၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်း၏ဖခင်ဈာပန ကျင်းပ
မတ် ၂၇၊ ၂၀၁၂ ယမန်နေ့ မနက် ၁၂ နာရီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်းရဲ့ ဖခင် ဦးသိန်း (ခ) ကန့်စိန်ဘန် (အသက် ၈၁ နှစ်၊ မတ် ၂၅၊ ၂၀၁၂ မှာ ကွယ်လွန်)
ရဲ့ ဈာပနကို ရေဝေးသုသန်မှာ မီးသဂြိုဟ်ပြီးစီးခဲ့ပါတယ်။ ဈာပနကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအင်အားစု အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ ၃၀၀ ခန့်
လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကွယ်လွန်သူကို ရည်စူးပြီး မတ် ၃၁၊ စနေနေ့ နံနက် ၇ နာရီ မှ ၁၁ နာရီ အထိ ရက်လည်ဆွမ်းကျွေး တရားနာမှာဖြစ်တဲ့အတွက် အမှတ် ၁၀၁၊ ၁၁၀၊ ၄ လွှာ၊ ၅၁ လမ်း၊ ပုဇွန်တောင်မြို့နယ် နေအိမ်သို့ ကြွရောက်နေကြောင်း သတင်းရရှိပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆု ကရင်အမျိုးသမီးရ
အမေရိကန် အခြေစိုက်ပြီး နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပေါင်းစည်းထားသည့် အင်တာအက်ရှင်အဖွဲ့က ကရင်အမျိုးသမီး တဦးဖြစ်သူ နော်စူစန်နာလှလှစိုးကို လူသားချင်း စာနာထောက်ထားမှု ဂုဏ်ပြုဆု ချီးမြှင့်လိုက်သည်။ ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ အလုပ်အမှုဆောင် အရာရှိ နော်စူစန်နာလှလှစိုး၏ ပြည်တွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အမျိုးသမီးများ၏ ဘ၀မြှင့်တင်ရေး လုပ်ဆောင်ချက်များ၊ ကလေးငယ်များ၏ ပညာရေးအတွက် ကြိုးပမ်းမှုများ၊ သဘာဝ ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်မှုများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထားမှု ဂုဏ်ပြုဆု ချီးမြှင့်လိုက်ကြောင်း သိရသည်။
SSA တိုက်ခိုက်ခံရမှု ဦးအောင်မင်းက သမ္မတနှင့် တိုက်ရိုက် ဆွေးနွေးမည်
လူ့အခွင့်အရေးကော်မရှင် ပျက်ပြယ်ခြင်းမရှိဟု ထုတ်ပြန်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ဗဟိုအဖွဲ့အစည်း အဖြစ်မှ ပြည်ထောင်စု လွှတ်တော်၏ ပယ်ဖျက်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းတို့၏ အဖွဲ့အစည်း ပျက်ပြယ်ခြင်းမရှိဘဲ လုပ်ငန်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗုဒ္ဓဟူးနေ့ထုတ်
နိုင်ငံပိုင် သတင်းစာများမှတဆင့် ကြေညာချက် ထုတ်ပြန်သည်။
မတ်လ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်မှ ၎င်းကော်မရှင်အား ဗဟိုအဖွဲ့အစည်း မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ဘတ်ဂျက်ဖြတ်တောက်ခံခဲ့ရသော်လည်း “ဘတ်ဂျက် ရသုံးမှန်းခြေ ငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်းသည် ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖေါ်ခြင်းတို့ကို ပျက်ပြယ်စေခြင်း မရှိနိုင်ပေ” ဟု ကော်မရှင် ထုတ်ပြန်ချက်အတွင်း ဖေါ်ပြပါရှိသည်။ကော်မရှင်ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သမ္မတသို့ ပေးအပ်ထားသော အုပ်ချုပ်မှုအာဏာအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်ဟုလည်း အခြေခံဥပဒေ ပုဒ်မ ၂၁၆ ကို ကော်မရှင်က ကိုးကားထားသည်။
ပုဒ်မ ၂၁၆ တွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်” ဟု ပြဋ္ဌာန်းပါရှိသည်။ ထို့ကြောင့် “ပေးအပ်ထားသော တာဝန်များကို နိုင်ငံတော် သမ္မတသည် လွှဲအပ်သော အုပ်ချုပ်မှုအာဏာများ ကျင့်သုံး အကောင်အထည်ဖေါ်ခြင်း၏ တစိတ်တပိုင်းအဖြစ် ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကော်မရှင်အနေဖြင့် ခံယူပါ သည်” ဟုလည်း ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။ သို့သော် သမ္မတသည် ကော်မရှင်ကို ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းအတွင်း ထည့်သွင်းကာ ဘဏ္ဍာရေး အသုံးစရိတ် တောင်းခံခြင်းမှာမူ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ ဝင် ဒေါ်နန်းဝါနုက
“သမ္မတရဲ့လုပ်ပိုင်ခွင့်အရ သူ့ဟာသူ လုပ်သွားပေါ့။ နိုင်ငံတော် သမ္မတရဲ့ အကြံပေးအဖွဲ့လိုမျိုး အဖွဲ့အစည်းလောက်ပဲ ဖွဲ့ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူတို့က ဗဟိုအဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းပြီးတော့ သုံးဖို့ငွေ တောင်းတာပေါ့။ အဲဒီလိုတောင်းမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဗဟို အဖွဲ့အစည်း ဖြစ်ကြောင်း အတည်ပြုချက် ရယူပြီးတော့ ဘဏ္ဍာငွေ သုံးပိုင်ခွင့်ရှိမှာ” ဟု ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း အသုံးစရိတ် ကျပ်ငွေ ၁၃၃ သန်းတောင်းခံခဲ့ပြီး ထိုတောင်းခံမှုကို မတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့သည်။ကော်မရှင်၏ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို သမ္မတ၏ လမ်းညွှန်ချက်အရ ရေးဆွဲနေပြီ ဖြစ်ပြီး လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဟု ဖေါ်ပြထားသည်။အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်နှင့် ကာကွယ်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင် ဖွဲ့စည်းမှုကိုပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက်အမှတ် ၃၄/၂ဝ၁၁ ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အဆိုပါ အမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်ထိုးထားသည်။ကော်မရှင်တွင် အငြိမ်းစားသံအမတ်များဖြစ်သည့် ဦးဝင်းမြက ဥက္ကဋ္ဌ တာဝန်ယူပြီး၊ ဦးကျော်တင့်ဆွေက ဒုတိယ ဥက္ကဋ္ဌတာဝန်ယူထားသည်။ အတွင်းရေးမှူးမှာ အငြိမ်စား လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစစ်မြိုင်ဖြစ်ကြောင်း သိရသည်။

ရဲတိုက်ဖောင်ဒေးရှင်း ကချင်ဒုက္ခသည်များကို သွားရောက်ကူညီမည်
ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ထူထောင်ထားသော ရဲတိုက်ဖောင်ဒေးရှင်းက ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များကို သင်္ကြန်မတိုင်မီ အကူအညီများ သွားရောက်ပေးအပ်ရန်ရှိကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးလည်းဖြစ်သော သရုပ်ဆောင် ရဲတိုက်သည် ဧပြီလ ၂ ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် အလှူခံသွားမည်ဟု Yangon Press International ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ရဲတိုက်ဖောင်ဒေးရှင်းကို ယမန်နှစ် ဇန်နဝါရီလက ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရည်ညွှန်းနိုင်ငံခြားငွေ လဲနှုန်း ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်မည်
နိုင်ငံခြားငွေ လဲလှယ်မှုစနစ်တွင် ဈေးကွက်အခြေခံသော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင် ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်သည်။ ပြောင်းလဲမည့် စနစ်နှင့်အညီ ရည်ညွှန်းနိုင်ငံခြားငွေ လဲနှုန်း (Reference Foreign Exchange Rate) ကို ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေး ကော်မရှင် တည်တံ့ရေး ဥပဒေကြမ်း တင်သွင်းမည်
အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတွင် ထည့်ထားခြင်းနှင့် အသုံးစရိတ် ထည့်ထားခြင်းကို ပြည်ထောင်စုလွှတ်တော် နာယကက ပယ်ဖျက်ခဲ့သော်လည်း ကော်မရှင်၏ လုပ်ငန်းများ ပျက်ပြယ်ခြင်းမရှိဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား
မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက်ကိုက ပြောကြောင်း
မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့
ကျန်းမာရေး အခြေအနေကြောင့် မကွေးခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည် ကျန်းမာလာစေဖို့ သောင်းနဲ့ချီတဲ့ မကွေးမြို့ပြည်သူတွေ မနေ့တုန်းက မြို့ကိုလှည့်လည်ပြီး ဆုတောင်း မေတ္တာပို့ကြကြောင်း သိရပါတယ်။နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည်
ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက အ၀တ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၄င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။ ဆောက်လက်စ သင်္ကန်းကျွန်းဈေးရှေ့တွင် မတ်လ ၆ ရက်နေ့ ညနေပိုင်းက လာရောက်ထောင်ထားသော ပိုစတာ၌ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဦးကျော်တို့က ရေးဆွဲထားသည့်ပုံစံဟု အမည်တပ်ပြီး ဖော်ပြထားကြောင်း၊ မဲခွဲဆုံးဖြတ်သည့် မြေပုံနှစ်ခုအနက်မှ တခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲ ထားသောမြေပုံဟု ဖော်ပြထားကြောင်း၊ ယင်းဖော်ပြချက် နှစ်ခုစလုံးသည် မှန်ကန်မှုမရှိကြောင်း၊ ၄င်းတို့နှစ်ဦးသည် စေ့စပ်ညှိနှိုင်းသည့် အဆင့်တွင်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲခြင်း မရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။ သို့သော်အဆိုပါ အမှုမှာ ရဲအရေးပိုင်သောအမှု မဟုတ်ဟု ဆိုသောကြောင့် တရားရုံးထံ ဦးတိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးပါက တရားရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် လျပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန်အတွက် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံမှ EGAT International Co.,Ltd တို့သည် ၂၀၀၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့၌ ပဏာမ သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန၊ တရုတ်နိုင်ငံမှ SinoHydro Cor-poration Limited၊ ထိုင်းနိုင်ငံမှ EGAT International Co.,Ltd နှင့် International Group of Entre-preneurs Co.,Ltd တို့သည် စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း
စီမံကိန်း အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် SinoHydro Corporation သည် ရာခိုင်နှုန်း ၅၀ ဖြင့် ပါဝင်ထားပြီး EGAT International Co.,Ltd က ၃၆ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာသည် ထိုင်း-မြန်မာနယ်စပ်နှင့် ၃၃ ကီလိုမီတာသာ ဝေးကွာပြီး ဆည်ကြောင့် သက်ရောက်မှုသည် မြန်မာနိုင်ငံတွင် သာမက ထိုင်းနိုင်ငံ၌လည်း ဖြစ်ပေါ်နိုင်ခြေရှိနေသည်ဟု သိရှိရကြောင်းတည်ဆောက်ရန် လျာထားသည့် ဟတ်ကြီးဆည်သည် စက်တပ်ဆင်အား ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိကာ ဆည်၏ ခန့်မှန်းအမြင့်မှာ ၃၃ မီတာ ဖြစ်ကြောင်း
၁၉၉၈ ခုနှစ် ၀န်းကျင်က ဂျပန်နိုင်ငံမှ Japanese Development Consultant က လေ့လာမှုများ ပြုလုပ်ပြီးနောက် ဆည်သည် ထုတ်လုပ်နိုင်စွမ်းအား မဂ္ဂါဝပ် ၃၀၀ ရှိကာ ယင်းပမာဏဖြင့် တွက်ချက်တည်ဆောက်ပါက မြစ်သည် ပုံမှန်အတိုင်း စီးဆင်း နိုင်မည်ဖြစ်ကြောင်း သို့သော် EGAT က ၂၀၀၅ ခုနှစ်၌ ထပ်မံလေ့လာမှု ပြုလုပ်ကာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ အထိ တိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း
ဟတ်ကြီးဆည် တည်ဆောက်ပါက ထိုင်းနိုင်ငံတွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်မည်ဖြစ်သောကြောင့် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ရပ်တန့်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားသူများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် တွင် ကော်မတီအဖွဲ့ခွဲများ ထူထောင်ခဲ့ကြ ကြောင်းနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစိုးရသစ် တက်လာပြီးနောက် ယင်းအဖွဲ့များ၏ လုပ်ဆောင်မှုများ ရပ်တန့်သွားခဲ့ကြောင်းသံလွင်မြစ်သည် ဆည် လုံးဝ မတည်ဆောက်ရသေးသည့် မြစ်တစ်စင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမြစ်လည်း ဖြစ်ကြောင်းလက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း ၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ်နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန်အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အချိန်လွန်မှ ရောက်လာသော ကြိုတင်ဆန္ဒမဲများဖြင့် ရွေးကောက်ပွဲကို အနိုင်ယူ၍ ရနိုင်မည်မဟုတ်ကြောင်းနှင့် ကြိုတင်ဆန္ဒမဲကို မသမာသောနည်းဖြင့် အခြားသူအားပေးပါက ထောင်ဒဏ်ပါ ချမှတ်ခံရမည်ဖြစ်ကြောင်း တရားဝင် ပြဋ္ဌာန်းထားချက်များအရ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၇၁ အရ သိရသည်။
ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်းနှင့် သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို လာရောက် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းတို့ ကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ အရ သိရသည်။
ထို့ပြင် အတု ပြုလုပ်ထားသော ဆန္ဒမဲလက်မှတ် တစ်ခုခုကိုဖြစ်စေ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း၊ မဲစာရင်းကိုသော်လည်းကောင်း ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို သော် လည်းကောင်း ပေးပို့ရာတွင် အသုံးပြုသော စာအိတ် သို့မဟုတ် အထုပ်ကို တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း၊ ရေးသားထားချက်များကို ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း
မဲရုံတွင် ရေတွက်သော ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြစ်လျှင် မဲရုံမှူးကလည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ရေတွက်သော ကြိုတင်ဆန္ဒမဲလက်မှတ် ဖြစ်လျှင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက လည်းကောင်း ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်တစ်ခု ခိုင်လုံမှု ရှိ၊ မရှိကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာ ၀န်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်ဖြစ်ကြောင်း
သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်ဖြစ်ကြောင်း၊ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ(၁၃) နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီ ပေးပို့ရမည် ဖြစ်ကြောင်း ယင်းပုံစံ ၁၃ များတွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကို သိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ( ၁၃)ပါ ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည် များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည် ဖြစ်ကြောင်း
ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကို ကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ မဲရုံမှူးက သင့်လျော် သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့်ကွက်မဲစာရင်း ပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲလက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်ဟု ပြဋ္ဌာန်းထားကြောင်းကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်ဖြစ်ပြီး စာမရေးတတ်လျှင် လက်ဝဲလက်မလက်ဗွေနှိပ် စေရမည်ဖြစ်ကာ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင် ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့် မပြုရကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ နှင့်ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း အဆိုပါ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ကုန်းတွင်းလုပ်ကွက်မှ စည်ထောင်ပေါင်း ၃၄၃၅ ဒသမ ၆ နှင့် ကမ်းလွန်မှ ရေနံစိမ်းစည် ထောင်ပေါင်း ၃၇၂၁ ထုတ်လုပ်ရန် ဖြစ်ကြောင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ ထုတ်လုပ်သွားရန် ရည်မှန်းထားပြီး ကုန်းတွင်းမှ ကုဗပေသန်းပေါင်း ၂၁၉၇၃ နှင့် ကမ်းလွန်မှ ကုဗပေ သန်းပေါင်း ၄၂၅၂၂၅ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း
ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ယင်းကဲ့သို့ တိုးတက်ထုတ်ယူနိုင်ရန် ရည်မှန်းထားခြင်းမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေနံစိမ်း၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် သဘာဝဓာတ်ငွေ့ ထုတ် လုပ်မှု တိုးတက်လာနိုင်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ဖြစ်ကြောင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၌ ကမ်းလွန်လုပ်ကွက်များမှ ရေနံစိမ်း ပိုမိုထုတ်လုပ်နိုင်မည်ဟုလည်း ခန့်မှန်းထားပြီး မကွေးတိုင်းဒေသကြီးတွင် သာကြီးတောင်ရေနံမြေ၊ ချောက်ရေနံမြေ၊ ရေနံချောင်း ရေနံမြေတို့တွင်လည်း ရေနံတွင်းသစ်များ တိုးချဲ့ထူ ထောင်ခြင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင်ရေနံမြေ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ညောင်တုန်းရေနံမြေတို့ကို တိုးချဲ့ ထူထောင်သွားရန်ရှိကြောင်း
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ညောင်တုန်း / မအူပင်ရေနံမြေ၊ သာကေတ(ကမ်းလွန်ရေနံရှာဖွေရေး အခြေစိုက်စခန်း)၊ ပျော်ဘွယ်/ရေနီ/ တောင်ဖီလာ သဘာဝဓာတ်ငွေ့ပိုက်ပိုင်း၊ ပြည်တွင်းသုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ စီအင်န်ဂျီအရောင်း ဆိုင် တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနားကျင်းပ
ယမန်နေ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသမိုင်းခေတ်အဆက်ဆက်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ပါရမီလမ်းရှိ သခင်သိန်းဖေရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နံနက် ၈ နာရီမှ ၉ နာရီ ခွဲအထိ ဆောင်ရွက်ခဲ့ရာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မီးမီး အပါအ၀င် ခေတ်အဆက်ဆက်မှ နိုင်ငံရေးသမားကြီးများ၊ လူငယ်နိုင်ငံရေးအင်အားစုများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာကို မမီးမီးမှ ဖတ်ကြားခဲ့ပြီး ကိုကိုကြီးမှ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ စိတ်ဓာတ်တော်လှန်ရေးအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီးများရဲ့ ကိုယ်စား သခင်ချန်ထွန်းမှ အမှတ်တရ စကားပြောကြားခဲ့ပြီး အခမ်းအနားမှူးဖြစ်တဲ့ ရွှေတောင်ဦးအုန်းမောင်က နိဂုံးချုပ်စကား ပြောကြားက အခမ်းအနားကို အောင်မြင်စွာ အဆုံးသပ်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
(၆၇)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ၀ါရင့်နိုင်ငံရေးသမားများ သည် တော်လှန်ရေးနှင့် မိတ်ဆုံစားပွဲသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း
အဆိုပါ သ၀ဏ်လွှာ၌ မတ်လ ၂၇ ရက်နေ့သည် လွန်ခဲ့သော ၆၇ နှစ်အချိန်က တစ်မျိုးသားလုံး စည်း လုံးညီညွတ်မှု စွမ်းအားဖြင့် ဖက်ဆစ်စနစ်၊ ဖက်ဆစ်ဝါဒကို မြန်မာ့မြေပေါ်မှ တော်လှန်တိုက်ထုတ်ခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ကြောင်းကို အစပျိုး ရေးသားခဲ့ပြီး ၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကို ပြန်လည် ကောက်နုတ်ခဲ့ကြောင်း
ထို့နောက် ယနေ့ကဲ့သို့ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံထူထောင်ရန် အသွင်ကူးပြောင်းနေသော ကာလ၌ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းများကို တော်လှန် ပြောင်းလဲပစ်ရန် လိုအပ်နေကြောင်း ယင်းအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ဒီမိုကရေစီ အနှစ်သာရ ဆိုသည်မှာ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်သည် ဆိုသော အချက်ကို ပြောဆိုခဲ့ပြီး ထိုအချက်ကြောင့် အစိုးရကို ပြည်သူ စိတ်ပြောင်းလဲလာစေရန်၊ ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်နှင့် အ စိုးရ၀န်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲလာစေရန် သည် ယနေ့အချိန်တွင် ဦးတည် ပြောင်းလဲပစ်ရမည့် အတွေးအမြင် တော်လှန်ရေး တစ်ရပ်ဖြစ်သည်ဟု အလေးအနက် ယုံကြည် တိုက်တွန်းကြောင်း (၆၇)နှစ်မြောက် တော်လှန် ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ရေးသားခဲ့ကြောင်းအဆိုပါသ၀ဏ်လွှာ၌ ကိုးကား ထည့်သွင်းရေးသားခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းမှာ ဖက်ဆစ် တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ပြုလုပ်သော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင် များ အစည်းအဝေး၌ ပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား ပြည်သူတွေနဲ့ ကင်းကွာပြီး မင်း စိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်နေရတဲ့ ဒီမိုကရေစီ ၀ါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒ ကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀၀ အောက် ရရှိသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း
အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း ၀င်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း

ယခင်က လစာအပေါ် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ၀င်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရရှိသူများအား ၀င်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်းယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ၀င်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ၀င်ငွေရှိသူများ ပင် ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း
စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း
ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားစီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း
ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''ရေဖြူ မဲဆန္ဒနယ်က ဦးဝင်းဦး ဆွေးနွေးသွားတဲ့ နိုင်ငံတော်ဘက် စဉ်းစားပြီးတော့ အခုလုပ်တဲ့ Project တွေမှာ နိုင်ငံခြားသားတွေ သူတို့ရဲ့ အချိုးဟာ ဘယ်လောက် များတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းက လုပ်သားတွေ အင်အားကတော့ နည်းတယ်စသည်ဖြင့် ထောက်ပြ ဝေဖန်သွားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း နောက်ဆုံးထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ ပြည်တွင်းကနေပြီးတော့ ကျွမ်းကျင်သူ ဆိုလို့ရှိရင် ပထမနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း စသည်ဖြင့် ဒါလေးကိုလည်း ကျွန်တော် လေ့လာထားပါတယ်။ ကျွန်တော်တို့ရဲ့ Project စကတည်းက တရုတ်နဲ့ လုပ်ထားတဲ့ ပိုက်လိုင်းမှာလည်းပဲ ဘယ်လို အဆင့်မျိုးဆိုရင်တော့ ပြည်တွင်းကပဲ သုံးရမယ်လို့ ကျွန်တော်တို့ ကန့်သတ်ထားတာ ရှိပါတယ်။ ကန့်သတ်ထားတာတွေ ရှိပင်ရှိငြားသော်လည်းပဲ ဒီအထဲမှာပဲ လက်တစ်လုံးခြား လုပ်ပြီးတော့ စည်းကမ်း ဖောက်ဖျက်နေတာရှိကြောင်း ၀န်ခံပါတယ်။ ဥပမာအားဖြင့် တရုတ်နဲ့ ပိုက်လိုင်းမှာလည်းပဲ ဒီလိုမျိုး ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ ဟိုဘက်ကနေပြီးတော့ Work Permit နဲ့ အလုပ် Visa နဲ့ မဟုတ်ဘဲနဲ့ Tourist Visa နဲ့ ၀င်လာပြီးတော့မှ ယန္တရားတက်မောင်းလို့ သေတဲ့ အမှုတွေလည်း ရှိပါတယ်။ ချက်ချင်းပဲ အဲဒီပုဂ္ဂိုလ်တွေကို ပြည်ပက သူတို့ သံအမတ်ဆီကို စာရေးပြီးတော့ ချက်ချင်းပြန်ထွက်ပါ။ ဒါမျိုးနဲ့ ကျွန်တော်တို့ လုပ်ခဲ့ရတဲ့ အရေးယူခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်''ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးက ''အလားတူပဲ အခု ဇောတိက ပိုက်လိုင်းမှာ ဦးဝင်းဦးကတော့ တရုတ် ၃၀၀ လောက်ရှိတယ်။ မြန်မာက ၅၀ လောက် ရှိတယ်ပြောပါတယ်။ သို့သော် ဒီကိန်းဂဏန်းကတော့ ဒီလောက် တစ်ဖက်စောင်းနင်းတော့ မဟုတ်ဘူးခင်ဗျ။ သို့သော်လည်း ကျွန်တော့်ဆီမှာ ဒီဟာ အတိအကျ မပါတဲ့အတွက် ကျွန်တော် ပြန်ပြီး စိစစ်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ ယခုလည်းပဲ အနားမှာ အလုပ်သမားဝန်ကြီး ရှိပါ တယ်။ အဲဒီ Project မှာပဲ ကျွန်တော်တို့ရဲ့ မြန်မာလုပ်သားတွေဟာ အနားမှာရှိတဲ့ TOTAL ရဲ့ အလုပ်သမား စည်းမျဉ်း ဥပဒေတွေ အဲဒီမှာရှိတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အလားတူပဲ PTTEP ရဲ့ အလုပ်သမား တွေရဲ့ ရပိုင်ခွင့်တွေ ဒါတွေကို လိုက်ကြည့်ပြီးတော့ သူတို့လည်းပဲ ရလိုကြောင်းနဲ့ ပြောလာတဲ့အတွက် ဒါကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရရော၊ စွမ်းအင်ဝန်ကြီးဌာနရော၊ အလုပ်သမားဝန်ကြီးဌာနပါ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက် သူတို့ တခြားကုမ္ပဏီက အလုပ်သမားတွေလိုပဲ ယူနီဖောင်းတွေ ရတယ်။ သန့်ရှင်းသော သောက်သုံးရေ ရတယ်။ အလုပ်ချိန် စသည်အားဖြင့် ဒါလေးတွေဟာ ကျွန်တော်တို့လည်းပဲ ဒါတွေကိုမြင်ပြီးတော့ လိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ဦးရေအချိုးအစားကတော့ ပြန်ကြည့်ပြီးတော့ ဒါလေးတွေကို စိစစ်ပြီးတော့ ဆောင်ရွက်ပေးသွားပါမယ်လို့ တင်ပြပါတယ်''ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်နှင့် တရုတ် ယွမ်ငွေ သန်းနှစ်ထောင်နီးပါး ချေးငွေရရှိခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် ချေးငွေ ပမာဏမှာ အများဆုံးဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်သာသော ချေးငွေ၊ အတိုးမဲ့ ချေးငွေ၊ ဦးစားပေးဝယ်သူ ချေးငွေ၊ ၀ယ်သူ ချေးငွေ၊ ကူးသန်းရောင်းဝယ်ရေး ချေးငွေများ မြန်မာနိုင်ငံက ရရှိခဲ့ကြောင်း သိရသည်။ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်ပြီး တောင်ငူ-ရွှေတောင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ စီမံကိန်းအတွက် ယွမ်သန်း ၇၀၊ ရွှေကျင်-သာယာကုန်း(၂၃၀) ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၊ နမ့်ဆန်-ပင်းပက် ဓာတ်အားလိုင်း စီမံကိန်းများအတွက် ယွမ်သန်း ၁၀၀၊ ရန်ကုန်မြို့ ဓာတ်အားခွဲရုံများ၏ ပစ္စည်း ၀ယ်ယူရေးအတွက် ယွမ်သန်း ၅၀ကို အတိုးမဲ့ ချေးငွေအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ချေးပေးခဲ့ကြောင်း
ရေအားလျှပ်စစ်နှင့် ပတ်သက်၍လည်း ဘီလူးချောင်းအမှတ်(၃) ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၃၁ သန်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၁၆ သန်း၊ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၆၀ တို့ကို ဦးစားပေး ၀ယ်သူချေးငွေ ရရှိခဲ့ပြီး သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းတို့အတွက်လည်း ချေးငွေရရှိခဲ့ကြောင် စွမ်းအင်ကဏ္ဍဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ချေးငွေများ ပေးထားပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၀၈ သန်း၊ မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၅၈ ဒသမ ၀၈ သန်းနှင့် မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၁၀၅ ဒသမ ၅၈ သန်းကို ကူးသန်းရောင်းဝယ်ရေး ချေးငွေအနေဖြင့် ထုတ်ချေးပေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

စဉ် | စီမံကိန်း | ချေးငွေပမာဏ |
၁။ | မဲခေါင်သတင်းအချက်အလက်နှင့် အမြန်ဆက်ကြောင်း | ယွမ်သန်း ၃၀၀ |
၂။ | လေယာဉ်သုံးစင်းဝယ်ယူရေး | ယွမ်သန်း ၃၉၉ |
၃။ | ကော့စတစ်ဆိုဒါစက်ရုံ | ယွမ်သန်း ၆၉၀ |
၎။ | သောင်တူးရေယာဉ်ဝယ်ယူရေး | ယွမ်သန်း ၂၉၂ |
၅။ | တောင်ငူ-ရွှေတောင်ဓာတ်အားလိုင်း | ယွမ်သန်း ၇၀ |
၆။ | ရွှေကျင်-သာယာကုန်းဓာတ်အားလိုင်း နမ်ဆန်-ပင်းပက်ဓာတ်အားလိုင်း | ယွမ်သန်း ၁၀၀ |
၇။ | ရန်ကုန်မြို့ ဓာတ်အားခွဲရုံများ၏ ပစ္စည်းဝယ်ယူရေး | ယွမ်သန်း ၅၀ |
၈။ | ပက်လက်ကုန်တွဲရှည်များဝယ်ယူရေး | ယွမ်သန်း ၅၀ |
၉။ | ဘီလူးချောင်းအမှတ်(၃)ရေအားလျှပ်စစ် | ဒေါ်လာသန်း ၄၈ .၃၁ |
၁၀။ | အထက်ရဲရွာရေအားလျှပ်စစ် | ဒေါ်လာသန်း ၁၇၇ .၁၆ |
၁၁။ | သူဋ္ဌေးချောင်းရေအားလျှပ်စစ် | ဒေါ်လာသန်း ၆၀ |
၁၂။ | လူစီးတွဲ၊ ကုန်တွဲသစ်တည်ဆောက်ရေး | ဒေါ်လာသန်း ၄၇ .၅၁ |
၁၃။ | စက်ခေါင်းသစ်တည်ဆောက်ရေး | ဒေါ်လာသန်း ၄၇ .၀၂ |
၁၄။ | အကြီးစားမော်တော်ယာဉ်တည်ဆောက်ရေး | ဒေါ်လာသန်း ၂၀ |
၁၅။ | နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် | ဒေါ်လာသန်း ၂၀၀ |
၁၆။ | ယူရီးယား ဓာတ်မြေသြဇာစက်ရုံ | ဒေါ်လာသန်း ၇၄ .၀၈ |
၁၇။ | ရွှေသဘာဝဓာတ်ငွေ့ | ဒေါ်လာသန်း ၄၄၅ .၀၈ |
၁၈။ | မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း | ဒေါ်လာသန်း ၁၅၈ .၀၈ |
၁၉။ | မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း | ဒေါ်လာသန်း ၁၁၀၅ .၅၈ |
၂၀။ | သံမဏိစက်ရုံ တည်ဆောက်ရေး | ဒေါ်လာသန်း ၇၁၂.၀၅ |
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment