မြန်မာသတင်းများ        မတ် ၃၁ ရက်၊ ၂၀၁၂

 

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားများ ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းဖြစ်

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန် အဓိကရုဏ်းဖြစ်လို့ အလုပ်သမား အနည်းဆုံး ၃ ဦးလောက် ဒဏ်ရာရသွားတယ်လို့ သိရကြောင်း
ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားတွေရဲ့ ဥပဒေအကြံပေး ကိုဖိုးဖြူက အခုလိုပြောကြောင်း
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာဖြစ်ခဲ့တဲ့ လုပ်ခလစာတိုးပေးရေး ဆန္ဒပြပွဲတွေမှာ အလုပ်သမားပဋိပက္ခ ဖြေရှင်းပေးတဲ့ မြို့နယ် ဝါဏိဇ္ဇခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် တိုင်းရုံးကို ဆက်လက်တင်ပြထားရာမှာ တိုင်းရုံးကလည်း အစိုးရရဲ့ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ဥပဒေအသစ် ထွက်မှာဖြစ်လို့ ဘာမှ မဆုံးဖြတ်ပေးနိုင်ဘူးလို့ ပြောလိုက်တဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြကြတာ ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲမျိုးမဖြစ်ဖို့ အရေးကြီးလို့ ကင်တာနားသတိပေး 

ဧပြီလတစ်ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀ တုန်းကလို အများလက်ခံမှုမရခဲ့တဲ့ ရွေးကောက်ပွဲမျိုး ထပ်မဖြစ်ဖို့လိုအပ်ပြီး ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် စမ်းသပ်မှု တခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်  သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ

မဲဆွယ်စည်းရုံးရေးတွေမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအရ အခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု အပြည့်အ၀မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ကြာင်း ကြောင်းလွန်ခဲ့တဲ့လပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတမှု အစစ်အမှန်ရှိတဲ့ ရွေးကောက်ပွဲတစ်ခုလို့ မသတ်မှတ်နိုင်ပကြောင်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှု မရှိတာတွေဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေကြောင်း
ခြိမ်းခြောက်မှုပေါင်းများစွာ အပါအ၀င် အန်အယ်လ်ဒီ ပါတီရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်နဲ့ သွေဖည်နေပါကြောင်းဒါပေမယ့် အခြေအနေတွေကို သည်းခံပြီး ပြည်သူလူထု လိုလားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို CNN, CBS, BBC, RFA စတဲ့ အနောက်တိုင်းသတင်းဌာနတွေ အပါအ၀င် ပြည်တွင်း ပြည်ပသတင်းထောက် ၃၀၀ ကျော်နဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မတရားလည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်မည် 

တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု မထင်သော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြိုးပမ်းမှုကို လက်လျှော့မည်မဟုတ်ကြောင်း

သောကြာနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကြို ကာလအတွင်း ပါတီ၏ လှုပ်ရှားမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေကြောင်း မည်သို့ပင် ရှိစေကာမူ လူထုလိုလားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်
ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း
တိုင်းရင်းသား အရေးကိစ္စနှင့် ပတ်သတ်၍ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ရန် အခွင့်အလမ်းများရှိကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ပင်လုံစာချုပ်ပါ အတိုင်း တန်းတူညီတူရှိမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် စသည့် ကိစ္စများတွင် ညီညွတ်စွာ ဆောင်ရွက်ရန်လိုသည်ဟု ဆိုကြောင်း

ရွေးကောက်ပွဲသတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာသမား ၁၅၀ ဝန်းကျင်ခန့်သာ အစိုးရက ပြည်ဝင်ခွင့်ဗီဇာပေးခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ပြုလုပ်သည့် NLD သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပ မီဒီယာသမား ၃၃၈ ယောက် လာရောက်သတင်းယူသည်ဟု သိရကြောင်း
၁၉၉၀ ရွေးကောက်ပွဲ အပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရွေးကောက်ခံမည့်
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့မှ မိုင် ၄၀ ဝန်းကျင် ခန့်ကွာဝေးသည့်
ကော့မှူးမြို့နယ်ကို ကိုယ်စားပြု ယှဉ်ပြိုင်မည် ဖြစ်ကြောင်း

အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ခန့်အပ်ပြီး (သေဆုံးသူ လွှတ်တော်အမတ်တဦး အပါအဝင်) လစ်လပ်သွားခဲ့ သည့် လွှတ်တော်အမတ်နေရာ ၄၈ ခု အနက် လုံခြုံရေးအရ ၃ နေရာတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်းကော်မရှင်က ဆုံးဖြတ်ခဲ့ကြောင်း NLD အနေဖြင့် လက်ကျန် ၄၅ နေရာဝင်ရောက် ယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းအတွင်းမှ အမျိုးသားလွှတ်တော်တနေရာတွင် ကော်မရှင်မှ ပယ်ဖျက်ခံရ၍ ၄၄ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည့် NLD ပြန်လည်ပါဝင် ယှဉ်ပြိုင်မည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသို့ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့မှ စောင့်ကြည့်
လေ့လာသူအချို့ လာရောက်ရန် အစိုးရက ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီက NLD အား ပုတ်ခတ် မဲဆွယ် 

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေအတွက် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆိုခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပြား၊ ကျုံရွာ၊ စက်ထိန်း၊ ဆုံကုန်း စသည့် ကျေးရွာများ၌ ဦးအောင်သောင်း စည်းရုံးဟောပြောစဉ်အတွင်း NLD ပါတီမှ အမတ်လောင်းများ ပုတ်ခတ် ပြောဆိုခဲ့ကြောင်း
ဦးအောင်သောင်းမှာ ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦးအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ မိုင်းလား၊ UWSA စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြင် ကျောင်းသားတပ်မတော် ABSDF နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသူတဦးလည်းဖြစ်ကြောင်း

ဦးအောင်သောင်း သည် သောကြာနေ့တွင်လည်း ပုပ္ပါးကျေးရွာတွင် စည်းရုံး ဟောပြောနေသည်ဟု သိရ
ကြောင်းကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်နှင့် NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း NLD မှ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ အရွေးချယ်ခံ အမတ်တဦး ဖြစ်ပြီး ထိုနှစ်ထဲတွင်ပင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်တွင်းမှနေ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရကာ ၂ဝ၁၁ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်း

အလားတူ ကျောက်ပန်းတောင်းမြို့နယ် ဝက်လွတ်ချဉ် ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက မဲဆွယ်
ဟောပြောစဉ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပုတ်ခတ်ထားသည့် မေးခွန်းပေါင်း ၂၁ ခု မေးမြန်းထားသည့်စာပါ CD ခွေကို ဖွင့်ပြခဲ့သဖြင့်  မြို့နယ် ကော်မရှင်ထံ ကြာသာပတေးနေ့တွင် တိုင်ကြား ခဲ့သည့်ဟု ဆို
ကြောင်း  အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD က မြို့နယ်၊ ခရိုင်၊ တိုင်းကော်မရှင်ထံလည်း ၎င်း CD ခွေနှင့်အတူ တိုင်ကြားထားပြီး မြို့နယ်ကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပေးသွားမည်ဟု ဆိုကြောင်းဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းများကို မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား ပြင်ဆင်လိုက်ပြီး ဖြစ်ကြောင်း သိရသည်။ 

NLD မဲဆန္ဒပညာပေးပွဲသွားစဉ် ဝင်းကုန်းရွာလုံးကျွတ်နီးပါး မီးလောင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၁၃၀ ကျော် တရွာလုံးနီးပါး လောင်ကျွမ်းပြီး လူ ၁,၀၀၀ ကျော်လောက် အိုးအိမ်မဲ့ဖြစ်ရ  ကြောင်းဝင်းကုန်းရွာမီးဟာ ရွာသူရွာသားတွေ အားလုံးနီးပါးလောက် ပုလဲမြို့ကိုသွားရောက်ပြီး အနုပညာရှင်တွေပါဝင်တဲ့ ရွေးကောက်ပွဲအကြို ဆန္ဒမဲပေးရေး-ပညာပေးနဲ့ ဖြေဖျော်ရေးပွဲကို သွားရောက်နေချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း
မီးလောင်ကျွမ်းခဲ့တဲ့ ၀င်းကုန်းကျေးရွာဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက အလောင်းတော် ကဿပ တောင်ခြေ၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြား ဒေသလောက်မှာ တည်ရှိတာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ရေရှားပါးတဲ့ဒေသမှာ တည်ရှိတာဖြစ်ကြောင်း
မီးလောင်ကျွမ်းတဲ့ အခြေအနေကိုတော့ ပုလဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဒေါ်ခင်စန်းလှိုင်က
“မနေ့ကမီးလောင်တာပါ။ အိမ် ၁၃၅ လုံးပါ။ မနေ့ညနေကတုန်းကတော့ ဒီပုလဲမြို့မှာ အနုပညာရှင်တွေလာပြီး ဖျော်ဖြေတော့ ဒီပွဲကိုလာတဲ့အခါမှာ မီးကြွင်းမီးကျန်ကနေ လောင်တယ်လို့လည်း အကြမ်းဖျင်းတော့ သိထားရတယ်။ လာတာကတော့ မနေ့ကတော့ ပရိသတ်က သိန်းချီလာကြတာပဲ။ အဲဒီရွာက လူဦးရေ ဘယ်လောက် လာမလာတော့ မသိရဘူး။ သို့သော်လည်း အများပြောစကားအရတော့ ရွာမှာ လူမရှိတုန်း မီးလောင်တယ်လို့တော့ ဒီလို ပြောတာပဲရှင့်။”
 မနေ့ညနေက စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ လူမင်း၊ ရဲတိုက်၊ မာရဇ္ဇ၊ ဝိုင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ လင်းလင်း စတဲ့ အနုပညာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မဲပညာပေးရေးနဲ့ ဖျော်ဖြေရေးပွဲကို ကျင်းပခဲ့တာ ဖြစ်ကြောင်း
ယင်းမာပင် မီးသတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့ညနေ ၃ နာရီလောက်မှာ မီးလောင်တာဖြစ်ပြီး ယင်းမာပင်မှာ ရှိတဲ့ မီးသတ်ကား ၂ စင်း သွားရောက် ငြိမ်းသတ်ခဲ့ပေမဲ့ တစင်းက လမ်းမှာပျက်တာကြောင့် ဆက်မသွားနိုင်ခဲ့ဘူးလို့ ပြောကြောင်း အဲဒီကို သွားရောက်သူတွေ ဒီကနေ့ ညနေ ၃ နာရီအထိ ပြန်မလာသေးတာကြောင့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ မီးသတ်ရုံး တာဝန်ကျသူတယောက်က ပြောကြောင်းမုံရွာမြို့နယ် မီးသတ်ကတော့ သူတို့ဆီကလည်း သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ အိမ်ခြေ ၁၃၄ လုံး လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အောက်ခြေ ကော်မရှင်များ ဆောင်ရွက်ချက် အားနည်း

မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ပြည်သူအများ မဲပေးနိုင်ရေး အောက်ခြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချွတ်ယွင်းချက်တွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က မနေ့က ပြောဆိုကြောင်း
ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့အဆင့်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပေမဲ့ အောက်ခြေ ကော်မရှင်တွေမှာ သက်ရောက်မှုမရှိဘူးလို့ အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းခင်က ပြောကြောင်းကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမဲ့ မြို့နယ်တချို့မှာ ပြည်သူတွေက မဲပေးနိုင်ဖို့ သက်ဆိုင်ရာ မဲရုံတွေကို သွားရောက် စုံစမ်းတဲ့အခါ မဲစာရင်းထဲမပါလို့ မဲပေးခွင့်မရဘူးလို့ ပြောဆိုတာမျိုး၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ရင် အခုလည်း မဲပေးလို့ မရဘူးလို့ ပြောလွှတ်တာမျိုးတွေ ရှိနေကြောင်း ဒါ့အပြင် တချို့မြို့နယ်တွေမှာ ကော်မရှင်ရုံးတွေက အထက်အမိန့် မရတဲ့အတွက် မဲစာရင်းထဲ ကိုယ့်အမည်ပါမပါ ပြည်သူတွေကို စုံစမ်းခွင့် မပေးတာမျိုးလည်း ရှိတယ်လို့ ဆိုကြောင်း
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကာလ ဆောင်ရွက်ပုံ အဆင့်မျိုးတောင် မရှိတာတွေ့နေရကြောင်း၊ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် မဲစာရင်းတွေမလိုပဲ ကျင်းပတဲ့နေ့အထိ မဲရုံးမှူးရဲ့ ခွင့်ပြုချက်နဲ့ မည်သူမဆို အချိန်မရွေး မဲပေးလို့ရအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့ကို ၀န်ထမ်းဟောင်းများ၊ ပညာရှင်များ၊့  နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနဲ့ ဖွဲ့စည်းထားကြောင်း ရွေးကောက်ပွဲမှာ အရေးပါတဲ့ မဲရုံကိုယ်စားလှယ်တွေရဲ့ တာဝန်တွေကိုလည်း အဲဒီအဖွဲ့က ပြုစု ရေးသား ထုတ်ပြန်ထားကြောင်း သိရသည်။

အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ

လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကို သိလိုတဲ့အတွက် လာရောက်မေးမြန်း စုံစမ်းတာဖြစ်ကြောင်း
အာဆီယံ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းတွေအတွက် ပြင်ဆင်ဖို့ အချိန်မလုံလောက်တာကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ကိုင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကနေ အကူအညီတွေ ရယူနိုင်ဖို့ကိုလည်း အဲဒီ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ကြောင်း
၈၈ မျိုးဆက်ကျောင်းသားတွေက ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ အကြိုကာလအတွင်း စည်းမျဉ်းဥပဒေတွေနဲ့ မကိုက်ညီတဲ့ အချက်တွေကို စောင့်ကြည့် မှတ်တမ်းတင်နေသလို၊ လာမယ့် ဧပြီလ ၁ ရက်နေ့မှာလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် မြို့နယ်တွေကို ဖြန့်ခွဲသွားရောက်ပြီး စောင့်ကြည့် လေ့လာဖို့ကိုလည်း စီစဉ်ထားကြောင်း သိရသည်။

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရကြောင်း
မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုတော့ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား ထားပါကြောင်း
ဆိုဗီယက်ပြည်ထောင်စု ရှိစဉ်ကာလက သမ္မတ ဂေါ်ဗာချော့ဟာ ပြုပြင်ပြောင်းလဲရေးကို အစပျိုးခဲ့သူ ဖြစ်တဲ့အတွက် ကမ္ဘာ့နာမည်ကြီး ပုဂ္ဂိုလ်စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရကြောင်းကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို တစ်ကမ္ဘာလုံးက ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ပြီးရင် တိုင်းမ်မဂ္ဂဇင်းက အတည်ပြုမှာ ဖြစ်ကြောင်း သိရသည်။

ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်းဖို့ တိုက်တွန်း 

ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အင်အား တောင့်တင်းခိုင်မာရေးက အဓိကကျတဲ့အတွက် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်ဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ကြောင်း
မြန်မာနိုင်ငံတ၀န်း လူငယ်ကွန်ယက်အဖွဲ့တွေ ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ကြည့်မြင်တိုင်မြို့နယ်က မျိုးဆက်သစ်လူငယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က-
"တိုင်းပြည်မှာ အရပ်ဘက် လူ့အဖွဲ့အစည်း အားမကောင်းရင် လက်နက်ကိုင် အဖွဲ့အစည်းက အားကောင်းသွားလိမ့်မယ်။ အဲတာဆိုလို့ရှိရင် ကျွန်တော်တို့က စစ်အာဏာရှင်ထဲကိုပဲ တစ်ကျော့ပြန်ပြီးတော့ လည်နေအုံးမှာပဲ။အဲတာကြောင့် အရပ်သားတွေ ဖွဲ့စည်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းဖို့ ရည်ရွယ်တာပါ။ နောက်တစ်ချက်ကတော့ လွှတ်တော်အတွင်းမှာ ဝင်ရောက်ပြီးတော့ နိုင်ငံရေးပါတီတွေက ကြိုးပမ်းနေကြတဲ့ အချိန်မှာ လွှတ်တော်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့က အင်အားစုတွေ အနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားကောင်းအောင် ကြိုးစားကြတာပဲ။အဓိက ကတော့ ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ မြို့နယ်အသီးသီးက အဖွဲ့တွေ စုပေါင်းလုပ်ဖို့ပါပဲ။ ပြီးတော့ တရားမျှတရေးဆိုတဲ့ justic အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ရမယ်။ ဥပဒေပညာရှင်တွေကို မဏ္ဍိုင်ထားပြီးတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ဖွဲ့သင့်တယ်"  လို့တိုက်တွန်း ပြောကြားခဲ့ကြောင်း
ဒီအခမ်းအနားမှာ လူထုအုံကြွမှုတွေအတွင်း ကျဆုံးခဲ့တဲ့ ကြည့်မြင်တိုင်မြို့နယ်က ကျောင်းသားလူငယ်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားလည်း ကျင်းပခဲ့ကြောင်းဒီတွေ့ဆုံဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ကြည့်မြင်တိုင် လူငယ်ကွန်ယက်အဖွဲ့ဝင်တွေနဲ့ အဖွဲ့အစည်း အသီးသီးက တက်ရောက်လာသူတွေ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲ ကမ္ဘောဒီးယား အစိုးရက ကန့်သတ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပနေတဲ့ မြန်မာအပါအ၀င် အာဆီယံလူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲကို ကမ္ဘောဒီးယားအစိုးရက ပင်မညီလာခံ ကျင်းပနေတဲ့ နေရာကနေ ဝေးလံတဲ့ နေရာတွေကို မနေ့ညက ဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းလိုက်ကြောင်း
လူထုအခြေပြု အဖွဲ့အစည်းတွေ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာအစိုးရရဲ့ အာဆီယံဥက္ကဋ္ဌ အလှည့်ကျကိစ္စ၊ ဒေသတွင်းက နိုင်ငံတွေက မြေသိမ်း ယာသိမ်းကိစ္စတွေအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိစ္စတွေ ပါဝင်တယ်လို့ ဆိုကြောင်းအခုလို မြန်မာအပါအ၀င် အာဆီယံတိုင်းပြည်တွေက လူမှုအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတွေကို ပြောင်းရွှေ့ခိုင်းတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက မလေးစားရာ ရောက်တယ်လို့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့တာဝန်ခံ မခင်ဥမ္မာက ပြောကြောင်း
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ ဖွဲ့စည်းလုပ်ဆောင်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားရာမှာ အခုလို ပြောင်းရွှေ့ခံရတာလို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ကြေညာချက် ထုတ်ပြန်ကြောင်းမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပထမနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကိုပါ မချိတ်ဆွဲရဘူးလို့ တားမြစ်ခဲ့သလို ဒုတိယနေ့မှာ အခုလိုဆွေးနွေးပွဲနေရာကို အတင်းပြောင်းရွှေ့ခိုင်းခဲ့တာလို့ ဆိုကြောင်း သိရသည်။

ချင်းပြည်နယ် ဘတ်ဂျက် လျာထားချက် ၀.၁ ရာခိုင်နှုန်းသာရှိ

ချင်းပြည်နယ်၏ တနှစ်တာ အသုံးစရိတ် လျာထားချက်မှာ မြန်မာတနိုင်ငံလုံး အသုံးစရိတ်၏ ၀ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် ဘတ်ဂျက် လျာထားချက်မှာ ကျပ် ၁၃,၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်ပြီး ချင်းပြည်နယ်အတွက် လျာထားချက်မှာ ကျပ်သန်း ၁၃,၀၀၀ ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၁ ရာခိုင်နှုန်း သာ ရှိနေကြောင်းချင်းပြည်နယ်အစိုးရက တနှစ်တာ အသုံးစရိတ်အဖြစ် မူလက ကျပ်သန်း ၁၄,၀၀၀ လျာထားခဲ့ပြီး သန်း ၆,၀၀၀ ကို မိမိဘာသာ ရှာဖွေဖြည့်စွက်မည်ဖြစ်ကာ ကျန်ငွေများကို ဗဟိုအစိုးရက ထောက်ပံ့ပေးရန် တင်ပြခဲ့သည်ဟု ချင်းအမျိုးသားပါတီ(CNP) အတွင်း ရေး မှူး ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းကပြောကြောင်းဗဟိုအစိုးရက ချင်းပြည်နယ်၏ တောင်းခံငွေထဲမှ ကျပ်သန်း ၅,၀၀၀ သာ ထောက်ပံ့ကာ ကျန်ငွေများကို ထုတ်ချေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သို့သော် မတ်လ ဒုတိယပတ်တွင် ချင်းပြည်နယ်အတွက် အထူးကိစ္စရပ် အသုံးပြုရန်ဟုဆိုကာ ပြည်ထောင်စုအသုံးစရိတ်ထဲမှ ကျပ် သန်း ၂,၀၀၀ ထပ်တိုးပေးခဲ့ကြောင်း ထို့ကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ကာ နောင်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ် အတွက် ချင်းပြည်နယ်၏ အသုံးစရိတ်သည် မူလ လျာထားသည့်ပမာဏထက် ကျပ်သန်း ၁,၀၀၀ လျော့နည်း သွားခဲ့ကြောင်း
ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရ၏ အသုံးစရိတ်လိုငွေပြမှုမှာ ကျပ်သန်း ၆,၀၀၀ ကျော် (၆ ဘီလီယံကျော်) ရှိခဲ့သည်ဟု ချင်းပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ပြည်ပမီဒီယာတခုတွင် ထုတ်ဖော်ပြော ဆိုထားကြောင်း
ချင်းပြည်နယ် အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဝန်ကြီးဌာန ၉ ခုရှိသည်။ ယင်းဌာနများတွင် ချင်းပါတီ ၂ ခုမှ ဝန်ကြီးတဦးစီသာ ပါဝင်ပြီး ကျန်ဌာနများမှာ စစ်ဘက်နှင့် ကြံ့ခိုင်ရေးပါတီ တို့မှ ဖြစ်ကြောင်း ။ချင်းပြည်နယ်လွှတ်တော်တွင် အမတ်၂၄ နေရာရှိပြီး CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ(ENDP) မှ တဦး၊ ကြံ့ခိုင်ရေးပါတီမှ ၇ ဦး၊ တပ်မတော်သား အမတ် ၆ ဦးတို့ ပါရှိကြောင်းချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခု အနက် အဆင်းရဲဆုံးဖြစ်ကြောင်း၂၀၁၁ ခုနှစ် ဇွန်လအတွင်းကထုတ်ပြန် သော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ စစ်တမ်း၌ ဖော်ပြထားကြောင်း သိရသည်။

ရွှေငါး၊ ဖားပြုပ်၊ စက်ရုပ်နှင့် ပရာဒို တို့ ကားဈေးကွက်အတွင်း နေရာယူ 

ကားဟောင်း အစားထိုး လဲလှယ်ရေး အစီအစဉ်အရ ကားသစ်များကို ၂ဝဝ၆ ခုနှစ် မော်ဒယ် အထိ တင်သွင်းခွင့် ပြုနေသော်လည်း လက်ရှိ ကားဈေးကွက်အတွင်း ၂ဝဝဝ ခုနှစ် ဝန်းကျင် မော်ဒယ် ကားများသာ
နေရာယူဆဲ ဖြစ်သည်ဟု ကားဝယ်ရောင်းများနှင့် ဈေးကွက်လေ့လာသူများက ဆိုကြောင်း

၂ဝ၁၂ ခုနှစ်အတွင်း တင်သွင်းလာသည့် ကားအမျိုးမျိုးရှိသော်လည်း ရန်ကုန် ဈေးကွက်တွင်မူ တိုယိုတာ မတ်တူးရွှေငါး၊ တိုယိုတာ ကာဒီးနား စက်ရုပ်၊ မစ်ဆူဘီရှီ ပဂျဲရိုး ဖားပြုပ် နှင့် တိုယိုတာ ပရာဒိုကားများသာ အရောင်းအဝယ် လိုက်ကြောင်း
ထိုကဲသို့ ၂ဝဝဝ ခုနှစ် ဝန်းကျင် ကားဟောင်းများကိုသာ ဝယ်ရောင်းများက မှာယူ တင်သွင်းနေကြခြင်းသည် ပြည်တွင်း မှ ကားဝယ်သူအများစုသည် အခြားအမျိုးအစား ကားများကို ဝယ်ယူစီးနင်းပါက အပိုပစ္စည်း ဝယ်ယူရန် အခက်အခဲများနှင့် မော်ဒယ်မြင့် ကားများကို ဝယ်ယူပါက ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရာတွင် ပြည်တွင်း ကားဝပ်ရှော့များကကောင်းစွာပြုပြင်နိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်ကြောင်းထို့အတူ အင်ဂျင်ပါဝါ ၁,၃ဝဝ စီစီအောက်ကားများကို ၂ဝဝ၇ မှ ၂ဝ၁၁ မော်ဒယ်ထိ တင်သွင်းခ အခွန် ၇ဝ ရာခိုင်နှုန်း သာ ကောက်ခံလျက် ရှိသော်လည်း ကိုယ်တိုင် စီးနင်းမည့် သူများသာ တင်သွင်းကြပြီး အများစုမှာ ဟွန်ဒါ (Honda-Fit) ကားများနှင့် တိုယိုတာ (Toyota- Vitz) အမျိုးအစားများကိုသာ တင်သွင်းလျက် ရှို ကြောင်း

အင်ဂျင် ၁,၃ဝဝ စီစီ အောက် ကားများကို ၂ဝ၁၁ ခုနှစ်အထိ တင်သွင်းခွင့် ပြုထားရာ မည်သည့်မော်ဒယ်မဆို ဆိပ်ကမ်းအရောက် CIF တန်ဖိုး ၅,ဝဝဝ ဒေါ်လာအထိသာ ကောက်ခံလျက်ရှိ
ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦး၏ ပြောကြားချက်အရ မတ်လ ၂၆ ရက်နေ့အထိ တနိုင်ငံလုံးတွင် စုစုပေါင်း ကားဟောင်း စီးရေ ၄၅,ဝဝဝ ကျော် အပ်နှံပြီး ဖြစ်ကြောင်း  တနိုင်ငံလုံးတွင် ‘ဓ’ အက္ခရာ ကားဟောင်း စုစုပေါင်း ၈,ဝဝဝ ကျော်ရှိရာ မတ်လ ၂၆ ရက်နေ့အထိ အစီးရေ ၄,ဝဝဝကျော် အပ်နှံပြီးဖြစ်ကာ လာမည့် ဘဏ္ဍာနှစ်တွင် ‘န’ နှင့် ‘ပ’ အက္ခရာ ကားဟောင်း အပ်နှံမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  အထူးသဖြင့် တက္ကစီဆွဲ ကားဟောင်းပိုင်ရှင်များအတွက် ၈၆ မော်ဒယ်အထက် ကားဟောင်းများကို ပြန်ဝယ်ပါကလည်း ဓာတ်ဆီကားသာ အဝယ်များသည်။ လက်ရှိ ဓာတ်ဆီဈေးနှင့် အောက်တိန်းဈေးများ တက်နေသဖြင့် ဂတ်စ် ကားများနှင့်ယှဉ်ကာ ယှဉ်ပြီးအငှားမလိုက်နိုင်ကြအတွက် လုပ်ငန်းအတွက် အခက်အခဲတွေ့နေရကြောင်း

ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းသည့် အစီအစဉ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးလျက် ရှိရာတွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဆိပ်ကမ်းခွန်ကို ဆိပ်ကမ်းအရောက် တန်ဖိုးအပေါ် ၆၅ ရာခိုင်နှုန်းနှင့် ကုန်းလမ်း ပို့ဆောင်ရေးဌာန (ကညန) မှ ယာယီမှတ်ပုံတင်ကြေး ၁ဝဝ ရာခိုင်နှုန်း ကောာက်ခံလျက်ရှိရာ ထိုကောက်ခံနှုန်းသည် လိုင်စင်မဲ့ တရားမဝင် ယာဉ်များကို ဒဏ်ကြေးသဖွယ် ကောက်ခံနေခြင်း ဖြစ်နေသဖြင့် အဆိုပါ လုပ်ထုံးလုပ်နည်းကို ရပ်ဆိုင်းကာ ပြန်လည် သုံးသပ်ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့
ကြောင်း၎င်းအဆိုနှင့်ပတ်သတ်၍  ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးသန့်ရှင်းက မတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဆွေးနွေးတင်ပြရာတွင် ကုန်လမ်း ပို့ဆောင်ရေးဌာန အနေဖြင့် ယာယီမှတ်ပုံတင်ခ အဖြစ် ၁ဝဝ ရာခိုင်နှုန်း ကောက်ခံမှုကို ရပ်စဲပြီး၊ ၎င်းအစား ၁၉၆၄ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၄ အရ လည်းကောင်း၊ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေအရ လည်းကောင်း၊ ဗဟို မှတ်ပုံတင်အဖွဲ့က မှတ်ပုံတင်မည့် ယာဉ်များ မှတ်ပုံတင်ခ၌ အခွန်ဦးစီးဌာနမှ တွက်ချက်သည့် CIF တန်ဖိုးအပေါ် FOB နှုန်းအား တွက်ချက်ရယူပြီး အင်ဂျင်ပါဝါ စီစီအလိုက် ခွဲခြား၍ နိုင်ငံတကာ နည်းတူ ကောက်ခံ ဆောင်ရွက်သွားမည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း

သို့ရာတွင် ထိုကဲ့သို့ နိုင်ငံတကာနည်းတူ ကောက်ခံသွားမည်ဟု ဆိုသော်လည်း မည်သည့်နိုင်ငံ၊ မည့်သည့်နှုန်းထားများ အတိုင်း ကောက်ခံမည် ဆိုသည်ကိုမှု မတ်လ နောက်ဆုံးပတ်အထိ သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခြင်း မရှိသေး
ကြောင်း သိရသည်။

ဟပွေးသန်းလွင် ကို မွန်ပြည်သစ် အသေဖမ်းမိ 

မွန်အမျိုးသား ကာကွယ်ရေးတပ် အမည်ဖြင့် လှုပ်ရှားနေသည့် မွန်လက်နက်ကိုင်အဖွဲ့၏
ခေါင်းဆောင်ဖြစ်သူ ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးမှာ သောကြာနေ့ နံနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင် တပ်မတော်နှင့် ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲကြောင့် ကျဆုံးသွားပြီး ဖြစ်ကြောင်း နံနက် ၇ နာရီခွဲတွင် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ကြားအင်းဆိပ်ကြီးမြို့နယ် နောင်ဘုရင့်ရွာနှင့် တောင်ပေါက်ရွာ ကြားတွင် ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲကြောင့် ဟပွေးသန်းလွင်နှင့် သူ့တပ်ဖွဲ့ဝင်တဦးတို့အား အသေဖမ်းဆီးရမိသည် ဟု မွန်ပြည်သစ်ဘက်က ပြောကြောင်း

“ကျနော်တို့ နယ်မြေအတွင်းမှာ ဆပ်ကြေးကောက်ပြီး ဝင်ရောက်လှုပ်ရှားနေလို့ ကျနော်တို့ တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွား ရတာပါ” ဟု မွန်ပြည်သစ်၏ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ပြောကြောင်းထိုတိုက်ပွဲမှ လက်နက်ရှည် လေးလက်၊ လက်နက်တို တလက်နှင့် စကားပြောစက် တလုံးကိုလည်း သိမ်းဆည်းရမိ သည်ဟုလည်း ဆိုကြောင်း

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင် လှုပ်ရှားနေသည့် ထိုလက်နက်ကိုင်အဖွဲ့မှာ
ပြန်ပေးမှုများ၊ ဆပ်ကြေးကောက်မှုများဖြင့် ကြော်ကြားလျက်ရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီမှ ပြောကြောင်း၂ဝ၁၁ ခုနှစ်အတွင်းက ဇွန်လ ၁၁ ရက်နေ့နှင့် အောက်တိုဘာလ ၂၁ ရက်နေ့များကလည်း မုဒုံ-သံဖြူဇရပ်ကြားတွင် လမ်းဖောက်နေသည့် AK ကုမ္ပဏီမှ ဝန်ထမ်းများကို ထိုအဖွဲ့က ပြန်ပေးဆွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ဖူးကြောင်း ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးမှာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ၂ဝဝ၉ ခုနှစ်တွင် နောက်လိုက် အနည်းငယ်ဖြင့် မွန်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်ပိုင်း ပေါက်ကွဲမှုများ ရွေးကောက်ပွဲ မထိခိုက်နိုင်

သိန္နီ-မူဆယ် လမ်းမကြီးပေါ်ရှိ မြစ်ကူးတံတားနှင့် သိန္ဒီ-ကွန်လုံ တံတားတို့တွင် မတ်လ ၂၇ ညနှင့် ၂၈ ရက် မနက်လင်းအားကြီးများအချိန် ဗုံးပေါက်ကွဲမှုများကြောင့် ဒေသတွင်း ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်
နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော်လည်း တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲများအား ဆက်လက်ကျင်းပသွားဖွယ် ရှိကြောင်းရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၃ တွင် ပါဝင်သည့် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်နှင့် တန့်ယန်းဒေသများ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုရှမ်းပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြော
ကြောင်း သိရသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment