နိုင်ငံတကာသတင်း



မာလီ အာဏာသိမ်း စစ်အစိုးရက နိုင်ငံမြောက်ပိုင်းရှိ Tuareg သူပုန်များနှင့် စေ့စပ်ဆွေးနွေးရန် မတ်လ ၂၆ ရက်တွင် ကမ်းလှမ်းခဲ့ပြီး သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း
အမေရိကန်က အကူအညီပေးမှု ရပ်ဆိုင်းခြင်းအပါအ၀င် နိုင်ငံတကာမှ ဖိအားပေးမှု၊ ပြည်တွင်း၌ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှု ကြုံနေရသော စစ်အစိုးရသစ်က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သူပုန်များကို ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။ သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန်နှင့်  ဆွေးနွေးပွဲသို့ မြန်နိုင်သမျှ မြန်မြန်ဝင်ရောက်ရန် တိုက်တွန်းခဲ့ပြီးဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး Amadou Sanogo က နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုနှင့် ညီညွတ်ရေးကို ထိပါးမှုမှလွဲ၍ ကိစ္စအားလုံး စေ့စပ်ဆွေးနွေး နိုင်ကြောင်း

မာလီမြောက်ပိုင်းတွင် အားကောင်းသော Tuareg သူပုန်များကလည်း ပြီးခဲ့သော သီတင်းပတ်က အာဏာသိမ်းမှုကြောင့် မတည်ငြိမ်မှု ဖြစ်ပွားခဲ့ခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး မိမိတို့ ဘိုးဘွားပိုင်နက်မြေ ပြန်လည်ရရှိရန်အတွက် တိုက်ခိုက်နေခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့
ကြောင်း
အဓိကကျသော Kidal  မြို့မှာ မကြာမီ မိမိတို့ လက်ထဲကျတော့မည်ဟု သူပုန်များက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းအနောက်အာဖရိကနိုင်ငံ မာလီသို့ ဥရောပ၊ ကနေဒါနှင့် အခြားနိုင်ငံများက အကူအညီပေးမှု ရပ်ဆိုင်းခဲ့ပြီးနောက် အမေရိကန်ကလည်း အကူအညီပေးမှုရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြောင်း သိရသည်။


ဆီးရီးယားတွင် သွေးမြေကျ နိုင်ငံရေးအကျပ်အတည်းကို မည်သို့ အဆုံးသတ်မည့် နည်းလမ်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် မတ်လ ၂၇ ရက်တွင် တရုတ်သို့ သွားရောက်ခဲ့ ပြီး တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်နေမှု ရပ်တန့်ရေးအတွက် ကုလသမဂ္ဂက ကြီးကြပ်လုပ်ဆောင်မည့်အစီအစဉ် ဖော်ဆောင်ရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုခံရသော နိုင်ငံရေးစနစ်တစ်ခုသို့ အသွင်ကူးပြောင်းရေး လုပ်ဆောင်ရန်အတွက် အစီအစဉ်များကို ကုလနှင့် အာရပ်အဖွဲ့ချုပ် ပူးတွဲသံတမန် အာနန်က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း

အာနန်သည် မတ်လ ၂၅ ရက်က မော်စကိုတွင် ရုရှားသမ္မတ ဒီမစ်ထရီမက်ဗီဒက်နှင့် တွေ့ဆုံခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် ရာထူး နုတ်ထွက်ရေးကိစ္စကို ဆီးရီးယားပြည်သူများသာ ဆုံးဖြတ်သင့်ကြောင်း ထင်မြင်မိသည်ဟု အာနန်က ရုရှားသတင်းဌာနများသို့ ပြော ကြားခဲ့
ကြောင်း
ဆီးရီးယားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ရပ်တန့်ရန် မည်သည့်အချိန် နောက်ဆုံးထား ပြုလုပ်ရမည်ဟု သတ်မှတ်ခြင်းမှာ မသင့် တော်ကြောင်း အာနန်က ပြောကြားခဲ့သည်။ မက်ဗီဒက်က အာနန်မှာ ဆီးရီးယားတွင် ပြည်တွင်းစစ် ရှောင်လွှဲနိုင်ရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သတိပေးခဲ့ပြီး အာနန်ကို အပြည့်အ၀ ထောက်ခံမည်ဟုက တိပြုခဲ့ကြောင်း
တရုတ်ကလည်း ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ်အတွက် အချက်ခြောက်ချက်ပါ အဆိုပြုချက်ကို အဆိုပြုထားပြီး ဆီးရီးယားတွင် ဖြစ်ပွားနေသော ပဋိပက္ခကို ချက်ချင်းရပ်ဆိုင်းရေးနှင့် အစိုးရနှင့် အတိုက်အခံတို့အကြား ဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းဆီးရီးယား အတိုက်အခံ အဖွဲ့များကလည်း တူရကီတွင် တွေ့ဆုံခဲ့ပြီး ဒမတ်စကတ်အစိုးရကို ညီညွတ်စွာ တွန်းလှန်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


အီရန်ကို အစ္စရေးတိုက်ခိုက်မှုထက် အီရန် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုက အစ္စရေးနိုင်ငံအတွက် ပိုမိုဆိုးရွားမည်ဟု အစ္စရေး ဂျူးလူမျိုး သုံးပုံနှစ်ပုံခန့်က ယုံကြည်ကြောင်း မတ်လ ၂၆ ရက်နေ့ထုတ် စစ်တမ်း တစ်စောင်က ဖော်ပြခဲ့ကြောင်းHaaretz သတင်းစာက ထုတ်ဝေသည့် စစ်တမ်းတွင် အီရန် နျူကလီးယားဗုံး ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ရသည်က အီရန် နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုအတွက် ပေးရမည့်တန်ဖိုးထက် ပိုမိုကြီးမား မည်ဖြစ်ကြောင်း အစ္စရေးဂျူး ၆၅ ရာခိုင်နှုန်းကျော်က သဘောတူညီကြ ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းခန့်က အီရန်၏ နျူကလီးယားစီမံကိန်းကို စစ်အေးတိုက်ခိုက်မှုဖြင့်သာ တားဆီးနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေကြသည်ကို စစ်တမ်းက တွေ့ရှိခဲ့သည်။  စစ်တမ်းကို အစ္စရေး ဂျူးလူမျိုး ၅၀၅ ဦးအား မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း
ဆီနီဂေါတွင် မတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့၌ မိမိရှုံးနိမ့်ခဲ့ကြောင်း လက်ရှိသမ္မတ Abdoulaye Wade က ကြေညာခဲ့သည်။ အနိုင်ရခဲ့သော Macky Sall က ယင်းအောင်ပွဲမှာ ဆီနီဂေါ ပြည်သူတို့၏ အောင်ပွဲဖြစ်သည်ဟု ကြေညာခဲ့ကြောင်း

အသက် ၈၅ နှစ်ရှိ Wade သည် ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သော အငြင်းပွားဖွယ် ပထမအကျော့ ရွေးကောက်ပွဲတွင် မဲအများစုမရရှိသဖြင့် ၀န်ကြီးချုပ်ဟောင်း Sall နှင့် ဒုတိယအကျော့ ထပ်မံ ယှဉ်ပြိုင် ရခြင်းဖြစ် သည်။ ပထမအကျော့တွင် သမ္မတလောင်း ၁၄ ဦး ယှဉ်ပြိုင်ခဲ့ပြီး Wade သည် မဲ ၃၂ ရာခိုင်နှုန်းနှင့် Sall က မဲ ၂၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း တတိယသက်တမ်း ထမ်းဆောင်ခွင့်ရရန် ကြိုးပမ်းနေသော Wade ကို အနိုင်ရခဲ့သည့် Sall အား ပထမအကျော့တွင် ရှုံးနိမ့်ခဲ့သော သမ္မတလောင်း အများအပြားက ထောက်ခံခဲ့သည်။ ''ကျွန်တော်တို့ အပြောင်းအလဲ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီနီဂေါက ဆင်းရဲပြီးတော့ သမ္မတ Wade က ဘာမှလုပ်မပေးခဲ့ ပါဘူး''ဟု Sall ကို မဲပေးခဲ့သော အသက် ၁၈ နှစ်ရှိ အယ်လ်ဖာဘာက ပြောကြားခဲ့ကြောင်း
ဒုတိယအကျော့ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၅ ဒသမ ၃ သန်းရှိခဲ့ပြီး မဲပေးမှု မြင့်မားခဲ့ကြောင်း၊ မဲ မသမာမှု အထောက်အထား မတွေ့ရကြောင်း ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် Thijs Berman ကပြောကြားခဲ့သည်။ ဆီနီဂေါ၏ နိုင်ငံရေး ရင့်ကျက်မှုကိုလည်း ရွေးကောက်ပွဲအပြီးတွင် ကမ္ဘာ့ခေါင်းဆောင်များက ချီးကျူးခဲ့ကြောင်း သို့သော် သမ္မတ Wade က ယခု ရွေးကောက်ပွဲတွင် ၎င်းကို ထောက်ခံသူ များပြားစေရန်စီစဉ်ခဲ့ပြီး ကန့်ကွက်သူများအား ခြိမ်းခြောက်ရန် စီစဉ်ခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းထွက်ပေါ်ခဲ့ကြောင်းအာဖရိက အနောက်ကမ်းရိုးတန်းရှိ ဆီနီဂေါတွင် ရွေးကောက်ပွဲ ၀ရုန်းသုန်းကားဖြစ်စဉ်များ၊ ပြည်တွင်းစစ်၊ အာဏာသိမ်းမှုမရှိခဲ့ဘဲ ငြိမ်းချမ်းမှု အတော်အသင့်ရှိသော နိုင်ငံအဖြစ် ရှိခဲ့သည်။ သို့သော် အခြေခံဥပဒေပြင်ခဲ့သော သမ္မတ Wade ကို တတိယ သက်တမ်းအတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်အား တရားရုံးချုပ်ကခွင့် ပြုပေးခဲ့ပြီးနောက် ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment