ကမ္ဘာ့သတင်းများ 31/03/2012
နိုင်ငံတကာသတင်း
ဘင်လာဒင်ပုန်းခိုခဲ့ပုံ အငယ်ဆုံးဇနီးဆီကသိရ
အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုဆမာ ဘင်လာဒင်ဟာ ပါကစ္စတန်နိုင်ငံမြို့တွေမှာရှိတဲ့ လုံခြုံ စိတ်ချရတဲ့အိမ်တွေမှာ ကူးလူးရွှေ့ပြောင်းနေထိုင်ခဲ့ပြီး သူရဲ့ဝရမ်းပြေးနေတဲ့အချိန် အတော်များများကို သူ့ကလေး လေးယောက်ကိုထိမ်းကျောင်းရင်း ကုန်လွန်စေခဲ့တယ်လို့ သူ့ရဲ့အငယ်ဆုံးဇနီးဖြစ်သူက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ ရက် အမေရိကန်နိုင်ငံ အတိုက်ခိုက်ခံခဲ့ရတဲ့နောက်ပိုင်း ဘင်လာဒင်ရဲ့ဘ၀ အသေးစိတ်ကို အသက် ၃၀ အရွယ်၊ သူ့ဇနီး ယီမင်နိုင်ငံသူ Amal Ahmed Abdulfattah ကိုစစ်မေးပြီး ရေးသားထားတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှု နောက်ပိုင်း လအတော်ကြာကြာ မိသားစုတကွဲတပြားစီ ဖြစ်နေခဲ့ပေမယ့် ၂၀၀၂ခုနှစ်မှာ သူဟာ ဘင်လာဒင်နဲ့ Pashawar ပက်ရှ်ဝါမှာ ပြန်ဆုံမိပြီး နောက်ပိုင်းမှာ Swat တောင်ကြားဒေသကို ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက် ပါကစ္စတန်မြို့တော် အစ္စလန်မာဘတ် (Islamabad) နားက Haripur ကိုပြောင်းရွှေ့ခဲ့ပြီး အဲဒီမှာ ကလေး ၂ ယောက်ကို အစိုးရဆေးရုံကြီးမှာ သွားရောက်မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ အခုနောက်ဆုံးနေထိုင်ခဲ့တဲ့ Abbottabad ကို မိသားစု ပြောင်းရွှေ့အခြေချခဲ့ပြီး နောက်ထပ် ကလေး ၂ ယောက် ဖွားမြင်ခဲ့တာပါ။ အဲဒီမှာပဲ ပြီးခဲ့တဲ့နှစ် မေလတုန်းက အမေရိကန် ကွန်မန်ဒိုတွေရဲ့လက်ချက်နဲ့ ဘင်လာဒင်သေဆုံးခဲ့ရပြီး သူကတော့ ခြေထောက်မှာဒဏ်ရာရခဲ့ပါတယ်။
Abdulfattah ကို အခု ပါကစ္စတန်အစိုးရက ဘင်လာဒင်ရဲ့တခြားဇနီး ၂ ယောက်၊ ကလေး အများအပြားနဲ့ အတူ ဖမ်းဆီးထားပြီး သူတို့ဟာ ပါကစ္စတန်ထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျနိုင်ဖွယ်ရှိတယ်လို့ သူတို့ရဲ့ရှေ့နေက ပြောပါတယ်။ သူတို့ကို တနင်္လာနေ့မှာ တရားစွဲဆိုနိုင်တယ်လို့လည်း ဆိုပါတယ်။
သန်း ၅၀၀ ကျော်ဆုအတွက် အမေရိကန်တွေ ထီအလုအယက်ထိုး
ကမ္ဘာ့သမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ထီဖွင့်ပွဲကို အမေရိကန်နိုင်ငံရဲ့ သောကြာညပိုင်းမှာ လုပ်တော့မှာမို့ နိုင်ငံတဝှမ်းက လူပေါင်းများစွာဟာ ထီလက်မှတ်တွေ အပြိုင်အဆိုင်၊ အပြေးအလွှား ဝယ်ယူနေကြပါတယ်။
အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၅၀၀ ကျော်ရှိတဲ့ ထီလက်မှတ်ပေါင်း ၂ သန်းခွဲနီးပါးကို ကြာသာပတေးနေ့က ရောင်းအပြီးမှာ ဒီနေ့မှာလည်း နောက်ထပ် လူပေါင်းများစွာက သောကြာနေ့မနက်ကတည်းက တန်းစီပြီး ဝယ်ယူနေတာ ဖြစ်ပါတယ်။
အခုလို အမေရိကန်ပြည်နယ်ပေါင်း ၄၂ ခုမှာရောင်းချတဲ့ ထီလက်မှတ်တွေကို ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသူ အများအပြားဟာ စိတ်လှုပ်ရှားနေကြပြီး သူတို့များ ထီပေါက်ခဲ့ရင် ဘာလုပ်ရင် ကောင်းမလဲလို့ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။
အခုလို အမေရိကန်ပြည်နယ်ပေါင်း ၄၂ ခုမှာရောင်းချတဲ့ ထီလက်မှတ်တွေကို ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသူ အများအပြားဟာ စိတ်လှုပ်ရှားနေကြပြီး သူတို့များ ထီပေါက်ခဲ့ရင် ဘာလုပ်ရင် ကောင်းမလဲလို့ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။
တချို့ကလည်း ထီပေါက်ရင် မိသားစုအကုန်လုံးအတွက် ကားသစ်တွေ ဝယ်ပေးမယ်၊ အကြွေးတွေအကုန်လုံး ဆပ်ပြီး ထိုင်းနိုင်ငံမှာ အိမ်တွေဝယ်မယ်၊ သူငယ်ချင်းတွေအကုန်လုံးအတွက် နိုင်ငံခြားခရီးစဉ်ကြီးတွေ စီစဉ်ပေးမယ်လို့ စိတ်ကူးနဲ့မှန်းဆပြီး အားပါးတရ ပြောနေကြပါတယ်။ဒါပေမဲ့ ဒီထီပေါက်နိုင်ဖို့ အခွင့်အလမ်းဆိုတာက လက်မှတ်ပေါင်း ၁၇၆ သန်းထဲမှာမှ လက်မှတ်တခုမှာပဲ ရှိမှာ ဖြစ်ပါတယ်။
လက်နက်အများဆုံး တင်သွင်းသည့် အာရှနိုင်ငံများ
စတော့ဟုမ်း- ကမ္ဘာပေါ်တွင် လက်နက် တင်သွင်းရာ၌ အာရှတိုက်သည် ထိပ်ဆုံးအဆင့်ရှိကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေ သန အဖွဲ့ (SIPRI) က မတ်လ ၁၉ ရက် နေ့က ကြေညာခဲ့သည်။လွန်ခဲ့သောငါးနှစ်အတွင်း အာရှနှင့် သမုဒ္ဒရာကျွန်းနိုင်ငံများသည် ကမ္ဘာ့ သမားရိုးကျ လက်နက်တင်သွင်း မှု၏ ၄၄ ရာခိုင်နှုန်းရှိခဲ့သည်ဟု ၎င်း အဖွဲ့ကဆိုသည်။ ဥရောပတွင် ၁၉ ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းတွင် ၁၇ ရာခိုင်နှုန်း၊ မြောက်နှင့် တောင်အမေရိကတွင် ၁၁ ရာခိုင်နှုန်းနှင့် အာဖရိကတွင် ကိုးရာခိုင် နှုန်းအသီးသီးနှင့် နှိုင်းယှဉ်ကြည့်နိုင် ပါသည်။ ၎င်းအချိန်ကာလအတွင်း အိန္ဒိယ သည် ကမ္ဘာ့ပထမဆုံး လက်နက် တင်သွင်း သူဖြစ်ခဲ့ပြီး ၁၀ ရာခိုင်နှုန်းရှိသည်။
၎င်းနောက်တွင် တောင်ကိုရီးယားက ခြောက်ရာခိုင်နှုန်း၊ တရုတ်နှင့် ပါကစ္စ တန်က ငါးရာခိုင်နှုန်းအသီးသီးနှင့် စင်ကာပူက လေး ရာခိုင် နှုန်းရှိသည်ဟု လက်နက်ထိန်းချုပ်ရေးနှင့် ဖျက်သိမ်း ရေးကိစ္စရပ်များကို လေ့လာသော လွတ်လပ်သည့် ယင်းအဖွဲ့အစည်းက ဆိုသည်။ဤငါးနိုင်ငံက နိုင်ငံတကာ လက်နက်တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်း ခန့်ကို ရရှိထားသည်။ အိန္ဒိယ၏ အဓိက လက်နက်တင် သွင်းမှုသည် ၂၀၀၂-၂၀၀၆ မှ ၂၀၀၇-၂၀၁၁ အတွင်း ၃၈ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။
အိန္ဒိယက ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသူ ဖြစ်ခဲ့သော်လည်း ၎င်း၏အိမ်နီးချင်း နိုင်ငံဖြစ်ပြီး ရန်သူ လည်းဖြစ်သော ပါကစ္စတန်က ကမ္ဘာ့ တတိယအကြီးဆုံး ဖြစ်ခဲ့သည်။ အာရှတိုက်၏ အဓိကလက်နက် တင်သွင်းသော နိုင်ငံများသည် ၎င်းတို့ ကိုယ်ပိုင် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ဆောင်ပြီး ပြင်ပမှ တင်သွင်းရမှုကို လျှော့ချရန် ကြိုးပမ်း နေကြသည်ဟု ၎င်းအဖွဲ့၏ အထက်တန်း သုတေသနပညာရှင်က ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ထိပ်ဆုံး လက်နက် တင်သွင်းသူဖြစ်ခဲ့ပြီး ယခုတွင် စတုတ္ထ အဆင့်သို့ ကျဆင်းသွားသည်။
၎င်းမှာ တရုတ်နိုင်ငံ၏ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်လာခြင်းနှင့် လက်နက်တင်ပို့မှု တိုးပွားလာခြင်းနှင့် တိုက်ဆိုင် နေပါသည်။ တရုတ်နိုင်ငံ လက်နက်တင်ပို့မှု တိုးမြှင့်လာခြင်းမှာ ပါကစ္စတန်က တရုတ်နိုင်ငံမှ လက်နက်အများအပြား ၀ယ်ယူမှု တစ်ခုတည်း ကြောင့်သာ ဖြစ်သည်။တရုတ်နိုင်ငံသည် လက်နက် တင်ပို့မှုတွင် အခြားဈေးကွက် သိသိ သာသာမရှိသေးပေ။ သို့သော်လည်း တရုတ်နိုင်ငံသည် အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့နောက် ဆဋ္ဌမနေရာတွင် ရှိနေသည်။
ဥရောပတွင် ဂရိနိုင်ငံသည် ၂၀၀၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် အများဆုံး တင်သွင်းဖြစ်ခဲ့သည်။ ၂၀၀၂ မှ ၂၀၁၁ ခုနှစ်တွင် ဆီးရီးယား နိုင်ငံသည် ၎င်း၏ လက်နက် တင်သွင်းမှုကို ၅၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကလည်း ၎င်း အချိန်ကာလမှာပင် လက်နက် တင်သွင်းမှု ၅၅၅ ရာခိုင်နှုန်း တိုးလာ ခဲ့သည်။
မော်ရိုကိုနိုင်ငံကလည်း လက်နက် တင်သွင်းမှု ၄၄၃ ရာခိုင်နှုန်း တိုးလာ ခဲ့သည်။ နိုင်ငံတကာ အဓိက သမားရိုးကျ လက်နက်လွှဲပြောင်းမှုသည် ၂၀၀၇- ၂၀၁၁ တွင် ၂၀၀၂-၂၀၀၆ ကာလ ကထက် ၂၄ ရာခိုင်နှုန်း တိုးလာခဲ့ သည်။
Lwin Pwin
Web-site: www.nlabr.com
ကြောင်း သိရသည်။ ကြောင်း မ
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment