မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ မတ် ၀၃ ရက်၊ ၂၀၁၂
တောင်သူလယ်သမားအရေးတော်ပုံကြီး သမိုင်းနေ့ ရက် (မတ်လ ၂ ရက်နေ့ )။
အမိန့် အာဏာနဲ့ အုပ်ချူပ်သူတွေရဲ့ မတရားမှုတွေကြောင့် ဖိနှိပ်ချူပ်ချယ်ခံနေရပြီး အခွင့်အရေးပေါင်း မြောက်မြားစွာ ဆုံးရှုံးနေခဲ့ကြရတဲ့ တောင်သူလယ်သမားထုကြီးတစ်ရပ်လုံးကို ဦးဆောင်ပြီးရဲရဲဝန့် ဝန့် တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာ့သမိုင်း အာဇာနည် တစ်ဦးဖြစ်ခဲ့သူ သုပဏ္ဏက ဂဠုနရာဇာဘွဲ့ ခံ “ဆရာစံ” ကို ၁၈၇၆ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ တွင် ရွှေဘိုခရိုင်၊ အရှေ့ သရက်ကန်မှာ မွေးဖွားခဲ့ပါတယ်။
ဆရာစံ ဦးဆောင်ပြီး ၁၉၃၀ ခုနှစ်မှာ မတရားအုပ်ချူပ်သူတွေကို တောင်သူလယ်သမားအပေါင်းက လုပ်သေနတ်များနဲ့ စတင်ပုန်ကန်တော်လှန်ခဲ့ကြသော တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီတောင်သူလယ်သမားအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြတဲ့ တောင်သူလယ်သမားအပေါင်းကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံသမိုင်းမှာမှတ်တမ်းတင်ဖေါ်ပြခဲ့သလို မြန်မာ့ပြက္ခဒိန်မှာ တောင်သူလယ်သမားနေ့  (မတ်လ ၂ ရက်နေ့ ) လို့  သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။
ထို့ အတူ ဆရာစံအားဂုဏ်ပြုသောအားဖြင့်လည်းဆရာစံရုပ်ထုအားသာယာဝတီမြို့ မှာထုလုပ်တည်ထားကာ ဂုဏ်ပြုခဲ့ပါတယ်။ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးမှာ တောင်သူလယ်သမားတွေရဲ့  အခန်းကဏ္ဍရပ်ဟာ အင်မတန် သမိုင်းဝင်ခဲ့ပြီး အရေးပါသော အခန်းကဏ္ဍရပ် ဖြစ်ပါတယ်။ ထို့ အတူ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံးအရေးတော်ပုံကြီးမှာလည်း အနယ်နယ် အရပ်ရပ်မှာရှိကြတဲ့ တောင်သူလယ်သမားတွေရဲ့  ပါဝင်လှုပ်ရှားမှုတွေဟာ အရေးပါခဲ့ပါတယ်)။
ယခုခေတ်မှာလည်း အာဏာရှင်များနဲ့  ၄င်းတိုရဲ့  မိသားစုအသိုင်းအ၀ိုင်းများ၊ လက်အောက်ခံ အဆင့်ဆင့် အုပ်ချူပ်သူများ၊ ဘက်တော်သား စီးပွားရေးကိုယ်ကျိုးရှာသူများရဲ့  မတရားမှုတွေကို တောင်သူလယ်သမားတွေ ဆက်လက်ခံစားနေရဆဲ ဖြစ်ပါတယ်။ မတရားအုပ်ချူပ်သူမှန်ရင်လူမျိုးခြားဘဲဖြစ်ဖြစ်လူမျိုးတူဘဲဖြစ်ဖြစ်ဆန့် ကျင်တော်လှန်တိုက်ထုတ်ပစ်ကြရမှာမို့  သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့၊ မြန်မာပြည်ရဲ့ အခြေခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ တောင်သူလယ်သမားထုရဲ့  ပါဝင်လှုပ်ရှားမှုဟာ အင်မတန် အရေးပါသော အခန်းကဏ္ဍနေရာတွင် ရှိနေပါကြောင်း တင်ပြလိုက်ပါတယ်။
အန်အယ်လ်ဒီ အမတ်လောင်းတဦးကို ကော်မရှင်က ပယ်ဖျက်
by အေးနိုင် (DVB)
ကြားဖြတ်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ကသာခရိုင်က ဝင်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုစာရင်းသွင်းသူ ဦးစောလှိုင်ကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် အမည်စာရင်းက ပယ်ဖျက်ပြီး ဖြစ်တဲ့အကြောင်း ဒီနေ့ အကြောင်းကြားပါတယ်။
ဦးစောလှိုင်ဟာ အမျိုးသားလွှတ်တော် အမှတ် ၇ မဲဆန္ဒနယ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်မြို့ နယ် ၄ ခုကို ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ စီစဉ်ထားတာပါ။
ရွေးကောက်ပွဲမှာ ဦးစောလှိုင်ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်ထားတဲ့ ဦးမြင့်ကြည်က “ဒီနေ့မနက် ၁၀ နာရီ ၂၅ မိနစ်လောက်မှာ ကသာခရိုင် ကော်မရှင်အဖွဲ့ခွဲကို သွားပြီးတော့မှ အကျိုးအကြောင်း စုံစမ်းပါတယ်။ ခရိုင်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ တွေ့ပါတယ်။ သူ့ပြောကြားချက်အရ ဦးစောလှိုင်ကို ပယ်လိုက်ပါပြီ။ သူသွင်းထားတဲ့ ရွေးကောက်ပွဲ ဝင်ကြေး ၅ သိန်းကိုလည်း ပြန်ထုတ်ပေးမှာပါလို့ ပြောပါတယ်။ တရားဝင် အကြောင်းကြားဖို့ မေးမြန်းကြည့်တော့ ဒီနေ့မနက်မှ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲကနေ ဖုန်းနဲ့ ဝင်လာပြီး အကြောင်းကြားတာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်နေ့ တနင်္လာနေ့ အစောဆုံးထားပြီး စာနဲ့တကွ ပြန်ကြားပေးပါမယ်လို့ ပြောပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၈ နေရာစလုံး ပြိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အတည်ဖြစ်ရင် ၁ ဦးလျော့နည်းသွားမှာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဦးဉာဏ်ဝင်းက နိုင်ငံသားဖြစ်မှုနဲ့ ဆက်စပ်တယ်လို့ ကြားသိထားရတယ်လို့ ပြောပါတယ်။
“သူတို့ရွေးကောက်ပွဲ ဥပဒေမှာ ကိုယ်စားလှယ်လောင်း ၁ ဦးဟာ မွေးဖွားတဲ့ အချိန်မှာ မိမိနှင့် တကွ မိဘနှစ်ပါးအပါအဝင် အားလုံး ၃ ဦး နိုင်ငံသားဖြစ်ရမယ်ဆိုပြီး ပြဌာန်းထားတယ်။ အဲဒါနဲ့ ငြိစွန်းတယ်လို့ ယူဆရပါတယ်။”
ဦးစောလှိုင်ဟာ အခုအချိန်မှာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ် ဦးမြင့်ကြည်က ပြောပါတယ်။
by အေးနိုင် (DVB)
ကြားဖြတ်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ကသာခရိုင်က ဝင်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုစာရင်းသွင်းသူ ဦးစောလှိုင်ကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် အမည်စာရင်းက ပယ်ဖျက်ပြီး ဖြစ်တဲ့အကြောင်း ဒီနေ့ အကြောင်းကြားပါတယ်။
ဦးစောလှိုင်ဟာ အမျိုးသားလွှတ်တော် အမှတ် ၇ မဲဆန္ဒနယ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်မြို့ နယ် ၄ ခုကို ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ စီစဉ်ထားတာပါ။
ရွေးကောက်ပွဲမှာ ဦးစောလှိုင်ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်ထားတဲ့ ဦးမြင့်ကြည်က “ဒီနေ့မနက် ၁၀ နာရီ ၂၅ မိနစ်လောက်မှာ ကသာခရိုင် ကော်မရှင်အဖွဲ့ခွဲကို သွားပြီးတော့မှ အကျိုးအကြောင်း စုံစမ်းပါတယ်။ ခရိုင်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ တွေ့ပါတယ်။ သူ့ပြောကြားချက်အရ ဦးစောလှိုင်ကို ပယ်လိုက်ပါပြီ။ သူသွင်းထားတဲ့ ရွေးကောက်ပွဲ ဝင်ကြေး ၅ သိန်းကိုလည်း ပြန်ထုတ်ပေးမှာပါလို့ ပြောပါတယ်။ တရားဝင် အကြောင်းကြားဖို့ မေးမြန်းကြည့်တော့ ဒီနေ့မနက်မှ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲကနေ ဖုန်းနဲ့ ဝင်လာပြီး အကြောင်းကြားတာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်နေ့ တနင်္လာနေ့ အစောဆုံးထားပြီး စာနဲ့တကွ ပြန်ကြားပေးပါမယ်လို့ ပြောပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၈ နေရာစလုံး ပြိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အတည်ဖြစ်ရင် ၁ ဦးလျော့နည်းသွားမှာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဦးဉာဏ်ဝင်းက နိုင်ငံသားဖြစ်မှုနဲ့ ဆက်စပ်တယ်လို့ ကြားသိထားရတယ်လို့ ပြောပါတယ်။
“သူတို့ရွေးကောက်ပွဲ ဥပဒေမှာ ကိုယ်စားလှယ်လောင်း ၁ ဦးဟာ မွေးဖွားတဲ့ အချိန်မှာ မိမိနှင့် တကွ မိဘနှစ်ပါးအပါအဝင် အားလုံး ၃ ဦး နိုင်ငံသားဖြစ်ရမယ်ဆိုပြီး ပြဌာန်းထားတယ်။ အဲဒါနဲ့ ငြိစွန်းတယ်လို့ ယူဆရပါတယ်။”
ဦးစောလှိုင်ဟာ အခုအချိန်မှာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ် ဦးမြင့်ကြည်က ပြောပါတယ်။
ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း (၁)
ကျွန်မတို့ ဧပြီလ ၁ ရက်မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်မတို့ရဲ့ကိုယ်စားလှယ် အောင်မြင်ဖို့ လာပြီးတော့ မဲဆွယ်တာပါ။ ကျွန်မတို့ကိုယ်စားလှယ်ကို မဲပေးကြပါ။ ကျွန်မတို့ဟာ မဲဘာဖြစ်လို့ ဒီလောက်တောင်လိုချင်လဲဆိုလို့ရှိရင် ကျွန်မတို့ ကိုယ်စားလှယ်များနိုင်သလောက် များများ လွှတ်တော်ထဲကိုဝင်ဖို့ပါ။ လွှတ်တော်ထဲကိုဝင်ပြီး ဘာလုပ်မလဲဆိုလို့ရှိရင် ပြည်သူရဲ့အသံကို ဒီနိုင်ငံတင်မက တစ်ကမ္ဘာလုံးကကြားပြီးတော့ကျွန်မတို့ရဲ့ပြည်သူလူထုဟာဘာတွေလိုချင်လဲကျွန်မတို့ပြည်သူလူထုတွေတိုးတက်ရေးအတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကျွန်မတို့က ကြိုးစားမှာပါ။ ကျွန်မတို့ ဒီရွေးကောက်ပွဲမှာနိုင်လို့ အစိုးရဖြစ်လာမှာမဟုတ်ဘူး။ အားလုံးဒါကို သဘောပေါက်ပါတယ်နော်။ (ဟေးးးး)
ဒီမိုကရေစီမှာဆိုလို့ရှိရင် အာဏာခွဲဝေရေးဆိုတာရှိတယ်။ အဲဒါဘာလဲဆိုတာ အကြမ်းဖျဉ်းပြောရမယ်ဆိုလို့ရှိရင် အုပ်ချုပ်ရေးအာဏာရယ်၊ တရားစီရင်ရေးအာဏာရယ် နောက်ပြီးတော့ ဥပဒေပြုရေးအာဏာရယ် တရားရေးမဏ္ဍိုင်ရယ် ခွဲခြားထားတယ်။ အုပ်ချုပ်ရေးဆိုတာတော့ အစိုးရအဖွဲ့ပေါ့။ ဥပဒေပြုရေးဆိုတာတော့ လွှတ်တော်ပေါ့။ တရားရေးမဏ္ဍိုင်ကတော့ တရားသူကြီးတွေအခရာဖြစ်တဲ့ တရားရုံးတွေပေါ့။ ဒီလိုသုံးပိုင်းခွဲထားတယ်။ ဘာဖြစ်လို့ သုံးပိုင်းခွဲထားလဲဆိုတော့ အဖက်ဖက်ကနေပြည်သူရဲ့အကျိုးကိုထမ်းဆောင်နိုင်အောင်လို့။ လွှတ်တော်ရဲ့တာဝန်က ဘာလဲ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေကိုလုပ်ဖို့ပဲ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကျွန်မတို့ဘာလုပ်ပေးလို့ရလဲဆိုတော့ လွှတ်တော်အတွင်းကနေပြီးတော့ ပြည်သူလူထုကို မလိုအပ်ဘဲနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေဖယ်ရှားရေးအတွက် ကျွန်မတို့ ပထမလုပ်သွားရမယ်။ (ဟေးးးး)
နောက်တစ်ခုကတော့ ပြည်သူလူထုကို အကျိုးပြုမယ့် ပြည်သူလူထု ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို အထောက်အကူဖြစ်မယ့် ဥပဒေ အသစ်တွေပြဋ္ဌာန်းဖို့ ကြိုးစားရမယ်။ နှစ်မျိုးစလုံး ကြိုးစားရမယ်။ မလိုအပ်တဲ့ဥပဒေတွေဖယ်ရှားဖို့ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့။ ဒါဟာ ဥပဒေပြုအာဏာဖြစ်တဲ့ လွှတ်တော်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အဲဒီတာဝန်တွေကို ကျွန်မတို့ ထမ်းဆောင်သွားရမယ်။
အစိုးရကိုပြည်သူကထိန်းထားနိုင်ဖို့ ကျွန်မတို့ ဒီမိုကရေစီကိုလိုလားတာပါ။ ဒါကြောင့် ကျွန်မတို့ကလာပြီးတော့ ပြည်သူကို ပြည်သူ့ဆီက မဲဆန္ဒကိုတောင်းခံတယ်ဆိုတာ ပြည်သူတွေရဲ့ထိန်းချုပ်မှုကို ခံပါမယ်လို့ပြောတာနဲ့အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးမှ ကျွန်မတို့ ကိုယ်စားလှယ်က လုပ်ပိုင်ခွင့်ရှိမှာပါ။
အဲဒီတော့ မဲပေးတဲ့နေ့မှာ မမေ့နဲ့နော်။ တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ့်မဲဟာ အင်မတန်မှ အရေးကြီးတယ်။ မဲတစ်ကတ်ခြင်းတစ်ကတ်ခြင်းဟာ တန်ဖိုးဖြတ်မရဘူးဆိုတာ မမေ့ကြပါနဲ့။
အားလုံးသိတဲ့အတိုင်း ပင်လုံဆိုတာ ရှမ်းပြည်နယ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အခြေခံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရလာတာဟာ တိုင်းရင်းသားတွေအားလုံးတက်ညီလက်ညီလုပ်ဖို့ ပင်လုံအစည်းဝေးမှာ ဆုံးဖြတ်ချက်ချလိုက်တာက ရလာတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီမိုကရေစီရဖို့ဆိုရင် တိုင်းရင်းသားတွေ အားလုံး တက်ညီလက်ညီ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုတယ်လို့ ကျွန်မပြောပါရစေ။ (ဟေးးးး)
ဝင်ပြိုင်မဲ့သူက ဒေါက်တာလည်းဖြစ်တယ် အမျိုးသမီးလည်းဖြစ်တယ် ကျွှန်မတို့က ပညာတတ်အမျိုးသမီးတွေကို အားပေးရမယ်။ ပညာတတ်အမျိုးသမီးတွေကို အားပေးမှ ကျွန်မတို့နိုင်ငံကတိုး တက်မယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် ဒီနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ တ၀က်ထက်နည်းနည်းပိုတယ်။ အမျိုသမီးအင်အားဟာ အင်မတန်မှ အရေးကြီးတယ်။ ပညာတတ်အမျိုးသမီးတွေရှိမှ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်။ …..
ကျွန်မတို့ဟာပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်အတွက်မဲပေးခိုင်းနေတာတော့ မဟုတ်ဘူး ။ ကျွန်မတို့စနစ်တခုအတွက်မဲပေးခိုင်းတာပါ။ ဒါကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘာလဲ ဘယ်စနစ်ကိုဦးတည်နေတာလဲဆိုတာပြည်သူတွေ အနေနဲ့ လေ့လာပါ။ ကျွန်မတို့ကို လေ့လာပါ၊ သုံးသပ်ပါ ။ ကျွန်မတို့ကို သုံးသပ်တာကိုခံရဲပါတယ်။ ခံယူပါတယ်။ ပြည်သူတွေရဲ့ သုံးသပ်ချက်ကိုခံယူပါတယ်။ ကျွန်မတို့ အနှစ်နှစ်ဆယ်မှာ ဘာတွေလုပ်ခဲ့သလဲ ဘယ်လိုရပ်တည်ခဲ့သလဲ ဒီမိုကရေစီမူတွေအတွက်ဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာ အများပြည်သူသုံးသပ်လေ့လာပြီး အဖြေဖော်နိုင်ပါတယ်။
ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း (၂)
အလုပ်လက်မဲ့ပညာတတ်တွေဟာ အင်မတန်နှမြောစရာကောင်းပါတယ်။ ပညာတတ်တွေက အလုပ်မရှိတဲ့အခါကျတော့ အရက်ဆိုင် ထိုင်တာတို့ လောင်းကစားလုပ်တာတို့ အဲဒါတွေဖြစ်သွားရော။ အဲဒါမျိုးတော့မလုပ်ကြပါနဲ့။ ကိုယ်ရဲ့အနာဂတ်အတွက် ကိုကြိုးစားကြပါ။
ကျွန်မတို့ ဒီမိုကရေစီအတွက်ရုန်းကန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အတွင်းမှာဆိုရင် ကန့်သတ်ထားတဲ့အချက်အမျိုးမျိုး ချုပ်ချယ်ချက်အမျိုးမျိုး ဖိနှိပ်ချက်တွေ အမျိုးမျိုးကြားထဲကနေ ကျွန်မတို့ ရုန်းကန်ပြီးတော့ လုပ်ရတယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့က အရင်ထက်စာရင် အခွင့်အရေးတွေ အများကြီး ရလာပါပြီ။ ဒီလိုအခွင့်အရေး ရအောင်လို့ လုပ်ပေးခဲ့တာတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။ ကျွန်မတို့ဟာ အားလုံး သွေးရင်း ညီအစ်ကိုတွေလို လက်တွဲ ပြီးတော့လုပ်ဆောင်ရပါမယ်။ ကျွန်မတို့ ဟာအခြား အဖွဲ့အစည်းတွေကို လည်းတိုက်ခိုက်ချင်တဲ့စိတ် မရှိပါဘူး။ ကျွန်မတို့ကိုမဲပေးပါလို့ ပြောတာဟာ အခြားအဖွဲ့ အစည်း တွေကိုမဲမပေးပါနဲ့လို့ ပြောတာနဲ့ အတူတူပါပဲ။ အဲဒါကတိုက်ခိုက်တာတော့မဟုတ်ပါဘူး ။ မဲကတစ်ပြားတည်းပဲရှိတယ်လေ တစ်ပါတီပဲပေးလို့ရတာလေ။ လက်တွေ့ ကျကျပြောတာပါ အဲဒီတော့ ကျွန်မတို့ကိုပဲပေးပါလို့ ပြောပါရစေကျွန်မတို့ အနေနဲ့မဲဆွယ်တဲ့ နေရာမှာလာဘ်ပေးပြီးတော့လည်း မဲမဆွယ်ဘူး။ ခြိမ်းခြောက်ပြီးတော့လည်း မဲမဆွယ်ဘူး။ လာဘ်ပေးပြီးတော့ မဲမဆွယ်ဘူးဆိုတာ ကျွန်မတို့ပြည်သူတွေကိုတာဝန်သိစိတ်ရှိစေချင်လို့ ကျွန်မတို့က ကျွန်မတို့ကိုမဲပေးပါ၊ ဟိုဟာ ကြီးဖြစ်စေရမယ် ဒီဟာကြီးဖြစ်စေရမယ်ဆိုပြီးတော့ ပြောရင် ပြည်သူတွေမှာ ဘာတာဝန်မှမရှိသလိုပဲ။ ကျွန်မတို့က မိုးပေါ်ကကျလာတဲ့ နတ်တွေမဟုတ်ဘူး။ ဖြစ်စေချင်သလိုဖြစ်မှာမဟုတ်ဘူး။ အဲတော့ အားလုံးက၀ိုင်းပြီးတော့ ရုန်းမှရမယ်။ အဲတော့ ကျွန်မတို့က ပြည်သူတွေကိုကတိက၀တ်တွေ လွယ်လွယ်ပေးပြီး တော့မစည်းရုံးဘူး ။ လာဘ်ထိုးဖို့ ဆိုတာကလည်းအဖွဲ့ချုပ်မှာ ပိုက်ဆံမှမရှိတာ။ ပြည်သူဆီကနေပြန်တောင်းနေရတာ ။ အဲတော့လာဘ်ပေးရင်းနဲ့လည်းမစည်းရုံးဘူး။ ပိုက်ဆံရှိရင်တောင် အဲဒီနည်းနဲ့ မစည်းရုံးဘူး ။ နောက်ပြီးကျွှန်မတို့က ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့လည်းမပြောဘူး။ ကျွန်မတို့ကိုမဲမပေးရင် ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့လည်းမပြောဘူး။ စဉ်းစားပါ ပြည်သူတွေကိုယ်တိုင်စဉ်းစားပါ ။ ကျွန်မတို့အဖွဲ့ကိုမလိုလားဘူးဆိုရင် ဘယ်အဖွဲ့ကိုလိုလားမလဲ။ အဲဒီလိုလားတဲ့ အဖွဲ့က နိုင်ငံအကျိုးအတွက်ဘယ်လောက်သယ်ပိုးနိုင်မလဲ သေသေချာချာစဉ်းစားပါ။ သေသေချာချာ စဉ်းစားပြီးတော့ ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ပါ။ ကျွန်မတို့ကနောက်ဆုံးတော့ ပြည်သူတွေဆုံးဖြတ်ချက်ကိုလက်ခံရမယ် ။ ရွေးကောက်ပွဲဆိုတာဒါပဲ။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် ပွဲလေးပဲ။
ကျွန်မ ခဏခဏ စောင်းပေးပြီး ပြောနေတာကတော့ ပညာရေးပ။ဲ ကျွန်မတို့ ရဲ့လူငယ်တွေ အဆင့်မြင့် ပညာတတ်ဖို့လိုတယ်။ ဒါပေမယ့် ဒါနဲ့အတူ အရေးကြီးတာ ဒီပညာတွေကိုမှန်မှန်ကန်ကန် သုံးနိုင်မဲ့ အလုပ်တွေ ကိုဖန်တီးပေးဖို့ လိုတယ်။ အလုပ်လက်မဲ့ပညာတတ်တွေဟာ အင်မတန်နှမြောစရာကောင်းပါတယ်။ ပညာတတ်တွေက အလုပ်မရှိတဲ့အခါကျတော့ အရက်ဆိုင် ထိုင်တာတို့ လောင်းကစားလုပ်တာတို့ အဲဒါတွေဖြစ်သွားရော။ အဲဒါမျိုးတော့မလုပ်ကြပါနဲ့။ ကိုယ်ရဲ့အနာဂတ်အတွက် ကိုကြိုးစားကြပါ။ လူတိုင်းလူတိုင်းကတော့ အနည်းဆုံးတော့ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ယူကြလိမ့်မယ် ။ အဲဒါကျတော့ဘယ်သူမှ လုပ်ပေးလို့မရဘူး လူငယ်တွေကို ကိုယ့်ရဲ့ဘ၀ကို မဖျက်စီး ကျပါနဲ့ ။ လူငယ်တွေဟာကိုယ့်ရဲ့ ဘ၀အတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာ ဒါ့ထက်ကြီးမားတဲ့ တာဝန်ရှိလို့ ပါ။ လူငယ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် တာဝန်ယူရမှာပါ။ လူငယ်တွေဟာ တာဝန်မယူလို့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်အခါမှာကျွန်မတို့လူကြီးတွေက တချိန်ချိန်မှာကွယ်ပျောက်သွားကြမှာပဲ။ လူငယ်တွေက တာဝန်ယူရမှာဆိုတာက ဒီနိုင်ငံကိုဆက်ပြီးတော့ အုပ်ချုပ်သွားအောင် ဒီနိုင်ငံကိုဖွံ့ဖြိုးသွားအောင်လုပ်ကြရမှာ။ ဒါကြောင့်လူငယ်တွေဟာ ကိုယ့်ရဲကဘ၀ကို အလဟာသ မဖြစ်ပါစေနဲ့။ ကိုယ့် ဖာသာကိုယ်တာဝန်ရှိတယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အတွက် တာဝန်ယူတယ်ဆိုရင် ကိုယ့်နိုင်ငံ အတွက်လည်းတာ ၀န်ယူနိုင်တယ်။ အဲဒီတာဝန်သိစိတ်တွေနဲ့ ဆက်ပြီးတော့သွားကြပါလို့ ကျွန်မတော့ မေတ္တာရပ်ခံချင်ပါတယ်။
အများသိကြမှာပေါ့နော်ဒီဆန်ရှင်ဆိုတဲ့ကိစ္စ။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေကဆင်းရဲတယ် စီးပွားရေးပိတ်ဆို့တာနဲ့ပတ်သတ်လို့ရှည်ရှည်ဝေးဝေးမပြောပါဘူး ။ အချို့လုပ်ငန်းတွေကိုထိခိုက်တာတော့ရှိပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့ နိုင်ငံရဲ့စီးပွားရေးပြသာနာဟာ ဒီဆန်ရှင် စီးပွားရေးပိတ်ဆို့မှုကြောင့် တခုတည်းမဟုတ်ဘူးဆိုတာ ကိုတော့ ပြည်သူတွေရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ နောက်ပြီး ကျွန်မတို့ နိုင်ငံဟာ တကယ့်ကိုစစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်သွားတာ သေချာပြီးဆိုတာနဲ့ ဒီနိုင်ငံကို ကူညီပေးကြမယ့် ဖွံ့ဖြိုးရေးအတွက် ၀ိုင်းပြီး ကူညီပေးမဲ့အဖွဲ့ အစည်းတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကူညီနိုင်တဲ့ သူတွေကူညီချင်အောင်ကျွှန်မတို့က လုပ်ကြရပါမယ်။ ကူညီချင်အောင် မလုပ်ပြနိုင်ရင် ကူညီမှာမဟုတ်ဘူး။ ဒါကြောင့်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျွန်မတို့ သွားကြရမယ်။ ကျွန်မတို့ဟာ မှန်ကန်တဲ့စီးပွားရေးမူဝါဒေတွေကို ချမှတ်ရမယ်။ အဲဒါတွေကျတော့လွှတ်တော်လည်းပါလာမယ်၊ အစိုးရလည်းပါလာမယ်။ အဓိကကတော့ပြည်သူတွေလည်းပါလာရမယ်။ ပြည်သူတွေအနေနဲ့ဖြစ်သင့်ဖြစ် ထိုက်တာကို ထောက်ပြရမယ်။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်နေတာကိုလည်း ထောက်ပြရမယ်။
ကျွန်မအထဲမှာ နေတုန်းက ကျွန်မကိုမေးတယ်။ ပြည်သူတွေကိုဘာပြောမလဲ ဘာမှာမလဲပေါ။့ အဲဒီတုန်းက ပြည်သူတွေကလည်း ကြောက်နေကြတယ်လေ။ ကျွန်မကတော့ တစ်ခုပဲမှာလိုက်တယ်။ မမှန်ကန်တဲ့ကိစ္စကိုမှန်ကန်တယ်လို့မပြောပါနဲ့ မတရားတဲ့ကိစ္စကိုတရားတယ်လို့မပြောပါနဲ့။ မတရားတဲ့ကိစ္စကို တရားတယ်လို့မပြောပါနဲ့ အဲဒါနဲ့စပါ။ နောက်တစ်ဆင့်ကျမှ မှန်တဲ့ကိစ္စကို မှန်တယ်လို့ပြောရမယ်။ မှားတဲ့ကိစ္စကို မှားတယ်လို့ပြောရမယ်။ ပထမဦးဆုံးအဆင့်ဟာ သိပ်အမြင့်ကြီးမဟုတ်ဘူးနော်။ စပြီးတော့ထိန်းသိမ်းဖို့လိုတယ်။ မမှန်တာကို မှန်တယ်လို့မပြောပါနဲ့။ မတရားတာကို တရားတယ်လို့မပြောပါနဲ့။ ဒုတိယအဆင့်ကျရင်တော့ မမှန်တာကို မမှန်ဘူးပြောပြီးတော့ မှန်တာကို မှန်တယ်လို့ထောက်ခံရဲရမယ်။ အဆင့်ဆင့်တက်သွားရမယ်။ (လက်ခုပ်သံများ) ဒီလိုအဆင့်ဆင့်တက်သွားနိုင်မှ ဒီနိုင်ငံဟာတိုးတက်မယ်။ တိုးတက်တယ်။ ပြည်သူတွေက တိုးပြီးတော့ တက်မှ ဒီနိုင်ငံဟာတိုးတက်မှာလို့ ကျွန်မတို့ မှတ်ထားရမယ်။ (လက်ခုပ်သံများ)
နှစ်ပေါင်း ၅ဝ ဒီမိုကရေစီ ဆုံးရှုံးမှုကို သင်ခန်းစာ ယူကြပါ....
ဒီနေ့ မတ်လ ၂ ရက်နေ့.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ တိတိတုန်းက မြန်မာနိုင်ငံမှာ အဲဒီတုန်းက ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဝန်ကြီးချုပ် ဦးနု အစိုးရကို ဗိုလ်ချုပ်ကြီး နေဝင်းက ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒီကတည်းကစပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆုံးရှုံး ပျောက်ကွယ်ခဲ့ရပါတယ်။ ပြည်သူတွေ ဘယ်လိုခံစားရသလဲဆိုတာ ကနေ့ မျက်မြင်ကိုယ်တွေ့ ဖြစ်နေရတဲ့ ဆင်းရဲဒုက္ခတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီလို ဒုက္ခတွေ၊ ပြဿနာတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ရပိုင်ခွင့် ဆုံးရှုံးမှုတွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကြာအောင် ဆက်တိုက် ဖြစ်ပျက်နေခဲ့တာ ကနေ့ထက်တိုင် ဖြေရှင်းလို့ မဆုံးနိုင်သေးဘဲ ဖြစ်နေရပါတယ်။ဒီမိုကရေစီဟာ လူတိုင်းအတွက် တန်ဖိုးရှိပါတယ်။ ဒီမိုကရေစီ မရှိရင် လူဖြစ်ရှုံးပါပြီ။ နှစ် ၅ဝ မြန်မာ့သမိုင်းက သက်သေပြနေပါပြီ။ ဘယ်သူမှ လူဖြစ်ရက်နဲ့ လူဖြစ်ရှုံး မခံချင်ကြပါဘူး။ ဒီတော့ ဒီမိုကရေစီ မရနိုင်သေးတဲ့ ဒီနေ့လို အချိန်မှာ ဒီမိုကရေစီ ရအောင် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းကြရပါမယ်။ ဒီမိုကရေစီ ရလာရင်လည်း ပြန်လည် မဆုံးရှုံးနိုင်အောင် အမြော်အမြင်ရှိရှိ ဝိုင်းဝန်း ထိန်းသိမ်းကြရပါမယ်။ ဒီမိုကရေစီကို တန်ဖိုးထားကြရပါမယ်။ ဒီမိုကရေစီ ပျက်စီးရာ ပျက်စီးကြောင်းတွေကို ရှောင်ကြဉ်နိုင်ကြရပါမယ်။
မြန်မာ့နိုင်ငံရေးပြောင်းလဲမှုကို စစ်တပ်က ထောက်ခံဟု သမ္မတအကြံပေး ပြောကြား
by ဒီဗွီဘီ
by ဒီဗွီဘီ
မြန်မာတပ်မတော်ဟာ မြန်မာပြည်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အပြည့်အဝ ထောက်ခံမှု ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊ အစိုးရအဖွဲ့ရဲ့ အတွင်းလူလို့ သိကြတဲ့ ဦးကိုကိုလှိုင်က ပြောလိုက်ပါတယ်။
ထိုင်းသတင်းစာ တစောင်ဖြစ်တဲ့ နေရှင်းသတင်းစာရဲ့ အယ်ဒီတာချုပ်နဲ့ မေးမြန်းတဲ့အခါမှာ ဦးကိုကိုလှိုင်က ပြောလိုက်တာပါ။ အရင် စစ်အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကလည်း လက်ရှိ နိုင်ငံရေး အခြေအနေသစ်တွေကို နောက်ကွယ်ကနေ ကြိုးကိုင် ညွန်ကြားတာမျိုး မရှိဘဲ၊ လုံးဝအနားယူသွားပြီလို့ ဦးကိုကိုလှိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ချခံခဲ့ရသူ ဖြစ်တဲ့အတွက် စစ်တပ်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု မရှိသေးတာကလည်း သဘာဝကျတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိလည်း ဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။
လက်နက်ကိုင် သူပုန်ထမှုတွေ သက်တမ်းရှည်ကြာနေတဲ့ မြန်မာ့နိုင်ငံမှာစစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့လည်း သမ္မတရဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့ပါတယ်။
ဆပ်စရာငွေမရှိ၍ လုပ်အားဖြင့်အကြွေးဆပ်ရာမှ သစ်ပင်ပိ၍လူတစ်ဦးသေဆုံး
ငါးဖမ်းပိုက်လုပ်ငန်းရှင်ကို အကြွေးဆပ်စရာပိုက်ဆံမရှိသောကြောင့် ၎င်းလုပ်ငန်းရှင်ပိုင် တောင်ယာခုတ်ပြီး လုပ်အားဖြင့်အကြွေးဆပ်စဉ် ဖေဖေါ်ဝါရီ ၂၄ ရက်က ရေလုပ်သားတစ်ဦးသစ်ပင်ပိ၍သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသာကျေးရွာနေ ရေလုပ်သားငါးဦးက တစ်ရွာတည်းနေ ကျော့ပိုက်လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးထံမှ ယမန်နှစ်အောက်တိုဘာလအတွင်းက ဆန်နှင့်ငွေကြေးများကို ကြိုတင်ယူခဲ့ကြသည်။
ယခုနှစ်ကျော့ပိုက်ရာသီတွင် ငါးအရနည်းခဲ့ခြင်း၊ ဖမ်းဆီးမိသောငါးနှင့် ခန့်မှန်းသလောက်ငွေမရခြင်း တို့ကြောင့် ရေလုပ်သားငါးဦးမှာ တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းမှ ငါးသောင်းကျော်အထိအလုပ်ရှင်ထံတွင် အကြွေးတင်ခဲ့ကြပြီး ယခုနှစ်ဆန်းပိုင်းတွင် အလုပ်မှနှုတ်ထွက်ခဲ့ကြသည်။
၎င်းတို့ငါးဦးအား ဖေဖေါ်ဝါရီ ၂၂ ရက်ကလင်းသာကမ်းခြေရဲကင်းသို့ခေါ်ပြီး အကြွေးကိစ္စဆွေးနွေးရာ ၎င်းတို့မှ လစဉ်ပြန်ဆပ်မည်ဟုပြောသော်လည်း ရဲကင်းတာဝန်ခံက လက်မခံကြောင်းနှင့် လုပ်ငန်းရှင်အမျိုးသမီးပိုင်ဆိုင်သည့် တောင်ယာ ငါးဧကကို ငါးရက်အတွင်း အပြီးခုတ်ပေးရန် ပြန်လည်ပြောဆိုခဲ့သည်ဟု ရေလုပ်သားတစ်ဦးကပြောသည်။
“ကျွန်တော်တို့က ငါးရက်နဲ့ မပြီးနိုင်ဘူးလို့ပြောတော့ ရဲဘက်စခန်းကိုရောက်ဖူးလားတဲ့။ ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်လို့ပြောတယ်” ဟု ၎င်းရေလုပ်သားငါးဦးထဲမှ တစ်ဦးဖြစ်သူကိုညီပုကပြောသည်။
ဤသို့ဖြင့် ဖေဖေါ်ဝါရီ ၂၄ ရက်နံနက်ပိုင်းတွင် ၎င်းတို့ငါးဦးမှာ လုပ်ငန်းရှင်အမျိုးသမီး၏ တောင်ယာသို့သွား၍ သစ်ပင်ကြီးများကိုခုတ်လှဲစဉ် သစ်ပင်ပိ၍ ကိုသန်းဇော်ဦး(ခ) ကိုငမြ (၃၃ နှစ်) မှာ ၎င်းနေရာတွင်ပင် သေဆုံးခဲ့သည်။ ကိုသန်းဇော်ဦးသေဆုံးခြင်းအတွက်လုပ်ငန်းရှင်မှသင်္ဂြိုလ် စရိတ်ထုတ်ပေးခဲ့ပြီး၎င်းနှင့်အတူနေသူ အဖွားအားစောင့်ရှောက်သွားမည်ဟု ပြောဆိုခဲ့သော်လည်း ယခုချိန်ထိ လျော်ကြေးကိစ္စနှင့် ကျန်ရှိသောအကြွေးကိစ္စများကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း ကိုညီပုကပြောသည်။ ကျော့ပိုက်လုပ်ငန်းတွင် ငွေရှင်းသောစနစ်မှာ ဖမ်းဆီးရမိသောငါးရောင်းရငွေမှ ငါးဖမ်းရာတွင်ကုန်သည့် စက်သုံးဆီဖိုးကိုနှုတ်ပြီး ကျန်ငွေကို လုပ်ငန်းရှင်နှင့်လုပ်သားများတစ်ဝက်စီ ခွဲယူကြရသည်။ နေ့စဉ်ရလာသည့် ငါးများကိုလည်းလုပ်ငန်းရှင်မှပင်သတ်မှတ်သည့် ပေါက်ဈေးဖြင့် ချိန်တွယ်ယူလေ့ရှိကြောင်းလုပ်ငန်းရှင်များကပြောသည်။
ငါးဈေးနှုန်းနှိမ်၍ ၀ယ်ယူခြင်း၊ အလေးချိန်အတိအကျမပေးခြင်းနှင့် ဆန်အိတ်များအား ပြင်ပပေါက်ဈေးထက် ပိုမိုသောဈေးနှုန်းဖြင့်ကြိုတင်ပေးထားခြင်းတို့ကို ရေလုပ်ငန်းရှင်များက ပြုလုပ်ကြောင်း ရေလုပ်သားများကပြောသည်။
လူသတ်မှုကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် လူစားထိုး
ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။ ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာသောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာမပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။
"သူက သစ်ကယ်ရီဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်း ရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူကနောက်မှာထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်းပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကိုသေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကိုဖုန်းဝင်လာတယ် ဖုန်းနိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။
အဆိုပါ မျက်မြင်၏ အပြောအရ လူသတ်မှု ကျူးလွန်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်ကြောင်း သိရသော်လည်း ယခုလ ၂၅ ရက် နေ့က သေဆုံးသူ၏ မိခင်အား လူသတ်မှု ကျူးလွန်သူမှာ တပ်ကြပ်လှမြင့်အောင် ဖြစ်ကြောင်း ဗန်းမော်ရဲစခန်းမှ ဂတ် စာရေး ကိုကိုနိုင်ဆိုသူက ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။
"ပစ္စတိုကျည်က ဘယ်ဘက်မျက်လုံးကနေဝင်သွားပြီး နောက်ကိုပေါက်မထွက်သွားဘူး။ ရဲစခန်းက ဂတ်စာရေး ကိုကိုနိုင်ပေါ့နော် ။ ညနေပိုင်းမှာအိမ်ကိုလာပြီးတော့ သေဆုံးသူကိုဖိုးခန့်ရဲ့ အမေကို လက်မှတ် ထိုး ခိုင်းတယ်လေ။ အဲဒီ မှာတော့ ကျူးလွန်သူက တပ်ကြပ်လှမြင့်အောင်ဖြစ်နေတာပေါ့နော် " ဟု ဆိုသည်။
ဗန်းမော်မြို့ ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးချက်အရ ပစ်ခတ်သည့် ကျည်မှာ ပစ္စတိုကျည်ဖြစ်ပြီး အနီးကပ်ပစ်ခတ် ခံရကြောင်း ဆရာ ၀န်ကြီးက ထွက်ဆိုကြောင်း သိရသည်။ သေဆုံးသူ ကိုမင်းခန့် ခလရ ၂၃၇ တွင် ပေးထားသည့် ကျပ်ငွေ ၃ သိန်း အပါအဝင် ဆိုင်ကယ်နှင့်ဖုန်းများကို ဗန်းမော် ရဲစခန်း၌ သက်သေခံပစ္စည်းအဖြစ် ယူဆောင်လာပြီး လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား အရေးယူမှု မရှိသေး ကြောင်း သိရသည်။
ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။ ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာသောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာမပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။
"သူက သစ်ကယ်ရီဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်း ရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူကနောက်မှာထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်းပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကိုသေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကိုဖုန်းဝင်လာတယ် ဖုန်းနိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။
အဆိုပါ မျက်မြင်၏ အပြောအရ လူသတ်မှု ကျူးလွန်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်ကြောင်း သိရသော်လည်း ယခုလ ၂၅ ရက် နေ့က သေဆုံးသူ၏ မိခင်အား လူသတ်မှု ကျူးလွန်သူမှာ တပ်ကြပ်လှမြင့်အောင် ဖြစ်ကြောင်း ဗန်းမော်ရဲစခန်းမှ ဂတ် စာရေး ကိုကိုနိုင်ဆိုသူက ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။
"ပစ္စတိုကျည်က ဘယ်ဘက်မျက်လုံးကနေဝင်သွားပြီး နောက်ကိုပေါက်မထွက်သွားဘူး။ ရဲစခန်းက ဂတ်စာရေး ကိုကိုနိုင်ပေါ့နော် ။ ညနေပိုင်းမှာအိမ်ကိုလာပြီးတော့ သေဆုံးသူကိုဖိုးခန့်ရဲ့ အမေကို လက်မှတ် ထိုး ခိုင်းတယ်လေ။ အဲဒီ မှာတော့ ကျူးလွန်သူက တပ်ကြပ်လှမြင့်အောင်ဖြစ်နေတာပေါ့နော် " ဟု ဆိုသည်။
ဗန်းမော်မြို့ ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးချက်အရ ပစ်ခတ်သည့် ကျည်မှာ ပစ္စတိုကျည်ဖြစ်ပြီး အနီးကပ်ပစ်ခတ် ခံရကြောင်း ဆရာ ၀န်ကြီးက ထွက်ဆိုကြောင်း သိရသည်။ သေဆုံးသူ ကိုမင်းခန့် ခလရ ၂၃၇ တွင် ပေးထားသည့် ကျပ်ငွေ ၃ သိန်း အပါအဝင် ဆိုင်ကယ်နှင့်ဖုန်းများကို ဗန်းမော် ရဲစခန်း၌ သက်သေခံပစ္စည်းအဖြစ် ယူဆောင်လာပြီး လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား အရေးယူမှု မရှိသေး ကြောင်း သိရသည်။
အမြန်ဆုံးနည်းနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ကြောင်း UNFC ချမှတ်
ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီခေါ် (UNFC)၏ ကြားဖြတ် အစည်းအဝေးသည် (၂၄ ၊၂၇ ) ရက် နေ့၌ထိ လေးရက်တာ ကျင်းပပြီး၊ ပြီးဆုံး သွားပါသည်။ ဤအစည်းအဝေးကို အဖွဲ့ဝင် (၁၀)ဖွဲ့ ရှိသည့် အထဲ၌ (၉)ဖွဲ့ တက်ရောက်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါသည်။
ဤအစည်းအဝေးသည် လတ်တလော ရင်ဆိုင် နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ထားရှိရမည့် သဘောထားများကို ညှိနှိုင်း ခဲ့ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့်
- အပစ်ခတ် ရပ်စဲရေးကို လက်မှတ်ထိုးရေး/မထိုးရေး ပြသနာနှင့်
- အပစ်အခတ် ရပ်စဲရေး ပြီးပါက ရက်တိုအတွင်း နိုင်ငံရေး ညှိနှိုင်းမှုများ အမြန်ဆုံး ဆောင်ရွက်ရန် ဟူ၍ ညှိနှိုင်း ခဲ့ကြပါသည်။
UNFC အဖွဲ့တွင် ယခုရက်ပိုင်း၌ အပစ်ရပ်သွားသော မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤအပစ်ရပ် ခဲ့သော အဖွဲ့များပေါ်၌ အခြား အဖွဲ့ဝင်များက ပြစ်တင် ရှုတ်ချမှု မရှိပါဟု အစည်းအဝေး တက်ရောက်သူက ဆိုပါသည်။
“အဖွဲ့ဝင် အားလုံးကတော့ အပစ်အခတ် ရပ်စဲရေး အတွက် အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့လို့ မတူညီတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ စောင့်ကြည့် နေကြသလို အပေးအယူ တချို့အတွက် အချိန်ဆွဲ နေကြ တာဘဲ ရှိပါတယ်။ ဥပမာ ရှမ်းပြဿနာကို ကြည့်ရင် တလောကကမှ လူမှားပြီး ပစ်ခတ် မိတဲ့အတွက် ရှမ်းဖက်က လက်မခံနိုင်တော့ အပစ်ရပ်ရေးကို အချိန်ဆွဲပြီး စောင့်ကြည့် နေသလိုဘဲ ၊ ကချင်ကလည်း အစိုးရ တပ်တချို့ မရုတ်သိမ်း ဘဲနဲ့တော့ အပစ်မရပ် နိုင်ဘူးလို့ ပြောနေပါတယ်။ ဒါကတော့ အခြေအနေချင်း မတူလို့ အချိန်ဆွဲ နေကြတာပါ” ဟု ဆိုပါသည်။
အလားတူ ကေအန်ယူလည်း မကြာခင် အပစ်အခတ် ရပ်စဲရန်အတွက် မကြာခင် ဆွေးနွေးကြမည် ဖြစ်သလို အခြေအနေ တချို့ ရှင်းလင်း ပြီးပါက အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖွယ် ရှိသည်ဟု UNFC အစည်းအဝေးကို တက်ရောက်သည့် ကိုယ်စားလှယ်က ပြောပါသည်။
“ တူညီနေတာ တခုက အပစ် ရပ်ပြီးရင် အချိန်တို အတွင်းမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ် ဆိုတဲ့ အချက်ပါ၊ ဒါကို အဖွဲ့ဝင် အားလုံး တောင်းဆိုကြဖို့ သဘောတူ ကြပါတယ်။ ဥပမာ မွန်ပြည်သစ် ပါတီက တောင်းဆို သလိုပေါ့လေ (၄၅) ရက် အတွင်း နိုင်ငံရေး အရ ဆက်ဆွေးနွေးဖို့ ၊ ပြီးရင် ဒီဇင်ဘာလ ရောက်တဲ့အခါ တပြည်လုံး အပစ်မရပ်ရင် အစိုးရနဲ့ အသစ်တဖန် ပြန်လည် ဆွေးနွေးဖို့ ဆိုတဲ့ ကိစ္စ မျိုးပေါ့လေ၊ ပြီးတော့ အဖွဲ့အားလုံး စုပေါင်းပြီး အစိုးရနဲ့ ဆွေးနွေး နိုင်အောင် နည်းလမ်းတွေ ချခဲ့တဲ့ အစည်းအဝေး ပါဘဲ” ဟု ဆိုပါသည်။
တကယ်တော့ UNFC သည်၊ တဖြည်းဖြည်းနှင့် အဆင့်လျှော့ပြီး သဘောထားများ၊ ပြောင်းလဲ နေရသည်ဟု အတိုက်အခံ နိုင်ငံရေး သမားများက ဆိုပါသည်။ ယခင်ကမူ တဖွဲ့ချင်းထက် တပ်ပေါင်းစု နဲ့သာ ဆွေးနွေးမည်ဟု သဘောထား ခဲ့ပါသည်။ ထိုမှ တဖန် တဖွဲ့ချင်းလည်း ဆွေးနွေးခွင့် ရှိပါသည် သို့သော် အဖွဲ့ဝင်ချင်း ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရန်ဟု ထပ်မံပြောင်းလဲ ခဲ့ပါသည်။ ယခုချိန်၌ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးခွင့် ရှိပါသည်၊ သို့သော် အမြန်နည်းဖြင့် (အချိန်တိုအတွင်း) နိုင်ငံရေး ဆွေးနွေးရန် ပြောင်းလဲ လာခဲ့ပါသည်။
ဤအစည်းအဝေးသည် လတ်တလော ရင်ဆိုင် နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ထားရှိရမည့် သဘောထားများကို ညှိနှိုင်း ခဲ့ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့်
- အပစ်ခတ် ရပ်စဲရေးကို လက်မှတ်ထိုးရေး/မထိုးရေး ပြသနာနှင့်
- အပစ်အခတ် ရပ်စဲရေး ပြီးပါက ရက်တိုအတွင်း နိုင်ငံရေး ညှိနှိုင်းမှုများ အမြန်ဆုံး ဆောင်ရွက်ရန် ဟူ၍ ညှိနှိုင်း ခဲ့ကြပါသည်။
UNFC အဖွဲ့တွင် ယခုရက်ပိုင်း၌ အပစ်ရပ်သွားသော မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤအပစ်ရပ် ခဲ့သော အဖွဲ့များပေါ်၌ အခြား အဖွဲ့ဝင်များက ပြစ်တင် ရှုတ်ချမှု မရှိပါဟု အစည်းအဝေး တက်ရောက်သူက ဆိုပါသည်။
“အဖွဲ့ဝင် အားလုံးကတော့ အပစ်အခတ် ရပ်စဲရေး အတွက် အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့လို့ မတူညီတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ စောင့်ကြည့် နေကြသလို အပေးအယူ တချို့အတွက် အချိန်ဆွဲ နေကြ တာဘဲ ရှိပါတယ်။ ဥပမာ ရှမ်းပြဿနာကို ကြည့်ရင် တလောကကမှ လူမှားပြီး ပစ်ခတ် မိတဲ့အတွက် ရှမ်းဖက်က လက်မခံနိုင်တော့ အပစ်ရပ်ရေးကို အချိန်ဆွဲပြီး စောင့်ကြည့် နေသလိုဘဲ ၊ ကချင်ကလည်း အစိုးရ တပ်တချို့ မရုတ်သိမ်း ဘဲနဲ့တော့ အပစ်မရပ် နိုင်ဘူးလို့ ပြောနေပါတယ်။ ဒါကတော့ အခြေအနေချင်း မတူလို့ အချိန်ဆွဲ နေကြတာပါ” ဟု ဆိုပါသည်။
အလားတူ ကေအန်ယူလည်း မကြာခင် အပစ်အခတ် ရပ်စဲရန်အတွက် မကြာခင် ဆွေးနွေးကြမည် ဖြစ်သလို အခြေအနေ တချို့ ရှင်းလင်း ပြီးပါက အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖွယ် ရှိသည်ဟု UNFC အစည်းအဝေးကို တက်ရောက်သည့် ကိုယ်စားလှယ်က ပြောပါသည်။
“ တူညီနေတာ တခုက အပစ် ရပ်ပြီးရင် အချိန်တို အတွင်းမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ် ဆိုတဲ့ အချက်ပါ၊ ဒါကို အဖွဲ့ဝင် အားလုံး တောင်းဆိုကြဖို့ သဘောတူ ကြပါတယ်။ ဥပမာ မွန်ပြည်သစ် ပါတီက တောင်းဆို သလိုပေါ့လေ (၄၅) ရက် အတွင်း နိုင်ငံရေး အရ ဆက်ဆွေးနွေးဖို့ ၊ ပြီးရင် ဒီဇင်ဘာလ ရောက်တဲ့အခါ တပြည်လုံး အပစ်မရပ်ရင် အစိုးရနဲ့ အသစ်တဖန် ပြန်လည် ဆွေးနွေးဖို့ ဆိုတဲ့ ကိစ္စ မျိုးပေါ့လေ၊ ပြီးတော့ အဖွဲ့အားလုံး စုပေါင်းပြီး အစိုးရနဲ့ ဆွေးနွေး နိုင်အောင် နည်းလမ်းတွေ ချခဲ့တဲ့ အစည်းအဝေး ပါဘဲ” ဟု ဆိုပါသည်။
တကယ်တော့ UNFC သည်၊ တဖြည်းဖြည်းနှင့် အဆင့်လျှော့ပြီး သဘောထားများ၊ ပြောင်းလဲ နေရသည်ဟု အတိုက်အခံ နိုင်ငံရေး သမားများက ဆိုပါသည်။ ယခင်ကမူ တဖွဲ့ချင်းထက် တပ်ပေါင်းစု နဲ့သာ ဆွေးနွေးမည်ဟု သဘောထား ခဲ့ပါသည်။ ထိုမှ တဖန် တဖွဲ့ချင်းလည်း ဆွေးနွေးခွင့် ရှိပါသည် သို့သော် အဖွဲ့ဝင်ချင်း ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရန်ဟု ထပ်မံပြောင်းလဲ ခဲ့ပါသည်။ ယခုချိန်၌ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးခွင့် ရှိပါသည်၊ သို့သော် အမြန်နည်းဖြင့် (အချိန်တိုအတွင်း) နိုင်ငံရေး ဆွေးနွေးရန် ပြောင်းလဲ လာခဲ့ပါသည်။
သမိုင်းတခေတ် အကောင်းမှန်ပြောင်ရန် သမိုင်းကောင်းရေးသော လက်များဖြစ်ဖို့လို
ခဲ့သည်။ လူသည် ကိုယ့်သမိုင်းကြောင်းကောင်ဖို့အတွက်၊ မိမိသမိုင်းကိုရေးသည့်အခါ၊ သမိုင်းကောင်းရေးသော လက်များဖြစ်ဖို့လိုသည်။သမိုင်းကွေးသော လက်များသည်၊ သွေးစွန်းသော လက်များဖြစ်သည်။ မိမိလုပ်ရပ်များကိုကြည့်ပြီး၊ သမိုင်းဆရာများက သမိုင်းမှန်ကို ပြုစုရေးသားသည်။ မိမိသမိုင်းကြောင်းကို မိမိရေးလိုလျှင်၊ ဆိုးကောင်းနှစ်ထွေ ရောရှက်ပြီး သမိုင်းမှန်ကို ရေးသားရဲရမည်။ ထိန်ဝှက်ရေးသားထုတ်ဝေသော သမိုင်းများကို အထူးသဖြင့် အာဏာရှင်တွေ ရေးသားကြသည်။
အခုဆိုရင်....အာဏာရှင်အောက်မှ ရုန်းထွက်လာသော လက်ရှိ- အစိုးရထဲတွင်၊ သမိုင်းကောင်းရေးသူလိုများနဲ့ သမိုင်းကွေးရေးလိုသူများ
ရှိနေသည်ကို လက်ရှိ- နိုင်ငံရေးအား သုံးသပ်လျှင် တွေ့ရပါမည်။ တချိန်က အာဏာရှင်ရဲ့ လောင်းရိပ့်အောက်မှာ မိမိသမိုင်း ကွေးခဲ့သော
ငြားလည်း၊ ယ္ခု- ဒီအချိန်ခါမှာ မိမိရဲ့ သမိုင်းကြောင်းကို ပြန်လည်ကောင်းမွန်လာအောင် ရေးလျှင်- ရေးလို့ရရဲ့သားနဲ့ အကြောက်တရားလွန်
ပြီး၊ မိမိ၏ ရာထူးစည်းစိမ်နဲ့ ဥစ္စာကို မက်မောကာ၊ နဂိုအရင်အတိုင်းပဲ ရှေ့ခရီးကိုဆက်နေလျှင်....သမိုင်းရဲ့ဒဏ်ပြုခြင်းကို လေးလေး နက်နက်ခံကြရမည်ဖြစ်သည်။ တချိန်အရင်က ဖြစ်ပျက်ခဲ့သည်များကို၊ ဗိုလ်နေဝင်းကြောင့်၊ ဗိုလ်ခင်ညွှန့်ကြောင့်၊ ဗိုလ်စောမောင်ကြောင့်၊ ဗိုလ်သန်းရွှေကြောင့်၊ ဗိုလ်ခင်ညွှန့်ကြောင့်လို့ဆိုပြီး လက်ညိုးထိုးလို့ ရကောင်းပေမယ့်၊ လက်ရှိ- အခြေအနေမှာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ
ကြောင့်ဆိုပြီး လက်ညိုးထိုးပြ၍ မရတော့ချေ။ မိမိမှားရင်မိမိခံ၊ မိမိမှန်ရင်မိမိစံရမည်။
ယနေ့ဆိုလျှင်....လွှတ်တော်ဥက္ကဌ သူရရွှေမန်းကလည်း၊ သတင်းစာရှင်းလင်းပွဲတွေမှာ ယ္ခု- ပြုပြင်ပြောင်းလဲမှုတွေကို မိမိအနေနဲ့ အားရကျေနပ်မှုမရှိသေးကြောင်းထုတ်ဖော်ပြောကြားပြီး၊ မိမိမှားရင် မိမိကို အပြစ်ပေးအယူလို့ရကြောင်း ပြတ်ပြတ်သားသားပြောကာ၊ လွှတ်တော်တွင် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပေးဖို့၊ သူကိုယ်တိုင်အဆိုတင်သွင်းမှုတွေ လွှတ်တော်ထဲမှာလုပ်နေတာကို၊ ကြားသိနေရသလို၊ လာမယ့်ရွေးကောက်ပွဲမှာလည်း တရားမျှတမှုရှိပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ပြောဆိုနေခြင်းဟာ၊
၎င်း၏ သမိုင်းကို ၎င်းကိုယ်တိုင် ပြန်လည်ကောင်းမွန်လာအောင်ရေးနေသည်ဟု စာရေးသူအနေနဲ့ သုံးသပ်မိပါသည်။ ထို့နည်းလည်းကောင်း၊ သမ္မတ ဦးသိန်းစိန်၏ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ဧရာဝတီစီမံကိန်းကို သမ္မတလုပ်ပိုင်ခွင့်အမိန့်နဲ့ ရပ်တန့်လိုက်ခြင်နှင့် ၁ နှစ်ပြည့် သမ္မတမိန့်ခွန်းများကို ကြည့်ခြင်းအားဖြင့်၊ ဦးသိန်းစိန်အနေနဲ့ ၎င်း၏ သမိုင်းကို ကောင်းအောင် ရေးသားနေသည်ဟု သုံးသပ်လို့ရပါသည်။
သည်နေရာတွင် အလျှင်းသင့်၍ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အပြုသဘောနဲ့ ထောက်ပြဝေဖန်လိုပါသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဲ့ ကချင်ဘက်ကို စစ်သည်အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေခြင်းသည်၊ တချိန်မှာ ဖြောက်ဖျက်၍မရတဲ့အမဲစက်ကြီးတခုကို စွန်းထင်းစေပါသည်။ ကချင်ကို ထိုးစစ်ဆင်နေခြင်းကို တရုတ်အစိုးရကပဲ ဖိအားပေးပေး၊ နောက်ကွယ်ကနေ ဗိုလ်သန်းရွှေပဲအမိန့်ပေးပေး၊ ထို- ထိုးစစ်ဆင်မှုကို ပြတ်ပြတ်သားသား ငြင်းဆန်ရဲရမည်။ သို့မှသာ- မိမိရဲ့ သမိုင်းကို၊ မိမိအကောင်းဆုံး
ရေးနိုင်မည်။ ထိုသို့- ပြတ်ပြတ်သားသားငြင်းဆန်ခဲ့လျှင်၊ ပြည်သူအများရဲ့ ထောက်ခံမှုကို မလွဲမသွေ ရရှိမည်ဖြစ်သည်။ယနေ့- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ရောက်ရှိသွားလျှင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့မှ ဦးစီးဦးဆောင်ပြုပြီး၊ မြန်မာ့နိုင်ငံရေးကို အတူတကွပူးပေါင်းလုပ်ဆောင်သွားလျှင်....ကျနော်တို့မျှော်ရည်မှန်းထားသည့် ရွှေပြည်တော် မျှော်လေတိုင်းမဝေးတော့ဘူးဟု စာရေးသူအနေနဲ့ သုံးသပ်မိပါသည်။
( ကိုဗလိုင် )
" အနာဂတ် မှာ အဖြေ ရှိတယ်. " by စစ်ကိုနိုင် ၈၈၈၈
ကျနော်တို့ ပြည်ပရောက် လူငယ်တွေအတွက်တော့ မြန်မာပြည်တွင်းက နိုင်ငံရေးအပြောင်းအလဲ ရဲ့လမ်းစ လေးကို မြင်ရတွေ့ရတော့ စိတ်ထဲမှာအရင့်အရင်တွေကနဲ့စာရင် ရင်ကြပ်ရောဂါသည်တယောက် ရင်ကြပ်ပျေက်ဆေးလေးသောက်လိုက်ရလို့ ခဏတာလေး ရင်ကြပ်တာ သက်သာသလိုတော့ရှိသလို ဖြစ်ပေမဲ့ နိုင်ငံရေးရင်ကြပ်ရောဂါကြီးကတော့ ပျောက်သွားတာတော့ မဟုတ်သေးတာသေချာတယ်လေ၊
( ၂၀၀၈ ) အခြေခံဥပဒေကြီးထဲက အချက်အချို့ ကို ပြင်ပေးလိုက်လို့ လူထုကြီးအားကိုးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမှတ်ပုံပြန်တင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ကိုင်လာနိုင်တာလေး တွေတွေ့ရ ၊ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုတွေနဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရတဲ့ နိုင်ငံေ၇းလှုပ်ရှားသူတွေ၊ ၂၀၀၇ ရွှေဝါရောင်သံဃာတော်တွေ၊ နောက်ပြီး သတင်းဂျာနယ် မျက်နှာဖုံးတွေမှာလည်း အတိုက်အခံတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဖေါ်ပြခွင့်လေးတွေရလာကြတာ တွေ့ရတော့ ရောဂါနဲနဲသက်သာသလို လေးတော့ ဖြစ်ရတာတော့အမှန်ပါ၊
နောက်ပြီး ရွေးကောက်ပွဲအကြို စည်းရုံးရေးကို အင်တိုက်အားတိုက်နဲ့ မမောနိုင်မပန်းနိုင် တိုင်းနဲ့ပြည်နယ်ကိုသွားပြီးစည်းရုံးရေးဆင်းနေတဲ့ တကမ္ဘာလုံးကချစ်တဲ့ အန်တီစုကို ရောက်တဲ့ပြည်နယ် ပည်မက လူထုကြီးကတခဲနက်ကြိုဆိုတာတွေမြင်ရတွေ့ရတော့ နိုင်ငံရေးရင်ကြပ်နာ ရောဂါအခံရှိတဲ့ ကျနော်တို့ ရောဂါ သက်သာသလိုခံစားရတာလည်း အမှန်ပဲဗျို့ ...
နောက်..အနုပညာရှင်တွေကလည်း အန်တီစုကို တတ်နိုင်တဲ့ဖက်က နေ၀ိုင်းဝန်း ပံ့ပိုးကြမတဲ့..
.နောက်ပြီး ရုပ်ရှင်အနုပညာရှင်တွေအားလုံးကို ကိုဇာဂနာကြီးကဦးဆောင်ပြီးတော့ . အန်တီစု သိပ်ဖြစ်ချင်တဲ့ ..လူထုကလည်း သိပ်မြတ်နိုးကြည် ညိုတဲ့ လွတ်လပ်ရေး ခေါင်ဆောင်..တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတိ ကို ရုပ်ရှင်ရိုက်မယ် ဆိုတော့ ..ကျနော်တို့မှာ ၀မ်းသာလိုက်တာ... မပြောပါနဲ့တော့ ..အရပ်ဝတ်အရေခြုံ ဦးသိန်းစိန်အစိုးရကြီးကိုလည်း ..မောင်မင်းကြီးသားများ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ဆက်လက် အကောင်အထည် ဖေါ်စရာရှိတာ တွေကို အကောင်အထည် ဖေါ်ပါစေလို့ ဆုတောင်းမိပါရဲ့..
တကယ်ပြောတာပါ..တော်ကြာ..ခွေးမြီးကောက် ကျဉ်တောက်စွပ်သလို ..ကျဉ်တောက်လည်း ဖြုတ်လိုက်ရော ပြန်ကောက် သွားမှဖြင့် တိုင်းပြည်က ဆက်မတွေးဝံ့စရာ ..ူလူထုကြီးနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများ တော့ ..သူများကျွန် ဆက်ခံ ပေအုန်းတော့.. .. ၈၈..မျိုးဆက်အုပ်စုများကလည်း ထောင်ကလွတ်လို့ မှ ဘာမှ မကြာလိုက်သေးဘူး၊သူတို့ကလည်း သူတို့ကို သမိုင်းကပေးတဲ့ တာဝန်လို့ စိတ်ပိုင်းဖြတ်ထား တဲ့အတွက် လူထုအတွက်အကျိုးရှိမဲ့ အလုပ်တွေနဲ့အတူ အန်တီစုကို ၀န်းရံမယ်လို့ ဆိုပြီးဆုံးဖြတ် လိုက်ကြတော့ ထုံးစံအတိုင်း ပြည်ပရောက် ပရောဟိတ် ကြီးများလည်း နဲနဲတော့ အသံ တိုးသလိုနဲ့ တိတ် သွားတာတော့ သတိပြုလိုက် မိပါရဲ့ဗျာ။
အဲဒါကလည်း နိုင်ငံရေးရင်ကြပ်ရောဂါအခံရှိတဲ့ကျနော်တို့ အတွက်တော့ နဲနဲရောဂါ သက်သာသလိုဖြစ်တယ်..နို့မဟုတ်ရင်သူတို့ကလည်း တမှောင့်လေ၊ရဲဘော်ကိုကျော်သန်း ရေးခဲ့ဘူးတဲ့ဆောင်းပါးထဲက စကားနဲ့ပြောရရင်... သူတို့ကလည်း ဆင်နားရွက်ကြားထဲက မွှား လို လေ .၊သူ့တို့ကြောင့်တိုင်းပြည်ခုလိုအခြေအနေလေး ဖြစ်လာတာလို့ပြောချင်ပြောအုန်းမှာကိုး ။ဒါပေမဲ့ သူတို့ရဲ့ ပံ့ပိုးမှု့တွေ က အစိတ်အပိုင်းတခုအနေနဲ့ ပါတယ်ဆိုတာ ကိုတော့ ကျနော်ဝန်ခံပါတယ်၊နောက်ပြီး ...သူတို့ က ဒုက္ခသည်လို့သာဆိုတယ်...တကယ်တော့ ဒုက္ခသည်နဲ့ မတူဘူး ၊
ပရောဟိတ်ကြီးတွေနဲ့ပိုတူနေလို့လေ..ထားလိုက်ပါတော့ ...ကျနော်တို့ ခုတလောကြားရသိရတဲ့သတင်းတွေက ကျနော်တို့ အခံ အက်စမာလို့ ခေါ်တဲ့ နိုင်ငံရေး ရင်ကြပ်ေ ရာဂါကြီးက ပြန်ထလာတယ်...ထ လာဆို ..အန်တီစု စည်းရုံးရေးခရီး ဆင်းတဲ့ ဧရာဝတီတိုင်းက စတယ်ထင်တယ်၊ဘောလုံးကွင်းအသုံးပြုခွင့်မပေးဘူးတို့ ...နောက်..ကြပ်ပြေး ခေါ် နေပြည်တော် မှာ NLD ရဲ့စည်းရုံးရေး ဆိုင်းဘုတ်ကြီးကို ဖျက်ဆီးတာ နှစ်ခါတောင်ရှိပြီ တဲ့ဗျာ...နောက်တခါ ကော့မှုးမြို့နယ်က ၀င်ပြီးအရွေးကောက်ခံမဲ့ ဒေါ်စုကို ပြိုင်ဖက် ဦးတင်ရီ ဆိုလား .?
စိတ်ဝင်စားစရာမကောင်းလို့ သူ့ ပါတီနံမည်ကိုတောင် မှတ်မထားလို့ မသိပါဘူး၊ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ..အရှက်မရှိ ကန့်ကွက်သတဲ့ဗျ...တကယ်ဆို ကမ္ဘာ သိ ကမ္ဘာကျော်နေတဲ့ ပါတီက ခေါင်းဆောင်တဦး၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အချစ်ဆုံး သမီးထွေးလေးကို စွပ်စွဲတဲ့ အချက်တွေကလည်း ကြည့်လိုက်တော့ ... တော်တော့ ကို စာမတတ်ပေ မတတ်မှန်း သိသာလွန်းတယ်၊အင်္ဂလန်က အမြဲတမ်းနေထိုင်ခွင့် green card .ရှိသတဲ့...အဲဒီ ဂရင်းကဒ် ဆိုတာ ဘယ်နိုင်ငံက ပေးတယ်ဆိုတာတောင် မသိတဲ့ သူက လွှတ်တော်ကိုယ်စားလှယ်လောင်း ၀င်ပြိုင်အုန်းမှာ.....green card. က အမေရိကန်နိုင်ငံကပေးတာလား .? အင်္ဂလန်နိုင်ငံက ပေးတာလား တောင် မသိတဲ့ အသိညာဏ် ပညာလောက်နဲ့ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် လောင်းဝင်ပြိုင်တာ ..သူတို့မို့ မရှက်တယ်..ကျနော်တို့ တော့ မလုပ်ရဲပေါင်ဗျာ.. ကျနော်လည်း ဖြေတွေးလေး တွေးလိုက်ပါတယ်..ကြံ့ဖွတ်ရဲ့အပေါင်းပါ ပါတီဆိုတော့လည်း ဒီလောက်တော့ ရှိပေမပေါ့လို့ ...ခုတခါပူပူနွေးနွေး ဟို အရူးဆိုလား .? အနှမ်း ဆိုလား..? ငါးမင်းဆွေ ဆိုလား .ဖားမင်းဆွေ ဆိုလား ..? အဲဒီလူကတော့ အသားလွတ်ကို ၀င်လာပြီး ပုတ်ခတ်တော့တာ...
ကဲ့ရဲ့ ရှုံ့ ချတော့တာ ...အဲဒီလူလိုစိတ်ဓါတ်မျိုးနဲ့ရေးတဲ့ဆောင်းပါးတပုဒ် ကို ဒေါက်တာ လွမ်းဆွေ ခေါ် ကိုလွမ်းဆွေ ဘလောက်ဒ်တခုမှာ ကျနော်ဖတ်ဖူးတယ်..တာဝတိမ်သာ တုတ်ကြီး ဆိုတဲ့ ကလောင်နံမည်ဝှက်နဲ့ရေးတာ...အဲဒီဆောင်းပါးထဲမှာလည်း ဒေါ်စုကို ပုတ်ခတ်တာ..ရှုံ့ ချတာ ..မဟုတ်မတရား ကဲ့ရဲ့တာ...
အခု ငါးမင်းဆွေ ခေါ် ဖားမင်းဆွေ ဆိုတဲ့သူ ရဲ့ စရိုက်မျိုးနဲ့ အတူတူပဲ ..အဲဒီဆောင်းပါးကလည်း ကိုလွမ်းဆွေပဲ နံမည်ဝှက်နဲ့ရေး သလား .? ဘယ်သူရေးလဲတော့ ကိုလွမ်းဆွေမှပဲ သိမှာပဲ...အဲဒီအချိန်ကစပြီး ကျနော်လည်း ကိုလွမ်းဆွေဘလောက်ဒ်ကို မကြည့်တော့ဘူး၊
ကိုသစ်ထူးလွင် ဘလောက်ဒ် စတင်တဲ့အချိန်နဲ့ မရှေးမနှောင်းဆိုတော့ ကိုသစ်ထူးလွင် ဆိုက်ဒ်ကိုပဲ သွားပြီးသတင်းဖတ်တယ်၊ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီဖက်ကိုတော့ အနဲနဲ့အများ ယိမ်း ရမှာပဲလေ..အမေလူထုဒေါ်အမာတောင် ပြောဘူးသေးတယ်..သူတို့ခေတ်ကတဲက သတင်းစာတွေတောင် သူတို့ထောက်ခံတဲ့ဖက်ကို အနဲနဲ့အများလိုက်ရေးကြတာပဲတဲ့လေ၊ဒါလည်းမှန်တာပဲအမေလူထုဒေါ်အမာပြောတာ...ဒီမိုကရေစီလိုချင်တဲ့သူက ကွန်မြူနစ်ဖက်လိုက်လို့ဖြစ်မလား..?နောက် .စစ်အာဏာရှင်ဖက်ကိုရော လိုက်လို့ဖြစ်မလား..?
စဉ်းစားကြည့်စရာတောင်မလိုပဲနဲ့ သိနိုင်တာပဲလေ..ခု ကျနော်ပြောတဲ့ ငါးမင်းဆွေက အခုတလောပြန်လှုပ်ရှားလာတာ ကြံ့ဖွတ်ရဲ့နောက်ကွယ်ကနေ ကြိုးကိုင်ပေးတဲ့ကိစ္စပါ ..
.ရှင်းရှင်းလေး ..ကြည့်တတ်ရင်မြင်တယ်၊ရွေးကောက်ပွဲကော်မရှင်ကလည်း သိတာပဲ..ကြပ်ပြေးနေပြည်တော် NLD က စည်းရုံးရေးဆိုင်းဘုတ် ကို ဖျက်ဆီးခံရတာ နှစ်ခါတောင်ရှိပြီ၊ကော်မရှင်က အရေးမယူဘူး...ရူးချင်ဟန်ဆောင်နေတာသာ ကြည့်တော့...
အားကစားကွင်းတွေ ကို ပါတီစည်းရုံးရေး အတွက်ခွင့်မပြုဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က စာထုတ်ထားပြန်သတဲ့...ကျနော် ဆုတောင်းမပြည့်တော့ဘူးဆိုတာ ရွေးကောက်ပွဲက မစသေးဘူး...မြင်နေရပြီ...ဦးသိန်းစိန်နဲ့အပေါင်းပါများအစိုးရလူကြီးများ ဆိုသူတွေ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ အကောင်အထည် ဖေါ်စရာရှိတာကို ဆက်လက် အကောင်အထည်ဖေါ်ပါ ဆိုတာက ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ကို ဆိုလိုတာလေ.။ခုတော့ ကြံ့ဖွတ်အစိုးရ က ခေါင်းဆောင်တွေက ကြောက်လာပြီ...ရှင်းရှင်းပြောရရင် ဒေါ်စု ရဲ့ တိုင်းပြည်ကလူထုရဲ့ထောက်ခံမှု့ကိုကြည့်ပြီး သွေးပျက်နေကြပြီ...
သူတို့ ရှင်းရှင်းလင်းလင်းကို သိနေကြပြီ..ဆိုတော့ သူတို့ဟန်ယောင်ပြီး ခွေးမြီး ကောက်ကို စွပ်ထားတဲ့ ကျည်တောက်ကိုသူတို့ ဖာသာ ပြန်ချွတ်လာပြီလေ..မြစ်ကြီးနားခရီးစဉ်တုန်းကလည်း အင်တာနက်လိုင်းတွေ ဖြတ်ထားတယ်....နောက်ထပ်လာအုန်းမယ်... ဒေါ်စု မြန်မာ့ရုပ်မြင်သံကြားကနေ မဲဆွယ်စည်းရုံးဖို့ အတွက် ရုပ်သံသွင်းမယ်..တပ်ကုန်းမှာ...အဲဒီကညွန်မှုး ဆိုတဲ့လူ သိန်းအောင်ဆိုလား ..? ၀န်ထမ်းတွေကို ခေါ်ပြီး ဒေါ်စုကိုမကြိုရဘူး. စကားမပြောရဘူး တို့ အမိန့်ပေးထား သတဲ့....
ဒါကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ဦးတင်အေး တို့ မသိဘူးထင်သလား..?သူတို့ စစ်အုပ်စု ကပဲ လုပ်တဲ့ကိစ္စတွေ... မပူနဲ့ ..လုံးဝကိုအရေးမယူစေရဘူး...နောက် ပြီး ဒေါ်စု ရုပ်သံကနေ အသံလွှင့်ပြီး ပြမဲ့နေ့မှာ မီးဖြတ်လိမ့်မယ်...စိတ်သာချ .. မီးကိုကြိုတင်ပြီး တော့ကို ဖြတ် ထားလိမ့်မယ်....စစ်ဗိုလ်ချုပ်တွေသာပြောတာ ...အကျင့်အကြံကတော့ မိန်းမပျက် မ ကတောင် လက်ဖျားခါ ရတယ်.၊နောက်ပြီး လူထုနဲ့ အတိုက်အခံဒီမိုကရေစီပါတီတွေကပြောလာရင် ...လိမ်မယ်...ဘယ်မီးတိုင်က လဲလို့...ကြိုးတွေပြတ်လို့ ...ဘယ် အသံလွှင့်တဲ့ စက်ခန်းက ဘာဖြစ်သွားလို့ အစရှိတဲ့ ကလိမ်ကကျစ် ယုတ်ကန်းတဲ့ စိတ်ဓါတ် အပြည့်နဲ့ လိမ်ညာ တော့မယ်..ဒီလူ ဒီအစိုးရက စစ်အာဏာရှင်က လာတာဆိုတော့ ညာဉ် က မပျောက်ဘူးလေ၊ သူခိုးနတ်က္ခ မိတဲ့သူခိုးမျိုးပေါ့...တိုင်းပြည်နဲ့လူထု ကို မညှင်းဆဲရ ရင်...မကောက်ကျစ်ရရင် မခိုးရရင် နေကို မနေနိုင်တာ ....မျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေရ မယ်ဆိုတာ လိမ်တာ.ကောက်ကျစ်တာကို အကျင့်ပါနေလို့ ပြောတဲ့ စကားပဲ ဖြစ်တယ်..စိတ်စေတနာ သန့်လို့ ..တကယ်စိတ်ရင်းစိတ်ထားအမှန်နဲ့ ဒီမိုကရေစီ တိုင်းပြည်ကို လုပ်ပေးချင်လို့ ဆိုတဲ့ စိတ်ဓါတ်မျိုး ရှိကို မရှိတာ ...အဲ ..ခြွင်းချက်အနေနဲ့ သူတို့အုပ်စုထဲက ဆယ်ယောက်ကို သုံးယောက်လောက်ကပဲ လုပ် ပေးလိုက်ပါကွာ ...ဆိုတဲ့ မသက်မသာ စိတ်နဲ့ ပြောမဲ့သူပဲရှိမယ်...စိတ်စေတနာသန့်တဲ့သူက ရှိကို မရှိတာ ...စိတ်စေတနာသန့်တဲ့သူကလည်း သူတို့အုပ်စုထဲမှာ နေလို့ကို မရ ဘူး ...
ဒေါ်စုကို တိုင်းပြည်လူထုက အုန်းအုန်းကြွက်ကြွက် နဲ့ လှည်းနေလှေအောင်း မြင်းစောင်း မကျန်လူထုက ထောက်ခံတာတွေ့ရတော့ ကျနော်သတိယလိုက်မိတာလေးရှိတယ်....ဗိုလ်ခင်ညွန့် ကောင်းစားစဉ်က ရဲချုပ်ခင်ရီကနေတဆင့်ပြောခိုင်းတဲ့စကားရှိတယ်..
ဒေါ်စုကို တိုင်းပြည်လူထုက ထောက်ခံမှု မရှိတော့ပါဘူး ..ကျဆင်းသွားပါပြီ လို့ နိုင်ငံခြားသံတမန်တွေကို မဟုတ်မဟတ် တွေပြောခဲ့တာကို သွားပြီးသတိယ မိတယ်၊လိမ်တာ ညာတာက ကောက်ကျစ်တာက စစ်တပ်ကို ထောက်လှမ်းရေးက ဗိုလ်ခင်ညွန့်တို့က သင်ပေးလိုက်တာ...မုဆိုးကို စိုင် သင်တာ ဆိုသလိုမျိုးပေါ့ဗျာ.. ဗိုလ်ခင်ညွန့်လည်း ခုတော့ သူသင်ပေးလိုက်တဲ့ စစ်တပ်က သူကို အပီ ကိုင် လိုက်တော့မှ ငြိမ်ကျသွားတာ...ဒါပေမဲ့..ဗိုလ်ခင်ညွန့်ကလည်း ..နေသေးသပ ခြုံထဲက ..ဂျိုသွေး တမြမြ နဲ့ ချောင်းနေတာ နော်..လာအုန်းမယ်...ကျနော်တို့ခင်ဗျားတို့ အားလုံးသတိထားနေကြပေတော့..... အန်တီစု ရဲ့ စွန့်စားပြီး ရင်းလိုက်တဲ့ သူ့ရဲ့သိက္ခာတွေ..သြဇာတွေ..ကျော်ကြားမှု့တွေ..ကမ္ဘာက လေးစားမှု့တွေ အရာအားလုံးကို ရင်းလိုက်ရတာ ...ဒါကို လည်း အန်တီစုက ရိုးရိုးသားသားနဲ့ ဖွင့်ပြောပါ တယ်..
ကျမ ပြည်သူကို ယုံတဲ့အတွက်..တိုင်းပြည်လူထု အတွက် ..ကျမ စွန့်စားလိုက်ပါတယ် လို့ အန်တီ စု က ရိုးသားစွာပြောခဲ့ပြီးသားပါ...ဒါကြောင့် ...တိုင်းပြည်နဲ့လူထု အတွက်အကျိုးရှိမယ်ဆိုရင် ကျမ ဘယ်သူနဲ့တွေ့ရ တွေ့ရ ..တွေ့ပါ့မယ် ဆိုတဲ့ ..အန်တီစု ရဲ့ တိုင်းပြည်လူထုနဲ့ ပတ်သက်လာရင် မာန်မာန မထားတဲ့ ဖြူစင်တဲ့ စိတ်ဓါတ်ကို အထင်အရှားမြင်သိ တွေ့နေရပါတယ်.. ..
ကျနော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင် ..တပ်မတော်ရဲ့ ဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဘူးသလို... ကျုပ်တို့ဟာ ရာဇ၀င်ကိုရေးမဲ့သူလား ?..ရာဇ၀င်မှာအဆဲခံမဲ့သူလား ..?.. ဆိုတာ ခင်ဗျားတို့ကောင်းကောင်းကြီးသိပါတယ် လို့ ပြောဘူးခဲ့ သလို ...ဒီနေ့ ဗိုလ်ချုပ်သမီး ဖြစ်တဲ့ လူထု ခေါင်းဆောင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာလည်း ရာဇ၀င်ရေးမဲ့သူလား .? ရာဇ၀င်မှာအဆဲခံမဲ့သူလား..? ဆိုတာလား .. ခင်ဗျားတို့ ကျနော်တို့ ကောင်းကောင်းကြီး သိကြပြီမို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စွန့်စားပြီး ရင်းလိုက်တဲ့ ဒီကြားဖြတ် ရွေးကောက်ပွဲဟာ အနာဂတ်မှာ အဖြေ ပေးလာမှာမို့ .. ကျနော်တို့ ခင်ဗျားတို့ ပြည်ပ ဒီမိုကရေစီ ချစ်မြတ်နိုးသူတိုင်း တက်တက် ကြွကြွနဲ့ ၀ိုင်းဝန်းပံ့ပိုး လုပ်ဆောင်ပေးကြရန် လေးစားစွာဖြင့် အနူးအညွတ် တိုက်တွန်းလိုက်ပါတယ်.။
လေးစားစွာဖြင့် အလေးပြုလျှက် ကျနော် စစ်ကိုနိုင် ၈၈၈၈
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမဆုံးအကြိမ်သမ္မတပြောကြား
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၎င်းမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတက တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်ပြီး “ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီး မိမိတို့ရဲ့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မည်ဟု ကြွေးကြော်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း အများဆန္ဒကိုရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းမည်ဟု ၎င်း၏ မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားလျှက်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက သမ္မတ၏ ယခုကဲ့သို့သဘောထားကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ လွန်စွာခက်ခဲမည်မဟုတ်တော့ဟု သူမ၏အမြင်ကိုပြောသည်။ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးထွေးမြင့်ကမူ အများဆန္ဒဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ပြောကြားခြင်းအား ကြိုဆိုသော်လည်း ယခုလွှတ်တော်အနေဖြင့် ပြည်သူအများကို ကိုယ်စားပြုသည့် လွှတ်တော်ဟု ပြောရန်မဖြစ်နိုင်ကြောင်းပြောသည်။
၎င်းက “ အခုလွှတ်တော်ထဲမှာက ယူနီဖောင်းသာကွာတာ၊ စစ်သားနဲ့စစ်သားလူထွက်တွေပဲများနေတယ်။ အဲဒီ လွှတ်တော်ထဲက အများစုရဲ့ဆန္ဒက ပြည်သူအများစုရဲ့ဆန္ဒကို တကယ်ကိုယ်စားပြုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ” ဟု ပြောသည်။ လက်ရှိပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အများဆုံးရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးဌေးဦးကမူ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရန်မလိုအပ်ကြောင်းပြောခဲ့သည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ယခင်စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် စစ်တပ်ကို လုပ်ပိုင်ခွင့်အလွန်အကျွံပေးထားသည့် အားနည်းချက်များစွာရှိကြောင်း ဝေဖန်မှုများရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ တွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟု ပါရှိပြီး ဥပဒေပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်သည်။လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခြားပါတီများမှ ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းပါဝင်သည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းနီးပါးရှိသည်။
စည်ပင်သာယာရေးကော်မတီဟုဆိုရာဝယ်
စည်ပင်သာယာရေးလုပ်ငန်းဆိုသည် မှာ သက်ဆိုင်ရာမြို့နှင့် ဒေသရှိပြည်သူ တို့၏ စားဝတ်နေရေးအဆင်ပြေသာယာ စေရေးအတွက် အထောက်အကူပြုတာဝန် ယူဆောင်ရွက်ပေးရသောအဖွဲ့အစည်းများ ဖြစ်ပါသည်။ မြို့ရွာသန့်ရှင်းသာယာလှပ စေရေး၊ မြို့နှင့် ကျေးလက်ဒေသများ အချိုးညီညီတိုးတက်စေရေး၊ ခရီးလမ်းပန်း လုံခြုံချောမွေ့စေရေး၊ ကုန်စည်ထုတ်လုပ် မှုလုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထု စိတ် လက်ကြည်သာစွာအပန်းဖြေအနားယူနိုင် စေရေးအတွက် ဆောင်ရွက်ပေးရသော အများအကျိုးပြုလုပ်ငန်းများဖြစ်ပါသည်။ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် (၁၈၇၄) ခုနှစ်၊ မြူနီစီပယ်အက်ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်း၍ ရန်ကုန်မြို့၊ စစ်တွေမြို့၊ မော် လမြိုင်မြို့၊ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ ပြည် မြို့နှင့် တောင်ငူမြို့တို့တွင် မြူနီစီပယ်အဖွဲ့ များ စတင်လုပ်ဆောင်ခဲ့ပါသည်။ မြူနီစီ ပယ်လုပ်ငန်းများပြားလာသည်နှင့် (၁၈၈၄) ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၉၈ ခုနှစ်တွင် တစ်ကြိမ်၊ မြူနီစီပယ် အက်ဥပဒေ အဟောင်းများ ပယ်ဖျက်ရုတ်သိမ်းခဲ့ပြီး၊ ဥပဒေအသစ်များအတည်ပြုပြဋ္ဌာန်းကျင့် သုံးခဲ့ပါသည်။
မြို့များအပြင် ကျေးလက်ဒေသများ ၌ပါ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ (၁၉၂၀) ခုနှစ် မြန်မာ နိုင်ငံကျေးလက်ကိုယ်ပိုင်အုပ်ချုပ်ရေး အက်ဥပဒေနှင့် (၁၉၃၅) ခုနှစ် အယ်(လ်) ဆာကြူလာအမှတ် (၃၇) အရ ဒီစကြိတ် ကောင်စီနှင့် ခရိုက်ဝန်အုပ်ချုပ်သော ဒေသန္တရရံပုံငွေအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြပါသည်။ (၁၉၇၂) ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အုပ်ချုပ်ရေး စနစ်သစ်ပြောင်းလဲလာသောအခါ ယင်း အဖွဲ့များအားလုံးကို ပူးပေါင်း၍မြို့နယ် စည်ပင်သာယာရေးအဖွဲ့များကို ဖွဲ့စည်း ခဲ့ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီကိုမူသီးခြားကော်မတီ တစ်ရပ်အဖြစ်အဖွဲ့စည်းထားပါသည်။ (၁၉၉၂) ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတစ် ၀ှမ်းလုံးတွင် မန္တလေးမြို့ စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ (၂၇၀) စုစုပေါင်း စည်ပင်သာယာ ရေးအဖွဲ့ပေါင်း (၂၇၁) ဖွဲ့ရှိပါသည်။
(၁၉၉၃) ခုနှစ် ဧပြီလ (၁) ရက်နေ့ တွင် (၁၈၉၈) ခုနှစ် မြူနီစီပယ်အက်ဥပဒေ ကို ဖျက်သိမ်းပြီးနိုင်ငံတော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့မှ စည်ပင်သာ ယာရေးအဖွဲ့များဥပေဒ (နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ ၅/၉၃) ကို ပြဋ္ဌာန်းပေးခဲ့ပြီး စည်ပင်သာ ယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ပါသည်။ ယခုအချိန်တွင် အဆိုပါဥပဒေ ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ၊ နယ်နိမိတ်ပြင်ပ ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း များ ပြုလုပ်လျက်ရှိပါသည်။
စည်ပင်သာယာရေးအဖွဲ့များသည် ပြည်သူများထံမှ အခွန်အခထောက်ခံပြီး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက် သည့်အဖွဲ့ဖြစ်ရာ ပြည်သူများထံမှ ကောက် ခံသည့်အခွန်အခများ မှန်ကန်စွာကောက် ခံရေး၊ ကောက်ခံရရှိသည့်အခွန်အခများ မှ ဆောင်ရွက်သည့်လုပ်ငန်းများမှာ ပြည်သူ့အတွက် အမှန်တကယ်အကျိုးရှိ ပြီး၊ လေလွင့်မှုနည်းပါးစွာသုံးစွဲနိုင်ရန် လိုအပ်ပါသည်။ သို့အတွက်ကြောင့် စည် ပင်သာယာရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များကို ပုဂ်္ဂိုလ်တစ်ဦး၊ ရုံးဝန်ထမ်းတစ်ဦးထံ၌ ပေး ထားပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်၊ ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိ သော အချိန်ကာလ၌ပင် မြို့နယ်ပြည်သူ့ ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ အား ဥက္ကဋ္ဌအဖြစ်ထားရှိပြီး၊ သင့်တော် သည့်မြို့နယ်ပြည်သူ့ကောင်စီဝင်များကို အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးရုံးအကြီးအကဲကို အတွင်းရေးမှူးအဖြစ်လည်းကောင်း ဖွဲ့ စည်းပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
(၁၉၈၈) ခုနှစ်တွင် တပ်မတော်အစိုး ရမှ နိုင်ငံတာဝန်ထမ်းဆောင်သောအခါ ပြည်သူ့ကောင်စီအဆင့်ဆင့်ဖျက်သိမ်းခံ ရသဖြင့် မြို့နယ်စည်ပင်သာယာရေးကော် မတီများ ရပ်ဆိုင်းသွားပါသည်။ (၁၉၉၃) ခုနှစ် စည်ပင်သာယာရေးဥပဒေ၌ စည် ပင်သာယာရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ကော်မတီများကို တာဝန် ပေးထားပါသည်။ ကော်မတီဖွဲ့စည်းရန် အတွက် ၀န်ကြီးဌာနကို တာဝန်ပေးထား ပါသည်။ သို့သော် ၀န်ကြီးဌာနသည် (၁၉၉၃) ခုနှစ် ဥပဒေပြဋ္ဌာန်းသည်မှ (၂၀၁၁) ခုနှစ် နှစ်ကုန်သည်အထိ ကော် မတီဖွဲ့စည်းခြင်းမပြုနိုင်ဘဲ၊ စကားရပ်များ အစားထိုးသည့် ဥပဒေဖြင့် ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အမှုဆောင် အရာရှိအား တာဝန်ပေးဆောင်ရွက်စေ ခဲ့ပါသည်။
ယင်းသို့ ကော်မတီ၏ လုပ်ပိုင်ခွင့် များကို အမှုဆောင်အရာရှိအား တာဝန် ပေးဆောင်ရွက်ခဲ့ရာတွင် နှစ်ကာလကြာ ရှည်လာသောအခါ ယာယီအစီအစဉ်ဖြင့် ဆောင်ရွက်နေသည်ကို မေ့ထားပြီး၊ အချို့သော အမှုဆောင်အရာရှိများမှာ မြို့နယ်စည်ပင်သာယာအာဏာပိုင်ကဲ့သို့ ဆောင်ရွက်လာကြပါသည်။ အမှုဆောင် အရာရှိနည်းတူ အမှုဆောင်အရာရှိနှင့် အဆင်ပြေသော ကျန်ဝန်ထမ်းများကပါ အာဏာရှင်ဆန်လာပြီး၊ ပြည်သူများကို မချေမငံဆက်ဆံခြင်း၊ နိုင်ထက်စီးနင်း ဆက်ဆံခြင်း၊ ကြိမ်းမောင်းခြိမ်းခြောက် ဆက်ဆံခြင်းတို့ပြုမှုလာကြပါသည်။ အမှု ဆောင်အရာရှိကို နမူနာယူပြီး၊ တိုင်းအဆင့် ၀န်ထမ်းနှင့် အဆိုပါဝန်ထမ်းနှင့် အဆင် ပြေသော တိုင်းရုံးဝန်ထမ်းများကပါ အာဏာရှင်ကဲ့သို့ပြုမှုလာကြပါသည်။
ယခင်အခါများက စည်ပင်သာယာ ရေးအဖွဲ့များကို ကော်မတီဖြင့် ဆောင် ရွက်ခဲ့ရာတွင် ယခုအခြေအနေကဲ့သို့ရ ငွေအပေါ်အလွန်အမင်းကိုယ်ကျိုးရှာမှု၊ သုံးငွေအပေါ်အလွန်အမင်းကိုယ်ကျိုးရှာ မှုများ များစွာနည်းပါးခဲ့ပါသည်။ စည်ပင် သာယာရေးဝန်ထမ်းများ အမှုကိုကိစ္စဖြင့် ခဲ့မှုမှာ လက်ချိုးရေ၍ပင်ရပါသည်။
ယခုအချိန်တွင် ကိုယ်ကျိုးရှာသည့် အမှုများစွာ ဖြစ်ပေါ်ခဲ့ရာ၊ တိုင်းစည်ပင် သာယာရေးအဖွဲ့အကြီးအကဲများအပါ အ၀င်တိုင်းစည်ပင်သာယာရေးအဖွဲ့ဝန် ထမ်းများ၊ အမှုဆောင်အရာရှိများ အပါ အ၀င်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၀န်ထမ်းများ အရေးယူခံရခြင်းများ၊ အများအပြားဖြစ်ပေါ်ခဲ့ကြောင်းကြားသိ နေရပါသည်။ အချို့ဝန်ထမ်းများမှာ တရား ခံပြေးများပင် ဖြစ်နေရပါသည်။ ဤကဲ့သို့ ဖြစ်နေခြင်းမှာ ကော်မတီဖြင့်ဆောင်ရွက် ရမည့်စည်ပင်သာယာရေးအဖွဲ့လုပ်ငန်း များကို အမှုဆောင်အရာရှိတစ်ဦးတည်း ၏ လက်ထဲသို့ဝကွက်အပ်ထားခြင်းကြောင့် ဖြစ်ပါသည်။ ယခုအခါ ဒီမိုကရေစီခေတ် သို့ ကူးပြောင်းနေချိန်ဖြစ်ရာကော်မတီဖြင့် ဆောင်ရွက်ရမည့်စည်ပင်သာယာရေး လုပ်ငန်းများကို အမှုဆောင်အရာရှိ တစ် ဦးထံ၌ အပ်နှံရန် မသင့်တော်တော့ပါ။ ထို့ကြောင့် သင့်တော်သော ပုဂ်္ဂိုလ်များ ဖြင့် စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းပေးရန်လိုအပ်နေပြီဖြစ်ပါသည်။ စည်ပင်သာယာရေးကော်မတီများဖွဲ့စည်း ပေးခြင်းဖြင့် ပြည်သူများထံမှ မလိုအပ် သော အခွန်အခကောက်ခံမှုများ နည်း ပါးသွားနိုင်ခြင်း၊ အသားဈေးနှုန်းများ မြင့်မားနေ့ခြင်းမှလျော့ပါးသွားနိုင်ခြင်း၊ ကောက်ခံရရှိသည့် ၀င်ငွေဖြင့် ဆောင် ရွက်သည့်လုပ်ငန်းများမှာ ပြည်သူများ အမှန်တကယ်အကျိုးရှိသော လုပ်ငန်းများ ကို အလေအလွင့်အနည်းဆုံးဖြင့် ဆောင် ရွက်နိုင်မည်ဟုယူဆပါကြောင်း တင်ပြ လိုက်ပါသည်။
ရွှေဒုံးတင်ဦး
၉၀ အနိုင်ရပါတီများ တိုင်းရင်းသား အဖွဲ့ချုပ် ဖွဲ့မည်
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီများက ပါတီမှတ်ပုံတင်ပြီးလျှင် တိုင်းရင်းသားလူမျိုးများ အဖွဲ့ချုပ် တခု တည်ထောင် ဖွဲ့စည်းသွားမည်ဟုပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ၁၉၉၂ ၊ ၉၃ ခုနှစ်ဝန်းကျင်တွင် ဖျက်သိမ်းခံခဲ့ရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(MNDF)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တို့က အဓိက ဦးဆောင်ဖွဲ့စည်းကြမည်ဟု သိရသည်။
ယခု တည်ထောင်မည့် တိုင်းရင်းသားလူမျိုးများ အဖွဲ့ချုပ်ကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) သို့မဟုတ် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ချုပ်(UNA) အနေနှင့် ပြန်လည်တည်ထောင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“ဇိုမီး၊ ရခိုင်၊ မွန်၊ ရှမ်းပါတီတို့ မှတ်ပုံတင်ပြီးတာနဲ့ ဒီပါတီတွေစုပေါင်းပြီးတော့ ပြည်ထောင်စုတိုင်းရင်းသား အဖွဲချုပ် တခု တည်ထောင်မယ်၊ တိုင်းရင်းသား တန်းတူအရေး လုပ်ဆောင်သွားမယ်”ဟု ဦးအေးသာအောင်က ပြောဆိုသည်။ ထိုပါတီအားလုံး မှတ်ပုံတင်ခွင့်ရရှိပြီးလျှင် အစည်းအဝေး တရပ်ခေါ်ယူ ဆွေးနွေး၍ UNA သို့ UNLD ကို တရားဝင် မှတ်ပုံ တင် တည်ထောင်သွားမည်ဟုလည်း ဆိုသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)ကို ၁၉၈၉ ခုနှစ်ဝန်းကျင်တွင် နိုင်ငံရေးပါတီ၂၁ ခုဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၉၀ နောက်ပိုင်းတွင် ဖျက်သိမ်းခံခဲ့ရသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ် အဖွဲ့(UNA)သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၁၂ ဖွဲ့ စုပေါင်း၍ SNLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ ရခိုင်ပါတီ (ALD) သည် ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင် ပါတီမှတ်ပုံ တင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ လျှောက်ထားခဲ့ပြီး ဇိုမီး(ZNC) နှင့် မွန်ပါတီ(MNDF)၊ ရှမ်းပါတီ(SNLD) တို့သည် ယခုရက်ပိုင်းအတွင်း မှတ်ပုံတင် သွားမည်ဟု သိရသည်။
“ပါတီတရားဝင်ဖြစ်မှ နိုင်ငံရေး လွတ်လပ်စွာ လုပ်ခွင့်ရမယ်၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စက ကိုယ်ပိုင်ပြဌာန်းခွင့်တွေ လုပ် ဆောင်လို့ရမယ်”ဟု ဦးအေးသာအောင်က ပြောသည်။
ထိုပါတီများသည် ထောင်ဒဏ် နှစ်ရှည်ချခံထားရသည့် ဗိုလ်ချုပ် ဆေထင်၊ ဦးခွန်ထွန်းဦး စသည့် တိုင်းရင်းသား ခေါင်း ဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ပါတီ ပြန်လည် မှတ်ပုံတင်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ZNC မှ ဦးပူကျင့်ရှင်းထန် က ပြောသည်။
“ချင်းပြည်နယ်တခုလုံးကို အခြေခံပြီးတော့ လုပ်မှာပါ။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လမ်းပန်းဆက် သွယ်ရေး၊ ပညာရေး အဲဒါတွေ ဖွံဖြိုးဖို့လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။
ဦးအေးသာအောင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပင်လုံအခြခံသည့် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာရေး၊ ပြည်တွင်းစစ် ရပ်စဲ၍ ထာဝရငြိမ်းချမ်းရေး စသည်တို့ကို အဓိက လုပ်ဆောင်သွားမည်ဟု ပြောဆို သည်။ ဦးအေးသာအောင်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများစုပေါင်း ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အတွင်းရေးမှူးလည်း ဖြစ် သည်။ CRPP သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲက တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ဖြစ်သည်။
သက်ဆိုင်ရာ နယ်ပယ်ကိုတစ်ကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေကပဲ ဌာနတစ်ခုလုံးကို ဦးစီးကွပ်ကဲခဲ့တာပါ။ န၀တ ခေတ်မှာတော့ ညွှန်ချုပ်တင်မက
သမ္မတကြီးခင်ဗျာ(၂) ၀န်ကြီးဌာနတွေက DG၊ MD တွေကိစ္စ။ ကျွန်တော် သိရသလောက် ဦးနေ၀င်းခေတ်မှာတောင် ညွှန်ချုပ်တွေကို သက်ဆိုင်ရာ နယ်ပယ်ကိုတစ်ကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေကပဲ ဌာနတစ်ခုလုံးကို ဦးစီးကွပ်ကဲခဲ့တာပါ။ န၀တ ခေတ်မှာတော့ ညွှန်ချုပ်တင်မက မြို့နယ် ဦးစီးမှုးအဆင့် အထိ စစ်ဖက် အရာရှိတွေကို ထည့်သွင်းခဲ့ပါတယ်။ ဒါက တိုင်ပြည်ရဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို အကြီးအကျယ် ဖျက်ဆီးပြစ်လိုက်ပါတယ်။ သစ်တောရဲ့ ညွှန်ချုပ်ဟာ သစ်တောဆိုင်ရာကိစ္စတွေကို ကျွမ်းကျင်တဲ့ ပညာရှင်ဖြစ်ဖို့လိုပါတယ်။ စွမ်းအင်ညွှန်ချုပ်ကလည်း စွမ်းအင်ဆိုင်ရာပညာရှင်ဖြစ်ဖို့လိုပါတယ်။ ပညာရှင်ဖြစ်မှုဟာ အထက်အောက် အမှန်တစ်ကယ် လေးစားမှုအတွက် လည်း အထောက်အပံ့ရပါတယ်။ န၀တခေတ်မှာ မဖြစ်သင့်တာတစ်ခုကိုတင်ပြရင် ဒီကောင် ဆရာလုပ်တယ်၊ မဖြစ်နိုင်တာတွေပဲ လျှောက်ပြောနေတယ်ဆိုပြီး ချောင်ထဲ ထိုးပြစ်ပါတယ်။ ဘာပြောပြော ရတာပေါ့ ဆိုတဲ့ အဖြစ်လုပ်မယ့် သူတွေကအတွက်ကတော့ အိုကေတယ်။ ဒီတော့ အစိုးရ ယန္တရား ပျက်၊ အစိုးရ စီးပွားရေး လုပ်ငန်းကြီးတွေ အရှံးပေါ်၊ လုပ်သမျှစီမံကိန်းတွေက အဖြစ်ပဲ ရှိတဲ့ အခြေအနေတွေ ဖြစ်လာခဲ့တာပါ။ သမ္မတကြီးကို နောက်ကျန်တဲ့ သက်တမ်းအတွင်း မကျွမ်းကျင်တဲ့ DG/MD ကိစ္စတွေကို ရှင်းပြစ်စေချင်တယ်။ တစ်ကယ်ကျွမ်းကျင်တဲ့ ကမ္ဘာအရပ်ရပ်က မြန်မာပညာရှင်တွေကို ရှာစေချင်တယ်။ ဒါမှ တိုင်ပြည်ရဲ့ အုပ်ချုပ်ရေးကောင်းလာမှာပါ။ ဒီအချက်က တိုင်းရင်းသာအရေးလိုပါပဲ အချိန်ဆွဲတာနဲ့အမျှ တိုင်ပြည်နာမယ့် ကိစ္စပါ။ ဒါကိုကိုင်တွယ်ရင်တော့ သမ္မတကြီးဟာ ပေါ်ပင်နိုင်ငံရေးတွေ လုပ်တာမဟုတ်ပဲ တိုင်းပြည်အတွက် တစ်ကယ် လိုအပ်တဲ့ လမ်းကြောင်းကို နဲ့ အနာဂတ်ကို ပုံဖေါ်နေတယ် ဆိုတာ ပြည်သူတွေ ယုံကြည်လာပါလိမ့်မယ်။ သမ္မတကြီးမှာ လုပ်စရာအများကြီး ရှိနေပေမယ့် အားလုံးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ ယုံကြည်ပါတယ် သမ္မတကြီးခင်ဗျာ။
ဒီကိစ္စက တော်တော်အရေးကြီးပါတယ်။ တပ်ထွက်ပြီးတော့ DG/MD ဖြစ်လာတဲ့ လူကြီးတွေ အများစုက သက်ဆိုင်ရာဌာနတွေမှာ ခိုင်မာပြတ်သားတဲ့ Decision မချမှတ်နိုင်ကြပါဘူး။ နောက်ပြီးတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်မပြတ်သား မှားယွင်းမှုတွေကြောင့် လက်အောက်က ပညာရှင်ဝန်ထမ်းတွေရဲ့ တွန်းလှန်တာကို မခံရအောင် သူတို့ရာထူးမြဲတာနဲ့ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ တပ်ထဲက ဒါမှမဟုတ် စိတ်ချယုံကြည်ရတဲ့ ပတ်သက်ခဲ့ဖူးတဲ့ လက်အောက်ငယ်သားတွေကို လူယုံခန့်ပြီးတော့ သူတို့အောက်မှာ ရာထူးထည့်ပေးထားတတ်ပါတယ်။ ဒီလိုမျိုးတွေလည်း အမြန်ဆုံး ရပ်တန့်ဖို့ တားဆီးဖို့ လိုအပ်နေပါပြီ။
အထက်က ချမှတ်လိုက်တဲ့ မူဝါဒ ကို အကောင်အထည်ဖော်ရာမှာ နည်းဥပဒေတွေ နဲ့အညီ tactical ပိုင်း ကျွမ်းကျင်တဲ့ အဆင့် လိုပါတယ်။ အဲဒါတွေကို ညွှန်ကြားဦးဆောင်လုပ်ရမဲ့ အဆင့်က ညွှန်ချုပ် ညွှန်မှုး အဆင့်တွေပါ။ ဥပမာ ကားသွင်းခွင့် ပေးလိုက်တာဘဲကြည့်။ အစိုးရ အဆင့် က ကားသွင့်ခွင့် ပေးလိုက်တယ် ဆိုတာကို အောက်က အဆင့်ဆင့် သတ်မှတ်ချက်တွေမှာ အလုပ်မဖြစ်တာ ဒုနဲ့ဒေးပါဘဲ၊ သတ်မှတ်ချက်တွေကို အခုတမျိုး တော်ကြာတမျိုး ပြန်ပြင်ရတာ၊ အမြတ်ထုတ်ဖို့ ကျိုးစားတဲ့ သူတွေကို အမြတ်မထုတ်နိုင်အောင် မလုပ်တတ်တာတွေဟာ ညွန်ချုပ်တွေ ညွှန်မှုး အဆင့်တွေ အလုပ်လုပ်တာ မကျွမ်းကျင်ဘဲ အားနည်းလို့ ဖြစ်ရတာပါ။ စစ်သားဆိုတာ စစ်တိုက်တတ်ဖို့ သင်ပေးထားတာပါ။ အဋ္ဌာရသ ၁၈ ရပ် အကုန်တတ်တဲ့သူ မဟုတ်ပါဘူး။ စစ်တပ်မှာ သုံးစားမရ ရင် ပြတ်ပြတ်သားသား အလုပ်ထုတ်လိုက်ပါ၊ ပင်စင်ပေးလိုက်ပါ။ ရှေ့တန်းမှာ ထိခိုက်တာ ဆိုရင်လည်း နောက်တန်း ရုံးမှာ ထားတဲ့ position မျိုး (သို့) ခံစားခွင့် benefit ပေးထားတာမျိုးနဲ့ ပြောင်းလဲ သင့်ပါတယ်။ အရပ်ဘက်ကို မပို့သင့်ပါ။ အရပ်ဘက်က ပရော်ဖက်ရှင်နယ် တွေရဲ့ တက်လမ်းကို ပိတ်ဆို့တဲ့ အပြင် စွမ်းဆောင်ရည်တွေ နိမ့်ကျကုန်ပါတယ်။ ဋ္ဌာနတွေ ပျက်စီးကုန်ပါတယ်။
EMG မှကူးယူဖေါ်ပြပါသည်။
အောင်ဆန်းစုကြည် မိတ္ထီလာ လွတ်လပ်ရေးကွင်းမှာ ဟောပြောခွင့်မရ
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၅ ရက်မှာ ဟောပြောမယ့် မိတ္ထီလာမြို့က လူထုဟောပြောပွဲအတွက် လွတ်လပ်ရေးကွင်းကို သုံးခွင့်မပြုကြောင်း ဒီကနေ့ ခရိုင်ကော်မရှင်ရုံးက အကြောင်းပြန်ကြားတယ်လို့ မိတ္ထီလာမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
မိထ္တီလာမြို့မှာ အောင်မင်္ဂလာကွင်းမှာ ဟောပြောခွင့်ရဖို့ ထပ်မံ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။ ဒီအတောအတွင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် လေးခုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
မဟာအောင်မြေမြို့နယ်ထဲက မဟာမြိုင်၊ ဗောဓိကုန်း၊ စိန်ပန်း၊ ဒေးဝန်း ရပ်ကွက်တွေမှာ ဖွင့်လှစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲတွေကို အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်တို့ တက်ရောက်ဖွင့်လှစ်ပြီး အမှာစကား ပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က တံတားဦးလေဆိပ်ကို မနက်ဖြန် ရောက်ရှိလာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စီစဉ်ထားတဲ့ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါ အလှပြယာဉ်နဲ့ မန္တလေး ဆယ်မြို့နယ်အတွင်း လှည့်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လူထုကို ရှင်းပြကြကြောင်း သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည်
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ အစိုးရနဲ့ အပစ်ခတ်ရပ်ရေး ကိစ္စမှာ တဖွဲ့ချင်းဆီ ဆွေးနွေးပေမယ့်လည်း နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကျရင် အားလုံး တညီတညွတ်တည်း ဆွေးနွေးသွားကြမယ်လို့ ထုတ်ဖော...်ပြောကြားလိုက်ပါတယ်။
ထိုင်းနယ်စပ်တနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၇ ရက် နေ့အထိ ၄ ရက်တိုင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ချက် ချခဲ့တာလို့ ယူအန်အက်ဖ်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး – ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“တဖွဲ့ချင်းဆီ အပစ်အခတ်ရပ်စဲရေး အဆင့်တွေမှာ လက်မှတ်ထိုးပေမယ့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်မှာတော့ ယူအန်အက်ဖ်စီအနေနဲ့ သိုက်သိုက်ဝန်းဝန်း စုစုစည်းစည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ၀င်ရောက်ဆွေးနွေးဖို့ အဲ့ဒါတွေ သဘောတူကြတာပါ။
ယူအန်အက်ဖ်စီ မဟုတ်တဲ့အဖွဲ့တွေ ၀၊ မိုင်းလား၊ အက်စ်အက်စ်အေ (တောင်ပိုင်း)၊ အေအယ်လ်ပီ၊ အပြင်ရောက်နေတဲ့ အဖွဲ့တွေကိုပါ တခါတည်း တိုင်းရင်းသားအင်အားစုများ အဖွဲ့ဆိုပြီး အကုန်လုံး ပေါင်းထည့်ပြီးတော့ နိုင်ငံရေး ဆွေးနွေးဖို့ပါ။”
အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် ယူအန်အက်ဖ်စီဘက်က အစိုးရကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး အစိုးရဘက်ကလည်း တဆင့်ချင်း လက်ခံသွားဖို့ ရှိတဲ့အကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေးပြီး လက်မှတ်ထိုးတဲ့အခါ ဒီအချက်ကိုပါ ထည့်သွင်းထားတဲ့အတွက် နိုင်ငံရေးဆွေးနွေးတဲ့အခါ အားလုံးဆွေးနွေးဖို့ လမ်းပွင့်သွားတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၁ဖွဲ့ ပါဝင်ပြီး ချင်းအမျိုးသား တပ်ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ။ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီတို့ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။
လောလောဆယ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီတို့နဲ့ နောက်ထပ် ဆွေးနွေးဖို့ စီစဉ်နေဆဲဖြစ်ပြီး ကျန်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပလောင်အမျိုးသားတပ်ဦး၊ ၀ အမျိုးသားအဖွဲ့ချုပ်တို့ကတော့ အစိုးရနဲ့ မဆွေးနွေးရသေးပါဘူး။
ထိုးစစ်ဆင်သည့် တပ်များ ဆုတ်လိုက်ပါက အလိုလို အပစ်ရပ်သွားမည် ဟု ကေအိုင်အိုပြော
အစိုးရ၏ ကေအိုင်အိုနှင့် အပစ်ရပ်ရန် ကြိုးပမ်းမူများသည် အထွေအထူးခက်ခက်ခဲခဲ ကြိုးပမ်းရန်မလိုပဲ အစိုးရတပ်၏ အလုံးအရင်းနှင့် နေရာယူထားမူများ ကိုဖယ်ရှားလိုက်ပါက သူ့အလိုလို အပစ်ရပ်သွားမည် ဖြစ်ကြောင်း ကေအိုင်အိုအထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ကေအိုင်အေ ဌာနချုပ် လိုင်ဇာ၊ကေအိုင်အေ တပ်မဟာ ၃ မိုင်ဂျာယန်နှင့် ရှမ်းမြောက်ရှိ ကေအိုင်အေ တပ်မဟာ ၄ လှုပ်ရှားသည့် နေရာ၊ ဖားကန့်မြို့နယ် ကေအိုင်အေ တပ်ရင်း ၆ တို့ အနီးတ၀ိုက်တွင် အစိုးရမှ အင်အားတိုးချခဲ့ပြီး တပ်မ ၈၈၊၉၉၊၆၆ နှင့် စကခ ၁၆ လက်အောက်ခံ တပ်ရင်းများ၊ စကခ ၁၀ လက်အောက်ခံ တပ်ရင်းများအပြင် နယ်မြေခံ တပ်များသည်လည်း တိုးချဲ့နေရာယူလာကြောင်းသိရသည်။ ၁၉၉၄ ခုနှစ် မှ ၂၀၁၀ အပစ်အခတ်ရပ် ကာလအတွင်း မိုးကောင်းအခြေစိုက် စကခ ၃၊ဗန်းမော်အခြေစိုက် စကခ ၂၁၊ ဒကစ တနိုင်း တို့လက်အောက်ခံ တပ်ရင်း ၃၆ ရင်း တိုးချဲ့ခဲ့သည်။
၁၉၉၄ မှာ အပစ်ရပ်စာချုပ်ထိုးခဲ့ပြီးပါပြီ၊ အဲကတည်းက ကျွန်တော်တို့က နိုင်ငံရေးအရ ဆွေးနွေးဖို့ပြောခဲ့တာ။ အဲတုန်းက တပ်မတော် အစိုးရဖြစ်လို့ နောင်လာမဲ့သူတွေနဲ့ ဆွေးနွေးပါလို့ပြောခဲ့တယ်။ ခုပစ်ကြခတ်ကြတယ် ဆိုတာကလဲ ကျွန်တော်တို့ ပစ်တာမဟုတ်ဘူး။ သူတို့အရင် စပစ်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ သူတို့ဘက် က ကျွန်တော်တို့ဘက်ကိုကျွံဝင်နေတဲ့ တပ်တွေရဲ့ စာရင်းလဲပေးပြီးပါပြီ သူတို့ဘက်ကသာ အဲတပ်တွေ ရုပ်သိမ်းသွားမယ်ဆိုရင် ဘာသေနတ်သံမှ ထွက်နေစရာ မလိုတော့ဘူး ဟုပြောခဲ့သည်။
အစိုးရတပ် ၁၂၀ ကျော် ကေအိုင်အေ ထိန်းချုပ်ထားသည့် နေရာတွင် နေရာယူထားပြီး တိုက်ပွဲများမှာ ပြည်တွင်း စစ်နှင့်မတူပဲ နိုင်ငံအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲများကဲ့သို့ ပြင်းထန်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဦးဂွမ်မော်က ၂၀၁၁ ဒီဇင်ဘာလ အတွင်းက ဧရာဝတီနှင့် ပြုလုပ်သည့် အင်တဗျူးတွင် ပြောခဲ့သည်။
၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေးစာချုပ်ထိုးပြီးဖြစ်သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တိုက်ရိုက်ဆွေးနွေးနိုင်ကြောင်း ကေအိုင်အိုမှ အစိုးရကို တောင်းဆိုထားသည်။ တောင်းဆိုထားသည့် နိုင်ငံရေးဆွေးနွေးပွဲများလည်း ဖြစ်လာနိုင်မည့် အရိပ်အယောင်များ ရှိနေကြောင်း ၄င်းက ဆက်လက်ပြောသည်။ကေအိုင်အေသည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နအဖ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဂျွန်လ ၉ ရက်နေ့တွင် ကေအိုင်အေ တပ်သား ၄ ဦးသာရှိသည့် ရှေ့တန်းစခန်း တခုကို အစိုးရ တပ်မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဂျွန်လ ၁၂ ရက်နေ့တွင် ကေအိုင်အေမှ ပြန်လည် ခုခံသောကြောင့် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။မတ်လအတွင်း ကေအိုင်အိုနှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်သွားနိုင်ချေရှိသည် ဟု သတင်းများထွက်ပေါ်နေသည်။
မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်သာ ရှိကြောင်း KIO ပြော
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က “အစိုးရနှင့် နောက်ထပ်အပစ်ခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုးရန် မလိုဘဲ KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များကိုရုပ်သိမ်းပေး ရန် နှင့် နိုင်ငံတကာကသက်သေပြုပေးသည့် နိုင်ငံရေးဆွေးနွေးရန်သာလိုပါကြောင်း” UNFC တပ်ပေါင်းစု သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ က ပြောကြားခဲ့သည်။ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တစ်နေရာတွင် ဖေဖေါ်ဝါရီလ၂၈ ရက်နေ့၌ ကျင်းပခဲ့သည်။
“ကျွန်တော်တို့(KIO)က ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ၂၄ မှာ အပစ်ခတ်ရပ်ဆိုင်းရေးလက်မှတ်ထိုးပြီးပြီ။ ဒီအတိုင်းပဲကျွန်တော်တို့သွားနေတာပါ။ ဘာမှမလုပ်ဘူး။ ဒါပေမဲ့အစိုးရတပ်ဖွဲ့က ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာ ကျနော်တို့ရဲ့စစ်သား ၄ ယောက်ပဲရှိတဲ့ရှေ့အကျဆုံး တပ်ကို သူတို့(အစိုးရ)စပြီးဝိုင်းပစ်ကြတယ်။ အဲဒီအချိန်မှာ ကျတော်တို့မတုန့်ပြန်သေးဘူး။ ဒါပေမဲ့ ဇွန်လ ၁၂ ရက်နေ့မှာ သူတို့ပြန်ပစ်ကြတယ်။ အဲဒီရက်ကျမှ မတတ်သာလို့ ကိုယ့်ကိုယ် ကာကွယ်တဲ့အနေနဲ့ စတိုက်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှစပြီး ခုချိန်ထိ မရပ်ဆိုင်းနိုင်တဲ့၊ မဆုံးနိုင်တဲ့ ပစ်ခတ်ခြင်းဖြစ်လာရခြင်းဖြစ်တယ်။” ဟု ဒေါက်တာလဂျာကပြောသည်။
၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့်နောက်ပိုင်း ၂၀၁၁ ဇွန်လမှစပြီး အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA (KIO အောက် လက်နက်ကိုင်ဌာန) ကြား စစ်ပွဲများဖြစ်လာရခြင်းဖြစ်သည်။
“ခုတစ်ကြိမ် အပစ်ခတ်ရပ်ဆိုင်းရေးပြန်လုပ်ရအောင်ပြောတယ်။ ကျွန်တော်တို့လက်မှတ်ထိုးပြီးတာ ၁၈ နှစ်တောင် ရှိလာပြီ နောက်ထပ်ထိုးစရာမလိုတော့ဘူး။ အခုလိုတာက နိုင်ငံရေးဆွေးနွေးဖို့ပဲဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင်လည်း ကျတော်တို့(KIO) ဧရိယာမှာထိုးစစ်ဆင်ထားတဲ့ အစိုးရစစ်တပ် အားလုံးရုပ်သိမ်းပေးပါလို့ပြောတယ်။ သူတို့(အစိုးရ)ကစာရင်းတောင်းတယ် ကျတော်တို့လည်း စာရင်းပေးလိုက်ပြီ။ ဒီစစ်တပ်တွေသာ ရုပ်သိမ်းလို့ရှိရင် လက်မှတ်ထိုးစရာမလိုဘူး။” ဟု သူက ဆက်ဆိုသည်။
KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များအားလုံး ရုပ်သိမ်းပေးမည်ဆိုလျှင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးရန်ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါက်တာလဂျာကပြောသည်။
အစိုးရ ၊ အစိုးရကိစ္စ နှင့် လူထု ၊ လူထုကိစ္စ
“အစိုးရ” ဟုကြားရသည်နှင့် ကြီးကျယ်သလို ၊ မိမိနှင့်မဆိုင်သလိုနှင့် “မယုံတစ်ဝက် ၊ ယုံတစ်ဝက်” ဖြင့်နှစ်ပေါင်းငါး ဆယ်ခန့် နေလာခဲ့ရသောစိတ်သည် အရိုးစွဲနေကြာပြီဖြစ်သည်။ ခပ်ကင်းကင်းနေကြသည်ကများသည်။ အချို့က လည်းမုန်းတီးသည် အထိဖြစ်လာခဲ့ရသည်။
“နိုင်ငံတော်” ကိုလည်း “အစိုးရ” ဟုမြင်ကာ၊ “အစိုးရ” ကိုလည်း “နိုင်ငံတော်” အဖြစ်သတ်မှတ်ပြီး “နိုင်ငံတော်အစိုး ရ” ဟုခေါ်ဆိုသတ်မှတ်လာကြရာမှ ၊ မိမိတို့မွေးဖွားရာ ချစ်မြတ်နိုးလှသော “နိုင်ငံတော်” ကိုပါ “အစိုးရ” လက်ထဲ ထိုးအပ်လိုက်ကြပြီး ၊ “မိမိတို့ နိုင်ငံတော်” ဟူသော ပိုင်ရှင်စိတ်ဓါတ် ကင်းမဲ့လာကြရသည်။
နိုင်ငံတစ်နိုင်ငံတွင် လူအများစုဖြစ်သော လူထုက ၊ ဤနိုင်ငံကား ငါတို့နိုင်ငံတော် ငါတို့ပိုင်သည်ဟူသော ပိုင်ရှင် စိတ်ဓါတ် (Sense Of Ownership) မရှိကြတော့လျှင် ၊ ထိုနိုင်ငံသည် မည်သို့မျှရှေ့သို့ တွန်း၍ မရွှေ့နိုင်တော့ပေ။ အစိုးရကိစ္စ ၊ ငါတို့နှင့်မဆိုင်ဆိုလျှင် သူတို့နှင့်သာ ဆိုင်တော့မည်။ ငါမပိုင်ဟုဆိုလျှင် သူပိုင်သွားသည်ကို ဂရုမပြု ကြ ၊ မဆိုင်သလိုနေလာကြသည်။ အစိုးရကိုငွေကြေးထောက်ပံ့ရန်အတွက် ၊ လူထုတွင်စိတ်ဓါတ်မရှိကြလေတော့ အခွန်ငွေကို ရှောင်ရှားကြသည်။ တစ်ဦးခြင်းစီမှ အစအမြတ်ငွေကျပ်သန်းပေါင်း ထောင်ချီရနေသော ကုမ္မဏီကြီး များအထိ အခွန်ငွေကို မှန်မှန်မပေးဆောင်ကြ နည်းမျိုးစုံ သုံးရှောင်ရှားလာကြသည်။ အစိုးရကလည်း လိုအပ်သော ငွေကြေးကို လူထုထံမှကောက်ခံယူခြင်းထက် ၊ သယံဇာတ ရောင်းရငွေများကို အစိုးရကိစ္စများအတွက်သုံးစွဲစီမံ လာကြသည်။ သူ့စာရင်းငါမသိ ၊ ငါ့စာရင်းသူမသိဖြင့် (ပါပီကလေး ပုတုတု) ဖြစ်ခဲ့ကြရသည်။
ယနေ့တွင်းကား ဤကဲ့သို့ မဟုတ်တော့ပဲ ၊ လူထုစကားဖြင့်ပြောရလျှင် ဆယ်စုနှစ်ငါးခုအတွင်းအကြီးကျယ်ဆုံး အပြောင်းအလဲ အဖြစ်အစိုးရသုံးမျိုး မြင်လာရသည်။ အုပ်ချုပ်သောအစိုးရ ၊ ဥပဒေပြုသောအစိုးရ ၊ တရားစီရင် သောအစိုးရ ၊ အစိုးရကိစ္စသည်လည်း ကိစ္စရပ်ကြီးသုံးမျိုးဖြစ်လာရသည်။ အုပ်ချုပ်သောကိစ္စ ၊ ဥပဒေပြုသောကိစ္စ ၊ တရားစီရင်သောကိစ္စ ဤသို့သောတိုင်းပြည်၏ ကိစ္စကြီးသုံးရပ်ကို အကောင်းအထည်ဖော်ဆောင်ရွက်ရာတွင် မြင်သာထင်သာရှိခြင်း ၊ လူထုထံမှ အကြံဥာဏ်ရဟူနိုင်ခြင်း ၊ လူထုကစိတ်ဝင်တစား ဆွေးနွေးငြင်းခုန်ကြပြီး အားလုံးပူးပေါင်းပါဝင်ခြင်း ၊ ပွင့်လင်းစွာပြောဆိုလာနိုင်ပြီး ထိုကိစ္စကြီးသုံးရပ်အပြန်အလှန်ထိမ်းကျောင်းအသက် ၀င်လာရေးသည်အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်လာသည်။
လူထုက မိမိတို့သည်မည်သို့သော ဥပဒေများကိုလိုက်နာရန်လိုအပ်ပြီး ၊ မည်သို့သောဥပဒေဟောင်းများက အကျိုးမရှိ ဖျက်သိမ်းနိုင်ရန်လိုအပ်သည်ကို အဆင့်ဆင့်တင်ပြခြင်းဖြင့် ၊ ဥပဒေပြုသောအစိုးရက ဥပဒေကိုအတည် ပြုပေးခြင်း ၊ ထိုအတည်ပြုထားသောဥပဒေဖြင့် အုပ်ချုပ်သောအစိုးရက အုပ်ချုပ်ခြင်း ၊ ဥအဒေကိုချိုးဖောက်သူမည် သူ့ကိုမဆို တရားစီရင်သောအစိုးရက ကျောသားရင်သားမခွဲခြားပဲ ဥပဒေအတိုင်းလွတ်လပ်စွာ တရားစီရင်နိုင်ခြင်း ထိုသို့သော စံနစ်တခု အသက်ဝင်လာနိုင်စေရေး အတွက်လူထုပူးပေါင်းပါဝင်ရေးက အလွန်အရေးကြီးလှပေ သည်။
အချက်အချာကျသော ကိစ္စရပ်တစ်ခုအဖြစ် လူထုနှင့်အစိုးရ ဆက်သွယ်ဆက်ဆံပြီးနေ့စဉ်ထိတွေ့ နေကြရသော လမ်းကြောင်းတစ်ခုကိုမြင်တွေ့ရသည်။ လူထုနှင့်အစိုးရ အများဆုံးနေ့စဉ်ထိတွေ့နေကြရသော ၊ ထင်သာမြင်သာ သောနေရာ ၊ ဌာနတစ်ချို့သည် လွန်စွာအရေးပါလာပြီဖြစ်သည်။ နှစ်ပေါင်းငါးဆယ်ခန့် မဆိုင်ခဲ့ရသော “အစိုးရကိစ္စ” သည် “လူထုကိစ္စ” အဖြစ်လူထုက အပြောင်းအလဲလက်ခံ ဆောင်ရွက်လာရမည်ဖြစ်သည်။
ဤသို့တိုင်းပြည်၏ ပြောင်းလဲလာသော အခြေအနေအရပ်ရပ် နှင့် အတူအသစ်ပေါ်လာကြသော အစိုးရပုံစံ အသီးသီးကလည်း ယ္ခင်ကကဲ့သို့ အပေါ်အောက်အမိန့်ပေးပုံစံမှ အောက်မှအပေါ်သို့ အကြံပြုပူးပေါင်းစေလို သောအခြေအနေအဖြစ်ကြိုးစားနေကြသည်။
အစိုးရတစ်မျိုးဖြစ်သောအုပ်ချုပ်ရေးအစိုးရကလည်း ပြောဆိုလာသည်။ ဂတိပြုလာသည်မှာ ကောင်းမွန်အုပ်ချုပ် ရေး နှင့် သန့်ရှင်းသောအစိုးရဖြစ်လာစေရေး။ ဥပဒေပြုနေကြသော အစိုးရအဖွဲ့များကလည်း ဥပဒေပြုရေးတွင် ပြည်သူလူထုဆန္ဒပါဝင်လာနိုင်စေရေးအတွက် “ပြည်သူ့ဆန္ဒ ၊ လွတ်တော်ဆန္ဒ ၊ ပြည်သူ့အသံ လွတ်တော်အသံ” စသည်ဖြင့်နှစ်ပေါင်း(၅၀) အသံဝင်နေခဲ့သောလူထုကို အသံထွက်လာအောင် အားပေးလာသံကြားနေရသည်။
တရားစီရင်သော အစိုးရကလည်း ၊ တရားစီရင်ရေးတွင်လူထုအားလုံးအတွက် ထင်သာမြင်သာရှိစေရန်နှင့် မည်သူ့မျက်နှာမှ မထောက်ပဲ လွတ်လပ်စွာ တရားစီရင်နိုင်ရန်ကြိုးစားလာလိမ့်မည်ဟုယုံကြည်မိပါသည်။
ဤသို့အချင်းချင်းအပြန်အလှန်ထိမ်းကျောင်းရင်းဖြင့် ၊ အားလုံးပူးပေါင်းပါဝင် လာကြသော စံနစ်ကြီးတစ်ခု အသက်ဝင်လာစေရေး သည်တိုင်းပြည်အတွက် လွန်စွာမှ အရေးကြီးလှပေသည်။
ထိုစံနစ်ကြီးတစ်ခုလုံး အသက်ဝင်လာစေရေး အတွက်အရေးကြီးဆုံးမှာ လူထုပူးပေါင်းပါဝင်လာ ရေးဖြစ်ပြီး တိုင်း ပြည်၏ “အပြောင်းအလဲအတွက်လူထုလိုသည်” မှာထင်ရှားလှပါသည်။
လူထုနှင့်တိုက်ရိုက်ထိတွေ့ရသော ၊ အစိုးရဌာန ဆိုင်ရာဝန်ထမ်းများ၏ လူထုနှင့် ဆက်ဆံရေးအခြေအနေသည် အစကနေဦး အရေးပါလှသော ဒီမိုကရေစီ၏ မွေးကင်းစ အချိန်ဖြစ်ပါသည်။ လူထုပါဝင်လာရေးအတွက် အဟန့် အတားမဖြစ်စေပဲ လူထုအား အားပေးကူညီရမည့်အချက်အချာကျသော ကဏ္ဌဖြစ်ပါသည်။ လူထု၏အရိုးခံသ ဘောထားသည် စံနစ်တစ်ခုပြောင်းလဲနေသည် ဆိုသည်ကို လူထုပေါ်ဆက်ဆံရေး ကောင်းမွန်လာမှုနှင့်လုပ်ရကိုင် ရပိုမိုလွယ်ကူလာမှုတို့ဖြင့်တိုင်းတာကြသည်။ ဤနေရာတွင်လူထုက ဌါနဆိုင်ရာဝန်ထမ်းများကို အစိုးရဟုမှတ် ယူကြသည့် သဘောရှိသော်လည်း ဌါနဆိုင်ရာဝန်ထမ်းများက မူသူတို့သည် ၀န်ထမ်းသာဖြစ်ပြီး အစိုးရဆိုသည်မှာ အပေါ်ဆုံးမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုသာရည်ညွန်းလိုကြသည်။ သဘောတရားမှာ မိမိရယူထားသည့်တာဝန်ခံ မှုအပေါ်တွင်ရိုးသားစွာရပ်တည်ခြင်းထက် အာဏာပြလိုမှုဖြင့်သာ စီးပွားရှာတတ်ကြပြီး အဆိုးရလဒ်ကိုမူ အပေါ်သို့ လက်ညှိုးထိုးလိုကြမှုသာဖြစ်သည်။ ဤတွင်ပြည်သူလူထုအဖို့ အစိုးရဆိုသည်မှာမည်သူနည်း? ဟုလိုက်လံရှာဖွေ နေရမည့် အခြေအနေမျိုးဖြစ်သွားပေလိမ့်မည်။ ထိုသို့သောအခြေအနေ မျိုးကိုအောက်ခြေမှပါ မပြောင်းလဲလျှင် လူထုအတွက်အစိုးရပြောင်းလဲသွားပြီဆိုသည်ကို ယုံရခက်ကာ စံနစ်ပါမပြောင်းလဲသေးဟုထင်သွားပေလိမ့်မည်။ ယခင်ပုံစံအတိုင်းပင် ပူးပေါင်းပါဝင်လိုစိတ်မရှိတော့ဘဲ “မယုံတစ်ဝက်၊မဆိုင်တစ်ဝက်” ဖြင့်ဆက်သွားရပေတော့ မည်။
ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသော နေရာဌာနများမှာ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံး ၊ စည်ပင်သာ ယာအဖွဲ့ ၊ ရဲစခန်း ၊ တရားရုံး ၊ လူဝင်မှုကြီးကြပ်ရေးဌာန ၊ ဆက်သွယ်ရေးဌာန ၊ ပို့ဆောင်ရေးဌာန ၊ စာသင်ကျောင်း ၊ ဆေးရုံ ဆေးပေးခန်း……………စသည်…စသည်ဖြင့် ဖြစ်ကြပေသည်။ ဥပမာ ပြောဆိုရလျှင် စည်ပင်သာယာအဖွဲ့သည် လူထုနှင့်နေ့စဉ်ထိတွေ့ဆက်ဆံရသောဌာနတစ်ခုဖြစ်ပြီး ထိုဌာန၀န်ထမ်းများကို လူထုကလည်း အောက်ခြေအကျဆုံး အစိုးရအဖွဲ့ငယ်များအဖြစ်မှတ်ယူတတ်ကြပါသည်။ ရှေ့ယခင်ကမည်သို့ မည်ပုံပြုလုပ်နေထိုင်ကျင့်သုံးလာခဲ့ကြသော်လည်း ယနေ့တွင်မူလူထုအနေဖြင့် ရှင်းလင်းစွာသိရှိရန်လိုလာသည် မှာ………. စည်ပင်သာယာအဖွဲ့သည်မည်သည့် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားခြင်း ၊ မည်သည့်ဝင် ငွေများဖြင့်ရပ်တည်နေရခြင်း ၊ သုံးစွဲနေရခြင်းအကြောင်းများ စည်ပင်သာယာဥပဒေနှင့်ပတ်သက်၍လည်း အားလုံး ရှင်းလင်းစွာသိရှိစေခြင်း လူထုအားရှင်းလင်းပြသခြင်း ၊ မည်သည့်အတွက်ကြောင့်ဥပဒေပြဋန်း ရပုံနှင့်အားလုံး လိုက်နာဆောင်ရွက်နိုင်ရန် ၊ မလိုက်နာနိုင်ပါက အရေးယူမည့်ပြစ် ဒဏ်စသည်တို့ကိုရှင်းလင်းသိရှိစေရန် ဆောင် ရွက်ရန်လိုလာပြီဖြစ်သည်။
လူထုအနေဖြင့်လည်း မိမိတို့ရှင်းလင်းနားလည်သဘောတူထားသောဥပဒေအားလုံး လိုက်နာရန်လိုအပ်သလို ပေးဆောင်ရမည့်အခွန်ငွေကြေးများလည်းပေးဆောင်ရန်လိုအပ်ပါသည်။ ခေတ်မမှီတော့သည့် ဥပဒေအချို့ကို လည်း ဆက်လက်မကျင့်သုံးရန် လူထုကပြောဆိုလာခြင်း ၊ အားလုံးကသဘောတူလက်ခံနိုင်မည့် ဥပဒေအသစ် များပြုခြင်း ၊ တင်ပြခြင်း ၊ ဥပဒေလမ်းကြောင်းအတိုင်းလုပ်ဆောင်သူများအား လုပ်ငန်းအဆင်ပြေစေရန် ကြန့်ကြာ မှုမရှိစေရန် စီမံခြင်း ပွင့်လင်းမြင်သာမှုရှိခြင်း တို့လိုအပ်လာပါသည်။ ထိုသို့မဟုတ်ပဲ ရှေးယခင်ကအတိုင်း၊ဥပဒေ လမ်းကြောင်းအတိုင်းလုပ်ဆောင်ရန် မလွယ်ကူခြင်း ၊ ကြန့်ကြာစေခြင်းသည် လူထုအားဥပဒေပြင်ပမှ တရားမ၀င် လုပ်ဆောင်စေရန် အားပေးသကဲ့သို့ ဖြစ်စေပြီး ၊ ဤသို့ဖြစ်လာသောအခါမှ ၀န်ထမ်းများက ဥပဒေကို သုံးကာခြိမ်း ခြောက်ပြောဆိုပြီး ၊ ငွေတောင်းခံခြင်းမျိုးသည် လူထုအားပူးပေါင်းစေမှုနည်းပါးလာသလို ဥပဒေအား၊အားနည်းစေ ကာ ၊ ဥပဒေသည် ၀န်ထမ်းများအတွက် စီးပွားရေးအသွင်ဖြစ်စေလာပြီး ဥပဒေပိုမိုတင်းကျပ်လာလေ လူထုအ တွက်ငွေကုန်ကြေးကျများလာကာ ၊ ၀န်ထမ်းသိက္ခာမရှိ လူထုလည်းငွေကုန် စိတ်ဒုက္ခရောက် အစိုးရအပေါ်လည်း အယုံအကြည်ကင်းလာ၊ စံနစ်လည်းအသက်မ၀င်၊ ဥပဒေလည်း မလေးစားဖြစ်လာကြမည်ကို အဆိုးတကျော့သံသ ရာမလည်စေချင်ပါ။
“အစိုးရကိစ္စ” သည် “လူထုကိစ္စ” ၊ “လူထုကိစ္စသည် အစိုးရကိစ္စ” ဖြစ်မလာတော့ပဲ လူထု၏စိတ်ဝင်တစားပူးပေါင်း ပါဝင်မှုမဖြစ်လာခဲ့လျှင် လူထုကတင်ပြရန်လိုသောမူဝါဒဆိုင်ရာကိစ္စများအတွက် အရေးကြီးလှသည့် ဒီမိုကရေစီ မွေးကင်းစ အချိန်ကလေးအတွင်း လွန်စွာမှစိုးရိမ်မိပါသည်။
မြသောင်း
ဘာကြောင့် ၀န်ထမ်းလစာ မတိုးသလဲBy: ဒေါက်တာမန်း
အကြံပက်စက်တဲ့အစိုးရ
ဝန်ထမ်းလစာတွေ မတိုးသင့်တဲ့အကြောင်း ပြည်သူတွေနားမလည်တဲ့ စီးပွားရေးကိစ္စတွေ အကြောင်းပြပြီး ဘဏ္ဍာရေးဝန်ကြီးလှထွန်း ပြောတာတွေဟာ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်က အကြံပေးခဲ့တာလို့ သိရတယ်။ ၀န်ထမ်းလစာတွေ မတိုးသင့်တဲ့ အကြောင်းပြချက်တွေထဲမှာ ပင်စင်စားတွေနဲ့ ၀န်ထမ်းတွေကို ရန်တိုက်ပေးထားတယ်။ မဆိုင်တဲ့ ရွှေဈေး စပါးဈေးတွေ အကြောင်းပြထားတယ်။ ဘယ်သောဘယ်ကာလမှ ရမှန်းမသိတဲ့ ODA ပြည်ပအကူအညီတွေရမှ လစာတိုးရေး စဉ်းစားမလိုလို လုပ်ထားတယ်။
တော်တော်ပက်စက်တဲ့ အကြံအစည်ဖြစ်တယ်။ သိန်းစိန်အစိုးရရဲ့ ဇာတိသရုပ်ဖြစ်တဲ့ ဘီလူးခေါင်းစွပ်ထားတာ ပေါ်လာပြီ။
ဝန်ထမ်းလစာတိုးရေးကို ခုလို ပြည်သူနားမလည်တဲ့ စီးပွားရေးအကြောင်းပြချက်တွေနဲ့ ငြင်းဆိုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံထဲသာ ရှိတယ်။ အစိုးရတရပ်က ၀န်ထမ်းလစာတိုးတာကို ဒေါက်တာဦးမြင့်အကြံပေးသလောက် ရှည်လျားပြီး မဆိုင်တာတွေနဲ့ အကြောင်းပြတာ အာရှဒေသတွင်းမှာလဲ မရှိပါ။
ထိုင်းအစိုးဝန်ထမ်းလစာတွေ ဘယ်လိုတိုးသလဲ
မြန်မာအစိုးရက ၂၀၁၂ အတွက် ၀န်ထမ်းလစာမတိုးသင့်ပဲ ၂၀၁၃-၂၀၁၄ ကျမှ တိုးသင့်တဲ့အကြောင်း ၀န်ကြီးလှထွန်းကပြောပေမဲ့ ဘယ်လိုတိုးပေးမယ်ဆိုတာ အာမခံချက်မရှိပါ။ ထိုင်းအစိုးရနဲ့ နှိုင်းယှဉ်ကြည့်ရင် တက်လာတဲ့ ၀န်ကြီးချူပ် ယင်းလပ်အစိုးရက ၀န်ထမ်းလစာတွေ တိုးပေးမယ်လို့ ရွေးကောက်ပွဲမှာ ကတိပေးတာကို ခု အကောင်အထည်ဖော်နေပြီ။
ထိုင်းအစိုးရဟာ ၀န်ထမ်းလစာကို ၂ နှစ်ဆက်တိုက် ခွဲတိုးသွားတာ တွေ့ရမှာဖြစ်တယ်။ ဘာကြောင့် အဲသလိုတိုးရသလဲဆိုတာကို ၀န်ကြီးလှထွန်းရှင်းသလို ထိုင်းပြည်သူတွေ နားမလည်တဲ့ စီးပွားရေး အကြောင်းပြချက်တခုမှ မပါပါ။ ရွေးကောက်ပွဲနိုင်ရင် လစာတိုးမယ်လို့ ၀န်ကြီးချုပ် ယင်းလတ်က ကတိပေးထားတယ်။ ဒါကြောင့် ခု ကတိအတိုင်း တိုးပေးတယ်။ ဒါပဲ။
မြန်မာငွေနဲ့ နှိုင်းယှဉ်ပြရရင် သာမန်ဘွဲ့ရ ထိုင်းအစိုးရ၀န်ထမ်းတဦးလစာကို မြန်မာငွေ ၂ သိန်း ၃ သောင်း ၇ ထောင်ကျော်နဲ့ညီမျှတဲ့ထိုင်းဘတ်ငွေကနေ မြန်မာငွေ ၃ သိန်း ၃ ထောင်ကျော်နဲညီမျှတဲ့ ထိုင်းဘတ်ငွေ တိုးပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာဝန်ထမ်းတဦးရဲ့ အခြေခံလစာနဲ့ ဘယ်လောက်ကွာနေသလဲဆိုတာ ကိုယ့်ဘာသာ တွက်ကြည့်နိုင်အောင်ပါ။
သိန်းစိန်အစိုးရလဲ ၀န်ကြီးလှထွန်းပြောသလို ၂၀၁၃ မှာ တိုးမယ်ဆိုရင် ဘယ်လိုတိုးမလဲ ဘယ်လောက်ရာနှုန်းတိုးမလဲဆိုတာ ထိုင်းအစိုးရလို တွက်ပြထုတ်ပြန်ပြီးသား အာမခံချက် ရှိရမယ်။ ခုတော့ ၂၀၁၃ မှာ ၀န်ထမ်းလစာတွေ ဘယ်လိုတိုးမလဲ ဘာမှ တွက်ပြထားတာ မရှိတဲ့အတွက် ဆောက်ဖြစ်မှ ကျောင်းဒကာလို့ ယူဆရမဲ့ကိန်းပါ။ လူလိမ်တွေကို ဆက်ယုံချင်သူတွေ ယုံကြပါ။
အမှန်တကယ်က တိုင်းပြည်မှာ ရတဲ့လစာ လုပ်ခနဲ့ ကုန်ဈေးနှုန်းမျှတနေရင် ဘာမှ ခဏခဏ လစာတိုးစရာမလို။ လာဒ်ပေးလာဒ်ယူ ဖြစ်စရာမလို။ ဒါပေမဲ့ လစာနဲ့ ကုန်ဈေးနှုန်း မျှတအောင် ဘယ်လိုလုပ်မလဲဆိုတာကျတော့ စီးပွားရေး အကြံပေး ဦးမြင့် ဘာမှ မလုပ်နိုင်တာ တွေ့ရတယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမားတဦး တနေ့ ဘတ် ၃၀၀ လုပ်ခတိုးမယ်။ အစိုးရ ကတိအတိုင်း။ ထမင်းစရိတ် လမ်းစရိတ် နှုတ်ပီး အနည်းဆုံး ဘတ် ၂၀၀ အိမ်ပြန်ပါအောင် သုံးနိုင်တယ်။ မြန်မာနိုင်ငံမှာ နေ့စားအလုပ်သမားတဦး ထမင်းစားပြီး လမ်းစရိတ်နှုတ်ပြီး အိမ်ကို ဘယ်လောက်ပါအောင် ရသလဲ နှိုင်းယှဉ်ကြည့်နိုင်တယ်။
အခြေခံလုပ်ခနှုန်း ကွာခြားတဲ့အတွက် အာဆီယံနိုင်ငံတွေက အလုပ်သမားတဦးရဲ့ တနှစ်ရတဲ့လုပ်ခနှုန်းဒေါ်လာနဲ့ ၂ဝဝ၈ ခုအတွက် တဦးချင်းဂျီဒီပီ ရာနှုန်းကိုပြန်ကြည့်တဲ့အခါ မြန်မာအစိုးရဝန်ထမ်းတဦးက တနှစ်ကို ဒေါ်လာ ၄၁ဝနဲ့ အနည်းဆုံးဖြစ်နေတာ တွေ့ရတယ်။ လာအိုနဲ့ ဗီယက်နမ်က ဒေါ်လာ ၁ဝဝဝ ကျော်ပီး ကမ္မောဒီးယားကတောင် ဒေါ်လာ ၆ဝဝ ကျော်တယ်။
နေပြည်တော်မှာ ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမဲ့ လစာနဲ့မလောက်လို့ ခန္ဒာကိုယ်ကို အချိန်ပိုင်းနဲ့ ရောင်းပီး အပိုဝင်ငွေရှာနေရတဲ့ ဝန်ကြီးဌာနတချို့က အမျိုးသမီးဝန်ထမ်းတချို့ရှိနေသလို တိုးတဲ့လစာနဲ့မလုံလောက်လို့ ရုံးမှာ ခိုင်းတဲ့ အလုပ်မလုပ်ဘဲ ငြိမ်ငြိမ်ထိုင် ဆန္ဒပြနေတဲ့ အောက်ခြေဝန်ထမ်းတွေလဲ အများအပြားရှိတယ်လို့ သိရတာ ၀မ်းနည်းစရာ ကောင်းတယ်။ ဒါတွေကို သိန်းစိန်အစိုးရ မမြင်ယောင်ဆောင်နေတယ်။
ထုတ်လုပ်မှုအပိုင်းနဲ့ကြည့်ရင် ၂၀၁၀ ခုနှစ်အတွက် အာရှ ပစိဖိတ် ဒေသတွင်း ဂျပန်နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု လစာတွေကို JETRO အဖွဲ့က သုတေသနပြုရာမှာ မြန်မာက လစာအနည်းဆုံးဖြစ်နေတာ အောက်ပါ ပုံမှာ တွေ့နိုင်တယ်။
လုပ်ဇာတ်ကို အဟုတ်မှတ်သူများ
တကယ်တော့ ပြည်သူ့လွှတ်တော် ဥက္ကဌရွှေမန်းက ၀န်ထမ်းတွေကို စာနာသယောင်နဲ့ လစာတိုးသင့်တယ်ဆိုပြီး အချွန်နဲ့မတဲ့ အဆိုသွင်းတယ်။ ၀န်ကြီးလှထွန်းက စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်အကြံပေးတဲ့အတိုင်း ငြင်းတယ်။
အမှန်က စကထဲက တိုးမပေးဘူးဆိုတာ ရွှေမန်းသိတယ်။ ဒါပေမဲ့ ခိုင်းတာလုပ်ရတယ်။ စစ်အစိုးရလက်ထက်ကလို ဗိုလ်ချုပ်ခင်ညွန့်က ဒေါ်စုနဲ့ စကားပြောစေချင်တယ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းမာနေလို့ဆိုတဲ့ Good Cop, Bad Cop သီအိုရီ ထောက်လှမ်းရေး ကောလဟလ နဲ့ သဘောချင်းအတူတူပဲ။
နောက်ဆုံးတော့ ရွှေမန်းနဲ့ သိန်းစိန် အားလုံးပေါင်းပြီး လူထုကို လိမ်တာပဲ။ ဒါကိုပဲ ရွှေမန်းကို ထိုင်ကန်တော့ချင်သူတွေ ရှိနေတာ အံ့အားသင့်စရာပါ။ အလိမ်ခံရတိုင်း ယုံသူတွေ များမှများ။ ရန်ကုန် လမ်းဘေး မျက်လှည့်ဝိုင်းလို ဘေးတီးပေးသူတွေ အလံရှုးတွေလဲ များမှများ။
အသုံးမကျတဲ့ အမတ်တွေ
တဘက်ကကြည့်ရင် လွှတ်တော်အမတ်တွေထဲမှာ စီးပွားရေးအခြေခံ ဗဟုသုတ အားနည်းသူတွေ များနေတယ်။
စီးပွားရေးနားလည်ပါတယ်ဆိုတဲ့ လသာကြည့်ုမြင့်ဆိုတဲ့ အမတ်မျိုးတောင် ဘာကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးထိုက်သလဲဆိုတာ ၀န်ကြီးလှထွန်းကို ချက်ကျလက်ကျ မချေပနိုင်ဘူး။ ပြည်သူအတွက် ဘာမှမလေ့လာတဲ့ အမတ်တွေကို ပြည်သူက ဆက်ပီး အားပေးသင့်သလားဆိုတာ စဉ်းစားသင့်တယ်။ ဒါဟာ လွှတ်တော်အမတ်တွေဘက်က တာဝန်မကျေတာ ဖြစ်တယ်။ တာဝန်မကျေတဲ့ ဒီလိုအမတ်တွေကို အခြေခံဥပဒေအရ လူထုက စုပေါင်းလက်မှတ်ထိုးပြီး ဖြုတ်ချဖို့လိုတယ်။ ဒဏ်ခတ်ဖို့လိုတယ်။
လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်နေတာ ဂုဏ်ယူနေတဲ့အစိုးရကို တိုက်စရာ ရန်သူမရှိနေတာ့လို့ စစ်သည် ၄ သိန်းအင်အားရှိတဲ့ စစ်တပ်ကို အမြန်ဆုံး အင်အားလျှော့သင့်ကြောင့် အမတ်တွေက လွှတ်တော်မှာ တင်ပြသင့်တယ်။ စစ်သည် ၄ သိန်းကို စစ်အရာရှိ ၂၀% စစ်သား ၈၀% ထားပြီး လစာတွေတွက်လို့ရတယ်။ ဒီလစာထဲကနေ စစ်သည်အင်အား ၃၀% Lay-off လုပ်ရင် တိုင်းပြည်အတွက် ငွေဘယ်လောက်ထွက်လာမယ်။ ၄၀% လျှော့ရင် ငွေဘယ်လောက်ထွက်မယ်။ ၅၀% ၆၀% လျှော့ရင် ငွေဘယ်လောက်ထွက်လာမယ် တွက်ပြပီး လွှတ်တော်မှာ အဆိုပြုနိုင်တယ်။
နိုင်ငံရေးဘက်က စဉ်းစားကြည့်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီကို ပေးစားချင်တဲ့အတွက် ၀န်ထမ်းမဲကို လစာတိုးပေးတဲ့နည်းနဲ့ ဒီတခါ မ၀ယ်သေးဘူးဆိုတဲ့သဘောလားဆိုတာလဲ စဉ်းစားစရာ ဖြစ်တယ်။
မင်းကြီးတာကထွက်
သမ္မတသန်းစိန်အစိုးရအဖွဲ့လစာတွေကျတော့ ၀န်ကြီးလှထွန်းပြောတာတွေ တချက်မှ ထဲ့မတွက်ဘဲ တိုးချင်တိုင်း တိုးပေးခဲ့တာ ပြန်ကြည့်ဖို့လိုတယ်။
သမ္မတသိန်းစိန်လစာကို တလ ကျပ်ငွေ သိန်း ၅၀ ပေးထားတယ်။
ကျပ် သိန်း၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။
မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။
တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။
သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။
ချုပ်ကြည့်ရင် သိန်းစိန်အစိုးရထဲမှာ သမ္မတက သိန်း၅၀။ ဒုသမတ ၂ ဦးက တဦး သိန်း ၄၀။ တလကို ကျပ်ငွေ ၃၅သိန်းရှိတဲ့ ရာထူးက ၃ မျိုးရှိတယ်။ တလ သိန်း၃၀ ရာထူးက ၁၁ မျိုး။ တလ သိန်း၂၀ရာထူးက ၁၄ မျိုး၊ တလ ၁၀ သိန်းရာထူး ၃ မျိုး။ တလ ၃ သိန်းရာထူး ၃ မျိုး။ တလ ၂သိန်းရာထူး ၂ မျိုးရှိတယ်။ ကား ၄ စိး ခံစားခွင့်ရှိတဲ့ ရာထူးက ၆မျိုး၊ ကား ၃ စီး ခံစားခွင့်ရှိတဲ့ ရာထူးပေါင်း ၁၆ မျိုး၊ ကား ၂ စီး ခံစားခွင့်ရှိတဲ့ ရာထူးပေါင်း ၆ မျိုးရှိတယ်။ ကားတစီး ခံစားခွင့် ရာထူးပေါင်း ၂ မျိုးရှိတယ်။
ဝန်ကြီးတွေရဲ့လစာကြည့်ရင် စစ်အစိုးရလက်ထက်မှာ တလကို ကျပ်ငွေ ၄ သိန်းရတယ်။ အခု ပြည်ထောင်စုဝန်ကြိးဆိုသူတဦးလစာက သိန်း ၃၀ဆိုတော့ ခုနှစ်ဆခွဲတိုးချင်တိုင်း တိုးပစ်တယ်။ ယခင် စစ်အစိုးရလက်ထက် ဒုဝန်ကြီးလစာက တလကို ၃ သိန်း။ လက်ရှိ ပြည်ထောင်စု ဒုဝန်ကြီးတဦးကို သိန်း၂၀ဆိုတော့ ၆ဆခွဲကျော် တိုးပစ်တယ်။ ဘယ်မှာလဲ ၀န်ကြီးလှထွန်းပြောတဲ့ ရွှေဈေးတို့ စပါးဈေးတို့ ODA တို့။
ဒါတောင် ဒီအစိုးရကိုပဲ ကောင်းလှချည်ရဲ့ဆိုပြီး မြှောက်ပြောနေတဲ့စာနယ်ဇင်းတွေ မြှောက်ရေးနေတဲ့ စာရေးဆရာတွေ မြှောက်ပင့်နေတဲ့ နိုင်ငံရေးသမားတွေ ဒုနဲ့ဒေး။ ဒီလိုလူတွေ ဒီလိုစာနယ်ဇင်းတွေကို ၀ိုင်းပြီး ရှုတ်ချ ဆန္ဒြုပသင့်တယ်။
မြန်မာစစ်အစိုးရရဲ့ ဝန်ထမ်းလစာတိုးပေးတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အရပ်ဖက်ဝန်ထမ်းနဲ့ စစ်ဘက်ဝန်ထမ်းတွေကို တပြိုင်ထဲလိုလို တိုးပေးလေ့ရှိတဲ့ပြင် လစာနှုန်းထားတွေလဲ သိပ်မကွာဘူးလို့ ထင်စရာရှိပါတယ်- ဒါပေမဲ့ စစ်ဘက်ဝန်ထမ်းတွေကို သိသိသာသာ လစာနဲ့ ခံစားခွင့် တိုးပေးသလားဆိုတာ ပြန်ကြည့်ဘို့လိုတယ်။
အရပ်ဖက်ဝန်ထမ်းတွေကို အဆင့် ၁၂ ဆင့်ခွဲပီး သတ်မှတ်ထားပါတယ်၊ အောက်ဆုံးအဆင့် ရုံးစောင့်လိုရာထူးကနေ အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြစ်ပါတယ်၊ ၂ဝဝ၆ ခုမှာ တိုးခဲ့တဲ့ လစာနှုန်းသစ်အရ အရပ်ဘက်မှာ အောက်ဆုံးအဆင့် ဝန်ထမ်းက ကျပ်ငွေ တသောင်းခွဲရသလို စစ်ဘက်အဆင့်မှာလဲ အောက်ခြေ တပ်သားသစ်ကို တသောင်းခွဲပေးထားတယ်။ အရပ်ဘက်မှာ အမြင့်ဆုံး ညွှန်ချုပ်လို ရာထူးကို တလ တသိန်း၉သောင်းပေးထားပေမဲ့ စစ်တပ်မှာ တသိန်း ၉သောင်းရသူက ဗိုလ်မှူးကြီးအဆင့်ဘဲ ရှိပါသေးတယ်။
လူတန်းစားသစ် စစ်တပ်လစာ
စစ်တပ် ဗိုလ်မှူးကြီးတဦးလစာကို အရပ်ဘက် အမြင့်ဆုံးရာထူးလစာနဲ့ တန်းတူညှိပေးထားတာကြည့်ရင် ဗိုလ်မှူးကြီးအထက် စစ်ဘက်ရာထူးမှန်သမျှဟာ လစာနဲ့ ခံစားခွင့် များစွာရထားသူတွေမို့ မြန်မာနိုင်ငံ ဝန်ထမ်းလောကရဲ့ အခွင့်ထူးခံ လူတန်းစားလို ဖြစ်နေတယ်။
အရပ်ဘက်ဝန်ထမ်းတွေကို အဆင့် ၁၂ ဆင့်လုံး ကျပ်ငွေ ၂ သောင်းစီ တိုးပေးသလို စစ်ဘက်ရာထူးတွေကိုလဲ တပ်သားသစ်ကနေ ဗိုလ်မှူးကြီးထိ ကျပ်ငွေ ၂ သောင်းစီ တိုးပေးထားတယ်။ ဒါတင်မက စစ်ဘက်မှာ တလ ၃ဝဝဝ ပေးနေတဲ့ ရိက္ခာစိုစရိတ်ကို တလ ၉ ထောင်တိုးလိုက်တဲ့အတွက် စစ်ဘက်ဝန်ထမ်းတဦး တလ လစာ သုံးသောင်းနီးပါး တိုးရမှာဖြစ်ပါတယ်၊ ဒီကြားထဲ စစ်ဘက်ရာထူးအဆင့်တိုင်းကို သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ကြေး အပိုဆောင်းငွေ တလ ကျပ်ငွေ ၅ထောင်ပေးထားပါသေးတယ်။
ကနေ့ဆိုရင် စစ်တပ်ထဲက လုပ်သက် ၂၅ နှစ်ရှိတဲ့ အရာခံဗိုလ်လို ပုဂ္ဂိုလ်တွေကို စစ်မှုထမ်းကောင်းဆုအဖြစ် ရွှေ ၃ ကျပ်သား ဆုချဘို့ စစ်အစိုးရက ပြင်ဆင်နေတယ်၊ ဒါပေမဲ့ အရပ်ဘက် အမှုထမ်းကောင်းတွေကိုတော့ ရွှေ ၃ ကျပ်သား ဆုချဘို့ အစီအစဉ် မရှိဘူးလို့ သိရတယ်။
ဗိုလ်မှူးချုပ်တဦးရဲ့လစာက ၃သိန်းရှိပီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄သိန်းရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့လစာကိုလဲ စစ်အစိုးရလက်ထက် ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူ ဖြစ်နေပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၆သိန်းပေးထားပီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈သိန်းပေးထားတယ်။ ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့ ဝန်ကြီးတဦးက ဒု ဗိုလ်ချူပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်နေတယ်။ ဒုဝန်ကြီး တဦးရဲ့လစာကို ၃ သိန်းပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူ ဖြစ်နေတယ်။ တဘက်ကြည့်တော့လဲ လစာ ၄သိန်းသာရတဲ့ တချိုံဝန်ကြီးတွေ ကား ၂ဒါဇင်ကျော် ထည်လဲ စီးနေတာ ဘယ်ကရတဲ့ငွေနဲ့ဝယ်သလဲလို့ မေးစရာရှိတယ်။
ဥပမာ-စစ်အစိုးရလက်ထက် စက်မှု(၂) ဝန်ကြီးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်စောလွင်ဆိုရင် ဗိုလ်ချုပ်ဆက်လုပ်လဲ လစာ ၄သိန်းရမှာဖြစ်သလို ဝန်ကြီးလစာကလဲ ၄သိန်းဖြစ်တယ်။ ဒါပေမဲ့ အိမ်မှာ ကား ၂၇ စီး ထည်လဲစီးနေပီးမကြာခင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ အရေးယူခဲ့သတဲ့။ စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းဆိုရင်လဲ အိမ်မှာ ကား ၁၇ စီးတောင် ထည်လဲစီးခဲ့တယ်။
ပင်စင်မယူခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်ရှိလစာဆိုရင် ၁၂ သိန်းဖြစ်ပီး ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လစာက ၁ဝ သိန်းဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်းဖြစ်တယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာက တလကို ၁၂ သိန်းဖြစ်တာမို့ ၆နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်းတိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဘာကိုအခြေခံတိုးခဲ့သလဲဆိုတာ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့တဲ့ လှထွန်းရှင်းစေချင်တယ်။
၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းဘဲရှိတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာသစ်က ရှစ်သိန်းဖြစ်တယ်။ ဒါကြောင့် ၆နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာလဲ ၇ဝဝ ရာနှုန်းတက်လာတယ်။
မြန်မာဒုဗိုလ်ချုပ်ကြီး တဦးရဲ့လစာက ၆နှစ်အတွင်း တလ ၇သောင်းကနေ ၆သိန်းထိ တိုးပေးတာမို့ ၇၅၇ ရာနှုန်းတက်လာပါတယ် မြန်မာဗိုလ်ချုပ်တဦးရဲ့ လစာက ၆နှစ်အတွင်း တလ ၅သောင်းကနေ ၄သိန်းထိ တိုးပေးတာမို့ ရာခိုင်နှုန်း ၇ဝဝ တိုးလာပါတယ်။
၂ဝဝ၆ ခုနှစ် မြန်မာ တပ်မတော်ဝန်ထမ်းတွေကို တိုးမြှင့်ပေးတဲ့ လစာကိုကြည့်ရင် အုပ်စုသုံးစုခွဲပီး လစာတိုးပေးတာတွေ့ရတယ်။
အခြေခံ တပ်သားတဦးရဲ့လစာက ၃ထောင်ကနေ တသောင်း၅ထောင်ဖြစ်သွားတဲ့အတွက် ၄ဝဝ ရာခိုင်နှုန်းတိုးပါတယ်၊ တနည်းပြောရရင် တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးအဆင့်ထိ ရာခိုင်နှုန်း ၄ရာကျော်တိုးပေးခဲ့တယ်။ ခွဲတပ်ကြပ်ကြီးအဆင့်ကနေ အရာခံဗိုလ်ထိ ခြောက်ရာ ရာခိုင်နှုန်းကျော်တိုးပေးပီး ဒုဗိုလ်အဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ထိကိုတော့ ရာနှုန်း တထောင်ကျော်ထိ အများဆုံး တိုးမြှင့်ပေးခဲ့တယ်။ ဗိုလ်ချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြိးအဆင့်ကို ၇ဝဝ ရာခိုင်နှုန်းဝန်းကျင်ထိ တိုးပေးပါတယ်။
တပ်မတော်ရဲ့ လစာနှုန်းသစ်တိုးပေးတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် ဒုဗိုလ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ထိ အမျာဆုံးတိုးပေးထားပီး တပ်သားအဆင့်ကနေ အရာခံဗိုလ်အဆင့်ဟာ လစာတိုးတာ အနည်းဆုံးဖြစ်တယ်။တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လစာမျိုး အရပ်ဘက်ဝန်ထမ်းလောကမှာ တိုးပေးတာမရှိသလို စစ်ဘက်မှာဘဲ အောက်ခြေကို တိုက်ရိုက်ကွပ်ကဲတဲ့ ရာထူးအဆင့်တွေကိုသာ အထူး ဦးစားပေး တိုးပေးတာ တွေ့ရတယ်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment