မြန်မာသတင်းများ မတ် ၀၇ ရက်၊ ၂၀၁၂

 

မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့ လက်နက်ချလိုက်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားခဲ့သည့် မွန်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တဖွဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ရေးမြို့အခြေစိုက် အစိုးရတပ် စကခ (၁၉) ၌ လက်နက်ချခဲ့ကြောင်း
ကျောင်းသား တပ်မတော် (ABSDF) တပ်ဖွဲ့ဝင်အချို့ထံမှ ၁၉၉၇ ခန့်က လက်နက်သိမ်းကာ စတင်ဖွဲ့စည်းခဲ့ပြီး မွန်အမျိုးသား စောင့်ရှောက်ရေးတပ် Mon National Watch Army အမည်ဖြင့် လှုပ်ရှားခဲ့သည့် ထိုအဖွဲ့သည် မွန်ပြည်သစ် ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်များ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး အတွက် ပဏာမ လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်း လက်နက်ချခဲ့ခြင်း ဖြစ်
ကြောင်း
လက်နက်ချစဉ်က ထိုတပ်ဖွဲ့ကို ဦးဆောင်သူ နိုင်ဗင် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးနှင့် လက်နက် ၈ လက်သာ ပါဝင်ခဲ့ သည်။ လက်မှတ်ချပွဲ ပြုလုပ်နိုင်ရန် သတ်မှတ်ချက် ဖြစ်သည့် လူအင်အား ၃၀ နှင့် လက်နက် ၁၉ လက် ပြည့်ရန် အတွက် လိုက်လံ စုဆောင်းနေဆဲ ဖြစ်ကြောင်း
လက်နက်ချသူများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စကခ (၁၉) တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်းက ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး၊ လက်ရှိတွင် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့ရှိ ခလရ ၃၁ တပ်ရင်းဝင်းတွင် ယာယီနေရာ ချထားကြောင်း ၎င်း၏ အဆိုအရ ဒေသခံ အစိုးရတပ်ရင်းက အထက်ပါ လက်နက်ကိုင်အဖွဲ့ကို အသုံးချပြီး မွန်ပြည်သစ်ပါတီနှင့် ပဋိပက္ခ ဖန်တီးရန်အတွက် စည်းရုံးသိမ်းသွင်းခြင်း ဖြစ်
ကြောင်း
အစိုးရ ကိုယ်စားလှယ်နှင့် အပစ်အခတ် ရပ်စဲရန် သဘောတူစဉ်က ခေါဇာမြို့နယ်ခွဲ မကျည်းရွာတွင် ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် တပ်တည်နေရာ ထားရှိရန် မွန်ပြည်သစ်ပါတီက တောင်းဆိုထားပြီး၊ အထက်ပါ လက်နက်ချ အဖွဲ့ကလည်း လက်နက်ချရာတွင် ရေးမြို့နယ် တောင်ပိုင်း၌ လှုပ်ရှားခွင့်ရရန် တောင်းဆိုထား
ကြောင်းလက်နက်ချသူများကို ခေါဇာမြို့နယ်ခွဲ ရွှေဟင်္သာရွာသစ်တွင် နေရာချထားမည် ဖြစ်ပြီး၊ လက်နက်ချသူတဦးကိုတိုက်အိမ်တလုံးစီနှင့် မြေလွတ် မြေရိုင်း၁၀ဧကစီ ပေးဆောင်မည်ဟု ဒေသခံတပ်ရင်းက စည်းရုံးထားကြောင်း ၎င်းတို့အတွက် ခေါဇာမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုတခုလျှင် တိုက်အိမ် ၅ လုံးစီ ဆောက်လုပ်ပေးရန်နှင့် ဆန် ၁၀ အိတ်၊ ဆီတပုံးကို ၃ လတိုင် လစဉ်ထောက်ပံ့ပေးရန် မတ်လ ၂ ရက်နေ့တွင် ခေါဇာမြို့နယ်ခွဲအုပ်ချုပ်ရေးမှူးကကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ညွှန်ကြားထားခဲ့ကြောင်း ခေါဇာမြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၆ ခုမှ ကျေးရွာ ၂၀ ခန့် ရှိကြောင်း
မွန်ပြည်သစ်ပါတီနှင့် ယခင် နဝတ စစ်အစိုးရတို့ ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲသည်ကို မလိုလားသည့် ထိုလက်နက်ကိုင်အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းတွင် စတင်လှုပ်ရှားခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး နိုင်ပန်းညွန့် ဦးဆောင်သည့် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီနှင့် ဝင်ရောက်ပူးပေါင်းခဲ့
ကြောင်း
၂ဝဝ၂ ခုနှစ်တွင် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီက လက်ရှိ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စကို ဖမ်းဆီး ခဲ့ခြင်းကြောင့် ပြည်ပရောက် မွန်အဖွဲ့အစည်းများက ကြေညာချက် ထုတ်ကာ အသီးသီး ကန့်ကွက်ပြီး၊ နောက်ပိုင်းတွင် မွန်ပြည်သူတို့၏ ထောက်ခံမှု အားနည်းခဲ့
ကြောင်း
၎င်းတပ်ဖွဲ့ လှုပ်ရှားစဉ်ကာလ တလျှောက်တွင် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိဒေသခံများမှာ အစိုးရတပ်များနှင့် ၎င်းတို့တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရ
ကြောင်းသတင်းရရှိသည်။

အမေရိကန် အမျိုးသမီး သူရသတ္တိဆု မြန်မာ နိုင်/ကျဉ်းဟောင်း ရရှိ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ထံမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး သူရသတ္တိဆု (International Women of Courage Award) ကို ၈၈မျိုးဆက် ကျောင်းသူ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် က ကြာသပတေးနေ့တွင် လက်ခံရရှိမည် ဖြစ်ကြောင်း အထူးဧည့်သည်အဖြစ် အမေရိကန် သမ္မတ အိုဘားမား၏ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမားလည်း တက်ရောက်မည် ဖြစ်ကြောင်း
ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ၁၁နှစ် ကျခံခဲ့ရသည့် မဇင်မာအောင် အား ပေးအပ်သည့် အဆိုပါဆုမှာ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့် ရရှိရေး အတွက် ထူးခြားသည့် သတ္တိဖြင့် စွန့်စွန့်စားစား ဆောင်ရွက်ကာ ဦးဆောင်နိုင်သည့် ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအား နှစ်စဉ် အသိအမှတ်ပြုပေးအပ်နေခြင်း ဖြစ်သည်။

မဇင်မာအောင်သည် နိုင်ငံရေး အကျဉ်းသူဟောင်းများနှင့် အတူ အလုပ်လုပ်ကိုင်လျက် ရှိနေပြီး လူ့အခွင့်အရေး လှုပ်ရှားသူများအား ရန်ကုန်တွင် ပညာပေးလျက်ရှိသည်။ သူမသည် ဒီမိုကရေစီ မြှင့်တင်ရေးနှင့် ပတ်သတ်၍ ပါဝင်လုပ်ဆောင်လျက် ရှိနေပြီး ဒီမိုကရေစီသည် အာရှယဉ်ကျေးမှုနှင့် ကိုက်ညီကြောင်း ပြသလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထား
ကြောင်း
အသက် ၃၆ နှစ် အရွယ် ၈၈ မျိုးဆက် ကျောင်းသူ မဇင်မာအောင်သည် အမျိုးသမီး အခွင့်အရေးအဖွဲ့ တဖွဲ့ကို ပူးတွဲ တည်ထောင်သူ ဖြစ်ပြီးတိုင်းရင်းသားရေးရာများတွင်လည်းပါဝင်ဆောင်ရွက်နေသူ ဖြစ်
ကြောင်း

ဖေဖေါ်ဝါရီလက ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး William Hague ရန်ကုန်မြို့သို့ လာရောက် လည်ပတ်ခဲ့စဉ်ကတွေ့ဆုံခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများထဲတွင် မဇင်မာအောင်လည်း ပါဝင်ခဲ့
ကြောင်း၂ဝဝ၇ ခုနှစ်မှ စတင်ခဲ့သည့် ထိုဆုကို ယခုအချိန်အထိ နိုင်ငံ ၃၄ ခုမှ အမျိုးသမီး ၄၆ ဦးတို့အား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း

ဆုရရှိသူများသည် အမေရိကန် နိုင်ငံ မြို့ကြီး ၁ဝ မြို့သို့ သွားရောက်လည်ပတ်ကြမည် ဖြစ်ပြီး နိုင်ငံတကာ
ခေါင်းဆောင်မှု အစီအစဉ်တွင် ပါဝင်မည် ဖြစ်ကာ အမေရိကန်မှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံမည် ဖြစ်
ကြောင်းသတင်းရရှိသည်။

၂၀၁၂ အမျိုးသမီး ရဲစွမ်းသတ္တိဆုရှင်တွေထဲ မြန်မာအမျိုးသမီးတဦးပါဝင်

၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇင်မာအောင်က ရရှိခဲ့ကြောင်း မဇင်မာအောင်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် ၁၁ နှစ်ကြာ အကျဉ်းကျခံနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက် ဖြစ်ကြောင်း သူဟာ ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့အပြင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးအရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ကြောင်းနိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု ရရှိသူတွေကို မတ်လ ၈ ရက်၊ ကြာသာပတေးနေ့မှာ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆုပေးရမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ဆုပေးပွဲအခမ်းအနားကို သမ္မတကတော် မီရှဲလ်အိုဘားမားနဲ့တကွ ၂၀၁၁ ခုနှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကို ပူးတွဲရရှိခဲ့တဲ့ အမျိုးသမီးဆုရှင်တွေပါ တက်ရောက်ဖို့ ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော်ရောက် အမတ်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့


NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် လွှတ်တော်တက်နေကြသည့် အနယ်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း
Reutersသတင်းဓာတ်ပုံအရတွေ့ဆုံခဲ့သည့်ကိုယ်စားလှယ်ပေါင်း၁၄ဦးရှိကြောင်းမည်သည့်အကြောင်းအရာများကို ပြောဆို ဆွေးနွေးကြခြင်းဖြစ်ကြောင်း မသိရသေးကြောင်းထိုသို့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ဆက်လက် စည်းရုံးရေးဆင်းခဲ့သည်။မကြာသေးမီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆိပ်နံတုံးကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသည်။ မည်သူ၊ မည်သည့်အဖွဲ့၏ လက်ချက် ဆိုသည်ကို မသိရသေးကြောင်းနေပြည်တော်တွင် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ဆိုင်းဘုတ်ဖျက်ဆီးသည့် လုပ်ရပ်သည် “အောက်တန်းကျသည့်လုပ်ရပ်” ဟု ဝေဖန်လိုက်ကြောင်း သိရသည်။


သမ္မတကြောင့် ဖုန်းဈေးနှုန်းလျှော့ဟု ဆို

အစိုးရ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက GSM ဖုန်းတလုံး ကျပ်၂ သိန်း၊ WCDMA ဖုန်းတလုံး ကျပ်၂ သိန်းခွဲဈေးနှုန်းဖြင့် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်အရ ရောင်းချပေးသွား မည်ဟု ကြေညာလိုက်သည်။ ထို လက်ကိုင်ဖုန်းများသည် ယခင် က ကျပ် ၅ သိန်းနှင့် ရောင်းချနေသော ဖုန်းများ ဖြစ်ကြောင်း ဖုန်းခေါ်ဆိုခများကိုလည်း လာမည့် မတ် ၁၄ ရက်မှ စတင် ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီ အတွင်း ယခင် ခေါ်ဆိုခ တမိနစ်လျှင် ၂၅ ကျပ်မှ ထက်ဝက်လျှော့ချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားကြောင်းသတင်းရရှိသည်။

ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ဗုံးကွဲ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ယနေ့နံနက် ဆယ်နာရီခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲချိန်သည် ရုံးတက်ချိန်ဖြစ်သော်လည်း ဝန်ထမ်းတဦးမျှ ထိခိုက်ဒဏ်ရာမရရှိကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။ ထို့အပြင် ဟင်္သာတမြို့ ဆက်သွယ်ရေး ရုံးဝန်းအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်အောက်တွင်လည်း မပေါက်ကွဲသေးသော ဗုံးတလုံးအား တွေ့ရှိရကြောင်း၊ ယင်းဗုံးကို ခလရ (၁၈) က လာရောက်ရှင်းလင်းသွားကြောင်းလည်း သိရှိရသည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်

ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး John Baird သည် ယခုတပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။၎င်း၏ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း AP သတင်းက ဖော်ပြကြောင်း ယခု ခရီးစဉ်သည် ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး တဦးအနေနှင့် ပထမဆုံး ခရီးစဉ်ဖြစ်သည်ဟုလည်း ဆိုကြောင်းသတင်းရရှိသည်။

မြန်မာငွေ လဲနှုန်း ပြောင်းတော့မည်
 
မြန်မာငွေ လဲလှယ်နှုန်းကို ဈေးကွက်နှင့်အညီ ပြောင်းလဲသတ်မှတ်ရန် အာဏာပိုင်များက မကြာမီ ကြေညာတော့မည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ငွေလဲလှယ်နှုန်း ပြောင်းလဲမှုသည် ၃၅ နှစ်ခန့် တဒေါ်လာ ၆ ကျပ် နှင့် ပြား ၄၀ သတ်မှတ်ခဲ့သည့် အစိုးရ ငွေလဲနှုန်းကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု  Bloomberg သတင်း တပုဒ်၌ ရေးသားထားသည်။ အမေရိကန် တဒေါ်လာကို ကျပ် ၈၀၀ ထက် ပိုမတက်ရန် ထိန်းချုပ်နိုင်မည့် နည်းလမ်း ရှာဖွေနေသည်ဟုလည်း ဆိုကြောင်းသတင်းရရှိသည်။

တရုတ် ငွေဖြင့်လုပ်သည့် စီမံကိန်းများရပ်ရန် အဆို အစိုးရပယ်ချ 

တရုတ်နိုင်ငံမှ အထူးချေးငွေဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများ ရပ်ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်၌ အဆိုပြု ဆွေးနွေးချက်ကို မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပယ်ချလိုက်သည်။ ယခင်နအဖ စစ်အစိုးရက တရုတ်အစိုးရထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ ကို၂၀၀၉ ခုနှစ်တွင် ချေးယူခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရကလည်း၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၄ ဒသမ၂ ဘီလီယံ(တရုတ်ယွမ်ငွေ ဘီလီယံ ၃၀) ချေးယူခဲ့ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအများအပြား ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်သုံးစွဲမည့် စီမံကိန်းတချို့ကို ရပ်ဆိုင်း သင့်ကြောင်း ယမန်နေ့ က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ၏ တင်ပြ ဆွေးနွေးချက်နှင့် ပတ်သက်၍ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ငြင်းဆို ပယ်ချခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

မိုဘိုင်းဖုန်းများ ၂ သိန်းအထိ ဈေးချမည်

 မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ရောင်းချနေသော မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲအထိ ဈေးလျှော့ရောင်းပေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။

 

နေပြည်တော်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက လွတ်တော်ကိုယ်စားလှယ်တချိုနဲ့  နေပြည်တော်မှာဒီကနေ့ မနက်က တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားဒေသတွေတွင်း ငြိမ်းချမ်းရေး ၊ တန်းတူညီမျှ အခွင့်ရေးခံစားခွင့်တွေရှိရေးကိစ္စအပြင် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု  နိုင်ငံကြီး ဖြစ်လာရေး အခြေအနေတွေပေါ် ဆွေးနွေး ပြောဆိုခဲ့ကြကြောင်း တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး တိုင်းရင်းသားအရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ အတွေ့အကြုံဖလှယ်ခဲ့သလို တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြော ကြောင်းဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေထဲမှာ ရှမ်း၊ ရခိုင်၊ ပလောင်၊ ပအို့ဝ်၊ ချင်း၊ ၀၊ ဖလုံစဝေါ် ပါတီက ကိုယ်စားလှယ်တွေ ပါဝင်ကြောင်းသတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက လှူ


အင်းစိန်ထောင်မှာကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၄၄ ယောက်အတွက် အလှူငွေနဲ့ စာအုပ်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဒီနေ့ ထောင်တာဝန်ခံအရာရှိတွေကို သွားရောက်ပေးအပ်ခဲ့ပါတယ်။
တစ်ယောက်ကို ငွေ ၁ သောင်းနဲ့ စာအုပ် ၃ အုပ်စီ ပေးအပ်ခဲ့တာပါ။ အဲဒီလို ကူညီနိုင်ဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ ပြီးခဲ့တဲ့လက ကျိုက္ကဆံဘုရားပွဲမှာ “စည်းချက်ညီ” ဆိုတဲ့ အမည်နဲ့ ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့သလို အခုလည်း ရွှေတိဂုံဘုရားပွဲမှာ ဆိုင်ခင်းရောင်းချနေပါတယ်။
ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အနုပညာလက်ရာတွေကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက စာပေလောကစာအုပ်တိုက် အပေါ်ထပ်မှာ လာမယ့် မတ်လ ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အန်အယ်လ်ဒီလူငယ်တွေ ဖွဲ့စည်းထားတဲ့ BG သွေးကူညီရေးအဖွဲ့ကလည်း ရွှေတိဂုံဘုရားပွဲမှာ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပနေပါတယ်။ အဲဒီကရတဲ့ အမြတ်ငွေကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် မြရည်နန္ဒာလမ်းမှာ သူတို့အဖွဲ့က ဆောင်ရွက်နေတဲ့ သက်မွေးဝမ်းကျောင်း ပညာသင်တန်းကျောင်း တိုးချဲ့ရေးအတွက် အသုံးပြုမှာဖြစ်တယ်လို့ BG သွေးကူညီရေးအဖွဲ့ တာဝန်ခံ ကိုညီညီက ပြောပါတယ်လို့ သိရပါတယ်။

 

မဲဆန္ဒရှင်အမည်စာရင်း အမှားအယွင်းတွေ တွေ့နေ


မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရှေ့လမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်မယ့် မဲဆန္ဒရှင် အမည်စာရင်း မှားယွင်းနေတာကြောင့် အန်အယ်လ်ဒီပါတီက သက်ဆိုင်ရာကို မဲစာရင်းအတည်ပြုမယ့်အချိန် တိုးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
မတ်လ ၄ ရက်က အန်အယ်လ်ဒီပါတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကူးယူခွင့်ပေးခဲ့တဲ့ မဲဆန္ဒရှင်အမည်စာရင်းတွေကို ရပ်ကွက်ကျေးရွာတွေထဲမှာ ဆင်းပြီး အသေအချာ လိုက်လံစိစစ်ကြည့်တဲ့အခါ ကွဲလွဲမှုတွေရှိနေတာ တွေ့ရတယ်လို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးတာဝန်ခံ ဦးမျိုးနိုင်က ပြောပြပါတယ်။ မဟာအောင်မြေမြို့နယ်မှာလိုပဲ ပြင်ဦးလွင်မြို့နယ်၊ တနင်္သာရီတိုင်း ဖျာပုံခရိုင်အတွင်းမှာလည်း အလားတူ စာရင်းမှားယွင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ နိုင်ငံတကာ အဖွဲ့အစည်းတွေ လေ့လာမယ်


ကယားပြည်နယ် လွိုင်ကော်မြို့တော်မှာ မနက်ဖြန်ကျင်းပမယ့် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို နိုင်ငံတကာအဖွဲ့အစည်းတွေ ပထမဆုံးအကြိမ် လေ့လာသူအဖြစ် တက်ရောက်မယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို လွိုင်ကော်မြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမမှာ မနက် ၉ နာရီခွဲ စတင်ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲ တက်ရောက်လေ့လာမယ့် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Hanten Feld၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr. Joe Fisher နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် Mr. Andrew Webster တို့ဟာ လွိုင်ကော်မြို့မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
မနက်ဖြန်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိမ်းအပါအ၀င် ၀န်ကြီး ၇ ဦးနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ တက်ရောက်မှာဖြစ်ပြီး KNPP ဘက်က အတွင်းရေးမှူး (၁) ခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအပါအ၀င် ၁၄ ဦးတက်ရောက်မယ်လို့ သိရပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း KNPP နဲ့ အစိုးရကြား အရင်က ၂ ကြိမ်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ မနက်ဖြန် ဆွေးနွေးပွဲမှာတော့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးဖွယ်ရှိတယ်လို့ နယ်စပ်အခြေစိုက် လေ့လာသူတွေက ပြောပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကရင်နီလူထုအခြေပြု အဖွဲ့အစည်း ၁၄ ဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ထောက်ခံကြိုဆိုလိုက်ပါတယ်။
ကရင်နီလူမှုဖူလုံရေးပင်မ၊ ကရင်နီအမျိုးသမီး အစည်းအရုံး၊ ကရင်နီဒုက္ခသည် ပင်မကော်မတီ၊ ကရင်နီအမျိုးသား လူငယ်အစည်းအရုံး၊ ကရင်နီကျောင်းသားများသမဂ္ဂ စတဲ့ ကရင်နီလူမှုအသင်းအဖွဲ့ ၁၄ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အစည်းအဝေးတစ်ရပ်ကို ထိုင်းမြန်မာနယ်စပ် တစ်နေရာမှာ မနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးကိစ္စအပေါ် တူညီတဲ့ အမြင်သဘောထား ၁၃ ချက် ချမှတ်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် နော်သလဲစေးက ပြောပါတယ်။
 
Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment