မြန်မာသတင်းများ မတ် ၂၆ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေနေကြောင့် မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ မကွေးတိုင်း (၄) မြို့နယ် မဲဆွယ်စည်းရုံးရေး သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းရဲ့ အကြံပြုချက်အရ အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားကြောင်းဒေါ်အောင်ဆန်းစုကြည် အခုသွားရောက်နေတဲ့ တနင်္သာရီတိုင်း မြိတ်ခရီးစဉ်အတွင်း ကျန်းမာရေး အခြေအနေ ချို့ယွင်းလာတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ NLDပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောကြောင်း"မြိတ်ခရီးစဉ် အပြည့်အစုံ မသွားနိုင်တော့ဘဲ ၃ နေရာအစား တနေရာကိုပဲ သွားရောက်နိုင်ပါတယ်။ ဆရာဝန်က မကွေးခရီးစဉ်ကို ခွင့်ပြုချက် မပေးလို့ မကွေးခရီးစဉ် ပျက်ပါတယ်။ အနဲငယ် အားနည်းတာပါ။ မကွေးအစီအစဉ်ကတော့ မကွေး၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ကျန်တဲ့ ခရီးစဉ်တွေအတွက် ဘာမှ မပြောသေးပါဘူး။ အရင်အတိုင်းပဲ ရှိနေပါတယ်။"
လေယာဉ်ခရီး၊ ရေကြောင်းခရီးတွေနဲ့ မြိတ်မြို့ကို မဲဆွယ်စည်းရုံးရေးခရီး သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းခရီးအတွင်း ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် မူးမော် အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ သူ့ရဲ့လုံခြုံရေးအဖွဲ့ဝင်တွေက ပြောကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့ကနေ လေကြောင်းခရီးနဲ့ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိ လာကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း
ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ လူတန်းစားတွေ ပပျောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပြီးလူတိုင်းတန်းတူညီမျှမှု ရမှာ ဖြစ်တယ်လို့ ဒီကနေ့ မြိတ်မြို့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းတာကြောင့် ဒီကနေ့ မြိတ်မြို့က ကျေးရွာတွေကို သွားမယ့် ခရီးတွေကိုလည်း ဖျက်လိုက်ကြောင်း သိရှိရသည်။
မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်
မြန်မာနဲ့ မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့  မြန်မာအစိုးရက ကြေညာလိုက်ကြောင်းလာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရကြောင်းမနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ကြောင်းမလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ကြောင်းမြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့  သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့  သိရကြောင်း သိရှိရသည်။
ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ
ကချင်ဒေသက စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဟာ အခုအခါ ကချင်ဒေသကို ရောက်ရှိ ကူညီနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် လိုက်ကြောင်းကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ရဲ့ခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တာ ဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည် တထောင်အတွက် တလစာ စားသုံးနိုင်မယ့် အစားအသောက်နဲ့ အရေးပေါ်သုံး ပစ္စည်းတွေကို မြစ်ကြီးနားမြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောကြောင်းကုလသမဂ္ဂအဖွဲ့ရဲ့ ကချင်ပြည်နယ် ဒီ-ခရီးစဉ်ဟာ ဒုတိယအကြိမ် ဖြစ်ပြီး နောက်ကိုလည်း အခုလို အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြောင်း ပထမ အကြိမ်ကတော့ ၂၀၁၁ ဒီဇင်ဘာလထဲမှာ ဖြစ်ကြောင်း
ဒီအဖွဲ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ UNOCHA ၊ ကုလသမဂ္ဂ ပညာရေးနဲ့ ကလေးသူငယ်များ ဆိုင်ရာ ရံပုံငွေအဖွဲ့ UNICEF၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Program နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်ကြကြောင်း
ကချင်ဒေသတွင်း ပဋိပက္ခကြောင့် ဖြစ်လာရတဲ့ ပြည်တွင်း အိုးအိမ်စွန့် ဒုက္ခသည်တွေကို အသိအမှတ်ပြုပြီး လူသားချင်း စာနာတဲ့ အခြေခံစည်းမျဉ်းတွေအရ ဒုက္ခသည်တွေ လက်ထဲ အကူအညီတွေ တိုက်ရိုက် ရောက်သွားအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ကြေညာချက်က ဆိုကြောင်း သိရှိရသည်။
မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအဖွဲ့ ၅ နှစ်ပြည့်
ရန်ကုန်တိုင်း တွံတေးမြို့အခြေစိုက် Care for Children မိဘမဲ့ကလေးများ ကူညီစောင့်ရှောက်ရေး (C.F.C) လူငယ် အဖွဲ့က အဖွဲ့ ထူထောင်ခြင်း (၅) နှစ်မြောက်အတွက် တွံတေး-မင်္ဂလာ ပရဟိတ ဘုန်းတော်ကြီးကျောင်းက မိဘမဲ့ ကလေး (၄၀၀) ကျော်ကို အစားအသောက် အဝတ်အထည်နဲ့ ပညာရေးပစ္စည်းတွေ မနေ့က လှူဒါန်းလိုက်ကြောင်းလှူဒါန်းတဲ့ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်သလို၊ အဖြူရောင်တွဲလက်များအဖွဲ့နဲ့ အခြား ပရဟိတ NGO အဖွဲ့တွေ စေတနာ့ဝန်ထမ်း လူငယ်တွေပါ တက်ရောက်ခဲ့ကြောင်းCare for Children အဖွဲ့အနေနဲ့ ကိုယ်ပိုင်ရံပုံငွေ ထူထောင်ပြီး အခုလို အကူအညီ ပေးနေတာ ဖြစ်ကြောင်း Care for Children အဖွဲ့ဟာ စာကြည့်တိုက်ငယ်လေးတွေ ဖွင့်လှစ်ပေးတာ စိတ်ဝင်စားတဲ့ ဒေသတွေမှာ စာဖတ်ဝိုင်းတွေ သွားရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ကြောင်း သိရှိရသည်။လုံခြုံရေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ယုတ္တိမတန်ကြောင်း KIO ပြော
ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ
ကော်မရှင်က ရွှေ့ဆိုင်းလိုက်သော်လည်း ယင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် လုံခြုံရေးအကြောင်းပြ
ရွှေ့ဆိုင်းခြင်းမှာ ယုတ္တိမတန်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောကြောင်း
ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သော ဖားကန့်၊ ဗန်မော်၊ မိုးကောင်းမြို့နယ်များအား လုံခြုံရေး အခြေအနေများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မတ်လ ၂၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ ထည့်သွင်း ကြေညာထားကြောင်းရွေးကောက်ပွဲကျင်းပရန်ရှိသည့် ဒေသများတွင် တိုက်ပွဲပဋိပက္ခများ မရှိသော်လည်း ကချင်ပြည်နယ် အခြားဒေသများဖြစ်သည့် KIO ၏ မိုးညှင်းမြို့နယ် တပ်မဟာ (၂)လက်အောက်ခံ တပ်ရင်း(၅)၊ မိုးမောက်မြို့နယ် တပ်မဟာ (၃) နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်း၊ မန်ဒုံမြို့နယ်အကြားရှိ KIO တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)ဒေသတွင် နှစ်ဖက်တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေကြောင်း မတ်လ ၂၃ ရက်နေ့ထိ တိုက်ပွဲပေါင်း ၇၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစိုးရကိုယ်စားလှယ်များနှင် KIO တို့ တပ်ဖွဲ့များ အပြန်အလှန် ရုပ်သိမ်းရေးကိစ္စများ နှစ်ဖက်သဘောတူထားသော်လည်း အစိုးရဘက်က တစုံတရာလုပ်ဆောင်ပေးခြင်းမရှိဘဲ KIO နယ်မြေအတွင်း တပ်များ တိုးမြင့်လာခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း
ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ အဖွဲ့အနေဖြင့် KIO နှင့် သဘောတူထား သည့် အချက်များကို သက်ဆိုင်ရာအစိုးရ အာဏာပိုင်များထံသို့ ထိရောက်စွာ တင်ပြနိုင်ခြင်းမရှိဟု သူက ယူဆနေကြောင်းဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံစဉ် အစိုးရတပ်၏ စစ်ရေးအရှိန်များ ထိန်းသိမ်းသွား ရန်နှင့် မတ်လအတွင်းက ပြဿနာဖြစ်ပွားနေသည့် ဒေသများတွင် နှစ်ဖက်ညှိနိုင်းလုပ်ဆောင်သွားရန် သဘောတူညီ ခဲ့ပြီး ယခုအထိ တိတိကျကျ တုံ့ပြန်မှုမရှိသဖြင့် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကော်မရှင်က ရွှေ့ဆိုင်းလိုက်သော်လည်း ယင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် လုံခြုံရေးအကြောင်းပြ
ရွှေ့ဆိုင်းခြင်းမှာ ယုတ္တိမတန်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောကြောင်း
ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သော ဖားကန့်၊ ဗန်မော်၊ မိုးကောင်းမြို့နယ်များအား လုံခြုံရေး အခြေအနေများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မတ်လ ၂၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ ထည့်သွင်း ကြေညာထားကြောင်းရွေးကောက်ပွဲကျင်းပရန်ရှိသည့် ဒေသများတွင် တိုက်ပွဲပဋိပက္ခများ မရှိသော်လည်း ကချင်ပြည်နယ် အခြားဒေသများဖြစ်သည့် KIO ၏ မိုးညှင်းမြို့နယ် တပ်မဟာ (၂)လက်အောက်ခံ တပ်ရင်း(၅)၊ မိုးမောက်မြို့နယ် တပ်မဟာ (၃) နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်း၊ မန်ဒုံမြို့နယ်အကြားရှိ KIO တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)ဒေသတွင် နှစ်ဖက်တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေကြောင်း မတ်လ ၂၃ ရက်နေ့ထိ တိုက်ပွဲပေါင်း ၇၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစိုးရကိုယ်စားလှယ်များနှင် KIO တို့ တပ်ဖွဲ့များ အပြန်အလှန် ရုပ်သိမ်းရေးကိစ္စများ နှစ်ဖက်သဘောတူထားသော်လည်း အစိုးရဘက်က တစုံတရာလုပ်ဆောင်ပေးခြင်းမရှိဘဲ KIO နယ်မြေအတွင်း တပ်များ တိုးမြင့်လာခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း
ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ အဖွဲ့အနေဖြင့် KIO နှင့် သဘောတူထား သည့် အချက်များကို သက်ဆိုင်ရာအစိုးရ အာဏာပိုင်များထံသို့ ထိရောက်စွာ တင်ပြနိုင်ခြင်းမရှိဟု သူက ယူဆနေကြောင်းဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံစဉ် အစိုးရတပ်၏ စစ်ရေးအရှိန်များ ထိန်းသိမ်းသွား ရန်နှင့် မတ်လအတွင်းက ပြဿနာဖြစ်ပွားနေသည့် ဒေသများတွင် နှစ်ဖက်ညှိနိုင်းလုပ်ဆောင်သွားရန် သဘောတူညီ ခဲ့ပြီး ယခုအထိ တိတိကျကျ တုံ့ပြန်မှုမရှိသဖြင့် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်ဒေသတွင်း စစ်ရေး အရှိန်မြင့်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေတဲ့ကြားက ထိုးစစ်တွေ ထပ်တိုးလာတာဟာ စစ်ရေးအရှိန်တွေ လျော့သွားအောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်တာကြောင့် ဖြစ်တယ်လို့ ကချင် KIO အဖွဲ့က ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်တွင်းက ဆွေေးနွးမှုတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကချင် KIO အဖွဲ့က စာတစ်စောင်ထုတ်ပြန် အသိပေးလိုက်ပါတယ်။
KIO ဘက်က အဓိက ပြောချင်တာကတော့ အစိုးရ ငြိမ်းချမ်ရေးအဖွဲ့တွေနဲ့ သူတို့ ကချင်အဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတယ်၊ ဒါပေမဲ့ တဘက်ကလည်း ထိုးစစ်တွေ အရှိန်မြင့်လာနေတယ်၊ ဒါဟာ လက်ရှိ နှစ်ဘက် အဖွဲ့ကြားမှာ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ် မထိုးနိုင်ကြသေးဘူး ဆိုပေမယ့် စစ်ရေးအရှိန်လျော့အောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်တွေ့မှာ မအောင်မြင်ဘူး ဆိုတာ သိရအောင်လို့ လူထုကို အသိပေးစာတစ်စောင် ထုတ်ပြန်တာဖြစ်ပါတယ်လို့ KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“မတ်လ ၈ နဲ့ ၁၀ ကြား ဆွေးနွေးရေးကာလတွင်းမှာပဲ တပ်ရင်း (၅) ဘက်ကို ထိုးစစ်တွေ လုပ်လာတယ်။ နောက်မကြာခင်မှာပဲ တပ်မဟာ (၃) နဲ့ ဗဟိုဌာနချုပ်ဘက်မှာလည်း အင်အားတွေ တိုးပြီးတော့ ထိုးစစ်တွေ လုပ်လာတယ်။ ဒီ မတ်လ တိုက်ပွဲပေါင်း အားလုံး ၇၈ ကြိမ် ရှိသွားပါပြီ၊ ကျနော်တို့ ဒီကနေ့အထိဆိုရင် အားလုံး ၇၈ ကြိမ် ရှိသွားပြီ။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးပွဲ နှစ်ခုစလုံးမှာ စစ်ရေးအရှိန်များကို လျော့သွားအောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်က အကောင်အထည် မဖော်နိုင်တဲ့အပြင် စစ်ရေးအရှိန်က တိုးမြင့်လာတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ဘက်ကနေပြီးတော့ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်ဘူးလို့ အဲဒီလို သဘောပေါက် နားလည်ကြတယ်။ တကယ်တော့ ကျနော်တို့က ဒီ သဘောတူညီချက်ပုံစံကို ယေဘုယျအားဖြင့် ၁၈ ရက်နေ့မှာ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းတို့ကို ကျနော်တို့က အဆိုပြုပြီး တင်သွင်းထားပြီးသား ဖြစ်တယ်။ အဲဒီတော့ လက်မှတ်မထိုးနိုင်တာကတော့ အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ သို့သော်လည်းပဲ KIO က စာချုပ်ပုံစံနဲ့တကွ လက်မှတ်ရေးထိုးဖို့၊ ခိုင်ခိုင်မာမာ လုပ်ဖို့ ကျနော်တို့ဘက်က အဆိုပြုလွှာ တင်သွင်းထားပြီးသား ဖြစ်တယ် ဆိုတာကို လူထုကို အသိပေးချင်တာပါ။”
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကချင်အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ဒီနောက်ဆုံးအကြိမ်မှာလည်း နှစ်ဘက် အပစ်ရပ် သဘောတူညီချက် လက်မှတ် ထိုးနိုင်ခဲ့တာ မရှိသေးပါဘူး။ အဓိက ကတော့ ကချင်ပြည်နယ်တွင်း တပ်စခန်းချထားရေး ကိစ္စတွေနဲ့အတူ အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ စောင့်ကြပ်မှုအောက်မှာ ကချင်အဖွဲ့က ရေးထိုးချင်တယ် ဆိုတဲ့အချက်တွေကို ညှိနှိုင်းမရတာကြောင့် ဖြစ်ပါတယ်။
“ပြဿနာဖြစ်နိုင်တဲ့ ဒေသမှာရှိတဲ့ နှစ်ဘက်စလုံး တပ်စခန်းတွေကိစ္စကို အရင်ဆုံး ဖြေရှင်းရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေက နီးနီးကပ်ကပ် ရှိတယ်။ တချို့တွေကတော့ အနောက်ဘက်မှာရော၊ အရှေ့ဘက်မှာရော အဲဒီလို ရောပြီးနေတဲ့အခါကျတော့ ဒီစခန်းတွေကိစ္စကို ဖြေရှင်းပြီးမှာသာလျင် သဘောတူညီမှုကို လုပ်လို့ရှိရင် တိုက်ပွဲတွေက ရပ်ဆိုင်းသွားမှာဖြစ်တယ်။ လက်မှတ်ထိုးရုံနဲ့ ဒီကိစ္စက ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ ကျနော်တို့က အဲဒီလို တင်ပြထားတာဖြစ်ပါတယ်။ အရင်လို အပစ်ရပ် သဘောတူညီချက် လုပ်ထားပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုရင် အဓိပ္ပါယ်မရှိတဲ့ သဘောတူညီချက် ဖြစ်သွားမှာပဲ။ အဲဒီတော့ အခု ကျနော်တို့က ခိုင်ခိုင်မာမာ ဖြစ်ချင်တယ်။ တဘက်နဲ့တဘက် သတိထားပြီးနေတဲ့ အချိန်မျိုးမှာ သဘောတူညီမှု ဘယ်လောက်ပဲလုပ်လုပ် ရှေ့တန်းမှာတော့ ဒါ ထိန်းလို့ရမှာမဟုတ်ဘူး။ အဲဒါတွေကို အရင် ဖြေရှင်းဖို့လိုတယ်လို့ ကျနော်တို့က တင်ပြထားတာပါ။”
အခုလို KIO ဘက်က သူတို့ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေ ထုတ်ပြန်တဲ့စာကို အစိုးရအဖွဲ့တွေဆီလည်း ပို့ထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့ဘက်က ဒီထုတ်ပြန်ချက်ကို ဦးအောင်းသောင်းတို့ အဖွဲ့ဆီလည်း ပို့ပါတယ်။ နောက်ပြီးတော့ ကြားမှာ စေ့စပ်ရေးလုပ်ပေးတဲ့ အဖွဲ့ကိုလည်း ကျနော်တို့ ပို့ထားပြီးသားပါ။ အဲဒီတော့ ပြည်သူလူထု ကြားထဲမှာလည်း ဒီစာတွေ ကျနော်တို့က အခု ဖြန့်နေပါတယ်။ ပြီးတော့ လိုအပ်လို့ရှိရင် ကျနော်တို့က ရှင်းလင်းပွဲတွေ လုပ်ဖို့ ရှိပါတယ်။ ဘယ်တော့ ထပ်တွေ့ဖို့ဆိုတာ ကျနော်တို့က ရက်အတိအကျ ချိန်းထားတာ မရှိဘူး။ အဲဒီတော့ တဘက်နဲ့ ပြန်ပြီး ညှိနှိုင်းရအောင်ဆိုတဲ့ သဘောနဲ့ပဲ ပြန်ပြီး အစည်းအဝေးကို နိဂုံးချုပ်ထားတယ် ဆိုတော့ အစိုးရဘက်ကနေပဲ ဘယ်နေ့မှာ တွေ့မလဲဆိုတာ ကျနော်တို့ စောင့်နေတာပါ။”
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးအရ ဆိုပြီး မိုးကောင်း၊ ဗန်းမော်၊ ဖားကန့် နေရာသုံးခုမှာ ရွေးကောက်ပွဲကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထားပါတယ်။ ဒီအပေါ် KIO အဖွဲ့ရဲ့ အမြင်ကတော့ -
“ကျနော်တို့ကတော့ ဒီ လုံခြုံရေး ဆိုတဲ့ခေါင်းစဉ်ကို သေချာရှင်းရှင်းလင်းလင်း နားမလည်ဘူး။ ဒီဒေသမှာကတော့ တိုက်ပွဲကြောင့်ဆိုတာ သိပ်ပြီးတော့ ဟပ်စပ်မှု မရှိဘူးလို့ ကျနော်တို့ ဒီလိုပဲ မြင်တယ်။ နောက် ကျနော်တို့ KIO ကတော့ လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ အားလုံးကို အသိပေးပြီးသား ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ ကျနော်တို့ဘက်က ဘာမှအနှောက်အယှက်ပေးမှာ မဟုတ်ဘူး။ လူထုကလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် ပါဝင်ကြဖို့ဆိုပြီးတော့၊ အခု ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒီသဘောထားကတော့ KIO မှာ ရှိနေဆဲဖြစ်ပါတယ်။”
KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်နေတာ အခုဆိုရင် ၁၀ လ ရှိနေပြီဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် နှစ်ဘက်အဖွဲ့တွေဟာ ယုံကြည်မှုတွေ ပိုတည်ဆောက်ပြီး ငြိမ်းချမ်းရေး လက်မှတ်တွေ အမြန်ထိုးကြဖို့အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကလည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ
ဒီကနေ့ တနင်္သာရီတိုင်း မြိတ်မြို့ကို ရွေးကောက်ပွဲစည်းရုံးရေး အဖြစ်သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ကြုံနေရပါတယ်။ မြိတ်ကျွန်းစုတွေဆီကို သွားဖို့ စီစဉ်ထားပေမဲ့ အမြန်ရေယာဉ် ငှားမရတဲ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဒီကနေ့ မသွားနိုင်ခဲ့ဘူးလို့ NLD က ပြောကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာရီတိုင်း မြိတ်မြို့နယ်တွေထဲက ကျွန်းစုတွေဆီ ခရီးသွားနေတာမို့ ဒီခရီးရဲ့အခြေအနေတွေ သိဖို့ တညနေလုံး တယ်လီဖုန်းဆက်သွယ်နေပေမဲ့ ဖုန်းခေါ်မရဖြစ်နေကြောင်း ဒါပေမဲ့ အခု နောက်ဆုံးအသံမလွှင့်ခင် မိနစ်ပိုင်းအတွင်း တယ်လီဖုန်းရတဲ့အခါမှာတော့ အခု သူတို့သွားနေတဲ့ မြိတ်ခရီးစဉ်မှာ အဆင်မပြေ ဖြစ်နေတာတွေ ရှိနေကြောင်း အဓိကကတော့ ကျွန်းစုတွေဆီကို သွားဖို့ တစ်နာရီကို အနည်းဆုံး ၂၅ မိုင်လောက်မောင်းနိုင်တဲ့ အမြန်ရေယာဉ်ကို ငှားပေမဲ့ ငှားမရတာကြောင့် ရတဲ့ ယာဉ်နဲ့ သွားနေရတာ ဖြစ်ကြောင်း ဒါကြောင့် ခရီးမပေါက်နိုင်ဘဲ စခန်းသစ်ဆိုတဲ့ ရွာတစ်ခုမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားပြောတာ လုပ်နိုင်ခဲ့ပြီး ကျန်တဲ့နေရာတွေကို ဆက်သွားဖို့ အဆင်မပြေတော့လို့ အခု မြိတ်မြို့ကို လှည့်ပြန်လာနေရတယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောကြောင်း
ဒါ့အပြင် ရေယာဉ် သောင်တင်တာတွေလည်း ကြုံခဲ့ရတယ်လို့ ပြောကြောင်း အခု ည ၉ နာရီနီးပါးထိ မြိတ်မြို့ကို ပြန်မရောက်သေးပေမဲ့ နောက်တစ်နာရီနီးပါးအကြာ မြိတ်မြို့ထဲကို ပြန်ရောက်ဖို့ရှိကြောင်း အခု တနင်္သာရီတိုင်းကို ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး သွားဖို့ စ စီစဉ်ကတည်းက မြိတ်မြို့မှာ အမြန်ရေယာဉ် ငှားမရတဲ့ ပြဿနာရှိနေကြောင်း ရေယာဉ်ပိုင်ရှင်တွေကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် NLD ပါတီကို ရေယာဉ်မငှားရဲကြတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောကြောင်း သိရှိရသည်။
သတင်းထိန်းချုပ်မှု လျှော့ချဖို့ စီစဉ်နေလို့ ပြန်ကြားရေးဝန်ကြီးဆို
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေရာမှာ အစိုးရအနေနဲ့ ခေတ်စနစ်နဲ့အညီ သတင်းမီဒီယာ ကဏ္ဍမှာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့မှာ စနေနေ့က အရေးပေါ် ခေါ်ယူကျင်းပတဲ့ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း ညီလာခံမှာ စာရေးဆရာများ၊ ထုတ်ဝေသူများနဲ့ သတင်းသမားများကို ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အသစ်ထုတ်ပြန်လိုက်တဲ့ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း
အစိုးရသစ်အဖွဲ့ အာဏာရယူခဲ့တဲ့ တစ်နှစ်နီးပါး အချိန်အတွင်းမှာပဲ အရင်က အစိုးရထိန်းချုပ်မှု အပြည့်ရှိတဲ့ သတင်းမီဒီယာ ကဏ္ဍကို နိုင်ငံရေးကင်းရှင်းတဲ့ လွတ်လပ် အဖွဲ့အစည်းဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲဖို့ လုပ်ဆောင်လာခဲ့တယ်လို့လည်း ပြောကြောင်း
ညီလာခံကို တက်ရောက်လာကြတဲ့ သတင်းသမားတွေကလည်း ဒီအပြောင်းအလဲအတွက် ကြိုဆိုခဲ့ကြပြီး ရှေ့လျှောက် ပိုမို လွတ်လပ် ပွင့်လင်းမှု ရဖို့ မျှော်လင့် ထားကြကြောင်း ဒီညီလာခံမှာပဲ မီဒီယာဥပဒေသစ် အတွက် မူကြမ်းအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
လွတ်လပ်သော စာပေ စာနယ်ဇင်းအဖွဲ့များ ပြန်လည်ဖွဲ့မည်
မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ စာပေစာနယ်ဇင်း အရေးပေါ်ညီလာခံတစ်ခုကို ဒီကနေ့ မတ်လ ၂၄ ရက် စနေနေ့မှာ ပြုလုပ်ခဲ့ကြောင်း သတင်းသမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာဖို့နဲ့ နိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိဖို့တွေကို ဒီအသင်းအဖွဲ့က လုပ်ကိုင်နိုင်ဖို့ ဖြစ်တယ်လို့လည်း အဖွဲ့ဖြစ်မြောက်ရေး တာဝန်ခံတွေက ပြောကြောင်း
မြန်မာနိုင်ငံမှာ သတင်းမီဒီယာလုပ်ငန်းတွေ လွတ်လပ်ပြီး ဖွံဖြိုး တိုးတက်လာဖို့အတွက် ဒီကနေ့ မတ်လ ၂၄ ရက်မှာ မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့က အရေးပေါ် ညီလာခံတစ်ခုကို ရန်ကုန်က သူနာပြုတက္ကသိုလ် ခန်းမမှာ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းနဲ့ မြန်မာနိုင်ငံ ပုံနှိပ်ဖြန့်ချိသူများ အသင်း ဆိုပြီး အသင်း ၃ သင်း ဖွဲ့စည်းပြီး သတင်းလုပ်ငန်းတွေကို လုပ်ဖို့ စီစဉ်ကြကြောင်း ဒီအသင်းတွေဟာ ထိန်းချုပ်မှု ကင်းပြီး သတင်းလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ အဓိက ရည်ရွယ်ထားတယ်လို့ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီထဲမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ Reuters သတင်းဌာနက ဦးအောင်လှထွန်းက ပြောကြောင်း
အခုဖွဲ့စည်းကြမယ့် အသင်း သုံးသင်းစလုံးကို သုံးလအတွင်း အပြီးဖွဲ့စည်းသွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့လည်း ရန်ကုန်တိုင်းမ် ဂျာနယ် အယ်ဒီတာချုပ် ဦးကိုကို (စက်မှု) က ရှင်းပြကြောင်း
မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ဟာ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ ကြောင်း ဒီအဖွဲ့မှာလည်း အများရွေးချယ် ခန့်အပ်တဲ့သူတွေ နည်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိခဲ့ကြောင်း အခုဖွဲ့ကြမယ့် အသင်းအဖွဲ့တွေကရော ဘယ်လောက်ထိ မှီခိုမှု၊ ထိန်းချုပ်မှုကင်းတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာမယ်လို့ ပြောနိုင်ပါသလဲ၊ Reuters သတင်းဌာနက ဦးအောင်လှထွန်းကတော့ မြန်မာနိုင်ငံဟာ ကောင်းတဲ့အပြောင်းအလဲဘက်ကို သွားနေပြီမို့ သတင်းလုပ်ငန်းတွေလည်း တိုးတက်လာဖို့ရှိတယ်လို့ ဆိုကြောင်းမတ်လ ၂၄ ရက် စနေနေ့က ကျင်းပခဲ့တဲ့ ဒီအရေးပေါ် ညီလာခံကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလည်း တက်ရောက်ခဲ့ပြီး မီဒီယာ ဥပဒေသစ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့သလို ဆင်ဆာဖြတ်တောက်မှု လျော့ချပေးနေတဲ့အကြောင်းတွေအပြင် ဒီအသင်းတွေဖြစ်လာဖို့ကို ပြန်ကြားရေး ၀န်ကြီးဌာနက သဘောတူသလို နိုင်ငံမှာ ဒီလိုအသင်းတွေ တကယ်လိုအပ်တယ်ဆိုတာကိုလည်း ထည့်သွင်း ပြောကြားသွားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းရေး အခမ်းအနားကျင်းပ
မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေးအခမ်းအနားကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ အထက်ဘလောက်မှာရှိတဲ့ ပန်းဆိုးတန်း ပန်းချီပြခန်းအပေါ်ထပ်မှာ ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို စာပေအသိုင်းအ၀ိုင်းက လူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး သမဂ္ဂဖြစ်မြောက်ရေးကော်မီတီ (ယာယီ)ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် ကိုလင်းထင်က ဆောင်ရွက်ခဲ့ပြီး သဘာပတိအဖြစ် စာရေးဆရာ ထက်မြက်က ဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေး ပေါ်ပေါက်လာခဲ့ပုံကို ရှင်းလင်း တင်ပြခဲ့ပါတယ်။သမဂ္ဂရဲ့ ယာယီကော်မီတီအနေနဲ့ ဥက္ကဋ္ဌ (ဦး) ထက်မြက်၊ အတွင်းရေးမှူးအဖွဲ့ ကိုလင်းထင်၊ ကိုထွန်းဝင်းငြိမ်း၊ ကိုခင်မောင်ဇော်နဲ့ အမှုဆောင် ၂၀ ကျော်ကို တက်ရောက်သူများ ဆန္ဒအရ ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း) က မီးဘေးသင့်ဒုက္ခသည်များကို လှူဒါန်း
နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)မှ အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁း၀၀နာရီ က တောင်ဥက္ကလာပမြို့နယ်၊ ၄/ရပ်ကွက် ဓမ္မာရုံရှိ မီးဘေးဒုက္ခသည်များအား အ၀တ်အထည်၊ ပန်းကန်ခွက်ယောက်၊ သွားတိုက်ဆေး အစရှိတဲ့ပစ္စည်းတွ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။၁၆၊ မတ်၊ ၂၀၁၂ နေ့က တောင်ဥက္ကလာပမြို့နယ်၊ ၄/ရပ်ကွက်၊ သုတ(၁)လမ်း မှာ လောင်ကျွမ်းခဲ့တဲ့မီးဘေးကြောင့် အိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု (၂၂) စု၊လူဦးရေ စုစုပေါင်း ၁၂၂ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် သရုပ်ဆောင် ၁၄ ဦး ပဏာမရွေးချယ်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေရာမှာ ဗိုလ်ချုပ်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ဖို့ စာရင်းသွင်း လျှောက်ထားသူတွေထဲက ဆန်ခါတင် (၁၄) ဦးကို ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ရွေးချယ်လိုက်ကြောင်းဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားအတွက် ဇာတ်ညွှန်းရေးသားတဲ့အဖွဲ့ကို ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ တို့နဲ့အတူ စာရေးဆရာတွေဖြစ်တဲ့ ချစ်ဦးညို၊ ငြိမ်းမင်း ၊ ဇော်သက်ထွေးတို့နဲ့ ဖွဲ့စည်းခဲ့ပြီး ဇာတ်ညွန်းအတွက် ၀ိုင်းဝန်း အကြံပေးကြဖို့လည်း ဖိတ်ခေါ်ထားကြောင်းပြီးခဲ့တဲ့သောကြာနေ့က ရွှေစင်စင်္ကြာ မော်တော်ယာဉ်လိုင်းက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအတွက် ကျပ်ငွေ သိန်းတစ်ထောင်ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက် လှူဒါန်းခဲ့တယ်လို့ ကမကထပြု စီစဉ်ပေးသူ တစ်ဦးဖြစ်တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောကြောင်းဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နာယကအဖြစ် ဦးစီးဆောင်ရွက်နေကြောင်း သိရှိရသည်။
ဖဒိုမန်းငြိမ်းမောင်ကို KNU ထံ ပြန်လည်လွှဲပြောင်း
နိုင်ငံတော်ပုန်ကန်မှုနဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရာကနေ သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ KNU ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ မြန်မာအစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ကေအဲန်ယူ အဖွဲ့အစည်းထံ ပြန်လည်လွှဲပြောင်း ပေးလိုက်ကြောင်းမန်းငြိမ်းမောင်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရန်ကုန်လေဆိပ်မှာ ဖမ်းလိုက်ပြီး အခု မတ်လ ၁၉ ရက်နေ့ မနက်မှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အစောပိုင်းကတော့ သူ့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖေါက်မှုနဲ့ပဲ ထောင်ဒဏ် ၆ လ ချမှတ်ထားပြီး၊ အဲဒီကာလအတွင်း သူဟာ KNU ခေါင်းဆောင် တစ်ယောက်အဖြစ် အစိုးရ သိသွားပြီးတဲ့နောက်မှာ မတရားသင်း ဆက်သွယ်မှုတွေ၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်လိုက်တာ ဖြစ်ကြောင်းဒါပေမယ့် မန်းငြိမ်းမောင်ဟာ အစိုးရနဲ့ KNU အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ဖြစ်လာအောင် အစောပိုင်းကတည်းက ကူညီခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့သလို KNU နဲ့လည်း ပဏာမအပစ်ရပ်ရေး သဘောတူလိုက်တဲ့အတွက် အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏အဓိကသစ်တော ထွက်ပစ္စည်းများမှာ ကျွန်း၊သစ်မာ၊ ထင်း၊ မီးသွေး၊ ၀ါး၊ ကြိမ်၊ ရှားစေး၊ သစ်ခေါက်၊ လျှော်၊ ကရမက်၊ အင် တွဲ-ပွဲလျက်၊ သနပ်ခါး၊ ဖာလာစေ့၊ ကညင်ဆီ၊ ဓနိ-သက်ကယ်၊ တည်၊ ပျားရည်၊ ပျားဖယောင်း၊လင်းနို့ချေး၊ သစ်ခွ၊ သစ်စေး၊ ဘုမ္မရာဇာ၊ ငှက် သိုက်၊ ချိပ်၊ သင်ပေါင်းသားအစရှိ သည်တို့ဖြစ်ကြောင်းအဖိုးတန်သစ်တောထွက်ပစ္စည်း ဖြစ်သည့်ကျွန်းသစ်ကို ရေရှည်ပုံမှန် ထုတ်လုပ်နိုင်ရေး၊ ပြည်ပနိုင်ငံများ သို့ အလုံးလိုက် ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းမှ ထပ်ဆင့်တိုးတန်ဖိုးရ သည့် သစ်တောထွက်ပစ္စည်းများအ ဖြစ်ပြုပြင်တင်ပို့နိုင်ရန်ဆောင်ရွက် နေကြောင်းသိရသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံ နှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍ အသင်းသုံးသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီတွင် ဦးဆောင် နာယကများအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ ဦးဝင်းငြိမ်း (၀င်းငြိမ်း)၊ ဥက္ကဋ္ဌအဖြစ် ဖိုးသောကြာ (ခေတ်၊ မိုး)၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင် ၂၃ ဦးပါဝင်ကြမည် ဖြစ်ကြောင်း အဆိုပါအသင်း သုံးသင်းအနက် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း တို့ကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းကို စွယ်စုံမီဒီယာဂရုမှ ဒေါက်တာတင်ထွန်းဦး ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေဖြန့်ချိသူများ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတို့ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအသင်းသုံးသင်းစလုံးကို သုံးလအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာစာနယ်ဇင်း သမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး တတိယအကြိမ် အစည်းအဝေး ပြုလုပ်
မြန်မာစာနယ်ဇင်း သမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး တတိယအကြိမ် လုပ်ငန်းအကြို ညှိနှိုင်း အစည်းအဝေးပွဲကို မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ကျင်းပခဲ့သည်။
“ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ အပြောင်းအလဲ ကာလမှာ Freedom of Expression ကို ကျွန်တော်တို့အဖွဲ့ က ခုခံကာကွယ် စောင့်ရှောက်ချင်တယ်။ နောက်တစ်ခုက သတင်းရယူတဲ့အခါမှာ အခက်အခဲအမျိုးမျိုး၊ အနှောင့်အယှက် အမျိုးမျိုးရင်ဆိုင် ကြုံတွေ့ရတဲ့ ဂျာနယ်လစ်တွေကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်မယ်။ ကျွန်တော်တို့ဒီနှစ်ခုကို အဓိက ထားပြီးတော့ ကျွန်တော်တို့ ဒီ အဖွဲ့ ကို ဖွဲ့စည်းလိုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဆက်ထဲမှာပဲ ပါဝင်လာမှာ ကတော့ မီဒီယာ လောကသားတွေရဲ့ ကျင့်ဝတ်ပါပဲ။ အဲဒီကျင့်ဝတ်တွေ ကိုလည်း ပိုမိုဒီထက်ကောင်းမွန်တဲ့ ကျင့်ဝတ်တွေနဲ့မီဒီယာလောကသား တွေဖြစ်ဖို့ကိုလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်”ဟု Myanmar Journalists Union ပေါ်ပေါက် လာရေးအတွက် ဦးဆောင်လှုပ်ရှားသူကို ဇော်သက်ထွေးက ပြောပါသည်။ အစည်းအဝေးတွင် အဖွဲ့၏ ရည်ရွယ်ချက်သုံးရပ်နှင့် ဆောင်ပုဒ်နှစ်ခုအား တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။
Myanmar Journalists Union အနေဖြင့် ရည်ရွယ်ချက် သုံးရပ်ထားပြီး ဖွဲ့စည်းမည်ဖြစ်ကာ အဆိုပါရည်ရွယ်ချက် သုံးရပ်မှာ (၁) ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးခြင်းနှင့် အများပြည်သူ တို့၏ လက်တွေ့ဘ၀အား အကျိုး ကျေးဇူး ဖြစ်စေနိုင်သော သတင်းလွတ်လပ်ခွင့်အား ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် (Protection of Freedom of Press) ၂။ အများပြည်သူတို့၏ အကျိုးစီးပွား နှင့် စတုတ္ထမဏ္ဍိုင်အဖြစ် တည့်မတ် စွာရပ်တည်နိုင်ရေး အတွက် ဂျာနယ်လစ်များ၏ လွတ်လပ်စွာ ရပ်တည်လှုပ်ရှား သတင်းရယူ ရေးသား ဖော်ထုတ်နိုင်ရေး များစွာ အရေးပါသည့် အတွက် ဂျာနယ်လစ် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် (Protection of Journalist)၊ ၃။ ဂျာနယ်လစ်များ အချင်းချင်းကြားတွင် ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အများပြည် သူအကြား၌ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အခြားမဏ္ဍိုင်ကြီး သုံးရပ် အကြား၌ဖြစ်စေ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ၎င်းပြဿနာများကို ညှိနှိုင်းအဖြေရှာသွားရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် တို့ ဖြစ်ကြောင်း သိရှိပါသည်။ အဆိုပါ အစည်းအဝေး၌ပင် ထုတ်ပြန်ခဲ့သော ဆောင်ပုဒ်နှစ်ခုမှာ To Protect The Freedom of Expression နှင့် To Defend The Rights of All Journalists တို့ဖြစ်ကြပါသည်။
Myanmar Journalists Union ဖွဲ့စည်းရေးနှင့် ပတ်သက်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ ၁၈ရက်နေ့တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။ ယခုပြုလုပ်သော တတိယအကြိမ်သို့ အထက် မြန်မာနိုင်ငံ သတင်းထောက်များ ကိုယ်စား မန္တလေးမြို့မှ သတင်းသမားအချို့ အပါအ၀င် အဆိုပါ သက်ဆိုင်ရာ သတင်းမီဒီယာအသီး သီးမှ ဂျာနယ်လစ် ၄၅ ဦးခန့်တက် ရောက်ခဲ့ကြပါသည်။စတုတ္ထအကြိမ် လုပ်ငန်းအကြို ညှိနှိုင်း အစည်းအဝေးကို သင်္ကြန်အပြီး ဧပြီလအတွင်း ပြုလုပ်မည် ဖြစ်ကာ ထိုအစည်းအဝေးတွင် ဖွဲ့စည်းပုံအား အသေးစိတ် တင်ပြမည်ဖြစ်ပါသည်။ ထိုအစည်းအဝေး အပြီး ပြုလုပ်မည့် နောက်တစ်ကြိမ် အစည်းအဝေးမှာ မြန်မာတစ်နိုင်ငံလုံးရှိ သတင်းသမားအားလုံးကို ဖိတ်ခေါ်ပြီး ပြုလုပ်မည့် Mass Meeting ဖြစ်လာမည်ဖြစ်ကာ ထိုအစည်းအဝေးတွင် ဆန္ဒမဲပေးရွေးချယ်မှုဖြင့် အဖွဲ့ ၏ ဦးဆောင်ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး ထားရှိသော ရည်ရွယ်ချက်များဖြင့် အဖွဲ့ကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ကြောင်း သိရပါသည်။
ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှစ၍ အခွန်ငွေစည်းကြပ် ကောက်ခံသွားမည်
၂၀၁၂ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ကြောင်း နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အခွန်ငွေစည်းကြပ် ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြည်ထောင်စု၏ ဘတ်ဂျက် အသုံးစရိတ်များ လျှော့ချခြင်းအပြင် အပိုထောက်ပံ့ကြေးနှင့် လုပ်ခတိုးမြှင့် ပေးခြင်း၊ ဒေသစရိတ် ခွင့်ပြုပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ငွေနှင့် ချေးငွေများတိုးမြှင့်ပေးခြင်း စသည့် အသုံးစရိတ်ပြောင်း လဲမှုများကြောင့် ပြည်ထောင်စု၏ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှင့် ရသုံးမှန်းခြေ ငွေစာရင်းအား ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ပြင်ဆင်ရေးဆွဲရာ တွင် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးဖြစ်သော ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ၂၀၁၂ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲခဲ့ကြောင်း၊ မူလက လိုငွေကျပ် ၂၅၁၇၈၈၈ သန်းရှိရာမှ ယခုပြင်ဆင် ရေးဆွဲခြင်းကြောင့် လို ငွေကျပ် ၁၉၅၃၇၁၂ သန်းအထိ လျော့ကျခဲ့ပြီး လိုငွေနှင့် GDP အချိုး မှာလည်း ယခင်က ၄ ဒသမ ၉ ရာခိုင်နှုန်းမှ ယခုအခါ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။ ယခု ရေးဆွဲသော ၂၀၁၂ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာအရအသုံးဆိုင်ရာ ဥပဒေကြမ်း မှာ ပြည်ထောင်စု အစိုးရ၏ ဘက်ဂျက်လိုငွေပြမှုကို ကုစားနိုင်ရေးအတွက် အသုံးစရိတ်ကိုလျှော့ချပြီး ၀င်ငွေတိုး လာစေရေး အခွန်စည်းကြပ်မည့် အစီ အစဉ်ဖြစ်ကြောင်း
အခွန်ကောက်ခံမှု လျာထားချက် အရအစိုးရအနေဖြင့် ကျပ်သန်းပေါင်း ၁၀၅၂၉၈၄၈ အခွန်ငွေရရှိစေရန် လျာထားကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးကိုမူ ကျပ်သန်း ပေါင်း ၅၁၃၈၂၉၈၅ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း အလားတူပင် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စတင်ကျင့်သုံး ကောက်ခံမည့် ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားသော အခွန်ဆိုင်ရာ နည်းဥပဒေစည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့်စပ်လျဉ်းသော ရှင်းလင်းပွဲအား ရန်ကုန်မြို့ RUMFCC ခန်းမတွင် မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် အသုံးစရိတ်ထက် ၃၀ ရာခိုင်နှုန်း ပိုတင်သော ၀န်ကြီးဌာနရှစ်ခု၏ အသုံးစရိတ်များကို လျှော့ချခြင်း၊ သာမန်အသုံးစရိတ် ကျပ် ၇၁၈၄၀၀ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ သန်း လျှော့ချခြင်းများ ပြုလုပ်ကာ ၂၀၁၂ ခုနှစ်အတွက် ပြည်ထောင်စု ၏ ဘတ်ဂျက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် မှ မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း၂၀၁၂ ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် ပြည်ထောင်စုလွှတ်တော် အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ယာဉ်အို/ယာဉ်ဟောင်းများ အပ်နှံ၍ မော်တော်ယာဉ် တင်သွင်းခွင့်ပြုရာတွင် ယာယီယာဉ် မှတ်ပုံတင်ခကို လိုင်စင်မဲ့ တရားမ၀င်ယာဉ်များကဲ့သို့ ဒဏ်ကြေးသဖွယ် မူလကုန်သွယ် ဆိပ်ကမ်းအရောက် တန်ဖိုးအပေါ် အခွန် ၁၀၀ ရာနှုန်း ကောက်ခံနေသည့် လုပ်ထုံးလုပ်နည်းများအား ရပ်ဆိုင်း သင့်ကြောင်း အဆိုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း ကတင်သွင်းခဲ့ရာ ၎င်းအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးများက ပြန်လည် ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း
ထို့ပြင် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ မော်တော်ယာဉ် တင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းဖြစ်ရမည်ဟု ကန့်သတ်ချက်မပြုဘဲ ဘယ်မောင်းဖြစ်စေ၊ ညာမောင်းဖြစ်စေ၊ မော်တော်ယာဉ်အားလုံးကို တင်သွင်းခွင့်ပြုရန်၊ စက်မှုဖွံဖြိုး တိုးတက်ရေးလမ်း ကြောင်းကိုသွားရာတွင် မြန်မာနိုင်ငံ၌ ရှိပြီးသားဖြစ်သော မြန်မာနိုင်ငံသား လုပ်ငန်းရှင်နှင့် ပူးပေါင်းပြီး ရင်း နှီးမြှုပ်နှံမှုအသစ် ထပ်မံပြုလုပ်ရန် မျှော်လင့်စောင့်ဆိုင်း နေသော ဆူဇူး ကီးကုမ္ပဏီကို ခွင့်ပြုဆောင်ရွက် ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီ၏ အဆိုတင်သွင်းချက်တွင် ပါဝင်ကြောင်း
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက “ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနအနေဖြင့် တရားဝင် ကောက်ခံရေးအတွက် ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် မည်သည့်မော်တော်ယာဉ်ကို မဆို စတင် မှတ်ပုံတင်ဆောင်ရွက်ပါက တည်ဆဲ ဥပဒေဖြစ်သည့် ၁၉၆၄ မော်တော်ယာဉ် ဥပဒေနှင့် ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေများနှင့် အညီ အများပြည်သူအတွက်ရော နိုင်ငံတော်အတွက်ပါ အမှန်တကယ် အကျိုးရှိစေမည့် ယာဉ်အမျိုးအစားအလိုက် သင့်တော်သော ရာခိုင်နှုန်းကိုသာ သတ်မှတ်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ အခွန်အခများ ကောက်ခံကျင့်သုံးလျက် ရှိပါကြောင်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ရရှိလာသော အခွန်ငွေများ အားလုံးကို နိုင်ငံတော်ဘဏ္ဍာသို့ စနစ်တကျ ပေးသွင်း လျက်ရှိပါကြောင်း၊ အခွန်ငွေကောက်ခံ ရရှိမှုသည် ဦးစီးဌာန အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးကို ရှေးရှု၍ နိုင်ငံ့ဘဏ္ဍာရရှိရေးကိုသာ ဦးတည်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ယခင်က ကားတန်ဖိုးများထက် ၃၊ ၄ ဆခန့်မြင့်မားသော ဈေးနှုန်း များကို လျှော့ချနိုင်ရန် စီမံပြီး အခွန်ထမ်းဆောင်နိုင်မည့် မော်တော်ယာဉ်ဘက်မှသာ တစ်နည်းတစ်လမ်းဖြင့် ရယူ၍ နိုင်ငံတော်၏ ဘဏ္ဍာငွေကို ပေးသွင်းခြင်းသာ ဖြစ်ပါကြောင်း၊ အဆိုတွင်ပါရှိသည့် ယာယီမှတ်ပုံတင်ခသည် သုံးလတာ ကာလအတွက် ဒဏ်ငွေအဖြစ် ကောက်ခံခြင်းဟူ၍ သဘောမျိုးဖြစ်ပါက ‘ယာယီမှတ်ပုံတင်ခ’ဟု သတ်မှတ်ကောက်ခံခြင်းအား ရပ်စဲမည်ဖြစ်ပါကြောင်း၊ ၎င်းအစား ၁၉၆၄ မော်တော်ယာဉ် ဥပဒေပုဒ်မ ၄ အရလည်းကောင်း၊ ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေ ၄ အရ လည်းကောင်း ဗဟိုမှတ်ပုံတင်အဖွဲ့၌ မှတ်ပုံတင်ရမည့် ယာဉ်များ မှတ်ပုံတင်ခ၌ အကောက်ခွန် ဦးစီးဌာနမှ တွက်ချက်သည့် CIF တန်ဖိုးအပေါ်မှ FOB ဈေးနှုန်းအား တွက်ချက်ရယူပြီး အင်ဂျင်ပါဝါစီစီ အလိုက် ကောက်ခံ ဆောင်ရွက်သွားမည်”ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
သင်္ကြန်ကာလအတွက် ရုံးပိတ်ရက် ၁၀ ရက်နှင့်အတူ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ပါ ထပ်သွားသော ကြောင့် အစိုးရ၀န်ကြီး ဌာနများ၏ တရားဝင်ရုံးပိတ်ရက်မှာ ၁၃ ရက် ဖြစ်သွားကြောင်းနှင့် ယင်းအတွက် အစိုးရ၀န်ကြီး ဌာနများနှင့် ဆက်စပ် လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းများအတွက်မူ ပုံမှန်အတိုင်း ပြုလုပ်နေ ကြ transition ကို ကမောက်ကမ ဖြစ်စေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြကြောင်း မြန်မာနိုင်ငံတွင် အစိုးရရုံးပိတ်ရက်အား ၁၀ ရက်သတ်မှတ် ပေးထားသည့်အတွက် ဘဏ်များကို လည်း ၁၀ ရက်ပိတ်ပေးရန် ညွှန်ကြားထားကြောင်း အစိုးရ ရုံးပိတ်ရက်ကို တရားဝင် ၁၀ ရက် သတ်မှတ်သောကြောင့် ပြင်ပရှိ ပုဂ္ဂလိကလုပ်ငန်းများနှင့် အနေဖြင့် စွမ်းအားပြန်လည်ပတ်မှု အခက်အခဲ ရှိနေကြောင်း၊ သင်္ကြန်တွင်းကာလတွင် ၀န်ဆောင်မှုပေး သည့် ကုမ္ပဏီအများစုမှာ ငါးရက် ၀န်းကျင်သာ ပိတ်ပေးပြီး ကျန်ရက်များအတွက် ဆန္ဒရှိသူများကို အချိန်ပိုကြေးပေး၍ ဆင်းခိုင်းလေ့ရှိကြောင်း သတင်းရရှိသည်။
လက်ရှိချထားပြီးသော ကုန်းတွင်းလုပ်ကွက်များ စာချုပ်ချုပ်ပြီးမှသာ လုပ်ကွက်အသစ်များ ထပ်မံချထားပေးမည်
မြန်မာနိုင်ငံရှိ ကုန်းတွင်းလုပ်ကွက်များတွင် လက်ရှိချထားပေးပြီးသော ကုန်းတွင်းလုပ်ကွက်များ စာချုပ်ချုပ်ဆိုပြီးမှသာ ကုန်းတွင်းလုပ် ကွက်အသစ်များ ထပ်မံချထားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများအား နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းရင်းသားပိုင်ကုမ္ပဏီများ ပူးပေါင်းရှာဖွေထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ်အတွင်းက တင်ဒါခေါ်ယူကာ လုပ်ကွက်များ ချထားဆောင် ရွက်ခဲ့ကြောင်းကုန်းတွင်း လုပ်ကွက်တစ်ခုဖြစ်သည့် RSF-10 ကံမ-နတ်တောင်တွင် ရေနံရှာဖွေနိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ EPI (Holding) Limited နှင့် မြန်မာတိုင်းရင်းသားပိုင် Aye Myint Khine Company Limited တို့သည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ကို မတ်လ ၉ရက်နေ့က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရှိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment