မြန်မာသတင်းများ မတ် ၀၈ ရက်၊ ၂၀၁၂
မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ ပြင်၍မရနိုင်တော့ဟု တိုင်း ကော်မရှင်ဥက္ကဋ္ဌပြော
မဲဆန္ဒရှင်များစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချိန် ကန့်သတ်ချက် ကုန်ဆုံးသွားပြီဖြစ်၍ ပြင်ဆင်နိုင်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း
"ကျနော်တို့က သူတို့ကို လုံလောက်တဲ့ Sufficient time ပေးပြီးပြီ ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ သူ ပြီးအောင်လုပ်ပေါ့။ ဒါမှမဟုတ် ကျနော်တို့က မဲစာရင်း ကိစ္စတွေပဲ တောက်လျှောက်လုပ်နေရင် တခြား လုပ်စရာအလုပ်တွေ လုပ်ဖို့ အချိန် မရှိတော့ဘူး" ဟု ပြောကြောင်း
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၁ (က)အရ မဲဆန္ဒရှင် စာရင်း မှားယွင်းမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှု များ ပြုလုပ်လိုပါက မဲစာရင်း ထုတ်ပြန်ကြေညာပြီးသည့် နေ့မှစ၍ ၇ ရက်အတွင်း ပြုလုပ်နိုင် ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း လပ်လပ်နယ်မြေ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှ စတင်၍ ထုတ်ပြန်ရန် ညွှန်ကြားထား၍ အင်္ဂါနေ့တွင် သတ်မှတ်ရက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း
အချို့လစ်လပ်မဲဆန္ဒနယ်များရှိ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ သတ်မှတ်ရက်ထက် နောက်ကျ၍ မဲစာရင်း ထုတ်ပြန်ပေး၍ အမှားပြင်ရန် လုံလောက်သည့် အချိန်မရရှိဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောကြောင်း
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ရွာ ၁၉ ရွာတွင် မတ်လ ၃ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပြင် ဖျာပုံခရိုင် မင်းလှစု ကျေးရွာတွင် မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခြင်းမရှိဟု ဖျာပုံခရိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက ပြောကြောင်း
ထို့အတူ ရှမ်းပြည်နယ်၊ ကလော မဲဆန္ဒနယ်တွင် မတ်လ ၆ ရက်နေ့တွင်မှ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည်ဟု NLD ၏ ကလောမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောကြောင်းထို့ကြောင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်း ထုတ်ပြန်သည့် ရက်ကိုသာ အတည်ယူ၍ ကော်မရှင်များထံသို့ မဲမှားယွင်းမှုများ ဆက်လက် တင်ပြသွားမည်ဟုပြောကြောင်း
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂,ဝဝဝ ကျော်ခန့် ရှိသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တောင်ညွှန့်ရထား ရပ်ကွက်တွင်လည်း မဲဆန္ဒရှင်စာရင်းတွင် ကွယ်လွန်ပြီးသူများ ပါနေခြင်း၊ စိတ်ဝေဒနာရှင်များ၊ ရွှေ့ပြောင်းသွားသူများ၏ အမည်များ ပါရှိနေခြင်းကဲ့သို့ အမှားအယွင်းများ စုစုပေါင်း အရေအတွက် ၁,၁၈၁ ဦးရှိနေကြောင်း
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသုဝေ ကလည်း "အဲဒါတွေကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ရှိတယ်။ တအိမ်ထောင်လုံး မဲစာရင်းထဲ မပါတာတို့ သေပြီးတဲ့လူတွေ မဲစာရင်းထဲ ပါနေတာတို့ အဲဒါတွေ ရှိနေပါတယ်။ ၂ဝ၁ဝ တုန်းက ကျနော်တို့ မဲစာရင်းလည်း မရဘူး။ ဒီလူတယောက်ဟာ မဲတခါပေးသလား ၁ဝ ခါ ပေးသလား ဆိုတာလည်း ကျနော်တို့ မသိနိုင် ဘူး။ ပိုတာတွေလည်း ရှိခဲ့တယ်" ဟု ပြောကြောင်း
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းပြုစုမှုမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ လူဦးရေစာရင်းကို မူတည်ကာ လုပ်ဆောင်သော်လည်း ပြန်လည် ပြင်ဆင်ဖြည့်စွက်ကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ က ပြောကြောင်း
မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများကို သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ချိန်အတွင်း ရွေးကောက်ပွဲ ကော်မရှင် အသီးသီးသို့ တင်သွင်းနိုင်သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၁ (ဃ) တွင် ကာလ အပိုင်းအခြား ထက် ကျော်လွန်သော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများကို လက်ခံခြင်း မပြုရဟုလည်း ပြဋ္ဌာန်းထားကြောင်းအဆိုပါ နည်းဥပဒေ ပုဒ်မ ၁၄ (က) တွင်မူ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအချို့၏ အမည်များသည် အစုအဝေး အလိုက် ကျန်ရစ်ခဲ့ကြောင်း တွေ့ရှိလျှင် ထိုအမည်အား မဲစာရင်းမှ ပယ်ဖျက်ခြင်းကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က ရွေးကောက်ပွဲ မတိုင်ခင် ၇ ရက်အတွင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိကြောင်း သိရသည်။
မော်ဒန်ဂျာနယ်ကို ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲ
ပြည်တွင်းမှ အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ နှင့် သတင်းထောက်တို့အား မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက အသရေဖျက်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲခဲ့ရာ အင်္ဂါနေ့ ပထမဆုံး ရုံးချိန်းတွင် အာမခံ ရခဲ့ကြောင်း
မန္တလေးအခြေစိုက် သတင်းထောက် မသက်စုအောင် က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကားလမ်းများ ပျက်စီးနေမှုနှင့် ပတ်သက်၍ သတင်းဆောင်းပါး ရေးသားခဲ့သည့်အပေါ် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဝေလျှံကို အသရေ ဖျက်မှု ပုဒ်မ ၅ဝဝ၊ သတင်းထောက် မသက်စုအောင်ကို အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း
မန္တလေးအခြေစိုက် သတင်းထောက် မသက်စုအောင် က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကားလမ်းများ ပျက်စီးနေမှုနှင့် ပတ်သက်၍ သတင်းဆောင်းပါး ရေးသားခဲ့သည့်အပေါ် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဝေလျှံကို အသရေ ဖျက်မှု ပုဒ်မ ၅ဝဝ၊ သတင်းထောက် မသက်စုအောင်ကို အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာနက ‘ဆုထူးပန်’ကုမ္ပဏီအား တံတားအခွန် ကောက်ခံခွင့် ပြုထားပြီး သတင်းဆောင်းပါး ထဲတွင် မြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာက ငွေကောက်ခံခိုင်းသည်ဆိုသည့် စွပ်စွဲချက်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ခဲ့သည့် မော်ဒန်ဂျာနယ်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကားလမ်းနှင့် တံတားများ ပျက်စီးနေမှုကို ‘လမ်းလွှဲလေးတော့ ကောင်းစေချင်’ ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ရေးသား ခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း
သပိတ်ကျင်းမြို့နယ်အတွင်း တံတားလမ်းလွှဲများ မကောင်းသဖြင့် ကားသမားများက ကုန်ကားများ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားနေသဖြင့် ကားလမ်းများ ကောင်းစေချင်ကြောင်းနှင့် တံတားဖြတ်သန်းခ ငွေကောက်မှုများ ပိုမိုများပြားလာမှုအပေါ် မကျေနပ်သဖြင့် သတင်းထောက်များအား ပြောပြခဲ့ရာမှ သတင်းသမားများ ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ သတင်းဆောင်းပါး ရေးထားခဲ့သည်ဟု မော်ဒန်ဂျာနယ် အထက်မြန်မာပြည် တာဝန်ခံ ဦးကျော်ရင်မြင့်က ပြောကြောင်း
ထို့ပြင် မော်ဒန်ဂျာနယ်တွင် လမ်းတံတား မကောင်းခြင်း၊ ကုန်ကားကြီးများ အလေးချိန် ချိန်သည့် ကတ္တားများ မမှန်ကန်မှု စသည့်အကြောင်းအရာများကို ဖော်ပြခဲ့သဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနှ အဆင့်မြင့် အရာရှိတဦးက မော်ဒန်ဂျာနယ်က သတင်းထောက် မသက်စုအောင်နှင့် တာဝန်ရှိသူများကိုခေါ်ယူတွေ့ဆုံခဲ့ကြောင်း
မြန်မာနိုင်ငံတွင် တည်ရှိနေသေးသော ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေ၊ ၁၉၅ဝ အရေးပေါ်စီမံချက် ဥပဒေ စသည့် ဥပဒေများ မဖျက်သိမ်းသရွေ့ မီဒီယာသမားများ ယခုကဲ့သို့ တရားစွဲဆိုမှုများ ဆက်လက် ရှိလာနိုင်သဖြင့် ဖျက်သိမ်းသင့်ကြောင်း မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးဇင်လင်းက ပြောကြောင်း
အဆိုပါ သတင်းဆောင်းပါးမျိုးသည် အစိုးရကို အထောက်အကူဖြစ်စေသည့် ဆောင်းပါးမျိုးဖြစ်သည်ဟု ရှုမြင်ကြောင်းနှင့် ပုဂ္ဂိလ်ရေး တိုက်ခိုက်ခြင်း မဟုတ်သဖြင့် မီဒီယာသမားများအား စိန်ခေါ်မှုတခု ဖြစ်လာသဖြင့် မလိုလားအပ်သည့် ဥပဒေများ ဖျက်သိမ်းနိုင်ရန် သတင်းသမားများ ညီညီညွတ်ညွတ်နှင့် ဆန့်ကျင်သွားရန် ဦးဇင်လင်း က တိုက်တွန်းလိုက်ကြောင်း
ဆောက်လုပ်ရေး အင်ဂျင်နီယာဘက်မှ ဦးတိုက်လျှောက်ထားသည့် အချက်များနှင့် မငြိစွန်းကြောင်းနှင့် မကျူးလွန်ကြောင်းကို ဥပဒေအရ ရင်ဆိုင်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ရှေ့နေ ဦးမြင့်သွင်က ပြောကြောင်း
မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ဘက်မှ တရားလွှတ်တော် ရှေ့နေကြီး ဦးကျော်ဆန်း၊ မန္တလေးမှရှေ့နေ ဦးမြင့်သွင်နှင့် အထက်တန်းရှေ့နေ ဦးနိုင်နိုင်ထွန်းတို့ လိုက်ပါဆောင်ရွက်ပေးနေကြောင်း
မန္တလေးမြို့မှ မိုင် ၁ဝဝ ခန့်အကွာတွင် တည်ရှိသော သပိတ်ကျင်းမြို့နယ် တရားရုံးတွင် အင်္ဂါနေ့က အမှုစတင် စစ်ဆေးခြင်းမရှိဘဲ လာမည့် မတ်လ၂၃ ရက်နေ့မှာ ရုံးချိန်းပေးလိုက်ကြောင်း သပိတ်ကျင်းမြို့နယ် တရားရုံးက ပြောကြောင်း သိရသည်။
တန်ဖဲရွာသားများ ဒု-သမ္မတအမိန့်ဖြင့် ပြောင်းရွှေ့ရမည်ဟု ခရိုင်မှူးပြော
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းဧရိယာအတွင်းမှ တန်ဖဲကျေးရွာသားများအား ၁၀ ရက်အတွင်း အောင်မြင်သာကျေးရွာသို့ မပြောင်းရွှေ့ပါက ပုဒ်မ (၁၈၈) ဖြင့် အရေးယူမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဒု-သမ္မတအမိန့်ကို သုံး၍ သတိပေးလိုက်ကြောင်း အင်္ဂါနေ့က တန်ဖဲရွာမှ ခေတ္တဖမ်းဆီးခဲ့သည့် ရွာသား ၂၀ ကျော်အား ညတွင်းချင်း ပြန်လွှတ်ပေးလိုက်သော်လည်း ဗုဒ္ဓဟူးနေ့ နံနက်တွင် မြစ်ကြီးနားမြို့ရှိ ခရိုင်အုပ်ချုပ်ရေးရုံးသို့ ထပ်မံခေါ်ယူ တွေ့ဆုံပြီး ခရိုင်မှူး ဦးခင်မောင်ချိုက ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ အမိန့်စာအား ဖတ်ပြခဲ့ကြောင်း
အမိန့်စာအရ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန်နှင့် မပြောင်းပါက အရေးယူမည် ဖြစ်ကြောင်း
“ခရိုင်မှူး ပြောတာက ၁၀ ရက်အတွင်း အိမ်အကုန် ဖျက်ပြီး နောက်ဆုံးထား အပြီးပြောင်းရွှေ့ဖို့။ ဒါက ဒုသမ္မတရဲ့ အမိန့် ဟုတ်တယ်ဆိုပြီး ပြောတယ်။ တန်ဖဲမှာ မနေပါဘူးဆိုတဲ့ လက်မှတ် ထိုးခိုင်းတယ်။ မြစ်ဆုံမှာ မနေရဘူး။ နေလို့ရှိရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမယ်ဆိုတာ အဓိက ပြောတယ်”ဟု ပြောကြောင်း
ဤကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ခေါ်ယူသတိပေးမှု ရှိသည်မှာ မှန်ကန်သော်လည်း အသေးစိတ် သိရှိလိုပါက ဒေသခံများကိုသာ မေးမြန်းရန် ခရိုင်ရုံး တာဝန်ရှိသူ တဦးက ဖြေကြားခဲ့ကြောင်း
တန်ဖဲကျေးရွာသားများအနေဖြင့် မပြောင်းရွေ့ပါက သက်ဆိုင်ရာအာဏာပိုင်များ ထုတ်ပြန်ထားသည့် အမိန့်အား မလိုက်နာမှု ဥပဒေပုဒ်မ (၁၈၈) ဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်ဒဏ်အဖြစ် ထောင် ၆ လမှ ၁ နှစ်ထိ ကျခံနိုင်သည်ဟု ဥပဒေညာရှင် ဦးအောင်သိန်းက ပြောကြောင်း
မြစ်ဆုံစီမံကိန်းကြောင့် ၂ဝဝ၉ ခုနှစ်ကတည်းက အစိုးရက ပြောင်းရွှေ့နေထိုင်စေခဲ့သော အောင်မြင်သာ ကျေးရွာသစ် တွင် စိုက်ပျိုးစားသောက်မည့် မြေနေရာ မရှိခြင်း၊ တိရိစ္ဆာန်မွေးမြူရန် စားကျက်မြေများ မရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲများရှိနေသည်ဟု အောင်မြင်သာရွာတွင် နေထိုင်သူ ဒေသခံ အမျိုးသမီးက ပြောကြောင်း
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က “မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ” ဆုတောင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက်လာသည့်အတွက် ဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်သူ ဦးတူးခေါင်၊ ဒေါ်လုရာ၊ ဦးလရိပ်၊ ဦးဂွမ်ရိန်တို့ အပါအဝင် ဒေသခံ ငါးဦးတို့ကိုလည်း ဗုဒ္ဓဟူးနေ့က သီးသန့် ခေါ်ယူ သတိပေးခဲ့ကြောင်း
ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေသည့်အချိန်တွင် ယခုကဲ့သို့ လုပ်ရပ်များကို ပြည်ထောင်စုအစိုးရက ပြန်လည် စစ်ဆေးသင့်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောကြောင်းသိရသည်။
ထိုင်းနှင့်မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ
ထိုင်းနှင့်မြန်မာ လူနေမှု အဆင့်အတန်းတို့ နှိုင်းယှဉ်ကာ မြန်မာတို့ နိမ့်ကျနေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ အသံလွှင့်ရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ၊ သဘောထားများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေကပြော ကြောင်း
အသံလွှင့်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး မတ်လ ၄ ရက်နေ့တွင် ကော်မရှင်မှ ပယ်ချခံခဲ့ရကြောင်း
“အကြောင်းပြချက်ကတော့ ပထမ ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ကြည့်ပြီးတော့မှ ဒါဟာ သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ပယ်တယ်လို့ပဲ ရေးထားတာပေါ့။ သူတို့ကို ထိခိုက်တယ်လို့ ယူဆသလား မသိပါဘူး”
မတ်လ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဟောပြောရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ ဆောင်းပါး နှစ်ပုဒ်လုံး အပယ်ခံခဲ့ရကြောင်း
“မြန်မာပြည်နဲ့ ထိုင်းနဲ့ နှိုင်းယှဉ်ပြတာပေါ့ဗျာ။ ကိုယ်ဝန်ဆောင်တွေရဲ့ အခြေအနေ၊ မွေးလာတဲ့ ကလေးတွေရဲ့ လူနေမှု အဆင့်အတန်း၊ နောက် ကျောင်းသား အရွယ် အခြေအနေ၊ အလုပ်အကိုင် အခြေအနေ၊ လူအိုအရွယ် အခြေအနေတွေမှာ နှိုင်းယှဉ်ပြီးတော့မှ ကျနော်တို့ တိုင်းပြည်က ဘယ်လောက်လိုသေးတယ်၊ ကျနော်တို့အားလုံး ပြုပြင်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာပါ”
ဤသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် အသစ် ပြန်လည်ရေးသားခဲ့ရပြီး ဆောင်းပါး အသစ်ကို ဗုဒ္ဓဟူးနေ့က နေပြည်တော်မြန်မာ့အသံတွင် အသံသွင်းပြီး ဖြစ်သည်ဟုလည်း သိရကြောင်းဦးသုဝေက သူပြောကြားမည့် ပါတီမူဝါဒ သဘောထားများ ပယ်ဖျက်ခံရမှုကြောင့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့အောက်လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ပြုပြင်ပြောင်းလဲရေးများ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ လုပ်ဆောင်ရန် တိုက်တွန်း သွားချက်ကို ကိုးကားကာ “အခုဖြစ်တာကိုပဲကြည့်ဗျာ။ ပြုပြင်ပြောင်းလဲရေးက သိပ်နှေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြတာ။ အဲဒါကြောင့် ကျနော်တို့က သူတို့ကိုတော့ သိပ်ပြီးတော့ အပြစ်မပြောချင် ဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ချင်တာကတော့ မြန်မြန်ပြောင်းချင်တယ်။ ဒါပေမယ့် မဖြစ်သေးဘူး” ဟု ပြောကြောင်း
DPM ဥက္ကဋ္ဌ ဦးသုဝေသည် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီမှ (ယခု အလုပ်သမားဝန်ကြီး) ဦးအောင်ကြည် အား ရှုံးနိမ့်ခဲ့သည်။ ယခု ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ယင်းတို့ပါတီများ၏ မူဝါဒ သဘောထားများကို ယခုလ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များ ဟောပြောခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။
Amnesty နှစ် ၅၀ပြည့် အခမ်းအနားပြက်လုံး – လွှတ်တော်က ကျပ်မပြည့်ဘူး
မတ်လ ၄ ရက် နယူးယောက်မြို့တော်မှာ ပြည်တော်မပြန်ခင် ကိုဇာဂနာက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Anmesty International) နှစ် ၅၀ပြည့် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ရာမှာ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို ရယ်သွမ်းသွေး သွားပါတယ်။ အဲသည် ပြောဆိုချက်ကို တက်ရောက်လာကြတဲ့ ပရိသတ်က ပွဲကျတာကို တွေ့ရပါတယ်။ သူက …
“ မြန်မာပြည်မှာ အကုန်ရှိတယ်။ သမ္မတ၊ အစိုးရ၊ လွှတ်တော် ပြီးတော့ အခြေခံဥပဒေ အကုန်ရှိနေပြီ။ ပြီးတော့ လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေက တမတ်သား ရှိတယ်။ အကယ်၍ လွှတ်တော်ထဲမှာ ကျနော့်တို့လို လူပြက်တွေကို တမတ်သား ထပ်ဖြည့်လိုက်မယ်သာဆိုရင် ကျနော်တို့လွှတ်တော်ကို ကျပ်မပြည့်တဲ့လွှတ်တော်လို့ ခေါ်ကြရလိမ့်မယ် …”
လို့ ပြက်သွားကြောင်းသိရသည်။
မြန်မာအပေါ်ဒဏ်ခတ်မှုတွေ လတ်တလော ရုပ်သိမ်းဦးမည်မဟုတ်
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရက်ခ်မစ်ချဲလ် ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေကို ဆွေးနွေးဖို့ ရှိနေကြောင်း
မတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတွေက ရှေ့လကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းသင့်မသင့် စဉ်းစားရာမှာ အခရာကျမယ်လို့လည်း အစောပိုင်းမှာ ပြောဆိုထားကြောင်းမြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိဘူးဆိုပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က လတ်တလော ဒဏ်ခတ်မှုတွေကိုတော့ ဖယ်ရှားအုံးမှာမဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုရီယားနျူလန်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားကြောင်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ခွင့်ရလာတာလို အခြေအနေမျိုးတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကတော့ ဒဏ်ခတ်မှုတွေလျှော့ပေါ့တဲ့ အစီအစဉ်တစိတ်တပိုင်းအဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေပေးတာကို ခွင့်ပြုတဲ့အကြောင်း အမေရိကန်အထူးကိုယ်စားလှယ် မစ်ချဲလ်ရဲ့ခရီးစဉ်အတွင်း ရန်ကုန်နဲ့မန္တလေးမြို့တွေကိုလည်း သွားရောက်ပြီး လူမှုအသိုင်းအဝိုင်းနဲ့သက်ဆိုင်ရာ ပုဂ္ဂိုလ်အများအပြားကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးတိုက်ဖျက်ရေးတာဝန် မြန်မာပျက်ကွက်
မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တဲ့ နိုင်ငံ ၃ နိုင်ငံ ထဲမှာ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက နောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်မှု မဟာဗျူဟာအစီရင်ခံစာ International Narcotics Control Strategy Report (INCS) ကဖော်ပြလိုက်ကြောင်းအမေရိကန်အထက်လွှတ်တော်ကို တင်ပြတဲ့၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာက အပိုင်း နှစ်ပိုင်းပါဝင်ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ သဘောတူညီချက်မှာပါတဲ့ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို လိုက်နာဆောင်ရွက်မှု ရှိမရှိ အကဲဖြတ်လေ့လာတဲ့ စာတမ်းဖြစ်ပါကြောင်း မူးယစ်ဆေးဝါးနဲ့ ဓာတု ပစ္စည်း ထိန်းချုပ်မှုအပိုင်းမှာ နိုင်ငံပေါင်း ၁၁၅ နိုင်ငံကို အကဲဖြတ်ထားကြောင်း
ဒုတိယပိုင်းမှာတော့ တရားမဝင် ငွေလွှဲပြောင်းမှုနဲ့ ဘဏ္ဏာရေး ပြစ်မှုတွေကို ဖော်ပြထားပြီး တရားမဝင် ငွေလွှဲမှုဆိုင်ရာ အဓိကကျတဲ့ နိုင်ငံပေါင်း ၆၆ နိုင်ငံကို လေ့လာသုံးသပ် ထားကြောင်း ဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ခုထက်ထိ ကမ္ဘာမှာ ဘိန်းအဓိကထုတ်လုပ်နေတဲ့နိုင်ငံတခုဖြစ်ပြီး အာဖဂန် နစ္စတန် နိုင်ငံပြီးရင် ဘိန်းဖြူပမာဏ အများဆုံး ထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံတခုလည်း ဖြစ်နေကြောင်း
ဒါ့အပြင် မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်ကစလို့ ဒေသထဲမှာ ATS ခေါ် Amphetamine Type Stimulants ခေါ် အင်ဖက်တမင်းအမျိုးအစား စိတ်ကြွဆေးပြား အဓိကဖြန့်ဖြူးတဲ့ နိုင်ငံတခု ဖြစ်နေကြောင်း ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် INCS အစီရင်ခံစာ ထုတ်ပြီးကတည်းက မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစိတ်တပိုင်းအဖြစ် အမေရိကန်အစိုးရနဲ့လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ခိုင်မာတဲ့ စိတ်အားထက်သန်မှုတွေ ဖော်ပြခဲ့ပါတယ်လို့လည်း အစီရင်ခံစာက ဖော်ပြကြောင်း
ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ အဂတိလိုက်စားမှု တရားဝင်ဖော်ထုတ်ရေးနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ ဥပဒေ စိုးမိုးမှုရှိရေးတို့အတွက် ပိုပြီး ပြည့်စုံတဲ့ ရင်းမြစ် ပစ္စည်းအားတွေ သုံးပြီး အားစိုက်လုပ်ဆောင်ရလိမ့်မယ်လို့ အစီရင်ခံစာက တိုက်တွန်းကြောင်းသိရသည်။
ဒီမိုကရေစီရေးအတွက် ဆက်အားပေးဖို့ နယူးဇီလန်ကို ဒေါ်စုတိုက်တွန်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီး မာရေး မက်ကာလီ ကို မတ်လ ၇ ရက် ဗုဒ္ဓဟူးနေ့မနက်က သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ကြောင်း
ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေအပေါ် နယူးဇီလန်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီး မာရေးမက်ကာလီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ကြောင်း
“ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကနေ လက်တွေ့ အကျိုးရလဒ်တွေကို လူထုက သေချာပေါက်ရနိုင်အောင် ကျနော်တို့ လုပ်ရပါလိမ့်မယ်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နယူးဇီးလန်နိုင်ငံဟာ သူမ နှစ်သက်တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းရင်းနဲ့ အခုလို ပြောဆိုခဲ့ပါတယ်။
“ကျမတို့ နိုင်ငံဟာ သေးငယ်တဲ့ တိုင်းပြည်လေးတခု မဟုတ်သလိုဘဲ ကြီးမားတဲ့ နိုင်ငံတခုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့မှာ ဖြေရှင်းရ မယ့် ပြဿနာတွေကတော့ အများကြီးကို ရှိနေပါတယ်။ ဒီမိုကရေစီ ထူထောင်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ ကျမတို့ကို ကူညီဖို့အတွက် နယူးဇီးလန်က မိတ်ဆွေတွေက ပိုပြီး နားလည်မယ်ဆိုတာ သေချာပါတယ်။”
ဒါ့အပြင် မစ္စတာ မက်ကာလီဟာ အင်္ဂါနေ့က မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း ဒီတွေ့ဆုံမှုအပေါ် မစ္စတာ မက်ကာလီ က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အခုလို မှတ်ချက်ပေး ပြောဆိုခဲ့ကြောင်း
“အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့လည်း သူတွေ့ခဲ့တဲ့အကြောင်း ပြောပါတယ်။ သူ တွေ့ခဲ့တဲ့အထဲမှာတော့ အကုန်လုံးက ပြုပြင်ပြောင်းလဲမှု အတွက်ကို အကုန်လုံးက လိုချင်နေတယ်လို့ သူလည်း ယူဆတယ်ပေါ့နော်- အဲဒီလို ပြောပါတယ်။ နောက်ပြီးတော့မှ ကျနော်တို့ရဲ့ အခြေအနေပေါ့နော်- အခုလောလောဆယ်မှာ အရေးအကြီးဆုံးက ကြားဖြတ်ရွေးကောက်ပွဲဆိုတော့ အဲဒါနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ပြောဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တွေ့ကြုံခဲ့ရတဲ့ဟာတွေကိုပဲ ပြန်ပြောတာပေါ့။ ပြန်ပြောတယ်ဆိုတာမှာ အဓိက ကတော့ မဲစာရင်းတွေမှာ မှားနေတဲ့ဟာတွေပေါ့နော်- ကျန်တာတွေကတော့ နောက်ပိုင်းကို နယူးဇီလန်အနေနဲ့၊ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့အခုဖြစ်နေတဲ့ ဒီမိုကရက်တစ် ထရန်စဖော်မေးရှင်း (Democratic Transformation) ပေါ့ဗျာ- အဲဒီဟာတခုလုံးကို ဘယ်လို ကူပေးနိုင်မလဲဆိုတာကို-ဒါကိုပဲ မေးတာပါ။”
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီဝင်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ အများက ယုံကြည်လက်ခံမှုပေးနိုင်မယ့် ပြီးတော့လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားအောင် အထောက်အကူဖြစ်စေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ လွှတ်တော်နေရာ ၄၈ နေရာစလုံးကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း
ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည်ဆန်းစစ်တဲ့ နေရာမှာ အဓိက စမ်းသပ်ချက်လည်း ဖြစ်တယ်လို့ မြန်မာပြည်ကို လာရောက်ကြတဲ့ ခေါင်းဆောင်တွေက ပြောဆိုထားကြောင်းစစ်တပ်က ခန့်အပ်ထားသူတွေနဲ့ ကျောထောက် နောက်ခံပေးထားသူတွေ လွှမ်းမိုးနေတဲ့ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေ အောင်မြင်အောင် လုပ်နိုင်မှာလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း
နယူးဇီလန်နဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံကြား အပြန်အလှန် ဆက်ဆံမှုတွေ ရှိပေမဲ့လည်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုတွေကကြီးကြီးမားမား မရှိကြောင်း ဒါ့အပြင် မြန်မာနိုင်ငံကို နိုင်ငံခြားရေး ဝန်ကြီးတဦးအနေနဲ့ မစ္စတာ မက်ကာလီ လာရောက်ခဲ့တာကတော့ ပထမဆုံးအကြိမ်ဖြစ်ကြောင်း
နယူးဇီးလန်နိုင်ငံမှာ ဝန်ကြီးဌာနအမှုထမ်း ၃ဝဝ လောက် အလုပ်ဖြုတ်ခံရတော့မယ့်အချိန်မှာ - မစ္စတာ မက်ကာလီရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း ဒေါ်လာ ၂ သောင်း ၆ ထောင် ကုန်တဲ့ စင်းလုံးငှား လေယာဉ်ကို အသုံးပြုခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ လည်း ရှိနေတာဖြစ်ကြောင်းသိရသည်။
အရှင်ဂမ္ဘီရကို အာဏာပိုင်တွေ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး
မကြာသေးခင်ကမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင် ဂမ္ဘီရကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး မတ်လ ၆ ရက်နေ့ညက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောကြောင်း အစိုးရထုတ် သတင်းစာတွေကနေ အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ်လို့ မကြာသေးခင်က သတိပေးပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တဲ့အတွက် မိသားစုကစိုးရိမ်နေသလို နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း စောင့်ကြည့်နေကြကြောင်း
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် သံဃာ ၂ ပါး၊ ညီအငယ်ဆုံးဖြစ်သူ ကိုလွင်မောင်မောင် နဲ့ လယ်သမားအရေး လုပ်ဆောင်မိလို့ ထောင်ချခံခဲ့ရာကနေ ပြန်လွတ်လာခဲ့တဲ့ ထန်းတပင်မြို့နယ်က ကိုထွန်းထွန်းဦး စုစုပေါင်း ၅ ယောက်ဟာ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ရှိတဲ့ အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေးရဲ့ နေအိမ်မှာ တည်းခိုနေကြကြောင်း အဲ့ဒီလို တည်းခိုနေချိန် - အရှင်ဂမ္ဘီရကို SB လို့ ယူဆရတဲ့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့ကနေ မတ်လ ၆ ရက် အင်္ဂါနေ့ည ၁ဝ နာရီ ဝန်းကျင်လောက်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ အရှင်ဂမ္ဘီရရဲ့ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်က ပြောကြောင်း
“ကျနော် ဦးပဇင်းနဲ့ ဒီနေ့ချိန်းထားတာ။ ဗြိတိသျှသံအမတ်ကြီးက ဖိတ်ထားလို့ ကျနော်အပါအဝင် ဦးဇင်းတို့ ကြွဖို့ပေါ့နော်။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ သွားတွေ့ဖို့ ချိန်းထားတာဗျ။ အဲဒါကြောင့် ဒီနေ့ ကျနော် ရန်ကုန်ကိုရောက်လာတယ်။ ရောက်တော့ ဦးပဇင်းတည်းနေတဲ့ မခင်သူဌေးရဲ့အိမ်ကဖုန်းကို ကျနော်ဆက်တယ်ဗျ၊ ဖုန်းကိုင်မယ့်သူမရှိဘူး။
အဲဒါနဲ့ အခြေအနေထူးခြားတယ်ဆိုပြီး မဂ္ဂင်ကျောင်းက ဆရာတော် ဦးဇင်း ဂျောင်းဂျောင်းရဲ့ ဖုန်းကို ကျနော် ဆက်လိုက်တယ်။ ပြီးခဲ့ည ၉ နာရီက ဦးဂမ္ဘီရဖုန်းကို ဆက်တယ်တဲ့- ဆက်တဲ့အခါမှာ ဦးဂမ္ဘီရနဲ့အတူတူနေတဲ့ ကရင်ကိုယ်တော်လေးက ဖုန်းကိုင်တယ်တဲ့။ သူတို့ သံဃာ့ ကိစ္စတွေဘာတွေ ပြောနေတုန်းမှာပဲ သူတို့ဝင်လာကြပြီလို့ ကရင်ကိုယ်တော်လေးကပြောပြီး ဖုန်းခွက်ကို ဘေးချထားလိုက်တယ်တဲ့။ ခဏ အကြာမှာ ပြန်ဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးတဲ့- ဖုန်းတော့ဝင်တယ်တဲ့။
မျက်မြင်သက်သေအားဖြင့်တော့ ဒီလမ်းထဲက ပုဂ္ဂိုလ်တွေက ပြောတာဆိုတာပဲရှိပါတယ်။ ဒါပေမယ့် ဖုန်းအဆက်အသွယ်ရတာတွေအရ -ကျနော်နဲ့ချိတ်ဆက်ထားတာတွေအရ ဒီကနေ့ ကျနော့်ကို မဆက်သွယ်တာတွေအရ အကုန်လုံး ပေါင်းရုံးပြီး ကြည့်လိုက်မယ်ဆိုရင် အဖမ်းခံရတယ်ဆိုတာ သေချာသလောက်ပါပဲဗျ”
လောလောဆယ် ကျောက်တံတားရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရတဲ့အကြောင်းနဲ့ အရှင် ဂမ္ဘီရကို အခုလို ဖမ်းဆီးခေါ်ဆောင်တာဟာ မကြာသေးခင်က သတင်းစာမှာပါတဲ့အချက်တွေအရ ဖြစ်နိုင်ကြောင်းထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ အတွင်းရေးမှူးကိုတိတ်နိုင်ကတော့ လက်ရှိ အခြေအနေကို စောင့်ကြည့်နေပြီး အာဏာပိုင်တွေဘက်က ပြန်လွှတ်ပေးခြင်းမရှိခဲ့ရင် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်လို့ အခုလို ပြောပါကြောင်း
“ကျနော်တို့သိရတာကတော့ SB က ဖမ်းတာပါ။ သို့ပေမယ့် သူတို့ပြောချက်တွေအရကတော့ သက်ဆိုင်ရာကလာပြီး ခေါ်ယူမေးမြန်းဖို့ အတွက် ခေါ်သွားတယ်လို့ ပြောတယ်။ အရှင်ဂမ္ဘီရကလည်း အဲဒီအချိန်မှာ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဦးဣဿရိယကို သူ့ကို တရက်ပဲ ခေါ် သွားမယ်ဆိုပြီးတော့ လာခေါ်တဲ့အချိန်မှာ အာဏာပိုင်တွေက ကတိပေးသွားတယ်လို့တော့ ကြားရပါတယ်။သို့ပေမယ့် ဗမာပြည်မှာ ကျနော်တို့အတွေ့အကြုံအရဆိုရင်တော့ ခဏ ဆိုတဲ့ကိစ္စကလည်း တခါတလေ အနှစ် ၂၀ လောက် ကြာသွားရ တတ်တဲ့ အခါကျတော့ ကျနော်တို့လည်း ဒီအပေါ်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာတော့ စောင့်ကြည့်နေပါတယ်။ ဒီနေ့ညမှ ပြန်မလွှတ်ဘူးဆိုရင်တော့ ဒါဟာ သူတို့ပြောခဲ့တဲ့ကတိတွေနဲ့ ညီဖို့အတွက် ကျနော်တို့ ပြောဆိုရမှာပဲ”
အာရှလူ့အခွင့်အရေးကော်မရှင်ကတော့ အာဏာပိုင်တွေရဲ့ အခု ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့လည်း မကိုက်ညီသလို - လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လည်း ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြောင်းအရှင်ဂမ္ဘီရကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ဝ နေ့ကလည်း တိုင်းသာသနာရေးဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ မေးချင်တာရှိလို့ဆိုပြီး အခုလိုပဲ ခေါ်ဆောင်သွားဖူးပြီး ရက်ပိုင်း အတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့ကြောင်း အဲ့ဒီလို ပြန်လွှတ်ပေးပြီးနောက် မကြာခင်မှာပဲ အစိုးရထုတ် သတင်းစာတွေကနေ ဆရာတော်ကို ဓမ္မစက်နဲ့အရေးယူလို့မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ သတိပေးရေးသားခဲ့ကြောင်း
အရှင်ဂမ္ဘီရနဲ့ အခြားသံဃာတော်တွေကနေ ဦးဆောင်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားကို စစ်တပ်ကနေ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး နောက် အရှင်ဂမ္ဘီရအပါအဝင် ရာနဲ့ချီပြီး တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့ကြောင်းအရှင်ဂမ္ဘီရကိုတော့ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် အနှစ် ၆ဝ ကျော် ချမှတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးတဲ့နောက်ပိုင်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်းအရှင်ဂမ္ဘီရဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကပဲ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာခဲ့သူကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ်သတင်းများ စိစစ်ရေး တင်းကျပ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်ပြီး ဖော်ပြသည့်သတင်းများကို စာပေစိစစ်ရေးက တင်းကျပ်ကြောင်း ပြည်တွင်း သတင်းဂျာနယ်များက ပြောကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်းခရီးစဉ်တွင် အားကစားကွင်းအတွင်းဟောပြောရန် လျှောက်ထားသော် လည်း မရရှိသဖြင့် မြစ်ကမ်းစပ်သဲသောင်ပြင်ပေါ်တွင် ဟောပြောခဲ့ရမှုကို သစ္စာဂျာနယ်ကရေးသားခဲ့ရာ စာပေစိစစ်ရေးက အပြည့်စုံ ဖော်ပြခွင့် မပြုဟု ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးသောင်းထိုက် ကပြောပြကြောင်းဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ဖေဖော်ဝါရီလလယ်ပိုင်း ဖျာပုံခရီးစဉ်မှစ၍ လှည်းကူး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တံတားဦး၊ နေပြည်တော် စသည့် ဒေသများ၌ဟောပြောရန် ကွင်းပြင်လွတ်များ ငှား ရမ်းရာတွင် အာဏာပိုင်များက ဟန့်တားမှုပြုလုပ်ခဲ့သည့် သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြတ်တောက်မှုများပြုလုပ်ခဲ့ သည် ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာများက ပြောဆိုကြကြောင်း
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတပုဒ် ဆိုင်းငံ့ခြင်းခံခဲ့ရ သကဲ့ သို့ ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် အင်တာဗျူး ကဏ္ဍကိုလည်း စိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာတဦးက ပြောကြောင်းအလားတူ နေပြည်တော်ရှိ မြို့နယ် လေးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လေးဦး၏ မဲဆန္ဒနယ်မြေများ၌ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခြင်းခံရမှုများအပါအဝင် အာဏာပိုင်များက ခြိမ်းခြောက်မှုများကို ရေးသားခဲ့သော်လည်း စာပေစိစစ်ရေးက အပုဒ်လိုက် ဖြတ်တောက်ခြင်းများရှိသည်ဟုလည်း ဆိုကြောင်းဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သတင်းများ ဖော်ပြခွင့် ပိတ်ပင်ခံရမှုအများဆုံး ဂျာနယ်များထဲတွင် မြန်မာပိုစ့်ဂျာနယ်နှင့် ပြည်မြန်မာ ဂျာနယ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဂျာနယ်များက တင်ပြသည့် တခြားသော သတင်းနှင့် ဆောင်းပါးများကို အပုဒ်လိုက်ဖြတ်တောက်ခြင်းများပြုလုပ်သကဲ့သို့ ခေါင်းစဉ်နှင့် စာပိုဒ် တချို့ကိုလည်း စိစစ်ရေးက ၎င်းတို့အာဘော်အတိုင်းပြုပြင်ရေးသားကြောင်း အယ်ဒီတာများက ပြောဆိုသည်။ Open News Journal အယ်ဒီတာချုပ် ဦးသီဟစောကလည်း“ပယ်တာဖြုတ်တာတွေ ရှိတာပေါ့။ အပတ်စဉ်တိုင်းကို ရှိတယ်။ ခေါင်း စဉ်တွေ၊ စာပိုဒ်တွေ လိုက်ပြင်တာက အစလုပ်တယ်”ဟု ပြောသည်။
စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ထောက်ပြရေးသားထားသည့် ဝါရင့်သတင်းစာဆရာကြီး လူထု စိန်ဝင်း ၏ “မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ”အမည်ရှိ Weekly Eleven ဂျာနယ်တွင် ဖော်ပြသည့် ဆောင်းပါးကိုလည်း စိစစ်ရေးက ခွင့်မပြုခဲ့ပေ။
KNPP အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး
နောင်ဆက်လက် ဆွေးနွေးမယ့်ပွဲတွေမှာ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် တဖွဲ့ချင်း မဆွေးနွေးဘဲ တိုင်းရင်းသားအားလုံးပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီပုံစံမျိုးနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ KNPP အဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးပွဲမှာ သဘောထားတင်ပြခဲ့ကြောင်းဆိုပါတယ်။ ဒီတင်ပြချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး ခူးဦးရယ်က အခုလို ပြောပြကြောင်း
“သူတို့ပြန်လည်ဆွေးနွေးတဲ့ အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်၊ သူတို့ လက်ခံတွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပဲ နားလည်လို့ရတယ်။ ဒါပေမယ့် အခြေခံအားဖြင့် UNFC နဲ့ သွားမယ်ဆိုတဲ့ နာမည် နာမတပ်ပြီး ပြောတဲ့ဟာမျိုးတော့ မဟုတ်ဘူးပေါ့”
ဆွေးနွေးပွဲမှာ KNPP ဘက်က တင်ပြတဲ့ အချက်ပေါင်း ၂၀ ကို ဆွေးနွေးခဲ့ကြပြီး အချက်တွေထဲမှာ နယ်မြေပိုင်းခြားရေး ကိစ္စများအပါအ၀င် ကရင်နီ ဒုက္ခသည်အရေးတွေလည်း ပါဝင်ကြောင်းသိရပါတယ်။
မဲဆန္ဒရှင် အမည်စာရင်း စိစစ်ရေး ရက်တိုးပေးဖို့ NLD မေတ္တာရပ်ခံ
တစ်တိုင်းပြည်လုံး အတိုင်းအတာအရ မဲဆန္ဒရှင် အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာမှာ စာရင်းပါဝင်သူတချို့ဟာ မဲပေးခွင့် မရှိသူတွေ ဖြစ်တာကြောင့် အသေအချာပြန်လည် စိစစ်နိုင်အောင် အချိန်ကာလတိုးပြီး သတ်မှတ်ပေးဖို့ NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့ စာပေးပို့ မေတ္တာရပ်ခံလိုက်ကြောင်းမဲပေးခွင့်ရှိသူစာရင်းကို မှန်မှန်ကန်ကန် ဖြစ်စေချင်တာကြောင့် အခုလို စာရေးသား တောင်းဆိုရတာဖြစ်ကြောင်း တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရွေးကောက်ပွဲကော်မရှင်ရုံးက လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် သေဆုံးသွားသူတွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေရဲ့ အမည်စာရင်းတွေ ပါဝင်နေသလို၊ သန်းခေါင်စာရင်းမှာ အမည်မပါဝင်သူတွေကိုလည်း မဲစာရင်းထဲမှာ တွေ့ရကြောင်း NLD ပါတီ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုကြကြောင်းသိရသည်။
အေဘီအက်စ်ဒီအက်ဖ် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကို သွား
ထိုင်းနိုင်ငံ အခြေစိုက် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ အစိုးရရဲ့ အပစ်ရပ်စဲရေး ဖြစ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အကြိုဆွေးနွေးဖို့ ဒီကနေ့ ရန်ကုန်မြို့ကို ထွက်ခွာသွားကြောင်းအခုစေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ရဲ့ အတွင်းရေးမှူးအဖြစ် ကိုမြင့်ဦးက ဦးဆောင်ပြီး အဖွဲ့ဝင် ၆ ဦး ပါဝင်ကြောင်း အစိုးရနဲ့ ဆွေးနွေးပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်စရာတွေကို အစိုးရနဲ့ တိုင်ပင်ဖို့ ဒီအဖွဲ့ကို စေလွှတ်တာဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းက ပြောကြောင်း လာမယ့် ဧပြီလ ပထမပတ်အတွင်းမှာ ဦးအောင်သောင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေးမှာ ဖြစ်ကြောင်း ဦးအောင်သောင်း စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံ မဲဆောက် မြို့မှာ အရင်တစ်ကြိမ် အလွတ်သဘောဆွေးနွေးခဲ့ကြောင်း သိရသည်။
ကြံ့ဖွံ့ကို မဲပေးဖို့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင် ခြိမ်းခြောက်
ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်တဲ့တွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဖြေရှင်းပေးဖို့ ကျားဖြူပါတီက တောင်းဆိုချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အရေးယူဖြေရှင်းပေးမယ်လို့ ကတိပြု ပြောကြားကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာ ၁၆ ရက်က ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်တွေမှာ ရွာလုံးကျွတ် အစည်းအဝေးတွေ ခေါ်ယူပြီး တခြားပါတီတွေကို မဲထည့်ရင် နေအိမ်မီးရှို့ခံရမယ်၊ ရွာကနေ နှင်ထုတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုကြောင်းရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ်လပ်နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ကျားဖြူပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြမယ် ဖြစ်ကြောင်း သိရသည်။
ကသာမြို့ ဈေးကြီး မီးလောင်
စစ်ကိုင်းတိုင်း ကသာမြို့ ဈေးကြီးမှာ ဒီနေ့မနက် ၃ နာရီလောက်က မီးလောင်ခဲ့လို့  ဈေးကြီးတစ်ခုလုံး မီးထဲပါသွားပြီး ကျပ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှု အခြေအနေနဲ့ ပတ်သက်လို့ ကသာမြို့ခံတစ်ယောက်က အခုလို ပြောပြပါကြောင်း
“ကသာဈေးက တစ်ဈေးလုံးနီးနီး၊ တောင်ဘက်ပိုင်းက တိုက်ခန်း ၆ ခန်းလေးပဲ ကျန်တာ။ ၀ါယာရှော့ဖြစ်ပြီးမှ၊ ရဲစခန်းက ခေါ်ပြီး စစ်ဆေးနေတယ်လို့ ပြောတယ်ဗျ။ မီးက လောင်စာတွေများတော့ အောက်မှာ တငွေ့ငွေ့နဲ့ လောင်နေတုန်းဗျ။ အဲဒါတွေကို မီးသတ်ကားက ထီးချိုင့်၊ ဗန်းမောက်၊ ကောလင်း၊ အင်းတော်၊ မော်လူး တို့က မီးသတ်ကားတွေရယ်၊ နောက် ကုမ္ပဏီတွေက ဘောက်ဆာ ရေတင်တဲ့ကားတွေ လာရောက်ငြိမ်းသတ်ကြတယ်”
ဈေးဆိုင်ခန်းပေါင်း ၃၅၀လောက်နဲ့ နေအိမ် ၁၃ လုံး မီးလောင်တယ်လို့ သိရပါတယ်။ အထည်အလိပ် ရောင်းချတဲ့ဆိုင်တွေ များပြီး အနည်းဆုံးသိန်းပေါင်း ၂၀၀၀ လောက် ဆုံးရှုံးမယ်လို့ထင်ကြောင်း ဒီနေ့ ဈေးမီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိဖို့ရာ သက်ဆိုင်ရာ မီးသတ်၊ စည်ပင်သာယာဌာနနဲ့ ရဲစခန်းတွေကိုအချိန်အတော်ကြာအကြိမ်ကြိမ်ဆက်သွယ်ပေမယ့်ဆက်သွယ်လို့မရကြောင်းကသာဈေးကြီးမီးလောင်တာ ဒါပထမဆုံးဖြစ်ပြီး ၁၉၈၃ ခုနှစ်ကတော့ အဲဒီဈေးနားမှာပဲ မီးလောင်ခဲ့လို့ အိမ်အမြောက်အမြား မီးထဲ ပါခဲ့ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံတောင်ဘက်ပိုင်း မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါး၊ ပုစွန်များကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အဓိကတင်ပို့ မြန်မာနိုင်ငံမှထွက်ရှိသော ငါး၊ ပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိပြီး မြန်မာနိုင်ငံမှ ၃၀ ရာခိုင်နှုန်းသာ ရရှိနေ
မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး၊ ပုစွန်များမှာ အဓိကအားဖြင့် ထိုင်းနိုင်ငံရှိ ရနှောင်းမြို့သို့ ရောက်ရှိနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ တောင်ဘက်ဆုံးပိုင်းရှိ မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါးပုစွန်များကို ထိုင်း နိုင်ငံရနှောင်းမြို့သို့ အဓိကတင်ပို့ပေးရလျက်ရှိကာ အဆိုပါဒေသနှင့် မဟာချိုင်ဒေသမှာ အရှေ့တောင်အရှတွင် အဓိက ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းသာ ရရှိနေသောကြောင့် ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
''ထိုင်းနိုင်ငံ ရနှောင်းမြို့မှာရှိတဲ့ ဂိုဒေါင်တွေမှာ လာရောင်းတဲ့ လှေအားလုံးလိုလိုက မြန်မာနိုင်ငံက လာရောင်းတဲ့ ငါးလှေတွေပါ။ ရနှောင်းက ဂိုဒေါင်တွေမှာ လေလံတင်ပြီး သူတို့က မဟာချိုင်နဲ့ ဘန်ကောက်ကို ပြန်တင်ပို့ပေးတာပေါ့။ ဈေးကွက်အဆုံးကို ကျွန်တော်တို့က မတင်ပို့နိုင်သလို မြန်မာနိုင်ငံကထွက်တဲ့ ရေထွက်ပစ္စည်းကို အမှီပြုပြီး ရနှောင်းမှာ ငါးဈေးကွက်ကြီး ဖြစ်နေတာတွေ့ရတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေပါ သွားရောက်လုပ်ကိုင်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံက ရေထွက်ပစ္စည်းလည်း တင်ပို့ပေးရ၊ အဲဒီလုပ်ငန်း အဆင်ပြေစေဖို့ ရွှေ့ပြောင်းလုပ်သားတွေလည်း တင်ပို့ပေးရတယ်။ ငါးပုစွန် ဈေးကွက်က ရတဲ့အကျိုးအမြတ်ကိုတော့ ထိုင်းနိုင်ငံက တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တာတို့၊ အခွန်အခတွေကြောင့် မြန်မာနိုင်ငံက တင်ပို့တဲ့ ငါးပုစွန်တွေပေါ်မှာ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းလောက်သာ ရရှိတယ်လို့ တွက်ချက်ထားတာ တွေ့ရတယ်။ အဲဒီတော့ မြန်မာနိုင်ငံက ထွက်တဲ့ ငါးပုစွန်တွေကို မြန်မာနိုင်ငံမှာ ဈေးကွက်ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံမှာ ရှိပြီးသားလည်းဖြစ်တဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီး ပြန်လည်လည်ပတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနအသီးသီးနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ပါဝင်မယ့် ပညာရှင်အဖွဲ့ကို မြိတ်မြို့က အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီးကို စေလွှတ်ပြီး ဆွေးနွေး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ် လို့သိရတယ်''ဟု ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံဈေးကြီးသို့ လာရောက်လေ့လာပြီး သက် ဆိုင်သည့် နယ်ပယ်အသီးသီးမှ ပညာရှင်အဖွဲ့ စေလွှတ်ပြီး ငါးလေလံဈေးကြီး ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဆွေးနွေးသွားရန် မှာကြားခဲ့ကြောင်း
ထိုင်းနိုင်ငံအနေဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပြီး ၎င်းတို့နိုင်ငံတွင် ငါးမျိုးသုဉ်းသွားပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာထားခဲ့သော်လည်း မြန်မာနိုင်ငံမှထွက်ရှိသော ငါးပုစွန်များကို အမှီပြုကာ အရှေ့တောင်အာရှတွင် ကြီးမားသော ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ရယူထားကြောင်း ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် မြန်မာ့ပင်လယ်မှထွက်ရှိသော ငါးပုစွန်များကိုအမှီပြုကာ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ လေးသန်းကြား အရောင်းအ၀ယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံအနေဖြင့် မြိတ်-မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ကာ အဆင့်မီလမ်းဖောက်လုပ်နိုင်ပါက ဒေသခံလုပ်ငန်းရှင်များ အပါအ၀င် အခြေခံလူတန်းစားများ၊ အလယ်အလတ်လုပ်ငန်းရှင်များပါ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်သွားနိုင်ပြီး ရေထွက်ကုန်တင်ပို့မှုများလည်း မြန်ဆန်စွာ တင်ပို့နိုင်မည့်အပြင် ငါးဈေးကွက်ကြီးမှာလည်း မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာမည်ဟု ဒေသခံလုပ်ငန်းရှင်များက သုံးသပ်ပြောကြားလျက်ရှိကြောင်း သိရသည်။
လာမည့်၂၀၁၂-၂၀၁၃ဘဏ္ဍာ ရေးနှစ်မှစ၍
မြန်မာငွေလဲနှုန်းထားကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ ရ-သုံးငွေရှင်းတမ်းနှင့် ၀န်ကြီးဌာနများ၏ နိုင်ငံခြားငွေသုံးစွဲမှုများကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နီးစပ်သည့် ပညာရှင်များနှင့် ငွေလဲနှုန်းတစ်ခုတည်း ပေါင်းစည်းရေးနှင့် ပြောင်းလဲရေးတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိပါသည်။
''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါကြောင်း
နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုကြောင်း
''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါကြောင်း
နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုကြောင်း
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ-ငြိမ်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေးအဖွဲ့ခေါင်းဆောင်) ကလည်း ''ဒါက ဗဟိုဘဏ်က ဆုံးဖြတ်ပြီး လုပ်ကိုင်မှရမယ့် ကိစ္စပါ။ ကျွန်တော်တို့က ဆုံးဖြတ်လို့ မရပါဘူး။ အခုထိတော့ တရားဝင် မကြေ ညာသေးဘူး။ ဒီကိစ္စက လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ လုပ်နည်းကိုင်နည်း မှန်ဖို့အရေးကြီးတယ်။ အလောသုံးဆယ်လည်း လုပ်ဖို့မသင့်တဲ့ထဲမှာ ပါတယ်။ အိုင်အမ်အက်ဖ်လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုလည်း လိုတယ်။ အခုလို နှုန်းရှင်ထားတော့မယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားနိုင်တယ်''ဟု ထင်မြင်ချက်ပေးကြောင်း
ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အချက် နှစ်ချက်ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာဖြစ်ပေါ်နေသော ငွေလဲနှုန်းထားအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန်နှင့် နိုင်ငံ၏ လက်ရှိ ငွေပေး ငွေယူ ရှင်းတမ်း (balance of payments)၊ သာမန်စာရင်း(current account) တို့တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်းသက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy) များနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ရန်လိုအပ်ကြောင်း ယမန်နှစ်က ပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဦးမြင့်က ထင်မြင် သုံးသပ်ထားပါသည်။
ပါမောက္ခ Dr. Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝ သယံဇာတကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး ၀င်ငွေခွဲဝေမှုမမျှတခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသော်လည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေးပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါကြောင်း
မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှ ရရှိငွေများကို . . . |
ပါမောက္ခ Dr. Joseph Stiglitz က ''နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်ပြီး ကူးစက်တတ်တဲ့ Dutch Disease ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို ငွေတန်ဖိုးတက်တာက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေတာကြောင့် နိုင်ငံခြားငွေလဲနှုန်းကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေမှာ နိုင်ငံခြား ငွေလဲနှုန်း စီမံခန့်ခွဲမှုကို ထိရောက်ကောင်း မွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလမ်းမှာ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်းသာ ရှိစေတဲ့နည်းနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ပါတယ်။ ငွေလဲနှုန်း အမျိုးမျိုးကြောင့် ဘတ်ဂျက် ခွဲဝေမှုမှာ ထင်သာမြင်သာ မရှိဘဲ ထိရောက်မှုကိုလည်း အားနည်းစေတယ်။ ဘတ်ဂျက်ခွဲဝေမှု စနစ်မကျတာနဲ့ မထိန်းချုပ်နိုင်တာတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်။ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်း မထား နိုင်သေးရင်တောင် ဈေးကွက်ပေါက်ဈေးအရ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကိုတော့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရပါမယ်''ဟု ငွေလဲနှုန်းနှင့်ပတ်သက်၍ ဟောပြောခဲ့ကြောင်း
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းကိစ္စ အပါအ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိကြောင်း၊ အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကိုတစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး ထွန်းသစ်လာသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပါကြောင်း သိရသည်။
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း
မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။
မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါတယ်။ လူတွေကဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့ကြောင်း
''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း
မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။
မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါတယ်။ လူတွေကဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့ကြောင်း
''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း
မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့သော အဆိုပါဟောပြောမှု၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ပြည်သူလူထု၏ လက်ရှိအခြေအနေများအပေါ် ထောက်ပြပြီး လူ့စွမ်းအားအရင်းအမြစ်ပေါ် အခြေခံသော နိုင်ငံတစ်ခု တည်ဆောက်ရန် ပြောကြားခဲ့သည်။ ''စင်ကာပူဟာဆိုရင် ကျွန်းနိုင်ငံ သေးသေးလေးပဲ။ ဘာသယံဇာတမှလည်း မရှိဘူး။ သူ့မှာရှိတာဆိုလို့ လူသားအရင်းအမြစ်ပဲ ရှိတယ်။ ကံကောင်းတာတစ်ခုက လွတ်လပ်ရေးရပြီးပြီးချင်း တက်လာတဲ့အစိုးရဟာ ပညာတတ်တွေ ဖြစ်လို့ပါပဲ။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ပြည် သူဟာ သယံဇာတပဲဆိုတာ သူတို့ သိခဲ့ကြတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတက်လာအောင်လုပ်မှ နိုင်ငံတိုးတက်မယ်ဆိုတာ သိတဲ့အတွက် ဒါကိုအလေးပေးပြီး လုပ်ဆောင်ခဲ့လို့ တိုးတက်သွားတာဖြစ်ပါတယ်။ တကယ်တော့ သဘာဝဓာတ်ငွေ့တို့ ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာကုန်သွားမှာဖြစ်ပါတယ်''ဟု၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြန်လည်တည်ထောင်ရာတွင် မျိုးဆက်သစ်လူငယ်တို့၏ အခန်းကဏ္ဍကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက် ပိုမိုသင်ကြားပေးနိုင်ရန် ပြောဆိုခဲ့ကာ လူငယ်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရပ်တည်နိုင်သော ခေတ်တစ်ခေတ် ရောက်အောင် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့ကြောင်း
နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့ မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ် . . |
''ကျွန်မတို့နိုင်ငံမှာ အဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်ပေးဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ ထိထိရောက်ရောက် အပြောင်းအလဲတွေ လုပ်ရမယ်။ နှစ် ၂၀ အတွင်းလုပ်လာတဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ မ အောင်မြင်ခဲ့လို့ ပြည်သူတွေရဲ့ဘ၀ နိမ့်ကျလာတာ ဖြစ်ပါတယ်။ လူငယ်တော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ဒါကြောင့် ပညာရေး စနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကို အများကြီး သင်ကြားပေးရပါမယ်။ ပညာသင်ပေးတယ်ဆိုတာ လောကကြီးမှာ လူပီပီရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ လူပီပီမရပ်တည်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့ လူငယ်တွေ အများကြီးပဲလို့ ကြားပါတယ်။ ဒီလူငယ်တွေ ယုံကြည်ချက်ရှိရှိ သိက္ခာရှိရှိနဲ့ နိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရပါမယ်''ဟု ပြောကြားခဲ့သည်။
''နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ကြောင်းသိရသည်။
''နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ကြောင်းသိရသည်။
လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲ ပုဒ် ၄၅ (က)၊ ပုဒ်မ ၄၆ နှင့် ၄၇ တို့ အရ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးခွင့်ရှိသူများမှာ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၊ မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အချုပ်ခံနေရသူများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ(ရက်ပေါင်း ၁၈၀ ထက်မနည်း)၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များ ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (ခ)နှင့် (ဂ)တို့အရ မဲဆန္ဒနယ်အတွင်း ၌ရှိသော်လည်း ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူများမှာ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မိမိအမည်စာရင်းပါရှိရာ မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိခြင်း၊ အနာကြီးရောဂါ စွဲကပ်နေခြင်း၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊ အသက်အရွယ်ကြီးရင့်နေခြင်း၊ သားဖွားနေခြင်း၊ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊ ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေခြင်း၊ နိုင်ငံဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ ယာယီတာဝန်သွားရောက် ထမ်းဆောင်ရခြင်း စသည်တို့ကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် မဲမပေးနိုင်ပါက ကြိုတင်မဲပေးခွင့်ရှိကြောင်း သိရသည်။
နိုင်ငံခြားခရီးသွားများ ပြည်တွင်း၌ ရေကြောင်းမှ ခရီးသွားလာရာတွင် ၀န်ဆောင်မှု အပြည့်အ၀ ပေးနိုင်ရန် အတွက်လည်းကောင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန်အတွက် လည်းကောင်း စီစဉ်ခြင်းဖြစ်ကြောင်း အပျော်စီးခရီးစဉ်များ စီစဉ်သွားမည့် ဒေသများမှာ ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲ နယ်မြေ၊ မန္တလေးအခြေပြု ဧရာဝတီဌာနခွဲနယ် မြေနှင့် စစ်တွေအခြေပြု ရခိုင်ဌာနခွဲ နယ်မြေတို့ဖြစ်သည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ မြတ်သန္တာ ရေယာဉ်၊ တိုးပွားရေ ယာဉ်နှင့် ‘T’ နှင့် ‘S’ အမျိုးအစား ရေယာဉ်နှစ်စီး စုစုပေါင်း သင်္ဘောလေးစီးအား မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အားပြေးဆွဲသွားရန် စီစဉ်ထားကြောင်းလက်ရှိတွင် စက်သစ်ပြောင်းလဲ ပြင်ဆင်ပြီး အိပ်ခန်းများ Saloon ခန်းများပါ ပြင်ဆင်ထားပြီး ဖြစ်သော ‘မြတ် သန္တာ’ ရေယာဉ်အား ငှားရမ်းသူရှိပါ က ငှားရမ်းသည့် နေရာအရောက် ပို့ဆောင်ပေးခြင်း၊ ၀န်ဆောင်မှု ပေးခြင်းများ ပြုလုပ်၍ ငှားရမ်းသူ မရှိသေးသည့် အချိန်များတွင် မြစ်ဝကျွန်းပေါ် ဌာနခွဲဆိပ်ကမ်းတွင် ရေပေါ် စားသောက်ဆိုင်အဖြစ် ထားရှိကာ လုပ်ငန်း လုပ်ကိုင်လိုသူများနှင့် ဆက်သွယ် ဆောင်ရွက်သွားမည် ဟုသိရသည်။
‘တိုးပွား’ ရေယာဉ်ကိုမူ ခရီးတို သွားလာမည့် ခရီးသည်အဖွဲ့များ မြစ်တွင်း Sight Seeing အတွက် အချိန်ပိုင်းဖြစ်စေ၊ Short Trip ဖြစ်စေ ခရီးစဉ်များအတွက် ငှားရမ်းဝန်ဆောင်မှု ပေးရန် စီစဉ်ထားကြောင်း မန္တလေး အခြေပြု ဧရာဝတီဌာနခွဲတွင်မူ ‘စိုးမိုးအောင်’ ရေယာဉ်နှင့် ‘ရွှေကိန္နရီ’ ရေယာဉ်သုံးစီးအား အပျော်စီး ခရီးစဉ်များတွင် အသုံးပြုသွားမည် ဖြစ်ပြီး မန္တလေး-ပုဂံ၊ မန္တလေး-ဗန်းမော်ခရီးစဉ်များတွင် ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း၊ စစ်တွေအခြေပြု ရခိုင်ဌာနခွဲတွင် ‘ဟံသာ’ ရေယာဉ်အား စစ်တွေ- မြောက်ဦး၊ စစ်တွေ- ပလက်ဝခရီးစဉ်များတွင် ရက်တို/ ရက်ရှည် ငှားရမ်းနိုင်ရန် ဆောင်ရွက်ထားကြောင်း ငှားရမ်းခြင်း စနစ်တွင် လက်ရှိ ဆောင်ရွက်နေသော စီးလုံးငှားစနစ်၊ နာရီပိုင်းနှင့် တွက်ချက် ငှားရမ်းခြင်း၊ ခရီးတိုသတ်မှတ်ခြင်းစသည့် လိုအပ်ချက်ပေါ်မူတည် ငှားရမ်းနိုင်ရေး စီမံပေးသွားမည်ဟု သိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment