မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ မတ် ၂၇ ရက်၊ ၂၀၁၂
သီလဝါ ဆိပ်ကမ်း မန်နေဂျာ မီးသတင်းလာယူသူ သတင်းထောက်များအား ရိုင်းပြစွာ ဆက်ဆံ
မီးလောင်နေသည့် သီလဝါဆိပ်ကမ်းသို့ မီးငြိမ်းသတ်နေသော မီးသတ်များက သတင်းသမားများအား သတင်းရယူနိုင်ရန် မီးသတ်ကားဖြင့် ခေါ်ယူသွားသော်လည်း မန်နေဂျာက ခွေးမောင်းသကဲ့သို့ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း၊ ယင်းအတွက် တိကျသော သတင်းရယူစုံးစမ်းနိုင်ခြင်းမရှိကြောင်း မီးလောင်မှု သတင်းသွားရောက်ယူနေသည့် သတင်းသမားများ ထံမှသိရသည်။အဆိုပါ မီးလောင်မှုမှာ ဆိပ်ကမ်းတစ်လျှောက် တောက်လောင်လျှက်ရှိပြီး ဆိပ်ကမ်းအာဏာပိုင်များက ဝင်ရောက်ခွင့်မပေးခြင်းကြောင့် သတင်းတိကျစွာမရကြောင်း သတင်းထောက်များက ပြောသည်။
ရှမ်းတိုင်းရင်းသူ တစ်ဦး အမှုစစ်ဆေးနေစဉ်အတွင်း တိုက်ပေါ်မှ ပြုတ်ကျသေဆုံး
by The Voice Weekly
ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြင့် လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် တရားလို ပြုလုပ် တရားစွဲဆိုနေသူ အမျိုးသမီးတစ်ဦးသည် မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ရန်ကုန်မြို့လယ် ဆိပ်ကမ်းသာလမ်း တိုက်ခန်းတစ်ခု၏ ၅ လွှာမှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သေဆုံးသူနှင့်နီးစပ်သူများ ထံမှ စုံစမ်း သိရှိရသည်။အဆိုပါ အသက် ၂၀ အရွယ်ခန့်ရှိ အမျိုးသမီးမှာ လှိုင်သာယာမြို့နယ်တွင် ရောက်ရှိ နေထိုင်သည်မှာ လပိုင်းမျှသာ ရှိသေးပြီး မြန်မာစကားကျွမ်းကျင်ခြင်း မရှိသည့် ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ပုဒ်မ ၄၀၆ ဖြင့် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးကို တရားစွဲဆိုထားပြီး အမှုနှင့်ဆက်စပ်၍ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တရားလိုဖြစ်သူ ၎င်းနှင့် ရှေ့နေတို့ကို မတ်လ ၂၁ ရက်နေ့မှ စတင်ခေါ်ယူ စစ်ဆေးနေကြောင်း ဈာပနအခမ်း အနားကို ကူညီပြုလုပ်ပေးနေသည့် ၎င်း၏ မိတ်ဆွေ အမျိုးသားတစ်ဦးက ရှင်းပြသည်။အဆိုပါ သေဆုံးသူအမျိုးသမီး တရားလို ပြုလုပ်တိုင်ကြားထားသည့် အမှုနှင့် ပတ်သက်၍ The Voice Weekly က လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ မတ်လ ၂၆ ရက် ညနေ ၄ နာရီမိနစ် ၃၀ ခန့်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းအနေနှင့် ဖြေဆိုနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။
မန္တလေး အဆင့် မြင့် ဈေးချိတော် တွင် လျပ်စစ်မီးကြေးကိစ္စများ စုံစမ်းစစ်ဆေးနေ
မန္တလေးအဆင့်မြင့် ဈေးချိုတော် ဥက္ကဌ ၊ဒု ဥက္ကဌ ၊အတွင်းရေးမှူး၊ ငွေထိန်း တို့ကို ယ္ခင် ဈေးဌာနခွဲမှူး မှ မြန်မာ့ လျပ်စစ်ဓါတ်အားဖြန့် ဖြူးရေး လုပ်ငန်းသို့ ပေးသွင်းရန် လျပ်စစ်မီးကြေးများ ပိုမို ကောက်ခံမှု နှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စစ်ဆေးရေးအဖွဲ့ မှ စစ်ဆေးကြောင်းကြားသိရပါသည်။ယခု အခါ ဈေးချိုရုံ အသီးသီးသို့ (11/2011)(12/2011) (1/2012) တို့ ပေးသွင်းရငွေ အထောက်အထား မိတ္တူ များ တောင်းခံနေသည်ဟုသိရှိရပါသည်။
၎င်းငွေ များကို ဈေးဌာနခွဲမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းသန်း မှ လစဉ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ငွေရပြေစာများ အသုံးပြု၍ ကောက်ခံ ခဲ့ ပြီး စါရင်းစာအုပ်ထားရှိပါလျက်နှင့် စါရင်းအတိအကျ သူမထံတွင်ရှိပါလျက်နှင့် မန်းစည်ပင်တွင် စါရင်းစစ်ဆေးတတ်သူများရှိပါလျက်နှင့် (၃)လစာ ၀ါစာကမ္မာ ဆောင်ရွက်ခြင်းကိုဈေးသူဈေးသားများကကျေနပ်မှုမရှိကြောင်းကြားသိရပါသည်။လျပ်စစ်မီးခများကို ၂၀၀၆ ခုနှစ် မှ စ၍ ပိုမိုကောက်ခံခဲ့သည်ဟု ဈေးသူဈေးသားများက ပြောဆိုနေကြသည်ကို သိရှိရပါသည်။အဆင့်မြင့်ဈေးချိုတော် ထရန်စဖေါ်မာကို အဆင့် မြင့်ဈေးချိုတော်၊ ရတနာပုံဘဏ်၊ ရွှေတချောင်း မြောင်းအတိုင်း လမ်း(၃၀) အထိ လျပ်စစ်မီးပေးကာပွင့်ကောက်စနစ်ဖြင့်ကောက်ခံလျက်ရှိကြောင်းသိရှိရပါသည်
ရွာသူ၊ ရွာသား (၅)ဦးအား မြန်မာ စစ်တပ်မှ အရှင်လတ်လတ် မြေမြှပ်။
============================== ======
KIO ထိန်းချူပ်ရာနယ်မြေဖြစ်သော မြစ်ကြီးနား-၀ိုင်းမော် လမ်းပေါ် ရှိ နမ်ဆန်ယန်ရွာ အနီးရှိ ဘန်ဒေါင်ရွာမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦးတို့အား မတ်လ ၂၆ ရက် နေ့တွင် အရှင်လတ်လတ် မြေမြှပ်လိုက်ကြောင်းသိရှိရသည်။ မြေမြှပ်လိုက်သော အကြောင်းရင်း ကို မသိရသေးပါ။
==============================
KIO ထိန်းချူပ်ရာနယ်မြေဖြစ်သော မြစ်ကြီးနား-၀ိုင်းမော် လမ်းပေါ် ရှိ နမ်ဆန်ယန်ရွာ အနီးရှိ ဘန်ဒေါင်ရွာမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦးတို့အား မတ်လ ၂၆ ရက် နေ့တွင် အရှင်လတ်လတ် မြေမြှပ်လိုက်ကြောင်းသိရှိရသည်။
မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု
ပြည်ပရောက် မျိုးချစ်မြန်မာများစုပေါင်း ဖွဲ့စည်းထားသော Patriotic Award Committee မှ ပထမ ဦးဆုံးအကြိမ် ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အသက်၊ သွေး၊ ချွေး ရင်းပြီး လုပ်ကိုင်နေကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်သော မျိုးချစ်ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားအား ၂၆.၃.၂၀၁၂ ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။Patriotic Award Committee အား ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်မှာ နိုင်ငံတကာရောက် မြန်မာများနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရသည် ယင်းအဖွဲ့အစည်း၏ သြဝါဒစရိယ နှင့် နာယကဖြစ်သည်။ Patriotic Award Committee သည် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့၌ အခြေစိုက် တည်ရှိပြီး ပထမဦးဆုံးအကြိမ် မျိုးချစ်ဂုဏ်ရည်ဆုအား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်အား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၈၈ ကျောင်းသားခေါင်း ဆောင်များအတွက် ဆုတံဆိပ်အား အချိန်မီရရှိခဲ့သော်လည်း ဒေါ်ရွှေဇီးကွက်အတွက် ဆုတံဆိပ်အား အချိန်မီ မပေးအပ်နိုင်ကြောင်းနှင့် လပိုင်း (သို့) နောက်နှစ်အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည့်အကြောင်း အရှင်မေတ္တာစာရမှ မိန့်ကြားခဲ့သည်
မျိုးချစ်ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့သည် အွန်လိုင်းလူမှုကွန်ယက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ မျိုးချစ်ဂုဏ်ရည်ဆုအား နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ မှ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။ လူမျိုးခြား၊ ဘာသာခြားများလည်း ပါဝင်ခဲ့ သည်။ ဆရာတော် အရှင်မေတ္တာစာရ၏ အမှာစကားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူမှ ဖတ်ကြားရာတွင် မျိုးချစ်ဂုဏ်ရည်ဆုနှင့်ပတ်သက်၍ အမျိုးချစ်တာနှင့် တမျိုးသားလုံးကို ချစ်တာကို မရောစေသင့်ကြောင်း၊ ကွဲကွဲပြားပြားသိသင့်ကြောင်း၊ ရှမ်း - မွန် - ရခိုင် - မြန်မာ - ကချင် - ကယား - ကရင်တို့ကို ချစ်တာဟာ တစ်သီးပုဂ္ဂလ လူမျိုးစွဲ၊ အမျိုးစွဲအား ချစ်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး စသည့်ဘာသာတရားများကို ချစ်မြတ်နိုးခြင်းသည် တစ်သီးပုဂ္ဂလ အယူဝါဒများကို ချစ်မြတ်နိုးခြင်းသာဖြစ်ကြောင်း၊ ယခုပေးအပ်ချီးမြှင့်သည့် မျိုးချစ်ဂုဏ်ရည်ဆုသည် ယင်းတို့နှင့် ပတ်သက် ဆက်နွယ်မှုမရှိကြောင်း တမျိုးသားလုံးနှင့် သက်ဆိုင်သော ဆုတစ်ဆုဖြစ်ကြောင်း၊ အသက် - သွေး - ချွေး များနှင့် တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်ကြောင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ်အမှန်ပင်ဖြစ်ကြောင်း စသည့်စကားများကို အရှင်မေတ္တာစာရ ကိုယ်စား ဦးကျော်သူမှ ဖတ်ကြားသွားခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား နာရေး ကူညီမှုအသင်း(ရန်ကုန်) ရာသက်ပန်အသင်းသား တေးသံရှင် ကိုဆောင်းဦးလှိုင်မှ ဂုဏ်ပြုဆုငွေ ချီးမြှင့် ပေးခဲ့သည်။ ၈၈ ကျောင်းသားများ ဦးဆောင်ဖွင့်လှစ်ထားသော လေ့ကျင့်သင်ကြားရေးခန်းမအတွက် စားပွဲ ပါစာသင်ခုံ အလုံး (၂၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် လ/ထ အုပ်ချုပ်ရေးမှူး ဒေါ်စောသဉ္ဇာစိုး တို့မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်း ကိုနိုင်၊ ကိုကိုကြီး၊ မမီးမီးတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံရောက် ဦးသက်တင် ဇနီး ဒေါ်ရွှေပြည်စိုး (မိသားစု)တို့မှတဆင့် လှူဒါန်းထားသော လည်ကတုံးရှပ်အင်္ကျီနှင့် လုံချည် စုစုပေါင်း အစုံ (၂၀) တို့အား ဆက်လက်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရာတွင် “ယခုလို ပြည်ပမှ မျိုးချစ်မြန်မာများ၏ ချီးမြှင့်သော ဆုကိုရရှိခြင်းသည်။ မိမိတို့အတွက် ခွန်အားတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ယခုအခမ်းအနားတွင် ရောက်ရှိနေသော ၈၈ ကျောင်းသားတစ်ဦးရှိနေကြောင်း၊ ထိုသူအား မိမိတို့အနေဖြင့် ပြန်လည်၍ အသိ အမှတ်ပြုသောအားဖြင့် လည်ကတုံးရှပ်အင်္ကျီနှင့် ကချင်လုံချည်တစ်စုံအား ဂုဏ်ပြုလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်လိုကြောင်း၊ ထိုသူမှာ ဆောင်းဦးလှိုင်ပင်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး ကိုဆောင်းဦးလှိုင်အား လက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ မျိုးချစ်ဂုဏ်ရည်ဆု ဂုဏ်ပြုငွေချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ကျေးဇူးတင်စကားပြောကြားခဲ့ရာ “မိမိတို့ထက် ပိုမို၍ အနစ်နာခံ ပေးဆပ်ခဲ့သူများဖြစ်သော ၈၈ ကျောင်းသားအဖွဲ့နှင့် တပြိုင်နက်တည်း ချီးမြှင့်ခံရခြင်း အတွက် များစွာဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မိမိတို့၏ ပေးဆပ်မှုများသည် ၈၈ ကျောင်းသားများ အိပ်နေ သလောက်သာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိရရှိခဲ့သော ဂုဏ်ပြုဆုငွေထဲမှ ငွေ (၅) သိန်းကျပ်အား ၈၈ ကျောင်းသားအဖွဲ့အတွက် မိမိမှ ပြန်လည်လှူဒါန်း ပေးအပ်ပါကြောင်း” ပြောကြားခဲ့ရာ အလှူငွေ (၅) သိန်း ကျပ်တိတိအား ၈၈ ကျောင်းသားခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊ ၈၈ ကျောင်းသားအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့သားများအား ကော်ဖီနှင့် မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးကာ မျိုးချစ်ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတော့သည်။
ကိုကျော်သူ သတင်းအကျဉ်းချုပ် ...
အဆွေခင်ပွန်း အကြောင်း ပီမိုးနင်း မှတ်စု မှ
လူသည် အဆွေခင်ပွန်းကို အများကြီး အားကိုးရ၏။တဦးတည်း တစ်ဦးတည်း ဘာသိဘာသာနေသူ မည်သူ၏အကျိုးကိုမျှ မဆောင်သူ ၊ ကိုယ်တိုင်တစ်ဦးတည်း အတွက်သာ သိသူ ၊ အပေါင်းအသင်းမိတ်ဆွေသင်္ဂဟရှိလျှင်လည်း ထိုအပေါင်းအသင်းများသည် ငါ့ကိုသာ ကူညီမစကြရမည်ဟု သဘောထားသူသည် အားကိုးရာမဲံ့ဖြစ်တတ်သည်။ အပေါင်းအသင်းခင်မင်သူမရှိ ဖြစ်တတ်သည်။
အဆွေခင်ပွန်းကောင်းကို တွေ့ရလျှင် “ စိုသောလက် မခြောက်စေရ ” ဟူသောစကားကို မြဲမြဲကြီး မှတ်ရာ၏။အရပ်ကောင်း မှ အလောင်းလှ မည် ။ အိမ်နီးချင်းကောင်း မှ လင်ကောင်း ရမည် ဟူသောစကားကို မှတ်ရမည်။
နီးစပ်သူ အဆွေခင်ပွန်းများအား အဘယ်ပုံကျေးဇူးပြုရမည် ဟူသောအချက်ကို ရှာနေရမည်။ ရပ်ဝေးမှ ပြန်သည့်အခါ အိမ်နီးနားချင်းအဆွေခင်ပွန်းတို့အတွက် လက်ဆောင်ပါစေရမည်။ ဘေးအန္တရယ်မြင်က သတိပေးရမည်။ ကာကွယ်စောင့်ရှောက်ရမည်။ သူ့အဖို့ရှေးဦးစွာ သိက ကိုယ့်အဖို့မသိဘဲ နေနီုင်ကြရမည်မဟုတ်ပေ။
လူသည်အစုအဝေးအသိုင်းအ၀ိုင်းဖြင့် အသက်ရှင်၍် နေထိုင်ရသော သတ္တ၀ါမျိုးဖြစ်၏။
သို့သော်လည်း သူစိမ်းကောင်းလျှင် ဆွေမျိုးမသာ ဟူသော စကားကို အားကိုးကာ ဆွေမျိုးကို ပစ်ပယ်၍ သူစိမ်းကိုသာ လုံးလုံးလျားလျား အားကိုးသူများမှာ ဥာတကာနဉ္စ ဟူသော ၀တ္တရားကြီးပျက်သဖြင့် ဆွေမျိုး မှသာ ကူညီနိုင်သော အရေးမျိုးကြုံသည့်အခါ ဒုက္ခများတတ်လေသည်။ အရေးကြီးတော့ သွေးနီးရာ ဟူသော စကားကိုလည်း သတိပြုရမည်။
ဆွေမျိုးကိုချည်း အားကိုး၍ အခြားအဆွေခင်ပွန်းကောင်း အပေါင်းအဖော်များကိုလည်း လျစ်လျူမရှူကောင်းပေ။ သူစိမ်းဖြစ်သော အသိမိတ်ဆွေများကို လုံးလုံးအားကိုးပြီး ဆွေမျိုးများကို ခြေမကန်ကောင်းပေ။ ဆွေမျိုးရော သူစိမ်းရော အဆွေခင်ပွန်ကောင်းရော ရှိမှ တင့်တယ်လေသည်။ ဆရာကြီး ပီမိုးနင်း ၏ မှတ်စု အပိုင်းအစ ဖြစ်ပါသည်။
LWIN PWIN
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment