မြန်မာသတင်းများ မတ် ၁၃ ရက်၊ ၂၀၁၂
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ABSDF ထည့်သွင်း ဆွေးနွေးမည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အနေနှင့် အစိုးရ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံပါက အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ထုတ်ပြန်ရန် ဆွေးနွေးသွားရန် ရှိသည်ဟု ဆိုကြောင်း ကျောင်းသားတပ်မတော် ခေါ် ABSDF ခေါင်းဆောင်များနှင့် ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလ ၇၊ ၈ နှင့် ၉ ရက်နေ့များတွင် ရန်ကုန်မြို့၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံပါက အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ထုတ်ပြန်ရန် ဆွေးနွေးသွားရန် ရှိသည်ဟု ဆိုကြောင်း ကျောင်းသားတပ်မတော် ခေါ် ABSDF ခေါင်းဆောင်များနှင့် ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလ ၇၊ ၈ နှင့် ၉ ရက်နေ့များတွင် ရန်ကုန်မြို့၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း
ထိုသို့တွေ့ဆုံပါက တနိုင်ငံလုံး အပစ်ရပ်ရေးနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ကျန်ရှိ နိုင်ငံရေး အကျဉ်းသား များ၊ ပြည်ပရောက်များ အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးပါဝင်လာနိုင်ရေးအတွက် အဓိကထား ဆွေးနွေးသွား မည်ဟု ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း က
“အားလုံးပါဝင် အဖြေရှာဖို့ လုပ်ရမယ်။ အကျဉ်းထောင်တွေမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပါဝင်နိုင်အောင် စီစဉ်ပေးရမယ်။ ပြည်တွင်းမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ ပြည်ပမှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေကို ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးဖို့ လုပ်ရမယ်။ ဥပမာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီးတော့မှ ကျနော်တို့ကို ဖိတ်ခေါ် ကမ်းလှမ်းမှုတွေ လုပ်ပေးရမယ်။ ဒါတွေ ပြင်ဆင်ဆောင်ရွက်သွားမှာပါ”ဟု ပြောကြောင်း
တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်(မြောက်ပိုင်း)၊ ကရင်နီ၊ အိန္ဒိယနိုင်ငံနယ်စပ် အစရှိသည့် နယ်မြေများမှ ABSDF ကိုယ်စား လှယ်များ တက်ရောက်လာမည် ဖြစ်သော်လည်း တက်ရောက်မည့်သူစာရင်းကို ဆွေးနွေးနေဆဲဖြစ်ကြောင်း အဆိုပါ ခရီးစဉ်တွင် ABSDF ကျောင်းသားများ၏ လုံခြုံရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘက်က တာဝန်ယူပေးမည် ဖြစ်ကြောင်း
မတ်လ ၈ ရက်နေ့က ကရင်ပြည်နယ် ဘားအံ့မြို့တွင် ABSDF ကျောင်းသားများနှင့် အစိုးရဘက်က ဒုဗိုလ်မှူးကြီး (ငြိမ်း)စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များက ဆက်လက်တွေ့ဆုံမည့် ရက်သတ်မှတ်ခြင်း၊ ABSDF ကျောင်းသား များ အချိန်မီ တက်ရောက်လာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရကြောင်း
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး ဦးဆောင်သော အစိုးရဘက်မှ ကိုယ်စားလှယ်များနှင့် ABSDF ကိုယ်စားလှယ်များ ပဏာမ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်ရေး အပါအဝင် နိုင်ငံရေးအရ နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်မည့် ကိစ္စရပ်များကို အကောင်အထည် ဖော်နိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ မင်းကိုနိုင် တိုက်တွန်း
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်ဆောင် ကြဖို့ အချိန် တန်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်း လိုက်ကြောင်း
အင်္ဂါနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့၊ ကိုဖုန်းမော်ကွယ်လွန်ခြင်း
၂၄ နှစ်ပြည့်နေ့ အကြိုအဖြစ်နဲ့ ပြည်တွင်း ပြည်ပက တက်ကြွ လှုပ်ရှားသူတွေကို အခုလို ပြောကြား လိုက်ကြောင်း မတ်လ ၁၃ ရက် နေ့ဟာ မြန်မာ့ လူ့အခွင့်အရေး နေ့လို့ သတ်မှတ် ထားတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ၂၄ နှစ်ပြည့်နေ့ဖြစ်ကြောင်း
၂၄ နှစ်ပြည့်နေ့ အကြိုအဖြစ်နဲ့ ပြည်တွင်း ပြည်ပက တက်ကြွ လှုပ်ရှားသူတွေကို အခုလို ပြောကြား လိုက်ကြောင်း မတ်လ ၁၃ ရက် နေ့ဟာ မြန်မာ့ လူ့အခွင့်အရေး နေ့လို့ သတ်မှတ် ထားတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ၂၄ နှစ်ပြည့်နေ့ဖြစ်ကြောင်း
အခုလို ထူးခြားတဲ့ နေ့တနေ့မှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ ကျတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါကြောင်း
“ပြည်တွင်းက ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးက ပြည်သူလူထု ကြားထဲကို ဆင်းပြီးတော့၊ နယ် အသီးသီးကို သွားပြီးတော့ အဲဒါတွေ လုပ်သင့်ပြီလို့ ကျနော် ယူဆတယ်။ နိုင်ငံတကာ မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေ ကျတော့လဲ ဒီထက်ပိုပြီးတော့ ဘာလုပ်နိုင်မလဲပေါ့ဗျာ။ ကျနော် မေးချင်တာက ကျနော်တို့ ပြည်တွင်းမှာ ဒီထက်ပိုပြီး အထောက်အပံ့ ကောင်းအောင်၊ လက်တွေ့ကျတာကို ဘာလုပ် ပေးနိုင်ကြမလဲ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက်ပါ။ ကျနော် ပြောပြသလိုပါပဲ၊ အခမ်းအနားတွေ ကျင်းပရုံနဲ့ မပြီးဘူး ဆိုတာတော့ ကျနော် ထပ်ခါတလဲလဲ တိုက်တွန်းချင်တယ်ဗျာ။ လက်တွေ့ကျတဲ့ အလုပ်ကိုပေါ့။ ၀ိုင်းစဉ်းစားကြပါ။ ခေါင်းတွေ ပေါင်းပြီးတော့ စဉ်းစားလိုက်လို့ ရှိရင်တော့ လက်တွေ့ကျတဲ့ အလုပ်တွေ ထွက်လာပါလိမ့်မယ်။”မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဆိုရှယ်လစ် အစိုးရရဲ့ လက်ချက်ကြောင့် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရကြောင်း
ဒါကြောင့် ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ရယ်လို့၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စတင် သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဖြစ်ကြောင်း
“ကျနော်တို့က ကိုဖုန်းမော် ကျဆုံး ပြီးတော့ နောက် တနှစ်အကြာမှာ ၁၉၈၉ မတ်လ ၁၃ ရက်မှာ အဲဒီ နိုင်ငံရေး အင်အားစုတွေ အားလုံး ပေါင်းပြီးတော့ တညီတညွှတ်ထဲ ပေါင်းပြီးတော့ ဆုံးဖြတ် ခဲ့တာ ကတော့ အဲဒီ ကိုဖုန်းမော် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအိမ်မှာ အဲဒီ အခမ်းတွေ ၇ ရက်၊ တစ်ပတ် ကျင်းပတာပေါ့။ အဲဒါနဲ့ပဲ အပြီးသတ် ကျတော့ ကျနော် အဖမ်းခံရတယ်။ အဲဒီမှာ ၁၆ နှစ် ကြာခဲ့တယ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ လို့ သတ်မှတ် ပြီးတော့ ကျနော်တို့ တိတိကျကျ လုပ်နိုင်ခဲ့တာ အဲဒီ တနှစ်ပဲ ရှိတယ်။ အခု ၂၃ နှစ်ကြာမှ ပြန်ပြီးတော့ လုပ်ကြရတာ။ လုပ်ကြတဲ့ အခါမှာတော့ ကျနော့် သဘော အရကတော့ အခမ်းအနား ကျင်းပရုံ မကပဲနဲ့ အဲဒီ လူ့အခွင့်အရေးနဲ့ ပတ်သက် တာတွေ ကျနော်တို့ တစ်ပြည်လုံးက သိရှိအောင်၊ အဲဒီ လူ့အခွင့်အရေးကို ကျနော်တို့ နိုင်ငံသား တွေ အားလုံး ခံစား နိုင်ရအောင် အကုန်လုံးက လူထုထဲဆင်းပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မြင့်တင်မှုတွေ၊ အသိပေးမှုတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကာကွယ် ပေးမှုတွေကို ဥပဒေ ကြောင်းအရရော၊ ပြည်သူတွေ အကုန်လုံး သိရှိ ခံစားနိုင်အောင်၊ နားလည်နိုင်အောင် အတွက် အင်တိုက် အားတိုက် လုပ်ကြဖို့လိုပြီလို့တော့ ကျနော် ယုံတယ်ဗျာ။”
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ရယ်လို့ သတ်မှတ် ခဲ့ကြပေမယ့်လည်း စစ်အစိုးရ လက်ထက် ဖမ်းဆီး ထိန်းချုပ်မှု တွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး နေ့ရယ်လို့ တရားဝင် ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်းပြည်ပမှာ ရောက်နေကြတဲ့ ရဲဘော် ရဲဘက် တွေကပဲ စုပေါင်းပြီးတော့ ကျင်းပကြတာ ရှိပါကြောင်းလက်ရှိမှာတော့ အစိုးရ အပြောင်းအလဲ ဖြစ်လာတာနဲ့အတူ အတိုင်းအတာ တခုအထိ နိုင်ငံရေး လှုပ်ရှားခွင့် တွေလည်း ရနေတာ ဖြစ်ကြောင်းဒါကြောင့်လည်း အရင်က ထောင်က ပြန်လွှတ် လာတာနဲ့ အခုတကြိမ် ထောင်က ပြန်လွှတ်လာတဲ့ အခြေအနေတွေ သိသိသာသာ ကွာခြားနေတာကို တွေ့ရတယ်လို့ ကိုမင်းကိုနိုင်က ပြောကြောင်း
“အရင်တခေါက်နဲ့စာရင် လုပ်သာ ကိုင်သာရှိတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် တက်လာတာရော၊ စိတ်ဓါတ် အင်အား မြင့်မားလာတာရော၊ အတိုင်းမသိကို ကွာခြားပါတယ်။ တခုပဲရှိတယ်၊ ကျနော်တို့ဖက်က အဲဒီ အခြေအနေတွေကို နံပတ်တစ် – ထိန်းနိုင်ရမယ်။ ပြီးရင် ထပ်မံ တိုးချဲ့နိုင်ရမယ်။ ထိန်းတယ်၊ တိုးချဲ့တယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ လက်ရှိအစိုးရက နောက်ဆုံး ပြည်သူလူထုကို ပြောထားတဲ့မိန့်ခွန်းက အင်မတန် နူးညံ့ပြီးတော့ နွေးထွေးတဲ့လက်တွေနဲ့ ကမ်းထားတာဆိုတော့ ကျနော်တို့က အဲဒီ ကမ်းတဲ့ လက်ကိုလဲ ခိုင်ခိုင်မာမာ ပြန်ဆုပ်ရမယ့် အနေအထား ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီရေးကို တကယ်လုပ်မယ့် ပြုပြင် ပြောင်းလဲရေးသမား တွေ အားလုံးနဲ့ လက်တွဲတဲ့ နည်းလမ်းကို သွားမှာပါ။မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ရယ်လို့ သတ်မှတ် ခဲ့ကြပေမယ့်လည်း စစ်အစိုးရ လက်ထက် ဖမ်းဆီး ထိန်းချုပ်မှု တွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး နေ့ရယ်လို့ တရားဝင် ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်းပြည်ပမှာ ရောက်နေကြတဲ့ ရဲဘော် ရဲဘက် တွေကပဲ စုပေါင်းပြီးတော့ ကျင်းပကြတာ ရှိပါကြောင်းလက်ရှိမှာတော့ အစိုးရ အပြောင်းအလဲ ဖြစ်လာတာနဲ့အတူ အတိုင်းအတာ တခုအထိ နိုင်ငံရေး လှုပ်ရှားခွင့် တွေလည်း ရနေတာ ဖြစ်ကြောင်းဒါကြောင့်လည်း အရင်က ထောင်က ပြန်လွှတ် လာတာနဲ့ အခုတကြိမ် ထောင်က ပြန်လွှတ်လာတဲ့ အခြေအနေတွေ သိသိသာသာ ကွာခြားနေတာကို တွေ့ရတယ်လို့ ကိုမင်းကိုနိုင်က ပြောကြောင်း
ဟို အောက်ခြေ မှာရှိနေတဲ့ တချို့ တချို့တွေ၊ ဒါကို သမ္မတရဲ့အမိန့်၊ သမ္မတရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို မလိုက်နာနိုင်တဲ့ လူတွေနဲ့ကတော့ ကျနော်တို့ ရင်ဆိုင် နိုင်ရမှာပေါ့။ အဲဒီ အားလုံး အတွက်တော့ ကျနော်တို့ ပြင်ဆင် ထားပါတယ်။ ကျနော်တို့ ပြည်သူ လူထုမှာ အဲဒါတွေ ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ် သတ္တိရော၊ ပူးပေါင်း ဆောင်ရွက်ဖို့ ရင့်ကျက်တဲ့ စိတ်ဓါတ် အခြေခံ တွေရော ကျနော်တို့ နေရာတကာမှာ လှည့်ပြီးတော့ လျှောက်ကြည့် တဲ့အခါမှာ အားရစရာ ကောင်းလောက်အောင် တုန့်ပြန်မှုတွေ တွေ့ပါတယ်။ ကျနော်တို့ အားရပါတယ်။ အဲဒီတော့ ရှေ့ဆက်ရမယ့် ခရီးအတွက် ကတော့ ပြည်သူ လူထုနဲ့အတူ လက်တွဲ ပြီးတော့ သွားနိုင်ပါလိမ့်မယ်။”
ကိုဖုန်းမော်နေ့ဟာ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ ထင်ရှားတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက် လာအောင်၊ မြန်မာနိုင်ငံကို ၂၆ နှစ်တာ အုပ်ချုပ်လာခဲ့တဲ့ တပါတီ အာဏာရှင်စံနစ် ပြုတ်ကျအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာအောင် အစပျိုးပေးခဲ့တဲ့ နေ့ဖြစ် ကြောင်းကိုဖုန်းမော်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ပြည်ပမှာ ရောက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ အတွက်လည်း ကိုမင်းကိုနိုင်က ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား Youtube က တဆင့် အင်တာနက်မှာ ရုပ်သံဖိုင် ပေးပို့ထားတာ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတည်ဆောက်ရေး ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများကို မင်းကိုနိုင် ဖိတ်ခေါ်
ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို မြန်မာပြည် တည်ဆောက်ရေးကာလမှာ ပြန်ပြီး အသုံးချဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။တနင်္ဂနွေနေ့က နိုင်ငံတကာမှာ ကျင်းပတဲ့ ၂၄ နှစ်မြောက် ဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေ ကိုယ်စား ဗီဒီယို နှုတ်ခွန်းဆက် အခွေမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားသွားတာပါ။
"ရဲဘော်တို့ လေ့လာသင်ကြား ဆည်းပူးခဲ့သမျှဟာ ပြည်တွင်းမှာ ပြန်လည်တည်ဆောက်ရတဲ့ အားဖြစ်ပါစေ။ တိုင်းပြည်ကို တည်ဆောက်မယ့် အင်အားစုတွေဟာ အရှေ့ကို ရောက်လာပါလိမ့်မယ်။ ဒါဟာ လိုအပ်ချက်အတွက် ရိုးရိုးရှင်းရှင်း ရှုမြင်တာပါ။ အဲဒီတော့ ရဲဘော်တို့ သင်ကြားဆည်းပူးခဲ့သမျှကို အသုံးချဖို့ ပြင်ဆင်ပါတော့။ နောက်တခုက ပြည်ပမှာလည်း ရဲဘော်တို့က အခန်းအနားတွေကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းထဲမှာ ဒီထက် အားကောင်းအောင် ရဲဘော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ ကျတော်တို့ လက်တွေ့ကျကျ ကြည့်ချင်ပါတယ်။ အခုအချိန်မှာ ရောင်နီသန်းလာချိန်မှာ အားလုံးဟာ ဒေါင်းတွေအဖြစ် ပျံလာတာကို မြင်ချင်ပါတယ်။ အားလုံးသံပြိုင် အိုးဝေသံနဲ့ပဲ ညီချင်ပါတယ်။"
ကိုဖုန်းမော်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြဌာန်းပေးဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာကျောင်းသူ ဂေးမယ်ရီရာကလည်း ပြောပါတယ်။
မတ်လ (၁၃)ရက်နေ့မှာ ကျရောက်မယ့် ကိုဖုန်းမော်နေ့ အတွက် ကနေဒါ၊ တောင် ကိုးရီးယား၊ ထိုင်း၊ နယ်သာလန်၊ နော်ဝေး၊ ဒိန်းမတ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း (၇) နိုင်ငံမှာရှိတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေက အများ အားလပ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အခမ်းအနားတွေ အသီးသီး ကျင်းပခဲ့ကြပါတယ်။မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းဖို့ လိုနေဆဲ
မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်း ဆောင်ရွက်ပေးဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၉ ကြိမ်မြောက် ညီလာခံမှာ မနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားက ပြောကြားလိုက်ပါတယ်။ “မြန်မာနိုင်ငံမှာ စိုးရိမ်စရာ လူ့အခွင့်အရေး အခြေအနေတွေကို ဖြေရှင်းပေးဖို့လိုအပ်နေတာကတော့ ထင်ရှားပါတယ်။ ဒါတွေကို လစ်လျူပြုထားလို့ မရသလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အတွက် အလေးပေး ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။
တိုင်းပြည်မှာ အမှန်တကယ် တိုးတက်ဖွံ့ဖြိုးတယ်ဆိုတာ အာဏာပိုင်တွေ အပေါ်မှာ မူတည်မနေသင့်ဘဲ ဒီမိုကရေစီကို အခြေခံတဲ့ လူထုအသင်းအဖွဲ့တွေမှာ ထင်သာမြင်သာ ရှိရမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက် အထိ ခရီးရောက် အောင်မြင်မှု ရှိတယ် ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက် တစ်ခု ဖြစ်တယ်” လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။
ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေ ကတော့ မစ္စတာကင်တာားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှု မရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်ပြီး၊ တိုင်းပြည်ရဲ့ အခြေအနေဟာ နောက်ပြန်လှည့်သွားစရာ အကြောင်းမရှိသလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်တွေဟာလည်း ဆီလျော်မှု မရှိဘူးလို့ တုန့်ပြန် ခဲ့ပါတယ်။
မြန်မာ့အစိုးရခေါင်းဆောင်တွေ ပြောနေသလို အခုအချိန်ဟာ နိုင်ငံရေးအရ အမြင့်မားဆုံး အခြေအနေကို ရောက်နေတာပါ။ လက်ရှိ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေဟာ အခုမှ ပေါ်လာတာ မဟုတ်ဘဲ အရင်ကတည်းက ချမှတ်ထားတဲ့ လမ်းပြမြေပုံ (၇)ချက် အတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်နေတာပါလို့ ဦးမောင်ဝေ က ပြောသွားတာပါ။
အမေရိကန်ကတော့ မစ္စတာကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုလိုက်ပြီး မြန်မာအာဏာပိုင်တွေကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်ကတော့ လက်ရှိမြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်သွားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ်
ကုလသမဂ္ဂက ပြဌာန်းထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးလာစေဖို့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒီကနေ့ ကြေညာထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။မနက်ဖြန်မှာကျရောက်မယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အတွက် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ကြေညာထုတ်ပြန် ရာမှာ လူ့အခွင့်အရေးကင်းမဲ့တဲ့ အမှောင်ခေတ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေး လူမှုရေး ပညာရေး အစစအရာရာ နိမ့်ကျခဲ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။
"မတ်လ ၁၃ ရက် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတာဟာ မြန်မာနိုင်ငံကို အမှောင်ခေတ်ကနေပြီးတော့ အလင်း ခေတ်ဆီကို ကူးပြောင်းဖို့အတွက် နှိုးဆော်လိုက်တဲ့ ခေါင်းလောင်းထိုးသံ တစ်ခုပဲပေါ့ဗျာ။ အဲဒီတော့ ကျောင်းသား သပိတ်တွေကနေ လူထုတိုက်ပွဲအထိ ဖြစ်ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အလင်းရောင်ကို စပြီး ထွန်းညှိပေးတဲ့နေ့၊ လူ့အခွင့်အရေး ကင်းမဲ့တဲ့ အမှောင်ခေတ်ကြောင့်ပဲ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး ပညာရည် အမြင့်မားဆုံး တိုင်းပြည်ဘ၀ကနေ အဆင်းရဲဆုံး တိုင်းပြည်ဘ၀ကို ကျရောက်ခဲ့ရတာ၊ အဲဒီတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်တိုင် လက်မှတ်ထိုးခဲ့တဲ့ လူ့အခွင့်အရေး ကြေညာစာတန်းကို ပြည်သူများက ခံစားကျင့်သုံးနိုင်ဖို့ကို ဒီနိုင်ငံရေး အင်အားစုတွေ အားလုံးက ဆထက်တပိုး ပိုပြီးတော့ ကြိုးပန်းအားထုတ်ကြဖို့ လိုအပ်ပြီ ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်တယ်ဆိုတဲ့ ကြေညာချက်ပါ။"
၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်က စက်မှုတက္ကသိုလ်ကျောင်သား ကိုဖုန်းမော်ကို လုံထိန်းရဲတွေ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရတဲ့နေ့ကို ဒီမိုကရေစီ အင်အားစုတွေက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ မိသားစုတွေက ၂၃နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မနက်ဖြန် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ကျင်းပဖို့ရှိကြောင်း သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများ ချောက်၊ ရေနံချောင်းနှင့် မကွေးမြို့များသို့ သွားရောက်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြော
၈၈ မျိုးဆက် ကျောင်းသားများ ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တတိယမြောက် ခရီးစဉ် အဖြစ် ကိုမင်းကိုနိုင် ဦးဆောင်ပြီး ကိုဂျင်မီ၊ ကိုအံ့ဖွယ်ကျော်၊ ကိုဥာဏ်လင်း၊ ကိုမျိုးအောင်နိုင်၊ ကိုကိုနိုင်နှင့် ကိုချစ်ကိုတို့ ပါဝင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့သည် မတ်လ ၅ ရက်နေ့က ချောက်၊ ရေနံချောင်း၊ မကွေးမြို့များသို့ သွားရောက်ခဲ့ပြီး မင်းဘူးမြို့မှတစ်ဆင့် ရွှေစက်တော်ပွဲတော် အထိ သွားရောက်ခဲ့ကြောင်း
ထိုခရီးစဉ်၏ ပထမဆုံးအနေဖြင့် ဟင်္သာတ၊ သရက်၊ အောင်လံ၊ ဇလွန်မြို့များသို့ လည်းကောင်း၊ ဒုတိယခရီးစဉ်အဖြစ် မြစ်ကြီးနားမြို့၊ မန္တလေးမြို့များသို့ လည်းကောင်း သွားရောက်ခဲ့ပြီး ချောက်မြို့NLD ရုံးခန်းဖွင့်ပွဲသို့ သွားရောက်စဉ် တတိယ ခရီးစဉ်အဖြစ် ရေနံချောင်း၊ မကွေးမြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတတိယမြောက်ခရီး စဉ်အဖြစ် ချောက်မြို့သို့ မတ်လ ၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့် တွင် ရောက်ရှိခဲ့ကြပြီး နံနက် ၉ နာရီ တွင် ချောက်မြို့ ဦးဖိုးဟန်လမ်း၊ ဗဟိုလွှတ်သစ်ရပ်ရှိ NLD ရုံးခန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့က တက်ရောက်လာသော ချောက်မြို့ခံ ပြည်သူလူ ထုအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအ ကြောင်း ဟောပြောခဲ့ကြောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ချောက်မြို့အေးစေတီ ဘုန်းကြီးကျောင်းတွင် ချောက်မြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း
ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိလုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်းတွန့်ဆုတ် မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲ ဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန်လိုကြောင်း ပြောကြားခဲ့ . . . |
ကိုမင်းကိုနိုင် ဦးဆောင်သော အဆိုပါအဖွဲ့သည် ချောက်မြို့မှ ထိုနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ထွက်ခွာလာခဲ့ပြီး ရေနံချောင်းမြို့သို့ အရောက်တွင် ရေနံချောင်းမြို့ စိန် ပန်းလမ်းမတော်ရှိ NLD ရုံးတွင် ပြည်သူလူထုသို့ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေနံချောင်းမြို့မှ ဆက်လက်ထွက်ခွာ၍ မကွေးမြို့သို့ ထိုနေ့ည ၇ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး မကွေးမြို့တွင်း အနှံ့ လှည့်လည်၍ ပြည်သူလူထုနှင့် တွေ့ဆုံ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ထိုခရီးစဉ်တစ်လျှောက် ချောက်၊ ရေနံ ချောင်း၊ မကွေးမြို့များတွင် ပြည်သူလူထုမှ ၈၈ မျိုးဆက် ကျောင်း သားများအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း မတ်လ ၆ ရက်နေ့ နံနက် ၇ နာ ရီခန့်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မကွေးမြသလွန် စေတီတော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ရာတွင်လည်း တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံပြည်သူလူထုများ စီတန်းလိုက်ပါခဲ့ကြောင်း သိရသည်။ မြသလွန် စေတီတော် မြတ်ကြီးအား ဖူးမြော်ပြီးသောအခါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် မကွေးမြို့ပေါ်ရှိ ပါရမီသွေးလှူရှင်များ အသင်း၊ ကရုဏာရှင်များ နာရေးကူညီမှု အသင်းများသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း
ထို့နောက် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် ထိုနေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သို့ သွားရောက်ကာ ကြေးရုပ်ရှေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြကြောင်း ထို့နောက် မကွေးမြို့ရွာသစ်ရပ် ၁၅ လမ်းရှိ တည်းခိုရာနေအိမ်၌ နံ နက် ၉ နာရီခန့်တွင် လူထုနှင့် တွေ့ဆုံဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရ သည်။ ထိုဟောပြောပွဲကို ၈၈မျိုး ဆက်ကျောင်းသားများမှ တစ်ဦးချင်း လူထုနှင့်မိတ်ဆက်၍ စတင်ခဲ့ပြီး ကိုမျိုးအောင်နိုင်၊ ကိုအံ့ဖွယ်ကျော်၊ ကိုဥာဏ်လင်း၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင် တို့က ဟောပြောခဲ့ကြကြောင်းကိုဥာဏ်လင်းက ဟောပြောရာ တွင် ဒီမိုကရေစီဆိုသည်မှာ ပြည်သူ အားလုံး တက်တက်ကြွကြွ ပါဝင်သည့် စနစ်ဖြစ်ကြောင်း၊ ပရဟိတနှင့် လူမှု ရေးအသင်းအဖွဲ့များ အများအပြား လိုအပ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်လည်း လူထုလူတန်းစား အဖွဲ့အစည်းများ ပေါ်ပေါက်ရန် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း၊ ထိုသို့ သမဂ္ဂများနှင့် လူမှုရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာ၍ ပြည်သူလူထု၏နစ်နာမှု၊ လိုအပ်မှုများ စုပေါင်းတောင်းဆိုရန် လိုအပ်ကြောင်း၊ ထိုသို့စုပေါင်း တောင်းဆိုနိုင်ရန် တစ်ဦးနှင့်တစ်ဦး ကျောချင်းကပ်၊ လက်ချင်းယှက်ထားမှ နေ့စဉ်ဘ၀ တိုးတက်မည် ဖြစ်ကြောင်း
ထို့နောက် ယနေ့ဒီမိုကရေစီ စနစ်ဆိုတာ ဘာလဲဆိုလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူတွေကို သတ္တိရှိအောင်၊ လုပ်ရဲကိုင်ရဲရှိအောင် ပြုလုပ်ပေးတာ ဖြစ်ကြောင်း၊ လူတွေကို ကြောက်ရွံ့အောင် လုပ်တာသည် အာဏာရှင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်ကို ကြည့်လျှင် လူတွေကိုသတ္တိရှိအောင် လုပ်ပေး သလား၊ ကြောက်အောင် လုပ်ပေးသလား ကြည့်သင့်ကြောင်း၊ ကြောက်အောင်လုပ်လျှင် အာဏာရှင်ဟု သတ်မှတ်ကြောင်း၊ အစိုးရရော ပြည်သူလူထုပါ အကြောက်တရား ကင်းဝေးရန်လိုကြောင်း၊ နိုင်ငံတော် သမ္မတကြီး ၏ ဒုတိယမိန့်ခွန်းမှာ ပထမမိန့်ခွန်းထက် ပိုမိုကောင်းမွန်ကြောင်း၊ ထိုမိန့် ခွန်းကို နားထောင်သူများမှာ မိမိတို့သာမက တိုင်းဒေသအသီးသီးရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အထိနားထောင်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲ လိုသည့် မည်သူ့ကိုမဆို ကြိုဆိုရမည်ဖြစ်ကြောင်း၊ ဥပဒေ မရှိဘဲ နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော အကျင့်ကို ဒေသအာဏာပိုင်များမှ စ၍ ဖြစ်သင့်ကြောင်း၊ အုပ်ချုပ်သူတို့၏ အားနည်းချက်များကို ထိန်းကျောင်းရန် တာဝန်ရှိသည်မှာ ယခုရှိ နေသော အခြေခံပြည်သူများ ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ကိုယ်တိုင် မှန်တာ ကိုရဲရဲပြော၍ ရဲရဲလုပ်ရန် ပြောကြားခဲ့ကြောင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုသည်မှာ ယခုစိမ်းနေသေးသော်လည်း နောင်တွင် ဒီမိုကရေစီ ကဲ့သို့ပင် ယဉ်ပါးသွားမည် ဖြစ်ကြောင်း၊ မကျေနပ်တာကို မကျေနပ်ကြောင်း၊ လွှတ်တော်များ၊ မီဒီယာများမှ တစ်ဆင့်တင်ပြ၍ ရနေပြီဖြစ်ကြောင်း မည်သည့် အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမည် ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးရ မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိ လုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်း တွန့်ဆုတ်မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန် လိုကြောင်း ထို့နောက် ကိုမင်းကိုနိုင်က ပြောကြားရာတွင် မကွေးမြို့သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့ရာ နတ်မောက်မြို့၏ တိုင်းမြို့ဖြစ်ကြောင်း၊ မကွေးမြို့သည် ချောက်ရေနံမြေ သပိတ်သားများ ချီတက်စဉ်က ရန်ကုန်မှအကူတပ်သားအဖြစ် စေလွှတ်လိုက်သော ကျောင်းသားများနှင့် ဆုံစည်းခဲ့သော အောင်မြေဖြစ်ကြောင်း၊ မကွေးမြို့တွင် စာပေဟောပြောပွဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရသည်ကို သိရ၍ စိတ်မကောင်းဖြစ်မိကြောင်း၊ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု မရှိသည်ကိုလည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြည်သူလူထုတွင် ကြောက်ရွံ့မှုများ ရှိနေရခြင်းမှာ ကောင်းသော အလားအလာ မဟုတ်ကြောင်း၊ ပြည်သူလူထု ဆိုသည်မှာ သခင်ဖြစ်ပြီး၊ လွှတ်တော် အမတ်များမှာ ပြည်သူ့အကျိုးဆောင် အစေအပါးများ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုကို မိဘပြည်သူများဟု ခေါ်ခဲ့သည်မှာ အင်မတန် ကျက်သရေရှိကြောင်း၊ ထိုသို့ အခြေအနေ ရောက်ရှိလာခဲ့သည် မှာ အလကားရခဲ့ခြင်း မဟုတ်ကြောင်း၊ ယခင် အုပ်ချုပ်မှုပုံစံဖြင့် ခေါက်ရိုးကျိုးသူ အများအပြား ရှိသေးကြောင်း ပြည်သူ့အရေး၊ နိုင်ငံအရေးကို ရဲရဲ ရင့်ရင့်ပြောဆိုရန် အသင့်ရှိသင့် ကြောင်း
ထို့ပြင် မကွေးမြို့အတွင်း ၎င်းတို့ လှည့်လည်စဉ် ယာဉ်ထိန်းရဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်သားများ စောင့်ရှောက်ခဲ့သောကြောင့် အလွန်ဝမ်း သာမိကြောင်း၊ ထိုသို့ စောင့်ရှောက်မှုများကို ရေရှည် ဖော်ဆောင် သင့်ကြောင်း၊ အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်သူများက ပြုပြင်ပြောင်းလဲရေးကို လိုလားမည် မဟုတ်ကြောင်း၊ ယနေ့ပွဲသို့ တက်ရောက်လာသူများမှာ မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုမှ မပါဝင်ဘဲ လာရောက်ခဲ့ကြကြောင်း လူမှုရေး၊ ကျန်းမာရေးပူး ပေါင်း၍ မဟတ္တမဂန္ဒီကဲ့သို့ ပြည်သူနှင့် တစ်တန်းတည်း ရပ်တည်ခဲ့သော သြဇာကြီးမား သူမျိုးများ လိုအပ်ပါကြောင်း
ထို့နောက် နံနက် ၁၁ နာရီ ခန့်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မင်းဘူမြို့မှတစ်ဆင့် ရွှေစက်တော်ပွဲတော်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုအဖွဲ့သည် ရွှေစက်တော်ပွဲတော်မှ နေ့ချင်း ပြန်လာမည် ဖြစ်ပြီး မကွေး- ကံပြား နေပြည်တော်လမ်းမှ တစ်ဆင့် မြို့သစ်မြို့တွင် လူထုနှင့်တွေ့ဆုံ မိတ်ဆက်ပြီး ရန်ကုန်သို့ ပြန်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက် လည်ပတ်မည် ၂၅နှစ်အတွင်း မြန်မာနိုင်ငံသို့ အိန္ဒိယ ၀န်ကြီးချုပ် တစ်ဦး လာရောက်ခြင်းဖြစ်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်း အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က မြန်မာ ဂျာနယ်လစ်များနှင့် မတ်လ ၉ ရက်နေ့ ညပိုင်းက တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်းနှင့် အစောဆုံး လာရောက်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း အိန္ဒိယ သမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ရန် စီစဉ်နေသည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး အနေဖြင့် လာရောက်ခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရာဂျစ်ဂန္ဒီသည် အိန္ဒိယ၀န်ကြီးချုပ် အဖြစ် ၁၉၈၇ ခု နှစ် ဒီဇင်ဘာလ က လာရောက် လည်ပတ်ခဲ့သည်။ အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai သည် နေပြည်တော်တွင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား မတ်လ ၈ ရက်နေ့ ည နေပိုင်းက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်း ပြန်စရန် တရုတ် တိုက်တွန်းမည်
မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ရန် တရုတ်တာဝန်ရှိသူများက မြန်မာအစိုးရကို တိုက်တွန်းရန်ရှိကြောင်း သိရသည်။ တရုတ်အမျိုးသား စွမ်းအင်ဌာန အကြီးအကဲ နှင့် စီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသည့် CPI ကုမ္ပဏီ ဥက္ကဌတို့ က တရုတ်အမျိုးသား ကွန်ဂရက် နှစ်လယ် အစည်းအဝေး ၌ တိုက်တွန်းမည့် အစီအစဉ်ကို ပြောကြား ကြောင်း AP သတင်း၌ ဖော် ပြထားသည်။ ယင်းစီမံကိန်းကို ပြီးခဲ့သည့် နှစ် စက်တင်ဘာ လကုန်ပိုင်းက သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် လက်ရှိ အစိုးရ သက်တမ်း အတွင်း ရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။
မြစ်ဆုံဆည် ဆက်လုပ်ရန် ဆွေးနွေးမှု နယ်ပယ်အသီးသီးမှ ကန့်ကွက်
ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် တည်ဆောက်မှုကို ပြန်လည်စတင်နိုင်ရန် ဆွေးနွေးနေသည့် သတင်းများ ကြားသိရ၍ ကန့်ကွက်မှုများလည်း နယ်ပယ်အသီးသီးမှ ထွက်ပေါ်လာကြောင်းစီမံကိန်း ပြန်လည် စတင်မည်ဆိုသည်မှာ ပြည်သူလူထုဆန္ဒအား ဆန့်ကျင်သည့် လုပ်ရပ်အဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း
"ဒါကတော့ ကျနော်တို့က ကန့်ကွက်ရမှာပဲ။ အခု ပြန်လုပ်မယ်ဆိုတဲ့ကိစ္စဟာ အင်မတန်ကို မိုက်ရိုင်းမှုလို့ ကျနော် ယူဆတယ်။ ဒီမိုကရေစီလို့သာ အော်တာ၊ လုပ်တာတခြား အော်တာတခြား ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာတော့ ကျနော် လုံးဝ သဘောမတူဘူး"
မြစ်ဆုံဆည် တည်ဆောက်မှု အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း တရုတ်စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုမှုကို China daily သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် စနေနေ့က ဖေါ်ပြမှုကို ညွှန်းဆို၍ ဦးအုန်းက ပြောခြင်းဖြစ်ကြောင်း
မြစ်ဆုံဒေသတွင် ကမ္ဘာ့ရှားပါး ပန်းနှင့်သစ်ခွများ၊ အပင်များ၊ လိပ်ပြာများနှင့် တရိစ္ဆာန်များ ရှိနေ၍ "အဲဒီလောက်
ကောင်းတဲ့နေရာကို ဆည်ကြောင့် ပျက်ဆီးမယ်ဆိုရင် ကျနော်တို့ မလဲနိုင်ဘူး" ဟု ဦးအုန်းက ပြောကြောင်း
ကောင်းတဲ့နေရာကို ဆည်ကြောင့် ပျက်ဆီးမယ်ဆိုရင် ကျနော်တို့ မလဲနိုင်ဘူး" ဟု ဦးအုန်းက ပြောကြောင်း
ထို့အပြင် ၂ဝ၁၁ ခုနှစ်ကတည်းက မြစ်ဆုံဆည် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကလည်း ဆက်လက် ကန့်ကွက်သွားရန် ပိုင်းဖြတ်ပြီးဖြစ်ကြောင်း "ကျနော်တို့ အရင်တုန်းက မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ကန့်ကွက်တာဟာ မှန်တယ်လို့ ယုံကြည်ထားတဲ့အတွက် မလုပ်ဖို့ ဆက်တားကို တားရမယ် ဆိုတာတော့သေချာသွားပါပြီ။ တကယ့်ကို ကျနော်တို့ အစိုးရက မြစ်ဆုံဆည် ဆောက်ဖို့ စပြီဆိုတဲ့ အချိန်မှာတော့ ကျနော်တို့ တိတိကျကျကို ရင်ဆိုင်သွားပါမယ်" ဟု ပြောကြောင်း
မင်္ဂလာမြန်မာ NGO ၏ ဒါရိုက်တာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ ဒေါက်တာ ဖုန်းဝင်း ကမူ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများမှ တိကျသေချာသည့် သုတေသနများပြုလုပ်ကာ ဆုံးဖြတ်သင့်သည်ဟု ဆိုကြောင်း
"ကျနော်ကတော့ သုတေသနကို သေသေချာချာ လုပ်ပြီးတော့မှ အချက်အလက်တွေ စုံတော့မှ လုပ်သင့်တယ် မလုပ်သင့်ဘူး ဆုံးဖြတ်တာ ပိုကောင်းတယ်လို့ထင်တယ်။ လူထုက သဘောတူတယ်ဆိုရင် ဆက်လုပ်ရမယ်ပေါ့" ဟု ပြောကြောင်း ဆောက်လုပ်နေသည့် ကုမ္ပဏီအား ဝိုင်းဝန်းရင်ဆိုင်ကြရန်နှင့် နိုင်ငံတကာဖိအားလည်း လိုအပ်ကြောင်း ကာတွန်းဆရာအော်ပီကျယ် က
"ကျနော်တို့ တိုင်းရင်းသားတွေအားလုံး၊ ကချင် တိုင်းရင်းသားတွေရောပေါ့။ ကျနော်တို့ ဒီမြစ်ဆုံကိစ္စကို စဉ်းစားရင် ရင်ထဲမှာ နာပါတယ်။ ဒီဟာကို တရုတ်ကုမ္ပဏီနဲ့ ရင်ဆိုင်ဖို့အတွက် ပြည်သူတရပ်လုံးကရော၊ ပညာရှင်တွေကရော၊ အနုပညာသည်တွေကရော ဖြေရှင်းပေးဖို့ ကျနော်တို့ ဝိုင်းကူမှာပါ။ ဒီဟာက နိုင်ငံတကာ ဖိအားပါ လိုလာပါပြီ" ဟု ပြောကြောင်း
လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မည့် ဒေါ်လာ ၃၆ သန်းတန် မြစ်ဆုံဆည် စီမံကိန်း ဖေါ်ဆောင်ရခြင်းမှာ အမျိုးသားအကျိုးစီးပွားအတွက်ဟု လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ၂ဝ၁၁ ခုနှစ်အတွင်းက ပြောဆိုခဲ့ခြင်းကို "သူတို့က သူတို့လုပ်ချင်တာတွေ စွတ်စွတ်ပြီး ပြောတယ်။ မျက်စိပိတ်ပြီးတော့ တိုင်းပြည်ရောင်းစားတဲ့ လူတွေရဲ့ အပြောကို ခင်ဗျားတို့ မယုံကြပါနဲ့။ ကျနော်တော့ လုံးဝမယုံဘူး။ အမျိုးသား အကျိုးစီးပွားဆိုတာ ကြားကောင်းအောင် အော်တာ။ အလကားပဲ။ ကျနော်တော့ လုံးဝ အယုံအကြည်မရှိဘူး" ဟုလည်း ဦးအုန်းက ဝေဖန်ပြောဆိုကြောင်း
မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လာပါက ပြည်သူ၏ သဘောထားကို ရယူက လွှတ်တော်တွင်း ကန့်ကွက်သွားမည်ဟုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြောင်း
ဖေဖေါ်ဝါရီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်ကို နိုင်ငံပိုင် သတင်းစာများကဖေါ်ပြခဲ့သေးကြောင်း
မစ္စတာ ဝူဘန်ကို ကလည်း မြစ်ဆုံဆည် တည်ဆောက်ရပ်ဆိုင်းရခြင်းမှာ အနောက်နိုင်ငံများမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေး လုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေ သည်ဟု ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ် China power Investment Corporation –CPI တို့ အကျိုးတူဆောင်ရွက်နေရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ကြောင်းဆည်ကြောင့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း၊ မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ
ရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်လာစေနိုင်ပြီး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေ ပျက်စီးမှု ရှိနိုင်ခြင်း၊ ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်းတို့ကြောင့် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း
အဆိုပါ စိုးရိမ်ပူပန်မှုများကြောင့် ပြည်သူများ၏ ဆန္ဒကို အလေးထားသောအားဖြင့် မိမိတို့ အစိုးရ လက်ထက်တွင်ဆောက်လုပ်ခြင်းမပြုရန် သမ္မတဦးသိန်းစိန်မှ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ အတွင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာန ၆ ခု အဂတိ လိုက်စားမှု ဖြစ်ပွား
အစိုးရ ၀န်ကြီးဌာန ၆ ခုခန့် ကျပ် သိန်းထောင်ချီပြီး အဂတိ လိုက်စားမှုဖြစ်ပွားကြောင်း သိရသည်။ ပြန်ကြားရေး၊ စက်မှု ၁ ၊ စက်မှု ၂ ၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နှင့် စစ်တပ်အတွက် တည်ထောင်ထားသော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့ ပါဝင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ ရိုက်ကူး
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ မူဝါဒ၊ သဘောထား လုပ်ငန်းစဉ်များဟောပြောမှု အစီအစဉ် အတွက် နေပြည်တော် တွင် ရုပ်သံ ရိုက်ကူးနေကြောင်း သိရသည်။ ၎င်း၏ ဟောပြောချက်မှု ကြမ်း ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာ ဖြတ်မှု တချို့ ပြုလုပ်ထား သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရုပ်သံ ရိုက်ကူးမှု အစီအစဉ်နှင့်အတူ လွှတ်တော်သို့ လည်း သွားရောက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD က ပြောသည်။
NLD ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ် သုံးရပ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ် ၃ ရပ်ဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၄ ရက်နေ့ အသံလွှင့်ဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းမှာ ဒီအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းကို ဒေါင်းမာန်ဟုန် ဘလော့စာ မျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယို အခွေအတိုင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ ကဲ… ဦးကျော်ဇံသာ ဒီထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ်တွေဟာ တိုင်းပြည်အတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တွေ ဟုတ်ပါတယ်နော်။
ဟုတ်ပါတယ်။ ခင်ဖြူထွေးရေ သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိရင် ဘာမှ လုပ်လို့မရပါဘူး။ ဒါအမှန်ပါပဲ။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင်လုပ်ဖို့ အတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ရမယ်၊ နောက်ပြီးတော့ လူထုကို အကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းရမယ်၊ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ အုပ်ချုပ်ရေး အာဏာစက်အောက်က လွတ်မြောက်အောင် လုပ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါဟာ သိပ်အရေးကြီးတဲ့ မူဝါဒဖြစ်ပါတယ်။ အလားတူစွာပဲ ပြည်တွင်းစစ် ရပ်စဲရေး သို့မဟုတ် ပြည်တွင်းငြိမ်းချမ်းရေး ဟာလည်း သိပ်ကို အရေးကြီးတဲ့ကိစ္စပါ။ ဒါ့အပြင် တနည်းအားဖြင့်ဆိုရင် တိုင်းရင်းသား ပြဿနာ ပြေလည်ရေးလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒီထဲမှာ ဖော်ပြထားတဲ့ကိစ္စတွေက သူတို့ဒါကို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ဆောင်ရွက်မယ်လို့ ဆိုပြီး ဖော်ပြထားပါတယ်။ ဒါဟာ တိုင်းရင်းသားတွေလည်း အကြိုက်တွေ့မယ့် လက်ခံနိုင်မယ့် လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဒါကို အကောင်ထည်ဖော်ရင် အကောင်းဆုံးပါပဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။“ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ပါမယ်။ ပထမအဆင့် အနေနဲ့ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲရပါမယ်။ ဒုတိယ အဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်း ဆောင်ရွက်ရပါမယ်။ တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ စစ်စစ် တည်ထောင်ဖို့ ဘုံဦးတည်ချက် ထားပြီးတော့ ကြိုးပမ်းရပါတယ်။ ကျမတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်ကြီးကို လိုလားတယ်လို့ ကျမ တထစ်ချ ယုံကြည်ပါတယ်။”
ဟုတ်တယ်။ ဦးကျော်ရေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာကလည်း လွှတ်တော်မှာ အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ ဖြစ်မှာ။ ဘယ်လွယ်ပါ့မလဲနော်။
မှန်ပါတယ် မလွယ်ပါဘူး အခုရွေးကောက်ပွဲက ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ၀င်ပြိုင်မှာက လွှတ်တော် ၂ ရပ်ပေါင်းမှာမှ အမတ်နေရာ ၄၀ ကျော်ဆိုတော့ လောလောဆယ်မှာတော့ တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ သူတို့ လုံးဝ ဥဿုံအနိုင်ရတဲ့အခါမှာမှ ဖြစ်လာနိုင်တဲ့ ကိစ္စလို့ ထင်ရပါတယ်။
နောက်… စီးပွားရေး၊ လူမှုရေး ကိစ္စတွေကိုလည်း ပြောထားသေးတယ်။ အဲဒီအထဲမှာ အထူးခြားဆုံး အချက်က ဘာဖြစ်မလဲ ဆိုတာကိုလဲ ကြည့်ရအောင်ပါရှင့်။
ကျနော် ထင်တာကတော့ ခင်ဖြူထွေး ပထမဦးဆုံး ဒီတိုင်းရင်းသားအရေးနဲ့ ပတ်သက်ပါတယ်။ ဗမာစကား အခက်အခဲ ရှိတဲ့ တိုင်းရင်းသား ဒေသတွေရဲ့ ပညာရေးမှာ လိုအပ်သလို ဆောင်ရွက်ပေးဖို့ တနည်းအားဖြင့် တိုင်းရင်းသား ဘာသာစကားတွေကို ကျောင်းမှာ ပညာရေးမှာ အသုံးပြုဖို့လို့ ယူဆပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ ကိစ္စပါ။ တခြား အခွင့်အရေးပိုင်းမှာတော့ မြန်မာပြည်မှာ အစဉ်သဖြင့် အဖိနှိပ်ခံ လူတန်းစားတွေ ဖြစ်လာခဲ့တဲ့ လယ်သမားတွေနဲ့ ပတ်သက်ပါတယ်။ ဒီအပိုင်းမှာတော့ သူက လယ်ယာပိုင်ဆိုင်ခွင့်တို့၊ လွတ်လပ်စွာ ရောင်းဝယ်ခွင့်တို့ စတာတွေ ဖော်ပြထားတာ တွေ့ရပါတယ်၊ စသဖြင့် ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ “တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့် ရဖို့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆန်စပါး အပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ဈေးကွက်စီးပွားရေးနဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့် ရဖို့နဲ့ သင့်တော်တဲ့ဈေးနှုန်းများ ရဖို့ကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်း လယ်ယာထွက်ကုန် ပစ္စည်းများ ဈေးတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေ့ရှုတဲ့ လယ်ယာထွက်ကုန် စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ၊ ပြဿနာအရေး ကိစ္စရပ်များကို တောင်သူလယ်သမား အကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ညီညွတ်သော တောင်သူလယ်သမား အဖွဲ့အစည်းများအား ဖွဲ့စည်းခွင့် ပေးသွားရပါမယ်။”
ဒီ ဦးစားပေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်လာဖို့ဆိုတာကတော့ အချိန် အတော်ယူရမှာပါပဲ။
မှန်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ တချို့ဟာတွေကတော့ လောလောဆယ် လုပ်လို့ ဖြစ်နိုင်ပေမဲ့ တချို့ဟာတွေကတော့ လွှတ်တော်မှာ အမတ်ဦးရေ အများစု သာမန် ၅၀% ရတာတင်မကဘူး ၇၅ % ကျော် ရမှဖြစ်မယ့် ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ဒီဟာ မလွယ်ကူဘူး ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ “ဒါတွေက နားထောင်လို့တော့ ကောင်းပါရဲ့။ တကယ်ပဲ အကောင်ထည် ပေါ်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ် ထင်ပါတယ်။ လွယ်လွယ်တော့ ကျမတို့ လိုလား တောင့်တနေတဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ ၀ိရိယ စိတ်ဓါတ် ပညာ ဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။”
မြန်မာ့ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းထဲက တစွန်းတစကို ကြားခဲ့ကြရတာပါ။ ဒီမိန့်ခွန်း အပြည့်စုံကိုတော့ မနက်ဖြန် မတ်လ ၁၄ ရက် မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေ အသက်ဝင်ပြီ
အလုပ်သမား အဖွဲ့အစည်း ဥပဒေ သည် မတ်လ ၉ ရက်နေ့ တွင် စတင်အာဏာတည်ကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပုဒ်မ ၁ ၊ ပုဒ်မခွဲ(ခ) အရ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်း ဥပဒေအရ အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ရှိမည်ဖြစ်ပြီး အလုပ်သမား ရပိုင်ခွင့်များအတွက် သပိတ်မှောက် ဆန္ဒပြခွင့်လည်း ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ကချင် တိုက်ပွဲများ တရုတ် ပိုက်လိုင်းစီမံကိန်း မထိခိုက်
တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ်၌ဖြစ်ပွားနေသည့် KIA နှင့် အစိုးရတပ် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းနေသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ထိခိုက်မှု မရှိ ကြောင်း၊ ကချင် ပြည်နယ်ကို ဖြတ်ဖောက် နေသည့် ယင်းပိုက်လိုင်း စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဒါရိုက်တာက ပြော သည်ဟု တရုတ် သတင်း တရပ်တွင် ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ် မဲစာရင်း လွဲမှားမှုဖြစ်နေ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံမည့် ကော့မှူးမြို့နယ် ဝါးဘလောက်သောက် ကျေး ရွာ တွင် မဲပေးခွင့်ရှိသူ လူဦးရေ ၅၀၀ ခန့် မဲစာရင်းတွင် မပါဝင်ဘဲဖြစ်နေကြောင်း ကော့မှူးမြို့နယ် NLD ကထုတ်ဖော်ပြောဆို လိုက်သည်။ကော့မှူးမြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသော ဝါးဘလောက်သောက် ကျေးရွာတွင် မဲပေးခွင့်ရှိသူ ၄၉၀ ကျော် မဲစာရင်းတွင် မပါရှိဘဲ မဲစာရင်းတွင် ပါဝင်သူတချို့မှာလည်း အသက်မပြည့်သူ၊ ပျောက်ဆုံးနေသူနှင့် သေဆုံးသူများ ပါဝင်နေကြောင်း ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောပြသည်။
၁၉၉၀ မွန်ပါတီ ကြားဖြတ်ရွေးကောက်ပွဲပြီး မှတ်ပုံတင်၊ ပါတီပေါင်းဖွယ်ရှိ
ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို လုပ်ဆောင်သွားမည်ဟု ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) က တနင်္ဂနွေနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြောင်းမော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်း၏ အသက် ၉၀ ပြည့်အကြို ဂုဏ်ပြုပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဒု-ဥက္ကဋ္ဌ (၂) နိုင်တင်အောင် က ဖြေကြားသွားခြင်း ဖြစ်ကြောင်း
“ဒီလာမယ့် ရွေးကောက်ပွဲပြီးရင် ကျနော်တို့အဖွဲ့ အနေနဲ့ မှတ်ပုံတင်ပါမယ်။ အခုလက်ရှိ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ နာမည်နဲ့ ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် တခြား နာမည်နဲ့လည်း ဖြစ်ချင် ဖြစ်မယ်” ဟု နိုင်တင်အောင် က ပြောကြောင်း MNDF အနေနှင့် ပါတီ မှတ်ပုံတင်ခဲ့ပါက ပြည်တွင်း မွန်နိုင်ငံရေးပါတီနှစ်ခု ဖြစ်လာမည့်အတွက် မွန်ပြည်သူများနှင့် ရဟန်းသံဃာတော်များ၏ လိုလားချက် ဖြစ်သည့် ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် ညှိနှိုင်းသွားမည်ဟုလည်း MNDF က ပြောကြောင်း
“ကျနော်တို့ မွန်ပါတီနှစ်ခု ပေါင်းကို ပေါင်းရမယ်။ ကျနော်တို့ အချင်းချင်းလည်း ညှိနှိုင်းနေတုန်းပဲ။ နားလည်မှု ရထားပြီးပြီ။ ပေါင်းဖို့အတွက်က အချိန်နည်းနည်း ယူရဦးမယ်” ဟု နိုင်တင်အောင်က ပြောကြောင်း
ပါတီနှစ်ခု ပေါင်းစည်းရန်အတွက် ယခင်နှစ်ကုန်ပိုင်းကပင် နှစ်ဖက်ပါတီများက မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့မှ မွန်ပြည်သူများနှင့် ရဟန်းသံဃာများ၏ ဆန္ဒကို ကောက်ခံခဲ့ရာ ပူးပေါင်းစေလိုသည့် အဖြေကို ရရှိခဲ့ကြောင်း
“ဆရာတို့ မပေါင်းရင် ရွာထဲကို လုံးဝ မဝင်နဲ့တဲ့။ ဘုန်းကြီးတွေကလည်း မပေါင်းရင် ကျောင်းကို လုံးဝ မလာနဲ့လို့
ပြောတယ်။ သူတို့ကလည်း ပေါင်းစေချင်တဲ့ဆန္ဒ ရှိတယ်” ဟု AMDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောကြောင်း
ပါတီကွဲ၍ မွန်ပါတီ နှစ်ခု ဖြစ်လာခြင်း မဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ကိုယ်စားပြုသည့် နိုင်ငံရေး ပါတီတခု ရှိသင့်သည်ဟူသော ယုံကြည်ချက်ဖြင့် အခြေအနေအရ ပါတီသစ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပါတီသစ် ခေါင်းဆောင် နိုင်ငွေသိန်းက ပြောကြောင်းပါတီဟောင်း ဖြစ်သည့် MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့ကြောင်း ထိုရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင် များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။ ၎င်းနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံတင်ခြင်း မပြုဘဲ ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့ကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပေးပြီးနောက် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ရာ MNDF အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲဝင် ကျန်တိုင်းရင်းသား နိုင်ငံရေးပါတီတို့က ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသားများကို မလွှတ်ပေးပါက ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ကြကြောင်း
ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပြီး နောက်တွင် တိုင်းရင်းသားပါတီများ ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို ဆုံးဖြတ်ခဲ့ရာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်ကို ချွန်ထက်သည့်အရာဖြင့် ဖျက်ဆီးခံခဲ့ရကြောင်း
အလျား ၈ ပေ၊ အနံ ၄ ပေရှိ ဆိုင်းဘုတ်ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံတွင်
ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ချွန်ထက်သည့် အရာဖြင့် ဖျက်ဆီးခြင်းဟု ဦးဌေးဝင်းက ပြောကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ချွန်ထက်သည့် အရာဖြင့် ဖျက်ဆီးခြင်းဟု ဦးဌေးဝင်းက ပြောကြောင်း
"အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဆိုင်းဘုတ်ပါ။ အဲဒီမှာ အမေစု မျက်နှာကို ဓါးနဲ့ ခွဲသလိုမျိုး ဆုတ်ဖြဲသွားတယ်" ဟု ပြောကြောင်းဥတ္တရသိရီမြို့နယ်တွင် တရားရုံး မရှိသေးသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားရန် ပြင်ဆင်နေသည်ဟုလည်း သိရကြောင်း
ဖေဖေါ်ဝါရီလအတွင်းကလည်း ဥတ္တရသီရိမြို့နယ် ဘုရားတောင်ရွာတွင် ဖြစ်ပေါ်ခဲ့သေးပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်သေခိုင်လုံမှု မရှိဟုဆိုကာ တရားသူကြီးမှ အမှုကို ပလပ်ခဲ့ကြောင်းမန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စာရွက်ငယ်များ တနင်္လာနေ့က ဖြန့်ဝေမှုရှိခဲ့ကြောင်း သိရသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြောင်း
"နိုင်ငံခြားက ပေးတဲ့ အကူအညီ၊ ပိုက်ဆံတွေသုံးတယ်ပေါ့။ ဒါဟာ လိမ်တာတခုပဲ ဆိုပြီးတော့ ရေးထားတယ်" အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေရှာ ရန် ခက်ခဲနေသည်ဟုလည်း ပြောကြောင်း
ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်သား ဦးမင်းသူ NLD မှ ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင် ၂ဝ၁ဝ ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်ကြောင်းလက်ရှိ သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင်မူ ဟစ်ဟော့အဆိုတော် ဇေယျာသော် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းခွေ နာမည်ကျော် လူငယ်အဆိုတော်တွေ သီဆိုပါဝင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ဦးတည်ပြီး နာမည်ကြီး လူငယ် အဆိုတော်တွေ စုပေါင်း သီဆိုထားတဲ့ လွတ်လပ်မြင့်မား တေးသံများ စီးရီးခွေကို ဒီကနေ့ ထုတ်ဝေဖြန့်ချိမယ်လို့ သိရပါတယ်။ဒီသီချင်းခွေမှာ အဆိုတော် ဆောင်းဦးလှိုင်နဲ့ အတူ ACID အဖွဲ့ နဲ့ တခြား အမျိုးသမီး အဆိုတော်တွေလည်း ပါဝင်တယ်လို့ ကိုယ်တိုင်ပါဝင် သီဆိုထားတဲ့ အဆိုတော် သံသာဝင်းက ပြောပါတယ်။ အမျိုးသားရေးသီချင်းတွေ၊ ဇာတိမာန် တက်ကြွတဲ့ သီချင်းတွေ ပါရှိမယ့်အကြောင်း၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်အတွင်း အသိအမြင် နဲပါးပြီး ကြီးပြင်းလာခဲ့ရတဲ့ အကြောင်း၊ အခုအချိန်မှာ လွတ်လပ်တဲ့ အခွင့်အရေးတွေ ရရမယ်ဆိုတဲ့ သီချင်းမျိုးတွေ ပါဝင်ကြောင်း ပြောပြပါတယ်။ ဒီသီချင်းခွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဦးဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်ထုတ်ဝေတာ ဖြစ်ပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့လက စတင်ဖြန့်ချိတဲ့ အန်အယ်လ်ဒီရဲ့ ခွပ်ဒေါင်းမော်ကွန်းဆိုတဲ့ သီချင်းခွေကိုလည်း လူကြိုက်များကြတယ်လို့ ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ နာမည်ကျော် ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေလည်း ပါဝင်ဆောင်ရွက် ပေးနေကြရာမှာ ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ရုပ်ရှင်မင်းသား ရဲတိုက်လည်း ကူညီပါဝင်ခဲ့ပါတယ်လို့ သိရပါတယ်။
Phan Foundation ဆု ချီးမြှင့်
ဗြိတိန်နိုင်ငံ အခြေစိုက် Phan Foundation က နှစ်စဉ်ချီးမြှင့်တဲ့ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို အခုနှစ်အတွက် Free Burma Rangers ခေါ် ကရင်ပြည်နယ်အတွင်း ဒုက္ခရောက်နေသူတွေ ဆေးဝါးကုသမှု အကူအညီပေးနေတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်သူ စောထူးထူးအဲကို ချီးမြှင့်လိုက်ပါတယ်။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်ရှာလဖန်းအတွက် အမှတ်တရ အနေနဲ့ အဲဒီဆုနဲ့အတူ အမေရိကန် ဒေါ်လ (၂) ထောင်ကိုလည်း ချီးမြှင့်ပေးပါတယ်။ စောထူးထူးအဲကို ဆုရရှိရေးအတွက် Free Burma Rangers ရဲ့ ညွန်ကြားရေးမှုး David Eubank က အဆိုတင်သွင်း ခဲ့တာ ဖြစ်ပါတယ်။
Mr. Eubank က စောထူးထူးအဲဟာ မြို့နယ် (၄) ခုမှာ ဒုက္ခသည် ကရင်တိုင်းရင်းသားတွေကို ကူညီ ပေးနေတဲ့အဖွဲ့ (၆) ဖွဲ့ကို ဦးစီးတဲ့အပြင်၊ သူကိုယ်တိုင်လည်း အသက်အန္တရာယ် ကြုံတွေ့နေရတဲ့ကြားက ဇွဲမလျော့ဘဲ အကူအညီတွေ ဆက်လက် ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဖန်းဖောင်ဒေးရှင်းရဲ့ ညွန်ကြားရေးမှူုး မဇိုယာဖန်ကလည်း စောထူးထူးအဲဟာ သူ့အသိုင်းအဝိုင်းနဲ့ သူ့လူမျိုး တွေအတွက် အရေးပါတဲ့ သူဖြစ်တယ်၊ သူဟာ အကူအညီ အထောက်ပံ့တွေကို လိုအပ်တဲ့သူတွေဆီ ရောက်အောင် စီစဉ်ပြီး၊ အသက်တွေ ထောင်နဲ့ချီပြီး ကယ်ဆယ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
သံဖြူဇရပ်မီး သိန်း ထောင်ကျော်ဆုံးရှုံး
တနင်္ဂနွေည သန်းခေါင်ကျော်ခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ၌ မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး သိန်းပေါင်း ထောင်ကျော် ဆုံးရှုံးမှု ရှိကြောင်း လောင်ကျွမ်းမှုကြောင့် အထည်ဆိုင်ခန်း ၂၈ ခန်းနှင့် အိမ် ၄ လုံး ဆုံးရှုံခဲ့ပြီး၊ လောင်ကျွမ်းရသည့် အကြောင်းကို မသိရှိသေးကြောင်း
“လူတွေအားလုံး အိပ်နေတဲ့အချိန်မှာ မီးလောင်တယ်။ စက်ချူပ်တဲ့အိမ်က မိန်းကလေးတယောက်က မီးလောင်တာကို စတွေ့တာ” ဟု ရွာသူတဦးက ပြောကြောင်း
၎င်း၏ အဆိုအရ လောင်ကျွမ်းခဲ့သည့် အိမ် ၄ အိမ်အနက် အိမ် ၂ အိမ်မှာ ကာလတန်ဖိုး သိန်း ထောင်ကျော် ရှိပြီး ဆိုင်ခန်းများမှာလည်း တခန်းလျှင် သိန်း ၅၀ အထက်မှ သိန်း ၈၀ ကြား ရှိသည်။ အနင်းရွာသည် သံဖြူဇရပ်မြို့နယ်အဆုံးနှင့် ရေးမြို့နယ်အစပ်တွင် ရှိပြီး သံဖြူဇရပ်မြို့နယ် အံခဲကျေးရွာ၊ ရေးမြို့နယ် လမိုင်းမြို့နှင့် မော့ကနင်ရွာ၊ သောင်ပြင်ရွာမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်မှုကြောင့် တနင်္လာ နံနက် ၂ နာရီကျော်တွင် မီးငြိမ်းသွားခဲ့သည်။ လောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ အိုးအိမ် ပျက်စီးဆုံးရှုံးသွားသူများမှာဆွေမျိုးအိမ်များတွင် တည်းခိုနေရကြောင်း ရွာခံများက ပြောသည်။
“လူတွေအားလုံး အိပ်နေတဲ့အချိန်မှာ မီးလောင်တယ်။ စက်ချူပ်တဲ့အိမ်က မိန်းကလေးတယောက်က မီးလောင်တာကို စတွေ့တာ” ဟု ရွာသူတဦးက ပြောကြောင်း
၎င်း၏ အဆိုအရ လောင်ကျွမ်းခဲ့သည့် အိမ် ၄ အိမ်အနက် အိမ် ၂ အိမ်မှာ ကာလတန်ဖိုး သိန်း ထောင်ကျော် ရှိပြီး ဆိုင်ခန်းများမှာလည်း တခန်းလျှင် သိန်း ၅၀ အထက်မှ သိန်း ၈၀ ကြား ရှိသည်။ အနင်းရွာသည် သံဖြူဇရပ်မြို့နယ်အဆုံးနှင့် ရေးမြို့နယ်အစပ်တွင် ရှိပြီး သံဖြူဇရပ်မြို့နယ် အံခဲကျေးရွာ၊ ရေးမြို့နယ် လမိုင်းမြို့နှင့် မော့ကနင်ရွာ၊ သောင်ပြင်ရွာမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်မှုကြောင့် တနင်္လာ နံနက် ၂ နာရီကျော်တွင် မီးငြိမ်းသွားခဲ့သည်။ လောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ အိုးအိမ် ပျက်စီးဆုံးရှုံးသွားသူများမှာဆွေမျိုးအိမ်များတွင် တည်းခိုနေရကြောင်း ရွာခံများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် လေ့လာ
အင်တာနက် ရန်သူများစာရင်း မြန်မာ ပါဝင်
ကမ္ဘာပေါ်မှာ အင်တာနက်ကနေ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့်မရှိတဲ့ နိုင်ငံတွေရဲ့စာရင်းကို ၂၀၁၂ ခုနှစ်အတွက် အင်တာနက်ရဲ့ ရန်သူများ ဆိုပြီးတော့ ကမ္ဘာ့မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။အာရပ်နွေဦး တော်လှန်ရေးက အင်တာနက်ရဲ့ လွတ်လပ်ခွင့် အသွင်အပြင်ကို ပြောင်းလဲ ပေးလိုက်တယ်လို့ နယ်စည်းမခြား သတင်းထောက်များက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဘာရိန်းနိုင်ငံမှာဆိုရင် ဆန္ဒပြပွဲတွေကို တားဆီးဖို့အတွက် သတင်းကို အမှောင်ချနိုင်အောင်အတွက် ဖိနှိပ်တဲ့ နည်းမျိုးစုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခဲ့ကြတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ပြောပါတယ်။အာရပ်နွေဦး တော်လှန်ရေးကြောင့်ပဲ လစ်ဗျားလို တချို့အစိုးရတွေ ပိုပြီးတော့ ပွင့်လင်းလာကြတယ်လို့ ဆိုပါတယ်။ အာရပ်ကမ္ဘာတလွှား တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးဆက် ပျံ့နှံ့ခဲ့တဲ့ အစိုးရတွေကို ဆန့်ကျင်ဖို့ အာရပ်နွေဦး တော်လှန်ရေးမှာ အောင်မြင်မှုတွေ ရှိတာက တွစ်တာ (twitter) လို လူမှု ကွန်ယက်တွေနဲ့ အင်တာနက်ကြောင့် ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ ဘာရိန်းနိုင်ငံအပြင် ၂၀၁၂ ခုနှစ် အင်တာနက်ရဲ့ရန်သူများဟာ မြန်မာ၊ တရုတ်၊ မြောက်ကိုးရီးယား၊ ဗီယက်နမ်၊ တာမန်နစ္စတန်၊ ဥဇ်ဘက်ကစ္စတန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆီးရီးယားနဲ့ ဘေလာရုနိုင်ငံတို့ ပါဝင်ပါတယ်။
စောင့်ကြည့်ရမယ့် နိုင်ငံများစာရင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တချို့ အင်တာနက် ပေါ်က အကြောင်းအရာတွေကို တည်းဖြတ်တာ၊ အင်တာနက်ပေါ်ကနေ တရားမဝင် ကူးယူမှုတွေ အတွက် အပြစ်ပေးတာတွေ လုပ်ဆောင်တဲ့ နိုင်ငံတွေအတွက် စာရင်းထဲမှာ သွင်းထားတာပါ။ အဲဒီ နိုင်ငံတွေ စာရင်းမှာတော့ သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်၊ အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ ပါဝင်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် တင်သွင်း
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေကို နိုင်ငံပိုင် မသိမ်းပါဘူးဆိုပြီး အကာအကွယ် ပေးထားတဲ့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်သူ့ လွှတ်တော် အမတ်တွေ စပြီး လေ့လာနေကြပါပြီ။ လာမယ့် သတင်းပတ် အတွင်း ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ ဒီ ဥပဒေကို အတည်ပြု နိုင်လိမ့်မယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောဆို ကြပါတယ်။ ရင်းနှီးမြုပ်နှံသူများ ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ရော ဒီဥပဒေ ကြမ်းမှာ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြ ထားပါပြီ။ ဒီဥပဒေကြမ်းမှာ ဆိုရင် နိုင်ငံခြား ရင်းနှီး မြုပ်နှံသူ တွေရဲ့ တာဝန်နဲ့ အကျိုးခံစားခွင့် အဖြစ် ပြဌာန်းတာမှာတော့ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေဟာ ပြည်တွင်းက တည်ဆဲ ဥပဒေတွေကို လိုက်နာ ကြရမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ရောင်းချမယ် ဆိုရင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ရယူ ရမယ်လို့လည်း ဆိုပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို ကာလပေါက်ဈေးနဲ့ ၀ယ်ယူတာက လွဲလို့ နိုင်ငံပိုင် မသိမ်းဘူး ဆိုပြီးလည်း ဥပဒေကြမ်းမှာ ပြဌာန်းထားကြောင်း သိရသည်။
အိမ်အတွက် ပူနေရဆဲလား ရန်ကုန်သူ ရန်ကုန်သား
ရန်ကုန်မြို့ခံတွေ အဓိက ကြုံရတဲ့ နေရေးအခက်အခဲကို အစိုးရက တကယ်ပဲ ဖြေရှင်းလာနိုင်ပြီလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လောက်အောင် ရန်ကုန်မှာ အိမ်ခြံမြေ တန်ဖိုးတွေက အတက်ကိုပဲ ပြသနေပါတယ်။ အုပ်ချုပ်ရေး မြို့တော်ဟောင်း ရန်ကုန်ဟာ တကယ်တမ်း စီးပွားရေးမြို့တော်လို့ သမုတ်ခံလာရချိန်မှာတော့ ရန်ကုန်ရဲ့ စီးပွားရေး လမ်းမကြီးတွေဟာ ရန်ကုန်ရဲ့ တန်ဖိုးအကြီးဆုံး မြေနေရာတွေဖြစ်လာတာ မကြာသေးပါဘူး။
၂ဝဝ၅ ခုနှစ်၊ နေပြည်တော်ကို အစိုးရ ဝန်ကြီးဌာနတွေ ပြောင်းပြီး နောက်မှာတော့ ရန်ကုန်ကို တိတ်ဆိတ်သွား မလားလို့ စောင့်ကြည့်ခဲ့ကြပေမယ့် ရန်ကုန်ရဲ့ အိမ်ခြံမြေလုပ်ငန်း တဟုန်ထိုး တိုးတက်လာပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်နဲ့ နှိုင်းရင် အိမ်ခြံမြေဈေးနှုန်းတွေ နှစ်ဆနီးပါး တက်လာတာက သက်သေပါပဲ။ အထူးသဖြင့် မြို့တော်ရဲ့ စီးပွားရေး အသည်းနှလုံး ဧရိယာလို့ ခေါ်နိုင်မယ့် မြို့တွင်း ၆ မြို့နယ်မှာပါ။ ဒီမြို့တွင်း ၆ မြို့နယ်မှာတော့ လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်တို့ ပါဝင်ပါတယ်။
“လက်ရှိမှာ ကျောက်တံတားမြို့နယ်ထဲက လမ်းမကျယ်ကြီးတွေမှာဆိုရင် မြေခေါ်ဈေးက ၁ စတုရန်းပေကို ၁၂ သိန်းလောက်အထိ ဖြစ်လာပါပြီ။ ဒါဟာ ရန်ကုန်ရဲ့ အမြင့်ဆုံး အနေအထားပါပဲ”လို့ ရန်ကုန်အခြေစိုက် နာမည်ရ အိမ်ခြံမြေ လုပ်ငန်းအကျိုးဆောင်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ရုံးစိုက်ရာ ရန်ကုန်မြို့လယ်မှာ ရုံးခန်းတနေရာစာ ရနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ မြေရော၊ အဆောက်အအုံရော ပါတဲ့ ပေ ၂၅၊ ပေ ၆၀ အဆောက်အအုံ တလုံးရဲ့ တန်ဖိုးဟာ ကျောက်တံတားမြို့နယ်ထဲမှာ ကျပ် သိန်း တသောင်းခွဲကျော်လောက် တန်ဖိုးရှိလာပါတယ်။
လမ်းမတွင်းပိုင်းမှာကျတဲ့ နေရာတွေဆိုရင်လည်း ၁ စတုရန်းပေကို ကျပ် ၁ဝ သိန်းနီးပါး ခေါ်လာကြပါတယ်။ ဒါကတော့ မြေညီထပ် စီးပွားရေး ကောင်းကောင်းလုပ်နိုင်တဲ့ နေရာတွေမှာပါ။
“ရန်ကုန်မြို့တွင်းမှာ စီးပွားရေးအတွက်ပဲ အငှားရှိတာ။ အရောင်းအဝယ်တောင် သိပ်မရှိဘူး။ ဒီ မြေညီထပ်တွေဆိုရင် အငှားက တလကို ဆယ်သိန်းကျော်တယ်” လို့ ကျောက်တံတားမြို့နယ်ထဲမှာ အခန်းငှားရမ်းထားသူတွေက ပြောပါ တယ်။
ဒါက စီးပွားရေး အချက်အချာကျတဲ့ နေရာတွေမှာပါ။ အလုပ်နဲ့ နီးလို့ မြို့ထဲမှာပဲ အခန်းငှားချင်တယ် ဆိုရင် ခုနှစ်လွှာ၊ ရှစ်လွှာ တိုက်ခန်းတွေမှာတောင် အနည်းဆုံး တလကို ကျပ်တသိန်းကျော် ပေးရပါတယ်။ ဒါတောင် ခြောက်လပဲ စာချုပ် ချုပ်နိုင်ပြီး ခြောက်လ ကျော်တာနဲ့ လစာ တိုးတောင်းတတ်ပါတယ်။
“အခုနေတဲ့ အခန်းက ဟောလ်တိုက်။ အခန်းဖွဲ့ထားတာ မဟုတ်ဘူး။ ခုနှစ်လွှာမှာ။ တလကို ရှစ်သောင်းခွဲ ပေးရတယ်။ အခု ခြောက်လ စာချုပ်ပြည့်တော့ အိမ်လခကို တိုးတောင်းနေတယ်။ အနည်းဆုံး ၃ဝ ရာနှုန်းလောက် တိုးတာပဲ”လို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော်မှာနေတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက ဆိုပါတယ်။
ကိုယ့်လုပ်ငန်းနဲ့ နီးတဲ့အတွက် ဝန်ထမ်းအများစုကတော့ ရန်ကုန်မြို့တွင်းမှာပဲ ငှားရမ်း နေထိုင်ချင်ကြတာပါ။ ဒါပေမယ့် ကိုယ်ရတဲ့ လစာနဲ့ မကာမိတဲ့အတွက် ရန်ကုန်ရဲ့ ဆင်ခြေဖုံးကျတဲ့ နေရာတွေမှာသာ ရွေးချယ်နေဖို့ ဖြစ်လာပါတယ်လို့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။
“တလကို နှစ်သိန်း ရတဲ့ ဝန်ထမ်းတောင် တလကို ရှစ်သောင်း၊ ကိုးသောင်းနဲ့ အိမ်ငှား မနေနိုင်ပါဘူး။ ဒီတော့ တလကို ငါးသောင်းလောက်နဲ့ ရနိုင်မယ့် တောင်ဥက္ကလာလောက်၊ သင်္ဃန်းကျွန်းလောက်၊ ပိုဝေးရင် ဒဂုံမြို့သစ်လို ယုဇန ဥယျာဉ်မြို့တော်လို နေရာတွေ ရောက်ရော” လို့ မီဒီယာလုပ်ငန်းတခုမှာ လုပ်ကိုင်နေသူ တဦးက ဆိုပါတယ်။
ရန်ကုန်ရဲ့ လူကုံထံအသိုင်းအဝိုင်း အများစုနေတဲ့ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းလို မြို့နယ်တွေမှာတော့ မြေရဲ့ အကျယ်အဝန်းပေါ်ကို လိုက်ပြီး အိမ်ခြံမြေ အကွက်ဈေးနှုန်းတွေဟာ ကျပ်သိန်းကို သောင်းချီနေတဲ့အပြင် အချို့မြေကွက်ကျယ်တွေဆိုရင် ကျပ်သိန်းကို သိန်းနဲ့ ချီပြီး ပြောဆို ရောင်းဝယ်နေတာတွေတောင် ရှိနေပါတယ်။
“ကျပ်သိန်း ငါးထောင်တန် မြေကွက်ဆိုတာ ပုံမှန်အရောင်းအဝယ် ဖြစ်နေတဲ့နှုန်းကို ပြောတာပါ။ အရောင်းအဝယ်
ကောင်းတယ်ဆိုတာ ကျပ်သိန်း သောင်းဂဏန်းတွေ များများအရောင်းအဝယ် ဖြစ်လာတာကို ဆိုလိုတာပါ”
အခု မတ်လထဲမှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်လာတာကြောင့် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းတွေ ပိုသွက် လာပြီး တန်ဖိုးကြီး ကျပ်သိန်း သောင်းချီတာတွေ ဖြစ်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေက ဆိုပါ တယ်။ဒီတခေါက် ရွေးကောက်ပွဲနီးလာပေမယ့် အိမ်ခြံမြေလုပ်ငန်းတွေ ကောင်းနေတာမို့ အရင်၂၀၁၀ ပြည့်နှစ်နဲ့စာရင် အပြောင်းအလဲတွေ ရှိနေတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း တဘက်မှာ ဒီ နေရေးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းကြီး အချို့က တန်ဖိုးနည်း အိမ်ရာတွေကို အရစ်ကျ စနစ်နဲ့ ရောင်းဖို့၊ ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဖို့ ဆောင်ရွက်ပါတယ်။ဒီ တန်ဖိုးနည်း အိမ်ရာတွေကလည်း တန်ဖိုးနည်းဆိုပေမယ့် ကနဦး ပေးသွင်းငွေ သိန်း သုံးလေးဆယ်လောက်နဲ့ တလကို အနည်းဆုံး သုံးလေးသိန်းလောက် သွင်းရတဲ့အခါ လူအများစုနဲ့ အံဝင်ခွင်ကျ ဖြစ်မလာပါဘူး။
“အဲဒီ အရစ်ကျနဲ့တောင် လူတိုင်း ဝယ်လို့ မရနိုင်ဘူး။ ပိုက်ဆံရှိတဲ့ ကုမ္ပဏီတွေက သိမ်းကျုံး ဝယ်လိုက်တာမျိုးတွေ ရှိလို့ ကိုယ်ဝယ်မရတာမျိုးလည်း ကြုံရတယ်”လို့ တော်ဝင်မိသားစု ဆောက်လုပ်ရေးက တန်ဖိုးနည်း တိုက်ခန်းတွေကို ဝယ်ဖို့ စုံစမ်းခဲ့သူ တဦးကလည်း ဆိုပါတယ်။
အခြားတဘက်က ကြည့်မယ်ဆိုရင်လည်း ရန်ကုန်မှာ ရှိတဲ့ လူဦးရေ ခြောက်သန်းကျော်နဲ့ လက်ရှိ အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်း တိုက်ခန်းအရေအတွက်တွေက မျှတမှု မရှိသေးပါဘူး။
“အလယ်အလတ်တန်းစားတွေအတွက် ရည်ရွယ်တယ်ဆိုတဲ့ အရစ်ကျရောင်းတဲ့ တိုက်ခန်း ဆိုတာတောင် တခန်းကို ကျပ်သိန်းလေးရာနဲ့ ငါးရာကြား ရှိတယ်။ ရတဲ့ လစာနဲ့ အရစ်ကျ သုံးလေးနှစ် ခွဲရောင်းတောင် မဝယ်နိုင်ဘူး” လို့ အားကစားဝန်ကြီး ဌာနက ပင်စင်ယူခါနီး ဝန်ထမ်းတဦးက ဆိုပါတယ်။
ရန်ကုန်မြို့ခံ အချို့ကတော့ ဘဏ်လုပ်ငန်းတွေ ကောင်းမွန်မှု မရှိတာရယ်၊ သင့်တင့်မျှတမှု မရှိတဲ့ လစာငွေတွေရယ်ကြောင့်လို့တော့ ပြောဆိုကြပါတယ်။
လက်ရှိ အစိုးရသစ် လက်ထက်မှာလည်း လွှတ်တော်ထဲမှာ လူတွေရဲ့ အဓိက နေရေးအတွက် ဖြေရှင်းပေးနိုင်မယ့် အဆိုတွေ ဒီထက် ပိုသွင်းလာနိုင်ဖို့လည်း အချို့က မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း လတ်တလော အနေအထားမှာတော့ အိမ်တအိမ်၊ အခန်းတခန်း ပိုင်ဆိုင်ဖို့ဆိုတာ သာမန် လူတန်းစားတွေ အတွက် မျှော်လင့်ချက် ကြီးကြီးထားလို့ မရနိုင်သေးဘူးလို့ပဲ မှတ်ယူထားပါတယ်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment