ကမ္ဘာ့သတင်းများ 26/03/2012
နိုင်ငံတကာသတင်း
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မတ်လ ၂၄ ရက်နေ့ အစောပိုင်းက အာရှသို့ ခရီးထွက်ခဲ့ပြီး ယင်းခရီးစဉ်တွင် ဆက်ဆံရေး တင်းမာနေသည့် ကိုရီးယားနှစ်နိုင်ငံကြား အခိုင်အမာပြုထားသည့် နယ်စပ်ဇုန်သို့လည်း သွားရောက်မည်ဟု သိရသည်။သမ္မတနှင့် ၎င်း၏လက်ထောက်များကို တင်ဆောင်လာသည့် Air Force One ၀ါရှင်တန်မြို့ပြင်ရှိ အင်ဒရူး လေတပ်စခန်းမှ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ထွက်ခွာလာခဲ့သည်။အိုဘားမားသည် တောင်ကိုရီးယားတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်သား ၂၈၅၀၀ အနက် သေဆုံးခဲ့သည့် စစ်သားအချို့ကို ချီးကျူးဂုဏ်ပြုရန် ဆန္ဒရှိနေသည်။ ထို့ပြင် ပြန်လည်အလေးထားလာသည့် အာရှဒေသတွင် အဓိကမဟာမိတ်ဖြစ်သော တောင်ကိုရီးယား၏ အင်အားကိုလည်း ဂုဏ်ပြုလိုသည်ဟု ဆိုသည်။
အိုဘားမားသည် ဆိုးလ်တွင် ပြုလုပ်မည့် ၅၃ နိုင်ငံ နျူထိပ်သီး ဆွေးနွေးပွဲမတိုင်မီ တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်နှင့် မတ်လ ၂၅ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ နောက်တစ်နေ့တွင် တရုတ်သမ္မတ ဟူကျင်တောင်နှင့် ပိုမိုအရေးကြီးသည့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ် ကြောင်း အရာရှိများက ပြောကြားခဲ့ သည်။ မတ်လ ၂၆ ရက်နေ့တွင် ရာထူးမှ အနားယူတော့မည့် ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံမည်ဟု သိရသည်။ထို့အပြင် အိုဘားမားသည် တူရကီနှင့် ကာဇက်စတန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ဒါးမောက် ကောလိပ်ဥက္ကဋ္ဌ ဒေါက်တာဂျင်ယောင်ကင်အား နောက်တက်မည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် သမ္မတဘာရက်အိုဘားမားက မတ် လ ၂၃ ရက်နေ့တွင် အမည်စာရင်း တင်သွင်းခဲ့သည်။ ကင်၏ နောက်ခံပညာရေးမှာ ယခင်ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌများကဲ့သို့ စီးပွားရေးပညာ (သို့မဟုတ်) စီးပွားရေး လုပ်ငန်းပညာ မဟုတ်ဘဲ ဆေးပညာသာဖြစ်သည်။ ကင်သည် နိုင်ငံတကာ အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူးပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် အကြီးတန်းအရာရှိအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အေ့ဒ်စ်ရောဂါ အပါအ၀င် ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ရာတွင် ၎င်း၏ အားထုတ်မှုများအတွက် ကင်ကိုအသိများသည်။ ကင်သည် ဆင်းရဲသော နိုင်ငံများရှိ ကျန်းမာရေး အစီအစဉ်များကို ကူညီ ထောက်ပံ့နေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Partners In Health ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ယင်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာဟောင်းတစ်ဦးလည်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်လွန် စီးပွားရေးအစီအစဉ်ကို ပုံဖော်ရာတွင် အင်အားကြီး မဟာမိတ်နိုင်ငံများကို ကူညီရန်အတွက် ကမ္ဘာ့ဘဏ်ကို အိုင်အမ်အက်ဖ်နှင့်အတူ ၁၉၄၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံအထိရှိပြီး ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးရေး စီမံကိန်း များအတွက် ထောက်ပံ့ကြေးများပေးခြင်း၊ ချေးငွေများ ထုတ်ချေးခြင်းနှင့် နည်းပညာ အကူအညီများပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ စတင်ဖွဲ့စည်းကတည်းက ကမ္ဘာ့ဘဏ်ကို အမေရိကန်က ဦးဆောင်၍ အိုင်အမ်အက်ဖ်ကို ဥရောပက ဦးဆောင်ခဲ့သည်။ ယင်းဘဏ်နှစ်ခု သည် အစုရှင်များဟု ခေါ်ဆိုသည့် အဖွဲ့ဝင်များထံမှ ရန်ပုံငွေများ ရရှိနေသည်။ ဘဏ်၏ ခေါင်းဆောင်သစ်ကို ဘုတ်အဖွဲ့က မဲပေးရွေးချယ်မည်ဖြစ်သော်လည်း အမေရိကန်က အမည်စာရင်း သွင်းခံရသူကို ဘုတ်အဖွဲ့ဝင်အားလုံးက အတည်ပြုမည်ဟု လက်ခံထားကြသည်။

ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးသို့ လူဦးရေစာရင်း စစ်ကြည့်ရာ အာရှနွယ်ဖွားများသည် အမေရိကန်နိုင်ငံအတွင်းတွင် လူဦးရေတိုးတက်မှု အလျင်မြန်ဆုံးဖြစ်ကြောင်း အမေရိကန် သန်းခေါင်စာရင်းဌာနက မတ်လ ၂၁ ရက်နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်မှစတင်၍ စာရင်းပြုစုခဲ့ရာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုမှ စ၍ မိမိကိုယ်ကိုယ် အာရှစစ်စစ်ဟု ပြောသူများသည် မူလထက် ၄၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။
ယင်းကဲ့သို့ တိုးတက်နှုန်းသည် အမေရိကန်လူဦးရေ တိုးတက်နှုန်းထက် လေးဆ ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အနက် အမေရိကန်လူဦးရေသည် ဆယ်စုနှစ်အတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။အမေရိကန်လူဦးရေ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၄ ဒသမ ၇ သန်းသည် အာရှလူမျိုးစစ်စစ်များ ဖြစ်ကြပြီး အာရှနှင့်အထူးသဖြင့် လူဖြူများနှင့် စပ်ထားသော သွေးနှောများသည် ၂ ဒသမ ၆ သန်းရှိကာ လူဦးရေ၏ ၀ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။အာရှလူဦးရေ အများဆုံးနေထိုင်သော နယူးယောက်မြို့တွင် အာရှလူမျိုး ၁ ဒသမ ၁ သန်း နေထိုင်၍ လော့စ်အိန်ဂျယ်လိစ်မှာ ၄၈၄၀၀၀ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

ဆီးရီးယားသမ္မတဘာရှားအာ ဆတ်အနေဖြင့် နိုင်ငံရေးပဋိပက္ခ ပြေလည်စေရေးအတွက် ပထမဆုံးလုပ်ရမည့်အလုပ်မှာ မြို့များတွင် တပ်စွဲထားသော တပ်များကို ရုပ်သိမ်းပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များကို ၀င်ခွင့်ပြုရေးဖြစ်ကြောင်း ရုရှားအကြီးတန်း လွှတ်တော်အမတ်တစ်ဦးက မတ်လ ၂၂ ရက်တွင် တိုက်တွန်းခဲ့သည်။ဆီးရီးယားနှင့်ပတ်သက်ပြီး ရုရှား၏ ရပ်တည်မှု အပြောင်းအလဲကို စတင်မြင်တွေ့ရခြင်းဖြစ်သည်။ မော်စကိုသည် အာဆတ်အစိုးရ နှင့်ပတ်သက်၍ စိတ်မရှည်မှုမြင့် တက်လာပြီး မဟာမိတ်ဟောင်း အပေါ်ဖိအားပေးရန် စိတ်အားထက် သန်နေကြောင်း ရုရှားအထက် လွှတ်တော်မှ ပြည်ပရေးရာကော်မတီဥက္ကဋ္ဌ မီခေးလ်မာဂီလိုဗ်က ပြောကြားခဲ့သည်။
အာဆတ်အနေဖြင့် ၎င်းကျူးလွန်ထားသော အမှားများစွာကို ပြင်ရန်လိုအပ်နေကြောင်း မာဂီလိုဗ်၏ ပြောကြားချက်ကို ITAR-Tass နှင့် RIA Novosti သတင်းဌာနများက ဖော်ပြခဲ့သည်။
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အဆိုပြုချက်များကို ကုလလုံခြုံရေးကောင်စီ ထောက်ခံခဲ့ပြီးနောက် အာဆတ်အနေဖြင့် အဆိုပြုချက်များတွင် ပါဝင်သော ဆီးရီးယား အစိုးရတပ်များကို မြို့များမှ ဆုတ်ခွာရေး၊ အကူအညီပေးရေးအဖွဲ့များကို ခွင့်ပြုရေးတို့ကို ဦးစွာလုပ်ဆောင်သင့်ကြောင်း မာဂီလိုဗ်က ပြောကြားခဲ့သည်။ရုရှားသည် ယခင်က ဆီးရီးယား အစိုးရတပ်ရော၊ အတိုက်အခံတပ်တို့ပါ မြို့များမှ ဆုတ်ခွာသင့်ကြောင်း အကြံပြုထားရာမှ ရပ်တည်ချက် ပြောင်းသွားခြင်းဖြစ်သည်။ ရုရှားနှင့်တရုတ်သည် ဆီးရီးယားနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီဆုံး ဖြတ်ချက်နှစ်ခုကို ဗီတိုသုံးပယ်ချခဲ့ သော်လည်း ကိုဖီအာနန်အဆိုပြုချက်ကိုမူ ရုရှားက ထောက်ခံထားသည်။

မြောက်ကိုရီးယား ဒုံးကျည်လွှတ်မယ့် အစီအစဉ် ပြန်စဉ်းစားဖို့ ကုလပြော
ရှေ့လထဲမှာ မြောက်ကိုရီးယားက လွှတ်တင်ဖို့ ကြေညာထားတဲ့ ဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ်ကို ပြန်ပြီး စဉ်းစားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြောက်ကိုရီးယားကို တိုက်တွန်းလိုက်ကြောင်းမစ္စတာ ဘန်ကီမွန်းဟာ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်နဲ့ စနေနေ့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယား ဂြိုဟ်တု ပြဿနာကို ဆွေးနွေးခဲ့ပါတယ်။ သူဟာ ဆိုလ်းမြို့ကို စနေနေ့ အစောပိုင်းက ရောက်ရှိခဲ့တာဖြစ်ပြီး တနင်္လာနေ့ ကျင်းပမယ့် နျူကလီယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ကြောင်း
အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ အထူးသဖြင့် ဒုံးလက်နက်ဆိုင်ရာ နည်းပညာကို အသုံးပြုမယ့် ဘယ်ကိစ္စမျိုးအတွက် မဆို တားမြစ်ထားတာကို လုံးဝလိုက်နာဖို့ မစ္စတာဘန်ကီမွန်းက မြောက်ကိုရီးယားကို တိုက်တွန်းထားကြောင်းဒါ့အပြင် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မယ့် အစီအစဉ်ကို ပြန်စဉ်းစားဖို့လည်း တောင်းဆိုထားကြောင်း
မြောက်ကိုရီးယား နိုင်ငံဟာ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အပြင် မိုးခေါင်ရေရှားတဲ့ ဒဏ်ကိုပါ ခံနေရတာမို့ အငတ်ဘေးနဲ့ ကြုံနေရတဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက စားနပ်ရိက္ခာ မက်ထရစ် တန်ချိန် ၂ သိန်း ၄ သောင်း ကူညီထောက်ပံ့မှု ပေးမယ်ဆိုရင် သူ့ရဲ့ နျူကလီယား အစီအစဉ်တွေကိုရော ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေကိုပါ ရပ်ဆိုင်းထားမယ်လို့ သဘောတူထားကြောင်းဒါပေမဲ့ နောက်ပိုင်းမှာတော့ တာဝေးပစ် ရော့ကက်နဲ့ ရှေ့လထဲမှာ စူးစမ်းလေ့လာရေး ဂြိုဟ်တု လွှတ်တင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယား ကတော့ မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ဖို့ အစီအစဉ်ဟာ တကယ်ဆိုရင် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည် အတွက် လုပ်ဆောင်နေတာလို့ ယုံကြည်ကြကြောင်းကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကလည်း ဒီအစီအစဉ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေတယ်လို့ သတိပေးထားကြောင်း သိရှိရသည်။
တစ်နှစ်ကြာမြောနေတဲ့ ဂျပန်ငါးဖမ်းသင်္ဘော ပြန်တွေ့
ပြီးခဲ့တဲ့နှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုကြောင့် ပျောက်ဆုံးနေတဲ့ ဂျပန် ငါးဖမ်းသင်္ဘော တစ်စင်းကို အခု ကနေဒါနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းရဲ့ ကမ်းလွန်နေရာမှာ တွေ့ရှိခဲ့ရကြောင်းပေ ၁၆၀ ကျော် အရှည်ရှိတဲ့ ဒီငါးဖမ်းသင်္ဘောကို ကနေဒါနိုင်ငံ တောင်ဘက်မှာ ရှိတဲ့ Haida Gwaii အငူရဲ့ အနောက်ဘက် ရေမိုင် ၁၅၀ လောက်အကွာမှာ တွေ့ခဲ့ရကြောင်း ဒါဟာ Vancouver မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၆၀ လောက်အကွာမှာ ဖြစ်ကြောင်းဒီသင်္ဘောဟာ ကနေဒါကမ်းခြေဆီ တဖြည်းဖြည်း ရွေ့လာနေတာမို့ ရေကြောင်း မတော်တဆ အန္တရာယ် ဖြစ်လာနိုင်ကြောင်း ဒီလှေဟာ ပြီးခဲ့တဲ့နှစ်က ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပြီး မြောက်အမေရိက တိုက်ကို ပထမဆုံး ရောက်ရှိလာတဲ့ အကြီးဆုံး သင်္ဘောတစ်စင်းလည်း ဖြစ်ကြောင်း သိရှိရသည်။
နျူကလီးယား အစည်းအဝေးတက်ဖို့ အိုဘားမား တောင်ကိုရီးယား သွားရောက်
အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် နျူကလီးယား လုံခြုံစိတ်ချမှု ဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့အတွက် စနေနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ညီလာခံကြီးကို သမ္မတအိုဘားမားနဲ့ တရုတ်သမ္မတ ဟူကျင်းတောင် အပါအ၀င် နိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ကြောင်း
သမ္မတ အိုဘားမားဟာ တရုတ်၊ တောင်ကိုရီးယား၊ ကာဇက်စတန်၊ ရုရှား၊ တူရကီ စတဲ့နိုင်တွေရဲ့ ခေါင်းဆောင်တွေနဲ့ ညီလာခံပြင်ပမှာ သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ရှိကြောင်း သမ္မတအိမ်ဖြူတော်က ပြောကြောင်းမစ္စတာအိုဘားမားဟာ ပါကစ္စတန်သမ္မတ ယူဆွပ် ရာဇာ ဂီလာနီ နဲ့လည်း တွေ့ဆုံပြီး အာဖဂန်နစ္စတန်က ဦးဆောင်ပြီး တာလီဘန်နဲ့ ပြန်လည် ရင်ကြားစေ့ရေး ညှိနှိုင်းနေမှုအပေါ် အထောက်အပံ့ပေးတဲ့ လုပ်ငန်းစဉ်ကို ပြန်လည်ဆွေးနွေး သုံးသပ်ဖို့ ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားကြောင်း
အမေရိကန်သမ္မတဟာ တောင်ကိုရီးယားနိုင်ငံကို ဒေသ စံတော်ချိန် တနင်္ဂနွေနေ့ စောစောပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်ရဲ့ အစပိုင်းမှာပဲ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြားမှာရှိတဲ့ စစ်မဲ့ဇုန်ကို သွားရောက် လည်ပတ်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
အီဂျစ်နိုင်ငံ ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်မှု လူတဦးသေဆုံး
အီဂျစ်နိုင်ငံမြောက်ပိုင်းက Port Said မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေါသထွက်နေတဲ့ ဘောလုံးပရိသတ် ထောင်ပေါင်းများစွာကြား တိုက်ခိုက်မှုတွေဖြစ်ပွားလို့ ဆယ်ကျော်သက် လူငယ်တစ်ဦး သေနတ်မှန်ပြီး သေဆုံးသွားသလို တခြားလူ ၁၈ ဦးလည်း ဒဏ်ရာတွေ ရသွားကြပါတယ်။ အရင်လက လူတွေ သေဆုံးခဲ့ရတဲ့ အထိ ဖြစ်ပွားခဲ့တဲ့ ဘောလုံးပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် Al-Masry ဘောလုံးအသင်းကိုလည်း ကစားခွင့် ၂ နှစ် ပိတ်မယ်၊ Port Said ဘောလုံးကွင်းကိုလည်း ၃ နှစ် ပိတ်ထားမယ်လို့ အီဂျစ်ဘောလုံး အဖွဲ့ချုပ်က သောကြာနေ့ ညပိုင်းမှာ ကြေညာလိုက်ပြီးတဲ့နောက် လူတွေ အကြီးအကျယ် ဆန္ဒပြကြတာပါ။
နှစ်ဘက်တိုက်ခိုက်မှုတွေက ဒီနေ့အထိ ကူးလာပြီး လုံခြုံရေးအရာရှိတွေက လေထဲကို သေနတ်ပစ်ဖောက်ပြီး လမ်းတွေပေါ်မှာ ပိတ်ဆို့ထားတဲ့သူတွေ၊ Suez တူးမြောင်း အာဏာပိုင်တွေရဲ့ အဆောက်အဦးအပြင်ဘက်မှာ ဆန္ဒပြနေသူတွေကို လူစုခွဲခဲ့ပါတယ်။
အခု သေနတ်ထိပြီး သေဆုံးသွားတဲ့လူငယ်ကတော့ နောက်ကျောကနေ ပစ်ခံရတာလို့ သတင်းတွေ ထွက်နေပေမဲ့ အသေးစိတ်တော့ ထပ်ပြီး မသိရသေးပါဘူး။ သူတို့ဘောလုံးအဖွဲ့ကို မီဒီယာကနေ သိက္ခာချတယ်လို့လည်း ဆန္ဒပြသူတွေက ပြောကြပြီး ရှုတ်ချပါတယ်။
ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုထဲမှာ လူ ၇၄ ဦး သေဆုံးခဲ့ရတာပါ။ အီဂျစ်မှာ နံမည်အကြီးဆုံး ကိုင်ရိုက Al-Ahly အသင်းနဲ့ Al Masry အသင်းတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံး ခရာသံ ဆုံးပြီးပြီးချင်းမှာပဲ အနိုင်ရ Al-Masry အသင်းက ပရိသတ်က တဘက်ပရိသတ်ကို ဓားတွေနဲ့ထိုး၊ ပွဲကြည့်စင်ပေါ်ကနေ တွန်းချတာတွေ လုပ်ခဲ့ကြပါတယ်။
လာမည့် ရွေးကောက်ပွဲ ရလဒ်များမှာ မပြတ်မသားဖြစ်ပြီး လွှတ်တော်တွင်း ပါတီများအကြား ပြိုင်ဆိုင်မှုပြင်းထန်ခြင်းနှင့်အတူ မည်သည့်ဘက်ကမျှ အပြည့်အ၀ လွှမ်းမိုးနိုင်ခြင်းမရှိသည့် ပါလီမန်(Hung Parli-ment) ဖြစ်သွားနိုင်ကြောင်း ကွာလာလမ်ပူရှိ ပြည်ပသတင်းထောက်များကလပ်၏ အခမ်းအနားတွင် ပြည် တွင်း၊ ပြည်ပဂျာနယ်လစ် ၂၀၀ ခန့် ကို နာဂျစ်က ပြောကြားခဲ့ကြောင်း
''ကျွန်တော်တို့ အမတ်နေရာသုံး ပုံနှစ်ပုံ ရချင်ပါတယ်။ မလိုချင်ဘူးလို့ပြောရင် ကျွန်တော်လိမ်တာပဲ။ သုံးပုံနှစ်ပုံရဖို့က ကြီးမားတဲ့ စိန်ခေါ်ချက်ပဲ'' ''အခုအခြေအနေက ပြောင်းလဲသွားပြီ။ လူမှုကွန်ရက် မီဒီယာတွေက အားကောင်းနေပြီ။ သတင်း အချက်အလက်တွေကို လက်ဝါးကြီးအုပ်လို့ မရတော့ဘူး။ ပြည်သူတွေက ပညာပိုတတ်တယ်''ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်းမလေးရှားလွှတ်တော်သည် မည်သည့်ဘက်ကမျှ အပြည့်အ၀ အသာမရသည့် ပါလီမန်ပုံစံမျိုး ယခင်ကဖြစ်ခဲ့ဖူးခြင်းမရှိဘဲ နာဂျစ်၏ ဘာရီဆန်နေရှင်နယ် ညွန့်ပေါင်းကသာ အဓိက လွှမ်းမိုးထားခဲ့ကြောင်း
မလေးရှားတွင် ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ဘာရီဆန်နေရှင်နယ် ညွန့်ပေါင်းသည် ပြည်နယ် ငါးခုတွင် အတိုက်အခံတို့ကို အရေးနိမ့်ထားသလို ၂၀၀၈ ခုနှစ်အထွေ ထွေရွေးကောက်ပွဲတွင် ကာလရှည် အမတ်နေရာ သုံးပုံ နှစ်ပုံ ရရှိထားမှုကို စွန့်လွှတ်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ရထားသည် ဥတာပရာဒေ့ရှ်ပြည်နယ်တွင်း ခုတ်မောင်းလျက်ရှိစဉ် မဟာမာယနာဂါခရိုင် အတွင်းရှိ စောင့်ကြပ်မည့်သူမရှိသော မီးရထားလမ်းဆုံ၌ လူ ၁၉ ဦးလိုက် ပါလာသည့် သတ်မှတ်အလေးချိန်ထက် ပိုမိုသယ်ဆောင်လာသော ဂျစ် ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ပြည်နယ်မြို့တော် လက်ခနောင်းနှင့် ၂၉၆ ကီလိုမီတာ (၁၈၅ မိုင်) အကွာတွင် မနက် ၇ နာရီခွဲအချိန်၌ ယင်းမတော်တဆ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
ရထားနှင့် တိုက်မိစဉ်တွင် ဂျစ်ကားသည် ပေ ၂၀ (၆ မီတာ) ခန့် လွင့်စင်သွားခဲ့၍ ဂျစ်ကားပေါ်တွင် ပါလာသော လူ ၁၉ ဦးအနက် ၁၅ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်လေးဦးမှာ အပြင်းအထန် ဒဏ်ရာများရရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ မီးရထားလမ်းဆုံ အများစုတွင် စောင့်ကြပ်မည့်သူမရှိခြင်းနှင့် အခြားလုံခြုံရေး အချက်ပြစနစ်များ အပြည့်အစုံ မရှိခြင်းများ အပါအ၀င် ငွေကြေးထောက်ပံ့မှု လုံလောက်ခြင်းမရှိသည့် မီးရထား ပို့ဆောင်ဆက်သွယ်ရေး၏ လုံခြုံရေး နည်းပါးမှုများကြောင့် မီးရထား မတော်တဆ ဖြစ်မှုနှုန်း မြင့်တက်လျက်ရှိပြီး နှစ်စဉ်လူ ၁၅၀၀၀ ခန့် သေဆုံးနေရကြောင်းအိန္ဒိယရထားများကို နေ့စဉ် လူ ၁၈ သန်းက ပုံမှန် အသုံးပြုလျက်ရှိသည်။ ခရီးရှည်သွားလာမှုတွင် လေကြောင်း ပို့ဆောင်ရေးနှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေသော်လည်း အဓိကခရီး သွားလာရေး နည်းလမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း
ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ဥတာပရာဒေ့ရှ် ပြည်နယ်အတွင်း၌ပင် ကာလကတ္တားနှင့် နယူးဒေလီကို ပြေးဆွဲသော အမြန်ရထား ရထားလမ်းချော်မှုကြောင့် လူ ၆၉ ဦး သေဆုံးခဲ့ရသည်။ အိန္ဒိယ၏ အဆိုးရွားဆုံး ရထား မတော်တဆမှုမှာ ၁၉၈၁ ခုနှစ်က ဘီဟာရ်ပြည်နယ်၌ မီးရထားတစ်စီးသည် မြစ်အတွင်းသို့ ထိုးကျမှုကြောင့် ခန့်မှန်းခြေ လူ ၈၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
မလေးရှားတွင် အိမ်အကူများအပေါ် အကြမ်းဖက်မှု များပြားလာသောကြောင့် အိမ်အကူ စေလွှတ်မှုကို ၂၀၀၉ ခုနှစ်မှစ၍ အင်ဒိုနီးရှားက ပိတ်ပင်ခဲ့သည်။ အင်ဒိုနီးရှားသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက အိမ်အကူများကို ကာ ကွယ်ပေးသည့်အခွင့်အရေး ပိုမိုရရှိ လာ၍ တစ်ပတ်လျှင် နားရက်တစ်ရက်ရပါက အိမ်အကူများ စေလွှတ်ခြင်း ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော မလေးရှားအရာရှိကြီးတစ်ဦး၏ အိမ်တွင် တရားမ၀င် သွားရောက်ခဲ့သော အင်ဒိုနီးရှား အိမ်အကူအား အကြမ်းဖက်မှုကြောင့် ပိတ်ပင်ထားမှု ပြန်ဖွင့်ရေး မရေမရာ ဖြစ်သွားခဲ့သေးသည်။
အင်ဒိုနီးရှားသံရုံးအရာရှိ Suryana Sastradiredja က မလေးရှားသို့ စေလွှတ်သည့် ပထမအသုတ်တွင် လူ ၁၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်းနှင့် ဧပြီလလယ်တွင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။အိမ်အကူများအား တစ်လလျှင် ရင်းဂစ် ၇၀၀ (ဒေါ်လာ ၂၃၀) ပေးရန်နှင့် အိမ်အကူက ထမင်းဟင်း ချက်ပေးရခြင်း၊ ကလေးထိန်းပေးရခြင်း၊ သက်ကြီးစောင့်ရှောက်ပေးရခြင်းတို့ ထပ်ဆောင်းလုပ်ပေးရပါက အပိုကြေးပေးရန် အင်ဒိုနီးရှားက တောင်းဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံပိုင် သင်္ဘောကျင်းလုပ်ငန်း ဗီနာရှင်း(Vinashin) ၏ ဒေါ်လာဘီလျံနှင့်ချီသော ကြွေးမြီအရှုပ်တော်ပုံနှင့် ပတ်သက်ပြီး အကြီးတန်း တာဝန်ရှိသူများကို လာမည့်တစ်ပတ်တွင် တရားစွဲဆိုသွားမည်ဟု တရားရုံး တာဝန်ရှိသူတစ်ဦးက မတ်လ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
အရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသော ဗီနာရှင်းသည် ကြွေးမြီဒေါ်လာ လေးဘီလျံဖြင့် ပြီးခဲ့သည့်နှစ်က ဒေ၀ါလီခံရလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဗီနာရှင်း၏ ကြွေးမြီပြဿနာက နိုင်ငံပိုင်လုပ်ငန်းများတွင် စနစ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေကြောင်း ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဗီနာရှင်း၏ ဥက္ကဋ္ဌဟောင်းနှင့် အခြားအမှုဆောင် ၈ ဦးကို နိုဝင်ဘာလက စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုနှင့် စုံစမ်းစစ်ဆေးခဲ့သည်။ စွပ်စွဲမှုများအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနှစ် ၂၀ ထိ ချမှတ်ခံရနိုင်သည်။

''အမေရိကန် သင်္ဘောတွေ ဒီကိုလာနိုင်ပါတယ်။ အစားထိုးလဲလှယ်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေအရ ဘယ်လိုပုံစံနဲ့မှ အမြဲတမ်း အခြေစိုက်စခန်းကို ခွင့်ပြုသွားမှာ မဟုတ်ပါဘူး''ု ဖိလစ်ပိုင်သည် တရုတ်နှင့် ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာဖြစ်နေစဉ် တုံ့ပြန်နိုင်ရန်၊ ကာကွယ်ရေး စွမ်းရည်များ တိုးမြှင့်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် အမေရိကန်နှင့် စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းအာရှပစိဖိတ်တွင် သြဇာကြီး လာသောတရုတ်ကို တန်ပြန်နိုင်ရေးအတွက် အမေရိကန်က ကြိုးပမ်းမှု အဖြစ် သြစတြေးလျတွင် မရိန်းတပ် သားများ တိုးမြှင့်ချထားမည်ဖြစ်သ လို ဖိလစ်ပိုင်နှင့်လည်း စစ်ရေးပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် ဆွေးနွေးခဲ့သည်။ အမေရိကန်သည်စင်ကာပူတွင် တိုက်ခိုက်ရေးသင်္ဘောများ တိုးမြှင့်ချထားရန်၊ ထိုင်းတွင် တပ်စွဲထားရန်လည်း မျှော်လင့်နေကြောင်း သိရှိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment