Than Shwe
သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ
အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။
ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ်ပြည်ကအိမ်ကို ၀ယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ရင် ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။
နေပြည်တော်ရှိ သူရဲ့ အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ် ပြည်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်။ နေပြည် တော်က သူအိမ်ကို မောင့်ပလဲစန့် (Mt. Pleasant ) လို့ သူတို့ စကားဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ်ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။ ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့ တည် ဆောက်ခဲ့ပြီး ဥရောပက အကောင်းဆုံး ပရိဘောဂတွေကို တပ်ဆင်အသုံး ပြုခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၇၀ လောက် ကုန်ခဲ့တယ်လို့ သိရတယ်။
စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း ဖယိုဖရဲ အကွဲကွဲ အပြားပြားနဲ့ ရှုတ်ထွေးနေတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိတာ တွေ့ရှိနေရတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောပြပါတယ်။
မောင်သိန်းနိုင် (နေပြည်တော်)
အဘိုးအိုတဦးကို ကြံ့ဖွံ့ ဦးအောင်သောင်း ယာဉ်တန်းကားနှင့်တိုက်၍ သေ
ဒီကနေ့ နေ့လည် ၁း၀၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့သည် ဝက်လက်ရွာကို စည်းရုံးရေးဆင်းရာမှာ နတ်နွားတော်ပို့ရွာအနီးတွင် ဦးကံစိန်ဆိုသည့် အဘိုးအိုတဦးကို စည်းရုံးရေးခရီးထွက်လာသည့် ယာဉ်တန်းမှ ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယာဉ်တိုက်မှုကို ပြည်ထောင်စု ဝန်ကြီ...း ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် ညွှန်ကြားပြီး ဝက်လူးရွာကို ဆက်လက်ထွက်ခွာတယ်လို့ သိရပါသည်။
သေဆုံးသူမှာ နတ်နွားတော်ပို့ရွာအနီးမှ ပြရာကျေးရွာက ဖြစ်ပါသည်။ တိုက်မိသည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာဖြစ်တယ်လို့ သတင်းရရှိပါသည်။
အမျိုးသားအကျိုးစီးပွား
၁။အပြည်ပြည်ဆိုင်ရာပင်လယ်ဥပဒေဆိုင်ရာတရားခုံရုံး(International Tribunal for Law of the Sea) မှ မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအကြားရေပိုင်နက် အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အမှုအနိုင်ပေးလိုက်ပြီဖြစ်ပါသည်။
၂။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် စိန့် မာတင်ကျွန်း(ဒေသခံများအခေါ် အုန်းကျွန်း- coconut island) တ၀ိုက်ရေပိုင်နက်မျှသာမျှော်မှန်းထားသောလည်းမထင်မှတ်ပဲစတုရန်းကီလိုမီတာတသိန်းကျော်မျှရေပိုင်နက်ကို ရရှိယုံသာမက ကမ်းခြေမှမိုင်နှစ်ရာအထိစီးပွားရေးဇုံအကျယ်အ၀န်းကိုပါရရှိခဲ့သဖြင့် ထင်ထားတာထက်ပိုအကျိုးရှိစေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စိန့်  မာတင်ကျွန်းသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်မှာရှိသော နတ်မြစ်ဝနှင့်ရှစ်မိုင်အကွာ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်ဘက်မှာရှိသော ကော့ဘာဇာကမ်းခြေနှင့်ကိုးမိုင်အကွာမှာ သန္တာကျောက်တန်းများဖြင့်တည်ရှိနေသည့် ကျွန်းဖြစ်ပါသည်။ယခုကဲ့သို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှရရှိသွားသော ရေပိုင်နက်စတုရန်းကီလိုမီတာတသိန်းကျော်သည် စင်င်္ကာပူနိုင်ငံရေပိုင်နက်ထက်ပိုကြီးမားပါသည်။
၃။စစ်ခေါင်းဆောင်များ၏ညံ့ဖျင်းသောအုပ်ချုပ်ရေးစံနစ်ကြောင့် မြန်မာနိုင်ငံဆုံးရှုံးပျက်ဆီးမှုများဖြစ်နေသည်ကို ရေပိုင်နက်အငြင်းပွားမှုက မီးမောင်းထိုးပြလိုက်ပြန်ပြီဖြစ်ပါသည်။ ယခုအခြေအနေအတိုင်းသာ စခန်းသွားနေပါကဘင်္ဂါလီရိုဟင်ဂျာဆိုသူများလည်းရသေ့တောင်၊ဘူးသီးတောင်၊မောင်းတောနယ်မြေအငြင်းပွားမှုဖြင့် နိုင်ငံတကာခုံရုံးသာတက်ပါက ရခိုင်တပြည်လုံးထိုးအပ်ရမည့်ကိန်းဆိုက်ရောက်တော့မည်ဖြစ် ပါသည်။
၎။မြန်မာနိုင်ငံအစိုးရအဆက်ဆက်တလျှောက်လုံးမှာ တိုင်းပြည်၏နယ်နမိတ်များဆုံးရှုံးခဲ့ရခြင်းကိုကချင်ပြည်မှဖီးမော်၊ဂေါ်လန်၊ကန်ပိုက်တီးဆိုသော ခရိုင်၃ခရိုင်ကို တရုတ်နိုင်ငံသို့ ထိုးအပ်ပေးရသလို၊တရုတ်နိုင်ငံသားများကိုလည်း ကိုးကန့်  တိုင်းရင်းသားအဆင့်အဖြစ် အသိအမှတ်ပြုပေးခဲ့ရသည်။လောစစ်ဟန်နှင့်စတီဗင်လောတို့  အထင်ကရဖြစ်ပါသည်။ထို့ အပြင် ကပ္ပလီကျွန်း(အက်ဒမန်ကျွန်း)ကိုလည်း အိန္ဒိယနိုင်ငံသို့  ပေးအပ်ခဲ့ရသည်။ထိုင်း-မြန်မာနယ်စပ်မှရှေးဟောင်းဘုရားသုံးဆူစေတီအစစ်သည်ထိုင်းနိုင်ငံ၊စံခရေကာတာကြီးအောက်ရောက်သွားခဲ့ရခင်း၊491တောင်ကုန်း၊ဒွိုင်လန်တိုင်းတောင်ကုန်းတို့လိုမဖြေရှင်းနိုင်သေးသောနယ်မြေအငြင်းပွားမှုများလည်းရှိနေသေးသည်။
၅။တိုင်းပြည်၏အရေးကြီးဆုံးသော ဒို့ တာဝန်အရေးသုံးပါးသည် မြေ၊ရေ၊လေအချယ်အချာအာဏာတည်မြဲရေးဖြစ်ပါသည်။ရာထူး၊အသပြာ၊အာဏာကိုသာ
မက်မောသော စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်ရေးအဆက်ဆက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ဖြစ်ပွားခဲ့သည့် အရေးအခင်းတိုင်းမှာ မြန်မာနိုင်ငံဘက်မှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ တကယ်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုသည်မှာ အရှေ့ -အနောက်ပါကစ္စတန်အရေးကြောင့်ဖြစ်ပေါ်လာသော နိုင်ငံဖြစ်ပါသည်။
၆။ဗိုလ်နေ၀င်း မဆလခေတ်မှာ ဟင်္သာစီမံချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခိုးဝင်အခြေချခဲ့သူများအားမောင်းထုတ်ခဲ့ဘူးသောလည်း ပြန်လက်ခံပေးရသောအခါမှာ ကိန်းဂဏန်းအရည်အတွက်နှစ်ဆမကလက်ခံပေးရသည်။လက်ခံပေးခဲ့ရသော ဘင်္ဂါလီဆိုသူများအား မော်လမြိုင်၊လားရှိုး၊တောင်ကြီးတို့ လို ပြည်နယ်နေရာများအထိ စစ်ကားများ၊ကပရကားများဖြင့် သယ်ယူအခြေချခိုင်းခဲ့သည်။ ရန်ကုန်မှာလည်း ဘင်္ဂါလီစုဆိုပြီးပိုကြီးမားခဲ့သည်။ထိုကိစ္စများကို ကြပ်ပြေးလွှတ်တော်တွင် ဗိုလ်သိန်းစိန်၏ လ၀က၀န်ကြီးကိုယ်တိုင် အခြေချလာသူများပြန်မထွက်ကြောင်း လွှတ်တော်တွင်ဝန်ခံပြောကြားခဲ့ပါသည်။ယနေ့ ရေပိုင်နက်အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဗိုလ်နေ၀င်းခေတ် ၁၉၇၄ခုနှစ်စာချုပ်ကို ထုတ်ဖော်တင်ပြကာ ကိုးကားခဲ့ပါသည်။ အမျော်အမြင်နည်းပါးသော စစ်ခေါင်းဆောင်များကြောင့် တိုင်းပြည်ရေတိမ်နစ်ခြင်းဖြစ်သည်။
၇။ဗိုလ်စောမောင်-ဗိုလ်သန်းရွှေလက်ထက် ၉၀၀န်းကျင်ခုနှစ်တ၀ိုက်မှာလည်း ခိုးဝင်နေထိုင်သော ဘင်္ဂါလီများအားမောင်းထုတ်ပစ်ခဲ့ပါသည်။ယူအန်အထိ လူ့  အခွင့်အရေးချိုးဖောက်မှုဖြင့် တိုင်တန်းခံရ၍ ပထမဆုံးအကြိမ်ပြန်လက်ခံရသောအခါမှာလူနှစ်သိန်းခွဲဖြင့်စပြီးနောက်ပိုင်းမှာအသုတ်လိုက်လက်ခံခဲ့ရသည်။ယနေ့  အထိရသေ့တောင်၊ဘူးသီးတောင်၊မောင်းတောတို့ မှာနိုင်ငံတကာအေဂျင်စီများအား ရုံးဖွင့်ခွင့်ပြုထားပါသည်။ကိုယ့်တိုင်းရင်းသားဒေသများအား ဖိနှိပ်နေသော မျိုးချစ်စစ်တပ်ဖြစ်ပါသည်။
၈။မဆလအမွေသည် တိုင်းပြည်အားအဆင်းရဲဆုံးနိုင်ငံအဖြစ်ပေးခဲ့သည်။စောမောင်-သန်းရွှေ-သိန်းစိန် စစ်ခေါင်းဆောင်များလက်ထက်မှာ သံယံဇာတနှင့်နယ်မြေပိုင်နက်အထိ ပေးအပ်နေရသည်။စစ်ခေါင်းဆောင်များ၏ ဘနဖူးသိုက်တူးနေမှုများကြောင့် ထောင်ကဲ-ပေါက်ဖော်တို့ ၊ရာကွပ်-အီစွပ်တို့ အချောင်နှိုက်ခွင့်ရနေပါသည်။ ကိုယ့်တိုင်းရင်းသားပြည်သူလူထုအပေါ်မှာသာ ဗိုလ်ကျအနိုင်ကျင့်ရဲပြီး ပြည်ပနှင့်ရင်ဆိုင်ရသောအခါတိုင်းမှာ အမြှီးကုတ်လေ့ရှိသော အာဂစစ်တပ်ကြီးဖြစ်ပါသည်။
၉။ဂျပန်လူမျိုး(တိုးရစ်)ခရီးသွားတဦးမှရန်ကုန်မှဟိုတယ်ဝန်ထမ်းအမျိုးသ္မီးတဦးအားပါးရိုက်မှုမှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှတရားစွဲမည်ဆိုပြီးမီဒီယာများမှာဖော်ပြခဲ့ဘူးပါသည်။ရေပိုင်နက်အငြင်းပွားမှုကိစ္စမှာအမှုရှုံးသွားခြင်းအားတိုင်းပြည်ကိုအသိပေးခြင်းမရှိသေးတာကိုတွေရပါသည်။့ထိုအပြင်နိုင်ငံတကာသံတမန်လောကတွင်စစ်အုပ်စုလူလိမ်ကြီးများအဖြစ်ကျော်ကြားသောတင့်ကျော်လှိုင်၊၀င်းမရ၊လင်းမြိုင်တို့လိုနှိုက်နှိုက်ချွတ်ချွတ်လိမ်လည်တက်သည့်သူများမှာလည်းရေပိုင်နက်အရေးမှာစွမ်းရည်မပြနိုင်တာကို တွေ့ရပါသည်။ထိန်ချန်ထားသောကြန်အင်လက္ခဏာများအောက်မှာပွင့်လင်းလူအဖွဲ့အစည်းမထူထောင်နိုင်သလို၊ကြီးနိုင်ငယ်ညှင်းစံနစ်နှင့်သာယှဉ်ပါးနေသော စစ်ခေါင်းဆောင်များ၏ အမိန့် ပေးမှုအောက်မှ စစ်တပ်သည်လည်း တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုရေးအတွက် အလှမ်းဝေးလျှက်ရှိနေပါသည်။ ။
စစ်အာဏာရှင်စံနစ်ဆိုးအောက်မှ တိုင်းပြည်လွတ်မြောက်ပါစေ
စစ်အောင်
အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေးကော်မရှင် ဖွဲ့စည်းရန် အဆို ပိုမိုခိုင်မာအောင် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော
အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေးကော်မရှင် ဖွဲ့စည်းရန် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်၏ အဆိုတင်သွင်းမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ ပြောကြားသည်။ “လွှတ်တော် ကိုယ်စားလှယ်များ သိတဲ့အတိုင်းပဲ အဆိုတစ်ခု လွှတ်တော်က လက်ခံဆွေးနွေးပြီးဆိုရင် အဆိုကို ပြန်လည်ရုပ်သိမ်းဖို့ ကာယကံရှင်က တောင်းဆိုသော်လည်း လွှတ်တော်က ခွင့်ပြုချင်မှ ခွင့်ပြုမယ့်အနေအထား ရှိပါတယ်။ အခုကတော့ အဆိုကို ရုပ်သိမ်းမှာ မဟုတ်ဘဲနဲ့ အဆိုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်တဲ့ကိစ္စဖြစ်တယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ သန့်ရှင်းကောင်းမွန်သောအစိုးရ ပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်မည့်၊ အများပြည်သူ ယုံကြည်လက်ခံသည့် အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေး ကော်မတီ ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လက်ခံဆွေးနွေးသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက စာရင်းပေးပို့ထားကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ ဦးသိန်းညွန့် တင်သွင်းသည့် အမျိုးသား အဂတိလိုက်စားမှု တားမြစ်ရေး အဆိုကို ပိုမိုခိုင်မာစေရန်အတွက် ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ လက်ရှိဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းလျက်ရှိသော မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုကို ကိုင်တွယ် ဖြေရှင်းခြင်းနှင့် အစိုးရအဖွဲ့အစည်းများ တည်ဆောက်ခြင်းသည် အရေးကြီးသောကိစ္စရပ် ဖြစ်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP) အကြီးအကဲ Helen Clark က CAN သတင်းတစ်ရပ်တွင် ပြောကြားထားသည်။ အစိုးရ အဖွဲ့အစည်းများ တိုးတက်မှုရှိရေးနှင့် လာဘ်စားမှုကဲ့သို့သော ကိစ္စများတွင် UNDP က ကူညီနိုင်မည့် အနေအထားရှိကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်အကြီးအကဲ Helen Clark က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရန်ကုန်မြို့အတွင်း မြေစိုက် ကြောငြာဘုတ်များ စိုက်ထူခွင့်မပြုတော့
ရန်ကုန်မြို့အတွင်း လူသွားစင်္ကြံများပေါ်ရှိ မြေစိုက်ကြော်ငြာဘုတ်များအား စိုက်ထူခြင်းအား ဆက်လက်ခွင့်ပြုသွားမည် မဟုတ်ဘဲ မကြာမီ ဖြုတ်သိမ်းသွားကြရတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ထိုသို့ လူသွားစင်္ကြံပေါ်တွင် စိုက်ထူထားသော ကြော်ငြာဘုတ်များကြောင့် အများပြည်သူ သွားလာရာတွင် အနှောင့်အယှက် ရှိစေသည့်အတွက် ဆက်လက်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လူသွားစင်္ကြံပေါ်ရှိ အဆိုပါ မြေစိုက်ကြော်ငြာ ဘုတ်များအား ခွင့်မပြုတော့သော်လည်း နံရံကပ်ကြော်ငြာဘုတ်များ၊ LED ကြော်ငြာဘုတ်များကိုမူ ခွင့်ပြုပေးသွားမည်ဖြစ်ကာ အဆိုပါ ကန်သတ်ချက်ကြောင့် မြို့တော်အလှကိုလည်း ပိုမိုပေါ်လွင်စေလာမည်ဖြစ်ကြောင်း သိရသည်။ ‘နိုင်ငံတကာက မြို့ကြီးတွေမှာလည်း မြို့အင်္ဂါရပ်နဲ့ လျော်ညီအောင် စင်္ကြံပေါ် ကြော်ငြာဘုတ်တွေကို စိုက်ထူတာမျိုး မကျင့်သုံးကြတော့ပါဘူး။ အခု ကျွန်တော်တို့ဆီမှာလည်း ကြော်ငြာဘုတ်တွေနဲ့ ပတ်သက်လို့ ညွှန်ကြားချက် ထုတ်တော့မယ်ဆိုတာ ကောင်းပါတယ်။ စင်္ကြံလမ်းပိတ်တာမျိုး အခက်အခဲတွေ မရှိတော့ဘူးပေါ့’ ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ ရန်ကုန်မြို့အနေဖြင့်လည်း ယခုနှစ်များအတွင်း LED ကြော်ငြာဘုတ်များ တပ်ဆင်အသုံးပြုမှုများ ပိုမိုတွင်ကျယ်လာပြီး ထိုသို့သာ အဆင့်မီ တပ်ဆင်ထားမှုများကြောင့် မြို့တော်၏ အင်္ဂါရပ်ကိုလည်း ပိုမိုပြည့်စုံလာစေသည်ဟု သုံးသပ်ပြောဆိုနေမှုများလည်း ရှိသည်။ အချို့သော LED ကြော်ငြာဘုတ်များအနေဖြင့် ကြော်ငြာအား လူအများ အာရုံစိုက်မှု ပိုမိုရှိလာစေရန် ရုပ်သံအစီအစဉ်အချို့အား တိုက်ရိုက်ထုတ်လွှင့် ပြသမှုများအား နှစ်သက်သူ များပြားကြောင်း သိရှိရသည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာကတော့
ဦးဂမ္ဘီရ က ဆိုးလို့ကြမ်းလို့ ဖမ်းရတာပါ လို့ စိတ်တွေ ယိမ်းယိုင်တွေဝေ မသွား
ဖို့ လိုပါတယ်။ ဦးဂမ္ဘီရ ဆိုတာ ခင်ဗျားတို့တွေ ကြပ်တည်းဒုက္ခရောက်ချိန်မှာ မတရားမှုတွေကို မခံနိုင်လွန်းလို့ ရှေ့ကဦးဆောင်ပြီး ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွှဲခဲ့တဲ့
သံဃာခေါင်းဆောင်ပါ။ မတရားမှုကို ကျူးလွန်ထားတဲ့သူတွေက ငပြူးက ပြဲတဲ့
လုပ်ရပ် မတရားသိမ်းပိုက်ထားတဲ့ မဂ္ဂင်ကျောင်းကို မခံနိုင်လွန်းလို့ မတရားမှုကို မခံနိုင်လွန်းလို့ သော့ခလောက်ရိုက်ချိုးဝင်တာ “ပြစ်မှု” ဖြစ်သလား မဖြစ်ဘူးလား သေချာ ဆင်ခြင်သုံးသပ်ကြပါ။
“ဥပဒေ” ခေါင်းစဉ်တပ်ရအောင် စစ်အုပ်စုတွေက ဘာတွေများ ဥပဒေနည်းလမ်း
တကျ ကျနော်တို့ပြည်သူလူထု ကို လုပ်ခွင့်ပေးခဲ့ပါသလဲ ဆိုတာ မေးခွန်းထုတ်ပါ။ နောက် အဲဒီ “ဥပဒေ” ဆိုတာလည်း ကျနော်တို့ စိတ်
တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေလား၊ ဘယ်သူတွေက ဘယ်လိုမျိုးရေးဆွဲပြီး ကျနော်တို့ကို ချုပ်နှောင်ထားတဲ့ ဥပဒေ ဆိုတာလား ဆိုတာ သည်းကွဲအောင်
ကြည့်ပါ။ “မအ”ပါနဲ့။ အာဏာရှင်တွေ စီစဉ်နေတာ ဒီမိုကရေစီကို တရစ်ချင်း
ပေးဖို့ မဟုတ်ဘူး။ ဒီမိုကရေစီ ကို အယောင်ပြပြီး အာဏာကို တရစ်ချင်း ပြန်ကိုင်ထားဖို့ဆိုတာ သေချာသုံးသပ်ရင် မြင်ရပါလိမ့်မယ်။
အဲဒီကြားထဲက အန်တီစု က အတင်းကို စွန့်စား ယုံကြည် လက်တွဲလုပ်ဆောင်
နေတာပါ။ ကျနော်တို့က သူ့အရင်းအနှီးကြီးလွန်းလို့ ရင်တမမနဲ့ သူ့ကြည်ညိုလေးစားစိတ်နဲ့ လိုက်နေရတာ။ ဒီအာဏာရှင်တွေရဲ့ ခြေလှမ်းတွေအချိုးတွေကိုတော့ မသိမရှိ၊ သိ ကြဖို့လိုပါတယ်။
ချိုတူးဇော်
မှတ်ပုံတင်ရရှိရေးနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက် မတ်လ ၁၇၊ ၂၀၁၂
လားရှိုးမြို့ ရန်တိုင်းအောင် ကွင်း၌ လူထုပရိသတ်အား မိန့်ခွန်းပြောရာတွင် လူထုကလည်း ၎င်းတို့၏ အခက်အခဲကို ပြန်လည်ပြောဆိုရာ၌ မဲပေးဖို့ရာ မှတ်ပုံတင်မရှိသည့် အဖြစ်ကို တင်ပြခဲ့သည်။ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပိုက်ဆံမပေးလို့ မှတ်ပုံတင်မရတဲ့သူတွေ ၀ိုင်းပြီးတော့ လက်မှတ်ထိုးပြီး အမြန်ဆုံး ကျွန်မတို့ အဖွဲ့ချုပ်ကိုပေးပါ။ ကျွန်မတို့ အားလုံးစုပြီး ညီညီညွတ်ညွတ်နဲ့လုပ်လိုက်ရင် အရာရောက်ပါတယ်။
ကျွန်မတို့ တတ်နိုင်သလောက်ကြိုးစားပြီးလုပ်ပေးပါ့မယ်။ ရွေးကောက်ပွဲအမီ မှတ်ပုံတင်ရအောင် မလုပ်ပေးနိုင်ရင်တောင်မှ ဒီသတင်းဟာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးပျံ့သွားအောင်လုပ်ပေးနိုင်ပါတယ်” —
ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် (၆) မတ်လ ၁၇၊ ၂၀၁၂ (YPI) မွန်းလွဲ ၃ နာရီ ၁၈ မိနစ်
ယခုလက်ရှိ ပြောကြားလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကောက်နှုတ်ချက် အချို့
တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ “ ကျွန်မတို့ နိုင်ငံဟာ ပထ၀ီအနေအထားအရ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်း နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ”
တပ်မတော်သားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြဖို့ “နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ အဲဒီလူတိုင်းထဲမှာ တပ်မတော်သားတွေလည်း ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ” “ တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြပါ”
ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် (၅) မတ်လ ၁၇၊ ၂၀၁၂ (YPI) မွန်းလွဲ ၃ နာရီ ၀၅ မိနစ်
ကောက်နှုတ်ချက် အချို့ လားရှိုးမြို့ လူထုအခြေအနေနှင့် ပတ်သက်ပြီး
“အရင်တခေါက်လာတုန်းက အခြေအနေနဲ့ မတူဘူး၊ ပြည်သူတွေက ကြောက်နေကြတယ်။”
အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး “ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ပါတီတခုကို တည်ထောင်ခဲ့တာဖြစ်ပါတယ်”
တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး “တိုင်းရင်းသား လူမျိုးလည်း စုံတယ်၊ လူဦးရေကလည်း များတယ်ဆိုတော့ တယောက်နဲ့ တယောက် နားလည်မှုရှိရပါမယ်” “ပြည်သူတွေအနေနဲ့ အပြောင်းအလဲ လိုချင်ရင် မဲရုံကို သွားပြီး ကိုယ်လိုချင်တဲ့သူကို မဲပေးလိုက်ရုံပဲ၊ ပြည်သူတွေလည်း မပင်ပန်းဘူး။”
ပြည်ထောင်စုလွှတ်တော်က အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် အောက်ပလုပ်ငန်းများကို % အလိုက် လျော့ချခြင်းကို အတည်ပြုတင်သွင်းခဲ့ကြသည်။
၁။ နိုင်ငံတော်သမ္မတရုံး၏ အထူးဖွံ့ဖြိုးရေးစီမံကိန်း ၃၁.၃၆၅% လျော့ချ
၂။ ပြန်ကြားရေး၏ စာနယ်ဇင်းလုပ်ငန်း ၁.၇၇% လျော့ချ
၃။ အားကစားဝန်ကြီးဌာန၏ လမ်းလယ်ကျွန်းနှင့် ရှုခင်းဆောက်လုပ်ခြင်း၂၀.၂၆% နှင့် အားကစားကွင်းဆောက်လုပ်မှု ၂၀.၉၃%
၎။ လယ်-ဆည်၏ ဆည်မြောင်းလုပ်ငန်း ၂၈.၇၄% နှင့် စက်မှုလယ်ယာ ၆၅.၈၉%
၅။ စက်မှုဝန်ကြီးဌာန၏ ဆေးဝါး-စားသောက်၊ ကြွေထည်နှင့် အကစ တို့ကို ၅%
၆။ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ စက်မှုလုပ်ငန်းများ ၁၀၀%
၇။ လျှပ်စစ်(၁)၏ ရေအားလျှပ်စစ်လုပ်ငန်းကို ၁၀.၄၅%
၈။ လျှပ်စစ်(၂)၏ လျှပ်စစ်ဖြန့်ဖြူရေးကို ၉.၉၃%
၉။ ဆောက်လုပ်ရေး၏ လမ်းတံတားကို ၃၀.၁၉%
၁၀။ ရထားဌာနကို ၇.၃% အသီးသီး ဖြတ်တောက် လျော့ချလိုက်သည်။
မန္တလေးက လ္ဘက်ရည်ဆိုင် WiFi နဲ့ အင်တာနက်ကိုအခမဲ့ သုံးစွဲခွင် Service ပေးတဲ့ ဆိုင်အမည်နဲ့ လိပ်စာ
အခုအချိန်မှာ Mobile Phone ကိုင်ကြတဲ့ လူတွေတော်တော်များများဟာSmart Phone တွေကိုင်ဆောင်လာကြတာများပါတယ်။ဒါကြောင့် မို့ မန္တလေးက လ္ဘက်ရည်ဆိုင်တွေကလည်း
WiFi နဲ့ အင်တာနက်ကိုအခမဲ့ သုံးစွဲခွင့် ပေးပြီး ၀ယ်ယူသောက်သုံးတွေကိုဆွဲဆောင်ဖို. အပြိုင်အဆိုင်ကြိုးစားလာကြပါတယ်။
အရင်ကဆိုရင်ဒီလိုအင်တာနက်သုံးစွဲခွင့် ကို Coffee Bar တချို့ နဲ့ Hotelတချို့ မှာပဲရတာပါ။အခုဆိုရင်တော့ လ္ဘက်ရည် တခွက်လောက်သောက်ရင်း အင်တာနက်ဖရီးသုံးရင်းမန်းသားတွေစတိုင်ကျနေပါပြီ။Smart Phone လေးတလုံးတော့ လိုမှာပေါ့ .
ဒီလို Service ပေးတဲ့ ဆိုင်တချို့ ရဲ့ အမည်နဲ့ လိပ်စာ
"စိန်ဝင်းဝင်း"..၃၄ လမ်း၊ ၈၄ ၈၅ ကြား
"မင်းသီဟ"..၁၉ လမ်း ၈၂ လမ်းဒေါင့် 
"မင်းသီဟ".၇၈ လမ်း ၃၁ ၃၂ ကြားဘူတာကြီးတောင်ဘက်
"မင်းသီဟ"၂၈ လမ်း ၇၂ ဒေါင့် 
"မင်းသီဟ" ၃၂ လမ်း ၇၇ ၇၈ ကြား
"မန်းမြို့ တော်" ၈၄ လမ်း၃၂ ၃၃ ကြား
မင်းမင်းကျော်..၈၃ လမ်း ၃၃ ၃၄ ကြား
"အာကာမင်း"..၃၂လမ်း ၆၈ လမ်းဒေါင့် 
"ကောင်းဟိန်း" ၄၁ လမ်း ၈၀ ၈၁ ကြား
"ထောထော" လမ်း၈၀ အမှတ် ၂ ရဲစခန်းမြောက်ဘက်၊မြောက်ပြင်
Top Choice လမ်း၈၀ ၃၁ ၃၂ လမ်းကြား
ပန်းသခင် . ကရိဝိတ် . ၂၂လမ်း ၈၃လမ်း ၈၄လမ်းကြား
ယူနီစန် ... လမ်း ၃၀ x ၇၁ လမ်းထောင့်
၈၅လမ်း ၃၅ ၃၄လမ်းကြားကမင်းသီဟ
မဟာနွယ် ၂၈လမ်း ၇၄၊၇၅ ကြား
Cafe Blue ၆၃-လမ်း၊ ၂၉-လမ်းထောင့်
အာကာစိုး ကဖေး ၆၃-လမ်း၊ လမ်း ၃၀ ထောင့်
၈၄လမ်း ၂၉ *၃၀ ယူနီစန်။
၃၄လမ်း ၈၅*၈၆ လမ်း စိန်ဝင်းဝင်း ၂
၈၅လမ်း ၃၄ *၃၅ ကြား မင်းသီဟ
၂၇ *၆၉ ထောင့် မြမန္တလာ local bar
ချစ်ညီလေး ကဖေး.. ၃၂လမ်း..၇၆x၇၇ ကြား
71x31လမ်းထောင့်က ဘာဘီကျူး အသားကင်ဆိုင်ကလည်း wifi freeပေးတယ်ဗျ ... လက်ဖက်ရည်ဆိုင်ကြီးတွေတော်တော်များများ ပေးကြတယ် ... မင်းသီဟ နွဲှ့Top Choice cafeဆိုရင် passwordကိုပဲ စာရေးပြီးကပ်ထားတယ် ကိုယ့်ဖာသာရိုက်ထည့်ပြီး သုံးလိုက်ရုံပဲ ... တော်တော်သဘောကောင်းတဲ့ဆိုင်တွေပဲ ... ဒါကြောင့်လည်း မတွန့်တိုလို့ စီးပွားဖြစ်ကြတာပေါ့ဗျာ ... Top Choice cafeဆိုင်ဆို သူ့ဆီလာသောက်တဲ့သူတွေရဲ့ဆိုင်ကယ်တွေ ကားတွေအတွက်ပါ ရပ်နားခွန်ကိုဆောင်ပေးထားလို့ သူဆီလာတဲ့ယာဉ်တွေ ဘီးခွန်မဆောင်ရဘူးဗျ ..
Thant Zaw Myoma
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှဝန်ထမ်းတစ်ဦးဧ။်ပေးစာ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတင်ပြချက်အရ ဝန်ကြီးဌာနအချို့သိန်းထောင်ချီ၍အလွဲသုံးမှုရှိကြောင်း
လွှတ်တော်တွင်ဆွေးနွေးကြောင်းသိရသဖြင့်ဤစာကိုလွှတ်တော်ကိုယ်စားလှယ်များသိသာရန်တင်ပြ
ရခြင်းဖြစ်ပါသည်။
စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာအရ ပေါ်ပေါက်သောဝန်ကြီးဌာနများမှာအလွဲသုံးမှုအသေးအမွှားများသာ
ဖြစ်ပြီး၊ဝင်ရောက်စစ်ဆေးသောစာရင်းစစ်အဖွှဲ့အပေါ် ဝတ္တရားကျေပြွန်မှု(လာဘ်ထိုးမှု) မရှိခဲ့သည့်
အခြေအနေပေါ်တွင်မှီတည်ပေါ်ပေါက်ခဲ့ခြင်းသာဖြစ်ပါသည်။
ကြီးမားကျယ်ပြန့်သောအလွဲသုံးစားမှုများရှိနေသောဝန်ကြီးဌာနများတွင်မူစစ်ဆေးသည့်စာရင်းစစ်
အဖွဲ့အပေါ်ဝတ္တရားကျေပြွန်မှု(လာဘ်ထိုးမှု)ပမာဏကြီးမားသဖြင့်ပေါ်ပေါက်မှုမရှိခဲ့ခြင်းသာဖြစ်ပြီး၊
တရားဝင်တင်ပြတိုင်ကြားထားသည့်သာဓကများလည်းရှိခဲ့ပါသည်။
မြန်မာနိုင်ငံဧ။်ဂုဏ်ထူးဆောင်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးနှင့်ပါတ်သက်သည့်မန္တလေးတိုင်း
စာရင်းစစ်ဆေးရေးအဖွဲ့ဧ။်စာရင်းစစ်ဆေးတင်ပြမှုအပေါ်တွင်ထိန်ချန်ထားသည့်အလွဲသုံးမှုများအား
ပြန်လည်စီစစ်ပေးနိုင်ရန်မန္တလေးမြို့အောင်မြေသာဇံမြို့နယ်နေ အငြိမ်းစားစာရင်းစစ်ဝန်ထမ်းတစ်
ဦးမှစာရင်းစစ်ချုပ်ထံ တာဝန်သိစွာတင်ပြတိုင်ကြားခဲ့ပြီး၊သမ္မတရုံးသို့မိတ္တူပေးပို့ခဲ့ပါသည်။
သို့သော်လည်း၎င်းတိုင်ကြားစာမှာလိပ်မူပါဌာနသို့အရောက်ဌာနအကြီးအကဲအမိန့်ဖြင့်
ဖျောက်ဖျက်ခြင်းခံခဲ့ရပါသည်။မိမိထံရှိ အဆိုပါစာမိတ္တူပါအကြောင်းအရာများအား စာရင်းစစ်
ချုပ်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများသိသာအရေးယူဆောင်ရွက်နိုင်ရန်
ပူးတွဲဖေါ်ပြလိုက်ပါသည်။
ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးမှာမန္တလေးတိုင်းဒေသကြီးအတွင်းတွင်တည်ရှိပြီးတရုပ်ပြည်
သူ့သမ္မတနိုင်ငံဧ။်ချေးငွေသန်း(၂၀၀)ကျော်အားအတိုးဖြင့်ချေးငှားအသုံးပြုခဲ့ပြီး၊တရုပ်ကုမ္ပဏီများ
ထံမှပစ္စည်းများ၊လုပ်ငန်းများအပ်နှံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အဆိုပါတရုပ်ကုမ္ပဏီများထံလုပ်ငန်း
အပ်နှံစာချုပ်ချုပ်ဆိုရေးအတွက်ဦးအောင်သောင်းဧ။်သား ဦးနေအောင်ပိုင်ဆိုင်သော အိုင်ဂျီအီး ကုမ္ပဏီမှမြန်မာပွဲစားကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့သည်။
တိုင်ကြားစာဧ။်အဓိကအနှစ်ချုပ်မှာ လုပ်ငန်းနှင့်ပစ္စည်းများအားတရုပ်ချေးငွေဖြင့်ဝယ်ယူ
အပ်နှံဆောင်ရွက်ခဲ့သော်လည်း၊အဆိုပါလုပ်ငန်းများထဲမှလုပ်ငန်းအများစုအားနိုင်ငံပိုင်
ကျပ်ငွေအားထပ်မံသုံးစွဲ၍ပြည်တွင်းကုမ္ပဏီကြီးများထံအလီလီလုပ်ငန်းအပ်နှံ၍ထုတ်ယူသုံးစွဲခြင်း၊
တဖန်စီမံကိန်းအရာရှိများမှလည်း၎င်းလုပ်ငန်းများကိုပင်
ခန့်မှန်းခြေစာရင်းရေးဆွဲ၍နိုင်ငံပိုင်ကျပ်ငွေအားထပ်မံထုတ်ယူသုံးစွဲထားခြင်း၊အဆိုပါလုပ်ငန်း
အတွက်ဝန်ထမ်းလစာ၊စားရိတ်များပါထပ်မံကုန်ကျထားခြင်း စသဖြင့်တရုပ်ချေးငွေဖြင့်အပြီးအပ်နှံ
ထားသောလုပ်ငန်းများကိုထပ်မံလုပ်ငန်းပြသုံးစွဲခဲ့သည့်အလွဲသုံးမှုများကြီးမားစွာပေါ်ပေါက်ခဲ့မှု
ကိုစေတနာမှန်စွာဖြင့်တိုင်ကြားတင်ပြထားသည်ကိုစီစစ်တွေ့ရှိရပါသည်။
အလားတူအခြားဝန်ကြီးဌာနများ၊စီမံကိန်းများတွင်လည်း ထိန်ချန်ထားသည့်အလွဲသုံးစား
မှုဖြစ်ရပ်များရှိမှာသေခြာသည့်အတွက်စနစ်တကျစီစစ်ဖေါ်ထုတ်အရေးယူသင့်ပါကြောင်း
တင်ပြလိုက်ရပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှဝန်ထမ်းတစ်ဦး
နေပြည်တော်
စာရင်းစစ်ချုပ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
နေပြည်တော်
၂၀၁၁ ခုနှစ် မေ လ (၅) ရက်
အကြောင်းအရာ။ ။ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအားမန္တလေးတိုင်းစာရင်းစစ်ချုပ်ရုံးမှ
ထိန်ချန်စစ်ဆေးတင်ပြထားခြင်းအပေါ်ထပ်မံစီစစ်အရေးယူပေးပါရန်ကိစ္စ္စ္စ္စ
အကြောင်းအရာပါကိစ္စနှင့်ပါတ်သက်၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း
များဆောင်ရွက်ရာတွင်လုပ်ငန်းများအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အတိုးဖြင့်ချေးငွေ
များအသုံးပြု၍အောက်ပါစာချုပ်များချုပ်ဆိုကာလုပ်ငန်းများအကောင်အထည်ဖေါ်ဆောင်
ရွက်ခဲ့ပါသည်။
(၁) Hydraulic Steel Structure (Lot-1)လုပ်ငန်း၊Transmission Line လုပ်ငန်း၊ ပိုဇိုလန်
စက်ရုံဓါတ်အားခွဲရုံနှင့်ကျောက်ပန်းတောင်းဓါတ်အားခွဲရုံလုပ်ငန်းများအတွက် Service Charges
တပ်ဆင်လုပ်အားခ USD (155,102) အပါအဝင်USD( 2,196,435) တန်ဘိုးရှိသော
စာချုပ်အမှတ် 26/DHP/2003-2004 အား(၂၄-၃-၂၀၀၄)တွင် China National Electric
Equipment Corporation (CNEEC) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။
(၂)ရဲရွာRCC dam (Roller Compacted Concrete dam) တမံသုံး Pozzolan ထုတ်
လုပ်ရေးအတွက်Grinding Plant ပိုဇိုလန်စက်ရုံတည်ဆောက်ရေးလုပ်ငန်းအား
Service Charges တပ်ဆင်လုပ်အားခအပါအဝင် USD( 3,750,000 )တန်ဘိုးရှိသော
စာချုပ်အမှတ် 19/DHP/2002-2003 အား(၂၃-၁၂-၂၀၀၂)တွင် SIAM Industrial
Corporation Ltd နှင့်နိုင်ငံပိုင်နိုင်ငံခြားငွေအသုံးပြု၍ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။
(၃) Hydraulic Steel Structure (Lot-2) လုပ်ငန်းအတွက် Service Charges
တပ်ဆင်လုပ်အားခ
USD(2,051,791.50) အပါအဝင် USD(12,495,216) တန်ဘိုးရှိသော
စာချုပ်အမှတ် 38/DHP/2005-2006 အား(၁၅-၇-၂၀၀၅)တွင် Joint Venture
Consortium of Citic Technology Co.,Ltd နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။
(၄) Electrical and Mechanical Equipment လုပ်ငန်းအတွက် Service Charges
တပ်ဆင်လုပ်အားခ USD (6,295,332.89) အပါအဝင် USD (113,133,548.00)
တန်ဘိုးရှိသောစာချုပ်အမှတ် 39/DHP/2005-2006 အား(၁၅-၇-၂၀၀၅)တွင်
Joint Venture Consortium of Citic Technology Co.,Ltd and
Sinohydro Corporation Limited (CCYW) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။
(၅) RCC (Roller Compacted Concrete) Conveyance & Placing လုပ်ငန်း
အတွက် Dam Instr--ment နှင့် Equipment တန်ဘိုးအပါအဝင် လုပ်ငန်းဆောင်ရွက်ခ
USD(46,325,465.00) တန်ဘိုးရှိသောစာချုပ်အမှတ် 43/DHP/2005-2006 အား
(၁-၈-၂၀၀၅)တွင် China Gezhouba Water & Power (Group) Co.,Ltd (CGGC) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။
(၆) 230KV Transmission Line & Substation လုပ်ငန်းအတွက် Service Charges
အပါအဝင် USD (45,849,336.00) တန်ဘိုးရှိသောစာချုပ်အမှတ်
45/DHP/2005-2006 အား (၂-၉-၂၀၀၅)တွင်China National Heavy Machinery
Corporation (CHMC) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအတိုးဖြင့်ချေးငွေ USD(220,000,000.00)
ဝန်းကျင်နှင့်နိုင်ငံပိုင်နိုင်ငံခြားငွေ USD(60,000,000.00)အပြင်ဆွစ်ဇလန်နိုင်ငံ
Colenco အတိုင်ပင်ခံအင်ဂျင်နီယာငှားရမ်းဆောင်ရွက်ခ Swiss Frances CHF
(25,753,578.38)အားသုံးစွဲဆောင်ရွက်ခဲ့ပါသည်။
တရုပ်ချေးငွေများဖြင့်ရဲရွာစီမံကိန်းအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော်လည်း၊
အဆိုပါစာချုပ်များအတွင်းပါရှိသောလုပ်ငန်းများအားမြန်မာကျပ်ငွေ ငွေလုံးငွေရင်းများ
အသုံးပြု၍ပြည်တွင်းကုမ္ပဏီကြီးများအားပြည်တွင်းလုပ်ငန်းအပ်နှံစာချုပ်များထပ်မံချုပ်ဆို၍
ထုတ်ယူသုံးစွဲခဲ့ပြန်ပါသည်။
တဖန် သက်ဆိုင်ရာလုပ်ငန်းအပိုင်းများအလိုက်တာဝန်ယူထားသောအရာရှိများကလည်း
အဆိုပါတည်ဆောက်၊တပ်ဆင်ရေးလုပ် ငန်းများကိုပင်သီးခြားခန့်မှန်းခြေစာရင်း
များရေးဆွဲ၍လုပ်အားခများ၊ပစ္စည်းဘိုးများအဖြစ်ထုတ်ယူသုံးစွဲခဲ့ပြန်ပါသည်။
၎င်းအပြင်စီမံကိန်းလုပ်ငန်းများအတွက်နေ့စား၊အမြဲတမ်းဝန်ထမ်းများခန့်ထား၍သာမာန်နှင့်
ငွေလုံးစာရင်းတို့တွင်သုံးစွဲထားပြန်သဖြင့် ရဲရွာစီမံကိန်း တွင်လုပ်ငန်းတူများအတွက်ငွေကို
အကြိမ်ကြိမ်ထုတ်ယူသုံးစွဲထားသကဲ့သို့ဖြစ်နေပြီးစီမံကိန်းကုန်ကျစရိတ်မှာမူလတွက်ချက်
လျာထားသည်ထက်များစွာကြီးမားကွာဟနေသည်ကိုတွေ့ရပါသည်။
စီမံကိန်းကုန်ကျစရိတ်ကိုလည်းလျော့နည်းစေရန်အတွက်ငွေစာရင်းခေါင်းစဉ်များ
လိမ်လည်ပြောင်းရွှေ့ထားသည်ကိုတွေ့နိုင်ပါသည်။
နိုင်ငံခြားစာချုပ်များအရလုပ်ငန်းများတွင်ကိုယ်ပိုင်ယာဉ်စက်များယူဆောင်လာ၍
လုပ်ငန်းအပြီးဆောင်ရွက်ရမည်ဖြစ်သော်လည်း ဌာနပိုင် ယာဉ်စက်များ၊စက်သုံးဆီများ၊
ပစ္စည်းများ အသုံးပြုထားသည့်အတွက်ကုန်ကျစရိတ်များ(၂)ခါထပ်နေသကဲ့သို့ဖြစ်နေပါသည်။
ကျောက်ထုတ်လုပ်ငန်းများနှင့်ပိုဇိုလန်စက်ရုံလုပ်ငန်းများတွင်လည်းအလားတူထုတ်ယူငွေများနှင့်
လုပ်ငန်းပမာဏကွာဟနေခြင်းများတွေ့ရပါသည်။
ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများတွင်လည်းဌာနပိုင်ယာဉ်များအသုံးပြုခြင်းများနှင့်ရော
ထွေးနေသလိုသယ်ယူပို့ဆောင်ခနှုန်းထားများမှာလွန်စွာမြင့်မားနေသည်ကိုတွေ့ရပါသည်။
မန္တလေးတိုင်းစာရင်းစစ်ချုပ်ရုံးမှ ရဲရွာစီမံကိန်းလုပ်ငန်းများအားအကြိမ်ကြိမ်စစ်ဆေး
ခဲ့ပြီး၊စစ်ဆေးချိန်တိုင်းတွင်လည်းအဆိုပါတွေ့ရှိချက်များအပေါ်စီစစ်၍ဆက်လက်တင်ပြရန်
ပျက်ကွက်ခဲ့ပြီး၊အဂတိလိုက်စားလျှက်လာဘ်ငွေများစွာအားစီမံကိန်းသက်ဆိုင်ရာ
အရာရှိကြီးများ၊ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာပြည်တွင်းကုမ္ပဏီကြီးများထံမှလက်ခံရယူလျှက်၊
အမှုအားထိန်ချန်ထားခဲ့ကြောင်းတွေ့ရှိရပါသည်။
ရဲရွာရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲ အောင်မြင်စွာဆောင်ရွက်ပြီးသွားသော်လည်း၊သတ်မှတ်
လျာထားသည့် (၇၉၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခြင်းမရှိပါဘဲ၊ (၂၀၀)မဂ္ဂါဝပ်ဝန်းကျင်သာထုတ်လုပ်နိုင်
ခြင်း၊စက်ရုံအစိတ်အပိုင်းတော်တော်များများယိုယွင်းပျက်စီးမှုများရှိနေပါသဖြင့် နိုင်ငံတော်အတွက်
များစွာနစ်နာဆုံးရှုံးနေသည်ကိုစီစစ်တွက်ချက်သိရှိရပါသည်။
သို့ပါ၍ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအား မန္တလေးတိုင်းစာရင်းစစ်ချုပ်ရုံးမှ
ထိန်ချန်စစ်ဆေးတင်ပြထားခြင်းအပေါ် ပြန်လည်စီစစ်သုံးသပ်၍သက်ဆိုင်ရာတာဝန်ရှိ
ပုဂ္ဂိုလ်များအား တာဝန်ယူဖြေရှင်းပေးနိုင်ရေးအတွက် လိုအပ်သလိုအရေးယူဆောင်
ရွက်ပေးပါရန် နိုင်ငံသားတစ်ဦးအနေဖြင့် တိုင်ကြားအပ်ပါသည်။
ချမ်းအေး မန္တလေး
မိတ္တူ- (၁)သမ္မတရုံး၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နေပြည်တော်။
(၂)ပြည်သူ့လွှတ်တော်ဥက္ကဌရုံး၊နေပြည်တော်။ Source: Thithtoolwin
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယနေ့ နံနက် ၁၁ နာရီ ကျော်ခန့်က မအူပင်မြို့ခံ လူငယ် ၄၀ နီးပါးက မေတ္တာရပ်ခံသဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။ မအူပင်မြို့ခံပြည်သူအများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင် မြို့မှရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိတို့မေတ္တာရပ်ခံလိုသည့်ကိစ္စရပ်ကိုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။မေတ္တာရပ်ခံတောင်း ဆိုသည့် အဓိကအကြောင်းရင်းမှာဒေါ်အောင်ဆန်း စုကြည်အား မအူပင်မြို့သို့ လာရောက်စေလိုခြင်းကိစ္စ ရပ် ဖြစ် ကြောင်းသိရသည်။ “ အမေ့အနေနဲ့ အခုအချိန်မှာ ခရီးတွေထွက်ရလို့ ပင်ပန်းနေတယ်ဆိုတာသိပါတယ်သို့ပင် သို့ငြားသော်လည်း ကျွန်တော်တို့မအူပင်မြို့သူမြို့သားတွေက အမေ့ကိုခဏလောက်ဖြစ်ဖြစ် လာစေချင်တယ်။ ကျွန် တော်တို့လူငယ်တွေကလည်း အမေ့ကိုကြိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အမေ့ကိုလာပြီး မေတ္တာရပ်ခံ တာပါ ” ဟုဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့ လာရောက်ခဲ့သည့် မအူပင်မြို့ခံလူငယ်တစ်ဦးဖြစ်သည့် ကို စည်သူ ကပြောသည်။ ဒေသတွင်း အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့သို့အောင်နိုင်ရေး ခရီးစဉ် လာရောက်စေလိုခြင်းဖြစ်ကြောင်းသိရသည်ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအနီးကပ်တာဝန်ယူ ထားသည့် ကိုကျော်ဆန်းအား ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းကြည့်ရာ လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ်ပြည့်နေသောကြောင့် မအူပင်သို့ သွားရောက်ရန်မှာမဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။ယင်းကိစ္စရပ်အားပြေလည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဖြေရှင်းလျှက်ရှိကြောင်းသိရသည်။
Popular Myanmar News Journal
သတင်းမီဒီယာများအပေါ် သတ္တုတွင်းဝန်ကြီးဌာန၏ တုန့်ပြန်မှု အား မြန်မာဂျာနယ်လစ်ကွန်ရက်(ရန်ကုန်) မှ သဘောထားတစ်ရပ် ထုတ်ပြန်ကြေငြာလိုက်သည်။
၁။ ကျွန်တော်တို့ မျိုးဆက်သစ် မြန်မာသတင်းသမားများသည် ၀ါသနာအရင်းခံကာ စွန့်လွှတ်စွန့်စားစိတ်ဖြင့် သတင်းများကို ခက်ခက်ခဲခဲရယူကာ ပြည်သူများအမှန်တရား သိမြင်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု မြန်မာဂျာနယ်လစ် ကွန်ယက်ကခံယူထားသည်။
၂။ သို့ရာတွင် ယခုရက်ပိုင်း အစိုးရ၀န်ကြီးဌာနတချို့သည် သတင်းမှန် ကြိုးစားဖော် ထုတ်ပြီး ပြည်သူများဘက်မှရပ်တည် ရေးသားသော သတင်းထောက်များကို တရားစွဲ ဆိုခြင်း၊ခြိမ်းခြောက်မှု ပါသည့် လုပ်ဆောင်မှုများ ပြုလုပ်လာခြင်းကို စိတ်မကောင်းစွာ ကြားသိနေရပါ သည်။
၃။ ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် မဏ္ဍိုင်အသီးသီးမှ သဘောတူ လက်ခံရန်တိကျသည့်စံချိန်စံညွှန်းများ မရှိသေးချိန်တွင် သတင်းထောက်များအနေဖြင့် သတင်းရေးသားရာတွင် ဆီကိုင်သောလက် ဆီစွန်းပေသည့် ဥပမာအတိုင်း တိမ်းချော်မှု များ သဘာဝကျ စွာ ဖြစ်ပေါ် နေနိုင်သေး သည်ဟုမှတ်ယူသည်။
၎။ ယင်းသို့ဖြစ်ပေါ်ရာတွင် ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊အသင်းအဖွဲ့တစ်ရပ် ကဖြစ်စေ တရားစွဲဆိုသည်မှာလက်ခံဖွယ်ရာရှိသော်လည်း စတုထ္တမဏ္ဍိုင်၏ပင်မတာဝန် ဖြစ်သည့် မဏ္ဍိုင်သုံးရပ်အားစောင့်ကြည့် ရန်နှင့် ယင်းတို့၏ အကျင့်ပျက်ခြစားမှုများ၊ တာဝန်ပျက် ကွက်မှု များနှင့် ဥပဒေမဲ့ပြုမူမှုများကို ဖော်ထုတ်ရေးသားရန် တာဝန်ထမ်းဆောင်မှုကို အစိုးရ၀န်ကြီးဌာနများနှင့် ဌာနဆိုင်ရာများအနေဖြင့် တရားစွဲဆိုလျှင် ဒီမိုကရေစီနိင်ငံ တစ်နိုင်ငံ၏ မှတ်ကျောက်ဖြစ်သော သတင်းစာများ၏ ဖွံ့ဖြိုးတိုးတက်မှုအား ထိခိုက်စေ သကဲ့သို့ သမ္မတဦးသိန်းစိန်းအစိုးရ၏ ဒီမိုကရေစီခြေလှမ်းများကို အဟန့်အတား ဖြစ် စေနိုင်သည် ဟုမြန်မာဂျာနယ်လစ်ကွန်ယက်ကခံယူသည်။
၅။ သို့ဖြစ်ရာ မြန်မာဂျာနယ်လစ်ကွန်ယက်အနေဖြင့် ဒီမိုကရေစီနိင်ငံများ၏ ပုံနှိပ်ဥပဒေတွင် ပြဌာန်းပါရှိသည့် ဒီမိုကရေစီစံနှုန်းများအတိုင်း သတင်းစာများနှင့် သတင်းသမားများအား အစိုးရ၀န်ကြီးဌာနများနှင့် ဌာနဆိုင်ရာများအနေဖြင့် တရားစွဲဆိုခြင်းကဲ့သို့ ခြိမ်း ခြောက်ခြင်းမပြုရန်၊ သတင်းထောက်များ၏ လွတ်လပ်စွာရေးသားပိုင်ခွင့်အား အသိအမှတ်ပြုရန် လေးနက်စွာတောင်းဆိုလိုက်ရပါသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်(ရန်ကုန်)
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment