ကမ္ဘာ့သတင်းများ 29/03/2012
နိုင်ငံတကာသတင်း
နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သော နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် မတ်လ ၂၆ ရက်က စတင်ခဲ့ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယားက ဂြိုဟ်တုပါသော ဒုံးကျည်တစ်စီး ပစ်လွှတ်မည့်အစီအစဉ်နှင့် အီရန်က နျူကလီးယားဗုံး ရရှိရေး ကြိုးပမ်းမှုကို ဟန့်တားရေးမှာ အဓိကလွှမ်းမိုးခဲ့ပြီး နျူကလီးယားလက်နက်များ လျော့ချရေးအပါအ၀င် အကြောင်းအရာများစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူကလီးယား ရည်မှန်းချက်ကို စွန့်လွှတ်ရန် အိုဘားမားက မတ်လ ၂၆ ရက်တွင် ထပ်မံသတိပေးခဲ့ပြီး မှားယွင်းပြီး ရန်လိုသောလုပ်ရပ်များသည် ဆုပေးခံရမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။ ရန်လိုသော လုပ်ရပ်များ လုပ်ဆောင်ပြီး တစ် ဘက်လှည့်ဖြင့် အကူအညီများ ရယူသည့်နည်းလမ်းမှာ ခေတ်မရှိတော့ကြောင်း၊ မည်သို့လုပ်ဆောင်မည်ကို ကိုယ်တိုင်ရွေးချယ်ရမည်၊ ကိုယ်တိုင် ဆုံးဖြတ် ရမည်ဖြစ်ကြောင်း အိုဘားမားက မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်အား တိုက်ရိုက်ရည်ညွှန်း သတိပေးခဲ့သည်။ ကင်ဂျုံအွန်က ခေါင်းဆောင်နေရာယူထားသော်လည်း မည်သူက အဓိကကျသည့် နေရာတွင် ပါဝင်နေကြောင်းကို အတိအကျမသိရကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နျူစီမံကိန်းများကို အိုင်အေအီးအေ စစ်ဆေးသူများအား သွားရောက်စစ်ဆေး ခွင့်ပြုရန်နှင့် ရန်လိုသော အပြုအမူများ ရပ်ဆိုင်းနိုင်ရေးအတွက် ပြုံယမ်း၏ အဓိက မဟာမိတ် တရုတ်က စည်းရုံးရန် ပျက်ကွက်ခဲ့ခြင်းအတွက် အိုဘားမားက ဝေဖန်မှုပြုလုပ်ခဲ့သည်။ တရုတ် သမ္မတ ဟူကျင်တောင်ကလည်း ပြုံယမ်း၏ အစီအစဉ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား ပစ်လွှတ်လိုက်သော ဒုံးကျည်လမ်းလွှဲရောက်လာပါက တောင်ကိုရီးယားက ပစ်ချသွားမည်ဖြစ်ကြောင်း သမ္မတလီမြောင်ဘတ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားကမူ စီစဉ်ထားသော ဒုံးကျည် ပစ်လွှတ်မှုကို ရပ်ဆိုင်းမည်မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အီရန်အရေး
အီရန် နျူကလီးယားအရေးနှင့် ပတ်သက်၍လည်း သံတမန်ရေးအရ ဖြေရှင်းနည်းမှာ အချိန်နှောင်းနေပြီဖြစ်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။ အီရန် နျူစီမံကိန်း ရပ်ဆိုင်းရေးကိစ္စကို သံတမန်ရေးအရ ဖြေရှင်းရမည့် အချိန်ဖြစ်ကြောင်း၊ သို့သော် အချိန်နည်းနေပြီဖြစ်ပြီး အီရန်အနေဖြင့် အချိန်၏ တောင်းဆိုမှုကို အလေးအနက်ထားကာ အရေးတကြီး တုံ့ပြန်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ အီရန် နျူစီမံကိန်းနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီတို့က သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေခြင်းကို အိုဘားမားနှင့် ဟူကျင်တောင်တို့က ကြိုဆိုခဲ့သည်။
နျူလက်နက်လျော့ချရေး
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်သည် ၎င်းတို့၏ နျူကလီးယား လက်နက်များကို လျော့ချသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး အကြမ်းဖက်သမားတို့၏လက်ထဲ ယင်းလက်နက်များ မရောက်ရှိစေရေး အတွက် နိုင်ငံတကာက လက်တွဲဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
အမေရိကန်တွင် နျူကလီးယား လက်နက် ၁၅၀၀ ကျော်ရှိပြီး နျူထိပ် ဖူး ၅၀၀၀ ခန့်ရှိသဖြင့် လိုအပ်သည်ထက် ပိုမိုများပြားနေကြောင်း ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး အကြိမ်ပြုလုပ်ခဲသော့ ၀ါရှင်တန် ထိပ်သီးဆွေးနွေးပွဲအပြီး အမေရိကန်နှင့် ရုရှားက နျူကလီးယားလက်နက် ၁၇၀၀၀ ခန့်ထုတ်လုပ်နိုင်ရန် လုံလောက်သော ပလူတိုနီယမ် ၃၄ တန်စီကို ဖျက်သိမ်းသွားရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သည်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နှစ်နှစ်အတွင်း နျူကလီးယား လက်နက်များ ဘေးကင်းစေရေး လုပ်ဆောင်မှုများမှာ တိုးတက်မှုရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက အသိအမှတ်ပြုခဲ့သည်။ ယင်း နှစ်နှစ်အတွင်း ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံဟောင်း ကာဇက်စတန်က သန့်စင်မှု မြင့် ယူရေနီယမ် HEU နှင့် ပလူတိုနီယမ် ၁၃ တန်ကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ချီလီကလည်း ၎င်းတို့တွင်ရှိသော HEU အားလုံးကို ဖျက်သိမ်းနိုင် ခဲ့ကြောင်း ယင်းပညာရှင်များက ထောက်ပြခဲ့သည်။ ဆွေးနွေးပွဲ မစတင်မီတွင် ယူကရိန်းကလည်း ၎င်းတို့တွင်ရှိသော HEU အားလုံး ကို ဖယ်ရှားခဲ့ကြောင်း သတင်းပွှိုခဲ့သည်ဟု အိုဘားမားက ကြေညာပေးခဲ့သည်။
အိမ်ရှင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က နျူကလီးယားလက်နက် ပျံ့နှံ့နေခြင်းနှင့် နျူကလီးယား အကြမ်းဖက် ခြိမ်းခြောက်ခံရမှုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ်က ငလျင်နှင့် ဆူနာမီဒဏ်ခံရပြီး နျူကလီးယား အကျပ်အတည်း ကြုံခဲ့ရသော ဂျပန်နိုင်ငံမှ ၀န်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ဖူကူရှီးမား နျူစက်ရုံပြဿနာသည် ယင်းကဲ့သို့ နျူစက်ရုံများကို အကြမ်းဖက်ခံရမှုမှ ကာကွယ်ရာတွင် အရေးကြီးသော သင်ခန်းစာများပေးခဲ့ကြောင်း ပြော ကြားခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်
အရပ်သားများက HEU များကို လက်နက်အဖြစ် အသုံးပြုမှုများအား လျော့ချနိုင်ရေး အပါအ၀င် နျူလက်နက်ဖြင့် အကြမ်းဖက် ခြိမ်းခြောက်ခံရမှုကို တိုက်ဖျက်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန် ကတိပြုချက်ကို ကမ္ဘာ့ခေါင်းဆောင်များက ဆွေးနွေးပွဲ အပိတ်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် နျူလက်နက်ကင်းစင်သော ကမ္ဘာဖြစ်ပေါ်စေရေးအတွက် ခိုင်မာသည့် ခြေလှမ်းများ လှမ်းရန်လိုအပ်ကြောင်းကိုမူ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိခဲ့ကြောင်းသိရသည်။
အီရန်အရေး အလျှော့မပေးဖို့ ကန်အမတ်တွေ တိုက်တွန်း
အီရန်နိုင်ငံရဲ့ Nuclear အစီအစဉ်အပေါ် အမေရိကန်ထားတဲ့ ရပ်တည်ချက်ကို ဒီထက် ပြတ်ပြတ်သားသား လုပ်ပြဖို့လိုအပ်တယ်လို့ ထိပ်တန်းအမေရိကန် လွှတ်တော်အမတ်တယောက် ပြောလိုက်ပြီး စီးပွားရေးအရ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်တာထိရောက်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Democrat လွှတ်တော်အမတ် John Kerry က ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ လွှတ်တော်ကြားနာပွဲမှာ အီရန်နိုင်ငံနဲ့ အီရန်ရဲ့ Nuclear အစီအစဉ်ဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ ပြောပါတယ်။၊ ဒဏ်ခတ်အရေးယူမှု တခုတည်းနဲ့ အီရန်ရဲ့လုပ်ရပ်တွေ ပြောင်းသွားအောင် လုပ်နိုင်မယ့်ပုံမရဘူးလို့ ပြောခဲ့သလို အလျှော့မပေးတဲ့ သံတမန်ရေး နည်းသုံးဖို့ တိုက်တွန်းသွားပါတယ်။
ကော်မတီရဲ့ ထိပ်တန်းအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Republican အထက်လွှတ်တော်အမတ် Richard Lugar ကလဲအီရန်ဟာပိုပြီးအထီးကျန်တဲ့နိုင်ငံတခု ဖြစ်နေတာတောင်အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်နေတယ်ဆိုတာကို သတိပေးပြောသွားပါတယ်။ အီရန်အစိုးရအနေနဲ့က Nuclear အစီအစဉ်ကို ဆက်လုပ်တဲ့လမ်း ရွေးမှာလား၊ အလားအလာကောင်းတဲ့ စီးပွားရေးကိုထိန်းထားမဲ့လမ်း ရွေးမှာလားဆိုတာကို ရွေးချယ်ရလိမ့်မယ်လို့ သူကပြောပါတယ်။ အီရန်နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားသုံးတာအပြင် ဖြစ်နိုင်တဲ့ လမ်းတွေအားလုံးကို အမေရိကန်က စဉ်းစားထားတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ ဆေးဘက်ဆိုင်ရာ သုတေသနတွေအတွက်သာ Nuclear အစီအစဉ်တွေကို လုပ်နေတာပါလို့ အစဉ်တစိုက်ပြောနေတဲ့ အီရန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi ကတော့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ဆွေးနွေးမှုတွေ ပြန်စဖို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။
စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်
ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့ ဥရောပ သုတေသီတွေက တွက်ချက်ကြပါတယ်။ သူတို့ဟာ သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ဇုန်ထဲမှာပဲ Orbit ပတ်လမ်းနဲ့ ကြယ်ကို ပတ်နေကြတာပါ၊ ဒီဇုန်ထဲမှာရှိတဲ့ ဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်တဲ့အတွက် သက်ရှိတွေ ရှင်သန်နိုင်ဖို့ အလားအလာရှိပါတယ်။ ဒါဟာ ဂြိုဟ်သားတွေ ရှိနေနိုင်တယ် ဆိုတာကို ပြသတဲ့ အကောင်းဆုံး အထောက်အထားလို့လည်း သုတေသီတွေက ဆိုကြပါတယ်။
တောင်အမေရိကတိုက်ထဲက ချီလီနိုင်ငံမှာရှိတဲ့ La Silla လာဆီရာ နက္ခတ္တမျှော်စင်က ဂြိုဟ် နက္ခတ်တွေရှာတဲ့ HARPS ရောင်စဉ်တိုင်း ကိရိယာနဲ့ တိုင်းထွာတွက်ချက်ရာကနေ ဥရောပ သုတေသီတွေ အခုလို အထောက်အထားသစ်တွေကို တွေ့ရှိတာဖြစ်ပါတယ်။ ဒီစက်နဲ့ Red dwarf လို့ခေါ်တဲ့ ကြယ်တွေကို ပတ်နေတဲ့ မဟာကမ္ဘာတွေရဲ့ ရွေ့လျားနှုန်းကို ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက် တိုင်းထွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။Red dwarf တွေဟာ သေးငယ်ပြီး နေထက် အပူချိန်လျော့နည်းတဲ့ ကြယ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သက်တမ်း သိပ်ရှည်တာမို့ သူတို့ကို အများအပြား တွေ့နိုင်ပါတယ်။ နေစကြာဝဠာထဲမှာရှိတဲ့ ကြယ်တွေအားလုံးရဲ့ ၈၀% ဟာ Red dwarf တွေမို့ သူတို့ဟာ စုစုပေါင်း ဘီလျံ ၁၆၀ လောက် ရှိနေပါတယ်။
ဆီးရီးယားဆိုင်ရာ ကုလအဆိုပြုချက် အာရပ်အဖွဲ့ချုပ် ထောက်ခံဖွယ်ရှိ
ဆီးရီးယားနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kofi Annan ရဲ့ အဆိုပြုချက်ကို အာရပ် အဖွဲ့ချုပ် နိုင်ငံခြားရေး ဝန်ကြီးတွေက ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ ဒီအဆိုပြုချက်ကို သမ္မတ Bashar al-Assad အစိုးရက လက်ခံပြီးနောက်တနေ့မှာ အခုလို ပြောဆိုမှုတွေ ထွက်လာတာပါ။
အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေဟာ လုံခြုံရေးတွေ တင်းကျပ်စွာချထားတဲ့ အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့မှာ ကြာသပတေးနေ့က ထိပ်သီး စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားကြတာပါ။ ဆီးရီးယားအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ မရပ်တန့်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်က မနှစ်တုန်းက ရပ်ဆိုင်းခဲ့ကြပါတယ်။အစိုးရတပ်တွေနဲ့ အတိုက်အခံ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားကပဲ ကိုဖီအာနန်ရဲ့ အဆိုပြုချက်ကို ဆီးရီးယား အစိုးရက လက်ခံလိုက်တဲ့အပေါ် အနောက်နိုင်ငံတွေက သံတမန်တွေနဲ့ ဆီးရီးယားအတိုက်အခံ အင်အားစုတွေက သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။
အတိုက်အခံတွေရဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်အောင် သမ္မတအာဆတ်ဒ် အစိုးရက အချိန်ဆွဲတဲ့အနေနဲ့ အဲဒီ အဆိုပြုချက်ကို လက်ခံလိုက်တာလို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုနေကြတာပါ။ဒီအစီအစဉ်ကို လက်ခံလိုက်တာဟာ အရေးပါတဲ့ ပထမခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောလိုက်ပြီး အခုအချိန်မှာ အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။
မာလီ အာဏာသိမ်း စစ်အစိုးရက နိုင်ငံမြောက်ပိုင်းရှိ Tuareg သူပုန်များနှင့် စေ့စပ်ဆွေးနွေးရန် မတ်လ ၂၆ ရက်တွင် ကမ်းလှမ်းခဲ့ပြီး သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း
အမေရိကန်က အကူအညီပေးမှု ရပ်ဆိုင်းခြင်းအပါအ၀င် နိုင်ငံတကာမှ ဖိအားပေးမှု၊ ပြည်တွင်း၌ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှု ကြုံနေရသော စစ်အစိုးရသစ်က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သူပုန်များကို ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။ သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန်နှင့် ဆွေးနွေးပွဲသို့ မြန်နိုင်သမျှ မြန်မြန်ဝင်ရောက်ရန် တိုက်တွန်းခဲ့ပြီးဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး Amadou Sanogo က နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုနှင့် ညီညွတ်ရေးကို ထိပါးမှုမှလွဲ၍ ကိစ္စအားလုံး စေ့စပ်ဆွေးနွေး နိုင်ကြောင်း
မာလီမြောက်ပိုင်းတွင် အားကောင်းသော Tuareg သူပုန်များကလည်း ပြီးခဲ့သော သီတင်းပတ်က အာဏာသိမ်းမှုကြောင့် မတည်ငြိမ်မှု ဖြစ်ပွားခဲ့ခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး မိမိတို့ ဘိုးဘွားပိုင်နက်မြေ ပြန်လည်ရရှိရန်အတွက် တိုက်ခိုက်နေခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့ကြောင်းအဓိကကျသော Kidal မြို့မှာ မကြာမီ မိမိတို့ လက်ထဲကျတော့မည်ဟု သူပုန်များက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းအနောက်အာဖရိကနိုင်ငံ မာလီသို့ ဥရောပ၊ ကနေဒါနှင့် အခြားနိုင်ငံများက အကူအညီပေးမှု ရပ်ဆိုင်းခဲ့ပြီးနောက် အမေရိကန်ကလည်း အကူအညီပေးမှုရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
အမေရိကန်က အကူအညီပေးမှု ရပ်ဆိုင်းခြင်းအပါအ၀င် နိုင်ငံတကာမှ ဖိအားပေးမှု၊ ပြည်တွင်း၌ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှု ကြုံနေရသော စစ်အစိုးရသစ်က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သူပုန်များကို ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။ သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန်နှင့် ဆွေးနွေးပွဲသို့ မြန်နိုင်သမျှ မြန်မြန်ဝင်ရောက်ရန် တိုက်တွန်းခဲ့ပြီးဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး Amadou Sanogo က နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုနှင့် ညီညွတ်ရေးကို ထိပါးမှုမှလွဲ၍ ကိစ္စအားလုံး စေ့စပ်ဆွေးနွေး နိုင်ကြောင်း
မာလီမြောက်ပိုင်းတွင် အားကောင်းသော Tuareg သူပုန်များကလည်း ပြီးခဲ့သော သီတင်းပတ်က အာဏာသိမ်းမှုကြောင့် မတည်ငြိမ်မှု ဖြစ်ပွားခဲ့ခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး မိမိတို့ ဘိုးဘွားပိုင်နက်မြေ ပြန်လည်ရရှိရန်အတွက် တိုက်ခိုက်နေခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့ကြောင်းအဓိကကျသော Kidal မြို့မှာ မကြာမီ မိမိတို့ လက်ထဲကျတော့မည်ဟု သူပုန်များက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းအနောက်အာဖရိကနိုင်ငံ မာလီသို့ ဥရောပ၊ ကနေဒါနှင့် အခြားနိုင်ငံများက အကူအညီပေးမှု ရပ်ဆိုင်းခဲ့ပြီးနောက် အမေရိကန်ကလည်း အကူအညီပေးမှုရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
ဆီးရီးယားတွင် သွေးမြေကျ နိုင်ငံရေးအကျပ်အတည်းကို မည်သို့ အဆုံးသတ်မည့် နည်းလမ်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် မတ်လ ၂၇ ရက်တွင် တရုတ်သို့ သွားရောက်ခဲ့ ပြီး တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်နေမှု ရပ်တန့်ရေးအတွက် ကုလသမဂ္ဂက ကြီးကြပ်လုပ်ဆောင်မည့်အစီအစဉ် ဖော်ဆောင်ရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုခံရသော နိုင်ငံရေးစနစ်တစ်ခုသို့ အသွင်ကူးပြောင်းရေး လုပ်ဆောင်ရန်အတွက် အစီအစဉ်များကို ကုလနှင့် အာရပ်အဖွဲ့ချုပ် ပူးတွဲသံတမန် အာနန်က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း
အာနန်သည် မတ်လ ၂၅ ရက်က မော်စကိုတွင် ရုရှားသမ္မတ ဒီမစ်ထရီမက်ဗီဒက်နှင့် တွေ့ဆုံခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် ရာထူး နုတ်ထွက်ရေးကိစ္စကို ဆီးရီးယားပြည်သူများသာ ဆုံးဖြတ်သင့်ကြောင်း ထင်မြင်မိသည်ဟု အာနန်က ရုရှားသတင်းဌာနများသို့ ပြော ကြားခဲ့ကြောင်း
ဆီးရီးယားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ရပ်တန့်ရန် မည်သည့်အချိန် နောက်ဆုံးထား ပြုလုပ်ရမည်ဟု သတ်မှတ်ခြင်းမှာ မသင့် တော်ကြောင်း အာနန်က ပြောကြားခဲ့သည်။ မက်ဗီဒက်က အာနန်မှာ ဆီးရီးယားတွင် ပြည်တွင်းစစ် ရှောင်လွှဲနိုင်ရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သတိပေးခဲ့ပြီး အာနန်ကို အပြည့်အ၀ ထောက်ခံမည်ဟုက တိပြုခဲ့ကြောင်း
တရုတ်ကလည်း ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ်အတွက် အချက်ခြောက်ချက်ပါ အဆိုပြုချက်ကို အဆိုပြုထားပြီး ဆီးရီးယားတွင် ဖြစ်ပွားနေသော ပဋိပက္ခကို ချက်ချင်းရပ်ဆိုင်းရေးနှင့် အစိုးရနှင့် အတိုက်အခံတို့အကြား ဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းဆီးရီးယား အတိုက်အခံ အဖွဲ့များကလည်း တူရကီတွင် တွေ့ဆုံခဲ့ပြီး ဒမတ်စကတ်အစိုးရကို ညီညွတ်စွာ တွန်းလှန်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အီရန်ကို အစ္စရေးတိုက်ခိုက်မှုထက် အီရန် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုက အစ္စရေးနိုင်ငံအတွက် ပိုမိုဆိုးရွားမည်ဟု အစ္စရေး ဂျူးလူမျိုး သုံးပုံနှစ်ပုံခန့်က ယုံကြည်ကြောင်း မတ်လ ၂၆ ရက်နေ့ထုတ် စစ်တမ်း တစ်စောင်က ဖော်ပြခဲ့ကြောင်းHaaretz သတင်းစာက ထုတ်ဝေသည့် စစ်တမ်းတွင် အီရန် နျူကလီးယားဗုံး ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ရသည်က အီရန် နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုအတွက် ပေးရမည့်တန်ဖိုးထက် ပိုမိုကြီးမား မည်ဖြစ်ကြောင်း အစ္စရေးဂျူး ၆၅ ရာခိုင်နှုန်းကျော်က သဘောတူညီကြ ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းခန့်က အီရန်၏ နျူကလီးယားစီမံကိန်းကို စစ်အေးတိုက်ခိုက်မှုဖြင့်သာ တားဆီးနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေကြသည်ကို စစ်တမ်းက တွေ့ရှိခဲ့သည်။ စစ်တမ်းကို အစ္စရေး ဂျူးလူမျိုး ၅၀၅ ဦးအား မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း
ဆီနီဂေါတွင် မတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့၌ မိမိရှုံးနိမ့်ခဲ့ကြောင်း လက်ရှိသမ္မတ Abdoulaye Wade က ကြေညာခဲ့သည်။ အနိုင်ရခဲ့သော Macky Sall က ယင်းအောင်ပွဲမှာ ဆီနီဂေါ ပြည်သူတို့၏ အောင်ပွဲဖြစ်သည်ဟု ကြေညာခဲ့ကြောင်း
အသက် ၈၅ နှစ်ရှိ Wade သည် ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သော အငြင်းပွားဖွယ် ပထမအကျော့ ရွေးကောက်ပွဲတွင် မဲအများစုမရရှိသဖြင့် ၀န်ကြီးချုပ်ဟောင်း Sall နှင့် ဒုတိယအကျော့ ထပ်မံ ယှဉ်ပြိုင် ရခြင်းဖြစ် သည်။ ပထမအကျော့တွင် သမ္မတလောင်း ၁၄ ဦး ယှဉ်ပြိုင်ခဲ့ပြီး Wade သည် မဲ ၃၂ ရာခိုင်နှုန်းနှင့် Sall က မဲ ၂၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း တတိယသက်တမ်း ထမ်းဆောင်ခွင့်ရရန် ကြိုးပမ်းနေသော Wade ကို အနိုင်ရခဲ့သည့် Sall အား ပထမအကျော့တွင် ရှုံးနိမ့်ခဲ့သော သမ္မတလောင်း အများအပြားက ထောက်ခံခဲ့သည်။ ''ကျွန်တော်တို့ အပြောင်းအလဲ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီနီဂေါက ဆင်းရဲပြီးတော့ သမ္မတ Wade က ဘာမှလုပ်မပေးခဲ့ ပါဘူး''ဟု Sall ကို မဲပေးခဲ့သော အသက် ၁၈ နှစ်ရှိ အယ်လ်ဖာဘာက ပြောကြားခဲ့ကြောင်း
ဒုတိယအကျော့ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၅ ဒသမ ၃ သန်းရှိခဲ့ပြီး မဲပေးမှု မြင့်မားခဲ့ကြောင်း၊ မဲ မသမာမှု အထောက်အထား မတွေ့ရကြောင်း ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် Thijs Berman ကပြောကြားခဲ့သည်။ ဆီနီဂေါ၏ နိုင်ငံရေး ရင့်ကျက်မှုကိုလည်း ရွေးကောက်ပွဲအပြီးတွင် ကမ္ဘာ့ခေါင်းဆောင်များက ချီးကျူးခဲ့ကြောင်း သို့သော် သမ္မတ Wade က ယခု ရွေးကောက်ပွဲတွင် ၎င်းကို ထောက်ခံသူ များပြားစေရန်စီစဉ်ခဲ့ပြီး ကန့်ကွက်သူများအား ခြိမ်းခြောက်ရန် စီစဉ်ခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းထွက်ပေါ်ခဲ့ကြောင်းအာဖရိက အနောက်ကမ်းရိုးတန်းရှိ ဆီနီဂေါတွင် ရွေးကောက်ပွဲ ၀ရုန်းသုန်းကားဖြစ်စဉ်များ၊ ပြည်တွင်းစစ်၊ အာဏာသိမ်းမှုမရှိခဲ့ဘဲ ငြိမ်းချမ်းမှု အတော်အသင့်ရှိသော နိုင်ငံအဖြစ် ရှိခဲ့သည်။ သို့သော် အခြေခံဥပဒေပြင်ခဲ့သော သမ္မတ Wade ကို တတိယ သက်တမ်းအတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်အား တရားရုံးချုပ်ကခွင့် ပြုပေးခဲ့ပြီးနောက် ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment