတာ ဘွင်းဘွင်းကြီးမြင်နေရတယ် ၊ ဒီလို ခွဲခြား ဖိနှိပ်ခဲ့တာ အတော်အောင်မြင်ခဲ့တယ် ၊ခု စစ်တပ်ထဲက ထွက်တဲ့သူတွေပဲကြည့် ၊ သူတို့ကိုယ်သူတို့ ဘယ်အချိန်မေးမေး စစ်ထွက် ပဲ ၊ ဗိုလ်ကြီး ဗိုလ်မှူး ဆိုတာကို ပြည်သူတွေ ကြားထဲ ယူလာတယ် ၊ အဲဒီလို ဗိုလ်ကြီး ဗိုလ်မှူးလို့ အရပ်က အခေါ်ခံရမှ စားဝင်အိပ်ပျော်တယ် ၊လက်ရှိစစ်တပ်ထဲမှာလည်း ငါတို့ စစ်တပ်ကွ ဆိုပြီး ပြည်သူလူထုကို အရပ်ဖက် အရပ်သားလို့ ခေါ် တယ် ၊ ပြည်သူလူထုကို မြင်ပုံကလည်း ဘာမှ နားမလည် မတတ်တဲ့ ဟာတွေ ၊ ငါတို့အုပ်ချုပ်မှ ဒင်းတို့ လုံခြုံမယ် ၊ငါတို့ က အားလုံးသိ စစ်ရေးအမြင် စီပွားရေးအမြင် နိုင်ငံရေးအမြင် လူမှုရေးအမြင် အားလုံးမြင်တတ်တယ် ၊ စစ်သားတိုင်းကို ပြည်သူပြည်သားတွေရဲ့ အထက်မှာ ရှိတယ်လို့ ဆိုက်ကိုအောက် နေအောင် လုပ်ထားတယ် ၊စစ်သားစစ်ဗိုလ်တွေမှ မဟုတ်ပါဘူး ၊ စစ်တပ် ပတ်ဝန်းကျင် တစ်ခုလုံး အဲသလို ခံယူနေအောင် လုပ်ထားနိုင်ကြတယ် ၊ တွေးခေါ်မြော်မြင် တတ်တဲ့သူဆို ဗိုလ်သင်တန်းကတည်းက မရွေးလိုက်ဖူး ၊ အဲ ပါလာလို့ရှိရင်လဲတစ်သက်စာမှတ်ရော့ ဆိုပြီး ချောင်ထိုးထားတတ်ကြတယ် ။ ဒါတွေ တကယ်ဖြစ်နေတာနော် ၊ နီးရာစစ်တပ်ထဲသွားကြည့် ၊ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတွေ ဒီလောက် သောင်းသောင်းဖြဖြကြိုနေတာကို ဘယ်လိုမြင်သလဲဆို တာသွားမေးကြည့် ၊
စစ်သား ၁၀၀ ပြည့်အောင်မေးကြည့် ၊ စစ်ဗိုလ် ၁၀ ယောက်ပြည့်အောင်မေးကြည့် ၊ အဲဒီတော့မှ ဘယ်လိုဂွင်ဆင်ထား သလဲ ဆိုတာမြင်ရမှာ ၊သူတို့ခင်မျာလည်း သနားစရာတွေပါ ၊ အဲဒီ စစ်တပ် ပတ်ဝန်းကျင်ကလူတွေကို ပြောတာပါ ၊ စစ်မြေပြင်မှာ သုံးရမယ့်စည်းကမ်းတွေကို စစ်မြေပြင်ရဲ့ အပြင်ဘက် ဘူမှုဘ၀ထဲဆွဲသွင်း ပြီး ကိုယ့်ကိုယ်ကို ထောင်ချထားခံရတာလို့ မမြင်မိကြဘူး ၊
သူတို့စားနေတဲ့ ထမင်းတွေ သူတို့ ၀တ်နေတဲ့ အ၀တ်တွေ သူတို့နေနေတဲ့ အိမ်တွေဟာ ပြည်သူတွေ ရဲ့ သွေးတွေ ချွေးတွေ ဘိုးဘွားပိုင် အမွေအနှစ်တွေလို့ မမြင်ကြရှာပါဘူး ၊ သံသရာမှာ လားရာကောင်းမယ့်သူတွေ မဟုတ်ပါဘူး ၊
အထက်ဖား အောက်ဖိ နဲ့ ဇာတ်တူသားစားတယ်ဆိုတာလဲ စစ်တပ်ထဲမှာ အထင်းသားကြီး တွေ့နိုင်ပါတယ် ၊ စစ်သားဆိုတာ အစိုးရ၀န်ထမ်းတစ်ယောက် လို့ ဘယ်သူကမှ မမြင်တော့ပါဘူး ၊ စစ်ထဲဝင်လိုက်တာနဲ့ ဘ၀ဆုံးတော့တာပါပဲ ၊စစ်သားက စစ်ဗိုလ်ဆိုတာကို တစ်ဘ၀လုံး ကြောက်ရတယ် ၊ စစ်တိုက်တဲ့ အချိန် ၊ စစ်ပြင်တဲ့အချိန် မှ မဟုတ်ပါဘူး ၊ ဘယ်နေရာ ဘယ်အချိန်မဆိုပါ ၊ စစ်သားဟာ စစ်ဗိုလ် လို့ကြားလိုက်တာနဲ့ သူ့ကိုယ်သူ ကျွန်ဖြစ်သွားတဲ့ အတိုင်းပဲ ၊စစ်ဗိုလ်ခိုင်းသမျှလုပ်ရတာ သူ့ကိုယ်ပိုင် အချိန်ဆိုတာ သူ့ဘ၀မှာ မရှိတော့ ပါဘူး ၊ ဒါတွေကို စစ်ဗိုလ်တွေ စစ်ဗိုလ် လူထွက်တွေ အသိဆုံးပါ ၊ စစ်ဗိုလ်တွေ စစ်ဗိုလ်လူထွက်တွေက သူတို့ သားသမီးတွေ စစ်ထဲဝင်မယ်ဆို စ၀င်ကတည်းက ဗိုလ်အဖြစ်နဲ့ပဲ ၀င်စေပါတယ် ၊
သားလုပ်သူ သမီးလုပ်သူက ကျနော် ကျမ စစ်သား စစ်သမီး အဖြစ်နဲ့ ပဲ ၀င်ပါရစေလို့ ပြောကြည့်ပါလား ၊ သူတို့ သားသမီးတွေကို အရှင်လတ်လတ် ငရဲကို ဆင်းသွားမယ်သူလိုပဲ  အတင်းတားမှာပါပဲ ၊ အဲဒီကျ တွေ့ကရာ စကားတွေ လျှောက်ပြောမှာပဲ ၊အဲဒီစကားတွေကို အခြား စစ်သားတွေ ရှေ့မှာ ပြောရဲသလားလို့ မေးကြည့်စမ်းပါ ၊ကဲ စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ဝေ သွားမှာစိုးလို့ပြန်ကောက်ပါရစေ ၊ နိုင်ငံတိုင်းမှာ စစ်တပ်ရှိတာပဲ ၊ နိုင်ငံတိုင်းရဲ့ စစ်တပ်က ဒီလိုပဲလား ၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးရှေ့ရောက်နေပါတယ်ဆိုတဲ့ နိုင်ငံတွေရဲ့ စစ်တပ်မှာရော ဒီလိုပဲလား ၊ ဒီအကွက် ကို အဓိက အကွက် အဖြစ်
နေ၀င်းတို့ သန်းရွှေတို့ ကိုင်ခဲ့တာ ၊ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ဘက်လောက်သေချာနေပြီလဲ သိချင်ရင် စစ်တပ်ထဲသွားနေကြည့်ပါ တစ်ပတ်လောက်ဖြစ်ဖြစ်ပေါ့ ၊ စစ်ဗိုလ်လူထွက်တွေနဲ့ စကားပြောကြည့်ပါ ၊ တစ်လလောက်ဖြစ်ဖြစ်ပေါ့ ၊ဒီလို တပ်ဖွဲ့စည်းမှု လေ့ကျင့်သင်ကြားမှု ခံယူကျင့်သုံးမှုတွေ လွဲနေတယ်ဆိုတာ ၊ တပ်နဲ့ ပြည်သူ ကင်းကွာနေတာ ၊ တပ် မှား နေတယ် လို့ ပြည်သူတွေက မမြင်တာ ၊ တပ်ကို အမြန်ဆုံး ပြန်လည်တည့်မတ်ရမယ် ၊ တပ်နေရာအမှန်မှာ တပ်ကို အသားကျ နေအောင်ထားရမယ် ဒါဟာ ကထမဆုံးလုပ်ရမယ် အရေးကြီးတဲ့ အရာလို့ နိုင်ငံရေးသမားလို့ ပြောနေတဲ့ သူတွေ ကိုယ်တိုင်က မမြင်တာ ၊ ဒါတွေဟာ ကျနော်တို့ ကိုယ်တိုင် နေ၀င်း သန်းရွှေ တို့ ထောင်ချောက်ထဲမှာ မိနေသေးတာပါပဲ ၊ ကျနော်တို့ မလဲ စစ်တပ် ဆိုတာနဲ့
အတွင်းကြိတ် မုန်းနေကြသူတွေ များပါတယ် ၊ အမှန်က စစ်တပ်ဆိုတာ မုန်းစရာမဟုတ်ပါ ၊ ကျနော်တို့ အားလုံးနဲ့ နီးကပ် ရင်းနှီးစွာ ဆက်ဆံရမှာပါ ၊ စစ်တပ် က စစ်တပ်လိုနေဖို့ စစ်တပ်လို ကျင့်ကြံ ဖို့ ပဲလိုတာပါ ၊ သူ့ ကိုယ်သူ ဘာဖြစ်နေလို့ နေမှန်း မသိတဲ့ စစ်တပ်ကို
စစ်သားတွေကို ၊ အထူးသဖြင့် စစ်ဗိုလ်တွေကို ၊ မှိုင်းမိနေတာတွေကို ၊ မဖြစ်မနေ ကယ်တင်ရမှာ ကျနော်လို့ အလုပ်ပါ ၊ ကျနော်တို့ အနှေးနဲ့ အမြန် လုပ်ရမယ့် အလုပ်ပါ ၊ မလွဲမသွ လုပ်ရမယ့် အလုပ်ပါ ၊ အာဏာရူးတွေ နောက်တစ်ခါ လက်မဦးခင် လုပ်ရမယ့် အလုပ်ပါ ၊ကဲ စာရှည်သွားလို့ နောက် အချက်တွေ နောက်စာမှာ ထပ်ရေးပါမယ် ၊ အားလုံးဝိုင်းဆွေးနွေးကြပါ အုံးနော်
( ကျနော် ရေးတာမဟုတ် မေးထဲက အစ်ကိုတစ်ယောက် ပို့ တာနော် )     

ငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ကရင်လူထု ကေအန်ယူကို ကူညီမည်

by နော်နိုရင်း

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေနဲ့ ကရင်အမျိုးသားတွေရဲ့ အနာဂတ်ရေးကို ဆွေးနွေးတဲ့ နှီးနှောဖလှယ်ပွဲတခု ကရင်ပြည်တွင်းတနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မှ မတ် ၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးအတွင်း ပြည်တွင်းပြည်ပက ကရင်ခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးအပြီး ဒီနေ့မှာတော့ ဘန်ကောက်မြို့ရှိ ဖောရင်းကော်ရင်စပေါ့ဒင်းကလပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကရင်နှီးနှောဖလှယ်ပွဲအတွင်း ဘာတွေ ဆွေးနွေးပြောဆိုခဲ့လဲဆိုတာကို အစည်းအဝေးနဲ့ ပတ်သက်ပြီး ဥရောပ ကရင်ကွန်ယက်ဥက္ကဌလည်းဖြစ် ယူကေကရင်ကွန်မြူနီတီ အကြံပေး တဦးဖြစ်တဲ့ နန့်ဇိုရာဖန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ပြီးခဲ့တဲ့ အပတ်က ကရင်တမျိုးသားလုံးရဲ့ ညီလာခံကြီးမှာတော့ တက်ရောက်တဲ့ ကရင်ကိုယ်စားလှယ်တွေ အသီးသီးက တင်ပြဆွေးနွေးတဲ့ အချက်အလက်တွေ၊ ကရင်တမျိုးသားလုံးအတွက် အခြေအနေတွေရယ်၊ ပြီးတော့ အခုလက်ရှိ ကရင်အမျိုးသားအစည်းအရုံးရယ်၊ ဦးသိန်းစိန် အစိုးရရဲ့ အကြောင်းပါ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ်မှာ ကျမတို့ရဲ့ အမြင်တွေနဲ့ အခြေအနေကို သုံးသပ်ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ဒီနေ့ ပြန်ပြီး တင်ပြတာ ဖြစ်တယ်။”
ကရင် နှီးနှောဖလှယ်ပွဲမှာ လူတွေ တော်တော်များများလည်း တက်ရောက်ကြတယ်။ ကရင်အမျိုးသား အစည်းအရုံးနဲ့ လက်ရှိအစိုးရနဲ့ တွေ့ဆုံမှုအပေါ်မှာ ဘယ်လိုများသဘောထားကြလဲ။

“အဓိကတော့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန် အစိုးရရဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါ့။ ပဏာမ အပစ်အခတ် ရပ်စဲရေးကိုလည်း ကရင်လူထုကြီးက ကြိုဆိုထောက်ခံတယ်။ နောက်လာမယ့် အဆင့်မှာ နိုင်ငံရေး ဆွေးနွေးပွဲရော ပြီးတော့ ငြိမ်းချမ်းရေး အစစ်အမှန်ရနိုင်ဖို့အတွက် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးက တတ်နိုင်သလောက်၊ ၀ိုင်းဝန်းကူညီပြီးတော့ ပံ့ပိုးသွားမယ်လို့လည်း ကျမတို့ ဆွေးနွေးခဲ့ပါတယ်။”
ကေအန်ယူအဖွဲ့အစည်းနဲ့ ဦးသိန်းစိန်အစိုးရ တွေ့နေတဲ့ အချိန်မှာတော့ ကေအန်ယူ ဗဟိုကော်မတီဝင် တယောက်ဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်လည်း အခုလက်ရှိ ရုံးထုတ် စစ်ဆေးခံနေရတယ်။ အမှုတွေ အများကြီးနဲ့ အစွဲခံထားရတယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကရင်နှီးနှောဖလှယ်ပွဲ အတွင်းမှာရော ဘာများပြောသွားသေးလဲ။
“ကျမတို့ အများကြီး ဆွေးနွေးခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေဟာ ဦးသိန်းစိန် အစိုးရက ကေအန်ယူနဲ့လာပြီးတော့ ငြိမ်းချမ်းရေးစကားတွေ လာပြောနေတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက်လည်း ဆွေးနွေးနေတယ်။ တဆက်တည်းမှာပဲ ကရင် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးတယ်။ မန်းငြိမ်းမောင် အပါအ၀င်ပေါ့။ ဒါကတကယ်ပဲ လက်မခံနိုင်စရာ အကြောင်းတခု ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် လက်ရှိနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရမှာ ဖြစ်သလို ကရင်နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးရပါမယ်။ မန်းငြိမ်းမောင်ကိုလည်း အဓိကထား လွှတ်ပေးရမယ်။ ဒါကို ဆွေးနွေးခဲ့ပါတယ်။”
အမတို့ ထုတ်ထားတဲ့ ကြေညာချက်ထဲမှာ တွေ့တာပေါ့။ ဥရောပ သမဂ္ဂနဲ့ အမေရိကန် နိုင်ငံတို့အနေနဲ့ ကရင်ပြည်သူတွေ၊ မြန်မာပြည်သူတရပ်လုံးအတွက် ခိုင်မာတဲ့ အပြောင်းအလဲ တစုံတရာ မဖြစ်ပေါ်သေးသရွေ့ ဆက်လက် ဖိအားပေးဖို့ တောင်းဆိုထားတယ်။ စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ ဘယ်လိုမျိုး ပြောင်းလဲမှုကို လိုချင်တာလဲ။ လူထုတွေအနေနဲ့ပေါ့လေ။ အခုက ဘာတွေ ဘယ်လိုဖြစ်နေသေးလို့လဲ။
“အခုမြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ နို်င်ငံရေး ပြောင်းလဲမှု တချို့တလေတော့ ရှိနေပါတယ်။ ဒါကိုလည်း ကျမတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် တကယ့် တိုင်းရင်းသားဒေသတွေမှာ ရှိနေတဲ့ပြည်သူလူထု၊ အဓိကအားဖြင့် ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေအတွက် ဘာမှတိုးတက်မှု မရှိသေးဘူးလို့ ကျမတို့ မြင်ရတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသီးသီးတွေလည်း ဆွေးနွေးကြတယ်။ အဲဒီအပေါ်မှာ ကျမတို့က နိုင်ငံတကာရဲ့ အခုလက်ရှိ ဖိအားပေးမှုတွေကို သူတို့ကဆက်ထားဖို့၊ အခုမြန်မာပြည်ရဲ့ ပြောင်းလဲမှုတွေက အပေါ်ယံပဲရှိသေးတယ်။ ဒီ့ထက် လက်တွေ့ကျကျ ပြောင်းလဲမှု မဖြစ်သေးဘူး။ ကရင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မပြီးဆုံးသေးဘူး၊ တခြားတိုင်းရင်းသား ဒေသတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိသေးတယ်။ ပြီးတော့ အခုလက်ရှိ အပစ်အခတ် ရပ်စဲရေးပြောနေတဲ့ အချိန်မှာလည်း ဒါက ပဏာမအဆင့်ပဲ ရှိသေးတယ်။ တကယ်စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေးလည်း မရောက်သေးဘူး။ တဆက်တည်းမှာပဲ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့မသက်ရောက်သေးဘူး။ စစ်မှန်တဲ့ နိုင်ငံရေးငြိမ်းချမ်းမှုကို ကျမတို့မရသေးပါဘူး။ ဒီလိုအချိန်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ဆက်ထားသင့်တယ်လို့ ကျမတို့က မြင်ပါတယ်။”
အခုထုတ်ထားတဲ့ ကြေညာချက်မှာ ပြည်တွင်းဒုက္ခသည်နဲ့ ပတ်သက်လို့ ပြောဆိုထားတာရှိတယ်။ ပြည်တွင်းဒုက္ခသည်ဆိုတာ ပြန်ပို့ဖို့ ဘယ်လိုအချိန်မှ အဆင်ပြေမယ့် အချိန် ဖြစ်သလဲ။
“အချိန်ကတော့ ကရင်အမျိုးသားအစည်းအရုံးက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်က ၄ ဆင့်ဖြစ်ပါတယ်။ ပထမ အဆင့်ကတော့ အခု ပဏာမ အပစ်အခတ် ရပ်စဲရေး အဆင့်ပေါ့၊ ဒုတိယ အဆင့်ကတော့ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့အတွက်၊ တတိယ အဆင့်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတခုဖြစ်မြောက်ဖို့ပေါ့၊ နောက်ဆုံး အဆင့်ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်ပါ။ ဒါကြောင့် ဒီနိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဖြစ်သေးသရွေ့ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေ အပါအ၀င် နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေလည်း သူတို့ကို ပြန်ပို့ဖို့အချိန် မသင့်တော်သေးဘူးလို့ အစည်းအဝေးမှာ ကျမတို့ သုံးသပ်ခဲ့ပါတယ်။”
တခြား ဘာများပြောချင်တာ ရှိပါသေးလဲ။
“နောက်ဆုံးပြောချင်တာတော့ ကရင်တမျိုးသားလုံးရဲ့ ညီလာခံမှာ ကျမ အင်မတန်ကို ကျေနပ်အားရမိတယ်။ ဘာလို့လဲဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသီးသီး ဆွေးနွေးကြသလို တိုင်ပင်ကြတယ်။ ကရင်တမျိုးသားလုံးအတွက် ၀ိုင်းဝန်းပြီးတော့ ကေအန်ယူ အစည်းအရုံးကိုလည်း တတ်နိုင်သလောက် ပံ့ပိုးနေမယ်လို့ ကျမတို့ ဆွေးနွေးခဲ့တယ်။ ဒါက တကယ် ကျေနပ် အားရစရာ ကောင်းတဲ့ အခြေအနေပါ။ ပြီးတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါသလို လူငယ် ခေါင်းဆောင်တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေရယ်၊ လူ့အခွင့်အရေးမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရယ်၊ ကယ်ဆယ်ရေး လုပ်ငန်းမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေး ခေါင်းဆောင်တွေရယ်၊ အလွှာပေါင်းစုံကိုတွေ့ရတယ်။ ကရင် အနာဂတ်အတွက် တကယ်ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။”
http://burmese.dvb.no/archives/22074

ပြည်သူအပေါ် ပွင့်လင်းမြင်သာမှု ရှိအောင် ကြိုးစားပါ တပ်မတော်သားတို့

တပ်မတော်သားဆိုတာ  အထက်ကပေးတဲ့အမိန့်၊ တာဝန်၊ လိုက်နာတဲ့စည်းကမ်းနဲ့မပတ်သက်ပဲ ဥပဒေကိုမချိုးဖောက်တဲ့ အပြုအမူမှန်သမျှကို မိမိဆန္ဒအလျောက်လုပ်ပိုင်ခွင့်ရှိပါတယ်။ လက်ရှိတပ်မတော်ကို ဦးဆောင်နေတဲ့ ကာချုပ်ရဲ့အထက် သမ္မတ ကတောင် တလေးတစားလက်ဆွဲနှုတ်ဆက်နေတဲ့သူတစ်ယောက်ကို သာမန်တပ်မတော်သားတစ်ယောက်က ဆန္ဒအလျောက် နှုတ်ဆက်တဲ့ကိစ္စဟာ ပြစ်မှုမြောက်တယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဗီလိန်ပြန်ဖြစ်လာပါလိမ့်မယ်..။ ဘာ့ကြောင့်လဲဆိုတော့ တပ်မတော်သားလည်း ပါတီတစ်ခုခုကို မဲပေးပိုင်ခွင့် ထောက်ခံပိုင်ခွင့်ရှိတဲ့ ပြည်သူ ဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာ ပါဝင်နေလို့ပါပဲ..။ ထို့အတူပဲ သမ္မတရဲ့ မိန့်ခွန်းထဲမှာ ´´ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်တိုင် ခုခံကာကွယ်ရုံ က လွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်သေးတာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။´´
လို့ ထည့်သွင်းပြောရလောက်အောင် ဖြစ်ခဲ့တာက အမိန့်နာခံမှုဆိုတဲ့ တပ်မတော်သားတွေ အမွှမ်းတင်လေ့ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုကို သံသယ၀င်စေပါတယ်။ ဒါပေမယ့် သမ္မတက တပ်မတော်ကို ဖေးမပြောကြားခဲ့တာတွေ့ရပါတယ်။ သေချာတာတစ်ခုက ယနေ့ထုတ် ပြည်တွင်းဂျာနယ်တွေအပါအ၀င် ပုံနှိပ်မီဒီယာနဲ့ ပုဂ္ဂလိက အစိုးရ ရုပ်မြင်သံကြားတွေမှာ ယနေ့အထိ ပြည်သူပေါင်းများစွာ သေကြေဒုက္ခရောက်နေတဲ့ တိုက်ပွဲသတင်းတွေကို ဖော်ပြခွင့်မရှိတာက တော်တော် အရုပ်ဆိုးတဲ့ ဖြစ်ရပ်လည်းဖြစ်သလို အဲဒီလို တပ်မတော်ရဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် တပ်မတော်ကို လူအမြင်ကတ်ပြီး ပြည်ပမီဒီယာတွေပြောသမျှကို တဖက်သတ်ယုံကြည်လာကာ သတင်းတွေကို ပိုမိုအားကိုးစေတဲ့အဖြစ်လည်း ဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က ဂျပန်နိုင်ငံသားက မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်တဲ့ကိစ္စမှာ Online ထဲက တပ်မတော်သားအများစု FB ထဲမှာနဲ့ ဘလော့ဂ်တွေထဲမှာ ထူးထူးခြားခြား ၀ါဒဖြန့်ရေးခဲ့ကြတာတွေက ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) က ထိုဂျပန်ကို ချက်ချင်းပဲ နယ်နှင်ဒဏ်ပေးလိုက်သလိုရေးခဲ့ကြပါတယ်။ ကာလုံ ကို အမွှမ်းတင်လိုက်တာပါ။ ဒါပေမယ့် ဒါတွေက သတင်းမှားတွေပါ။ တကယ့်အဖြစ်မှန်က အဲဒီဂျပန်ဘက်ကလည်း အပြန်အလှန်တရားစွဲပြီး အခုထက်ထိ နှစ်ဖက် အမှုဆိုင်နေကြတုန်းပါ။ အဲဒါကို ဘယ်လိုလုပ် ကာလုံက ရောက်လာသလဲတော့  မသိပါဘူ။ ဘယ်သူ့ရဲ့ လုပ်ဇာတ်လည်းမသိပေမယ့် တပ်မတော်သားအများစုပဲ admin လုပ်ပြီး ရေးခွင့်ရှိတဲ့ ဘလော့တွေထဲကလာတာတော့ သေချာပါတယ်..။
အရပ်သားတစ်ယောက်ရဲ့အပြုအမူကို မြင်တဲ့အမြင်နဲ့ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုထားတဲ့ တပ်မတော်သားတစ်ယောက်ရဲ့ အပြုအမူကို ပြည်သူနဲ့ ပတ်ဝန်းကျင်က မြင်တဲ့အမြင် မတူပါဘူး။ ယူနီဖောင်းဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ရဲ့ အပြုအမူနဲ့ အယူအဆကို လွတ်လပ်စွာချပြခွင့်ရှိပေမယ့် ကိုယ်တစ်ယောက်ထည်းကို ကိုယ်စားမပြုပါဘူး။ ကိုယ့်နောက်က အဖွဲ့အစည်းကို ကိုယ်စားပြုသွားပါလိမ့်မယ်..။ ဒါက အရေးကြီးပါတယ်။ အခုလည်း ရဲဘော်လေးက အမေစုကို နှုတ်ဆက်တာကို ပြည်သူတွေက ငါတို့တပ်မတော်သားလို့ သြဘာပေးကြသလို အမေစုကို စစ်သားတစ်ယောက်က ကိုယ့်အယူအဆနဲ့ ဝေဖန်တိုက်ခိုက်မယ်ဆိုရင်းလည်း xxxxxx ဝေဖန်ကြပါလိမ့်မယ်။
ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ရေးရပြီး ပြည်တွင်စစ်မီးတွေ၊ တရုတ်ဖြူအရေးတွေအပြီးမှာ ကျေးဇူးတင်ခံခဲ့ရတဲ့ တပ်မတော်ဟာ တိုင်းပြည်ကို ကာကွယ်ခဲ့ပေမယ့် နိုင်ငံတော်အာဏာကို စတင်ကို်င်တွယ်ချိန်က စပြီး ပြည်သူနဲ့ တိုင်းပြည်ဆင်းရဲစုတ်ပြတ်အောင် သက်ဦးဆန်ပိုင်ဆန်ဆန် လုပ်ခဲ့တာတွေ၊ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခဲ့တာတွေနဲ့ ပြည်နယ်ပြည်မ စစ်တွေတိုက်ပြီး ကွာခြားချက်ကြီးစွာ (သမ္မတကြီးကိုယ်တိုင် ၀န်ခံခဲ့တဲ့) ဖွံဖြိုးမှုနောက်ကျပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နည်းပါးအောင် ဖန်တီးအုပ်ချုပ်ခဲ့တဲ့ အမည်းစက်က ဗမာအပါအ၀င် တိုင်းရင်းသားပြည်သူပေါင်းစုံရဲ့ရင်ထဲမှာ ယနေ့အထိ အနာဟောင်းတစ်ခုအဖြစ် ရှိနေသေးလို့ပါပဲ..။ အမှန်တော့ တပ်မတော်လည်း ပြည်သူထဲက ပေါက်ပွားလာတာပါပဲ..။ တပ်မတော်သားတွေရဲ့ ပွင့်လင်းမြင်သာရှိမှုကို ပြည်သူတွေအားလုံးက ယုံကြည်ချင်ပါတယ်..။ ယုံကြည်ဖို့လည်း စောင့်ဆိုင်းနေတယ်ဆိုတာ ... သိရှိစေချင်ပါတယ်..။
ကျွန်တော်တို့အရပ်သားများအရပ်သားပုံစံမခေါက်ပါ၊ဆံပင်ညှပ်တာမပြောပါနဲ့
ဆံပင်ကိုတစ်ပတ်တစ်ခါအရာရှိတောင်ညှပ်လေ့မရှိကြောင်း၊အကျီလယ်ပင်းဟနေတာမရှိပါ
၊ကော်လံတံဆိပ် အမည်းပါ၊ဦးထုတ်ဘယ်ဘက်မှာကြယ်သီးတပ်ပါတယ်၊
တိုင်းချုပ်ထားတဲ့ယူနီဖေါင်းပုံစံပါ၊စစ်သားယူနီဖေါင်းကိုအရပ်သားယူဝတ်လာတဲ့ပုံမဟုတ်ကြောင်း၊
တပ်ကအရာရှိတွေကိုမေးလို့သိရပါတယ်)
Pa Yit

အုပ်ချုပ်ရေးမှူးက ဂျာနယ်တစ်စောင်ကို တရားစွဲဆို

ရန်ကုန် မတ် ၅


ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံနှင့် မော်ဒန်ဂျာနယ်၏ မန္တလေး သတင်းထောက် သက်စုအောင်တို့အား သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း မန္တလေး သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်ထုတ် မော်ဒန်ဂျာနယ်ပါ သပိတ်ကျင်းနှင့် စ
ဥ့်ကူးမြို့နယ်အကြား ကားလမ်းပျက်မှုကို ရေးသားထားသည့် " လမ်းလွှဲလေးတော့ ကောင်းစေချင် " ဆောင်းပါးကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ယခုအခါ မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံသည် မန္တလေးမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် သပိတ်ကျင်းသို့ အာမခံကိစ္စ သွားရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

" ဒီဖြစ်စဉ်ဟာ သတင်းမီဒီယာ တစ်ရပ်လုံးကို စိန်ခေါ်လိုက်တာပါပဲ။ အစိုးရအဖွဲ့က ပြောင်းချင်ပေမဲ့ ဗျူရိုကရေစီ ယန္တရားက မပြောင်းသေးဘူး " ဟု အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တစ်ခုမှ သတင်းအယ်ဒီတာ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်နှင့် မန္တလေးမြို့တို့မှ သတင်းမီဒီယာ လောကသားများ အထူး စိတ်ဝင်တစား လေ့လာ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။


တံတားဦး၊ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော

မတ်လ ၄ ရက် ညက မန္တလေးမြို့မှာ တစ်ညတာ ရပ်နားခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးတိုင်းအတွင်းက တံတားဦး၊ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒီကနေ့ သွားရောက် ဟောပြောခဲ့ပါတယ်။၂၀၁၂ ခုနှစ် မတ်လ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာစဉ်။
မနက် ၆ နာရီခွဲကျော်က တံတားဦးမြို့မှာဟောပြောခဲ့ပြီး ၁၀ နာရီဝန်းကျင်လောက် နွားထိုးကြီးမြို့နယ်မှာ ဟောပြောတဲ့အခါ ဝန်ထမ်းတွေလာဘ်စားတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ငွေကြေးစနစ်မရှိတဲ့ကိစ္စကို အဓိကထား ပြောသွားခဲပါတယ်။

နွားထိုးကြီးမြို့ဟောပြောပွဲအပြီး မိတ္ထီလာမြို့ကို အရောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေ ပြန်ရချင်တယ်ဆိုရင် တကယ်ပွင့်လင်းတဲ့ ဒီမိုကရေစီ အခင်းအကျင်းရှိဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပြဖို့လိုကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မကြောက်ရွံ့ကြဖို့လိုကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။

မွန်းလွဲ ၂ နာရီကျော်မှာ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ထွက်ခွာသွားပြီး ဒက္ခိဏသီရိနဲ့ ဇမ္ဘူသီရိမြို့နယ် တွေမှာဟောပြောပါတယ်။ ဒီကနေ့ည နေပြည်တော်မှာ ညအိပ်အနားယူမှာဖြစ်ပါတယ်။ အလားတူ ဒီကနေ့ နေ့လယ် ၁၂ နာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ဖြူးမြို့နယ် အန်အယ်လ်ဒီရုံးသစ်ကို ဖွင့်လှစ်ပေးရာမှာ ရုံးဖွင့်ပွဲကို ဖြူးမြို့နယ်တစ်ဝိုက်က ဒေသခံအင်အား တစ်ထောင်နီးပါး တက်ရောက်ခဲ့တယ်လို့  သိရပါတယ်။


(ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး)


၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။

ယနေ့ကာလတွင် ၂ဝဝ၈ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ် အုပ်ချုပ်နေသည်မှာ တနှစ်ပြည့်မြောက်ပြီးလည်း ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အမြင်တွင်မူ ယနေ့ သမ္မတ ဦးသိန်းစိန်အစိုးရထိပင် စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင် စနစ်တို့သာ စိုးမိုးလျက်ရှိသည်ဟု ဆိုသည်။ မြန်မာပြည် နိုင်ငံရေးတွင် သက်တမ်းအရင့်ဆုံး ပါတီကြီးဖြစ်သည့် ဗကပ အဘယ့်ကြောင့် ဒီလိုပြောနိုင်သနည်း။ အစိုးရအဆက်ဆက်နှင့် ဗကပ ဆက်ဆံရေးအတွေ့အကြုံအပေါ်မူတည်၍ စစ်အာဏာရှင်စနစ်ဟူ၍ မည်သို့ဖွဲ့တည်လာပုံ၊ ထိုစနစ်ကြောင့် တိုင်းပြည်ထိခိုက်နစ်နာရပုံနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရ အပေါ် အမြင်တို့ကို သိရှိနိုင်ရန် ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းအား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။
ဗကပ ကို အင်္ဂလိပ်လက်ထက် ၁၉၃၉ ခုနှစ်က မြေအောက်ပါတီအဖြစ် စတင်ထူထောင်ပြီးချိန်မှစ၍ မြေပေါ်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်နိုင်ခဲ့သည်။ မြေအောက်ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။
စစ်အာဏာရှင်စနစ် ရှိနေဆဲလား။ ရှိဆဲဆိုရင် ဘာ့ကြောင့် ရှိနေဆဲလို့ ပြောနိုင်ရလဲ။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရှိနေတယ်လို့ ပြောနိုင်မလဲခင်ဗျ။
ဒီနေ့ ဗမာနိုင်ငံမှာ အာဏာရယူထားတဲ့ ဗိုလ်ချုပ်ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အခေါ်အဝေါ်အသုံးအနှုန်းတွေ ဘယ်လိုပဲ ပြောင်းလဲထားပါစေ အပေါ်ယံနဲ့ အတွင်းအနှစ်သာရကို ခွဲကြည့်တတ်ကြဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်သူတွေရဲ့ အရည်အချင်း၊ `ရိုးသားမှုစတာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
သူတို့ အာဏာတက်လာတာဟာ ရွေးကောက်ပွဲနဲ့တက်လာတာလို့ ပြောကောင်း ပြောပါမယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ အလိမ်အညာ၊ အညစ်အပတ်ဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပက အားလုံးသိပါတယ်။ ဗမာပြည်သူလူထုကပိုသိ ပါတယ်။ အဲဒီလောက် ပြောင်ကျတဲ့ ညစ်ပတ်မှုတခုကို ဘာလို့ လုပ်လို့ရသွားတာလဲဆိုတော့ ရှင်းပါတယ်။ သေနတ်ရှိလို့ပါ၊ တနည်းပြောရရင် ရွေးကောက်ပွဲဟာ သေနတ်အင်အားနဲ့ အဆုံးအဖြတ် ပေးသွားတဲ့ အာဏာသိမ်းမှုတမျိုးပါပဲ။
ပြဿနာတခုက တချို့လူတွေဟာ ဗိုလ်ချုပ်သိန်းစိန်ကနေ ဦးသိန်းစိန်လို့ အခေါ်အဝေါ် ပြောင်းလိုက်တာကိုထောက်ပြပြီး စစ်အစိုးရမဟုတ်တော့ဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်း လုပ်လိုက်တုန်းကတော့ အဲဒီလို မပြောကြဘူး။ ဦးနေဝင်းရဲ့ မဆလ ဝန်ကြီးအဖွဲ့၊ လွှတ်တော်ထဲမှာလည်း ‘အရပ်သား’မျိုးစုံ ပါတာပဲ မဟုတ်လား။

စစ်တပ်က အာဏာကို ထိန်းထားတယ်လို့ပြောတဲ့အကြောင်း“ဗမာပြည်ဟာ ဗိုလ်နေဝင်းလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားပြီး ဗိုလ်သန်းရွှေတို့ လက်ထက်မှာ ကမ္ဘာပေါ်မှာ အကျင့်ပျက် လာဘ်စားမှု အများဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲ ပါသွားတာကိုပဲ ကြည့်ပါ” တွေထဲမှာ စစ်တပ်နဲ့ အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်တွေက ရာခိုင်နှုန်း ၉၀ ကျော် ပါဝင်တဲ့ ကာ/လုံအဖွဲ့ ဆိုတာကြီးတည်ရှိနေတာလည်း ပါပါတယ်။ ဒီအဖွဲ့ကြီးဟာ အာဏာသိမ်းခြင်းနဲ့ အရေးပေါ် အခြေအနေ ကြေညာခြင်းတို့လို အရေးကြီးတဲ့အရာတွေ ဆုံးဖြတ်နိုင်ပြီး အဲဒီအဖွဲ့ကိုလွှတ်တော်က ဘာမှ ချုပ်ကိုင်နိုင်စွမ်း မရှိပါဘူး။

ဒီအစိုးရထဲမှာ ‘အရပ်သား’တွေလည်း ပါတယ် ဆိုပေမယ့် အရေးပါတဲ့ သမတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစတဲ့ နေရာတွေကို စစ်ဗိုလ်နဲ့စစ်ဗိုလ်‘ထွက်’ တွေကသာ စီးထားတယ်ဆိုတာ သတိထားသင့် ပါတယ်။ နောက်ပြီး ကာ/လုံထဲမှာ ပါခွင့်ရှိတဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနလိုဟာကိုလည်း အဲဒီလို လူတွေကသာ ချုပ်ကိုင်ထားပါတယ်။

ဦးသိန်းစိန်ရဲ့ အစိုးရဖွဲ့စည်းမှုမှာ စစ်တပ်နဲ့ မပတ်သက်သူ ဆိုတာဟာ ရုပ်ပြသာသာပဲ ပါပါတယ်။ အသုံးချတာ သက်သက် ဖြစ်ပါတယ်။
စစ်အုပ်စုမျိုးဆက် ဘယ်နှစ်ဆက် ရှိပြီလို့ ပြောနိုင်မလဲ။ ဒီမျိုးဆက်တွေကို ဘယ်ဗိုလ်/ဘယ်သူတွေက ကိုယ်စားပြု ခဲ့ကြလဲဗျာ။
ဗမာပြည်က စစ်တပ်မှာ စစ်အုပ်စု ဘယ်နှစ်ဆက်ရှိခဲ့ပြီလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ပြောရတာ နည်းနည်းခက်ပါ လိမ့်မယ်။ လူတယောက်နဲ့တယောက် အမြင်ချင်း တူချင်မှ တူပါလိမ့်မယ်။ ဖဆပလ အဖွဲ့ကြီးထဲမှာ ကိုယ့်အစုလေးနဲ့ ကိုယ် အစုဖွဲ့တယ် ဆိုတာကတော့ ပြဿနာရှိပါတယ်။ အဲဒီဂိုဏ်းဂဏဖွဲ့မှုဟာ စစ်တပ်ထဲမှာလည်း ရောင်ပြန်ဟပ်ပြီး ဗိုလ်နေဝင်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စသူတွေက အဓိက ခေါင်းဆောင်ခဲ့တဲ့ ပထမဆုံး စစ်အုပ်စု ပေါ်ပေါက် ခဲ့ပါတယ်။ ဒီစစ်အုပ်စုဟာ တပ်ထဲကနေ ဗိုလ်ချုပ်စမစ်ဒွန်းကို ထုတ်ပစ်တာ၊ ဗိုလ်မှူးချုပ်ကျော်ဇောကို ပ'ထုတ်တာ စတာတွေ လုပ်ပြီးနောက် တပ်ကို သူတို့ ကောင်းကောင်းအုပ်စိုးမိပြီးလို့ ယူဆတာနဲ့တပြိုင်ထဲ ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းမှုကို လုပ်တော့တာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည် လွတ်လပ်ရေးရပြီးလို့ ၁ဝ နှစ် ပြည့်တဲ့ အခါမှာ ပေါ်ပေါက်တဲ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပါတယ်။

ဒီ ပထမဆုံး စစ်အုပ်စုမျိုးဆက်ဟာ ဗမာပြည်မှာ စစ်တပ်က အာဏာယူတဲ့ အစဉ်အလာကို တည်ထောင်တဲ့ မျိုးဆက် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုက တည်မြဲဖဆပလ၊ ဆိုရှယ်လစ် အဆက်အနွယ်တွေကို လုံးဝ လက်မခံနိုင်ကြောင်း ခါးခါးသီးသီး ဖော်ပြလိုက်တော့ ဗိုလ်နေဝင်းဟာ သူ့စစ်တပ်ထဲကနေ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းတုတ် စတဲ့ ဆိုရှယ်လစ်ပါတီအနွယ် ထိပ်သီး ၁၃ ယေက်ကို တပ်ထဲက ထုတ်ပစ်လိုက်ပါတယ်။ ဒီ မဆလ ခရီးကြောင်းကို လျှောက်ကြသူတွေဟာ ဒုတိယ မျိုးဆက်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
တတိယ မျိုးဆက်ကတော့ ဗိုလ်နေဝင်း၊ (သူခန့်အပ်တဲ့) ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့ကို ခြေလှမ်းတဆင့်ပြီးတဆင့် ဖယ်ရှားပြီး အာဏာချုပ်ကိုင်ခဲ့တဲ့ ဗိုလ်သန်းရွှေ အမှူးပြုတဲ့ မျိုးဆက် ဖြစ်ပါတယ်။ အဲဒီမျိုးဆက်ဟာ ဒီနေ့ ဗိုလ်သိန်းစိန် အထိပဲလို့ ဆိုချင်ပါတယ်။ ဗိုလ်သိန်းစိန်ဟာ ဗိုလ်သန်းရွှေက ယုံကြည်စိတ်ချစွာ တင်မြှောက်ခဲ့တဲ့ ဆက်ခံသူ (protege) ဖြစ်ပါတယ်။ သူ့ဖာသာ သီးခြားကင်းလွတ်စွာနဲ့ မိုးပေါ်က ကျလာသူ၊ ဒါမှမဟုတ် မြေကြီးထဲက ထွက်လာသူ မဟုတ်ပါဘူး။

စစ်အုပ်စုဝင်အချင်းချင်း ဘယ်လိုပဋိပက္ခတွေ ရှိခဲ့ဖူးလဲ။ ဒါတွေဟာ ဘာအပေါ်မှာ အခြေခံ ဖြစ်ကြလဲခင်ဗျ။
စစ်အုပ်စုတွင်း ကွဲတာတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။“စစ်အုပ်စုဆိုတာ သန္ဓေဘဝကတည်းက ဂိုဏ်းအုပ်စုအသွင် ဆောင်ခဲ့တာဆိုတော့ တလျှောက်လုံး အဲဒီလက္ခဏာရှိပါတယ်။ ဒါပေမယ့် ဗမာပြည် သမိုင်းမှာ အာဏာရ ထိပ်သီး စစ်ဗိုလ်တွေအကြား အာဏာကို အရပ်သားလက် လွှဲပြောင်း ပေးချင်သူနဲ့ လွှဲပြောင်းမပေးချင်သူအကြားက အကွဲအပြဲ ဆိုတာကတော့ မရှိသလောက် ရှားပါတယ်” ဒါပေမယ့်နိဂုံးချုပ်လိုက်ရင်တော့ ဓါးပါတဲ့ကုလား၊ တပ်ကို ကိုင်ထားနိုင်သူက စားသွားတာချည်း ဖြစ်ပါတယ်။ အစောဆုံး အကွဲဟာ ၁၉၄၈ ခုနှစ်မှာ ဗိုလ်ဇေယျတို့တတွေ တောခိုတုန်းက ဖြစ်ပါတယ်။ ဗိုလ်ဇေယျ တို့ကလည်း လက်နက်ကိုင်ပြီးတောခိုသွားတာဆိုတော့ ဓားပါတဲ့ ကုလားက မစားလိုက်ရပါဘူး။ တပ်ထဲကနေ အစုလိုက်အပြုံလိုက် ထုတ်ပစ်တယ် ဆိုတာဟာ ကွဲတာပါပဲ။ တာဝန် သိပ်ကြီးတဲ့ ထိပ်သီးတဦးတည်းကို၊ ဥပမာ ဗိုလ်ခင်ညွန့်လိုလူကို ထုတ်ပစ်တာဟာလည်း တပ်ထိပ်သီးပိုင်းမှာ ကွဲတဲ့ အဓိပ္ပါယ်ပါပဲ။ သူတို့ချင်း ကွဲတာပြဲတာတွေမှာ အများစုဟာ ဂိုဏ်းဂဏကြောင့်ဖြစ်ပါတယ်။ စစ်အုပ်စုဆိုတာ သန္ဓေဘဝကတည်းက ဂိုဏ်းအုပ်စုအသွင် ဆောင်ခဲ့တာဆိုတော့ တလျှောက်လုံး အဲဒီလက္ခဏာရှိပါတယ်။ ဒါပေမယ့် ဗမာပြည် သမိုင်းမှာ အာဏာရ ထိပ်သီးစစ်ဗိုလ်တွေအကြား အာဏာကို အရပ်သားလက် လွှဲပြောင်း ပေးချင်သူနဲ့ လွှဲပြောင်းမပေးချင်သူ အကြားက အကွဲအပြဲဆိုတာကတော့ မရှိသလောက် ရှားပါတယ်။ အဲဒီလိုသဘောထားရှိသူဟာ ထိပ်သီး ဖြစ်မလာနိုင် ပါဘူး။ သူတို့ စစ်တပ်တွင်းမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်လာတယ်ဆိုတာမျိုး မရှိပါဘူး။ အောက်အဆင့်ဆင့်မှာ စမ်းသပ်ခံပြီးမှ ထိပ်ပိုင်း ရောက်လာ ကြတာတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လို အနှောက်အယှက် အတားအဆီးတွေ ဖြစ်ခဲ့လဲခင်ဗျ။
အတိုပြောရရင် တိုင်းပြည်နာပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်ပါပဲ။ ကြာလွန်းတော့ ဒေါင့်စေ့တယ်လို့တောင် ပြောနိုင်ပါတယ်။ စစ်အရာရှိတွေက နေရာလပ် မကျန်အောင် ဝင်ပြီးနေရာယူခဲ့/ထားတော့ နေရာလပ် မကျန်အောင် နစ်နာပါတယ်။

စီးပွားရေးမှာ သူတို့အခြေခံတာဟာ သူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်ပြီး သူတို့ရဲ့ စစ်တပ်ကို တောင့်တင်းသထက်တောင့်တင်းအောင် တည်ဆောက်ရေးကို ဦးတည်ပါတယ်။ နိုင်ငံတော် ကြွယ်ဝချမ်းသာရေး၊ ပြည်သူပြည်သားအကျိုး စတာတွေကို ဘယ်တုန်းကမှ အထက်မှာ မထားပါဘူး။ သူတို့ကိုယ်ကျိုးရဲ့ လက်အောက်မှာပဲ ထားပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဆူလွယ်နပ်လွယ် အာဏာကလေး ရထားတုန်း ချမ်းသာအောင် လုပ်လိုက်ဦးမှ ဆိုတဲ့ သဘောထားမျိုးနဲ့ချည်း လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်အာဏာရှင်နဲ့ မိုက်ဖော်ဆိုးဖက် စီးပွားရေးစနစ် (crony capitalism) ဆိုတာ ဒင်္ဂါးတခုရဲ့ ခေါင်းနဲ့ပန်းလို ခွဲလို့မရတဲ့ အချင်းအရာ ဖြစ်ပါတယ်။ တိုင်းပြည်တခုမှာ ဒီလိုစနစ် ထွန်းကားနေရင် စီးပွားရေးဟာ တကယ်တမ်း မကြီးထွား၊ မတိုးတက်နိုင်ပါဘူး။
အဲဒီလိုစီးပွားရေးကို မဏ္ဍိုင်ပြုပြီး ပေါ်လာတဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေဟာ မလုံလောက်တဲ့ ဘတ်ဂျက်စရိတ်နဲ့ ဒီစီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒုံးပျံကုန်ဈေးနှုန်းတွေနဲ့ ဘယ်လိုမှ နာလံမထူနိုင်အောင်ဖြစ်သွားရပါတယ်။ ဒီနေ့လောက် တိုင်းပြည်က လူအင်အားအရင်းအမြစ်တွေ ပြည်ပကို ယိုဆင်းခဲ့တာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဒါဟာ စစ်အာဏာရှင်စနစ်ကြောင့် ပေါ်ပေါက်လာတဲ့ ကျွန်ရောင်းချခြင်းတမျိုး လို့တောင် ခေါ်နိုင်မယ် ထင်ပါတယ်။
ဗမာပြည်ဟာ ဗိုလ်နေဝင်းလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားပြီး ဗိုလ်သန်းရွှေတို့လက်ထက်မှာ ကမ္ဘာပေါ်မှာ အကျင့်ပျက်လာဘ်စားမှု အများဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲ ပါသွားတာကိုပဲ ကြည့်ပါ။ တခြားလည်း AIDS ရောဂါဖြစ်ပွားမှု၊ ကလေးမွေးသေနှုန်း၊ မကောင်းတဲ့ဖက်တွေမှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဖြစ်နေတာဟာ စစ်အာဏာရှင်စနစ် တာရှည်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။

ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေး၍ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု အပါအ၀င် ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ

ငွေကြေး အဆင်မပြေသဖြင့် သေဆုံးခဲ့သူ၏ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ အချိန်တွင် စမ်းချောင်းမြို့နယ် မုန့်တောင်ရပ်ကွက်၊ ရွှေနှင်းဆီလမ်းရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး....(၅၅)နှစ်၊ ကန်ထရိုက်တိုက် အလုပ်သမား၊ စမ်းချောင်းမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေးသားကာ ရှစ်ပေခန့် မြင့်သော ကွန်ကရစ်တုတ်တန်းတွင် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင် လွန်ကြိုးအား လည်ပင်းတွင်စွပ်လျက် ဦးခေါင်းတွင် ကြွပ်ကြွပ်အိတ်စွပ်၍ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်မှုအား စမ်းချောင်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/ ၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒဂုံတောင်မြို့နယ် ၁၈ ရပ်ကွက်၊ မောင်းမကန် ကန်သာလမ်းရှိ နေအိမ် တစ်အိမ်တွင် သွေးတိုးရောဂါနှင့် အခြားရောဂါများ ခံစားနေရသူ ဦး..... ၆၂ နှစ် မှီခိုမှာ ၎င်းနေထိုင်သည့် နေအိမ်အောက်ထပ် အမြင့်ရှစ်ပေခန့်ရှိ တုတ်တန်းတွင် အရှည်ရှစ်ပေလုံးပတ် တစ်မတ်လုံးခန့် နိုင်လွန်ကြိုးဖြင့် ချည်နှောင်လျက် ဆွဲကြိုးချသေဆုံးနေပြီး ခြေထောက်တစ်ဖက်မှာ ကြမ်းပြင်နှင့် ရှပ်ထိကာ ကျန်တစ်ဖက်မှာ အလျားတစ်ပေခွဲ၊ အနံတစ်ပေခွဲ၊ အမြင့်တစ်ပေခန့်ရှိ သစ်သားစားပွဲ ပေါ်တွင်တင်လျက် စားပွဲခုံပုပေါ်တက် ၍ဆွဲကြိုးချ သေဆုံးသည့်အနေအထား တွေ့ရှိပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဒဂုံမြောက်မြို့နယ် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင် အပေါ်ထပ်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး... ၄၈ နှစ်ဖြစ်ပြီး ၎င်းသည် စီးပွားရေး အဆင်မပြေသည့်အပြင် ငှား၍ ဖွင့်ထားသည့် ပစ္စည်းအဟောင်းဆိုင်အား ဦးလေးဖြစ်သူ ဦး .... မှ ဖယ်ရှားခိုင်းသဖြင့် စိတ်ညစ်ပြီးအမြင့် ကိုးပေရှိတုတ်တန်းတွင် ပလတ်စတစ်ကြိုး အသေးများ ကျစ်ထားသည့် ငါးမူးလုံးခန့် အရှည်ခုနစ်ပေခန့်ရှိ ကြိုးအား လှေကားလက်တန်းပေါ်ချည်ကာ ဆွဲကြိုးချ သေဆုံးနေကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်၏ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်မှုအား ဒဂုံမြောက်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၂ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းရငွေမှာ ယခင်နှစ်၏ နှစ်ဆကျော် ပမာဏဖြစ်သော ကျပ် ၂၉၄ ဘီလျံခန့်ရရှိ

၂၀၁၂ ခုနှစ်အတွက် အခွန်အကောက်ရငွေသည် ယမန်နှစ်ကထက် လျော့နည်းခဲ့သော်လည်း ပြည်ထောင်စုဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းရငွေမှာ ယခင်နှစ်၏ နှစ်ဆကျော်ပမာဏဖြစ်သော ကျပ် ၂၉၄ ဘီလျံခန့် ရရှိခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ဘတ်ဂျက်ဥပဒေကြမ်းများအပေါ်မူနှင့် အခြေခံသဘော ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ထည့်သွင်းပြောကြားခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသာက “ယခုနှစ် အခွန်အကောက်ရငွေဟာ ယမန်နှစ်ကထက် လျော့မှာ ဖြစ်ပါတယ်။ သို့သော် ငွေလုံးငွေရင်း ရငွေကို ပေါင်းကြည့်ရင် ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ဝင်ငွေက ကျပ် ၃၅ ဒသမ ၃ ဘီလျံဖြစ်ပြီး ၂၀၁၁-၂၀၁၂ ခုနှစ် RE စာရင်းမှာ ကျပ် ၇၆၆ ဘီလီယံဖြစ်လို့ ထူးထူးခြားခြား တိုးလာတာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်းရငွေထဲမှာ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ ရငွေမှာ BE မှာ ကျပ် ၃၅ ဒသမ ၁ ဘီလျံ၊ RE မှာ ကျပ် ၇၄၉ ဘီလျံရလာတာ တွေ့ရပါတယ်။ ယမန်နှစ် ၂၀၁၀-၂၀၁၁ ခုနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများရဲ့ ငွေလုံးငွေရင်းရငွေမှာ ကျပ် ၂၉၄ ဘီလျံဖြစ်လို့ ယခင်နှစ်ကထက် နှစ်ဆကျော် တိုးရတာ တွေ့ရပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ နိုင်ငံတော် ရငွေပိုင်းတွင် အခွန်အကောက်မှ ရငွေ၊ နိုင်ငံပိုင်အဖွဲ့အစည်းများမှ ရငွေနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ရငွေဟူ၍ အဓိက သုံးပိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအနေဖြင့် ဘတ်ဂျက်လိုငွေ ကျပ် ၇၀၁၃၆၇၂ သန်း ရှိလာမည်ဖြစ်

အစိုးရအဖွဲ့မှ တင်ပြလာသည့် ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေ ကျပ် ၇၀၁၃၆၇၂ သန်းရှိလာမည်ဖြစ်ရာ ၄င်းလိုငွေဖြင့် စီမံကိန်းကြီးများကို ဆောင်ရွက်ပါက ပြည်တွင်းလှည့်လည် သုံးစွဲငွေပမာဏ များပြားပြီး ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်၍ ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ ဘဏာရေးကော်မရှင်၏ တင်ပြချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်တစ်ရပ်လုံးအနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၁၁၁၈၂၃၂၂ သန်း၊ စုစုပေါင်းသုံးငွေကျပ် ၁၈၁၉၅၉၉၄ သန်း ဖြစ်သည့်အတွက် လိုငွေကျပ် ၇၀၁၃၆၇၂ သန်းဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဘဏ္ဍာရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက “ထိုများပြားသော လိုငွေဖြင့် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပါက ပြည်တွင်းလှည့်လည်သုံးစွဲငွေ များပြားပြီး ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်၍ ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်ပါတယ်။ ထိုသို့ များပြားလှသော လိုငွေပမာဏကို ဖြည့်တင်းရန်မှာလည်း ငွေကြေးအခက်အခဲ ရှိပါတယ်။ သို့ဖြစ်ပါ၍ ဒုတိယသမ္မတများက ၂၀၁၂-၂၀၁၃ ခုနှစ် စီမံကိန်းရည်မှန်းချက်များအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဂျီဒီပီအချိုးများအပေါ် အခြေခံ၍ လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်း အောက်ကျစေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းစိစစ်ခဲ့ပါတယ်။ ထိုသို့ စိစစ်ရာတွင် အသုံးစရိတ်ပါဝင်မှု အချိုးနည်းသော ပညာရေးကဏ္ဍကို စုစုပေါင်းအသုံးစရိတ်၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် လည်းကောင်း၊ ကျန်းမာရေးကဏ္ဍကို စုစုပေါင်းအသုံးစရိတ်၏ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အခြားဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များကို ဦးစားပေးများခွဲ၍ စိစစ်ခဲ့ပါတယ်။ ထို့ပြင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကိုလည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည်နိုင်ရေး မူနှင့်အညီ စိစစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

“စစ်ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးကို သူရဘွဲ့ ပေးသင့်တယ်။ တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ်က နေသူရိန် အစည်းအဝေးမှာ ပြောခဲ့ဖူးပါတယ်။ သူသည် စီးပွားရေးသမား မဟုတ်၊ သူဋ္ဌေးဖြစ်ချင်သူ မဟုတ်၊ သူ့မှာ ငွေရှာနိုင်သော အခွင့်အရေး ရှိတဲ့အပြင် သရဖူလုပ်ပြီး ဆောင်းနိုင်းသော အခွင့်အရေးတွေ ရရှိခဲ့သော်လည်း သူ လိုချင်သော လွတ်လပ်ရေးသရဖူကိုသာ ဆောင်းလိုကြောင်း၊ သူ ဆောင်းလိုသော သရဖူမှာ လွတ်လပ်ရေးသရဖူသာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။ အဲဒီအချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ရော အင်္ဂလိပ်ကပါ မက်လုံးတွေ ပေးပြီး စည်းလုံးသိမ်းသွင်းဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်သူ့လက်ကိုင်တုတ်မှ အလုပ်မခံဘူး။
အဲဒီလို နိုင်ငံ့ခေါင်းဆောင် ပီသမှုအတွက် ကျေနပ်ဂုဏ်ယူခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရောက်လေရာ နေရာတိုင်းမှာ ပြည်သူတွေက ချစ်ခင်လေးစားစွာနဲ့ ကြိုဆိုဂုဏ်ပြုနေခြင်းက လုပ်ယူ၍ ရသောအရာ မဟုတ်ကြောင်း ထင်ရှားလှပါတယ်။ မနေ့တနေ့တုန်းဆီက လူကြီးတွေ နယ်ဆင်းတဲ့အခါ ကြိုဆိုကြတဲ့ ပြည်သူလူထုဆိုတာ နည်းလှပါတယ်။ တာဝန်အရ ကြိုခဲ့ကြတာပါ။ စိတ်ပါလက်ပါ ကြိုဆိုကြတာ မဟုတ်ဘူးဆိုတာ အထူးပြောဖို့တောင် လိုမယ်မထင်ပါ။
အဲဒါက ကွာခြားချက်တွေ အများကြီးကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတွေက သူတို့အကျိုးကို ဘယ်သူ လိုလားတယ်ဆိုတာ သိကြပါတယ်။ အခြေအနေအရ မသိဟန်ဆောင်ချင်ဆောင်မယ်။ တကယ်တော့ သိနေကြပါတယ်။ ကိုယ်ကျိုးရှာသူတွေကို ဘယ်သူမှ မလေးစားပါဘူး။ နှစ် ၅၀ နီးပါး အာဏာရှင်တွေ ကိုယ်ကျိုးရှာခဲ့ကြတယ်မဟုတ်လား။
“စစ်ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးကို သူရဘွဲ့ ပေးသင့်တယ်။တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။သူတို့ ရဖို့အတွက်ပဲ ကိုယ်ကျိုးရှာတာ တော်လွန်းလို့ သူရဘွဲ့ ပေးရမှာ။”
ရန်ကုန်မြို့တော်ကြီးမှာ အဓိကကျတဲ့နေရာ လူတိုင်း ကြိုးစားလို့ မရတဲ့နေရာတွေမှာ ကွန်ဒိုတိုက်ကြီးတွေ၊ အဆင့်မြင့် အိမ်ရာကြီးတွေ ဆောက်တဲ့ မြန်မာနိုင်ဂရု ဆောက်လုပ်ရေးရဲ့ နာမည်ခံပိုင်ရှင် ထွန်းနိုင်ရွှေ ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သားဆိုတာ သိတဲ့လူတွေ သိကြပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို အပြင်လူ ဘယ်ရမှာလဲ။ အဖေရဲ့အရှိန်အ၀ါနဲ့ အခွင့်အရေးယူတယ်ဆိုတာ လူတိုင်း လုပ်နိုင်တာမှတ်လို့။ အဲဒီ မြန်မာနာမည် ရှေ့ဆုံးက တပ်ထားတဲ့ နိုင်ဂရု နောက်မှာ လူမျိုးခြားတွေ ရှိနေတယ်။ ရှေ့မှာ တပ်ထားတဲ့ မြန်မာအတွက် ကိုယ်စားပြုတာက ထွန်းနိုင်ရွှေ တယောက်ထဲ။ ကဲ ... ဘာပြောချင်သေးလဲ။
စစ်ဗိုလ်ချုပ်များနဲ့ စစ်တပ်အသိုင်းအ၀ိုင်းအတွက် ၀င်ငွေရှာခဲ့တာ တော်တော်များနေပြီ။ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ ၁၉၉၀ ပြည့်နှစ် စီးပွားရေး ဦးပိုင်လီမိတက်ကို ထူထောင်ခဲ့ပြီးတော့ နောက်ထပ် ၁၉၉၇ ခုနှစ်မှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆိုတာကို ထပ်ပြီး ထူထောင်ခဲ့တယ်။
အဲဒီကုမ္ပဏီနှစ်ခုကတော့ မပိုင်ရင် ခြင်ကိုတောင် မရိုက်ဘူးဆိုတဲ့ ပေါ်လစီနဲ့ ထူထောင်ခဲ့ကြတာပါ။ နိုင်ငံတော်ကို အခွန်ပေးဆောင်ဖို့မလိုတဲ့ အခွင့်အရေးကို ဇွတ်ယူထားတယ်။ အဲဒီလောက် ပိုင်အောင် လုပ်ထားတာ။ စစ်ဗိုလ်ချုပ်များနဲ့ စစ်တပ်အသိုင်းအ၀န်းက လူတွေ ကောင်းစားသလား မမေးနဲ့. စိန်သံလုံး သူငယ်ချင်း ဗိုလ်မှူးတယောက်ဆို ဦးပိုင်က ချပေးတဲ့ စားအုန်းဆီပါမစ်နဲ့ မယားငယ်နှစ်ယောက် ယူထားတဲ့အထိ အိုကေမှာ စိုပြေတယ်လေ။ သူက ဆီပါမစ်ရောင်းရင် တလကို ၆ သိန်း ရတယ်။ ဒါက အကင်းပဲရှိသေးတာ။ သူ့ထက်ကြီးတဲ့ လူတွေက သူ့ထက် အဆပေါင်းများစွာ သာတဲ့ အကျိုးအမြတ်ငွေတွေ ရကြတယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိတာပါ။
အဲဒီ ဦးပိုင်လီမိတက်နဲ့ MEC တို့က သေချာပေါက် ပိုက်ဆံရမယ့် လုပ်ငန်းတွေပဲ လုပ်တယ်။ ရှုံးမယ့် လုပ်ငန်းမျိုးဆို အနားတောင် မကပ်ဘူး။ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့ စက်မှု (၁) အရှုံးပေါ်နေတဲ့ စက်ရုံ ၂၀၀ ကျော် ရှုံးတာ ပြည်သူဘဏ္ဍာတွေပဲ ဆုံးရှုံးခဲ့ကြပေါ့။ အဲဒီလိုလူစား ခုချိန်ထိ ကောင်းစားနေသေးတယ်။ ၀န်ကြီးရာထူး မရှိတော့ပေမယ့် ၀န်ကြီးလစာ အတိုင်းရတဲ့ လွှတ်တော်ကော်မတီ ဥက္ကဌ ဖြစ်နေသေးတယ်။ သူ့လိုပဲ အပြစ်ရှိတဲ့ ၀န်ကြီးဟောင်း သုံးမရတော့တဲ့ ၀န်ကြီးဟောင်း ၁၈ ယောက် လွှတ်တော်ကော်မတီ ဥက္ကဌတွေအဖြစ် တီထွင်ပြီး ခန့်ထားတဲ့ ဉာဏ်ကြီးရှင် ဘယ်သူလဲဆိုတာ သိကြမှာပေါ့။ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ရုပ်သေးဆရာကြီး သန်းရွှေ နောက်မှာရှိနေတယ်ဆိုတဲ့ သက်သေပဲ။
အဲဒီ လွှတ်တော်ကော်မတီ ၁၈ ယောက်ရဲ့ နာမည်တွေကိုရော သိချင်ကြလား။ ပြောပြမယ်နော်။ မှတ်ထားကြပါဗျ။ ဦးဋ္ဌေးဦး၊ ဦးသိန်းဇော်၊ ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးတင်ထွဏ်း၊ ဦးလှမြင့်ဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဆွေ၊ သူရဦးအေးမြင့်၊ ဦးစိုးနိုင်၊ ဦးဋ္ဌေးမြင့်၊ ဦးလွန်းသီ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်း၊ သူရဦးအောင်ကို၊ ဦးမောင်ဦး၊ ဦးမောင်မောင်ဆွေ၊ ဦးအောင်သိန်းလင်း ... တို့ပေါ့၊ အဲဒီထဲမှာ ဦးအောင်သောင်းရဲ့သားက ဘဏ်တည်ထောင်ခွင့်ရခဲ့ပြီး သူ့အဖေ ဦးအောင်သောင်းက ဘဏ်အကြောင်း နားမလည်ဘဲ၊ ငွေစက္ကူတောင် အစစ်မှန်း အတုမှန်း မသိဘဲနဲ့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်နေတာ တမင်တိုက်ဆိုင်တာ မဟုတ်ဖူးဆိုတာပဲ။
စစ်ဗိုလ်ချုပ်များနဲ့ စစ်တပ်အသိုင်းအ၀ိုင်းတွေ အထူးလက်ဝါးကြီးအုပ်ပိုင်ခွင့်၊ အခွင့်အရေးယူပိုင်ခွင့်ရတဲ့ စီးပွားရေးဦးပိုင်လီမီတက်နဲ့ စီးပွားရေးကော်ပိုရေးရှင်းတို့က အမြတ်အစွန်း သေချာပြီး တခြား ပုဂ္ဂလိကတွေ လုပ်ခွင့်မရတဲ့ လုပ်ငန်းကြီးတွေဖြစ်တဲ့ သစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း (ကျောက်မျက်၊ ကျောက်စိမ်း) ဘဏ်လုပ်ငန်း၊ သံမဏီစက်ရုံ၊ သကြားစက်၊ သစ်အချောကိုင်စက်၊ ဆည်နဲ့ လမ်းတံတား၊ အရက်ချက်စက်ရုံ၊ ဂေါတန်ကျောက်လုပ်ငန်း၊ မိုးကုတ် မိုင်းရှူး ကျောက်မျက်လုပ်ပိုင်ခွင့်၊ ဖားကန့် ကချင် ကျောက်စိမ်းတူးဖော်ခွင့်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ပြည်ပပို့ကုန် တင်သွင်းမှုအမျိုးမျိုး၊ စာအုန်းဆီ၊ ကားတင်သွင်းမှု၊ ကားအပိုပစ္စည်း တင်သွင်းပြီး တပ်ဆင်ရောင်းချသည့် လုပ်ငန်း၊ တယ်လီဖုန်းလုပ်ငန်း၊ မြ၀တီ ရဟတ်ယာဉ်ငှားလုပ်ငန်း၊ ကြက် ငါး ပုဇွန် ထုတ်လုပ်ရေး၊ ရွှေတူးဖော်ရေး၊ စီးကရက်စက်ရုံများ၊ ဘီယာစက်ရုံများ၊ အရက်ချက်စက်ရုံများ၊ နို့ချက်စက်ရုံလုပ်ငန်းများနဲ့ အာဏာလွှဲခါနီးမှာ သေချာပေါက် ငွေရတဲ့ ကုန်သေတ္တာစခန်း (ကွန်တိန်နာ)၊ ကြေးစင်တောင်က ကြေးနီထုတ်လုပ်မှု လုပ်ငန်းတွေကိုပါ သဲသဲမဲမဲ လွှဲပေးခဲ့တယ်။
ကိုယ်ရကိုယ်ယူစနစ်နဲ့ ယူလို့ မ၀သေးတဲ့အပြင် သားသမီး မြေးမြစ်တို့ တည်ထောင်ထားတဲ့ ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့သား အောင်သက်မန်း တည်ထောင်ထားတဲ့ ဧရာရွှေဝါ၊ ဒေါ်ကြိုင်ကြိုင်ကို လုပ်ကျွေးနေတဲ့ မွေးစားသား တေဇရဲ့ ထူးဒရေးဒင်းနဲ့ အဲပုဂံ၊ ဇော်ဇော်ရဲ့ မက် (စ်) မြန်မာ၊ တင်အောင်မြင့်ဦးရဲ့သား ဗိုလ်မှူး နိုင်လင်းဦးရဲ့ TZ ကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး တင်အေးရဲ့သား ဥက္ကာအေးရဲ့ လင်းထက်အောင်ကုမ္ပဏီ၊ ဦးအောင်သောင်းရဲ့သား နေအောင်နဲ့ မိုးအောင်တို့ရဲ့ IGE နဲ့ အောင်ရည်ဖြိုး ကုမ္ပဏီတွေကိုလည်း လုပ်ပိုင်ခွင့်တွေ အများကြီးပေးပြီး တဖက်က လှည့်ယူကြပြန်တယ်။
ဒါ့အပြင် ကမ္ဘောဇ၊ ဇေကမ္ဘာ၊ ယုဇန၊ ဧဒင်အုပ်စု၊ ရွှေသံလွင်၊ ရွှေနဂါးမင်း ... စတဲ့ ကုမ္ပဏီများကိုလည်း အခွင့်အရေးတွေ ပေးပြီး အကန်တော့ခံနေတုန်းပဲ။ ဒီလုပ်ငန်းတွေကို ဒီမိုကရေစီလို့ ပြောနေတဲ့ ဒီနေ့ခေတ်ထိ လည်ပတ်နေတုန်းနော်။ စားလို့ ၀ါးလို့ ကောင်းတုန်း ...။
လွတ်လပ်ခြင်း၊ တရားမျှတခြင်းဆိုတာ နိုင်ငံတော်သီချင်းမှာပဲ ရှိတယ်။ ဘယ်မှာလဲ ဒီမိုကရေစီ။ နိုင်ငံသစ်ကြီးဆိုတာ သစ်နေရဲ့လား။ အဟောင်းတွေ ကောင်းစားတုန်းနော်။ အာဏာမလွှဲခင် အထူးစီမံကိန်း ၆ ခုကို အသဲအသန် အလျင်အမြန် ချပေးလိုက်တဲ့ ဦးသန်းရွှေရဲ့ စေတနာ လေးစားလောက်ပါရဲ့။ မသေခင် ရိက္ခာယူသွားတဲ့သဘော။ စားလို့ပဲ မ၀နိုင်တော့ဘူး။ နောက်လူတွေ အကြွေးတင် ရန်ဖြစ်ကြပေါ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ ...။ စစ်ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးကို သူရဘွဲ့ ပေးသင့်တယ်။ တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။ သူတို့ ရဖို့အတွက်ပဲ ကိုယ်ကျိုးရှာတာ တော်လွန်းလို့ သူရဘွဲ့ ပေးရမှာ။
ဆရာဘုန်းကြီးက ဟောဘူးတယ်လေ။ အရှုပ်ထဲမှာ ရှင်းအောင်နေ။ ဟုတ်ကဲ့ ... ဒီအရှုပ်ထုပ်ကြီး မရှင်းဘဲနဲ့ ဒီမိုကရေစီလို့ အော်လို့မရဘူး။ ဒီအတိုင်းပဲ ငုံ့ခံနေရမှာလား။ ခေတ်တွေ အမျိုးမျိုး ဖြတ်သန်းခဲ့ကြပြီ။ ၁၉၄၈ မှ ၁၉၅၈ အထိ ဖဆပလအစိုးရ၊ ၁၉၅၈ မှ ၁၉၆၀ အထိ အိမ်စောင့်အစိုးရ၊ ၁၉၆၀ မှ ၁၉၆၂ ထိ ပြည်ထောင်စုအစိုးရ၊ ၁၉၆၂ မှ ၁၉၇၄ ထိ တော်လှန်ရေးကောင်စီအစိုးရ၊ ၁၉၇၄ မှ ၁၉၈၈ အထိ မဆလအစိုးရ၊ ၁၉၈၈ မှ ၁၉၉၇ ထိ န၀တအစိုးရ၊ ၁၉၉၇ မှ ၂၀၁၁ ထိ နအဖအစိုးရ၊ ၂၀၁၁ မတ်လ ၃၀ ရက်မှ ယနေ့အထိ ဒီမိုကရေစီအစိုးရ ဆိုပြီး ပြောင်းလဲလာခဲ့တယ်။
ဒါပေမယ့် မပြောင်းလဲသေးတဲ့ စစ်ဗိုလ်ချုပ်ကြီးများနဲ့ စစ်တပ်အသိုင်းအ၀ိုင်းကတော့ ရသမျှ အကုန်ယူပြီးပြီ။ မတရား ယူထားတဲ့၊ အခွန်မဆောင်ရတဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေချည်းပဲ။ ဒီပုံစံနဲ့ ကမ္ဘာသိ ကြေညာထားတဲ့ ဒီမိုကရေစီစနစ်ကြီးကို ဘယ်လို ထူထောင်ကြမှာလဲ။ လုပ်ရက်ကြပါပေါ့၊ ကဲ ... လုပ်ရဲရင်တော့ ခံရဲရမယ်နော်။
စိန်သံလုံး

ပြည်သူ့ရန်သူ ရုရှဗိုလ်မျာ
သက်ဆိုင်သူများသို့ ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဆောင်းပါးမှာ ရုရှားရောက် စစ်ဗိုလ်လေးတွေကို ထိခိုက်ပြောလာတာများတော့ စာဖတ်ပရိသတ်တွေရော ရုရှားစစ်ဗိုလ်လေးတွေကိုတိုင် ကျနော်က စစ်ဗိုလ်လေးတွေအပေါ် အစာမကြေဘူး ထင်လာကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ကျနော်တို့အတွက် ပြည်ထဲက မြန်မာလူငယ်တွေအတွက် မမြင်ရတဲ့ အန္တရာယ်ကောင်တွေပါ။ မင်းကိုနိုင်တို့ကို အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒါဏ်- ၆၅-နှစ်ချခံရတာ ဒီရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ..။ ငါဖေါက်တာ လို့ဘယ်သူ လက်မထောင်ရဲသလည်း Blinker Hacker Groupက န.အ.ဖ ကိုဆော်နေပါတယ် ဗြောင်ကျေငြာရဲသလို ကြေငြာရဲလား..။ သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဘာမှ အစာမကြေစရာတော့ ဘာမှမရှိပါဘူး။ ဒီရုရှားသင်တန်းဆိုတာကလည်း စစ်တပ်ထဲမှာ နောက်ခံမရှိရှာကြတဲ့ သူတွေ သွားကြရတဲ့ သင်တန်းပါ။ ဗိုလ်မှုးကြီးအဆင့်လောက်ရဲ့ သားသမီးတွေဆို မလိုက်ရအောင် ရှောင်နိုင်အောင် ရှောင်ကြပါတယ်။ ငွေကြေး အာဏာ တတ်နိုင်သူတွေ မသွားကြပါဘူး။ မက်မောစရာ သင်တန်းမဟုတ်ပါဘူး။ ပိုဆိုးတာက ကနေ့ ကျနော်က ဒေါက်တာလှိုင်မြင့်လို့ ကိုယ့်ဂုဏ်ကို ဖေါ်ထုတ်ရေးတယ်ဗျာ။ ကိုကိုရုရှားတို့က သူတို့ ဘွဲ့ကိုဂုဏ်ယူ (ရဲ) ကြရင် ရေးလေ ဒေါက်တာတို့  ပီအိတ်ဒီတို့  (ရုရှား)ဆိုတာ ရေးကြလေ။ စစ်သားလုပ်ပြီး နာမည်မဖေါ်ရဲ ကိုယ်ကြိုးစားယူထားတဲ့ ဘွဲ့ကိုလဲ မတတ်ရဲ အဲဒါကို ကျုပ်တို့က ဘာအစာမကြေနေရမှာလဲ။ ဘယ်မိန်းခလေးတွေက သူက ရှရှားပြန် စစ်ဗိုလ်တော့လို့  ကြိုက်နေကြလို့ ရေပန်းစားနေကြလို့လဲ..?
အဲဒီရုရှားက စစ်ဗိုလ်ကော ပြည်တွင်းက စစ်ဗိုလ်တွေကိုပါ ကျနော်တယောက်မှမသိပါဘူး။ ဘယ်သူ့မှ နာမည်နဲ့တောင် မသိမှတော့ ဘယ်လိုလုပ် အာဃာတ ဖြစ်ဖြစ် အတွယ်အတာဖြစ်ဖြစ် ရှိနိုင်ပါ့မလဲ။ ကျုပ်တူ တယောက် (အကိုတ၀မ်းကွဲရဲ့ သား) အဖေလုပ်သူက အတင်းစစ်တက္ကသိုလ် အင်ဂျင်နီယာတက်ခိုင်းတယ်။ အခုတော့ နောင်တရနေရှာတယ်။ ကြားထဲ သမီးအကြီးက သားလုပ်သူရဲ့  သူငယ်ချင်းစစ်ဗိုလ်နဲ့ ညားတော့ ဆိုပြိး အမျိုးတွေထဲမှာ အပြတ်ပြောတတ်လို့ တချို့ကသူ့ ကို မကြည်ချင်ဘူး။ ရှိထားတာကိုး အမျိုးထဲမှာ ငါတို့ကို ယှဉ်နိုင်သူဘယ်သူမှ မရှိဘူး ဆိုတဲ့စကားက .....
အခုတိုင်းပြည်ထဲက နိုင်ငံအရေးစိတ်ဝင်စား လှုပ်ရှားနေကြသူတွေဟာ ဒီရှရှားပြန်တွေကို သေအောင်ရွံမုန်းကြ ကြောက်နေကြရတာပါ။ ကိုယ့်ရဲ့အဆက်အသွယ်ဆီ ဆက်သွယ်ရင်း သူတို့ကို ကျောချမ်းနေကြရတာပါ။ သူတို့ဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ သူတို့ရာထူးတက်ဖို့အရေး ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။ ဗုဒ္ဓတရားတော်ကနေ ကြည့်ရင် အင်မတန် ငရဲကြီးတဲ့ ၀မ်းရေးကြီးပါ။ သူတပါးကို နင်ပြီးမှ စားရတဲ့ အစာဟာ သံရည်ပူကို မြိုနေကြရတာဆိုတာ သူတို့ မစဉ်းစားတတ်ကြဘူး။
အဲဒီလိုလူတွေကို ထိုးနှက်ပြီး နာမည်ကျော်ချင်လို့  ထိုးနှက်နေတာလား ပြောလာတာတော့ စဉ်းစားပါဦးဘဲ ပြောချင်ပါတယ်။ ကံနှင့်ကံတရား လူဂုဏ်သိက္ခါ ရှုဒေါင့်ကနေကြည့်ရင် အင်မတန် စက်စုပ်ဖွယ်ဘ၀ ဗုဒ္ဓတရားတော်အလိုအရ နောက်ဘ၀မှာ ချီးတွင်းထဲက လောက်လို ဘ၀ကိုလား နေသူတွေကို တက်နင်းတယ်ပြောရင် သူ့နင်းရဖို့ ချီးတွင်းထဲကိုယ်က အရင်ဆင်းနေရတာနဲ့ တထေရာတည်းပါ။ အခုကျနော်လုပ်နေတာ ထင်ပေါ်ချင်လို့ လုပ်နေတာလဲမဟုတ်ပါဘူး။ ထင်ပေါ်မှု လိုချင်တာဟာ အတ္တစိတ်ပါဘဲ။ လုပ်ရပ်မှန်ရင် ငါ့စိတ်ကလေး ငါ့ရပ်တည်ချက်လေးတချို့  ငါ့တူသားတွေ ငါ့အမျိုးတွေ နမူနာ ယူနိုင်တာ ကျန်ရစ်ခဲ့ရင်ဆိုတာ ကျုပ်ရဲ့ဘ၀ ခံယူချက်ပါ။ အမှန်တွေပြောနေတာပါ။ ကျနော်ပြောတာကို ဒါကတော့ လွဲနေတယ် မှားတယ် ထောက်ပြဆွေးနွေးရင် ပိုကောင်းပါမယ်။
အေးမင်းတို့ သိရအောင် အခုငါ့တူတွေ တူမတွေ ကြိုးစားလို့ အမေရိကန် စင်ကာပူ သြစတြေးလျှကို အများကြီး ရောက်နေကြပါတယ်။ ပညာရှင်အနေနဲ့ ရောက်နေကြတာပါ။ သူ့တို့လေးတွေ (အားလုံး အာလုံးနော်) မေးကြည့်လို့ရပါတယ်။ ငါ့အမတွေ ညီမတွေ မေးကြည့်လို့ရပါတယ်။ အားလုံး ဆရာဝန် အင်ဂျင်နီယာမိသားစုပါ။ ကျုပ်ထက်လဲ အားလုံးပိုချမ်းသာကြပါတယ်။ အေးသူတို့လေးတွေရဲ့ စံပြက ဘယ်သူလဲမေးကြည့်ပါ။ သူတို့လေးတွေ အရွယ်ရောက်စက မိဘနဲ့ မပြေလည်တာရှိရင် အမ / ညီမတွေ/ ညီတွေ ၀မ်းကွဲတွေကအစ ကိုကို မောင်ဘီလီ လာပြောပေးပါဦး။ အေးကျုပ်ပြောလိုက်ရင် တခွန်းဘဲ (ဂ-ငယ်ကွေ့) ကွေ့ ပြင်သွားကြတယ်။ အဲဒီလို ပြောပေးရင် ညီမက ဒူးထောက်ပြီး ကန်တော့တယ်။ ပြီးပါးကိုနမ်းပြိး အိတ်ထဲကို ဒေါ်လာ -၁၀၀-ထဲ့တယ်။ အမကတော့ အိမ်ကို ခြင်းတောင်းကြီးတွေနဲ့ လာပို့ ပြီ။
နောက်တော့ တူတွေ/တူမတွေက (ပါပါကြီး -ဆေးမကုပါနဲ့  ပါပါကြီးပင်ပန်းတာ သားတို့ မကြည့်ရက်ဘူး။ ပါပါကြီးငွေ မရှိတော့ရင် သားတို့  နည်းနည်း ဆိုးပြလိုက်ရင် အိတ်ထဲဒေါ်လာတွေ ၀င်လာစေရပါမယ်) အထိ နောက်တတ်ကြပါတယ်။ ကျုပ်ဘ၀ အပေါ်ကျေနပ်ရမှု ပီတီကို ဘာနဲ့မှ မလဲနိုင်ပါဘူးမောင်။ မေးကြည့်ပါ အမျိုးတွေထဲမှာ။
စစ်ဗိုလ်တွေဟာ သူတို့ ကို သန်းရွှေက ခန့်ထားတယ်။ ကျေးဇူးရှင်က သန်းရွှေ။ ပြည်သူလူထု မဟုတ်ဘူး။ ဒါကြောင့် သူတို့ဟာ တိုင်းပြည်ကို ကြည့်နေတဲ့ သူတွေမဟုတ်ဘူး။ တိုင်းပြည်နဲ့ သန်းရွှေ ယှဉ်လာရင် သန်းရွှေ အတွက် လူဘယ်လောက်သတ်ရသတ်ဆိုတဲ့လူတွေပါ။ ကနေ့ ကျနော်တို နိုင်ငံကြီး ဒီလောက် သယံဇာတတွေ ထွက်နေတာကို မွဲပြာကျနေရတာ သန်းရွှေတို့ ခိုးတာကြောင့် မွဲရပါတယ်လို့ ကျနော် လှိုင်မြင့် အတိအကျ စွပ်စွဲပါတယ်။ ကြိုက်တဲ့စစ်ဗိုလ်များ ငြင်းချင်ရင် ကြိုက်တဲ့ကြေး စိန်ခေါ်လိုက်ပါ။ ကျနော့်မှာ ယောက်ဖတွေ ၀န်ကြီးပြုတ်အမျိုးတွေ ငါးဦးမက ရှိပါတယ်။ ဘယ်လို ချမ်းသာလာတယ်ဆိုတာ အထောက်အထားတွေနဲ့  ချပြပါမယ်။
ပြောမယ်နော် နာမည် မတတ်သေးဘူး။ အမျိုးဘဲပြောပါမယ်။ နာမည် မတတ်သေးဘူးနော်။ နှစ်ဖက်မိဘတွေက အိမ်ပိုင်ယာပိုင်တောင် မရှိရှာကြဘူး။ သူတို့က ရန်ကုန်မှာတင် တိုက်ခန်း-၂ ခု ကို ယောက်ဖတွေ နာမည်ခံပြီး ၀ယ်ထားတယ်။ တရားဝင်ယူထားတဲ့ တိုက်တွေက သပ်သပ်ရှိသေးတယ်။ ကားတွေ အများကြိးသူများနာမည်နဲ့။ ပြီးပြောသေးတယ်။ အမျိုးထဲမှာ ငါတို့ကိုယှဉ်နိုင်သူ ဘယ်သူမှ မရှိဘူးတဲ့။ ၀တ်ထားတဲ့ စိန်နားကပ်က တရံတရံကို သိန်း- ၅၀၀-အထက်ချည်းဘဲ။ ဒါသူက ဘာကောင်မှ မဟုတ်သေးဘူးနော်။ သိပ်ပါဝါကြီးတဲ့ လူမဟုတ်သေးဘူး။ အေး သူက ဘဘကြီး ကတော်ကြီး(သန်းရွှေ ကြိုင်ကြိုင်)ကို တခါတခါ ကန်တော့ရရင် သိန်း- ၂၅၀-အောက်ဆို ၀င်လို့မရဘူး ပြောသေးတယ်။
ပြောမယ်ဗျာ။ တနှစ်က (ခုနှစ်မတပ်ဘူးနော်) တပ်ရင်းမှုးဖြစ်လာတယ်။ တခါထဲ ပေါ်တာတွေဆွဲရရင် အထက်က ပေါ်တာ-၁၀၀- ဆွဲခိုင်းရင် ၁၂၅- လောက်ဆွဲလိုက်တယ်။ ၂၅-ယောက် ပြန်လွှတ်မယ်။ ပြန်လွှတ်မယ့် အထဲပါချင်သူတွေ လာခဲ့။ တပ်ရင်းမှုးဖြစ်ပြီး- ၆-လ အတွင်း ရန်ကုန်မှာဈေးကြီးပေ့ တိုက်ခန်း- ၁ -ခုဝယ်တယ်။ ကားက အကောက်ခွန်ဝင်းထဲက မထုတ်ရသေးတဲ့ ၆-/က နဲ့ ၇/က ခေတ်က ကား သုံးစီး တပြိုင်ထဲဝယ်ပါတယ်။ သူပေါ်တာ အဆွဲကြမ်းလို့ ဘီဘီစီ ထဲမှာကို သူ့နာမည်နဲ့ နှစ်ကြိမ် ပါလာပါသေးတယ်။ ၀ယ်တာအားလုံး ယောက်ဖတွေ နာမည်နဲ့။ သူတို့ နံမည်ကိုတောင် မခံရဲတာ ရှင်းတယ်နော်။
အခု ကြိုက်တဲ့ စစ်ဗိုလ် ငြင်းချင်လား သန်းရွှေ မခိုးပါဘူးဆိုတာ။ ကြိုက်တဲ့ကြေးခေါ်ပါ။ အီဂျစ်တို့  လစ်ဗျားတို့ ကိုကြည့်ပါ။ သူခိုးကို သစ္စာထားတယ် ပြီးကိုယ့်တိုင်းပြည် အရေးကို မျက်စေ့ဖွင့်ကြည့်သူတွေကို ရန်သူလို့ သတ်မှတ်တဲ့လူတွေကို ကျနော်ကလည်း ရန်သူလို့ဘဲမြင်တာ ကျနော့်အလွန်မဟုတ်ပါဘူး။ သူတို့က ပြည်သူတရပ်လုံးကို ဆွမ်းဆန်ထဲက ကျောက်ခဲရွေးတဲ့ ပုံစံနဲ့ ကြည့်တာမဟုတ်ဘူး။ ဆန်အိုးကို ကျောက်ခဲအမြင်နဲ့ ကျောက်ခဲမရွေးဘဲ ဆန်ကို တလုံးချင်း ရွေးတာ။ ဆန်ကိုရွေးထုတ်ပြီးမှ ကျောက်ခဲကို ပယ်တဲ့ အကြည့်မျိုး။ မြန်မာနိုင်ငံသား မှန်ရင် သန်းရွှေရဲ့ ရန်သူဘဲ။ ရန်သူပုံနဲ့ ကြည့်နေတဲ့သူတွေ။ ပြည်သူ့ရန်သူတွေပါ။ စစ်သားလုပ်ပြီး သူတို့ နာမည်တောင် တပ်မပြောရဲသူတွေပါ။
နောက်ပြောလာပါသေးတယ်။ ခွေးလေးခုန်လို့ ဖုန်မထပါဘူးတဲ့။ အဲဒါသူတို့ ပြောနေကြစကားပါ။ လူချင်းဆုံပြီး မျက်နှာချင်းဆိုင် ပြောရရင် နည်းနည်း ယဉ်ကျေးတာလေးနဲ့ ပြောတယ်။ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူးတဲ့။ ကျုပ်တို့က အရေးမလုပ်ဘူးတဲ့။ ဟားဟား တော်တော် မသိရှာတာဘဲ။ မင်းတို့တတွေ ငါတို့ကို လိုက်ထိုးနောက်မွှေ့ ထောက်လှမ်းဖို့ ငွေတွေအများကြီး အကုန်ခံ ကြံ့ဖွတ်ဆိုတာကို မွေးပေးကမ်း ဒီလောက် ငွေကုန်ကြေးကျခံ သင်ပေးပြီး မင်းတို့ကို ငွေတွေအများကြီး သုံးခန့်ထားရတာ ငါတို့ကြောင့် မင်းတို့ အလုပ်ရနေတာပါမောင်။ သူခိုး ဓါးပြ လူဆိုးတွေမရှိရင် ဘယ်သူက ရဲတွေခန့် နေတော့မှာလည်း။ မင်းတို့ ပညာသင်ခဲ့ရတဲ့ ရှရှားက (SPUTNIK မဂ္ဂဇင်းက) ဟာသလေး (ကာတွန်းလေး) တခုပါ။ ရဲသားက ရဲမှုးကိုမေးတယ် ဒီကောင်ခနခန ဒုက္ခပေးတယ်ဆရာ... ဒီသူခိုးကို အသေသတ်လိုက်ရမလား... ရဲမှုးက သူမရှိရင် ငါတို့ အလုပ်မရှိတော့ဘူးတဲ့။
မင်းတို့ ငါတို့ အတိုက်အခံတွေကို သန်းရွှေလန့်လို့ နေ့စဉ် အစီရင်ခံစာတွေ တင်နေရတာ။ ဖတ်ကြည့်ပါဦး.. ။ ကျုပ်က ခနခန ဖတ်ဘူးပါတယ်။ ဗိုလ်မှုးကြီးတယောက်(၉၃- ၉၆ ပေါ့) ကိုလှိုင်မြင့် အိမ်လာခဲ့ပါအုံး ရော့ဖတ်ကြည့် အေးအေးနေစမ်းပါ။ ကျုပ်နာမည်ပါလာတိုင်း သူ့အိမ်ကိုခေါ်တယ်။ ကျုပ်ကို သူသိပ်ခင်ရှာတယ်။ အမျိုးသမီးက အမြဲပြောတတ်တယ်။ မစုသာ မောင်နဲ့ ကွဲရင် / သေရင် သူ့သမီးနဲ့ အတင်းပေးစားမှာ။ တကယ်ကို ရိုးရိုးသားသား ခင်ရှာတာပါ။ ဘယ်သူခိုး အကြောင်းမှ ရေးကြီး ခွင်ကျယ် မတင်ပါဘူး။ ဘယ်မြို့ နယ်က NLD လူငယ်။ ဘယ်ပြည်ပက ဆက်အသွယ်တွေ တင်နေရတာ မင်းတို့ အဘက မျက်ခုံးလှုပ်လို့ပေါ့။ မင်းတို့အဲဒီ အစီရင်ခံစာတင်ရတဲ့ အဆင့်လောက်တော့ သိသင့်ပါတယ်။ နောက် မင်းဘဘကြီး အန္ဒိယ အလည်အပတ်ခရီးကနေ ( -/-/-/အရှုပ်ထုပ်) တင်လိုက်တဲ့စာ ငါ့ကိုအခုပြ ပြောယူထားတာ သက်သေတွေ ရှိပါတယ်မောင်။ အဲဒီအဖွဲ့ ကို အခုအပြတ်ရှင်းဆိုပြိး အိန္ဒိယကနေ အမိန့် ပေးတာပါမောင်။ ပြပါမယ်။ ဖုံန်ထ/မထတော့ မသိဘူးမောင်။ မင်းဘဘကြီး မျက်ခုံးတော့ အပြတ်လှုပ်ပါတယ်မောင်။
နောက်မင်းတို့အခု လစာတွေတိုးလာတာ ဒို့လုပ်ခဲ့တာပါမောင်။ သန်းရွှေက ခိုင်းပြီး မတန်မရာလခလေးဘဲ ပေးထားပါ။ မယုံရင် ဗွီအိုအေ ကိုမေးပါမောင်။ အေးအဲဒီ့ အင်တာဗျူးလေးနဲ့ နောက်ဆက်တွဲ စစ်ဗိုလ်(ဗိုလ်ကြိးအထက်တွေ) တစ်သောင်းကျော်ကို အရပ်ဘက်ပြောင်းရတယ်။ နောက်ဆက်တွဲ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်လာရတာပါမောင်။ ဒို့က အဲဒီလို အပီထိုးတတ်လို့ မင်းဘဘကြီး ဒို့ နာမည်ဝှက်နဲ့ ပြောဆိုနေတာပါမောင်။ တပ်ထဲနေပြီး စုံစမ်းကြည့်ပါဦး။ အေးမင်းတို့ ဘဘကြီးက ငါ့ကို အရေးလုပ်နေရလို့  ဂုဏ်မယူပါဘူးမောင်။ လူယုတ်မာတယောက်နဲ့ အဲဒီလိုကို မပတ်သက်ချင်တာပါမောင်။ မင်းတို့ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြသူတွေ မှန်ရင် မနက်အိပ်ယာထတိုင်း အော်ငါတို့ တလတလ ဒေါ်လာနဲ့ ၁၂-ဒေါ်လာလောက်ပဲ မသထာရေစာလေးရနေ ရတာကနေ ဒေါက်တာလှိုင်မြင့် ပြောပေးလို့ အခုလို ဒေါ်လာ-၂၀၀-နီးပါးရပြီ လူကြားထဲ ( ရုရှားတွေနဲ့) ပြောသာသေးတဲ့ ဘ၀ကိုရနေတာပါလား ဆိုတာ သိတတ်ဖို့ လိုပါမယ်မောင်။ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်ရင် ပြောတာပါမောင်။ ကိုယ်နဲ့ ရင်းနှီးတဲ့ ဆရာတော်တွေကိုလည်း မေးကြည့် ကြပါဦး။
အခု မင်းတို့ရတဲ့လခ ကိုက မင်းတို့က ပညာရှင်တွေပါမောင်။ ကွန်ပျူတာပညာရှင်တွေပါ။ ခက်တော့အခက်သား မင်းတို့က သူများကွန်ပျူတာကို ခိုးဝင်ပြီး အဖျက်လုပ်ဖို့ အဓိကထား သင်ကြားထားရတဲ့ ပညာ။ လောကကြိး အကျိုးပြုဖို့ သင်ထားရတာ မဟုတ်တော့လည်း ပြောရတာ ဂွကျပါတယ်မောင်။ မင်းတို့အဲဒီလို အဖျက် လုပ်ငန်းတွေ (အကုသိုလ်အလုပ်တွေ) သင်ဖို့ အသွား ရုရှားလည်း ဒုက္ခကောင်းကောင်း ရောက်ထားရပါတယ်။ ၂၀၀၅- စက်တင်ဘာလ ထဲမှာ မန္တလေးလေဆိပ်ကနေ လေယာဉ်-၂-စီးနဲ့ စစ်ဗိုလ်- ၃၆၀- သွားဖို့ ရက်ပိုင်းအလိုမှာ အဲဒီလေယာဉ်နဲ့ တမျိုးတစားထဲ လေယာဉ်-၂-စီးကို လေထဲမှာ ဖေါက်ခွဲခံလိုက်ရပါတယ်။ ဟော တပတ်နေတော့ ဘက်စလန်မြို့  မူလတန်းကျောင်းလေး ၀င်အစီးခံရပြီး လူ-၃၆၀-အသတ်ခံရတာ။ လေယာဉ်လဲ အမျိုးစားတူ -၂ စီး ဖေါက်ခွဲ ခံရတယ်။ သေကြေရတာကလဲ ကိန်းဂဏန်း တူနေတာနော်။ မန္တလေးက ထွက်ခွာမယ့် ခရီးစဉ်တောင် တလ-နောက်ရွှေ့ လိုက်ရတာပါ။ သတင်းတွေ ပြန်ဖတ်ပါဦး။ မင်းတို့ပိုသိတာပေါ့။ ရွှေ့ခံရတဲ့ ခရီးစဉ်မှာ ပါနေသူလားတောင် မသိဘူး ။
သွားတဲ့ အစီအစဉ်က ယုတ်မာအောက်တန်းကျတဲ့ အလုပ်အတွက်။ ကူညီပေးသူ ရှရှား ကွဲတာဘဲ။ အခုထိတောင် ကံတရားက ရိုက်တယ်ဆိုတာ မမြင်ကြသေးဘူး။ စစ်ကိုင်းတောင်ရိုး မြစင်္ကြာ ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့ မိဘကျေးဇူး တရားအခွေတွေ နာပါဦး။ တူသားအရွယ် စစ်ဗိုလ်လေးများကို ပြောလိုပါတယ်။ ကျနော်က တဖက်သားကို စကားနဲ့ ဖိပြိးအနိုင်ယူပြောတာကို မလုပ်ချင်ပါဘူး။ အဲဒါကောင်းတဲ့ စိတ်ထားမဟုတ်ပါဘူး ... အဲဒါ ကလေးစိတ် ခပ်ည့ညံ့ ခံယူချက်မဲ့တဲ့ သူတွေရဲ့ စိတ်ထား။ အဲဒါတွေက အခုရော ယခင်ကရော မြန်မာ့သတင်းစာတွေမှာ ဗိုလ်ချုပ်မှုးကြီး ကိုဖါးရေးနေသူတွေ ရဲ စိတ်ထားတွေပါ။
ပြောရအုံးမယ်။ ခနခန သူ့နာမည်ထဲ့ရတာ အားလည်းနာလှပါပြီ။ အေး ဗိုလ်မှုးချုပ်ကျော်သိန်းက ၁၉၈၉-ခုနှစ် မတ်လလောက်ဖြစ်မယ်။ အဲဒီတုန်းက ဗိုလ်မှုး။ သူ့ အိမ် -၂ -ခါခေါ်တယ်။ အဲဒီအချိန်က န.၀.တ. က ရွေးကောက်ပွဲလုပ်ပေးဖို့ အဖွဲ့ချုပ်က မ၀င်ဘူး အသံလွှင့်နေတယ်။ အဲဒီမှာ ကျုပ်ကို အရေးအခင်း ကာလအတွင်း ပထမဆုံး စစ်ကြောင်းမှာ ဘယ်လို ဦးဆောင်ခဲ့တာ (သူတို့က ပုံနဲ့တင်ပေးမယ်) ပြီးနိုင်ငံရေး အငြင်းပွားခဲ့ရတာတွေ ဒေါ်စုနဲ့ ကျောင်းသားတွေနဲ့ အငြင်းပွားခဲ့ရတာတွေ ရေးပေးပါပေါ့။ ရေးပေးရင် အဲဒီတုန်းက သိပ်ဟော့ဖြစ်နေတဲ့ မိုင်းဆတ်မြို့ နယ်ထဲက (ပုံပါကျင်) ကျွန်းသစ်တောအကွက် -၂-ခု ချပေးမယ်။ အဲဒီအကွက်ကိုချပေးမယ့် ထိုင်းကုမ္မဏီ ပါပေးမယ်။ စာချုပ်တာနဲ့ အိတ်ထဲ ဒေါ်လာ-တစ်သန်းခွဲ ၀င်လာစေရမယ်ပေါ့။ ၁၉၈၉-ခုနှစ်က ဒေါ်လာ-တစ်သန်းခွဲနော်။ တကွက်ကို တစ်သန်းခွဲ။ နှစ်ကွက်နော်။ ကျုပ်က လက်မခံတော့ ဇနီးနဲ့ သမီးကို ခေါ်ပြောတယ်။ သမီးက ၁၂ -နှစ်ဘဲရှိပါသေးတယ်။ သူ့စိတ်လေးသိချင်လို့  ပါပါကြီး လက်ခံလိုက်ရ ကောင်းမလားပေါ့။ ပါပါကြိး သူတို့ငွေယူပြီး တသက်လုံး လူထုတံထွေးခွက် ထဲ မျောနေရမှာတဲ့။ ဒီငွေမရလဲ သမီးတို့ မမွဲသွားပါဘူးတဲ့။ ပါပါကြီးခေါင်းထဲမှာ အများကြိးပါတဲ့။ အခု နှစ်ပြားတပဲနဲ့ ရေးနေကြရတဲ့သူတွေ သိရအောင်ပါ။
မင်းတို့တတွေ လုပ်ရပ်တွေကို မင်းတို့အမြင်တွေကို ပြင်စေချင်လို့ပါ။ အနိုင်လိုချင်လို့ ပြောနေတာမဟုတ်ဘူး။ အမြင်မှန်ရစေချင်လို့ ပြောနေတာ။ အခုမင်းတို လုပ်နေရတာကိုက ငါတို့က ဒါတွေလုပ်နေရတာလို့ လူအသိမပေးရဲတဲ့ အလုပ်ပါ။ လူဘ၀ဟာ ဒီတဘ၀နဲ့မပြီးပါဘူး။ လူရယ်လို့ အသိဥာဏ်ရှိတဲ့ ဘ၀ကို ရထားတုန်း ကံ (ကမ္မ) အကျိုးပေး သံသရာလည်တာလေးကို သဘောလောက်သိအောင် လေ့လာကြပါ။ အတိုပြောရရင် အာစိန္နကံနဲ့ အာသိန္နကံ ဆိုတာလေးလောက် ကွဲပြားအောင်ရယ် ဘ၀ကူးရင် အဲဒီ အာစိန္နကံက ဘယ်လို နောက်ဆုံး စုတေစိတ်ကို လွှမ်းသွားတတ်တယ် ဆိုတာကို သိအောင် ဆရာတော်ကြီးတွေကို ရှင်းလင်းအောင်မေးပါဦး။ နေ့တဓူဝ မကောင်းတာတွေ လုပ်ပြီး ရပ်တည်နေရတဲ့ ဘ၀ကို ပြန်သုံးသပ်ကြပါလို့ဘဲ မှာချင်ပါတယ်။ အာဒိန္နကံ ဆိုတာက လူတယောက် ဘ၀ကူးရင် သူက အများဆုံး အကျိုးပေးလာတဲ့ကံပါ။ ဥပမာလေးပေါ့။ ၇-မိုင် ရပ်ကွက်လေးတခုမှာ ဆင်းရဲသား ရပ်ကွက်လေးပါ။ ၂၀၀၄-လောက်ကပေါ့။ တအိမ်က ဆင်းရဲတယ်။ တအိမ်က နည်းနည်း အလုပ်ဂွင် ကောင်လေးတွေရှိတော့ ပိုချမ်းသာတယ်။ ဆင်းရဲတဲ့ အိမ်ကကကောင်မလေးနဲ့ ဟိုအိမ်က ကောင်လေး သမီးရည်းစားဖြစ်ကြတော့ ဟိုဘက်က သဘောမတူကြဘူး။ အော်ဆဲပေါ့။ တရက် ဒီဘက်က အဖေက ဓါးနဲ့ထိုးထဲ့တာ ကောင်လေး သတိလစ် ဆေးရုံယူပြေးကြရတယ်။ အသဲထိသွားတော့ သွေးလွန်လို့ ခွဲစိတ်ကုကြရတယ်။ ကောင်လေး သတိရလာတော့ ပထမဆုံး စကားက မဇင် မဇင် တဲ့။ သတိရလာတာနဲ့ မဇင်ဘာဖြစ်သေးလဲတဲ့။ သူဖြစ်တာကိုတောင် သတိမရနိုင်ရှာဘူး။ အဲဒါအာစိန္နကံ ပါဘဲ။ အဲဒီမင်းတို့ ပြည်သူလူထုအပေါ် ယုတ်ပတ်ဖို့ နေ့တဓူဝ တွေးကြံနေကြရတဲ့ အာစိန္နကံကို ပြင်ကြပါ။ ဘ၀ဆိုတာ တဘ၀နဲ့ မပြတ်ဘူးဆိုတာ ဟုတ်ရဲ့လားလို့ မင်းတို့ ဘဘကြီးကိုဘဲ မေးကြည့်ကြပါဦး။ သူတောင် သာလွန်မင်းတရားကြီး ၀င်စားတာ လုပ်နေတာပဲ။
နောက် ဆရာတော်တပါး အပါအ၀င် ရှေ့တိုင်းပြည်တိုးတက်အောင် ဘာတွေလုပ်ရမယ်ကို ရေးပါပေါ့။ ကိုယ့်တိုင်းပြည် တိုးတက်စေချင်လို့ ထောင်အကျခံ လုပ်နေတာပါ။ အခုလဲ အလုပ်ပျက်ခံလုပ် ကိုယ်ရတဲ့ငွေတွေ ကို အဖွဲ့တွေ ထောက်နေတာပါ။ ၁၉၉၆ ကစလို့ ယတြာချေတာကော (ကြက်ဆူ Vs စုကြည်) တကယ်အလုပ်ဖြစ်မယ် အထင်နဲ့ ကြက်ဆူစီမံကိန်းကို သန်းရွှေကဇွတ်လုပ်ပါတယ်။ အိန္ဒိယမှာ ဘီပီ ကုမ္မဏီကြီး ဒေါ်လာ- သန်း-၇၀- စမ်းသပ်ပြီး ဟုတ်ပီဆိုပြိး -သန်း-၂၀၀ ကျော်ရင်းထည့်လိုက်တာ ကွဲပါလေရော။ မြန်မာနိုင်ငံမှာ သဘာဝစွမ်းအင် အစားထိုးလောင်စာ (ဇီဝလောင်စာ) ရှိပါတယ်ဗျာ။ အကြံပေးဆရာကြီးတွေ သိကြမယ်ထင်ပါတယ်။ လူအတော်များများကို အလုပ်ပေးထားနိုင်ပါမယ်။ ဆရာကြီးဦးမြင့်ဟာ ပညာရှင်ကြီးပါ။ ကျနော်တို့က ပညာရှင်ကြီးကို ကျော်မပြောသင့်ပါဘူး။ သဘာဝအပင်တွေပါ။
နောက်တချက်က ဘာတွေလုပ်ရမယ်ဆိုတာ မြင်တိုင်းလည်း ပြောပြလို့လဲ မအောင်မြင်နိုင်ပါဘူး။ ဒီဇယ်နဲ့ မောင်းနေတဲ့ကားကို ဓါတ်ဆီနဲ့ စက်အစိတ်အပိုင်းတွေ တပ်ပေးသလို ဖြစ်နေပါမယ်။ နိုင်ငံကို အုပ်ချုပ်နေသူတွေက ကျနော်ယုံကြည်ချက် ဖြစ်တဲ့ သာလွန်မင်းတရားကြီးရဲ့ ထုံးကို နှလုံးမူမယ်ဆိုရင် ပြည်တော်ပြန် လက်တွဲဖို့ အသင့်ပါ။ ကျနော်မှာ ဒေါ်စုမှ ဘယ်သူမှ ဆိုတဲ့ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ ဒါပေမဲ့ သူခိုးတွေ လူယုတ်မာတွေဖြစ်တဲ့ တကိုယ်ခေါင်းစိတ် သိပ်လွန်ကဲ သူတွေနဲ့ကတော့ ယခင်ပြောဖူးသလိုပါဘဲ သိကြားမင်းတောင် ခါးတောင်းကြိုက်ပါ ပြောင်သွားပါမယ်။ ၉၆- ထောင်ထဲလာ တွေ့ဆုံ ဆွေးနွေးတုန်း အပြတ်ပြောပြီးသားပါ။ လာဘ်စားမှုကို မနှိမ်နှင်းဘဲ ရွှေတောင်ကြီး တွေ့တောင် မွဲသွားပါမယ်ဆိုတာ။ ပြန်တောင် ဖြဲချောက် သွားပါသေးတယ်။ ခင်ဗျားက လူကြီးတွေကို လာဘ်စားနေတယ်လို့ ပြောချင်တာလားပေါ့။ တခွန်း ပြန်ပြောလိုက်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေက စပြီး စည်းကမ်းရှိရင် လက်အောက်တွေ ဒီလောက် အတင့်မရဲကြပါဘူးပေါ့။
ကျုပ်က ဗိုလ်ချုပ်မြင့်အောင်ရဲ့သားမက် ဒေါက်တာအောင်မြတ်စိုးနဲ့က အရမ်းခင်တဲ့သူ။ ဆေးကျောင်းသားဘ၀က သူ့ကောင်မလေး ပိုးကတည်းက ကျုပ်က အတင်းရည်းစားစာရေး ပြီးသူ့ကို ကူးခိုင်း အတင်းစာပေးခဲ့လို့ အဖွားကြီးက အဲဒီကောင် အိမ်မလာစေနဲ့ အမိန့် အထုတ်ခံရသူပါ။ သူက သိပ်ကြောက်နေတာ။ မင်းမပေးရင် ငါက လက်ဆွဲစကားပြောတော့မှာ ချိန်းခြောက်လို့ သူခမျှာ လုပ်ရရှာတာ။ သူ့တဦးထည်းသော သမီးကို ခိုးပြေးတော့ ကျုပ်အမအိမ်ကို ခိုးပြေးလာတာပါ။ ကန်ထရိုက် တွေရပါတယ်။ ရှင်းပြီနော်။ ဗိုလ်ချုပ်ထွန်းကြည်ဆီကလည်း ရပါသေးတယ်။
အခုလည်း အာဏာရထားသူတွေ တရားဝင်ပိုင်ဆိုင်မှု ကြေငြာတာမလုပ်ဘဲ လာဘ်ပေး လာဘ်ယူ တိုက်မယ်ဆိုတာက လာဘ်ပေးမှုနဲ့ နာမည်ရှိထားရင်ကို အဲဒီလူကို ခြိမ်းခြောက် တာလောက်နဲ့တင် ငွေညှစ်ယူလို့ ရနေပါပြီ။ စုံစမ်းရေးလေး အသံထုတ်လိုက်တာနဲ့ လာကြပါ ၀င်ကြပါပေါ့။ ၂၀၀၃ / ၂၀၀၄-လောက်က အင်မတန် နာမည်ကြီးတဲ့ ပါမောက္ခ ဆရာဝန်ကြီးနှစ်ဦး ဘာမှုဆိုပြီး ဖြုတ်လိုက်ပါတယ်။ တဦးက မေမေကြီး (ကြိုင်ကြိုင်) ဆီကို ပို့ပေးတဲ့သူကို သိန်း၁၅၀- ပေးပါတယ်။ မေမေကြီးကို စိန်နားကပ်တရံ ၀င်လိုက်တာ။ ဟောတပတ်အတွင်း အမှုက အလိုလိုပျောက်ပျယ်သွားပါတယ်။ အခုလည်း အမှုဖွင့်ပြီး ငွေညှစ်ကြတော့မယ်ဆိုတာ ရှင်းနေတာဘဲ။ မင်းစားထားတာ ငါ့ပြန်မျှ စိမံကိန်းရိုက်ကြမလို့ပါဘဲ။ ဖါဂေါင်းတွေ ဦးစီးနေတဲ့ ပြည့်တန်ဆာ ပပျောက်ရေးအဖွဲ့ကြီးဆိုတာနဲ့ တထေရာတည်းပါ။
နောက် ရှရှားစစ်ဗိုလ်လေး ပြောတာက လူပြောမသန် လူသန်မပြောတဲ့။ ဆွေးနွေးကြည့်ကြရအောင်။ နိုင်ငံရေးဆိုတာ ဆွေးနွေးနေကြရတာပါ။ ဘာလဲ ထချရတယ် ထင်နေသလား မသိရှာဘူး။ အခုမြန်မာနိုင်ငံကြိးမှာက အဲဒီလိုပြောရဲသူ လိုနေတာပါမောင်။ မင်းတို့ကော ဘ၀မှာ မိဘအပေါ် မိသားစုအပေါ် မကျေနပ်ရင် ပြန်ပြောကြတာဘဲ။ တပ်ထဲမှာ ပြန်ပြောရဲလား။ ပြန်မပြောရဲလို့ ရှရှားပါသွားရသူကများ လာလာချေသေး။ ပြောပြချင်ပါတယ်။ ကျနော်အခင်ဆုံး ငယ်သူငယ်ချင်းပါ။ အခုအရာရှိကြီးပေါ့။ သူ့အကိုက ဦးနေ၀င်းကို တော်တော်မုန်းတာ။ အမြဲကြိမ်းဝါးတတ်တယ်။ တခါသူ စက်မှုတက္ကသိုလ်က ပြပွဲတခုမှာပါရတော့ ဦးနေ၀င်းက သူတို့ပြခန်းလာကြည့်တော့ သူပြောပြတာလေးပါ။ ငါကွာ အလိုလို ဖိန်ပြီးရှိန်နေတာမောင်တယ်။ သူ ပြန်ထွက်သွားတော့ ငါတုန်ကျန်နေခဲ့တာတဲ့။ မင်းတို့ သန်းရွှေကို မပြောပါနဲ့ ဗိုလ်ချုပ်တယောက်က မဖြစ်နိုင်တာခိုင်းရင်ကို ဟုတ်ကဲ့ နေကြရသူတွေပါ။ လာပြိးအတည်ပေါက်မအာပါနဲ့။ ပြောရဲအောင်ဘဲ သတ္တိမွေးကြပါအုံး။
မင်းတို့ ဗိုလ်ချုပ်တွေကို မေးကြည့်ပါအုံး။ သန်းရွှေကို ပြန်ပြောရဲလားလို့။ အေးငါက အပြတ်ငြင်းခုန် အပြတ်ပြောခဲ့သူပါ။ ဒါကတော့ န.အ.ဖ ခေတ် မှာ သမိုင်းပါမောင်... မေးကြည့်ပါအုံး။ တိုင်းပြည်အတွက်ဆို ဓါးမိုးထားရင်တောင် အမှန်ဘဲပြောမယ် ကြိမ်းလာခဲ့သူပါ။ မယုံရင် စုံစမ်းကြည့်ပါအုံးမောင်။ တကယ်လဲ တစက်လေးမှ မကြောက်ခဲ့ပါဘူး။ ဗိုလ်ချုပ်မောင်မောင် ဗိုလ်ချုပ်ကြီးထွန်းကြည် ဗိုလ်ချုပ်ကြီးမောင်မောင်ခင် ဗိုလ်ချုပ်ကြီးမင်းသိန်း အခု ၀န်ကြီးဦးအောင်သောင်းတို့ကို ငါ့အကြောင်း မေးကြည့်ပါမောင်။ သူတို့ရဲ့ ပီအေတွေကိုလဲမေးကြည့်ပါ။ ဗိုလ်ချုပ်ကြိးခင်ညွှန့် ကိုမေးအုံးမလား။ မေးကြည့်ပါမောင်။
ကနေ့ မြန်မာနိုင်ငံကြိးမှာ ပြသနာတေါ မပြေလည်နေတာက အဲဒီလို စားပွဲဝိုင်း မထိုင်ရဲလို့ ပြသနာတေါ မပြေလည် နေရတာပါမောင်။ အချုပ်ကတော့ နိုင်ငံတော်အာဏာသည် ပြည်သူလူထု မှ ဆင်းသက်တာဖြစ်၏။ အဲဒါ နာဂစ်မုန်တိုင်း အခြေခံဥပဒေရဲ့အဆိုအမိန့်။ ပြီးမှ နိုင်ငံတော်၏ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော် ပါဝင်ရေးတဲ့။ လက်တွေ့ ဖြစ်နေတာက နိုင်ငံတော်၏ နိုင်ငံရေးဦးဆောင်မှုအားလုံး တပ်မတော် ဖြစ်နေတာ။ အေး ကျုပ်သာ အမေရိကန် ရောက်နေတယ်။ အမေရိကန်သမ္မတ ကို တင်ပြနိုင်ရင် သန်းရွှေကို လာပါခင်ဗျာ ဆိုပြိး အမေရိကန်ကိုဖိတ် သူ့နာဂစ်လေး ရှင်းလင်းခိုင်း လိုက်မယ်။ ခင်ဗျားလာရင် စိးပွားရေး ပိတ်ထားတာတွေ ဖွင့်အောင် ကျုပ် ထောက်ခံပါမယ် လုပ်လိုက်ပြီ ။ လာပါဖိတ်လိုက်ပြီး။ လေဆိပ်ကို သမ္မတကိုယ်တိုင် ဆင်းကြိုလိုက်အုံးမယ် ။
အခုဟာက ချီးဆော် ပုတ်ဆော် နံလို့လူကြားမတိုးရဲသူကို ဂုဏ်သိက္ခာ တပြားသားမှ မရှိတဲ့သူကို မလာနဲ့ လုပ်နေတော့ ချော်လဲ ရောထိုင်ခွင့်ပေးထားသလို ဖြစ်နေတော့တာပေါ့။ နိုင်ငံရေးအဖွဲ့တွေ ကလည်း နည်းည်းရှိ ကန့်ကွက်ဖို့ဘဲ စဉ်းစားနေကြတာ သန်းရွှေ သိပ်ကြိုက်နေတာ။ ဖိတ်ကြည့်ပါလား။ သွေးတက်ပြိး လေဖြတ်စေရပါမယ်။ အင်ဒိုနိးရှားက ဆူဟာတို အခုအီဂျစ် တူနီးရှား အချိန် အဘကာကြီး နိုင်ငံဖခင် ဆိုပြီး စတိုင်လုပ်ခဲ့သူတွေ ဟော အာဏာလည်း လက်လွှတ်ရတော့ ချက်ချင်းကြီး လေဖြတ်ကုန်ကြတာ အတ္တ အတ္တ။ ဘယ်လောက် စကားဝိုင်း ကြောက်တယ်ဆိုတာ ဒါပါဘဲ မောင်မင်းရုရှား လေးများ။ အတ္တကြီးတဲ့သူဟာ ဒေါသကြိးတယ်။ ခြသေ့င်္ဟာ အစာငမ်းလာရင် သခင်မရှိတော့ဘူး။ အဲ အင်အားတူ သတ်ဖြတ် ရတော့မယ်ဆိုရင် ပြေးတော့တာပါမောင်။ ပြန်တွယ်တဲ့ သူတို့ထက် ဆယ်ဆမက ငယ်တဲ့တချို့  အကောင်ငယ်လေးတွေကို မသတ်ရဲဘူးမောင်။ သူတို့က သူတို့ကိုကြောက်လို့ ပြေးရင်ကတော့ အသေလိုက်ခုတ် အုပ်တော့တာပါမောင်။
အေးလူမှာလည်း အတ္တကြီးတဲ့သူက ဒေါသကြီးကြတယ်။ အဲဒါကို သတ္တိလို့ ထင်တတ်ကြတယ်။ သတ္တိဆိုတာ ခံယူချက်တခုအတွက် အလံမလဲ အသေခံ ချရဲတာကို ခေါ်တာပါ။ ဟိုဟာက လောဘစိတ်လွှမ်းနေတဲ့ ဒေါသပါမောင်။ ငွေလေးတမတ်နဲ့ လူသတ်ကြတာ ဒေါသပါမောင်။ ဒေါသက ထွက်လာရင် လူစိတ်ပျောက်ပြီး လက်လွန်သွားတယ်။ ပြီးနောင်တတွေရနေ ပူဆွေးနေရတာပါမောင်။ သတ္တိက လုပ်ပြီးရင် လက်မထောင်ပြီး ကိုယ့်လုပ်ရပ် ရှုံးတောင် သေပျော်တဲ့ ခံရဲတဲ့ လုပ်ရပ်ပါ။
ကနေ့ အောင်ဆန်းသူရိယလှသောင်း ကသတ္တိပါ။ မိုက်တာမဟုတ်ဘူး။ အတ္တလွန်ကဲပြီး အသိတရား မှောင်မိုက်သွားတာက ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးကြီး။ အခုသန်းရွှေက သူမသိလိုက်ရပါဘူးတဲ့။ အဲဒါကိုက သူမသိလိုက်ရပါဘူး ဆိုရင် ဘယ်သူ့ လက်ချက်လည်း စုံစမ်းရပါတော့မယ်။ အမှားပါလို့ တဖက်လှဲ့ ၀န်ခံလိုက်ပြီနော်။ ဒီပဲယင်း အရေးအခင်းကြီး လာပါတော့မယ်။ ဒေါ်စု အခုထက်ပို ပိုပြောရပါတော့မယ်။
မပြောလို့လည်း မရတော့ပါ။ လူတွေအများကြီး သေထားရတာပါ။ အဲဒီမတိုင်ခင် ပြန်ထိန်းဖို့ အကြောင်းရှာနေကြပါပြီ ။ 
ကဲ ဒီပဲယင်း ၈-နှစ်ပြည့်လာနေပါပြီမောင်။ အဲဒါလူသတ်မှုကြီးပါ။ ဘယ်သူက ဘယ်လို စခဲ့ပါတယ်ဘဲ အကြောင်းပြပြ။ (န.အ.ဖ သတင်းစာ ရှင်းလင်းထားတာက ဒေါ်စုက လူကို ပွတ်မိတယ် ဆိုထားတာနဲ့ လူအများကြီး သတ်ခွင့် ပြုမထားပါဘူး။ လူသတ်မှုဆိုတာ ပြီးပြတ်အောင် ဖေါ်ထုတ်ပေးရမှာ အစိုးရတရပ်ရဲ့ တာဝန်။ လူသတ်မှု ဖြစ်တဲ့နေရာကို သက်သေခံ အရာတွေ ပစ္စည်းတွေ သွေးအစအနတွေ မပျောက်ပျက်အောင် အစိုးရ (ရဲတပ်ဖွဲ့)က အရင်ဆုံး လုပ်ရတာပါ။ အဲဒါတွေ ပျောက်ပျက်သွားရင် အဲဒီရဲတပ်ဖွဲ့ကို အရင်ဆုံး ဖမ်းရတဲ့အထိ အရေးကြီးတာပါမောင်။
ကဲကဲ ဒီပဲယင်းမှာ ကြံ့ဖွတ်တွေ ပါ /မပါဘူးလို့  သမ္မတကြီးသိန်းစိန် အာမခံရဲလား။ အာမခံရဲရင် လှိုင်မြင့်က CYANIDE သောက်ကြေး စိန်ခေါ်လိုက်ပါတယ်။ မိသားစုလိုက်ကို သောက်ကြေး စိန်ခေါ်လိုက်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်ကလဲ သတ္တိရှိသူတွေ ပါကြပါဦး။ ကြိုက်တဲ့ ဗိုလ်ကြီးအထက် ကျုပ်လှိုင်မြင့်က ဆိုင်ယာနိုက် သောက်ကြေးစိန်ခေါ်ပါတယ်။ ထွက်ခဲ့ကြစမ်းပါ။ ကျုပ်ဘက်က ထွက်မဲ့သူတွေ ဒီစစ်ဗိုလ်တွေနဲ့ သတ္တိ ယှဉ်ကြရအောင် ထွက်ကြပါဦး။ လာပါမယ် ။ အမှုဆိုတာ ဘယ်တော့မှ ဆွေးသွားတယ် မရှိပါဘူး။ ထပ်စိန်ခေါ်တဲ့အထဲ ဆွဲထည့်တာမဟုတ်ပါဘူး။ ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေးဟာ အဲဒီလူသတ်မှုကြီးအပြိး သန်းရွှေ နဲ့စကားများခဲ့ရပါတယ်။ မူလ က သန်းရွှေက မှတ်လောက်အောင် တီးရုံလေးပါ ပြောထားပြိး လူသတ်တဲ့အထိ လုပ်ချလိုက်တာ ဗိုလ်မောင်အေးက ကျုပ်စစ်သား ခင်ဗျားသတ်ချင်ရင် ကျုပ်ကိုတာဝန်ပေး။ စစ်သားပီပီ ဗြောင်သတ်ပြမယ် အထိ စကားများခဲ့ ကြရပါတယ်။အဲဒီနောက် ခင်ညွှန့်ကို ဖြုတ်ဖို့ လုပ်တော့တာပါဘဲ။ ထောက်လှမ်းရေးတွေက ရိပ်မိထားတယ်။ ရိုက်ကြ သတ်ကြတော့ ထောက်လှမ်းရေးတွေက ရေဒီယို ပေါ်ကနေ ဒေါ်စု လွှတ်သွားပြီ ဘယ်ရောက်နေပြီ ပြောလိုက်တဲ့ကိစ္စ ခင်ညွှန့်ကို ခွေးကြိမ်း ၀က်ကြိမ်းကြိမ်းပါတယ်။ သူ့အစီအစဉ်က ဒေါ်စု ကြိုက်သလောက် လွတ်သွားပါစေ ခေါင်းကို ရိုက် သေမသေ ပြန်သယ်လာတုံး လမ်းမှာ သေသွားပါတယ် လုပ်မလို့။ သူတို့ တပ်မတော်က တားလိုက်ပေမဲ့ မရလိုက်ဖူး လုပ်မလို့။ အဲဒါမောင်ခင်ညွှန့် လူတွေက ရေဒီယိုပေါ်ကနေ အော်လိုက်တာ အဖွားကြိး/ ဒေါ်စု /ကုလားမ/ လွှတ်သွားပြီဆိုတာရယ် သူတို့တွေ ဘေးက ကြီးကြပ် ကွပ်ကဲနေတာကို အာကာသထဲက စီအိုင်အေနဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေက အသံကိုဖမ်းထားပြီးပြီ။ သတ်ရင် ပေါ်သွားမှာမို့ ရပ်လိုက်ရတာ။ အဲဒါကိုအခဲမကြေလို့  ထောက်လှမ်းတဖွဲ့လုံးကို သ/မ လိုက်တာပါ။ အာဏာလုလာဖို့ ဆိုတာ လူကြားကောင်းအောင် အကြောင်းပြပါ။ ဒီပဲယင်း မှာ ဒေါ်စုကို မသတ်လိုက်ရတာ ဒီမသာတွေကြောင့် ဆိုတဲ့ အတေးပါမောင်။
အဲဒီနောက် ခင်ညွှန့်ကို ဖြုတ်ဖို့လုပ်တော့တာပါဘဲ။ ထောက်လှမ်းရေးတွေက ရိပ်မိထားတယ်။ ရိုက်ကြ သတ်ကြတော့ ထောက်လှမ်းရေးတွေက ရေဒီယို ပေါ်ကနေ ဒေါ်စု လွှတ်သွားပြီ ဘယ်ရောက်နေပြီ ပြောလိုက်တဲ့ကိစ္စ ခင်ညွှန့်ကို ခွေးကြိမ်း ၀က်ကြိမ်းကြိမ်းပါတယ်။ သူ့အစီအစဉ်က ဒေါ်စု ကြိုက်သလောက် လွတ်သွားပါစေ ခေါင်းကို ရိုက် သေမသေ ပြန်သယ်လာတုံး လမ်းမှာ သေသွားပါတယ် လုပ်မလို့။ သူတို့  တပ်မတော်က တားလိုက်ပေမဲ့ မရလိုက်ဖူး လုပ်မလို့။ အဲဒါမောင်ခင်ညွှန့် လူတွေက ရေဒီယိုပေါ်ကနေ အော်လိုက်တာ အဖွားကြိး/ ဒေါ်စု /ကုလားမ/ လွှတ်သွားပြီဆိုတာရယ် သူတို့တွေ ဘေးက ကြီးကြပ် ကွပ်ကဲနေတာကို အာကာသထဲက စီအိုင်အေနဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေက အသံကိုဖမ်းထားပြီးပြီ။ သတ်ရင် ပေါ်သွားမှာမို့ ရပ်လိုက်ရတာ။ အဲဒါကိုအခဲမကြေလို့  ထောက်လှမ်းတဖွဲ့လုံးကို သ/မ လိုက်တာပါ။ အာဏာလုလာဖို့ ဆိုတာ လူကြားကောင်းအောင် အကြောင်းပြပါ။ ဒီပဲယင်း မှာ ဒေါ်စုကို မသတ်လိုက်ရတာ ဒီမသာတွေကြောင့် ဆိုတဲ့ အတေးပါမောင်။ ကဲပါ မင်းတို့ကို ဒို့က အထက်ကလိုဘဲ စကားနိုင်လုပြောတာဟာ လူခပ်ညံ့ညံ့ တွေရဲ့စိတ်ထား ငယ်ကထဲက ဒို့က ဘယ်သူ့ ကိုမှ ဟာသ မလုပ်ဘူး။ မနှိမ်ဘူး ... နွားကျောင်းသားမို့လို့လဲ မနှိမ်ဘူး အေးငယ်ငယ်က အဖေကဘိုကျောင်းဘဲ ငွေကုန်ခံထားတယ်။ အဖေက အခုခေတ် ခရိုင်ဥက္ကဌ (န.လ.က) ပေါ့တို့ဘာတို့ လုပ်ခဲ့သူဆိုတော့ ဒို့ကိုမြို့ပိုင်သားတွေ ဆရာဝန်ကြီးသားတွေ နဲ့ပေါင်းစေချင်တာပေါ့။ တစက်မှ မပေါင်းခဲ့ပါဘူး။ ခရိုင် ဥက္ကဌရဲ့သား ပေါင်းသူက ဆင်းရဲသားတွေ နွားကျောင်းသားတွေပါ။ သူတို့ခမြှာ တပ်စည်းနားတောင် မလာရဲဘူး။ အဖေက မကြိုက်လို့။ ဒို့က လစ်ထွက် သူတို့နဲ့လည်နေတာပါ.. ဒို့ က သူတို့တွေရဲ့  ကလေးဘ၀ စွမ်းရည်တွေကို အခုထက်ထိ လေးစား အားကျတုန်း။ ငယ်ငယ်ကပေါင်းခဲ့ရတဲ့ ကောက်ညှင်းပေါင်းသယ်ရဲ့ သားရဲမြင့် (လားရှိုး) သိပ်တော်တာ။ အသက် ၁၃- ၁၅ အထိပေါင်းခဲ့ရတဲ့ နွားကျောင်းသား သောင်းစိန် (ငပုတော) သိပ်တော်ကြတာပါ။ အခုထိ ပြန်တွေ့ ချင်တာ။ ပြန်တွေ့ ရင် သူတို့  ကလေးတွေ မြေးတွေကို ကျောင်းထားပေးချင်တာပါ။ သတိရတာ မှ အရမ်းပါ။ ပြန်မရှာတတ်လို့ပါ။ တဦးက နွားကျောင်းခဲ့တုန်း ကနဲ့ ကျုပ်ကိုနှိမ်ချင်တာနဲ့ မြန်မာနိုင်ငံက ကျေးဇူးရှင် နွားနဲ့ဖက်ရုံးနေတဲ့ လယ်သမားတွေ ကို နိမ်တာမျိုး မလုပ်ကြပါနဲ့။ ကဲဗျာ အချုပ်အနေနဲ့ စစ်ဗိုလ်အားလုံးကို မေးတာပါ။ ရုရှားပြန်မှ မဟုတ်ပါဘူး ။

Abusing Characters-အလွဲသုံးစား လုပ်ချင်တဲ့ အကျင့်များ။ ။

 စနစ်ကြောင့်ပဲလား လူတွေကြောင့်ပဲလား ပြောရခက်ပါသည်။ ဒါပေမယ့် မြန်မာပြည်မှာ အလွဲ သုံးစားလုပ်ချင်တဲ့ အကျင့်တွေကတော့ အတော်ကို များနေသည်။ နေရာတိုင်း အဖွဲ.တိုင်းမှာလို ဖြစ်နေတွေ.နေရပါသည်။ အတော်လဲ စိတ်ပျက်ဖို.ကောင်းသလို ၀န်လဲ လေးပါသည်။ ဒီအကျင့် ဒီစရိုက်တွေနဲ. ဘယ်လို လုပ်ပြီး ခရီးရောက်အောင် သွားကျမလဲဆိုတာပဲ။
 စစ်အစိုးရလက်ထက်က ကြံ့ခိုင်ရေး(ကြံ့ဖွတ်)ဖက်မှာလဲ စွမ်းအားရှင်ဆိုပြီး လူမျက်စိနှောက် အောင် အမြင်ကပ်အောင် လူရမ်းကားစရိုက်တွေနဲ. ရိုင်းပျတဲ့သူတွေ အာဏာကို အလွဲသုံးစား လုပ်တဲ့သူတွေ ရှိခဲ့တာ အားလုံးအသိပါ။ အခု လာပြန်ပြီ NLD၏ စွမ်းအားရှင်ဆိုသူတွေပေါ်နေ ပြီလို. လူတွေ စပြီး ပြောကျဆိုကြထောက်ပြလာရလောက်အောင် ဒီချုပ်ဖက်က စွမ်းအားရှင် တွေအကြောင်း သတင်းတွေ ထွက်လာပြီ။ ပင်နီတွေ ခွပ်ဒေါင်းတံဆိပ်တွေ တတ်လိုက်တာနဲ. သာမန်လူတွေထက် ခေါင်းတလုံး ပိုသာပြီလို. ထင်သူတွေပေါ့။ ။ တို.ခေတ်ရောက်ပြီကွလို. လက်ခမောင်း ခတ်ချင်သူတွေပါ။ ။
 ကိုယ့်ဖက်က နည်းနည်းလေးလောက် သာလာပြီး အပေါ်စီးဖက် ရောက်လာပြီလို. ထင်လိုက် တာနဲ. လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ချင်တဲ့ အကျင့်တွေ ဥာဉ်ဆိုးတွေက ချက်ခြင်းပေါ်လာ တာ အတော် စိတ်ပျက်စရာပါ။ အထူးသဖြင့် လူထုအပေါ် ပညာပြချင်တာ။ အာဏာပါဝါပြချင် လာကြပါသည်။ အလွဲသုံးစား လုပ်ချင်တဲ့ စိတ်က ချက်ခြင်း ဂြိုလ်ပေါက်လာတာပါ။
 ကြံ့ခိုင်ရေးနောက်လိုက် စွမ်းအားရှင်တွေ၏ ဒဏ်ရာဒဏ်ချက်တွေတောင် အကင်းမပြေခင် အခု NLD၏ နောက်လိုက် စွမ်းအားရှင် လက်သစ်တွေ၏ မောက်မာရင့်သီးတဲ့ ဆံဆက်မှု ရိုင်းစိုင်းစွာ ပြောဆိုကြိမ်းမောင်းမှုတွေကို လူတွေ ခံရနေပြီ။ စာနယ်ဇင်းသမားသမားတွေ ကိုယ်တွေ.ကြုံသူ တွေ များနေပြီတဲ့။ ။ ။ မွေးလိုက်တဲ့ စွမ်းအားရှင် လက်သစ်တွေ၏ သတင်း--- ကုလားမချိုင်း ကြားကထွက်တဲ့အနံ.တွေလိုပါပဲ လူတွေစပြီး နှုတ်ခမ်းရှုံ.လာပြီ။ ။ ဒါဟာ ကောင်းတဲ့ အလား အလာ မဟုတ်ပါ။
 သူများနိုင်ငံတွေမှာ နိုင်ငံတော်သမ္မတနဲ. ၀န်ကြီးချုပ်ကား ဖြတ်သွားရင်တောင် ခဏတဖြူတ် လမ်းရှင်းပေး လမ်းဖယ်ပေးတာလောက်ပဲရှိပြီး ခရီးသွား သာမန်ပြည်သူတွေအတွက် ဘာမှ စိတ်အနှောက်အယှက်ဖြစ်အောင် ကျီးလန်.စာစားဖြစ်အောင် ယုတ်ယုတ်သဲသဲဖြစ်အောင် ဟန်.တားတာ လုပ်တာမရှိပါ။ သာမန်ရိုးရိုးလေးနဲ. အေးအေးဆေးပဲ လူကြီးတွေ၏ ကားတန်း တွေ ဖြန်သန်းသွားလာတတ်ကြတာပါ။ သတိမထားရင် သိတောင် မသိနိုင်ပါ။ မြန်မာပြည်မှာတော့ လူကြီးလမ်းကြောင်းဆိုပြီး တိုင်းမှူးမပြောနဲ. ဒုဗိုလ်မှူးကြီးလောက်အဆင့် ဗျူဟာမှူး၏ ကားတန်း ဖြတ်သန်းသွားရင်တောင် နေ.ကြောင်တောင်တောင်မှာ ကားမီးတွေ ထိုးပြီး အရှိန်ပြင်းပြင်းမောင်းကာ အာဏာပါဝါပြတတ်တဲ့အစဉ်အလာက အတော်ကို အရိုးစွဲနေ တာပါ။ အလိုလိုနေရင်း လူတွေမှာ ဘာများဖြစ်ကြပါလိမ့်ဆိုပြီး ရင်ထိပ်ရတာပါ။ ။
 အခုလဲ ဒေါ်စု၏ ကားတန်းကြီး နေပြည်တော်ကို ၀င်လာတဲ့အခါ ကားမီးတွေ ထိုးပြီး အရှိန်ပြင်း ပြင်းနဲ. အတင်းမောင်းဝင်လာတာကို ကြားသိလိုက်ရတော့ အော် သူတို.လဲ တိုင်းမှူးတွေ ဗျူ ဟာမှူးတွေလိုများ အားကျသွားလေသလား မေးစရာ စဉ်းစရာဖြစ်ရပါသည်။ ရင်ထဲမှာလဲ စိတ် မကောင်း ဖြစ်မိသည်။ အကျင့်စရိုက်တွေနဲ. အာဏာပြချင်တဲ့ အလွဲသုံးစားဥာဉ်တွေက သိပ်ပြီး မကွာသလို ခံစားနေရလို.ဖြစ်ပါသည်။လူတွေ ကျီးလန်.စာစားမဖြစ်အောင် အရှိန်အ၀ါတွေ မပြဖို. လိုပါသည်။
 သမ္မတကြီး ဦးသိန်းစိန်ကတော့ အပေါ်ကနေ သန်.ရှင်းသော အစိုးရ ကောင်းမွန်သော အုပ် ချုပ်ရေးစနစ်တွေ လုပ်နေပြီ လုပ်နေမယ်လို.ဆိုပေမည့် အောက်ခြေက ငနဲတွေကတော့ အရင် လိုပဲ အကျင့်ဆိုးနဲ. အလွဲသုံးစားလုပ်တဲ့စရိုက်တွေ အာဏာပြချင်တဲ့ဥာဉ်တွေက အရိုးစွဲနေပါ သည်။ မပြောင်းလဲသေးပါ။ အာဏာကို အလွဲသုံးစား လုပ်နေစဲပါ။ လူတွေကို ဒုက္ခပေးနေစဲပါ။
 အသိတဦးပြောတာ မှတ်မိပါသေးသည်။ အာဏာကို အလွဲသုံးစားလုပ်တာ အရာရှိတွေကိုယ် တိုင်မပြောနဲ. သူတို.မိန်းမတွေ ဇနီးတွေကတောင် ယောက်ျားအရှိန်နဲ. အာဏာကို အလွဲသုံး စား လုပ်နေတာတဲ့။  ။
 မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူး မိုးဟိန်း၏ ဇနီး ဒေါ်နွယ်ဦးမွန်က ယောက်ျားအရှိန်ကို သုံးပြီး မူဆယ်မြို.က ပုဂ္ဂလိကမူကြိုကျောင်းတွေကို မလိမ့်တပတ်နဲ. အစည်းအဝေးပွဲခေါ် ခိုင်းပြီး မူဆယ်ခရိုင်မူကြိုကျောင်းများအဖွဲ.ကို ဖွဲ.စည်းရမည်။ အဖွဲ.ထဲကိုလည်း အားလုံးကို အတင်းဝင်ခိုင်းတဲ့အပြင် အဖွဲ.အတွက်လဲ ရံပုံငွေ ထည့်ရမည်လို. သြ၀ါဒတွေ ခြွေခဲ့ပါသည်။
 အဖွဲ.ကို ခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီးက ဥက္ကဌ၊ မြို.နယ်အုပ်ချုပ်ရေးမှူးကတော်က ဒုတိယနဲ. အာဏာပိုင်တွေနဲ. ပေါင်း ပြီး လုပ်စားနေတဲ့ မူဆယ်မြို. ICTC မူကြိုကျောင်းပိုင်ရှင်ကိုအေးက အတွင်းရေးမှူးတဲ့။ မဖွဲ.ခင်က တည်းက ရာထူးကို ခွဲတမ်းယူထားတဲ့အပြင် အဖွဲ.တောင် မဖွဲ.ရသေးဘူး နောင်မှာ UNICEFနဲ. ပေါင်းပြီး Early Education သင်တန်းတွေ ဖွင့်မယ်။ နိုင်ငံခြားကနေ ငွေကြေးအကူအညီယူဖို. အမည်ခံ အရပ်ဖက် ပုဂ္ဂလိကလုပ်ငန်းရှင် အဖွဲ.မျိုး ဖွဲ.ကာ UNICEF ဆီက Sponsor ရအောင် တောင်းမယ် သင်တန်းဆင်း လက်မှတ်ကို ခရိုင်အုပ်ချုပ်ရေးမှူးကတော် ဒေါ်နွယ်ဦးမွန်က ပေး မယ်။ နောင်မှာ ဒီအဖွဲ.က ပေးတဲ့ သင်းတန်းဆင်း လက်မှတ်ရှိမှပဲ မူဆယ်မှာ မူကြိုကျောင်းဖွင့် ခွင့်ပြုမယ်---စသည်စသည်ဖြင့် ယောက်ျားအရှိန်ကို ယူပြီး အာဏာ အလွဲသုံးစားလုပ်ပြီး ဂွင် ဖန်ကာ ရိုက်စား လုပ်ချက်တွေပါ။ 
 မကြာခင် မြန်မာပြည်ကို ၀င်လာမည့် ဂွင်တွေအတွက် အလွဲသုံးစား လုပ်ဖို. ဟန်ဆောင့် ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းတွေ ဖွဲ.ပြီး နိုင်ငံခြား NGOs တွေ ဆီကနေ ပညာရေး ကျန်းမာရေး ဒေသဖွံ.ဖြိုးရေးနာမည်ခံကာ ဂွင်ဖန်ဖို. ပြင်ဆင်မှုတွေလို ဖြစ်နေသည်။ 
 လူတွေကို ကူညီဖို. စိတ်မကူးပဲ အာဏာကို အလွဲသုံးစား လုပ်ပြီး ကိုယ့်ကျိုးရှာဖို. ဂွင်ဖန်ဖို. ရိုက်စားလုပ်ဖို. အကျင့်ဆိုးတွေက အတော်ကို ပြင်းထန်နေ တာပါ။ မူကြိုကျောင်းဆိုတာ ပညာ ရေးဌာနနဲ.ဆိုင်တာပဲ လိုအပ်လို. လုပ်မယ်ဆိုရင်လဲ ခရိုင်ပညာရေးမှူး မြို.နယ်ပညာရေးမှူး တွေက ဦးမဆောင်သင့်ဘူးလား။ အခုတော့ ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့သူက ယောက်ျား၏ ရာ ထူးနဲ. အာဏာကို အလွဲသုံးစားလုပ်ပြီး ငွေရဖို. ဖန်တာမျိုး သက်သက်ဖြစ်နေတာပါ။ ဒါဟာ အလွဲသုံးစား လုပ်နေချင်းပါ။
 ဒါကြောင့် နေရာတိုင်းမှာ အလွဲသုံးစား လုပ်ပြီး အာဏာပြချင်တဲ့ စွမ်းအားရှင် စိတ်ဓာတ်တွေက အတော် များနေတာ---ခံအုံးပေါ့ မိမြန်မာ။ ခံအုံးပေါ့။

တံငါ့မိတ်ဆွေ ဧရာဝတီလင်းပိုင်တို့ ဘေးကင်းဖို့ (By featured, ဇာနည်မာန် on March 5, 2012 5:58 pm in ဆောင်းပါး)

မြန်မာနိုင်ငံလို့ ပြောလိုက်တာနဲ့ သူ့ရဲ့အဓိက ပင်မ သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို တွေးမြင်မိကောင်း မြင်မိပါလိမ့်မယ်။ ဧရာဝတီမြစ်ရဲ့ အလှအပ၊ မြစ်ကြောင်းတလျှောက်က လူနေမှုဘ၀တွေ အကြောင်း ပြောကြမယ် ဆိုရင်တော့ ဧရာဝတီကို အကြောင်းပြုလို့ နာမည်ပေးခံရတဲ့ ဧရာဝတီလင်းပိုင်တို့ရဲ့ အကြောင်းကို ချန်လှပ်ထားလို့ မရပါဘူး။
 ကမ္ဘာတ၀ှမ်းလုံးမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးဖြစ်နေတဲ့ တိရစ္ဆာန်စာရင်းဝင် ဧရာဝတီလင်းပိုင်တွေဟာ တခြားသော လင်းပိုင်တွေလို ရေကူးမြန်တဲ့ သတ္တ၀ါတွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ တခြားသော လင်းပိုင်တွေလို ရေမျက်နှာပြင်ပေါ်ကို ခုန်ပျံတာ၊ ရေပေါ် ဦးခေါင်းဖော်ရင်းက လေးကိုင်းလေး ကွေးလိုက်သလို ရေထဲ ငုံ့လျိုးဆင်းသွားတာမျိုးလည်း မလုပ်တတ်ကြပါဘူး။
သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ဟာလည်း လူအများစု မြင်ဖူးနေကျ လင်းပိုင်တွေနဲ့ ကွဲပြားပြန်ပါတယ်။ မီးခိုးရောင်၊ မီးခိုးပြာရောင်ရင့်ရင့်ရှိတဲ့ ဧရာဝတီလင်းပိုင်တွေဟာ နဖူးမောက်မောက်၊ ခေါင်းကြီးကြီး သိပ်မထင်ရှားတဲ့ နှုတ်သီးတွေ ပိုင်ဆိုင်ကြပါတယ်။
 ဒီနေ့အထိ ဒေသခံတံငါတွေနဲ့ အတူတကွ ငါးဖမ်းနေကြတဲ့ မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေရဲ့ ချစ်စရာ အလေ့အထဟာ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ဆီက ဧရာဝတီလင်းပိုင်တွေနဲ့ မတူထူးခြားတာကြောင့် နိုင်ငံအရပ်ရပ်က သဘာဝချစ်သူတွေကြားမှာ ထင်ရှားပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယပင်လယ်ကမ်းရိုးတန်းက ဧရာဝတီလင်းပိုင်တွေဟာလည်း ဟိုးအရင်က တံငါတွေနဲ့အတူ ငါးဖမ်းတာမျိုး ရှိခဲ့ဖူးပေမယ့် ဒီနေ့ဒီအချိန်မှာတော့ မတွေ့မြင်ရတော့ဘူးလို့ သိရပါတယ်။
ဧရာဝတီလင်းပိုင်တွေ တံငါတွေနဲ့ ငါးဖမ်းကြတာတွေကို တွေ့ရလေ့ရှိတာကတော့ မန္တလေးတိုင်း၊ ကျောက်မြောင်းနဲ့ စဥ့်ကူမြို့ဝန်းကျင်က မြစ်ကြောင်းမှာပါ။
ဧရာဝတီလင်းပိုင်တွေရဲ့ အကူအညီနဲ့ ငါးဖမ်းတဲ့အခါ သာမန် ကွန်ပစ်ဖမ်းတာထက်ကို ငါး ၃ ဆ ပိုရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဧရာဝတီလင်းပိုင်တွေကို တွေ့ရလေ့ရှိတဲ့ နေရာတွေဆီ လှေ ၂ စီးကနေ ၄ စီး၊ ၅ စီး အုပ်စုလိုက် အစုန်အဆန် သွားကြရှာကြရပြီး သူတို့တွေရဲ့ အရိပ်အယောင် တွေ့ရတဲ့အခါမှာ အချက်ပေးခေါ်ကြရပါတယ်။
တံငါတွေဟာ ဧရာဝတီလင်းပိုင်တွေကို “ငါးတူတူဖမ်းကြရအောင်” လို့ ခေါ်ကြတဲ့အခါ လှေနံကို သစ်သားချောင်းတွေနဲ့ စည်းချက်တကျ ခေါက်လိုက်၊ ရေပြင်ကို တက်နဲ့ အသာလေး ပုတ်လိုက်၊ တက်နဲ့ ရေကို ဘယ်ဖက်ကို မွှေလိုက်၊ ညာဖက်ကို မွှေလိုက်နဲ့ အသံပေး ခေါ်တတ်ကြပါတယ်။
“ပထမ လှေနံကို ခေါက်တာက ငါတို့ဒီမှာရောက်နေပြီ။ ငါးဖမ်းရအောင် လာကြလို့ အချက်ပေးတာ။ တခါတလေကျတော့ သူတို့က ဒီလိုအသံကြားရင် ရန်သူလား မိတ်ဆွေလား မခွဲတတ်တော့ မလာဘူး။ ဒီတော့ တက်နဲ့ ရေကို ပုတ်ပြီး အသံပေးရတာ။ ငါတို့ရန်သူမဟုတ်ဘူး၊ လာကြ၊ ငါးဖမ်းကြရအောင် လို့ပေါ့” လို့ စဥ့်ကူးနားတ၀ိုက်မှာ ငါးဖမ်းနေကျ တံငါသည်တဦးက ပြောပြဖူးပါတယ်။
ဧရာဝတီလင်းပိုင်တွေကို အများအားဖြင့် ၆ ကောင်အောက်နည်းတဲ့ အုပ်စုအနေနဲ့ပဲ တွေ့ရလေ့ရှိပါတယ်။
ဒီလို တခါပြီးတခါ အချက်ပေးခေါ်ပေမယ့် ဘယ်လိုမှ ခေါ်မရတာကြောင့် ဒီတိုင်း ပြန်လာရတဲ့ အခေါက်တွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ လင်းပိုင်တွေလာပြီဆိုရင်တော့ တခါတလေ ၂ ကောင်ကနေ ၃ ကောင်အထိ လာကြပြီး တခါတလေကျတော့လည်း တကောင်တည်းပဲ တွေ့ရတဲ့အခါလည်း ရှိတယ်။ တကောင်တည်းလာရင်တော့ ငါးဖမ်းရတာ နည်းနည်းခက်တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ အချက်ပေးခေါ်တာ နည်းနည်းကြာတဲ့အခါမှာတော့ ဟိုးအဝေးရေပြင်မှာ ဆူးတောင်ရိပ်ရိပ်လေးနှစ်ခု တံငါတွေဆီ ကူးလာနေတာ မြင်ရပါပြီ။ တံငါလှေပေါ်က လင်းပိုင်ဟေ့ လင်းပိုင်ဆိုပြီး အချင်းချင်း သတိပေးသံတွေလည်း ထွက်လို့ တံငါတွေလည်း ဝမ်းပန်းတသာ ဖြစ်ကြပါတယ်။။
ဧရာဝတီလင်းပိုင်လေး ၂ ကောင်ဟာ ပထမတော့ အန္တရာယ်ရှိမရှိ စူးစမ်းနေတဲ့ပုံစံနဲ့ ခပ်လှမ်းလှမ်းမှာပဲ ဟိုဟိုဒီဒီ ကူးနေတယ်။ သိပ်မကြာပါဘူး၊ တံငါတယောက်က လှေနံကို ဗုံတီးသလို တတုတ်တုတ်နဲ့ ခေါက်တော့ လင်းပိုင်နှစ်ကောင်ဟာ အတူငါးဖမ်းကြမယ်လို့ သဘောတူတဲ့အနေနဲ့ ဆူးတောင်ကို ဝှေ့ယမ်းလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ စက်ဝိုင်းခြမ်းလို ကူးရင်း စည်းဝိုင်းတခု စလုပ်ပါတယ်။ စည်းဝိုင်းအပြင်ဘက်ကို ပြန်ထွက်လိုက်၊ စက်ဝိုင်းထဲ ပြန်လာလိုက်နဲ့ အလုပ်တွေ ရှုပ်နေပါတော့တယ်။
ဒါဟာ ငါးတွေကို တံငါတွေရှိရာဖက်သို့ မောင်းရင်း တံငါတွေ ကွန်ပစ်ရလွယ်အောင် စုနေတာပါပဲ။ ဒီလိုကူးနေရင်းက စည်းဝိုင်း တဖြည်းဖြည်းကျဉ်းလိုက်ပြီး ငါးတွေကို ကျုံးသွင်းပါတော့တယ်။ ဒီအချိန်မှာ လင်းပိုင်တကောင်ဟာ စက်ဝိုင်းအပြင်ဘက်ကို မသိမသာလေး ထွက်ရင်း ၀န်းအပြင်ဘက်ကို ငါးတွေ လွတ်မထွက်အောင် စောင့်ပါတယ်။ စည်းဝိုင်း ကျဉ်းလာတာနဲ့အမျှ ငါးတွေ တစီစီ ပွက်နေတာကို အတိုင်းသား မြင်ရပါတယ်။ လှေပေါ်က တံငါသည်တွေကလည်း ပိုက်တွေပြင်ရင်း လင်းပိုင်တွေဆီက အချက်ပေးတာကို စောင့်နေကြတယ်။ မကြာခင်မှာပဲ စည်းဝိုင်းဝိုင်းနေတဲ့ လင်းပိုင်ဟာ သူ့ရဲ့ဆူးတောင်ကို ဘယ်ညာဝှေ့ယမ်းပြတာကို တွေ့လိုက်ရပါတယ်။ ဒါကတော့ ငါးတွေတော်တော်များများ သူ ကျုံးသွင်းပြီးပြီ၊ ဖမ်းလို့ရပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ တံငါတွေကလည်း လှေနံကို အသာယာလေးခေါက်ပြီး “ကောင်းပြီ၊ ဒါဆို ကွန်နဲ့ပစ်တော့မယ်” လို့ အချက်ပြန်ပေးပါတယ်။
ဧရာဝတီလင်းပိုင်ဟာ ပွဲသိမ်းအနေနဲ့ စည်းဝိုင်းကို တချက်ပတ်လိုက်ပြီး ငါးအုပ်ကို တံငါလှေရှိရာသို့ မောင်းသွင်းလိုက်ပါတယ်။ တံငါဆီက ပိုက်ကွန်ဟာ ရေပြင်ကို အထိမှာတော့ လင်းပိုင်က သူကိုယ်တိုင် ပိုက်ကွန်မှာ မငြိမိအောင် ပါးပါးနပ်နပ် ရှောင်ထွက်ရင်း စည်းဝိုင်းအပြင်ကို လွတ်ထွက်သွားတဲ့ ငါးတွေကို လိုက်ဖမ်းစားတာကိုလည်း တွေ့ရပါတယ်။ ဒီလို လုပ်တာဟာ စုစုပေါင်း ကြာချိန် ၅ မိနစ်ကနေ ၈ မိနစ်ကျော်ကျော်လေးပဲ ရှိပါတယ်။ ငါးတွေပါလာတဲ့ ပိုက်ကို ဆွဲတင်ပြီးချိန်မှာတော့ လင်းပိုင်တွေဟာ တံငါလှေတွေနားမှာ ဝေ့လည်လည်လုပ်ရင်း ပိုက်ကနေ လွတ်ကျတဲ့ငါးတွေ၊ တံငါတွေ ရေထဲချပေးတဲ့ငါးတွေကို လိုက်စားကြပါသေးတယ်။
ပိုက်ထဲကငါးတွေကို လှေဝမ်းထဲထည့်ပြီး နောက်တခေါက်ပိုက်ပြန်ပစ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ တံငါတယောက်က လှေနံကို တတောက်တောက် ခေါက်ပြန်ပါတယ်။ ဒါကတော့ “နောက်တခေါက် ငါးတွေထပ်ဖမ်းဖို့ အဆင်သင့်ဖြစ်ပြီ” လို့ အချက်ပေးတာပါ။ ဒီအခါမှတော့ လင်းပိုင်လေးတွေဟာ တံငါတွေဆိုလိုတာကို အပြည့်အ၀ နားလည်တဲ့အလား အသံပြန်ပေးရင်း တကောင်နဲ့တကောင် ခွာလိုက်ပြီး ငါးတွေစုဖို့ လုပ်ငန်းတခေါက် ပြန်စပြန်ပါတယ်။
တံငါလှေတွေမှာ ငါးအလုံအလောက်ရပြီဆိုရင် တံငါတွေဆီက အချက်ပေးတာ ရပ်လိုက်တော့တယ်။
“တခါတလေကျတော့လည်း လင်းပိုင်တွေဟာ သူတို့ ဗိုက်ပြည့်ပြီဆိုရင် ဒီတိုင်းပဲ လျှောက်ကူးနေတော့တာ။ ဘယ်လောက် အချက်ပေးပေး ဂရုမစိုက်တော့ဘူး။ အသံပေးလိုက်၊ တခါတခါ ရေမှုတ်ထုတ်လိုက်နဲ့ နှုတ်ဆက်သလိုလို ဂရုမစိုက်သလိုလိုနဲ့ ကူးသွား၊ ငုပ်သွားရော” လို့ တံငါသည်တဦးက ပြောပါတယ်။
ဧရာဝတီ လင်းပိုင်တွေကို ဒီလို အချက်ပေး ခေါ်ပုံခေါ်နည်းများအား ကျောက်မြောင်းနဲ့ စဥ့်ကူတ၀ိုက်ရွာတွေက တံငါတွေဟာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတံငါတွေဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်တဲ့ ဧရာဝတီ လင်းပိုင်တွေရဲ့ ပုံစံအနေအထား၊ ငါးဖမ်းတဲ့အခါလုပ်တဲ့ အပြုအမူတွေအရ ချစ်စနိုး နာမည်တွေ ပေးထားတတ်ကြပါသေးတယ်။
အခု ပြောပြတဲ့ တံငါတွေနဲ့ ငါးအတူတူဖမ်းကြတဲ့ ဧရာဝတီလင်းပိုင်တွေရဲ့ ပုံရိပ်ကတော့ ၂၀၀၆ ခုနှစ်တုန်းက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ အခုအချိန်အထိလည်း ကျောက်မြောင်း၊ စဥ့်ကူဒေသက တံငါတွေနဲ့ ဧရာဝတီလင်းပိုင်တွေ ငါးအတူတူ ဖမ်းနေကြဆဲ၊ သဘာဝမြတ်နိုးတဲ့ နိုင်ငံခြားသား ခရီးသွားတွေ ဒီမြင်ကွင်းမျိုးကို စိတ်ဝင်တစားနဲ့ လာရောက်လေ့လာနေဆဲပါ။
ဒီ မျိုးသုဉ်းလုဖြစ်နေတဲ့ ဧရာဝတီ လင်းပိုင်တွေကို ကာကွယ်ဖို့ သူတို့ ကျက်စားလေ့ရှိတဲ့ ဧရာဝတီမြစ်ရဲ့ ကျောက်မြောင်းကနေ မင်းကွန်းအထိ အပိုင်းအခြားကို ဧရာဝတီလင်းပိုင် ကာကွယ်ရေးဇုန်အဖြစ် ၂၀၀၅ ခုနှစ်ကနေ စပြီး သတ်မှတ်ခဲ့ပါတယ်။
ဧရာဝတီလင်းပိုင်တွေအတွက် ကာကွယ်ရေးဇုန်လို့ သတ်မှတ်ထားတဲ့ ကျောက်မြောင်းကနေ မင်းကွန်းအထိ မြစ်ကြောင်းမှာ ဧရာဝတီလင်းပိုင်တွေကို ရောင်းဖို့လို့ ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်နဲ့မှ မဖမ်းဖို့၊ မသတ်ဖို့၊ ဧရာဝတီလင်းပိုင် တကောင်လုံးကိုဖြစ်စေ၊ တစိတ်တဒေသကိုဖြစ်စေ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ဖို့၊ လျှပ်စစ်တိုက်ပြီး ငါးဖမ်းတာတွေမလုပ်ဖို့၊ မျောပိုက်ချ ငါးဖမ်းတဲ့အခါ ပိုက်အရှည် ပေ ၃၀၀၊ ပိုက်အကျယ် ပေ ၆၀၀ ထက်ပိုတဲ့ မျောပိုက်တွေမသုံးဖို့၊ ပိုက်မှာ မတော်တဆမိနေတဲ့ လင်းပိုင်တွေကို ပြန်လွှတ်ပေးဖို့တွေကို နှိုးဆော် တားမြစ်ထားပါတယ်။
ဧရာဝတီမြစ်အထက်ပိုင်းကမ်းနားတလျှောက်က ရွှေတူးလုပ်ငန်းတွေမှာ ရွှေသန့်စင်တဲ့အခါသုံးတဲ့ ပြဒါးဟာ မြစ်ရေထဲရောက်ရာကနေ ရေသတ္တ၀ါတွေ ပြဒါးဆိပ်သင့်မယ့် အန္တရာယ်တွေရှိတာကြောင့် ပြဒါးမသုံးဖို့၊ ပတ်ဝန်းကျင်နဲ့ သဘာဝကို မထိခိုက်နိုင်တဲ့နည်းတွေကိုပဲ အတတ်နိုင်ဆုံးသုံးဖို့ကိုလည်း တားမြစ်ထားပါတယ်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အမေရိကန်နိုင်ငံအခြေစိုက် သဘာဝ သားရဲတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) နဲ့ ငါးလုပ်ငန်း ဦးစီးဌာနတို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။
WCS ရဲ့ ပြောပြချက်အရ ကျောက်မြောင်းနဲ့ အနီးတ၀ိုက်မှာ ဧရာဝတီလင်းပိုင် ၈၆ ကောင်တွေ့ရပြီး အဲ့ဒီအထဲမှာ ဧရာဝတီလင်းပိုင်မိခင်နဲ့ သားပေါက်လေးတွေပါ ပါလို့ ဒီအကောင်လေးတွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အရေးကနေ စိတ်အေးစရာတခုတော့ ဖြစ်တယ်လို့ ဆိုပါတယ်။
“လင်းပိုင်အမေနဲ့ ကလေးတွေကို တိုးတွေ့လာတော့ သူတို့အရေအတွက်ကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ချက်တွေ ဖြစ်နိုင်ခြေတွေ အများကြီးရှိလာတယ်။ ပြည်သူတွေ၊ အထူးသဖြင့် ငါးဖမ်းသမားတွေ၊ ဒေသခံတွေ၊ မြစ်ကြောင်းမှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကလည်း ပါဝင်ဖို့ လိုပါတယ်” လို့ ရန်ကုန်မြို့ WCS က ဌာနေကိုယ်စားလှယ် ဦးသန်းမြင့်က ဧရာဝတီကို ပြောပြပါတယ်။
၂၀၀၃ ခုနှစ်မတိုင်ခင်က ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ဧရာဝတီလင်းပိုင် ၃၇ ကောင်ပဲ တွေ့ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ၅၈ ကောင်၊ အဲ့ဒီကနေမှ ၂၀၀၈ ခုနှစ် နှောင်းပိုင်းမှာ ၇၂ ကောင်အထိ တိုးလာတယ်လို့ ဆိုပါတယ်။ အခုလို အကောင်အရေအတွက် တိုးလာတာတွေ့ရပေမယ့် ဧရာဝတီလင်းပိုင်တွေဟာ ရေထဲ လျှပ်စစ်တိုက်ပြီး ငါးဖမ်းတာတွေ၊ မျောပိုက်တွေရဲ့ အန္တရာယ်၊ မြစ်အထက်ပိုင်းက ရွှေတူးဖော်လုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဆဲပါပဲ။
ရွှေသန့်စင်တဲ့အခါ ပြဒါးသုံးတာတွေ လျော့နည်းသွားပေမယ့် ရွှေတူးလုပ်ငန်းတွေကြောင့် မြစ်ကမ်းတလျှောက် ကမ်းပါးတွေပြိုကျပျက်စီးတာ၊ လုပ်ငန်းခွင်အညစ်အကြေးတွေ မြစ်ထဲရောက်ပြီး မြစ်ကြောင်းတလျှောက်မှီခိုနေတဲ့ ဇီဝမျိုးကွဲတွေ၊ သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းပျက်စီးနေတာဟာလည်း ရေရှည်မှာ ရေသတ္တ၀ါတွေ ထိခိုက်လာမှာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
“ရွှေတူးတာ၊ ငါးဖမ်းတာတွေက သူတို့စီးပွားရေးဖြစ်နေတော့ ဒါကြီးကို လုံးဝမလုပ်နဲ့လို့တော့လည်း တားဖို့က မဖြစ်နိုင်ပြန်ဘူး။ ကျနော်တို့ဘက်ကလည်း ပညာပေးတာတွေ တားမြစ်တာတွေ လုပ်နေသလို သူတို့ဘက်ကလည်း ဒီအကောင်လေးတွေဟာ ထိန်းသိမ်းစောင့်ရှောက်ထိုက်တယ်၊ သူတို့နဲ့ အတူ ငါးဖမ်းကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ဟာ နိုင်ငံအတွက် ဂုဏ်ယူထိုက်တယ်၊ ဒါကို ကာကွယ်ထိုက်တယ် ဆိုတာ သူတို့စိတ်ထဲ သိထားပြီး နှစ်ဘက်လုံး အကျိုးရှိဖို့ ၀ိုင်းဝန်းလုပ်ကြရင်တော့ အောင်မြင်မှုရမယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ” လို့ ဦးသန်းမြင့်က ပြောပါတယ်။
တဖက်မှာလည်း ဧရာဝတီလင်းပိုင်တွေကို လေ့လာတဲ့အခါ ဘယ်လိုချဉ်းကပ်ရမယ်၊ ဘာတွေ မလုပ်ရဘူး ဆိုတာကိုလည်း သတိပေးဖို့က လိုအပ်မှုတွေ ရှိနေပြန်ပါတယ်။
မြန်မာနိုင်ငံကို လာကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေ တိုးလာတာနဲ့အမျှ ဧရာဝတီမြစ်ကြောင်းတလျှောက် စုန်ဆန်လေ့လာကြသူတွေ၊ ဧရာဝတီလင်းပိုင် စောင့်ကြည်ရေး သီးသန့်ခရီးစဉ်တွေအတွက် စုံစမ်းတာတွေဟာလည်း တနှစ်တခြား တိုးလာနေတယ်လို့ ရန်ကုန်က ခရီးသွား ကုမ္ပဏီတွေက ဆိုပါတယ်။
“ဧရာဝတီ လင်းပိုင်တွေနဲ့ ငါးဖမ်းတာကို မြင်နိုင်ဖို့ဆိုတာ တော်တော်ကို အချိန်ပေးရတာ။ စိတ်ရှည်ဖို့လည်း လိုတယ်။ တခါတလေ ငါးဖမ်းသမားတွေတောင်မှ သူတို့ကို မတွေ့နိုင်တာဆိုတော့ ညီမတို့အနေနဲ့ ဧည့်သည်ကို လင်းပိုင်တွေ မြင်ရမယ် မမြင်ရဘူးဆိုတာ အာမခံချက်မပေးနိုင်တာတောင် ဧည့်သည်တွေက စွန့်စားရေး ခရီးတခုအနေနဲ့ သိပ်သွားချင်ကြတာတွေ ရှိတယ်” လို့ ခရီးသွားကုမ္ပဏီတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ အသံလှိုင်းနဲ့ တကောင်ကိုတကောင် ဆက်သွယ် သွားလာကြတာဖြစ်လို့ သူတို့ကို လေ့လာတဲ့အခါ အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူတွေ၊ အနှောင့်အယှက်ဖြစ်နိုင်တာတွေကို မပြုမူမိအောင် ကမ္ဘောဒီယားနိုင်ငံက ဧရာဝတီလင်းပိုင်တွေ စောင့်ရှောက်တာမျိုး ကိုယ့်နိုင်ငံ ရေမြေအခြေအနေနဲ့ ကိုက်ညီတာတွေကို လုပ်ဖို့ လိုနေတယ်လို့ ဧရာဝတီ လင်းပိုင်တွေကို အနီးကပ် လေ့လာခဲ့တဲ့ အဏ္ဏ၀ါဇီဝဗေဒပညာရှင် ဦးတင့်ထွန်းက ဆိုပါတယ်။
သူ သွားလေ့လာဖူးတဲ့ ကမ္ဘောဒီယားနိုင်ငံက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသတခုမှ လင်းပိုင်တွေကျက်စားတဲ့ အနီးအနားကို သွားမယ်ဆိုရင် စက်တပ်လှေတွေမသုံးဘဲ လှေ၊ လှော်တက်တွေနဲ့ပဲ အသာအယာ လှော်သွားပြီး ခပ်လှမ်းလှမ်းကနေပဲ ကြည့်ရတာတွေ၊ လင်းပိုင်တွေဆီကို အစားအသောက်၊ ပစ္စည်းတွေ ပစ်တာပြုတာတွေ မလုပ်ရဘူးလို့ ဆိုပါတယ်။
“လောလောဆယ်မှာတော့ ကျနော်တို့နိုင်ငံက အကောင်လေးတွေက သူများနိုင်ငံမှာလိုတော့ လူနဲ့ ထိတွေ့မှု သိပ်မရှိသေးဘူးပေါ့ဗျာ။ ဒါပေမယ့် ခရီးသွားတွေ ဖွံ့ဖြိုးလာမယ့် နောင်တချိန်ကျရင်တော့ ဒီကောင်လေးတွေဆီ လူတွေ လာကြတော့မယ်။ အဲ့ဒီအခါ ဘယ်လိုပုံစံ ချဉ်းကပ်တာက အကောင်းဆုံးဖြစ်မယ်၊ ဘယ်လိုပုံစံကတော့ သူတို့ကို အနှောင့်အယှက်ဖြစ်မယ်ဆိုတာကို သက်ဆိုင်ရာက လေ့လာမှုတွေလုပ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ထုတ်ပြန်ဖို့ ပြင်ဆင်ထားသင့်တယ်” လို့ ဦးတင့်ထွန်းက ဧရာဝတီကို ပြောပြပါတယ်။
မြန်မာ့ဧရာဝတီမြစ်ကြီးထဲက ဧရာဝတီ လင်းပိုင်တွေရဲ့ ထူးခြားတဲ့စရိုက်၊ တံငါတွေနဲ့ အတူငါးဖမ်းကြတဲ့ ဖြစ်စဉ်နဲ့ သူတို့ကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ သုတေသနလုပ် လေ့လာတာတွေလည်း ဆက်လုပ်ဖို့ လိုအပ်နေပြီး အထူးသဖြင့် နည်းပညာအထောက်အပံ့တွေ အများကြီး လိုနေသေးတယ်လို့ သူက ဆိုပါတယ်။
သူက “ဒီကောင်လေးတွေက မြစ်ကြောင်းတလျှောက် စုန်ဆန်နေတော့ သူတို့ကို ခြေရာခံဖို့က နည်းပညာ၊ စက်ပစ္စည်းလိုအပ်မှုတွေ အများကြီးရှိသေးတယ်ဗျ။ ပြီးတော့ ကျနော်တို့ တနိုင်ငံတည်းမှာပဲ ရှိတော့တဲ့ တံငါတွေနဲ့ အတူ ငါးဖမ်းကြတယ်ဆိုတာက ကျနော်တို့ မြင်ဖူးနေကြ ငါးမွေးကန်တွေက လင်းပိုင်တွေလို တကူးတက သင်ပေးထားတာမဟုတ်ဘဲ သူတို့ဘာသာ တတ်နေကြတာမှာ သူတို့တွေက တံငါတွေအချက်ပေးတာကို ဘယ်လိုများ နားလည်နေကြလဲဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်” လို့ ပြောပါတယ်။
သူက ဆက်ပြီးတော့ “ဒီကောင်လေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ ဒီဓလေ့ကို ထိန်းသိမ်းဖို့၊ ကျနော်တို့ နိုင်ငံရဲ့ မြစ်ကြီးကို အမှီပြုပြီးတော့ နာမည်ရထားတဲ့ မြန်မာတွေအဖို့ ဂုဏ်ယူထိုက်တဲ့ ဒီကောင်လေးတွေကို အားလုံးဝိုင်းပြီး ထိန်းသိမ်း ကာကွယ်ကြရအောင်လို့ တိုက်တွန်းချင်ပါတယ်ဗျာ” လို့ ဆိုပါတယ်။
ဧရာဝတီသတင်းဌာနမှကူးယူပါသည်။

NLABR  Web-site:               www.nlabr.com 
Lwin Pwin Blog:                    http://wanna23-23.blogspot.com/

0 comments:

Post a Comment