မြန်မာသတင်းများ မတ် ၂ရ ရက်၊ ၂၀၁၂
မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးတဲ့အပေါ် KNU ကြေညာချက်ထုတ်
အစိုးရက ဖဒိုမန်းငြိမ်းမောင်ကို ပြန်လွတ်ပေးတဲ့ အပေါ်မှာ ကြိုဆိုကြောင်းနဲ့ မြန်မာပြည် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားများ အပါအ၀င် နိင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ KNU အဖွဲက တိုက်တွန်းလိုက်ပါကြောင်းKNU ဗဟို အမြဲတမ်းကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး၊ မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်နဲ့ ပြန်လွတ်ပေးခဲ့ကြောင်း
ဒါ့အပြင် ဖဒိုမန်းငြိမ်းမောင်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးခင်ရီတို့နှစ်ဦး ကိုယ်တိုင် KNU လက်ကို မတ်လ ၂၄ ရက်နေ့က ပြန်လည် လွဲပြောင်းပေးခဲ့ပါတယ်။ ဒီဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း၊ KNU က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံ ပြောင်းလဲမှုဖြစ်စဉ်မှာ နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးဟာ အရေးကြီးတာကြောင့် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုလိုက်ကြောင်း သိရသည်။
မန်းငြိမ်းမောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပါဝင်နိုင်သေး
ထောင်ဒဏ် တသက်တကျွန်းနှင့် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီး ပြန်လည် လွတ်မြောက်လာသည့် ကရင်အမျိုးသား အစည်း အရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သော ပဒိုမန်းငြိမ်းမောင်သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်စဉ်တွင် လတ်တလော ပါဝင်ရန် အဆင်သင့် မဖြစ်သေးကြောင်း KNU က ပြောဆိုလိုက်သည်။ပဒို မန်းငြိမ်းမောင်သည် ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ကာလအတွင်း KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် ပတ် သက်ပြီး အကူအညီများ ပေးခဲ့သည်ဟု သိရသည်။အစိုးရက ပဒို မန်းငြိမ်းမောင်ကို လွှတ်ပေးလိုက်သည့်အပေါ် KNU က ကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် ချောမွေ့စေရေး အတွက် တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကိုလွှတ်ပေးရန် တိုက်တွန်းကြောင်း အပြစ်အခတ် ရပ်စဲရေးခိုင်မာစေရေး၊ ဆက်လက်၍ ယုံကြည်မှု တည်ဆောက်ရေးမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက် လုပ်ရမည်ဖြစ်ကြောင်း၊ ပဒို မန်းငြိမ်းမောင် ပြန်လည်လွတ်ခြင်းသည် ယုံကြည်မှုတည်ဆောက်ရေးတွင် ကောင်းမွန်သည့် ခြေ လှမ်းဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်တိုးတက်လာမှသာလျှင် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာ ကာ တတိုင်းပြည်လုံး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး သံတမန် တဦးဖြစ်သည့် ၀န်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ တို့က သမ္မတ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည့် ပဒို မန်းငြိမ်းမောင်ကို ထိုင်း နိုင်ငံ၊ မဲဆောက်မြို့တွင် KNU တာဝန်ရှိသူများထံ လာရောက် အပ်နှံခဲ့ကြောင်းထိုသို့အပ်နှံရာတွင် ယခင် စစ်အစိုးရ လက်ထက်ကတည်းက မတရား ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ်ခံထားရသော တိုင်းရင်း သား နိုင်ငံရေး အကျဉ်းသား များစွာတွင် ကရင် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေးသည် အရေး အကြီးဆုံး ခြေလှမ်းဖြစ်ကြောင်း
ထို့အပြင် မီဒီယာ လွပ်လပ်ခွင့်၊ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့် ၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေး တို့တွင် ကဏ္ဍအလိုက် တာဝန်ခွဲဝေ လုပ်ကိုင်မှုရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေး များဆိုင်ရာနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်စရာများရှိကြောင်းပဒို မန်းငြိမ်းမောင်ကို မြန်မာ အစိုးရက နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁၊ တရားမ၀င် အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ စွပ်စွဲချက်များဖြင့် မတ်လ ၁၃ ရက်နေ့က တစ်သက်တစ်ကျွန်း အပြင် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ကို တရားသူ ကြီး ဦးလှဝင်းက အင်းစိန်အကျဉ်းထောင်တွင်း တရားရုံး၌ အမိန့် ချမှတ်ခဲ့သော်လည်း မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာ အမိန့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
မဲဆောက်မြို့သို့ ရောက်ရှိလာသော မန်းငြိမ်းမောင်က သတင်းထောက်များကို မြန်မာနိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး လုပ်နေချိန်၌ ၄င်းကို ပြန်လွှတ်ပေးခြင်းသည် နိုင်ငံ့ခေါင်းဆောင် တဦးအနေဖြင့် အမြော်အမြင်ရှိသည့် လုပ်ရပ်ဖြစ် ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်းမဲဆောက်မြို့ရောက် အစိုးရ မိးရထား ၀န်ကြီး ဦးအောင်မင်းကလည်း သတင်းထောက်များကို သူပေးခဲ့သည့် ကတိစကား တည်ကြောင်းဖမ်းဆီးထိန်းသိမ်းခံနေရသည့် ပဒို မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း KNU ခေါင်းဆောင်များအား ဦးအောင်မင်းက ပြောဆိုခဲ့ဖူးကြောင်းKNU အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မကြာမီ ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ သွားရောက် ရန်ရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်ပတ်သက်၍ KNU အဖွဲ့အတွင်း သဘောမတူမှုများ ရှိသည်ဟူသော ပြောဆို ဝေဖန်မှုများကိုလည်း မဟုတ်မှန်ကြောင်း
တနိုင်ငံလုံး အတိုင်းအတာနှင့် ငြိမ်းချမ်းရေးရရှိရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) အနေ ဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် မဟာမိတ်များအတွင်း ဘုံ လိုအပ်ချက်များ ဆွေးနွေးညှိနှိုင်းပြီး တဆင့်ချင်း အကောင်အထည် ဖော်ဆောင်သွားကြမည် ဖြစ်သည်ဟုလည်း KNU က ဆိုကြောင်း သိရသည်။
သီလဝါ ဆိပ်ကမ်း မီးလောင်
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် မီးလောင်မှုတခု ဖြစ်ပွားနေသည်ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက
“ဟုတ်ကဲ့။ စတင်လောင်တဲ့အချိန် မသိရသေးဘူးခင်ဗျ။ ကျောက်တန်း သီလဝါဆိပ်ကမ်းမှာပါခင်ဗျ။ ခုလက်ရှိတော့ ကျနော်တို့ဌာနကနေ မီးသတ်ယာဉ် အစီး ၂၀၊ အုပ်ချုပ်မှုယာဉ် ၄ စီးအပြင် စည်ပင်က ရေဂါလံကားတွေ ၄ စီး ထပ်လွှတ်ထားပါတယ်။ လက်ရှိ ငြှိမ်းသတ်နေဆဲပါပဲခင်ဗျ” ဟု ပြောသည်။
မီးငြှိမ်းသတ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို ဗဟိုမီးသတ်ဦးစီးဌာနမှ ကွပ်ကဲလျက်ရှိပြီး မီး စတင်လောင်ရသည့် အကြောင်းအရင်း ကိုမူ မသိရသေးကြောင်းသိရသည်။

RNDP ထုတ် ဂျာနယ်ကို စိစစ်ရေး သတိပေး
အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို ဝေဖန်သည့် ဆောင်းပါးတပုဒ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ထုတ် ဂျာနယ်တွင် ဖေါ်ပြခြင်းကြောင့် စာပေစိစစ်ရေးမှ ခေါ်ယူကာ ထိုသို့သော အရေးအသားမျိုး ထပ်မံရေးသားခြင်းမပြုရန် သတိပေးခဲ့ကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြောင်း
ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် RNDP ၏ ‘တိုးတက်ရေး’ ဂျာနယ်ပါ “အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အဝါရောင် စကတ် ဒီမိုကရေစီသို့” ဆောင်းပါးတွင် “ပြောင်းတော့ ပြောင်းမယ်၊ ဘာပြောင်းလာမလဲလို့ စောင့်ကြည့်နေလိုက်ကြတာ အဝတ်အစား ပြောင်းလိုက်မှ အံ့သြသွားရသည်။ မျက်စိအမြင်မှာ အဆန်းတကြယ် ဖြစ်တာတော့ ဝမ်းသာပါရဲ့။ အခုကတော့ စစ်ယူနီဖေါင်းကနေ ယောပဆိုး၊ တိုက်ပုံအင်္ကျီပဲ ပြောင်းသေးတာ။ နောက်ဆိုရင် ပန်းနုရောင် စကဒ်နဲ့ ရင်ဖုံး အင်္ကျီ မြင်ရမှာလား” ဟူသည့် အရေးအသားများ ပါဝင်ကြောင်း
ထိုအရေးအသားများမှာ စာပေစိစစ်ရေး မူဝါဒများနှင့် ကိုက်ညီမှု မရှိဘဲ ကြမ်းတမ်းသည့် ဝေါဟာရများဖြစ်သည်ဟု ဆိုကာ မတ်လ ၂၃ ရက်နေ့တွင် စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှ ဂျာနယ်ထုတ်ဝေသူ ဦးမြင့်နိုင်ကို ခေါ်ယူသတိပေးကြောင်း
“ဝေါဟာရတွေက သိမ်သိမ်မွေ့မွေ့ မရှိဘူး။ ကြမ်းထော်နေတယ်။ စကားလုံးတွေ ရင့်သီးတယ်ပေါ့။ အဲဒါမျိုး ပြောတာပေါ့။ ကျနော်တို့ ဒီလိုမျိုးအရေးအသားတွေ ထပ်မရေးဖို့ ဝန်ခံကတိ လက်မှတ် ထိုးခဲ့ရပါတယ်” ဟု ဦးဦးလှစောကပြောကြောင်း
ထို့အပြင် ဆောင်းပါးအတွင်း ‘စစ်ဘီလူးကြီး ဦးနေဝင်း’ ဟု ရေးသားထားမှုကိုလည်း မျဉ်းသား၍ ထောက်ပြ ပြောဆို သည်ဟု ဦးဦးလှစောက ပြောကြောင်း
“ကျနော်တို့ကို သတိပေးတယ်ဆိုတော့ စိတ်မကောင်းစရာပါပဲ။ အပေါ်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေဆိုပြီးတော့ အောက်ခြေမှာ ဘာမှ မပြောင်းလဲဘူးဆိုတာကို သက်သေပြသလို ဖြစ်နေတယ်" ဟု ဦးဦးလှစော က ဝေဖန်ကြောင်း
ယင်းဖြစ်ရပ်အပြင် စာပေစိစစ်ရေးကို သရော်သည့် ကာတွန်းတပုဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ထုတ်ဝေ သည့် ဒီလှိုင်းဂျာနယ်တွင် ဖေဖေါ်ဝါရီလအတွင်းက ထည့်သွင်းဖေါ်ပြခြင်းကြောင့် ထုတ်ဝေသူ ဦးအုန်းကြိုင်ကို စာပေစိစစ်ရေးမှ ခေါ်ယူသတိပေးခဲ့ကြောင်း

‘သားလိမ္မာ’ရေးဆွဲသော ဒီလှိုင်းဂျာနယ်ပါ ကာတွန်းတွင် “အပေါ်က မိုးတိမ်တိုက်တွေထဲမှာ ‘ဒီမိုကရေစီကောင်းကင်’လို့ရေးထားတယ်။ အဲဒါကို ‘စာပေလွတ်လပ်ခွင့်’ ဆိုတဲ့ စာရွက်ကလေးက အတောင်ပံလေးတွေနဲ့ အပေါ်ကို ပျံတက်နေတာပေါ့။ အဲဒါကို သံကြိုးကြီးနဲ့ ချိတ်ထားတယ်။ အောက်ကတော့ ‘စာပေစိစစ်ရေး’ ဆိုပြီးတော့ စာတန်းထိုးထား တယ်။ သူတို့ကို သရော်တယ်ပေါ့ဗျာ။ ဒါမျိုးတွေ မထည့်ဖို့ သတိပေးတာပေါ့” ဟု ဦးငြိမ်းသစ်ကပြောကြောင်း
မတ်လ ၁၉-၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် မီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ပုံနှိပ်မီဒီယာဥပဒေကို ရေးဆွဲနေပြီဖြစ်ကြောင်း “စာနယ်ဇင်း လွတ်လပ်ခွင့်များကို လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် မြန်မာ့မီဒီယာလောက ရေရှည် ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း” ဟု ပြောကြားသွားခဲ့ကြောင်းအခြားတဘက်တွင်လည်း အစိုးရဌာနများအတွင်း ငွေကြေးအလွဲသုံးစားပြုနေသည်ဟု ရေးသားဖေါ်ပြခဲ့သည့် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထား ကြောင်း The Voice ဂျာနယ်၏ ရှေ့နေအဖြစ် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်ကမူ အဆိုပါ ပုဒ်မ ၅၀၀ သည် မီဒီယာများကို ဖိနှိပ်သည့် ဥပဒေဖြစ်၍ ထိုဥပဒေကို ဖျက်သိမ်းပေးရန် လွှတ်တော်အတွင်းတောင်းဆိုသွားမည်ဟု ပြောကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ကျန်းမာလာပြီ – Daw Suu is getting recovered
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း NLD က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။ သို့သော်လည်း ဆရာဝန်က သူ့အား လေးငါးရက်ခန့် အနားယူရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
လယ်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ်များ အရေးယူမည်
Hot News ဂျာနယ်နှင့် အင်တာဗျူးတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင်၏ ပြောကြားချက်များနှင့် ပတ် သက်ပြီး လွှတ်တော်အမတ်များက မကျေနပ်၍အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။ လတ်တလော၌ လွှတ်တော် အခွင့် အရေး ကော်မတီကို တိုင်ကြားထားသည်ဟုလည်း လွှတ်တော်အမတ်တဦးက ပြောသည်။ ဦးမြင့်လှိုင်က အင်တာဗျူးတွင် လက်ရှိ လွှတ်တော် အမတ်များသည် စာမတတ် ပေမတတ်များ ဖြစ်ကြောင်း ပြောဆိုချက်များ အပါအ၀င် ဝေဖန် ပုတ်ခတ်မှုများစွာ ပြုလုပ် ခဲ့သည့် အပေါ် လွှတ်တော်အမတ်များက မကျေနပ်ကြကြောင်း သိရသည်။
ကချင် ဒုက္ခသည်များထံ ကုလသမဂ္ဂ သွားရောက် ကူညီ
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ရောက်ရှိ အကူအညီ ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂ အကူအညီပေးရေး ခရီးစဉ်သည် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဒုက္ခသည် ၁၀၀၀ ခန့် တလ စားသုံးနိုင်မည့် အစားအသောက်နှင့် အရေးပေါ်သုံး ပစ္စည်းများကို ကူညီနိုင်ခဲ့ သည် ဟု ကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။ ယခု ခရီးစဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၁ ခု ဒီဇင်ဘာလအတွင်းက ပထမ အကြိမ် သွားရောက်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်ကောင်း
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၄ ရက်က မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့သော တနသာင်္ရီတိုင်း မြိတ်မြို့ ခရီးစဉ် အတွင်း ကျန်းမာရေး ချို့ယွင်းခဲ့ရာ ယခု ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။ မတ် ၂၇ ရက် နှင့် ၂၈ ရက်တွင် သွားရောက်မည့် မကွေးတိုင်း ခရီးစဉ်များကိုမူ ရပ်ဆိုင်းထားဆဲ ဖြစ်ကြောင်း NLD က ပြောကြောင်း သိရသည်။
အထည်ချုပ် စက်ရုံ ၃ ရုံ ပေါင်း အလုပ်သမား သမဂ္ဂဖွဲ့
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံ သုံးရုံမှ အလုပ်သမားများသည် ယမန်နေ့က အလုပ်သမား သမဂ္ဂ ဖွဲ့စည်းလိုက်သည်။ အလုပ်သမားသမဂ္ဂ ပူးပေါင်းဖွဲ့စည်းသည့် စက်ရုံများမှာ Excel Garment ၊ Popular နှင့် Ever First စက်ရုံများ ဖြစ်ကြောင်း သိရသည်။
ABSDF အဖွဲ့ဝင်ဟောင်းတွေထံက အကြံဉာဏ်ရယူ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေကို ရှင်းလင်းဆွေးနွေးပြီး အကြံဉာဏ်များလည်း တောင်းခံနေတယ်လို့ သိရကြောင်းမနေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝင်းမြို့က ABSDF အလုပ်အဖွဲ့ဝင်တွေနဲ့ အင်တာနက် ဗီဒီယိုကတဆင့် ဆွေးနွေးပွဲမှာ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေ စုစုစည်းစည်းရှိကြဖို့ ဥက္ကဋ္ဌ ကိုသံခဲက တိုက်တွန်းတယ်လို့ ကိုအောင်မြင့်ထွန်းက ဆိုကြောင်း
ဒါ့အပြင် လက်ရှိ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးရာမှာ ABSDF အနေနဲ့ ပါဝင်သင့်တဲ့အချက်တွေကို အမေရိကန်ရောက် အဖွဲ့ဝင်ဟောင်းတွေကလည်း တင်ပြခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ ဖိုဒ်ဝင်းမြို့က ABSDF အဖွဲ့ဝင်ဟောင်း ကိုအောင်မြင့်ထွန်းက အခုလို ပြောကြောင်း
"အကျဉ်းကျနေတဲ့ လက်ရှိ ကျန်ရှိနေသေးတဲ့ လူတွေရယ်၊ ABSDF ရဲဘော်ဟောင်းတွေ တချို့ဖမ်းဆီးခံထားရတာ ရှိတယ်။ အဲတာတွေကို ခြွင်းချက်မရှိ လွတ်မြောက်ရေးကို တောင်းဆိုပေးဖို့ အချက်တစ်ချက်၊ နောက်တစ်ခုက လက်ရှိအစိုးရနဲ့ ကျွန်တော်တို့နဲ့ ပွင့်ပွင့်လင်းလင်း နှစ်ဦးနှစ်ဘက် ပီပီပြင်ပြင် ဆွေးနွေးဖို့ အကြံပြုထားပါတယ်"ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကျောင်းသားတပ်မတော်အနေနဲ့ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေကို ပြန်လည်စုစည်းနေပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် အလုပ်အဖွဲ့တွေဖွဲ့စည်းပြီး လက်ရှိ ABSDF အဖွဲ့ကို ပိုပြီး အားကောင်းလာအောင် ကြိုးစားနေတယ်လို့ ကိုအောင်မြင့်ထွန်းက ပြောသွားကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်
မြန်မာနဲ့ မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့  မြန်မာအစိုးရက ကြေညာလိုက်ကြောင်းလာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်ကြောင်းမနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ကြောင်း မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့  သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့  သိရပါတယ်။
အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ၏ ဥပဒေတွင် အကြီးစားစက် ယန္တရားကြီးများ ဘူဒိုဇာ စသည်များအား အသုံးမပြုရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ “စည်း ကမ်းချက်အရ ၁/ဃ မှာ မိမိတို့လုပ် ပိုင်ခွင့်ရထားတဲ့ လုပ်ကွက်ကို ဘယ်သူကိုမျှ ကိုယ်စားလှယ် လုပ်ကိုင်စေခြင်း၊ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ လွှဲပြောင်းရောင်းချခြင်း မပြုရလို့ပါတယ်။ ဒါပေမယ့် ဒီမှာလုပ်နေတာ တရုတ် လူမျိုးအများကြီးပဲ။ စစ်ဆေးသလား၊ မစစ်ဆေးဘူးလား မသိရဘူး။ တရုတ် လုပ်ကွက်တွေထဲမှာလည်း ဘူဒိုဇာတွေ၊ ဘက်ဖိုးတွေစတဲ့ ယန္တရားကြီးတွေ အများကြီးသုံးထားတယ်။ ဒီဒေသမှာတင် အစီးပေါင်းရာဂဏန်း ရှိမယ်။ နောက်ပြီးတော့ စည်းကမ်း ချက် ၁/ဈ အရ အလုပ်သမား စာရင်းကိုလည်း စနစ်တကျ ပြုစုသင့်တယ်။ မြန်မာလုပ်သားတွေက လစာနည်းပြီး တိုင်းခြားလူမျိုးတွေက လစာများတယ်။ အခြား အခွင့်အရေး တွေပိုရတယ်။ ၁/ဍ အရ ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှု တွေ မဖြစ်စေရဘူးလို့လည်း ပါတယ်။ ဒါပေမယ့် ဒီဒေသက လိမ္မော်ခြံတွေ၊ လယ်ယာမြေတွေ ပျောက်ကုန်ပြီ။ မေခမြစ်၊ ဧရာဝတီမြစ်ထဲကို စွန့်ပစ်တဲ့ပြဒါးနှင့် အခြားသတ္တုတွေ အမြဲ စွန့်ပစ်နေတာပဲ။ ဒါတွေကို သက်ဆိုင်ရာက စစ်ဆေးပြီး လျှော့သင့်တာ လျှော့၊ ပိတ်သင့်တာပိတ်သင့်ပြီ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု တိုင်းရင်းသားတစ်ဦးက ပြောပြသည်။ အဆိုပါ ရွှေတူးသည့် လုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွှေမျောမှ ထွက်သည့် ရွှံ့ရည်များ၊ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ပြဒါးနှင့် အခြားဓာတုပစ္စည်းများ မေခမြစ်အတွင်းသို့ အမြဲစီးဝင်နေခြင်းများ ဖြစ်လျက်ရှိသည်။ ထို့ကြောင့် ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးရှိမှုနည်းပြီး ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်နိုင်ပါသဖြင့် တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေကြောင်း သတင်းရရှိပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်ကျင့်သုံး ကောက်ခံမည့် ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်းသော ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) ခန်းမတွင် မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်းသော ရှင်းလင်းဆွေးနွေးပွဲတွင် ယခင်ဥပဒေများကို ပြင်ဆင်ပြောင်းလဲကာ အတည်ပြု ထုတ်ပြန် ထားပြီးဖြစ်သော ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကာ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကောက်ခံမည့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွင်း အခွန်အများဆုံး ပေးဆောင် သော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်ထိပ်ဆုံး ၁၀၀ ဦးစာရင်းကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရပါသည်။

Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment