နိုင်ငံတကာသတင်း


မြောက်ကိုရီးယားသည်ဧပြီလတွင်ပစ်လွှတ်ရန် ကြေညာထားသောတာဝေးပစ်ဒုံးကျည်ကို နိုင်ငံအနောက်မြောက်ပိုင်းရှိ ဒုံးလွှတ်စင်သို့ သယ်ဆောင်နေပြီဖြစ်ကြောင်း မြောက်ကိုရီးယား အနောက်မြောက်ပိုင်း၊ မြောက်ပြောင်ဂန်ပြည်နယ်၊ တုံချန်ရီရွာရှိ အဆောက်အအုံတစ်ခုသို့ တာဝေးပစ်ဒုံးကျည်၏ အဓိကအစိတ်အပိုင်းကို မြောက်ကိုရီးယားက သယ်ဆောင်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဦးစီးချုပ်များအဖွဲ့မှ အမည် မဖော်လိုသော တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်းတုံချန်ရီရွာရှိ ဒုံးလွှတ်စင်မှာ တရုတ်နယ်စပ် တန်တုံမြို့မှ ၃၅ မိုင် အကွာတွင်ရှိပြီး ယင်းဒုံးလွှတ်စင်မှာ အသစ်ဖြစ်ကာ ပိုမိုခေတ်မီကြောင်း

မြောက်ကိုရီးယားက ၎င်းတို့ပစ်လွှတ်မည့်ဂြိုဟ်တုမှာ သိပ္ပံဆိုင်ရာအတွက်သာဖြစ်ကြောင်း ဧပြီလ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်းမွေးနေ့ အနှစ် ၁၀၀ ပြည့်မည့် အထိမ်းအမှတ် ဆင်နွှဲစဉ်အတွင်း ဂြိုဟ် တုပါသော ဒုံးကျည်ပစ်လွှတ်ရန် စီစဉ်ထားခြင်းဖြစ်
ကြောင်း မြောက်ကိုရီးယား၏ အစီအစဉ်မှာ ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်ပစ်လွှတ်နိုင်မှုစွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး နျူကလီးယား လက်နက်တပ်ဆင်ထားသော ဒုံးကျည်ကို အမေရိကန်ရှိ အလာစကာပြည်နယ်နှင့် ယင်းကိုကျော်လွန်၍ ပစ်ခတ်နိုင်ရန် မျှော်မှန်းထားကြောင်း
တောင်ကိုရီးယားတွင် ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြောက်ကိုရီးယားအနေဖြင့် ဒုံးကျည်ပစ်လွှတ်မည့်အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းသင့်ကြောင်း တိုက်တွန်းခဲ့ပြီး ယင်းလုပ်ရပ်မှာ မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာများ အကူအညီပြန်ပေးရေး သဘောတူညီချက်ကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း အိုဘားမားသည် မတ်လ ၂၅ ရက် အစောပိုင်းတွင် တောင်မြောက်ကိုရီးယား နှစ်နိုင်ငံအကြားရှိ လုံခြုံရေးထူထပ်စွာချထားသော စစ်မဲ့ဇုန်သို့ သွားရောက်ခဲ့ပြီး မတ်လ ၂၆ ရက်တွင် နျူကလီးယား ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်
ကြောင်း သိရှိရသည်။


အာဏာသိမ်းမှု ဖြစ်ခဲ့သော မာလီကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း မတ်လ ၂၃ ရက်တွင် ကြေညာခဲ့ကြောင်း
အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် အာဖရိကသမဂ္ဂက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လိုအပ်ပါက အိုင်ဗရီကို့စ်နိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမည်ဟု သမဂ္ဂဥက္ကဋ္ဌ Jean Ping က ပြောကြားခဲ့ကြောင်းမာလီအစိုးရထံ အမေရိကန် ဒေါ်လာသန်း ၁၄၀ ခန့် နှစ်စဉ် အကူအညီပေးနေသော အမေရိကန်ကလည်း အာဏာသိမ်းမှုကြောင့် အကူ အညီပေးမှုအပေါ် သက်ရောက်မှု ကြီးမားနိုင်ကြောင်း အကူအညီများ၏ ထက်ဝက်ကျော်မှာ စားနပ်ရိက္ခာကဲ့သို့သော လူသားချင်း စာနာမှု အကူအညီများဖြစ်ပြီး ယင်းအကူအညီများမှာမူ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း အာဏာသိမ်းခဲ့သော မာလီစစ် အစိုးရက အခြေခံဥပဒေကို ရပ်ဆိုင်းခဲ့ပြီး နယ်စပ်အားလုံးကိုလည်း ပိတ်ပစ်ခဲ့ကြောင်းအာဏာသိမ်းခံရသော သမ္မတ Amadou Toumai Toure မှာလည်း ဘေးကင်းနေကြောင်းသာ သိရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးကြောင်းအာဏာသိမ်းအစိုးရက နိုင်ငံတစ်ဝန်းကာ ဖျူးထုတ်ပြန်ခဲ့သော် လည်း ပုံမှန်အတိုင်း အလုပ်ခွင်ဝင်ရန် တိုက်တွန်းခဲ့ကြောင်း အာဏာသိမ်းခံရသော လက်ရှိသမ္မတ Toure ကလည်း ၁၉၉၁ ခုနှစ်တွင် စစ်ဘက် အာဏာသိမ်းမှုဖြင့် တက်လာသူဖြစ်ကြောင်း၂၀၀၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတအဖြစ်  ရွေးချယ်ခံခဲ့ရကာ ၂၀၀၇ ခုနှစ်တွင် ထပ်မံရွေးချယ်ခံရကြောင်း ဧပြီလတွင် ရာထူးမှ အနားယူမည်ဖြစ်ပြီး ၎င်းကိုဆက်ခံမည့်သူအား ရွေးချယ်ရန် စီစဉ်ထားစဉ် အာဏာသိမ်းခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆီးရီးယား သူပုန်တွေ အကူအညီပေးရေး အမေရိကန် နည်းလမ်းရှာ

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ဆီးရီးယား အာဏာရှင် သမ္မတ ဘက်ရှာအယ်လ် အာဆတ်ကို နှစ်နဲ့ချီပြီး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ဆီးရီးယား သူပုန်တွေကို အကူညီပေးဖို့ စဉ်းစားနေကြောင်းအကူအညီဆိုတဲ့နေရာမှာ လက်နက်တော့ မပါဘူးလို့ သမ္မတအိမ်ဖြူတော်က ပြောဆိုပကြောင်းဆီးရီးယားသူပုန်တွေကို အကူညီပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ တူရကီ ၀န်ကြီးချုပ် ရီဆပ် တရစ် အာဒိုဂမ် နဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ သမ္မတ အိုဘားမားနဲ့ ၀န်ကြီးချုပ် အာဒိုဂမ်တို့ဟာ နျူကလီးယားလုံခြုံစိတ်ချမှုဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ကြောင်း ခေါင်းဆောင် ၂ ဦးဟာ အဲဒီ အကူအညီပေးရေး ကိစ္စနဲ့ပတ်သက်ပြီး တူရကီနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပဖို့ရှိတဲ့ ဆီးရီးယားရဲ့ မိတ်ဆွေများအစည်းဝေးမှာ တင်ပြဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရကြောင်း ဆီးရီးယားအတိုက်အခံ သတင်းရပ်ကွက် အဆိုအရ တူရကီနဲ့ အာရပ်အဖွဲ့ချုပ်က ဆီးရီးယား အတိုက်အခံတွေကို အရင် ညီညွတ်မှုရအောင် လုပ်ဆောင်ကြဖို့ ဆီးရီးယား အမျိုးသားကောင်စီ အနေနဲ့ စုစုစည်းစည်း ရှိနေအောင် ဖိအားပေး နေတယ်လို့ ပြောကြောင်းသမ္မတ အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးအပြီး တူရကီဝန်ကြီးချုပ် အာဒိုဂမ် က တူရကီနဲ့ သူနဲ့ရောင်းရင်း နိုင်ငံတွေဟာ ဆီးရီးယား ပြဿနာအပေါ် ဆက်ပြီး လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ အကြောင်း၊ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်နိုင်တာကို လုပ်ရတော့မှာ ဖြစ်တယ်လို့ ပြောဆိုကြောင်း သိရသည်။

အာဖဂန် ပစ်ခတ်မှုအတွက် အမေရိကန် လျော်ကြေးပေး

အမေရိကန် စစ်သားတဦးရဲ့ လက်ချက်အဖြစ် စွပ်စွဲထားတဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူ အာဖဂန် နိုင်ငံသားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာထောင်သောင်းချီ နစ်နာကြေး ပေးအပ်ခဲ့တဲ့အကြောင်း ကန်ဒါဟာပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှာ နစ်နာကြေးငွေ ပေးအပ်ခဲ့တာလို့ ပြည်နယ်ကောင်စီဝင် တဦးက တနင်္ဂနွေနေ့က ပြောကြောင်းကန်ဒါဟာပြည်နယ် Panjawai ခရိုင်မှာ ဒီလ ၁၁ ရက်နေ့က ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ တဦးချင်းအတွက် နစ်နာကြေးအဖြစ် ဒေါ်လာ ၅ သောင်းစီနဲ့ ထိခိုက်ဒဏ်ရာရသူ တဦးစီကို ဒေါ်လာ ၁၁,၀၀၀ စီကို ကျန်မိသားစုဝင်တွေထံ စနေနေ့က ပေးအပ်ခဲ့တာ ဖြစ်ကြောင်းသူပုန်တွေရဲ့ အန္တရာယ် ရှိနေတဲ့အတွက် အခမ်းအနားကိုတော့ သတင်းမီဒီယာတွေကို အသိမပေးဘဲ ထားခဲ့တာလို့လည်း ကန်ဒါဟာပြည်နယ် ကောင်စီဝင်ကပြောကြောင်း

အာဖဂန်မှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) ပြောခွင့်ရသူကတော့ အခုသတင်းနဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးခဲ့သလို ငြင်းချက်လည်း မထုတ်ခဲ့ကြောင်း
ဒါပေမဲ့လည်း ညွန့်ပေါင်း တပ်ဖွဲ့ဝင်တွေ အနေနဲ့ နစ်နာကြေး ပေးအပ်ရတာမျိုး ရှိရင်လည်း ထုတ်ဖော် ပြောဆိုခွင့် မရှိဘူးလို့ ဆိုပါတယ်။ အာဖဂန် ယဉ်ကျေးမှုမှာတော့ တစုံတယောက် သေဆုံးတယ်ဆိုရင် တာဝန်ရှိသူ အနေနဲ့ တောင်းပန်တဲ့ အနေနဲ့ ကျန်မိသားစုကို နစ်နာကြေး ပေးအပ်ရလေ့ ရှိကြောင်း
အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အာဖဂန်တာဝန်ရှိသူတွေကလည်း အစောပိုင်းမှာ နစ်နာကြေး အနည်းငယ်စီ သက်ဆိုင်ရာ မိသားစုတွေကို ပေးအပ်ခဲ့ကြောင်းအမှုကို စစ်ဆေးနေတဲ့ အမေရိကန် တာဝန်ရှိသူတွေကတော့ အမေရိကန် စစ်သား Robert Bales အပေါ် လူသတ်ဖို့ ကြိုတင်ကြံစည်မှု ၁၇ မှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုနဲ့ လူသတ်ဖို့ ကြိုးပမ်းမှုတွေအတွက် ၆ မှုနဲ့ သောကြာနေ့ကပဲ တရားစွဲဆို ထားကြောင်း သိရသည်။

သမ္မတအိုဘားမား ကိုရီးယားစစ်မဲ့ဇုန် ရောက်ရှိ

အမေရိကန်သမ္မတ ဘရက်အိုဘားမား နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်တို့ဟာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီးတော့ မြောက်ကိုရီးယားနိုင်ငံဘက်က ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ညီညီညွတ်ညွတ် ရင်ဆိုင်သွားမယ် ဆိုတာကို ပြသလိုက်ကြောင်းမြောက်ကိုရီးယားအနေနဲ့ ခြိမ်းခြောက်မှုတွေလုပ်နေရုံနဲ့ ဘာမှအောင်မြင်မှုရမှာ မဟုတ်ဘဲ တကယ်လို့ နောက်လမှာ ဒုံးကျည် ပစ်လွှတ်ခဲ့မယ်ဆိုရင် ဒီထက်ပိုပြီးတော့ အထီးကျန်သွားဖို့ပဲ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားကြောင်း
ဒါကို တောင်ကိုရီးယား သမ္မတကလည်း သဘောတူလိုက်ပြီး မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ရန်စမှုသာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ အမေရိကန်နဲ့ သဘောတူညီချက်တွေကို ဆန့်ကျင်နေတယ်လို့ ပြောလိုက်ကြောင်းနိုင်ငံတကာ နျူကလီးယား လုံခြုံရေးညီလာခံ မတိုင်ခင်မှာ ခေါင်းဆောင် ၂ ဦးက အခုလိုပြောဆိုလိုက်တာ ဖြစ်ကြောင်းဒါ့အပြင် အစောပိုင်းမှာတုန်းက အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့ကြောင်း
 သမ္မတအိုဘားမားဟာ ကျည်ကာမှန် အထူကြီး ကာထားတဲ့ နောက်မှာရပ်ပြီးတော့ မြောက်ကိုရီးယားနိုင်ငံဘက် အခြမ်းကို မှန်ဘီလူးနဲ့ ကြည့်ခဲ့ကြောင်းအဲဒီနောက် သမ္မတဟာ အဲဒီစစ်မဲ့ဇုန်မှာ စောင့်နေတဲ့ အမေရိကန်တပ်တွေကို တွေ့ဆုံခဲ့ပြီးတော့ သူတို့ဟာ တောင်ကိုရီးယားနိုင်ငံ ကြွယ်ဝလာဖို့အတွက် လုပ်ပေးနေတဲ့ စစ်သားတွေဖြစ်ကြတယ်လို့ ပြောခဲ့ကြောင်း သိရသည်။

ဟောင်ကောင် အကြီးအကဲ ရွေးချယ်

ဟောင်ကောင်ရွေးကောက်ပွဲ ကော်မရှင်ဟာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီးတော့ အရင်တုန်းက အိမ်ခြံမြေရောင်းဝယ်ရေး အကြီးအကဲ Leung Chun-ying ကို ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေး အကြီးအကဲအဖြစ်နဲ့ ခန့်အပ်လိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် နဲ့ တခြား ဟောင်ကောင်မြို့ရဲ့ အကြီးအကဲ ၁,၂၀၀ က မစ္စတာ Leung ကို ထောက်ခံမဲ ၆၈၉ မဲပေးခဲ့ကြကြောင်းဒါဟာ သူအနိုင်ရရှိဖို့အတွက် လိုအပ်နေတဲ့ ၆၀၁ မဲထက် အများကြီး ပိုရခဲ့ကြောင်းသူနဲ့ အနီးဆုံးပြိုင်ဘက် မစ္စတာ Henry Tang ကတော့ ၂၈၅ မဲပဲ ရခဲ့ပြီးတော့ ဒီမိုကရက်တစ်ပါတီက Albert Ho ကတော့ ၇၆ မဲရခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ အကြီးအကဲကို ရွေးချယ်တဲ့နေရာမှာ သာမန် ဟောင်ကောင် ပြည်သူတွေဟာ မဲပေးပိုင်ခွင့်မရှိကြကြောင်းအစောပိုင်းကတော့ မစ္စတာ Tang က ရှေ့ကနေ ပြေးနေခဲ့ကြောင်းဒါပေမဲ့ အရှုပ်တော်ပုံတွေက သူ့အပေါ် ထောက်ခံမှုတွေကို ကျဆင်းစေခဲ့တာဖြစ်ကြောင်း
ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆွေးနွေးပွဲအပြင်ဘက်မှာတော့ ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာက ဒီမိုကရေစီကို အပြည့်အ၀ အသုံးပြုဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်းမစ္စတာ Leung ဟာ လာမယ့် ဇွန်လကျရင် ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူး တာဝန်တွေကို လွှဲပြောင်းယူမှာဖြစ်ကြောင်း သိရသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment