ကမ္ဘာ့သတင်းများ 18/03/2012
နိုင်ငံတကာသတင်း
သမ္မတ အိုဘားမား လုပ်ကြံဖို့ ဘင်လာဒင် ကြံစည်ခဲ့
အမေရိကန်သမ္မတ ဘရက် အိုဘားမားနဲ့ အာဖဂနစ္စတန်မှာ အမေရိကန် တပ်မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး David Petraeus တို့ကို လုပ်ကြံဖို့ အိုစမာဘင်လာဒင် က သူ့ရဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း ထိပ်တန်း အမေရိကန် သတင်းစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။
အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘင်လာဒင်ကို အသေဖမ်းဆီးမိခဲ့တဲ့ နေအိမ်တွင်း သိမ်းဆည်း ရမိတဲ့ မှတ်တမ်းတွေမှာ လုပ်ကြံမယ့် အစီအစဉ်ကို တွေ့ရတာလို့ The Washington Post သတင်းစာ ဆောင်းပါးရှင် David Ignatius က သောကြာနေ့က ရေးသားလိုက်တာပါ။
သမ္မတ အိုဘားမားကို လုပ်ကြံနိုင်မယ်ဆိုရင် လုံးဝပြင်ဆင်မှုမရှိဘဲ ဒုသမ္မတ Joe Biden အာဏာရလာလိမ့်မယ်လို့ ဘင်လာဒင် က ရေးသားထားတယ်လို့လည်း ဆိုပါတယ်။ သမ္မတ အိုဘားမားကို လုပ်ကြံဖို့ အတွက် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမား Ilyas Kashmiri ကို ဘင်လာဒင်က အဆိုပြုထားကြောင်းလည်း သတင်းက ရေးပါတယ်။ Kashmiri ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။
အမေရိကန် တာဝန်ရှိသူတွေနဲ့ ဆန်းစစ် လေ့လာသူတွေကတော့ al-Qaida အဖွဲ့အနေနဲ့ အဆိုပြုထားတဲ့ လုပ်ကြံတိုက်ခိုက်မှုမျိုး ကြိုးပမ်းနိုင်လောက်တဲ့ အခြေအနေမျိုး ရောက်ခဲ့ဖူးတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။
တိမောနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပ
ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံးနဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အရှေ့တီမောနိုင်ငံက ပြည်သူတွေဟာ အင်ဒိုနီးရှား နိုင်ငံကနေ ၂၀၀၂ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးနောက် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် သမ္မတ ရွေးချယ် တင်မြှောက်ပွဲကို မဲပေးနေကြပါတယ်။
စနေနေ့မှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ ဘာပြဿနာမှမဖြစ်ဘဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် သမ္မတရွေးကောက်ပွဲတုန်းကတော့ ပြည်တွင်းစစ် ဖြစ်လုနီးနီး အခြေအနေထိ ရောက်ခဲ့ရတာပါ။
စုစုပေါင်း သမ္မတလောင်း ၁၁ ဦးဟာ လက်ရှိ သမ္မတ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos Horta ကို စိန်ခေါ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ မစ္စတာ ဟိုတား၊ အဓိက အတိုက်ခံပါတီဖြစ်တဲ့ Fretilin ပါတီက Francisco "Lu Olo" Guterres နဲ့ စစ်တပ်အကြီးအကဲဟောင်း Taur Matan Ruak တို့အကြား သုံးပွင့်ဆိုင် ယှဉ်ပြိုင်တဲ့ ပွဲ လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
တစ်ဦးတစ်ယောက်မှ မဲအများစု အနိုင်မရခဲ့ရင် ထိပ်ဆုံးရောက်နေသူ ၂ ဦး ထပ်ပြီးတော့ ရွေးကောက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရဲ့ အဖြေကို စနေနေ့နှောင်းပိုင်းမှာ သိရနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ လေ့လာစောင့်ကြည့် သူတွေကတော့ မဲစာရင်းတွေ အားလုံး ရေတွက်ပြီးစီးဖို့ကတော့ ရက်အနည်းငယ် ကြာဦးမယ်လို့ ပြောဆိုကြပါတယ်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အရှေ့တီမောသမ္မတ ဟိုဆေးရာ မို့စ်ဟော်တာသည် မတ်လ ၁၇ ရက်တွင်ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲတွင် အခြားသမ္မတလောင်း ၁၁ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအကျော့ ယှဉ်ပြိုင် ရဖွယ်ရှိကြောင်း သိရသည်။ ယင်း ၁၁ ဦးမှာ အင်ဒိုနီးရှားမှ လွတ်လပ်ရေး ရရှိရေး ကြိုးပမ်းရာတွင် အရေးပါသော ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့သူများဖြစ်သည်။
အာရှနိုင်ငံသစ်နှင့် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သော အရှေ့တီမောတွင် သမ္မတသည် မူဝါဒရေးရာတွင် အနည်းငယ်သာ ပါဝင်ခွင့် ရှိသော်လည်း နိုင်ငံ တည်ငြိမ်ရေးအတွက်မူ အရေးပါသောနေရာမှ ပါဝင်သည်။ အရှေ့တီမောသည် ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှားမှ လွတ်လပ်ရေးရပြီးနောက် ၂၀၀၇ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ချိန်တစ်ဝိုက်တွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။
ဟော်တာသည် အရှေ့တီမော ပဋိပက္ခတွင် ငြိမ်ချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေမှုနှင့် လွတ်လပ်ရေး ရရှိရေးကြိုးပမ်းမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့်အတွက် ၁၉၉၆ ခုနှစ်၌ ငြိမ်ချမ်းရေး နိုဗယ်ဆု ပူးတွဲရရှိခဲ့သည်။
မတ်လ ၁၇ ရက်တွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ထောက်ခံသူ ၉၀၀၀ ကျော်က ဟော်တာထံ တောင်းဆိုသည့်စာကို လက်မှတ်ရေးထိုး ပေးပို့ခဲ့သည်။ ဒုတိယသက်တမ်းအတွက် အရွေးခံရပါက ယခုရရှိနေသော ငြိမ်းချမ်းရေး အောင်မြင်မှု ထပ်မံရရှိရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ဟော်တာက ပြောကြားခဲ့သည်။
နိုင်ငံလွတ်လပ်ရေး ရရန်ကြိုးပမ်းမှုအတွင်း ဟော်တာသည် ပြည်ပမှနေ၍ စင်ပြိုင်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ကာ လွတ်လပ်ရေး ရရှိရေးအတွက် နိုင်ငံတကာမှထောက်ခံမှုရရှိစေရန် ကြိုးပမ်းခဲ့သည်။
ဟော်တာအတွက် အဓိကပြိုင်ဘက်မှာ ပြောက်ကျားသူပုန်ခေါင်း ဆောင်ဟောင်းနှင့် စစ်ဦးစီးချုပ်ဟောင်း Jose Marie de Vasconcelos ၊ သူပုန်ခေါင်းဆောင်ဟောင်းနှင့် လက်ရှိဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုတို့ ဖြစ်သည်။
၂၀၀၇ ခုနှစ်၊ လွှတ်တော် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သော Fretilin ပါတီမှ Francisco Guterres နှင့် ဒီမိုကရက်တစ်ပါတီမှ Fernando de Araujo၊ အခြား စစ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်သူ တူမာတန်ရွတ်ခ်တို့လည်း ပြိုင်ဘက်ဖြစ်လာနိုင်ပြီး မေလ ၉ ရက်တွင် ဒုတိယ အကျော့ ပြိုင်ရဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ဆီးရီးယား ဗုံးကွဲမှု ၂၇ သေဆုံး
ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်ဒကတ်မှာ ဒီကနေ့ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၇ ဦး သေဆုံးသွားပါတယ်။ ရဲတပ်ဖွဲ့ လုံခြုံရေး ရုံးခန်းအနီးနဲ့ ထောက်လှမ်းရေးရုံးအနီးမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုတွေကြောင့် လူ ၁၀၀ နီးပါးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြားတွေက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုလို့ ပြောဆိုနေတဲ့ ဒီနေ့မနက်က တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်း စုံစမ်း သိရှိချက်တွေအရ ဒီတိုက်ခိုက်မှုဟာ ကားဗုံးထောင်ဗုံး ပေါက်ကွဲတာလို့ ဆိုပါတယ်။
ဗုံးဒဏ်ထိမှန်ပြီး ပြိုကျပျက်ဆီးနေတဲ့ မီးခိုး တလူလူနဲ့ အဆောက်အဦးပုံတွေ၊ သံမဏိချောင်းတွေ လိမ်တွန့် ပျက်ဆီးနေတဲ့ပုံတွေ၊ လမ်းပေါ်မှာ သွေးကွက်တွေနဲ့ ဗန်ကားအောက်မှာ အိုင်နေတဲ့ သွေးကွက်တွေကို ရုပ်မြင်သံကြား သတင်းတွေမှာ ပြသနေပါတယ်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment