မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ  မတ် ၀၆ ရက်၊ ၂၀၁၂

 

NLD အမတ်လောင်း ဒေါ်စန္ဒာမင်းနဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်တို့ ဟန်းနီးမွန်းခရီး


(Kg Lay facebook မှ ကိုတင်နွယ် ပရိတ်သတ်ကြီးအတွက် NLD ပါတီနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အထူး သတိထားရမယ့် သတင်းလေးမို့ ကူးယူ ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတ
ယ်။)

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာ မဲဆွယ်ပြီး ပုဂံကို ခရီးဆက်ခဲ့တဲ့ ဌေးကြွယ်နဲ့ စန္ဒာမင်းတို့ဟာ ပုဂံဟိုတယ်မှာ တစ်ခန်းတည်း အတူတည်းခဲ့ကြပါတယ်။ ပြည်သူကချစ်တဲ့ (၈၈)ကျောင်းသားခေါင်းဆောင်နဲ့ လွှတ်တော် အမတ်လောင်းတို့ လူထုယုံကြည် အားကိုးရတဲ့ အကျင့်စာရိတ္တ ကောင်းတဲ့လူတွေဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ စန္ဒာမင်းဟာ လက်ရှိ ခင်ပွန်းရှိသူဖြစ်လို့ ဒီအပြုအမူဟာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားစေချင်ပါတယ်။ ဘာသာရေးအရ၊ ကျင့်ဝတ်အရ ဘယ်လိုမှ မသင့်တော်တဲ့ အလုပ်တွေကို စောစောစီးစီး ရပ်ကြနိုင်ပါစေလို့ တိုက်တွန်း တင်ပြလိုက်ပါတယ်။

(၄၈)နေရာလောက်နဲ့ဘာလုပ်နိုင်မှာလဲလို့တချို့ကစဉ်းစားကြပါလိမ့်မယ်

(၄၈)နေရာလောက်နဲ့ဘာလုပ်နိုင်မှာလဲလို့တချို့ကစဉ်းစားကြပါလိမ့်မယ်လွှတ်တော်တစ်ရပ်ရဲ့အဓိကအလုပ်တစ်ခုက ဘာလဲဆိုတော့ ဥပဒေပြဌာန်းမှုတွေပါပဲ။ လွှတ်တော်အတွင်းကနေပြီးတော့ နိုင်ငံနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရတယ်။ ခေတ်မရှိတော့တဲ့ ဥပဒေတွေကိုလည်း ဖယ်ရှားပေးရတယ်။ လွှတ်တော်အတွင်းရောက်ရင် ကိုယ်စားလှယ်တွေ ဘာကြိုးစားမလဲဆိုတော့ဥပဒေလွှမ်းမိုးရေးအတွက်ဦးတည်ပြီး ပြည်သူတွေအတွက်အကျိုးမရှိတဲ့ဥပဒေတွေ တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်သူတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေတွေကို ဖယ်ရှားပေးဖို့ ပထမဆုံးကြိုးစားရမယ်။ တချိန်တည်း မှာပဲ ပြည်သူတွေကို အကျိုးပြုမယ့် ဥပဒေတွေကို၊ ပြည်သူတွေရဲ့အခွင့် အရေးတွေ ၊ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေကို အကျိုးပြုမယ့် ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့အတွက် ကြိုးစားပေးသွားမယ်။ လွှတ်တော် အတွင်းမှာကလည်း အများစုက သဘောတူမှ ဒီလိုလုပ်လို့ရတယ်။ အဲဒီတော့ ကျွန်မတို့ လူနည်းစုလေးက ဘာလုပ်နိုင်မှာလဲလို့မေးရင် လူများစုထဲက ပြည်သူ့အပေါ်မှာ ကြေညာထားတဲ့သူတွေနဲ့ စည်းလုံးညီညွတ်အောင်လုပ်ပြီးတော့ ပြည်သူ့အကျိုးကို ထမ်းဆောင်သွာမယ်လို့ ဆုံးဖြတ်ထားပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)

 

***စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို မတ်လ ၂၄ ရက်နေ့ အရေးပေါ် ညီလာခံပြီးရင် ဖျက်သိမ်းမည်***

မြန်မာ့ စာနယ်ဇင်း အနာဂတ် by-BBC


ကြာသတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က အမျိုးသား စာနယ်ဇင်းကောင်စီ ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ပြောကြား သွားပါတယ်။
ဒီအဖွဲ့ဟာ မြန်မာနိုင်ငံစာပေ အဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ထိန်းကျောင်း ပေးမယ့် ကောင်စီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။
စာပေနဲ့ စာနယ်ဇင်းအဖွဲ့ဟာလည်း မတ်လ ၂၄ ရက်နေ့ အရေးပေါ် ညီလာခံပြီးရင် ဖျက်သိမ်း တော့မှာ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံသတင်းစာအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းနဲ့ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်းဆိုပြီး အသင်းသုံးသင်းဟာ သီခြားစီ ရပ်တည်မှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ စစ်အစိုးရ လက်ထပ်မှာ ဖွဲ့စည်းထားတာ ဖြစ်ကြောင်း၊ အခုတော့ ဒီမိုကရေစီ နည်းအရ အရပ်ဖက် အဖွဲ့အစည်း ပုံသဏ္ဍာန် ဖွဲ့စည်းဖို့ လိုအပ်လာတာကြောင့် ဖျက်သိမ်း မှာ ဖြစ်ကြောင်းကိုလည်း ဦးကိုကိုက ဘီဘီကို ရှင်းပြပါတယ်။မြန်မာနိုင်ငံ သတင်းစာအသင်းမှာ အထက်ကနေ တိုက်ရိုက် ခန့်အပ်တာမျိုး မရှိစေဘဲ ဒီမိုကရေစီ နည်းစနစ်အရ မဲပေးရွေးချယ် ခန့်အပ်တာမျိုး ဦးတည် ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ အခုလက်ရှိ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ထက် အများကြီး ပိုပြီး လွတ်လပ်တဲ့ အသင်းမျိုးဖြစ်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။အစိုးရဖွဲ့မယ့် အမျိုးသားစာနယ်ဇင်းကောင်စီမှာတော့ သတင်းစာဆရာတွေ၊ အရပ်သားတွေ၊ မြန်မာစာကျွမ်းကျင်သူတွေ၊ ယဉ်ကျေးမှုပညာရှင်တွေ စသဖြင့် ပါဝင်မှာ ဖြစ်ပြီး၊ သတင်းစာ အသင်းမှာက သတင်းသမားတွေပဲ ပါဝင်မှာဖြစ်တယ်လို့ ဦးကိုကိုကပြောပါတယ်။

စာပေ စိစစ်ရေးကတော့ အခုလို အဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ သီခြားဖြစ်ကြောင်းနဲ့ စာပေ လွတ်လပ်ခွင့် အပြည့်အဝ ရရှိဖို့ကတော့ စိန်ခေါ်မှုတွေ ဆက်ရှိနေဦးမှာ ဖြစ် တယ်လို့ ဦးကိုကိုက ထပ်လောင်းပြောကြားသွားပါတယ်။

 

၀၂ မတ်၂၀၁၂ နေ့လည်ပိုင်းမှာ KNU နဲ့ ဝန်ကြီး ဦးအောင်မင်း ဆွေးနွေး by-BBC


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ သောကြာနေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံမဲဆောက်ကို ရောက်လာပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကေအန်ယူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။အခုလို တွေ့ဆုံဆွေးနွေပွဲကတော့ အစိုးရနဲ့ ကေအန်ယူကြား အပစ်အခတ် ရပ်စဲရေးကိစ္စ အမြန်ဆုံး လက်မှတ် ထိုးနိုင်အောင် ရှင်းလင်းစရာ ရှိနေတဲ့ စစ်ရေး ကိစ္စတချို့ကို ရထားဝန်ကြီး ဦးအောင်မင်းက လာရောက် ရှင်းလင်းတာ ဖြစ်ပါတယ်။အခုတော့ နားလည်မှုရသွားပြီ ဖြစ်တဲ့အတွက် တရားဝင် ဆွေးနွေးကြမယ့် ရက်ကို မတ်လ ပထမ အပါတ်မှာဘဲ ချိန်းဆို လိုက်ကြတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်းနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ အဖွဲ့ဝင် (၃) ဦး ပါပြီးတော့ ကေအန်ယူဘက်ကတော့ အထွေအထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန် ဦးဆောင်ပြီး၊ ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးနဲ့ ဗိုလ်မှူးတူးတူးလေးတို့ ပါဝင်ပါတယ်။
ကေအန်ယူနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တိုရဲ့ ပဏာမ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကရင်ပြည် နယ်ဘားအံမြို့မှာ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

 

အခု လူစုံပြီ၊ တတ်လည်း စုံပြီ၊ ရာသီဥတုလည်း သာယာနေပြီ


ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားရင် ဘာလုပ်နိုင်မှာလဲ။ လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ သူ့ရဲ့ မဲက (၁) မဲဘဲ ရှိမယ်။ စစ်သားက ၂၅ %၊ ကြံဖွတ်က ၇၀ % ကျော် .. အဲဒီထဲမှာ သူ့ရဲ့ မဲ တစ်မဲက အခြေခံဥပဒေကို ပြောင်းနိုင်ပါမလား။ဒီမေးခွန်းဟာ ..မြန်မာ တစ်နိုင်ငံလုံးရဲ့ အနာဂတ် ကံကြမ္မာကို အလောင်းစားထပ်ပြီး မေးရတဲ့ မေးခွန်း ဖြစ်နေတယ်။ကျွန်တော်လည်း အဖြေထုတ်နိုင်အောင် ကိုယ့်ဘာသာ ကိုယ် အကြိမ်ကြိမ် မေးမိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်ထဲက မဲ တစ်မဲဟာ သချာင်္ပညာနဲ့ကြည့်ရင် ကိုယ်စားလှယ်စုစုပေါင်း ၁၀၀၀ ကျော် ထဲက ၁ မဲပဲ ရှိနေတယ်။ ဘာမှ အရေးမပါဘူး။
ဒါပေမယ့် သူဟာ မြန်မာပြည်ရဲ့ သန်း ၅၀ ကျော် လူတွေထဲက ... တစ်ခေတ်မှာ တစ်ယောက်ပေါ်တဲ့ ရှားရှားပါးပါး လူသား ဖြစ်နေတာရယ်၊ သူ့ရဲ့ မဲမှာ သန်း ၅၀ ကျော်တဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ပါနေတာရယ်၊ သူ့ရဲ့ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေရယ်က .... သချာင်္နဲ့ ချတွက်သလို တွက်လို့ ရနိုင်စရာ မဟုတ်တာကြောင့် .. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲတစ်မဲဟာ လွှတ်တော်ထဲမှာ ပြောင်းလဲအောင် လုပ်နိုင်မယ့် အခြေအနေ ရှိတယ်လို့ ယုံကြည်ပါတယ်။
အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်နေခဲ့တာပဲ။ ဒီလို ထောက်ခံမှုတွေလည်း ရှိနေခဲ့တာပဲ။ ဥပမာ .. ၁၉၉၀ ရွေးကောက်ပွဲ၊ အမျိုးသား ညီလာခံ .. စတာတွေ ကြုံခဲ့တာပဲ။ အဲဒီတုန်းက မဖြစ်နိုင်ခဲ့ဘူး ... အမျိုးသား ညီလာခံကိုလည်း ဆန့်ကျင်တယ်လို့ ပြောခဲ့တယ်။ ဘာလို့ အခု အချိန်မှ ဖြစ်နိုင်မယ် ထင်တာလဲ။ ဒီမေးခွန်းတွေဟာ အခုအခြေအနေကို မဖြစ်နိုင်ဘူးလို့ သံသယ ရှိသူတွေရဲ့ မေးခွန်းတွေပါပဲ။
ဒါပေမယ့်ဗျာ .. ။ လမ်းမမှာ မိုးတွေ လေတွေ အရမ်း သည်းထန်နေတုန်း အပြင်ထွက်ရင် ထီဆောင်းလဲ မိုးစိုမှာပဲ။ .. မိုးက ခပ်ဖွဲဖွဲပဲ ကျနေရင်တော့ ထီးဆောင်းရင် မိုးလုံနိုင်ပါတယ်။ ယခင် နဝတ၊ နအဖ ရဲ့ .. ခင်ညွန့်၊ သန်းရွှေ ဆိုတဲ့ မိုးတွေက သည်းနေတဲ့ ကာလ ဖြစ်နေတော့ ကြိုးစားပေမယ့် အရာ မရောက်ခဲ့ဘူး။ အခု မိုးနည်းနည်း ဆဲသွားပြီ။ဘာဖြစ်လို့လဲ ဆိုတော့ သေချာ ပြန်ကြည့်ရင် .. ၁၉၈၈ ကနေ ၂၃ နှစ်တာ ကာလ တစ်ခုလုံးမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကုန်လုံး တပြိုင်နက် အတူတကွ အပြင်မှာ အေးအေးဆေးဆေး နိုင်ငံရေး လုပ်လို့ ရတဲ့ ကာလဆိုတာ တစ်ခါမှ မရခဲ့ဖူးသေးဘူး။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဒါ့ထက် ထူးခြားတဲ့ ကာလဆိုတာ မရှိနိုင်ဘူးလို့တောင် ပြောလို့ရတယ်။ အင်မတန် ရတောင့် ရခဲ ကာလပါ။ ခင်ညွန့်၊ သန်းရွှေဆိုတဲ့ အာဏာရှင်တွေက အာဏာ ကိုင်ထားစဉ်မှာ .. လူမစုံ၊ တတ်မစုံတဲ့ ကာလအတွင်း ကျွန်တော်တို့ စစ်အာဏာရှင်ကို ခံချပြီး .. သူတို့ အာဏာဟာ တရားဝင် မဟုတ်ဘူးဆိုတာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ကြတယ်။ အခု လူစုံပြီ၊ တတ်လည်း စုံပြီ၊ ရာသီဥတုလည်း သာယာနေပြီ .. ကျွန်တော်တို့ ခေါင်းဆောင်က ပဲ့ကိုင်နေတာကို ယုံယုံကြည်ကြည်နဲ့ .. အားစိုက်အင်စိုက် လိုရာခရီးရောက်အောင် ညီညီညာညာ လှော်ခတ်ကြပါစို့ရယ်။
လေးစားစွာဖြင့်ကိုထိုက်

 

ကျွန်းစုမြို့နယ်မှာ NLD ပါတီ အကွဲအပြဲများဖြစ်ပေါ်


NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေအဆင့်ဆင့်မှတင်ပြသော တင်ပြချက်ကို လစ်လျှုရှုပြီး ဗဟိုမှ တိုက်ရိုက်အမည်စာရင်းပေးခဲ့သောမြို့နယ်များ တွင် မြိတ်ကျွန်းစုမြို့နယ် သည်လည်းအပါအ၀င်ဖြစ်သည် ကျွန်းစု NLD အဖွဲ့နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံရန် NLD ဗဟိုမှရွေးချယ်ထားသော လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီတို့သည် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့က ကျွန်းစုမြို့နယ် မဲအောင်နိုင်ရေး အတွက် ဘတ်ဂျက်ငွေအသုံးပြုရေး၊ NLD ရပ်/ကျေး ရုံးခွဲဖွင့်လှစ်ရေး တို့ကို မြို့သစ်ရပ်ရှိ ကိုနိုင်ဦးအိမ်၌ တွေ့ဆုံဆွေးနွေးကြရာ ၎င်းဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပဋိပက္ခ များစွာဖြစ်ကာ  နောက်ဆုံးတွင် အကွဲအပြဲဖြင့်အဆုံးသတ်သွားခဲ့ကြောင်း သိရှိရပါသည် ကျွန်းစုမြို့နယ် NLD ဥက္ကဌဦးဖိုးကြည်က အဆိုပါအကွဲအပြဲဇာတ်လမ်းနှင့်ပတ်သက်၍ပြောကြားရာတွင်
 "ဒေါ်တင်ရီက လွတ်တော်ကိုယ်စားလှယ်လောင်းရာထူးကိုပဲ အရူးအမူးဖြစ်နေပြီး နိုင်ငံရေးကို နားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး၊ ကျွန်တော်တို့တင်ပြဆွေးနွေးတာကိုလည်း လစ်လျှုရှုပြီး သူ့သဘောနဲ့သူ လုပ်ချင် သလိုလုပ်တယ်။ ကျွန်တော်တို့ကစည်းရုံးရေးအတွက် ငွေဘယ်ရွေ့ဘယ်မျှပေးပါလို့ဆိုပြီးသူ့ကို မတောင်း ဆိုဘူး၊ သူ့မှာလည်းငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေရှိမှာပါပဲ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ခုလည်းစည်းရုံးရေးကိစ္စတွေကို ကိုယ့်ဘာသာကိုယ်အိပ်စိုက်ပြီး လုပ်နေတာပဲ။ နိုင်ငံရေး လုပ်တယ် ဆိုကတည်းက အားလုံးကိုစွန့်လွတ်ထားပြီးသားပါ။ ခုတော့ဗျာ .. ဒေါ်တင်ရီက သူလွတ်တော် ကိုယ်စား လှယ်လောင်းပဲဆိုပြီး သူ့ကိုကြိုးကိုင်ထားတဲ့လူတွေ အားကိုးနဲ့ ကျွန်တော်တို့ကို ဂရုမစိုက် ဘူး။ ဘောင်ကျော် ပြီး ကျွန်တော်တို့အဖွဲ့ သိက္ခာကျအောင် တမင်တကာ ဖျက်လိုဖျက်ဆီး လိုက်လုပ်နေတယ်။ ပြောရရင်တော့ အများကြီးပဲဗျာ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ ပါတီ အတွက် ငဲ့ကွက်ပြီး မပြောတော့ ပါဘူး။ ခုစခန်းသစ်ရွာရုံးဖွင့်မဲ့ဆိုင်းဘုတ်ကိုလည်း အရှည်(၁၂)ပေခွဲလုပ်လို့ ကျွန်တော်က ခင်ဗျားဟာ (ဗဟို) ထက် ကြီးနေပြီ ဒါမျိုးလုပ်လို့မရဘူး ပြောတာကိုလည်း နားမထောင်ဘူး .. အတော်မွှေတဲ့မိန်းမပဲဗျာ .. မြိတ်မြို့ နယ်မှာလည်း နားမလည်ဘဲ သူတို့ အုပ်စု လျှောက်မွှေလို့ နှစ်ခြမ်း ကွဲသွားပြီ.. ကျွန်တော်တို့ ကျွန်းစုမှာတော့ ဒါမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး .. ခုသူ့ကို ကျွန်တော်တို့ အုပ်စုက ရွေးကောင်ပွဲအောင်နိုင်ရေး အတွက် လုပ်မပေးနိုင်တော့ဘူး ဆိုတာကိုလည်း (ဗဟို)ကို အသိပေး အကြောင်းကြားလိုက်ပြီးပြီ။ သူပေး ထားတဲ့ ဖုန်းလည်းပြန်အပ်လိုက်ပြီ .. ဖုန်းဆိုင်ကို လည်းမှာထား တယ် ဒေါ်တင်ရီ ဆိုရင် ဖုန်းချလိုက်လို့ .. ပါတီအတွက်တော့ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲဗျာ .. ဒါနဲ့ ပတ်သက်ပြီး ပါတီက ကျွန်တော်တို့အုပ်စုကို ထုတ်ပစ်ရင်လည်း မတတ်နိုင်ဘူး .. ကြားဖြတ်ရွေးကောက် ပွဲကို ဒေါ်တင်ရီအုပ်စုနဲ့ လုံဝတွဲလုပ်လို့ မရ တာကြောင့် လက်ရှောင်လိုက်တာ ဆိုပေမဲ့ (၂၀၁၅) ပါတီ အင်အား ခိုင်မာတောင့်တင်းရေးအတွက်တော့ ကျွန်တော်တို့ အုပ်စု စည်းရုံးရေးလုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ .. " ဟုပြောကြားသွားပါသည် ။
အလားတူပင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က  တနင်္သာရီတိုင်း တနင်္သာရီမြို့ NLD ရုံးဖွင့်လှစ်ရာမှာလည်း မြိတ်မြို့နယ် NLD ဥက္ကဌဦးစိုးလွင်ဦးဆောင်သောအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီဟာ ရုံးလုဖွင့်ခဲ့သဖြင့် ပြဿနာဖြစ်ခဲ့သေးကြောင်း သိရှိရပါသည် ။ ကျွန်းစုမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ပြည်ခိုင်ဖြိုးပါတီက ဦးချစ်သန်းနှင့် NLD ပါတီ က ဒေါ်တင်တင်ရီတို့ ယှဉ်ပြိုင် အရွေးခံရမည် ဖြစ်ကြောင်း မြိတ်ခရိုင်ကော်မရှင် အဖွဲ့က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၃၅)အရ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်ပြီးဖြစ်ပါသည်
ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်မည့် ဦးချစ်သန်းမှာ ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ KNU အဖွဲ့နှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်မှုကြောင့် လူကြိုက်များလျှက် ရှိကြောင်း ဒေသခံများက ပြောဆိုလျှက်ရှိသည် ။ 
မြိတ်ပုလဲမြေ

 

နောက်ကြောင်းပြန်မလှည့်ဖို့ အသေပိတ်ရမယ့် တံခါး။

တနင်္လာနေ့၊ မတ်လ ၅၊ ၂၀၁၂
မြန်မာနိုင်ငံရဲ့ ဖားတပိုင်းငါးတပိုင်းခေါင်းဆောင်တွေက ဒီမိုကရေစီစနစ်ဆီ ခြေလှမ်းတွေလှမ်းနေပြီ၊ အပြောင်းအလဲ တွေ လုပ်နေပြီဆိုပြီး လူမြင်သူမြင် အကွက်ဆန်းလေးတွေ ကပြနေသလို စစ်အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန် မလှည့် ဘူး၊ စစ်တပ်အာဏာသိမ်းတာမျိုး မလုပ်တော့ဘူးလို့လဲ ထပ်ခါထပ်ခါ ကတိပေးသလိုလို အာမခံသလိုလို အမေရိကန် ကြားအောင် ပြောနေပါတယ်။
 တကယ်တော့ လက်ရှိအနေအထားဟာ ၁၉၆၂-၁၉၇၄ ကာလ နဲ့ ၁၉၈၈-၂၀၁၀ ကာလလို ပြောင်အတိအလင်း စစ်အာ ဏာရှင်စနစ်မျိုး မဟုတ်ပေမဲ့ ၁၉၇၄-၁၉၈၈ ကာလလို ခေါင်းမြီးခြုံစစ်အာဏာရှင်စနစ် ဖြစ်နေပြီး လူမမြင်သူမမြင်နေရာ တွေမှာ ဘာမှမပြောင်းလဲတာ မြန်မာပြည်သူလူထုက သိနေပါတယ်။ အထူးသဖြင့် အောက်ခြေက အလုပ်သမား လယ် သမား ကျောင်းသား တောကြိုအုံကြားတိုင်းရင်းသားဘဝတွေ အပြောင်းအလဲမရှိတာထက် ပိုအဓိကကျတာက ၁၉၆၂ ခုကနေ ဒီကနေ့အထိ မြန်မာသမိုင်းကြောင်းကို ကြီးစိုးထားတဲ့ တပ်မတော်ရဲ့အမြင်သဘောထားတွေ၊ တပ်မတော်ရဲ့ ဖွဲ့စည်းလည်ပတ်မှုစနစ်တွေ မပြောင်းလဲတာဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေတခုတည်းကို ပြင်ဆင်လိုက်ရုံနဲ့ မပြီးဘဲ တပ်မတော်ကိုပါ တပါတည်းပြောင်းလဲပြင်ဆင်လိုက်မှ နောက်ကြောင်းပြန်မလှည့်ဖို့ အာမခံချက်ရှိမှာဖြစ် ပါတယ်။ ဗမာပြည်ရဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီပြဿနာဖြစ်တယ်၊ တိုင်းရင်းသားပြဿနာဖြစ်တယ်၊ အခြေခံဥပဒေပြဿ နာဖြစ်တယ် စသဖြင့် ကိုယ်သန်ရာရှုဒေါင့်ကနေ ပြောနေကြပေမဲ့ ဒီကနေ့ကာလမှာ အချုပ်ကတော့ စစ်တပ်ပြဿနာပဲ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်၌က ဒီမိုကရေစီဆန့်ကျင်ရေး၊ တိုင်းရင်းသားကျွန်ပြုရေး၊ လူမှု-စီးပွား လက်ဝါးကြီးအုပ် ရေးတွေ ခြေဆုံးခေါင်းဆုံး အရိုးစွဲနေသရွေ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ဥပဒေအရေးတွေအားလုံး တနွယ်ငင်တစင်ပါ ဖောက်ပြန်မှောက်မှားကုန်မှာ ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး ဖြစ်စေ၊ ဗိုလ်တင်အောင်မြင့်ဦး၊ ဗိုလ်အောင်သောင်း၊ ဗိုလ်ကျော်ဆန်းဖြစ်စေ၊ ဗိုလ်သိန်း စိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်ဖြစ်စေ ကမ္ဘာပေါ်မှာမရှိတော့ရုံနဲ့လဲ မလုံလောက်ပါဘူး။ ၁၉၅၀ ခုနှစ်များက တည်းကစ ပြီး ပုံစံသွင်းခဲ့တဲ့ အတွေးအမြင် အမူအကျင့် စနစ်ဇယားအားလုံးကို စစ်တပ်တခုလုံးထဲက ခဝါချပစ်ဖို့ လိုနေပါတယ်။ ဘားတိုက်ပြန်သွားရုံနဲ့ မပြီးဘဲ စစ်တပ်တခုလုံးကိုပြောင်းလဲပစ်မှ ကျန်တဲ့တနိုင်ငံလုံးမှာ အပြောင်းအလဲတွေ အနှစ်သာရ ရှိရှိ နောက်ပြန်မလှည့်စတမ်း ဖြစ်လာပါလိမ့်မယ်။
မြန်မာ့တပ်မတော်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရဲထွဋ်၊ ဗိုလ်ကျော်ဇော တို့ကို တယောက်ပြီးတယောက် ပထုတ်ခဲ့ပြီးနောက် စစ်လက်ဝါးကြီးအုပ်ဝါဒကို ဗိုလ်နေဝင်း၊ ဗိုလ် မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့က တစတစသွတ်သွင်းလာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်နလုံးဝကွဲလွဲပြီး တိုင်းပြည့်ကယ်တင်ရှင်ဝါဒမျက်နှာဖုံးနဲ့ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ရေးကို စ,စဉ်းစား စ,ခြေလှမ်းလာခဲ့ပါ တော့တယ်။
မြန်မာစစ်တပ်ဟာ ၁၉၅၂ ခု တပ်မှူးညီလာခံကတည်းက နယ်ဖက်ကိစ္စတွေဖြစ်တဲ့ စီးပွားရေး၊ ဘဝသစ်ဖန်တီးရေး၊ ကျေး လက်ကြီးပွားရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး စတာတွေကို ဝင်စွက်ဖက်ဖို့ ခြေလှမ်းလာပါ တယ်။ ဒီလိုနဲ့ ၁၉၅၄ စက်တင်ဘာ မေမြို့တပ်မှူးညီလာခံမှာ ဒီမိုကရေစီအစိုးရလက်အောက် အမှုထမ်းနေရက်နဲ့ သီးသန့် တပ်မတော်ဝါဒသဘောတရားထားဖို့ စ,ဆွေးနွေးခဲ့ပါတယ်။ ၁၉၅၅ ခု အောက်တိုဘာလမှာ ရေတပ်နဲ့လေတပ်ကို ကြည်း တပ်ဦးစီးချုပ်အောက် စသွတ်သွင်းပြီး လက်နက်ကိုင်တပ်အားလုံးကို တလက်ကိုင်စနစ် စ,ကျင့်သုံးခဲ့ပါတယ်။ ကြည်း တပ်ဦးစီးချုပ်ကို ကြည်း-ရေ-လေ တပ်မတော်တခုလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ထာဝရသတ်မှတ် လိုက်ပါတော့ တယ်။
တပ်မတော်ဟာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါဘဲလျက် တပ်မတော်ဝါဒသဘောတရား ideology ဖော်ထုတ်ရေး အဆို ပြုချက်ကို ဗိုလ်ချုပ်နေဝင်းက ၁၉၅၆ ခု မိတ္ထီလာ တပ်မှူးညီလာခံမှာ တရားဝင်တင်သွင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို စိတ်ကြိုက်ချဲ့ကား မြှောက်ပင့်ဖို့ ဒီနှစ်ထဲမှာဘဲ ဆိုက်ကိုဌာနဖွင့်ခဲ့ပြီး ပြည်သူလူထုထဲ၊ အထူးသဖြင့် စစ်တပ်ထဲ မှာ စစ်တပ်သည်အကြီးမြတ်ဆုံး ဆိုတဲ့ အတွေးအခေါ်နဲ့လုပ်ဟန် စ,သန္ဓေတည် စေခဲ့ပါတယ်။ ၁၉၅၇ စက် တင်ဘာ တပ် မှူးညီလာခံအပြီး အောက်တိုဘာလမှာ တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (ဆိုက်ကို ဌာန) က ချစ်လှိုင် နဲ့ စောဦး တို့ရဲ့ နာမရူပဝါဒကို မြဝတီမဂ္ဂဇင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ဝါဒဖြန့်လာခဲ့ပါတယ် (၁၉၆၂ -၁၉၈၈ မဆလ ဝါဒ ရဲ့ရှေ့ပြေး ဖြစ်ပါတယ်)။
အလုပ်သမား-လယ်သမား-ကျောင်းသား-သံဃာတိုက်ပွဲတွေပေါ်တဲ့အခါ တပ်မတော်ရဲ့အဓိကတာဝန်က တရားဥပဒေ စိုးမိုးရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ ဆိုပြီး ဒီမိုကရေစီကိုလဲပစ်ပယ်၊ ရဲအလုပ်ကိုလဲဝင်ရှုပ် လက်ဝါးကြီး အုပ် ခဲ့သလို တိုင်းရင်းသားတွေရဲ့ အကြမ်းမဖက်/လက်နက်ကိုင် ဖက်ဒရယ်လှုပ်ရှားမှု ဖြစ်လာတဲ့အခါမှာတော့ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ ဆိုပြီး အာဏာကိုလက်ဝါးကြီးအုပ်ဖို့ လုပ်လာခဲ့ပါ တယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်တွေဟာ “ဒီမိုကရေစီရေးသည်ပထမ”လို့ ဘယ်တုန်းကမှ မခံယူခဲ့တာဘဲ ဖြစ်ပါတယ်။
၁၉၅၈ ခု ဇွန်လမှာ သန့်ရှင်းဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုက ပြည်တွင်းငြိမ်းချမ်းရေးအတွက် သင်ပုန်းချေ လွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေ ပြဋ္ဌာန်းရေး၊ တော်လှန်ရေးအဖွဲ့များ ဥပဒေတွင်းတရားဝင်ရပ်တည်နိုင်ရေးတို့ကို ကတိပေးကမ်းလှမ်းပြီး တွေ့ဆုံဆွေးနွေးဖို့လုပ်လာတဲ့အခါ ပြည်တွင်းစစ်နဲ့ အင်အားကြီး လူရာဝင်လာတဲ့ စစ်တပ်ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ် ပြီး အာဏာသိမ်းဖို့ စတင်ကြံစည် လှုပ်ရှားလာခဲ့ပါတယ်။
၁၉၅၈ စက်တင်ဘာ မိတ္ထီလာ တပ်မှူးညီလာခံမှာ တပ်မတော်ဝါဒသဘောထား ထုတ်ပြန်ခဲ့ပြီး ဒီလထဲမှာဘဲ အိမ်စောင့် အစိုးရ နာမယ်ခံ ပထမအကြိမ်အာဏာသိမ်းခဲ့ပါတယ်။ ဒီလိုအာဏာသိမ်းထားတာကို အခွင့်ကောင်းယူပြီး ၁၉၅၉ တပ်မ တော်အက်ဥပဒေကိုလဲ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကြောင့် တပ်မတော်ဟာ နိုင်ငံထဲမှာ ငါ့မင်းငါ့ချင်းဖြစ်သွားပြီး ကြည်း တပ်ဦးစီးချုပ်တယောက်တည်းရဲ့ အမိန့်ကိုသာ နာခံရတော့တဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဆိုက်ကိုဌာနကလဲ အိမ် စောင့်အစိုးရလက်ထက်မှာ တပ်မတော်ကသာ တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့အကြောင်း၊ တော်ကြောင်းကောင်း ကြောင်းတွေ နင်းကန်ဝါဒဖြန့်ပေးခဲ့ပါတယ်။
စစ်တပ်ဆိုက်ကိုဌာနဟာ ဗကပ၊ အလံနီ၊ ကေအဲန်ယူတို့ရဲ့ ဆိုးသွမ်းမှုဆိုတာတွေကို (ဥပမာ- ဖြူးတိုက်ပွဲ၊ ရထားဗုံး ခွဲမှု၊ တက္ကသိုလ်ကျောင်းသူတွေကို တရုတ်ဖြူဆီမှာ လက်နက်နဲ့လဲမှု) ပုံကြီးချဲ့ သို့မဟုတ် လုပ်ဇာတ်ဖန်တီး ထပ်တလဲ လဲဝါ ဒဖြန့်ပြီး ရခိုင်၊ တနင်္သာရီ၊ ကရင်၊ ကရင်နီ နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူသတ်မှုတွေ၊ လူ့အခွင့်အရေး ဖောက် ဖျက်မှုတွေ (ဥပမာ- လယ်ဝေး၊ တောပန်းဇင်၊ ပုလော၊ မြလဲ၊ လွိုင်လင်) ကို ဖုံးအုပ်ဖျောက်ဖျက်တာ လုပ်ပေးနိုင်လို့ ကွန် မြူနစ်နဲ့ တိုင်းရင်းသားသူပုန်တွေကို လူဆိုးလူရိုင်းတွေ၊ အကြမ်းဖက်သမားတွေ၊ ပြည်ထောင်စုဖြိုခွဲသူတွေ၊ စစ်တပ်ကို တော့ တကယ့်မျိုးချစ် သူတော်ကောင်း သူရဲကောင်းတွေအဖြစ် တပ်ထဲမှာရော၊ ပြည်သူလူထုထဲမှာပါ သရုပ်ဖျက် ပုံရိပ် ဖန်တီး စွဲမှတ်စေခဲ့ပါတယ်။
၁၉၆၂ ခု စစ်အာဏာသိမ်းပွဲဟာ တိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုတဲ့ ဖက်ဒရယ်အရေး အသံလွှင့်ရုံဆွေးနွေးပွဲ အ ကြောင်းပြခဲ့ပေမဲ့ ၁၉၆၁ ခု နိုဝင်ဘာလောက်ကတည်းက စီစဉ်ခဲ့တာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဝင် ဗိုလ်မှူး ချုပ်အောင်ကြီး နဲ့ ဗိုလ်မှူးချုပ်တင်ဖေတို့က ထုတ်ပြောခဲ့ကြပါတယ်။ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ရာကနေ နောက်ဆုံး တော့ အိမ်ကြီးကိုလုံးလုံးဖျက်ချပစ်လိုက်ပြီး ပုံမကျပန်းမကျအိမ်ငယ်က မင်းမူလိုက်တာဖြစ်ပါတယ်။ တကယ်တော့ အာဏာသိမ်းတဲ့အကြောင်းတရားတွေထဲမှာ ဦးနုရဲ့ပထစအစိုးရဟာ တမျိုးသားလုံးစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းဖို့ စဉ်းစားအားထုတ်လာတဲ့အတွက် တပ်တွင်းလက်ဝါးကြီးအုပ်အာဏာ လျော့ပါးထိခိုက်သွားမှာစိုးတာလဲ တ ကြောင်းပါပါတယ်။ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းစစ်အစိုးရလက်ထက် ၁၉၆၉ တပ်မှူးညီလာခံမှာလဲ အဲ့ဒီအချိန်တုံးက လုပ်စားနေတဲ့ “ဆိုရှယ်လစ်” မျက်နှာဖုံးနဲ့ကိုက်ညီရအောင် တမျိုးသားလုံးစစ်မှုထမ်းဥပဒေထုတ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ် အုပ်စုရဲ့ အထူးအခွင့်အရေးတွေ ထိခိုက်ဆုံးရှုံးမှာစိုးလို့ ဒီကိစ္စကို ချောင်ထိုးလိုက်ပါတော့တယ်။ ၁၉၆၉ ခုနောက်ပိုင်းမှာ တပ်မှူးညီလာခံကိုလဲ တခါမှမခေါ်တော့ဘဲ ၁၉၈၈ ဒီဘက်ပိုင်းကျမှ လေးလပတ်အစည်းအဝေးဆိုပြီး တနှစ် သုံးခါ တပ်မှူး တွေကို အစည်းအဝေးခေါ် ကွပ်ညှပ်နေပါတယ်။
ပြည်တွင်းစစ်ကိုအမှီပြုပြီး အင်အားကြီးထွား သြဇာမြင့်မားလာတဲ့စစ်တပ်ဟာ သူ့သြဇာအာဏာကို ခွဲပေးရမယ့် ဖက်ဒ ရယ်စနစ်၊ ဒီမိုကရေစီစနစ် နဲ့ လူတိုင်းစစ်မှုထမ်းစနစ်တို့ကို မလိုလားခဲ့တာ သဘာဝပါဘဲ။
ပထမအာဏာသိမ်းပွဲ သို့မဟုတ် အိမ်စောင့်အစိုးရလက်ထက်ကစပြီး စစ်ဗိုလ်တွေကို အထူးအရာရှိတွေအဖြစ် အရပ်ဖက် အစိုးရဌာနတွေမှာသွင်း အရပ်သားဝန်ထမ်းတွေအပေါ် လွှမ်းမိုးဗိုလ်ကျတာတွေ စလာခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပွဲ နောက်ပိုင်းမှာ ဒီလုပ်ရပ်ဟာပိုဆိုးလာပြီး နေရာတကာမှာ အခွင့်ထူးခံစစ်ဗိုလ်တွေကြီးစိုးချယ်လှယ်တာ ဖြစ်လာသလို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်လေးမှာလဲ စစ်ဗိုလ်တွေကို ဌာနဆိုင်ရာတွေနဲ့ ထွေ/အုပ်တွေထဲ အစုလိုက် အပြုံလိုက် ထည့်သွင်း ကြိုတင်နေရာချခဲ့ပါတယ်။ တပ်ချုပ်သန်းရွှေရဲ့အစီအစဉ်အောက်မှာ ဝန်ကြီးတွေအပါအဝင် အရပ်ဝတ်လဲ လိုက်တဲ့ စစ်ဗိုလ်တွေဟာ တပ်တွင်းထုံးတမ်းစဉ်လာသတ်မှတ်ချက်အရ အရပ်ဘက်ပြောင်းပြီး လေးလအထိ ယူနီဖောင်း ဆက်ဝတ်ခွင့်တောင် မရတော့ဘဲ အရပ်ဝတ်တမျိုးဘဲ မဝတ်မနေရဝတ်ရပါတယ်။
အရည်အချင်းညံ့ဖျင်းပြီး သက်ဆိုင်ရာပညာရပ် ကျွမ်းကျင်မှုမရှိတဲ့ စစ်ဗိုလ်တွေရဲ့ နှစ်ပေါင်း ၅၀ လွှမ်းမိုးချယ်လှယ်မှု အောက်မှာ တိုင်းပြည်ဟာ ဖွတ်တက်သွားခဲ့ပါတော့တယ်။ စစ်အလွှာအတွက် အခွင့်ထူးခံပညာရေး ကျန်းမာရေးစနစ် တွေလဲ ပေါ်ထွန်းလာပြီး သာမန်ပြည်သူတွေအတွက် ပညာရေး ကျန်းမာရေးတွေ ခြွတ်ခြုံကျပျက်စီးသွားခဲ့ပါတယ်။
စစ်တပ်ဟာ နယ်ဖက်အုပ်ချုပ်ရေးထဲ အတင်းဝင်နေရာယူ လက်ဝါးကြီးအုပ်သလို စီးပွားရေးနယ်ပယ်မှာလဲ MBA ဘွဲ့ရ တယောက်မှမပါတဲ့ ဦးပိုင်နဲ့ MEC တို့ဟာ ဈေးကွက်အခြေမခံဘဲ အာဏာကိုအခြေခံပြီး တမိုးလုံးဖျောက်ဆိပ် လက်ဝါး ကြီးအုပ်ထားပါတယ်။ ဗိုလ်ချုပ်မိသားစုတွေ ရှယ်ယာပါတဲ့ လက်ဝေခံ မသူတော်ဂိုဏ်းဝင် စီးပွားရေးသမားကြီးတွေကလဲ သာမန်ပြည်သူတွေ ဘယ်လိုမှမတိုးနိုင်အောင် နိုင်ငံဓနဥစ္စာတွေကို ထိန်းချုပ်ချယ်လှယ်နေပါတယ်။
၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်အောင်မြင့်တို့က တပ်မတော်မှာ အစဉ်အလာမရှိဖူးတဲ့ စည်းကော် (စည်းရုံးရေးကော်မတီ) ကိုထူထောင်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေအားလုံးရဲ့ နေ့စဉ်ဘဝတွေကို အကြွင်းမဲ့ ချုပ်ကိုင်လိုက်ပါတယ်။ (မဆလခေတ်တုံးက တပ်မတော်ပါတီစည်းရုံးရေးကော်မတီတွေကတော့ ပါတီလိုင်းကိုပဲ သွတ် သွင်းခဲ့ပါတယ်။) အတိုက်အခံတွေ၊ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာ ဆုံးရှုံးအောင် လုပ်နေသူတွေ၊ ပြည်ထောင်စုပြိုကွဲအောင်လုပ်နေသူတွေ၊ မျိုးချစ်စိတ်မရှိသူတွေ၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ် နေသူတွေအဖြစ် တပ်ကို သတင်းအမှားပေးတဲ့နည်း misinformation/disinformation နဲ့ ရန်သူအဝိုင်းခံစိတ်နေစိတ်ထား သက်ရောက် စိုးရိမ်ချောက်ခြားနေအောင် တောက်လျှောက် ကောက်ကောက်ကျစ်ကျစ် လုပ်ထားခဲ့ပါတယ်။
၁၉၅၀ ခုနှစ်များအလယ်ပိုင်းလောက်ကစပြီး စစ်တပ်ကို ပုံစံသွင်းခဲ့တဲ့အတွက် ဒီကနေ့ တစညဖြစ်စေ၊ ထောက်လှမ်း ရေး ချုပ် ဗိုလ်ခင်ညွန့်ဖြစ်စေ စစ်လက်ဝါးကြီးအုပ်ရည်ရွယ်ချက်အတွက်ဘဲ သသဏ္ဌာန်အမျိုးမျိုးနဲ့ လုံးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ ဒီမိုကရေစီစနစ်တို့၊ နိုင်ငံတကာကစံထားတဲ့ အရပ်သားအုပ်ချုပ်ရေးစစ်စစ်တို့ကို စိတ်ကူးတာ မဟုတ်ပါ။ ဒါပေ မဲ့ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်တဲ့အတွေးအခေါ်ကနေ ကျဉ်းမြောင်းတဲ့ဂိုဏ်းဂဏဝါဒ၊ အစွန်းရောက် မဟာဝါဒတွေ မလွဲ မသွေပေါက်ဖွားစေတဲ့အတွက် လက်ရှိဗိုလ်ချုပ်တွေထက် စစ်ရေးစစ်ရာမှာ အပုံကြီးသာတဲ့ ဗိုလ်ထွန်းရီ၊ ဗိုလ်သန်းတင်၊ ဗိုလ်တင့်ဆွေတို့ဦးစီးတဲ့ တစည ကိုတောင် နေရာမပေးနိုင်အောင် သန်းရွှေ-သိန်းစိန်စစ်အုပ်စု က မစ္ဆရိယစိတ်များလှပါ တယ်။
ရေရှည်စနစ်တကျပုံစံသွင်းဖျက်ဆီးခံခဲ့ရတဲ့ စစ်တပ်ဟာ အရေအတွက် အရည်အသွေး အရည်အချင်းတွေ ကျဆင်းလာ တာ မဖုံးနိုင်မဖိနိုင် ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ၂၀၁၁ ခု အောက်တိုဘာ ၂၅ ရက် ဗန်းမော်ခရိုင်တွင်းက တိုက်ပွဲမှာ လက်အောက်ငယ်သားတွေ အသက်ဆုံးမှာကိုငဲ့ကွက်ပြီး အမိန့်မရဘဲ စစ်မြေပြင်ကဆုတ်ခွာခဲ့တဲ့အတွက် စကခ-၂၁ လက်အောက်ခံ ခလရ ၄၇ တပ်ရင်းမှူး ဗိုလ်မှူးညီညီအောင် (တေဇ အပတ်စဉ် ၂၅) ထောင်ဒဏ် ၂၅ နှစ်၊ ဗိုလ်ကြီးဖြိုးဝေ အောင် ထောင်ဒဏ် နှစ် ၂၀၊ အခြားအဆင့် ၁၂ ဦး ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ တပ်မ ၈၈ ရဲ့ ခမရ ၃၁၇ ကအရာရှိတွေလဲ ဒီဇင်ဘာ ၁၀ ရက်နေ့ ခိုင်ဘန်တိုက်ပွဲမှာ အကြီးအကျယ်စစ်ရှုံးခြင်းပြစ်မှုနဲ့ စစ်ခုံရုံးတင်ခံရပါတယ်။
အောက်တိုဘာ-နိုဝင်ဘာထဲမှာ မပခ လက်အောက်ခံ ခလရ ၂၁၊ ခလရ ၃၇၊ ခလရ ၅၈၊ ခလရ ၂၆၀၊ ခမရ ၄၃၇ နဲ့ တ ခြားတပ်ရင်း ၂ ရင်းက တပ်ရင်းမှူးတွေလဲ ထုတ်ခံရ သို့မဟုတ် ရာထူးချခံရပါတယ်။ စကခ-၂၁ လက်အောက်ခံ ခမရ ၄၃၈ တပ်ရင်းမှူး နဲ့ ဒကစ(တနိုင်း) လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းမှူးတို့ကတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။
စစ်ရပ်စဲဖို့ပြောတဲ့ သမတအမိန့်ကို တပ်ကမနာခံတာမဟုတ်ဘဲ ယူနီဖောင်းချွတ်တွေက ဘယ်လိုပြော၊ ယူနီဖောင်း ဝတ် တွေက ဘယ်လိုလုပ်ဆိုပြီး တပ်ချုပ်ကြီးသန်းရွှေ ဇာတ်ညွှန်းဆွဲ စီစဉ်ညွှန်ကြား ဇာတ်တိုက်ခဲ့ပေမဲ့ မထင်တာတွေက ဖြစ် လာလို့ ကြံ့ဖွတ်စစ်ခေါင်းဆောင်တွေ ရှက်ရမ်းရမ်း ရှုံးမဲမဲနေတာလဲ တွေ့ရသလို ပေါက်ကွဲလုဆဲ အောက်ခြေတပ်တွေ ကြောင့် တနပ်စားငြိမ်းချမ်းရေးတွေ ဒရောသောပါးလိုက်လုပ်နေတာလဲ တွေ့ရပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ခွဲမရတဲ့ တပ်မတော်ပြင်ဆင်ပြောင်းလဲရေးအတွက် တလက်ကိုင်စနစ် ဖျက်သိမ်းရေး၊ တပ် မတော်သားအခွင့်အရေး အပြည့်အဝပေးရေး နဲ့ တပ်မတော်သားသမဂ္ဂ ဖွဲ့စည်းရေး၊ ပုဒ်မ ၆၅ နဲ့တကွ တပ်မတော် အက် ဥပဒေထဲက မူမမှန်တဲ့အပိုင်းတွေကို ဒီမိုကရေစီနည်းကျကျ ပြန်လည်သုံးသပ်ပြင်ဆင်ရေး သို့မဟုတ် တပ်မတော် အက် ဥပဒေ နည်းဥပဒေတွေ အသစ်ပြန်ဆွဲရေး၊ ဦးပိုင် နဲ့ မသူတော်စီးပွားရေးဖျက်သိမ်းရေး၊ အစိုးရဌာနတွေထဲက မိုးကျရွှေ ကိုယ်များ ဖယ်ရှားရေး၊ ရေးချုပ် ထောက်ချုပ် ထုတ်ချုပ် ကျင့်ချုပ် စရခချုပ် စစ်ဆေးရေးချုပ်တွေကို ကြည်းတပ်လက်ဝါး ကြီးအုပ်မှု တပ်ချုပ်လက်ဝါးကြီးအုပ်မှုပယ်ဖျက်ရေး၊ ကကဝယ်ကို ပညာရှင်တွေနဲ့ သက်ဆိုင်ရာလက်ရုံး တွေဦးစီးရေး၊ ဦးစီးချုပ်တွေကို ပြည်သူ့ကိုယ်စားလှယ်တွေက ထိန်းချုပ်ရေး စတာတွေလုပ်ဖို့ အရေးတကြီး လိုလာပါပြီ။ ဘယ်သူလုပ် လုပ် မလုပ်လုပ် သောက်သောက်လဲအသေခံနေရ၊ စက်နဲ့လှည့်ထုတ်သလို ဒုက္ခိတဖြစ်နေရ၊ မိသားစုတွေ နောက်တန်း မှာ စားရမဲ့သောက်ရမဲ့ဘဝဖြစ်နေရတဲ့ အောက်ခြေတပ်မှူးတပ်သားတွေကတော့ စစ်မှန်တဲ့ တပ်မတော်အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားကို မဖြစ်ဖြစ်အောင်လုပ်ဖို့ တာစူနေပါပြီ။
ကလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မ ၅၅ ရဲဘော်တွေ ယူနီဖောင်းဝတ်ပြီး ပြောင်ထွက်ကြိုခဲ့တာ အကင်းပဲ ရှိပါ သေးတယ်။
ဂါမဏိ
မြန်မာနိုင်ငံမှ ထူးဆန်းသော မြေအရောင်းအ၀ယ် စာချုပ် အမှုဆန်းလေးပါ.......

ကျွန်တော် ဒီပို့စ်ကို တင်ပေးလိုက်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာထူးခြားတဲ့ဖြစ်စဉ်လေးတွေ၊ မထင်မှတ်တာတွေ ထဲက တစ်ခုဖြစ်တဲ့ သေပြီးသားလူတစ်ယောက်ရဲ့လက်မှတ်အတုကိုအသုံးပြုပြီး သေသူရဲ့မိသားစုဝင်တွေတောင် မသိလိုက်ရပဲ မြေ အရောင်းအ၀ယ်စာချူပ်ချူပ်ခဲ့တာပါပဲ။ ဒါ့အပြင် တရားရုံးကနေတောင် အနိုင်ဒီဂရီ ရအောင် ( မည်သို့လုပ်လိုက်သည် မသိ ပေါ့ဗျာ...ဟင်း..ဟင်း) လုပ်ခဲ့တော့

လက်ရှိ အဲဒီမြေမှာနေထိုင်နေတဲ့ မိသားစုဝင်တွေခမျာ ဘာအကျိုးအမြတ်မှမရပဲ နေရာဖယ်ပေးရမလိုဖြစ်နေကြရတယ်။ သက်ဆိုင်ရာကိုတိုင်ကြားတော့လဲ လက်ရှောင်နေကြတယ် (ဘာလို့လဲ မသိဘူးနော်၊ အင်း...အပူလောင်ခံရမှာစိုးလို့နဲ့တူတာပဲ၊ သဘောပေါက်တယ်နော်...)

ထူးဆန်းတာက အဲဒီလို လုပ်ခဲ့သူက မိန်းမတစ်ယောက်ဖြစ်နေတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကြားဘူးခဲ့တဲ့ စုန်းမ လားမသိဘူးနော်။စဉ်းစားကြည့်လေ ၊လွန်ခဲ့တဲ့အနှစ် လေးဆယ် လောက်က သေပြီးသားလူကို ပြန်ခေါ်ပြီးလက်မှတ်ထိုးခိုင်းနိုင်တော့လေ။ထားပါတော့ဗျာ။

ကျန်တဲ့လူတွေလဲ သတိထားလို့ရအောင် အဲဒီဖြစ်စဉ်လေးကို တင်ပေးလိုက်ပါတယ်။လေ့လာကြည့်ရှု သတိပြုပေါ့ဗျာ...။မြေတစ်ကွက်ပိုင်ဆိုင်သူတိုင်း သိထားသင့်သော မြေအမှု့
- သင်ကိုယ်တိုင်း မသိရှိဘဲ ၊ မရောင်းချလိုက်ရဘဲ သင့်ပိုင်ဆိုင်သော
မြေကွက်အား ဆုံးရှုံးနိုင်ပါသည်။
- ဘယ်လိုဆုံးရှုံးသွားနိုင်ပါသလဲ။
- ဘယ်လိုလုပ်ဆောင်သွားပါသလဲ

သင့်မြေကွက်အား ဤကဲ့သိမဖြစ်ရန် သိထားသင့်သော အမှု့တစ်ခု

ဒေါ်ယမင်းလတ် (အထက်တန်းရှေ့နေ) နှင့် သင်္ဃန်းကျွန်းမြို့နယ်
မြေတိုင်းရပ်ကွက် (၁၅) မြေကွက်အမှတ် ၂ (ခ) ၊ ၃(ခ) ကိုရပြီး မြေကွက်
အမည်ပေါက်ပိုင်ရှင် ဦးကိုကား ( လွန်ခဲ့သောနှစ် (၄၀)ကျော် ၁၇၊ ၁၁၊ ၁၉၇၁
တွင်ကွယ်လွန်)တို့၏ အမှု့လွန်ခဲ့သောနှစ် (၄၀) ကျော်က သေဆုံးသွားခဲ့သော မြေအမည်ပေါက်ပိုင်ရှင်
ဦးကိုကားအား ဒေါ်ယမင်းလတ်မှ ဘယ်လိုတရားစွဲသလဲ?

လွန်ခဲ့သောနှစ် (၄၀)ကျော်က သေဆုံးသွားခဲ့သော မြေအမည်ပေါက် ပိုင်ရှင်
ဥိးကိုကားအား ဒေါ်ယမင်းလတ်မှ ဘယ်လို တရားစွဲမလဲ ?
ဒေါ်ယမင်းလတ်သည် ကျိုက္ကဆံအနောက်ပိုင်းရပ်ကွက် မြေတိုင်းရပ်ကွက် (၁၅)
မြေအကွက်၂(ခ) တွင် တသက်လုံးနေထိုင်လျှက် ၊ ယင်းကျိုက္ကဆံအနောက်ရပ်ကွက်၌ပင်
လွန်ခဲ့သော နှစ်ေ (၄၀)ကျော်က ကွယ်လွန်ခဲ့သော ဦးကိုကားအား တခါမှ
မနေထိုင်ခဲ့ဖူးသော အမှတ် ၈/၂၁၃၊ ညီညွတ်ရေးလမ်း၊ င/က ရပ်ကွက်လိပ်စာတပ်၍
၂၀၀၉ ခုနှစ် ဖေဖ၀ါရီလ ၂၁ ရက် ရက်စွဲဖြင့် ဖြေအရောင်းအ၀ယ်စာချုပ်အတုကို
ပြုလုပ်ဖန်တီးလျှက် ၎င်း၏ခင်မွန်းဖြစ်သူနှင့် မိတ်ဆွေရှေ့နေတစ်ဦးအား
သက်သေထား၍ စာချုပ်တု ကို ချုပ်ဆိုခဲ့ပါသည်။
ထို့နောက် ဒေါ်ယမင်းလတ်သည် မြေအရောင်းအ၀ယ်စာမှတ်ပုံတင်ရန် ဦးကိုကား (မြေအမည်ပေါက် ၊ လက်ရှိနေထိုင်သူများ၏ မိသားစုဝင်)
နေထိုင်ခဲ့ဖူးခြင်းမရှိသော ၈/၂၁၃ ညီညွတ်ရေးလမ်း ၊ င/က ရပ်ကွက်သို့
လိပ်မူ၍ မှတ်ပုံတင်ပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့ပါသည်။
ပြန်ကြားချက်မရသဖြင့် တရားလိုရှေ့နေမှ တဆင့် အကြောင်းကြားစာကို (၉၊၈၊၂၀၁၁) တွင့် ပေးပို့ပြီးနောက် ဦးကိုကား( သေဆုံး)သူထံမှ
လက်ခံရရှိဟန်ဖြင့် လက်မှတ်တု ရေးထိုးဖန်တီးခဲ့ပါသည်။
ဦးကိုကား (သေဆုံး)သူမှာ စာလက်ခံရရှိသောလည်း
မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ပျက်ကွက်သဖြင့် ဒေါ်ယမင်းလတ်မှ
မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးစေလိုမှု့ စွဲဆိုရာ ၉၀/၂၀၁၁ ဖြင့်
အနိုင်ဒီကရီ ၅၆/၂၀၁၁ ဇာရီမှု့များအား အနိုင်ရယူခဲ့ပါသည်။
မြို့ပြစီမံကိန်းမြေပုံကူးလျှောက်သည့် မြေကွက်လိပ်စာမှန်ဖြင့်
ကန်ကွက်နိုင်ကြောင်း ကြေငြာသည့်အခါမှ ဦးကိုကား(သေဆုံး)၏
သားသမီးများသိရှိခဲ့ရပါသည်။
သို့ပါ၍
၁။ အမည်ပေါက်သေဆုံးသူနှင့် စာချုပ်အတု ချုပ်ဆိုးခြင်း
၂။ သေဆုံးသူ အမည်ပေါက် ဦးကိုကား၏ မိသားစု သားသမီးများ မရှိသည့်
နေရပ်သို့ အကြောင်းကြားစာ အကြိမ်ကြိမ်ပေးပို့ပြီးနောက်
ရှေ့နေအကြောင်းကြားစာအား ဥိးကိုကားမှ လက်ခံရရှိကြောင်း အတုဖန်တီးမှု့
၃။ လက်ခံရရှိသောလည်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ပျက်ကွက်မှု့ဖြင့် တရားဆွဲမှု့
၎။ သတင်းစာကြေငြာတွင်လည်းဦးကိုကား(သေဆုံး)နှင့် မိသားစု သားသမီးများ
မရှိသော လိပ်စာဖြင့် ကြေငြာခဲ့ခြင်း
တို့ပြုလုပ်ခဲ့သဖြင့် ဦးကိုကား၏ မိသားစု သားသမီးများမှာ ဘာဆိုဘာမျှ
မသိရှိလိုက်ရဘဲ မြေယာဆုံးရှုံးရမည့် အခြေအနေဆို့ရောက်ရှိနေပါသည်။
( ဒီလို ဗြောင်လိမ်ဗြောင်စား လုပ်ရဲတယ် ဆိုကတည်းက ဘယ်လို လူမျိုးတွေလဲဆိုတာ သိကြမယ်လို့ထင်ပါတယ် နော်...
ကဲ...ဥပဒေ နားလည်သူများကို အကူအညီတောင်းချင်တာက အကြောင်းမဲ့ မိဘဘိုးဘွားပိုင်မြေ ဆုံးရှုံးခံရနိုင်တဲ့ မိသားစု
အတွက် အကြံဥာဏ် လေးများပေးကြပါလို့ အနူးအညွတ် တောင်းခံပါရစေဗျာ....)

E-BOOK များဒေါင်းလုပ်လုပ်ရန်လင့်များ(Aung Lat ဖေ့ဘုတ်စာမျက်နှာမှတဆင့်ကူးယူဖေါ်ပြပါသည်)

by Aung Min on Wednesday, February 29, 2012 at 2:34pm ·
၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် ...
၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..
၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် ..
၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..
၅ ။ http://freecomputerbooks.com/
 ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.. ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် ... ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များများ ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..
 ၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ ... မြန်မာလိုစာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့ Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် ...
၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။
၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။
၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။
၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)
 ၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..
၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် ...
၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ် ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် ...
၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..
စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် ...ကျွန်တော်အနေနဲ့လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် ... ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် .. အဆင်ပြေပါစေလို့ ဆုတောင်းလျက် ...

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ခင်ရီမျက်နှာကို ခြေထောက်နဲ့ ကန်ကျောက်တဲ့  ဆော်ဒီအာရေဗျ သံအမတ်ကြီး ဦးခင်ဇေါ်ဝင်း


ဆော်ဒီအာရေဗျ က လာတဲ့  သတင်းအရ ဖေဖေါ်ဝါရီလ ၁ရ-နေ့ မှာ ဆော်ဒီအာရေဗျနိုင်ငံ မြန်မာသံအမတ်ကြီး ဦးခင်ဖေါ်ဝင်းကို မြန်မာနိုင်ငံအတွင်းက သမိုင်းလိမ်ကုလားတွေက ဂုဏ်ပြုဧည့်ခံ ညစာထမင်းကျွေးပွဲ တခုကို ( Jeddach ) မြို့ က ဟိုတယ်တခုမှာ ခန့် ခန့် နားနား ပြုလုပ်ပေးခဲ့ ကြပါတယ်။ ဒီအချိန်ဟာ သမတဦးသိန်းစိန်အစိုးရက ၂၀၁၁-ခုနှစ်မှာ မြန်မာနိုင်ငံဒီမိုကရေစီစနစ်ဆီသို့  ပြောင်းလဲရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြုလုပ်နေချိန်ဖြစ်ပါတယ်။ ၂၀၀၉-ခုနှစ်က မြန်မာနိုင်ငံအတွက် လှေစီးပြေး ကုလားတွေက အိမ်နီးချင်း နိုင်ငံကို ပင်လယ်ဖြတ်လို့  ရောက်လာချိန်မှာ ဟောင်ကောင်က မြန်မာစစ်ကောင်ဝန် ဦးရဲမြင့်အောင်က သူတို့ အကြောင်းကို သိလို့  ဒီကောင်တွေဟာ ဘီလူးသရဲသဖက်လို ရုပ်ဆိုးတဲ့  သမိုင်းလိမ် လူမျိုး သာဖြစ်တယ် ဆိုပြီးတော့ ထုတ်ဖေါ်ပြောဆိုပြီး သူတို့ ရဲ့  ဇါတိအခြေအနေမှန်ကို ထုတ်ဖေါ်ပြလိုက်ပါတယ်။
၂၀၁၂-ခုနှစ်က ကျင်းပခဲ့တဲ့  ပြည်သူ့ လွှတ်တော် မှာလဲဘဲ ပြည်ထဲရေးဝန်ကြီး ဦးခင်ရီက ဒီခေါ်တောဘင်္ဂလီကုလားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်းလာတဲ့  သူတွေသာ ဖြစ်တယ်လို့  ထုတ်ဖေါ်ကျေညာလိုက်ပါသေးတယ်။ ပြည်သူ့ လွှတ်တော်မှာတောင် သူတို့ တွေနဲ့  ပါတ်သက်လို့  အရေးတကြီး တင်ပြနေရတဲ့  သူတို့ တွေရဲ့  ကောက်ကျစ်တဲ့  လုပ်ရပ်တွေကို ဆော်ဒီအာရေဗျ မြန်မာသံအမတ်ကြီး ဦးခင်ဇေါ်ဝင်းက ဘာဖြစ်လို့  ခုလို လက်ခံ တွေ့ ဆုံ ကြရတာလဲ ဆိုတာ မေးခွန်းတွေ ထုတ်စရာ ဖြစ်လာနေပါပြီ ။
ဒီလိုတွေ့ ဆုံပွဲမှာ နောက်ခံ ဆိုင်းဘုတ်ရဲ့  စာသားမှာကျတဲ့ အခါတော့ ဦးခင်ဇေါ်ဝင်းကို ဧည့်ခံကျွေးမွေးခြင်း ဆိုတဲ့  စာသားကိုသာ ဖေါ်ပြထားတာ တွေ့ မြင်ရမှာပါ။ ဒါပေမဲ့  သူတို့ တွေရဲ့  တွေ့ ဆုံ ဆွေးနွေးနေတာနဲ့  ပါတ်သက်လို့  ဦးခင်ဇေါ်ဝင်းကလဲဘဲ ခုအချိန်မှာ ပြည်သူ့ လွှတ်တော်ကိုရော ပြည်ထဲရေးဝန်ကြီး ဦးခင်ရီကိုရော သမတဦးသိန်းစိန်ကိုရော တင်ပြခြင်း အကြောင်းကြားခြင်း မရှိသေးဘူးဆိုတာ သိသာနိုင်ပါတယ်။ ဦးခင်ဇေါ်ဝင်းကို ထမင်းကျွေးပြီး တောင်းဆိုတဲ့ အချက်တွေထဲမှာ ဆော်ဒီအာရေဗျက သူတို့ အခေါ် ( ရိုဟင်ဂျာ ) လူမျိုးကို မြန်မာနိုင်ငံသားအဖြစ် ပါ့စ်ပို့ မှာ အသိအမှတ်ပြု မှတ်ပုံတင်ထားပေးရေး။ ဆော်ဒီအာရေဗျ နိုင်ငံ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံနေရတဲ့  သူတို့  ခေါ်တော ဘင်္ဂလီ ( သူတို့ အခေါ် -ရိုဟင်ဂျာ ) လူမျိုးကို မြန်မာနိုင်ငံရှိ သူတို့ နေအိမ်သို့  ပြန်လည်ပို့ ဆောင်ပေးရေး။ နိုင်ငံတကာနဲ့  မြန်မာနိုင်ငံအတွင်းမှာ ဆုံးရှံးခံနေရတဲ့  သူတို့ ရဲ့  မွေးရာပါအခွင့်အရေးတွေကို ရရှိစေရေးနဲ့  -Jeddach ) မြို့ မှာ မြန်မာစာသင်ကျောင်း ဖွင့်လှစ်ခွင့် ဆောင်ရွက်ပေးရေး စတာတွေကို တောင်းဆိုတင်ပြကြတယ် ဆွေးနွေးကြတယ်လို့  သိရပါတယ်။
ဒီလိုလုပ်ပြီး ဧည့်ခံထမင်းကျွေးတာဟာ သူတို့ ရဲ့  အခွင့်အရေးတွေကို ရရှိစေဖို့ အတွက် သွေးဆောင်တိုက်တွန်းနေတယ်လို့  ယုံကြည့်နေကြပါပြီ ။ ရာစုနှစ်တ၀က်ကျော်လောက် သူတို့  လူမျိုးတွေဟာ မြန်မာနိုင်ငံနဲ့  နိုင်ငံတကာမှာ ကြောက်ကြောက်ရွံ့ရွံ့ နဲ့ နေကြရပါတယ်လို့  တင်ပြကြတယ်လို့  သိရပါတယ်။ ဒီလိုဆိုရင် ဆော်ဒီအာရေဗျ နိုင်ငံ မြန်မာသံအမတ်ကြီး ဦးခင်ဇေါ်ဝင်းက ဘာဖြစ်လို့  သူတို့ လို ခေါ်တောဘဂ်လီကုလား လူမျိုးကို ပြည်ထဲရေးဝန်ကြီး ဦးခင်ရီရဲ့  ပြည်သူ့ လွှတ်တော်မှာ ရှင်းပြခဲ့ တာကို မဖြေရှင်းခဲ့ တာလဲ ဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။ ထမင်းတလုပ်ထက် ဒေါ်လာ ဘယ်လောက် ရသွားတယ် ဆိုတာကို မေးခွန်း ထုတ်ရတော့မှာဖြစ်ပါတယ် ။ သေချာတာကတော့ ဆော်ဒီအာရေဗျ နိုင်ငံ မြန်မာသံအမတ်ကြီး ဦးခင်ဇေါ်ဝင်းဟာ ငါးစာကို မြင်ပေမဲ့  ငါးမျှားချိတ်ကို မမြင်ဘူးလို့  မပြောနိုင်တဲ့  သံတမန်ဆိုင်ရာ နဉ်းပညာတွေကို နားမလည်တဲ့  သူမဟုတ်ပါဘူးလို့  ထင်ပါတယ်။ ဒီတော့ အသေချာဆုံးဖြစ်နေတာကတော့ ပြည်ထဲရေးဝန်ကြီး ဦးခင်ရီရဲ့ မျက်နှာကို ဦးခင်ဇေါ်ဝင်းက ခြေထောက်နဲ့  ကန်ကျောက်လိုက်တာလို့  ပြောရမှာဘဲလို့  ထင်ကြောင်းပါဗျာ ။။။။။။။။

အောင်သာနီ

 

Let's Talk Honestly and Frankly- ရိုးရိုးသားသားနဲ. ပွင့်ပွင့်လင်းလင်ပြောဆိုကြပါ။ မျော်လင့်ချက် တလွဲတွေ မထွက်ဖို. လိုပါသည်။


Let's Talk Honestly and Frankly- ရိုးရိုးသားသားနဲ. ပွင့်ပွင့်လင်းလင်ပြောဆိုကြပါ။ မျော်လင့်ချက် တလွဲတွေ မထွက်ဖို. လိုပါသည်။ ပကတိ အရှိတရားကို မြင်တတ်ဖို. လိုပါသည်။ ဆွေးနွေးဖို. လိုပါသည်။ မြန်မာပြည်ကို နိုင်ငံ ခြားအစိုးရတွေ၊ အဖွဲ.အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြား လာကျ တွေ.ကျ ဆွေးနွေးကျ စကားပြောကျတာတွေ ရှိနေပါသည်။
ဒါတွေဟာ သက်ဆိုင်ရာ အစိုးရတွေ အဖွဲ.အစည်းတွေက သူတို. အကျိုးစီးပွားအတွက် သူတို.ကိစ္စအတွက် သူတို. လာနေခြင်း လုပ်နေခြင်းဆိုတာ ပြည်သူအများ သဘောပေါက် နားလည်အောင် ပြောဆိုကျဖို. လိုပါသည်။
မြန်မာပြည် ဒီမိုကရေစီနဲ. တိုင်းပြည် ဖွံ.ဖြိုးရေးအတွက် အလကားသက်သက် ၀န်ဆောင်မှု ပေးဖို. လုပ်အားပေးဖို. အခမဲ့ မေတ္တာ စေတနာနဲ. ကူညီဖို. မဟုတ်ပါ။ သူတို.အကျိုးအတွက် သူတို.အလုပ် သူတို.လုပ်နေခြင်းသာ ဖြစ်ပါသည်။ ဒါကို ကယ်တင်ရှင်တွေ ကျေးဇူးရှင်တွေလို မျိုး အများပြည်သူတွေ ထင်ရောင် ထင်မှား ဖြစ်အောင် မလုပ်သင့်ပါ။
နိုင်ငံခြားဧည့်သည်တွေ၏ သူတို.အကျိုး။ သူတိုအလုပ်အတွက် လာပြီး သတင်းအချက်အ လက်တွေ စုံစမ်းခြင်း မေးမြန်းခြင်းနဲ. အခြေအနေတွေ လာကြည့်နေကြခြင်း ဖြစ်တာကို အမှန် အတိုင်း နားလည်အောင် ရှင်းပြရမှာပါ။ မြန်မာပြည်သူတွေနဲ. မြန်မာနိုင်ငံအတွက် လုပ်နေတာ မဟုတ်ပဲ သူတို.ကိစ္စ သူတို.အလုပ်ကို အလုပ်သဘောအရ လုပ်ကျကိုင်ကျတာပါဆိုတာ ပြော ပြဖို. လိုပါသည်။ မဟုတ်လျင် မလိုအပ်တဲ့ မျှော်လင့်ချက်တွေ ထားနေပြီး ကယ်တင်ရှင် မေတ္တာရှင် ဂရုဏာရှင်တွေ မြန်မာပြည်ကိုလာပြီး ဝေသန္တရာ= ဇာတ်ခင်းနေတာ မဟုတ်ပါ။
ဒီနိုင်ငံခြားသားကိုယ်စားလှယ်တွေဟာ မြန်မာပြည်ကို မလာခင်ကတည်းက သူတို.နဲ. တွေ. မယ်သူတွေ ဆွေးနွေးမည့် အဖွဲ.အစည်းတွေအကြောင်း လေ့လာထားတာမို. မြန်မာပြည်ဖက် က သူတို.နဲ. စကားပြော ဆွေးနွေးမည့် လူတွေအကြောင်း Information, Record and Data တွေ သိထားရှိထားသူတွေပါ။ ဒီလူတွေ ဘယ်သူဘယ်ဝါဆိုတာ ကြိုပြီး လေ့လာထားပြီးမှ လာ တာပါ။ အကြောင်းရှိပါသည်။ ပြင်ဆင်လေ့လာပြီးမှာ လာခြင်းဖြစ်ပါသည်။
မြန်မာဖက်ကတော့ ကိုယ်နဲ. လာပြီး တွေ.ဆုံဆွေးနွေးတဲ့ လူတွေနဲ. သူတို. အဖွဲ.အစည်းတွေ မူဝါဒတွေကို ဃဃဏဏ သိတာမဟုတ်ပဲ လူနာမည်နဲ. အဖွဲ.အစည်းနာမည်တောင် မနည်း မှန်အောင် ခေါ်ဖို. ကြိုးစားရတဲ့အခြေအနေပါ။ ဒီလာတဲ့ဧည့်သည်တွေဟာ ဘာကောင်တွေ ဘာတွေလုပ်တယ်ဆိုတာ တကယ်တော့ ထဲထဲဝင်ဝင် သိတာမဟုတ်ပါ။  ဘယ်နိုင်ငံက လူ တွေ။ ဘယ်အဖွဲ.အစည်းတွေနဲ. တွေ.ကျတယ်ဆိုတဲ့ Photo Ops လောက်ပဲ ပြစရာ ရှိတာပါ။ ဒါမျိုး ပြည်ပရောက်တွေလဲ ကမ္ဘာပတ်ခါစတုံးက အရမ်းသဘောကျတာပါ။
ဒီတော့ လူတွေက ထင်ကုန်မှာပေါ။ ငါတို. မြန်မာခေါင်းဆောင်တွေလဲ နိုင်ငံခြားကိုယ်စားလှယ် တွေနဲ. အများကြီး တွေ.နေပြီ မကြာခင် အကူအညီတွေ ၀င်လာမည်။ နိုင်ငံခြားသားတွေက တို.ကိုယ် အများကြီး ကယ်ကြမည်။ ကူကြမည်လို. လွဲမှားစွာ နားလည်စေနိုင်သည်။ ဒါကို အမှန်အတိုင်း ပကတိအတိုင်းရှင်ပြဖို. လိုပါသည်။
အရင် မဆလခေတ် ဦးနေ၀င်းခေတ်တုန်းကလဲ ရန်ကုန်မှာ ရှိတဲ့ နိုင်ငံခြားသား သံအမတ်က သံအမတ်ခန်.အပ်လွှာပေးတာကို သတင်းစာထဲ TV တွေထဲမှာ ခေါင်းကြီးပိုင်း သတင်းတွေ ထည့်ပြီး လူတွေ ထင်ရောင် ထင်မှားဖြစ်စေခဲ့ပါသည်။ နိုင်ငံခြားအစိုးရတွေနဲ. တကယ်ပဲ ဆက် ဆံရေးကောင်းနေသလိုလို- ကိုယ်ကို အားပေးထောက်ခံသူတွေ များနေသယောင် အထင်မှား အောင်လုပ်ခဲ့တာတွေ ရှိပါသည်။ ဒါတွေ ထပ်ပြီး မမှားအောင် မလုပ်မိအောင် ဆင်ခြင်ဖို. လိုပါ သည်။ သံအမတ်က သံအမတ်ခန်.အပ်လွှာပေးတာ ထုံးတမ်းစဉ်အလာ သမာရိုးကျ လုပ်ရတဲ့ ပုံမှန်အလုပ်ပါ။ သူအလုပ် သူလုပ်တယ်လို. ဆိုရမည်ဖြစ်ပါသည်။ အခုလဲ နိုင်ငံခြားကိုယ်စား လှယ်တွေ ဧည့်သည်တွေက သူတို.အကျိုးအတွက် သူတို.အလုပ် လုပ်တဲ့ကိစ္စတွေကို ကိုယ့် ဘဲ လာပြီး ကယ်တယ်မည့်သူတွေလို. လူတွေ နားလည်မှု မလွဲအောင် အမှန်အတိုင်း ပြောရ မည် ဖြစ်ပါသည်။
အကျိုးစီးပွားဆိုရာမှာလဲ တချို.ကိစ္စတွေက သူတို. အကျိုးစီးပွားနဲ.ကိုယ့်အကျိုးစီးပွာ ထပ်တူ ကြတာတွေ ရှိနိုင်သလို ဆန်.ကျင်ဖက် တိုက်ရိုက် ထိခိုက်နိုင်တာလဲ ရှိပါမည်။ ဒါတွေကို သတိ ထားပြီး ကိုယ့်ဖက်က ကိုယ့်အလုပ်ကိုပဲ လုပ်ဖို.နဲ. တပါးသူကို အလကား သွားပြီး ကယ်တင် ရှင် ထင်အောင် မချယ်မှုန်းမိဖို. အထူးလိုတာပါ။
အမေရိကန်အစိုးရက အာဏာရှင် အီဂျစ်အစိုးရ မူဘာရပ်ကို ဒေါ်လာ ဘီလျံချီပြီး အကူအညီ တွေ နှစ်ပေါင်းများစွာ ပေးခဲ့သော်လဲ အခု လူထုက ရွေးချယ်တဲ့ ပါလီမန်စနစ်လဲ ပေါ်လာနေ တယ် စာနယ်ဇင်းနဲ. နိုင်ငံရေး လွတ်လပ်မှုတွေလဲ အရင်ထက် ပွင့်လာတယ်-- အုပ်ချုပ်သူ စစ်ကောင်စီဆိုတာလဲ မူဘာရပ်၏ လူရင်းဗိုလ်ချုပ်တွေ ဖြစ်နေတာတောင်  သူအကျိုးစီးပွား ထိခိုက်လာတဲ့အခါ အခုဆိုရင် အီဂျစ်ကိုအကူအညီတွေ ဖြတ်ဖို. အမေရိကန်တွေ လုပ်နေပါပြီ။
ဒါကြောင့် ဒီမိုကရေစီ လွတ်လပ်ခွင့်နဲ. လူအခွင့်အရေးဆိုတာထက် သူ.အကျိုးစီးပွားအတွက် အကျိုးအမြတ် ဘယ်လောက်ရှိမယ်။ ကာကွယ်ပေးနိုင်မလဲ ကိုယ့်လူအဖြစ် ဘယ်လောက် အထိ မွေးထားလို.ရမလဲအပေါ်မှာသာ နိုင်ငံခြား အကူအညီဆိုတာ မှီတည်နေတာပါ။ ဒီမို ကရေစီအာပေးတယ်ဆိုရင် အီဂျစ်ပြည်က ပိုပြီး အကူအညီ ရရမှာ မဟုတ်လား။ ဒီတော့ ပိုမရတဲ့အပြင် အာဏာရှင်ကို ပေးခဲ့တဲ့ အကူအညီတွေတောင် ဖြတ်ဖို. ပြင်ဆင်လာတာဟာ ကူညီပေးတဲ့ Donor Country’s interests အကျိုးစီးပွားအတွက် ဘယ်လောက် ရှိသလဲ မရှိဘူးဆိုတာပဲ မူတည်နေတယ်ဆိုတာ ကောင်းကောင်း သတိထားဖို. လိုတာပါ။
အခုလဲ ၀ါရင့် အနုပညာရှင်တဦး အနောက်နိုင်ငံတွေကို လှည့်ပတ်ပြီး Political Tourist အဖြစ် ကမ္ဘာပတ်နေပြီး အစိုးရ၀န်ကြီးတွေ နိုင်ငံခြားရေးဌာနတွေ။ ပါလီမန်အမတ်တွေ စီနိတ်တာတွေ NGOs နဲ. Donors အဖွဲ.အစည်း အသေးအကြီးတွေနဲ. လိုက်ပြီး တွေ.နေတာ အွန်လိုင်းမီဒီ ယာတွေမှာ မြင်နေတာပဲ။ ဒါတွေဟာလဲ မြန်မာပြည်ကို ကူညီတာထက် အဲဒီနိုင်ငံက အစိုးရ တွေ အဖွဲ.အစည်းနဲ. လူပုဂ္ဂိုလ်တွေဟာ သူတို.အလုပ် သူတို. လုပ်နေတာလို. မြင်ဖို.လိုပါ သည်။ သူတို.သိချင်တာ သိတို.လိုချင်တဲ့ သတင်းအချက်အလက်တွေကို မေးမြန်းစုံစမ်းတာ ဖြစ်ပြီး ပြီးရင် သူတို.အဖွဲ.အစည်းနဲ. အစိုးရတွေဆီ သုံးသပ်ချက် အစီရင်ခံစာတွေ တင်ကြမှာ ပါ။ ဒါဟာ သူတို.အလုပ် သူတို.လုပ်တာပါ။
အဲဒီလို တွေ.ဆုံမှုတွေမှာ ဒီမိုကရေစီ လွတ်လပ်မှု တန်းတူညီမျှမှုနှင့် လူ.အခွင့်အရေးကိစ္စတွေ ကို အကြိမ်ကြိမ် အခါခါနဲ. အစည်းအဝေးတိုင်းမှာ ပြောကျဆိုကျ မေးကျမြန်းကျ ထောက်ပြကျ ပေမယ့် အဲဒီ အနုပညာရှင်နဲ. တွေ.တဲ့ အရာရှိတွေ အဖွဲ.အစည်းတွေက ပုဂ္ဂိုလ်ရေး Personal အရ ဒီမိုကရေစီကို အားပေးထောက်ခံလို.ပါဆိုပြီး သူတို. အိပ်ထဲကနေ သီးသန်.အကူအညီ အလှူငွေတွေ ပေးတာမျိုး မရှိပါ။ သူတို. အိတ်ကဒ်ထဲကနေ ထုတ်ပြီး ကိုယ်ပိုင်ငွေနဲ. အလှူငွေ ဆိုပြီး မြန်မာပြည်သူတွေကို ကူညီပေးတာ ဘယ်နှစ်ယောက်မြန်း ပါသလဲဆိုတာ နိုင်ငံရေး ကမ္ဘာလည့်ဧည့်သည် အသိဆုံးဖြစ်မှာပါ။ ။
သူတို.ပြောတာဆိုတာဟာ သူတို.အလုပ်အတွက် လိုအပ်ချက်အရ ပြောတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးယုံကြည်အားပေးလို. ပြောတာလုပ်တာ မဟုတ်ပါ။ Serve their responsibilities and duties ဆို နားလည်ဖို. လိုပါသည်။ အခု မြန်မာပြည်အတွက် အလှူငွေ အကူအညီတွေ ထည့်နေတာဟာ မြန်မာနိုင်ငံသားတွေဟာ မရှိတဲ့ကြားက ကိုယ့်နိုင်ငံအတွက်ဆိုတဲ့ မျိုးချစ်စိတ်နဲ. မရှိမဲ့ ရှိမဲ့နဲ. တတ်နိုင်သလောက် ကိုယ် ပိုင်ငွေနဲ. လှူတဲ့သူတွေက များပါသည်။ ကိုယ့်နိုင်ငံအတွက် ကူညီရမယ်ဆိုတဲ့ အသိစိတ်နဲ. ပုဂ္ဂိုလ်ရေးအရ ကူညီလှူတန်းတဲ့ငွေက လက်တွေ.ကျကျ ရရှိခဲ့တာပါ။ ကျန်တာတွေက ဒေါ် လာ သန်းချီ ပြောနေပေမယ့် ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်က ကိုယ်လက်ထဲ ရောက်လာမှာ မဟုတ်ပါ။ ကိုယ်ပိုင်တာ မဟုတ်ပါ။ သူတို. အကျိုးစီးပွားအတွက် အကောင်းဆုံး ဖြစ်မည့် ကိစ္စတွေမှာသာ သုံးစွဲမှာ ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံသားခံယူထားတဲ့ မြန်မာလူမျိုးတွေ၏ လက်ထဲမှာ ထည့်ပေးမှာ မဟုတ်ပဲ Image ကောင်းဖို. ဥရောပသား ရုပ်ထွက်သူတွေပဲ ဦးဆောင်လာမှာပါ။
ဒါတွေကို ပကတိအတိုင်း အရှိအတိုင်း လူတွေကို သိရှိအောင် ပြောဖို. လိုပါသည်။ မျှော်လင့် ချက် အမှားတွေ မဖြစ်အောင် ဆင်ခြင်ဖို. လိုပါမည်။ တကယ်တော့ ကိုယ့်အလုပ် ကိုယ်လုပ် တဲ့အဆင့်ကို ရောက်ဖို. ကြိုးစားရမည် ဖြစ်ပါသည်။ မြန်မာပြည်၏အကျိုး မြန်မာတွေပဲ လုပ်ရမှာ။

မယုံချင်ယုံ မယုံချင်နေ


ယုံချင်ယုံ မယုံချင်နေဆိုပေမဲ့ ဂရိခေတ်ကဒဏ္ဍာရီတွေ ကမ္ဘာ့အံ့ဖွယ်တွေကိုသွားမတွေးလိုက်နဲ့၊ ရောဂါအမြစ်မပြတ်သေးတဲ့လူနာလို ဆေးပုံမှန်သောက်နေရတဲ့လူနာလို အောက်တစ်ပိုင်းသေနေတဲ့လူနာလို လမ်းလျှောက်သင်ခါစကလေးလို လိုလို လိုလိုနဲ့ တစ်ခုခုအမြဲလိုလိုနေတဲ့ ကျုပ်တို့ခင်များတို့ရွှေနဲ့ တင်စားထားတဲ့ အမိရွှေနိုင်ငံကြီးထဲကရွှေရှားငွေရှားပညာရှားနေကြတဲ့လူငယ်လေးတွေအကြောင်းတစေ့တစောင်းပါ။
ပညာမြင့်မှလူမျိုးတင့်မည်ဆိုတဲ့စာတမ်းလေးကို ကျောင်းမနေဖူးရင်တောင် ကျောင်းနားကဖြတ်သွားဖြတ်လာ သွားဖူးသူတိုင်းသိကြမှာပါ မြင်ကြမှာပါ ကြားဖူးကြမှာပါ။ ဒီကနေ့ခေတ်က globalization ခေတ်ဆိုတာတို့ ကမ္ဘာရွာကြီးဖြစ်သွားပြီဆိုတာတို့က တိုင်းသိပြည်သိပါ ကျနော်ပြောမှမဟုတ်ပါဘူး၊ ဒီလိုခေတ်ကြီးမှာ ကွန်ပူတာတတ်မှ အင်္ဂလိပ်စာရမှ ဘွဲ့တစ်လုံးနှစ်လုံးရမှ အလုပ်အကိုင်အဆင်ပြေတာ။ တစ်မ္ဘာလုံးမှာ မူကြိုမူလတန်းဆိုတာတွေက မဆိုစလောက်အသေးမွှားကိစ္စတွေပါ။ သို့သော် ပညာရေးဒီလောက်ပွင့်လင်းနေတဲ့ခေတ်ကြီးမှာ ရွှေနိုင်ငံကပညာရေးက ဘွဲ့ရပညာတတ်ဖြစ်ဖို့ကို အသားထား သူငယ်တန်းလို့ခေါ်တဲ့ မူကြိုကျောင်းကိုပုံမှန် သွားဖို့ မနည်းကြိုးစားနေရတဲ့ဘ၀။ သူငယ်တန်းကလေးတစ်ယောက်ကို တစ်လကျူရှင်နှစ်ထောင် နေ့စဉ်မုန့်ဖို့စရိတ် ပြိးတော့ အကြောင်းပြချက်မရှိပဲ ဆရာမကမနက်ဖြန်ပိုက်ဆံငါးဆယ်ယူလာရမယ်ဆိုတာကတစ်မျိုး။ ဒီကြားထဲ ကလေးတွေပျေက်လို့ဆိုပြီး ဆိုက္ကားကြိုပို့ခကတစ်ဖုံ။ တလောက ရှစ်တန်းကျောင်းသားတစ်ယောက် ကျနော့်ကိုရငိဖွင့်ဖူးတယ်။ အစ်ကိုစဉ်းစားကြည့်ဗျာ သားက(A) တန်းက စာတစ်လုံးမှား၇င်ဆရာမ ငါးဆယ်တောင်းတယ် အမေက မုန့်ဖို့တစ်ရာပေးလိုက်တာ ငါးဆယ်ပေးခဲ့ရတယ်။ ဒါမျိုးကပေးနေကြပါ သားကလည်းမှားနေကြတဲ့။ ဆိုတော့ ဒီသေစာရှင်စာကိုတောင် ဒီလောက်အလုအယက်သင်ယူနေရရင် ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့ဆိုတာ မစဉ်းစားနိုင်တော့ပါ၊ ဒီအခက်ခဲတွေကိုတောသူတောင်သားတွေက ကျောင်းတက်လို့ထမင်းမစားရဘူး နွားကျောင်းမှထမင်းစားရမယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ဖြေရှင်းကြတယ်။ ဆရာ ဆရာမတွေကိုလခကောင်းကောင်းမပေးနိုင်တော့ ရွာမှာဆိုရင်ဆရာဆရာမတွေမှာ ကိုယ်တိုင်ဝက်မွေး ဘိလိယက်ခုံထောင်ကြတယ်။ စမတ်ကျကျဝတ်ဆင်လို့ ဣနြေ္ဒသိက္ခာနဲ့နေရမဲ့သူတွေက ၀က်မွေးဘိလိယက်ခုံထောင်။ လူငယ်တွေက ပညာတတ်ဘွဲ့ရတွေကိုကြည့်လို့ မထူးစာအရူးစာ ရေခဲသေတ္တာပြင်တာကမှ တော်ဦးမယ်လို့မြင်လာကြတယ်။ ဒီပညာရေးပြသနာတွေဟာ လူကြီးတွေရဲ့မေတ္တာ ကရုဏာ အပေါ်မှာ မူတည်နေပါသဖြင့်သက်ဆိုင်တဲ့လူကြီးများ သားငယ်သမီးငယ်လေးတွေရဲ့ ပညာရေးကို ကမ္ဘာမှာမြန်မာလို့ ကြွေးကြော်ဖို့ပညာရေးကိုအလေးထားကူညီပေးကြပါလို့ မေတ္တာနဲ့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။    လေးစားစွာဖြင့်    ချူလာမောင်

**ငါဟာ တစ်ယောက်တည်းသမားပါ**

(နတ်ဆွေမောင်)
၁၉၄၆ ခု၊ နိုဝင်ဘာလ ၂၀ ရက်နေ့ဟုထင်ရပါသည်။ အတိအကျတော့ မမှတ်မိပေ။ ကောင်းကင် တစ်ခုလုံးဋ္ဌ် လင်းထိန်အောင်ပင် နေသည် သာလျှက်ရှိ၏။

လောင်းဝစ္စလမ်း ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်ဝင်း အဝင်ဝတွင် စက်သေနတ်များဖြင့် ကင်းစောင့်နေသော ရဲဘော် ၆ ဦးခန့်သည် ကျောက်ရုပ်များပမာ တည်ညိမ်လျှက်ရှိကြလေသည်။ ကင်းထဲတွင် စကားပြောသံ လုံးဝ မကြားခဲ့ရ။
ကားဂိတ်မှ ဝင်သွားပြီး ကုန်းမြင့်ကလေးကို ကွေ့ပတ်ကာဖောက်လုပ် ထားသောလမ်းမှ တတ်သွားပြီး ဋ္ဌာနချုပ်ဝင်းထဲတွင် ကြည့်လျှင် ယူနီဖောင်းကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြသော ဗမာတစ်ပြည်လုံးမှ ပြည်သူ့ရဲဘော် ခေါင်းဆောင်များကို မြင်ရပေမည်။ ထိုစဉ်က ကျွန်တော်သည် မကွေးခရိုင်၏ ကိုယ်စားလှယ် တစ်ယောက်အဖြစ် ထိုညီလာခံသို့ တတ်ရောက်ခဲ့၏။
အချိန်မှာ နေရှိန်တောက်နေသော နေ့ခင်း နှစ်နာရီကျော် ကျော်ခန့်ရှိပြီး နယ်မှ လာသော ကိုယ်စားလှယ်များမှာ ခါးတွင်ဗျောက်ကိုယ်စီထိုးရု် ယနေ့ နက်ဖြန်ပင် တော်လှန်ရေး ဆင်နွဲကြတော့မည့်အသွင် မျက်နှာကြီးများနှင့် ဟိုနားတစ်စု ဒီနားတစ်စု ဆွေးနွေးနေကြ၏။ အမှန် မူကား အင်္ဂလိပ်ကို တော်လှန်ရန် အကြောင်းမဟုတ်။ တစ်ပါတီတည်း ကြီးစိုးရေးစနစ်ကို ကျင့်သုံးစ ပြုနေသော ဆိုရှယ်လစ်ပါတီ၏ ကျင့်ကြံ နေပုံတွေကို နယ်အလိုက် ဆွေးနွေးနေကြခြင်းဖြစ်၏။ ထိုအချိန်အထိ ထမင်းမစားရသေး။ မကြာမီ စားဖိုဆောင်မှ သံချောင်းခေါက်သံကြားရမှ လူစုများသည် တစ်သုတ်ပြီးတစ်သုတ် ဝင်လာကြရာ စားဖိုဆောင်တွင် ပြည့်ကျပ်သွား၏။

ထိုအချိန်လောက်က အခြေအနေများသည် ယခုဖြစ်ပျက်နေသော ကာလ၏ အရိပ်နမိတ်များ ပင်ဖြစ်ခဲ့ လေသည်။ နိုင်ငံရေးကိစ္စများသည် သံကွင်းကဲ့သို့ ဆက်နေခဲ့၏။ ထိုစဉ်က ဂဟေဆော်ပေးသူသည် ဗိုလ်ချုပ် အောင်ဆန်းဖြစ်၏။ သူဆက်ခဲ့သော ဂဟေဆက်ကို နောက်ထပ် မည်သူမျှ မဆက်နိုင်သဖြင့် တိုင်းပြည်နစ်နာ ခဲ့ရဖူးလေသည်။

+++++++++++
နေ့ခင်းတစ်နာရီ ထိုးခဲ့လေပြီ-----။

ဗမာနိုင်ငံလုံးဆိုင်ရာ စတုထ္ထအကြိမ်မြောက် ပြည်သူ့ရဲဘော်များ၏ ဦးစီးညီလာခံ အစည်းအဝေး တတိယမြောက်နေ့ ဖြစ်သည်။ အစည်းအဝေးလုပ်သော တဲတန်းလျားမှာ တောင်မြောက် အရှည်ဖြစ်ရု် တောင်ဖက်ကနေ ဝင်ကြရသည်။ မြောက်ဘက်ထိပ်တွင် နံရံပေါ်ဋ္ဌ် ရှုတင်းတင်းနှင့် ထိပ်ပြောင်နေသော ဗိုလ်ချုပ် အောင်ဆန်း၏ ဓါတ်ပုံကြီးသည် ကျွုန်ုပ်တို့အား စူးစိုက်ကြည့်နေသည်ဟု ထင်ရ၏။

ကိုယ်စားလှယ်များ အစုံအညီရောက်နေပေပြီ။ အစည်းအဝေးစတော့်မည်။ ထိုအခိုက် တဲတန်းလျား တောင်ဖက်ရှိ အုတ်လမ်းကလေးပေါ်တွင် ဝက်စလေ ကားနက်တစ်စင်း ထိုးရပ်ပြီး ဦးခေါင်းငိုက်ဆိုက်ဖြင့် အသားဖြူဖြူ ရှုတင်းတင်းလူတစ်ဦး ပြည်သူ့ရဲဘော်ယူနီဖောင်းနှင့် ဆင်းလာ၏။ သူနှင့်တွဲရု် သခင်နုလည်း ဆင်းလာ၏။ အတွင်းရေးမှုးသည် ထိုသူကို မြင်သည်နှင့် တပြိုင်နက် (တပ်ဖွဲ့သေနာပတိ) ဟုအော်လိုက်၏။ ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ်ရု် အရိုအသေပြုနေကြ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် စားပွဲထိပ်သို့ သူ့ကုလားထိုင်တွင် ဝင်ထိုင်ပြီး မည်သူ့မျှမကြည့်ဘဲ ဦးခေါင်းမော့ကာ စဉ်းစားနေ၏။ ကိုယ်စားလှယ်များလည်း ပြန်ထိုင်ကြပြီး ငြိမ်နေကြ၏။ စားပွဲ၏ ညာဘက်တွင် ဦးကိုကိုကြီး ဦးကျော်ငြိမ်း ဦးဘဆွေ ဗိုလ်အောင်ကြီး စသော ဆိုရှယ်လစ်ခေါင်းဆောင်များသည် ထရံကိုကပ်ထားသော ကုလားထိုင်များတွင် စီတန်းထိုင်နေကြ၏။ ဘယ်ဖက်တွင်ကား ပြည်သူ့ရဲဘော်ဋ္ဌာနချုပ် အမှုဆောင်များထိုင်ကြ၏။ ဗိုလ်ချုပ် ဘာပြောမှာလဲဟု အားလုံးက သူ့ကိုလှမ်းကြည့်နေ၏။

အတွင်းရေးမှုးသည်လည်း သူ့ကိုကြည့်နေ၏။ ဗိုလ်ချုပ်သည် ဦးခေါင်းကိုမော့ရု် စဉ်းစားနေရာမှ မျက်မှောင်ကုတ်ရု် အတွင်းရေးမှုးကို လှမ်းကြည့်ပြီး ---`` စ--လေ`` ဟုပြော၏။ အတွင်းရေးမှုးက ``ရွှေဘိုခရိုင်``ဟု အော်လိုက်၏။ အသားညိုညို ဆံပင်ကို ဆီမလိမ်းရု် ရှုတ်ပွနေသောရဲဘော်တစ်ဦး ထရု် ရပ်၏။

``ရွှေဘို ခရိုင်မှာဆိုရင် ခရိုင်တစ်ခုလုံးအခြေအနေ အရ တပ်ဖွဲ့ အင်အား နှစ်သောင်းရှိပါတယ်။ မြို့နယ်အလိုက်ဆိုရင် အောက်ပါအတိုင်း အသီးသီး အင်အားရှိပါတယ်။ (ဖတ်ပြ၏) ။ နေပူ မိုးရွာမရှောင် အချိန် မရွေူး သွားနေကြရပါတယ်။ ဓါးပြသူခိုး နည်းနည်း ဆူနေပါတယ်။ ရှင်းရှင်းပြေကြစို့ဆိုရင် ဆိုရှယ်လစ် ပါတီကနေပြီး ပင်းထားတဲ့ဓါးပြတွေက ထနေတာပဲ။ ဓါးပြတွေကို သေနတ်လည်း ထုတ်ပေးထားတာ ကျွန်တော် တို့သိရတယ်။ အဲဒီဓါးပြတွေက နယ်လှည့်ထွက်ပြီး စည်းရုံးတဲ့ရဲဘော်တွေကို စာပေး နှောင့်ယှက်တယ်။ သေချင်ရင် စိန်မစားနဲ့ ဒို့နယ် လာခဲ့တဲ့----------

အတွင်းရေးမှုး။ ။သေချာရဲ့လား ခင်ဗျားတို့ ဘယ်လိုဆက်စီစဉ်သလဲ။


ခရိုင်ကိုယ်စားလှယ်။ ။ကျွန်တော်တို့က စည်းရုံးရေးမကိုင်ဘဲ လေ့ကျင့်ခဏ်း မပေးဘဲ မဖြစ်ဘူး ဆိုပြီး သေနတ်ဝယ်ပေးပြီး စင်ပြိုင်ဓါးပြဂိုဏ်း ထောင်ခိုင်းလိုက်ပါတယ်။

ခန်းမကြီးတစ်ခုလုံး နေရောင်ရှိန်ကြောင့် ပျင်းရိရိဖြစ်နေရာမှ ဝါး---- ကနဲရယ်မောသံကြီး ပေါ်ထွက် လာလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ပြုံးရု်နေ၏။ တထောင့်တွင်ရှိနေသော ကိုယ်စားလှယ်များ ထဲမှ ``ရှင်းသဟေ့`` ဟုအော်ရု် ချီးကြူးသံကို ကြားလိုက်ရပြန်၏။

ထို့နောက် ခရိုင် အသီးသီး ဆက်လက်ရု် အစီရင်ခံကြ၏။ ထိုအစီရင်ခံချက်များတွင် အများအားဖြင့် ဆိုရှယ်လစ်ပါတီမှ နယ်ဘက်အရာရှိများနှင့်ပင်းရု် ပြည်သူ့ရဲဘော်များကို ညစ်ပတ်ပုံ။ ဖ-ဆ-ပ-လ အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်တပ်ဖွဲ့ ရှိပါလျှက်နှင့် လယ်သမား ရှပ်နီများ စင်ပြိုင်ဆောက်ပုံ ဆိုရှယ်လစ်ပါတီများ ကိုသာ သေနတ်လိုင်စင်တွေ ထုတ်ပေးပြီး ရဲဘော်ကျတော့ မပေးရု် ဇွတ်ရှာဖွေရု် ကိုင်တွယ် ကြရပုံ များသာ ဖြစ်၏။ ခရိုင်တိုင်း--ခရိုင်တိုင်း ထပ်တူထပ်မျှ ကှုအတိုင်းသာ ဖြစ်နေကြ၏။ တစ်ဖက်မှ ဆိုရှယ်လစ်များကလည်း ဘာမျှပြန်ရု် မဖြေရှင်းနိုင်ပေ။ ရဲဘော်များကား စိတ်ထဲရှိသမျှကို ပွင့်ပွင့် လင်းလင်း ပြောင်ပြောင်ကြီး ပြောချကြလေပြီ။

ခရိုင် ကိုယ်စားလှယ် တစ်ယောက်က မူကား---

``ကျုပ်တို့ ဒီကပြန်အသွားမှာ ဒီမောင်တွေနဲ့ ချရတော့မှာတော့ သေချာနေပြီ။ နယ်ချဲ့ကို ချဘို့ သင်ထားတဲ့ စစ်ပညာကို ကိုယ့်အချင်းချင်း ချရမှာတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီတပ်ဖွဲ့ကြီးတော့ အပျက်မခံနိုင်ဘူး။ မဟုတ်လား ရဲဘော်တို့ ---------``

ဟူရု်ပင် ဖွင့်ချ၏။ ဗိုလ်ချုပ်ကား ဘာမျှမပြော။ စဉ်းစားနေ၏။ ပြီးမှ သူ၏ဘေးနားတွင် ထိုင်နေသော မျက်မှန် တလက်လက်နှင့် ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း (ဆိုရှယ်လစ်) ကိုလှမ်းကြည့်ကာ-----

``ဒီ ကျော်ငြိမ်း ဆိုတဲ့ အကောင်ကို ပြည်ထဲရေးပေးထားတာ ဘာမှလုပ်ဖော်မရဘူး။ ငါသိတာဖြင့် သူ့ပါတီဝင်တွေကို သေနတ်လိုင်စင်ပေးတာပဲ သိရတယ်``ဟု ဘုပြောပြီး ရယ်မောကာ ``ဟေ့ကောင် မဟုတ်လား ``ဟုမေးလိုက်၏။ ဦးကျော်ငြိမ်းလည်း ရယ်နေ၏။ သခင်နုသည် ဗိုလ်ချုပ်အား လှမ်းရု်ကြည့်ကာ ငြင်သာစွာ ရယ်မောနေ၏။
ခွာညိုပန်းတွေ တလှိုင်လှိုင်နှင့် တကြိုင်ကြိုင်သင်းနေသော လပြာသို၏ ညနေဆည်းဆာ အချိန်တွင် ဖြစ်၏။ နေရာကား ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်ဝင်း ထဲရှိ ကုန်းမြင့်တစ်ခုပေါ်ရှိ တန်းလျားနှစ်လုံးအကြား မြေကွပ်လပ်တွင်ဖြစ်၏။ ထိုနေရာတွင် စားပွဲများ ကုလားထိုင်များ အစီအရီချထား၏။ တောင်ဖက် တန်းလျား အဝဆီမှ စိတ်ဝေလျံ ဒူရိယာအဖွဲ့၏ ``ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်-----အရေးပေါ်လာ --စည်းစည်း လုံးလုံး ရှိကြမှသာ-----``အစရှိသော ``ညီညွတ်ရေး သွေးဗိမ္မာန် သီချင်းဖြင့် စန္ဒယားသံသည် ငြိမ့်ငြိမ့် ကလေး ထွက်ပေါ်နေပေသည်။

ဘယ်သူ၏ မင်္ဂလာဆောင်မှ မဟုတ် ရဲဘော်တွေ ကမြင်းကြောထချင်ရု် ငှားထားသော အငြိမ့်ပွဲ လည်းမဟုတ်။ အမှန်မှာကား ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ် ထရု် နှောင်ဂျိမ်ကြတော့မည့်ဆဲဆဲ သခင်နု သိသွားသဖြင့် မေမြို့တွင်သွားကာ အနားယူနေသော ဗိုလ်ချုပ်အောင်ဆန်းအား ဝိုင်ယာလက်စ်နှင့် ပြန်ခေါ်ယူ ရု် စေ့စပ်ပေးရသော ညီညွတ်သွေးစည်းရေးပွဲသာ ဖြစ်၏။ ထို့နောက် တောခိုအံ့ဆဲဆဲ စဉ်းစားနေသော ပြည်သူ့ရဲဘော် ညီလာခံအမီ ဗိုလ်ချုပ်ပြန်ရောက်လာခြင်းဖြစ်၏။ ညီလာခံ စတုထ္ထမြောက်နေ့ ညနေခင်းဖြစ် ပြီး ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ် ညီညွတ်ရေးအတွက် တည်ခင်းသော ဖ-ဆ-ပ-လ ၏ စေ့စပ်ရေး လဘက်ရည်ပွဲသာ ဖြစ်တော့သည်။

လူတွေ တဖြည်းဖြည်းစုံလာကြ၏။ ယောလုံခြည်အကွက် ရင်ဖုန်းအင်္ကျီနှင့် ``ဆရာဦးဘချို``မှာ ညှိုးငယ်သော မျက်နှာဖြင့် ရဲဘော်များကို လှမ်းရု်ကြည့်နေရှာ၏။ စောစောရက်များတုန်းက ကျွန်တော်သည် ဆ၇ာချိုကို ဖြစ်သမျှ ရှင်းလင်းတင်ပြထားပြီး ဖြစ်၇ု် ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ်ဝင်နေလေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဦးထုပ်မပါဘဲ ထိုင်နေရင်း သခင်နုနှင့် ရယ်မောစကားပြောနေ၏။ တခါတခါ ဦးဘချိုကို လှမ်းရု်စကားပြောနေ၏။ ဆိုရှယ်လစ် ခရိုင်တာဝန်ခံ များလည်း အစုံအညီ တတ်ရောက်လာကြ၏။ ရဲဘော်တွေလည်း စုံနှင့်နေပြီ။ စေ့စပ်ရေး စကားကို သခင်နုက စရု်ပြော၏။ ရာဇဝင် အကိုးအကားနှင့် သာဓက များပြရု် ``ညီညွတ်ကြပါ လို့ ကျွန်တော်တောင်းပန်ပါတယ်`` ဟုဆိုကာ ထိုင်နေ ၏။ ပြည်သူ့ရဲဘော်များဘက်မှ ဗိုလ်မှုးစိန်မှန်က ထရု်စကားပြော၏။ ဆိုရှယ်လစ်များဘက်မှ ဦးဘဆွေကပြော ၏။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ရယ်မောကာ ထလာ၏။ လက်ထဲတွင် ၂ လက္မ ၃ လက္မ ဒိုင်ယာရီ စာအုပ်ကလေးကို ကိုင်ထား၏။

``မဟုတ်ပါဘူး --- ဘာစကားများနေစရာ ရှိလဲ ---မင်းတို့ အလကားစကားများနေတာဘဲ-- ဒီလောက်မိုက်တွင်း မနက်ကြနဲ့---ငါသာ အာဏာရှင် လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ``

``ရဲဘော်တွေထဲကလဲ စောက်သုံးမကျတဲ့အကောင်တွေ အများကြီးဘဲ-- ဆိုရှယ်လစ်ထဲကလဲ ဘဝင် မြင့်ပြီး အလကားအထင်ကြီးနေတာတွေ တပုံကြီး။ ပြောချင်သေးတာက မင်းတို့ ဆိုရှယ်လစ်တွေဟာ ကွန်မြူနစ်ကို (ဖ-ဆ-ပ-လ) ထဲက ထုတ်မပစ်ခင် တုန်းက အပေါက်မျိုးတွေ အားကြီးလုပ်နေတာကို တွေ့ရတယ်။ ဒါတွေကို ရပ်တန်းကရပ်ရင် ကောင်းမယ်---``

ထို့နောက် ကမ္ဘာ့ရာဇဝင်တွင် ကြီးကျယ်ခဲ့သော သေးငယ်သည့် ရောမ အကြောင်းကို ပြောပြပြီး ညီညွတ်ရေးရှိလို့ဟု ပြောပြသည်။ ``ပြောချင်သေးတယ် ငါဟာ ဘယ်တော့ကမှ နောက်လိုက် မစုဘူး။ သိသားပဲ။ တချို့ခေါင်းဆောင်တွေ ရာထူးပေး အာဏာပေးပြီး နောက်လိုက်စုနေကြတယ်။ ငါတို့တော့ ဘယ်တော့မှ အဲလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သွားမှာဘဲ။ ဘယ်တော့မှ နောက်လိုက် မမွေးလို့ အခုလည်း တစ်ယောက်ထီးထီးသမားပဲ``

``မင်းတို့ကောင်တွေ အလကား စာအုပ်ကလေး နှစ်အုပ် သုံးအုပ်ဖတ်ပြီး စကားများနေကြတယ်။ ကဲ ငါမေးပါမယ်--What is Revolution ? ကဲ---ဖြေကြစမ်း---``

``ရဲဘော်တွေ မေးရင် တစ်မျိုးရမယ်။ ဆိုရှုယ်လစ်တွေမေးရင် တစ်မျိုးရမယ်။ အဲဒီတော့ ဒီ ``တော်လှန်ရေး``ရဲ့ အယူအဆကိုတောင် တစ်ဦးနဲ့တစ်ဦး တူညီအောင် မညှိနှိုင်းနိုင်သေးဘဲ၊ မစုစည်း နိုင်သေးဘဲနဲ့ ဘာလို့ ဖင်ကောင်းကျယ်ချင်ရတာလဲ ။အချင်းချင်းလည်း တည့်အောင် ဘယ်တော့မှ မနေချင် ကြဘူး။ မင်းတို့မညီညွတ်ရင် ``အားလုံး ဖင်စုတ်သွားမယ်``သိရဲ့လား``

``မင်းတို့တတွေ မညီညွတ်ရင် ဘာတွေဖြစ်သွားမယ်ဆိုတာ သိရဲ့လား။ ပြီးတော့ မင်းတို့ နှစ်ဦး သဘောတူဖွဲ့ထားတဲ့ ငါးဦးကော်မတီ ဆုံးဖြတ်တဲ့အတိုင်း လိုက်နာကြပေါ့။ မညီညွတ်ဘူး ဆိုတာနဲ့ပတ်သက်ပြီး ညီညွတ်အောင် လုပ်ဘို့ကတော့ အလွယ်လေးဘဲ။ တစ်ဦးနဲ့တစ်ဦး တစ်ဖက်စကား နဲ့ အထင်လွဲ ဟိုလုပ် ဒီလုပ် လုပ်ရင် ဘယ်တော့မှ ညီညွတ်မှာမဟုတ်ဘူး။``

``ငါ့တော့ ဘာမှ မနာလိုမရှိကြနဲ့။ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မှာဘဲ။ လွတ်လပ်ရေး ရပြီးလျှင် ဆွဲထားတောင်မနေဘူး။ စကားများမနေကြနဲ့--- ။ဒါဘဲ---။``

ဟု ရယ်မောပြောဆိုပြီး သူ့နေရာသို့ပြန်ရု်ထိုင်နေ၏။ သခင်နုနှင့် နှစ်ယောက်သား ဘာတွေပြောမှန်း မသိ ရယ်မောပြောနေကြ၏။ မိုးဖွဲကလေးများသည် တဖွဲဖွဲကျဆင်းကာ မှောင်ရီရု်နေလေပြီ။ စိန်ဝေလျှံ ဒူရိယာ အဖွဲ့မှ ``ညီညွတ်ရေး သွေးဗိမ္မာန် ``သီချင်းသံသည်။ လောင်းဝစ္စလမ်း ဋ္ဌာနချုပ် ဝမ်းထဲတွင် ဝဲပျံကာ လွင့်နေကြလေသည်။

မြော်မြင်ရု် သဘောထားကြီးသော ဗိုလ်ချုပ်။ ရိုးသားရု် ဖြောင့်မတ်တည်ကြည်သော ဗိုလ်ချုပ်။ ပါးစပ်က ဒီအတိုင်းပြောရု် အလုပ်ကိုလည်းပြောတဲ့အတိုင်း လုပ်တဲ့ဗိုလ်ချုပ်။ ကျမျက်ရည် ဆည်မဆုံးအောင် လွမ်းမိပါတော့သည်။

မသာ တစ်ခုကို အရင်းပြုရု် စီးပွားရှာခဲ့ကြသူများလည်း ပွခဲ့ကြပြီ။ ကိုယ်ကျိုးမငဲ့ကွက် ဟူရု် ကြွေးကျော်ပြီး စိန်တွေ ရွှေတွေ စုခဲ့သူ နိုင်ငံရေးသမားများလည်း စုခဲ့ပါပြီ။ ကျုပ်တို့ နောက်လိုက်ကို ရာထူးပေး မစည်းရုံးဟု အသံကောင်းဟစ်ကာ တပည့်တွေကို တိတ်တိတ်ပုန်း ဓါးပြတိုက်ခိုင်းနေသော ခေါင်းဆောင် တချို့လည်း ကြီးပွားခဲ့လေပြီ။ ဆယ်နှစ်--ဆယ်မိုး ဖြစ်ချင်တာတွေ ဖြစ်ခဲ့ကြသည်။ လူတိုင်းအသိပင်။

ဒီလို လူတွေမြင်မိတိုင်း ကြားရတိုင်း ``ဗိုလ်ချုပ်အောင်ဆန်းသည် တစ်သက်ပတ်လုံး ရိုးရိုးနှင့် ဖြောင့်မှန် မြင့်မြတ်သူဖြစ်၏။ ဗမာပြည်သူ ဗမာပြည်သားများသည် ထိုမြင့်မြတ်သော ဗိုလ်ချုပ်အောင်ဆန်း ကြောင့် ဂုဏ်ယူလောက်ပေရာ ကြီးကျယ်ခြင်း မြင့်မြတ်ခြင်း အဘတိုင်းပြည်အား အဆမတန်မြတ်နိုးခြင်း ----စသည်တို့သည် မည်သည့်အရာများဖြစ်သည်ကို ထိုပုဂ္ဂိုလ်ကြီးထံမှ သင်ခန်းစာ ခံယူရရှိနိုင်ပေသတည်း`` ဟူသော စာပိုဒ်ကို ရီဝေနေသော မျက်လုံးများဖြင့် ထပ်တလဲလဲ ဖတ်မိနေပါသေးသည်။ မေ့ချင်ရု်လည်း မေ့မ၇။

ထိုသူကား မည်သူနည်း။ ယခုတိုင် မေ့ပျောက်ရု်မ၇သည့် သူကား ``ဗိုလ်ချုပ်အောင်ဆန်း``ဖြစ်သတည်း။ ။


မြဝတီ မဂ္ဂဇင်း အတွဲ ၅ ၊ အမှတ် ၉ ၊ ၁၉၅၇ ဇူလိုင်လ။
**From-ကိုစိုးနိုင်။။။။။။။


NLABR  Web-site:                      www.nlabr.com 
Lwin Pwin Blog:                           http://wanna23-23.blogspot.com/

 

0 comments:

Post a Comment