မြန်မာသတင်းများ မတ် ၀၉ ရက်၊ ၂၀၁၂
အစိုးရနှင့် KIO ရွှေလီ ၌ ထပ်မံဆွေးနွေး
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့၌ ယနေ့တွေ့ ဆုံ၍ နိုင်ငံရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးကြောင်းKIO ဘက်မှတင်ပြဆွေးနွေးသော အချက်များ၌ ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာတွင် တိုက်ပွဲဖြစ်ပွားမှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ရေး ပဋိပက္ခနှင့် နိုင်ငံရေး ဆိုင်ရာများကို မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးမည်ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောကြောင်း
ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ခေါင်းဆောင် များသည် စစ်ရေးပဋိပက္ခများ ထိန်းသိမ်းလျှော့ချပြီး ယုံကြည်မှုတည်ဆောက်၍ ပြေလည်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း ယခုဆွေးနွေးပွဲသည် အပစ်အခတ်ရပ်စဲရေး အပါအ၀င် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုအဆင့် တ ခု ရောက် ရှိစေမည် ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၀ ရက်အထိဆွေးနွေးမည်ဟု ဦးအောင်သောင်း က ပြောဆိုကြောင်း အစိုးရတို့သည် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်နေသော်လည်း တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားကြောင်း၊ ထိုသို့ ဖြစ် ပွားနေ ရခြင်းသည် နိုင်ငံရေးအရ ပြေလည်မှုမရှိခြင်းကြောင့်စြဖ်၍ နိုင်ငံရေးအရ ဆွေးနွေးမှုကို ဦးစားပေးပြောနေရခြင်း ဖြစ်ကြောင်း KIA က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၂၉ ရက်နှင့်၂၀၁၂ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတို့တွင်လည်း တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြသေးကြောင်းKIOသည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။ KIA နှင့်အစိုးရတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ၁၇ နှစ်ကြာမြင့်ခဲ့သည်။ ပြီးခဲ့သည့် နှစ် ဇွန်လမှ စတင် ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ရကြောင်း သိရသည်။
မန်းငြိမ်းမောင်ကို အမြင့်ဆုံးပြစ်ဒဏ်နှင့် စီရင်ချက်ချရန် ဆုံးဖြတ်
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် လာမည့်အင်္ဂါနေ့တွင်စီရင်ချက်ချရန် အင်းစိန်ထောင် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သေဒဏ် (သို့) တသက်တကျွန်း အပြစ်ပေးနိုင်သော နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးနိုင်သော မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် အင်းစိန် အထူးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်၏ရှေ့နေ ဦးကြီးမြင့် က ပြောပြကြောင်း
“အင်္ဂါနေ့ကို အပြီးသတ် အမိန့်ချမှတ်မယ်။ ဒီနေ့လျှောက်လဲချက် ပေးရတယ်”ဟု ဦးကြီးမြင့် ကပြောကြောင်း
ယနေ့ နှစ်ဘက်လျှောက်လဲချက်ပေးရာတွင် တရားလိုဖြစ်သူ အစိုးရဘက်က အမိန့်ချမှတ်နိုင်ရန် ဆွဲဆိုချက်နှင့် ပတ်သက်၍ အင်တာနက်တွင်တွေ့ရှိရသော ပဒိုမန်း ငြိမ်းမောင်၏ ရာထူးတာဝန်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကာယကံရှင်ကိုယ်တိုင် ထွက် ဆိုချက်များကို ကိုးကားတင်ပြသွားသည်ဟု ဆိုသည်။“ပဒိုမန်းငြိမ်းမောင်ကို စစ်တဲ့အခါ၊ အပြန်အလှန်မေးတဲ့အခါကြတော့ သူဟာ KNU ဗဟိုကော်မတီဝင် ဆိုတာမှန်တယ်။ သူဟာ သူ့လူမျိုးတွေအတွက် ခုခံစစ်ပွဲတိုက်ရတယ်။ အဲဒီလိုမှ မတိုက်ဘူးဆိုရင် ကရင်လူမျိုးတွေပြုတ်လိမ့်မယ်။ လူ့အခွင့် အရေးတွေချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ခုခံတိုက်ပွဲဆင်နွှဲနေရတယ်ဆိုပြီး အဲဒီအကြောင်းတွေ ထွက်ဆို တယ်ခင်ဗျ”ဟု ဦးကြီးမြင့် ကပြောကြောင်း
အစိုးရဘက်မှ စွပ်စွဲချမှတ်သော ဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး မူလက သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုမိန့်ဖြင့် ချမှတ်ရမည် ဖြစ် သော်လည်း သမ္မတ အမိန့်စာ တွဲလျက်မပါရှိဘဲ ပြည်ထဲရေးဝန်ကြီး တဦးတည်း၏ လက်မှတ်ထိုးထားမှုဖြင့် တရားစွဲဆိုခြင်း ဖြစ် သကဲ့သို့ KNU ကိုပစ်မှတ်ထားစွဲဆိုခြင်းမှာလည်း တရားမျှတမှု မရှိကြောင်း “KNU ကနေခွဲထွက်သွားတဲ့အဖွဲ့တွေ ၄-၅ ဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့တွေကြတော့ ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး လက်နက်တွေကိုင် ထားတယ်။ သူတို့လည်းပဲ တော်လှန်ရေး လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေပဲ သူတို့ကြတော့ အပြစ်မပေးဘူး။ ဘာမှမလုပ်ဘူး။ အစိုးရနဲ့ လက်တွဲနေတယ်။ အဲဒါကြောင့်မို့ KNU တခုတည်းကို ဒီလို အပြစ်ပေးမယ် ဆိုရင်တော့ ဒါ တရားမျှတမှု မရှိဘူး။ အဲဒီလို လျှောက် လဲချက်ပေးခဲ့ပါတယ်”ဟု သူက ဆိုကြောင်း
အသက် ၇၀ ရှိပြီဖြစ်သော ပဒိုမန်းငြိမ်းမောင်ကို ချမှတ်သော ဥပဒေ ပုဒ်မများသည် မြန်မာနိုင်ငံကို အင်္ဂလိပ် စိုးမိုးခဲ့သည့် ကိုလိုနီ ခေတ်က ပြဌာန်းခဲ့သည့် ဥပဒေများ ဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်တွင်း ရှိနေစဉ် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရန်အတွက် မီးရထားဝန်ကြီး ဦးအောင်မင်း က လူလွှတ်စေခိုင်းကာ အကြံဉာဏ်တောင်းယူခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေး မည်ဟု ပြောဆိုခဲ့ပြီး နှစ်ဘက်သဘောတူ လက်မှတ်ထိုးနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် စိတ်ထိခိုက်မှုဖြစ်နေ ကြောင်း
“အရင်က သူ့ကို ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရက ကူညီပါ။ သူ့ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် လွှတ်ပေးမယ် ဆိုပြီး တရားမစွဲဘူးပြောပြီးတော့ ကတိဖျက်ပြီး အခုလိုလုပ်လိုက်တဲ့အပေါ်မှာ။ အစိုးရဘက်က သူ့ကိုလိမ် လိုက်ပြီ၊ အလိမ်ခံရပြီဆိုပြီး စိတ်မကောင်းဖြစ်နေတာ။ လူလည်း ပိန်သွားတယ်”ဟု ၎င်းက ပြောဆိုကြောင်း
ပဒိုမန်းငြိမ်းမောင်အား ယနေ့တွေ့ဆုံရာတွင် စိတ်ပုံမှန် မတွေ့ရှိရဘဲ သံသယဝင်စရာ ဆန္ဒစောနေခြင်းကို တွေ့မြင်ရပြီး“အမှုအမြန် ဆုံးပြီးဖို့ ပြစ်ဒဏ်ချရင်လည်းမြန်မြန်ချအောင် ကျုပ်အကုန်ဝန်ခံတယ်”ဟု ပြောဆိုခဲ့ကြောင်း ယခုလ အစောပိုင်းက KNU နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ တွေ့ဆုံရာတွင် KNU က ၎င်းတို့နှင့် ဆက်နွယ် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရန် တောင်း ဆို ခဲ့ကြောင်း
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရကြောင်း
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း
လွတ်မြောက်ရန်၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့ကြောင်း
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင်လည်း ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားကြောင်းပဒိုမန်းငြိမ်းမောင်အနေဖြင့် နောက်တကြိမ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်သာ မျှော်လင့်နိုင်ကြောင်းသိရသည်။
အစိုးရနှင့် KNPP အပစ်ရပ် လက်မှတ်ထိုး
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င်အချက် ၃ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် ဦးဆောင်သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့တို့ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးစခန်းများ ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်၊ နေ့ရက်၊ နေရာတို့ ညှိနှိုင်းရန် သဘောတူညီခဲ့ကြကြောင်း
“နှစ်ဖက် အပစ်အခတ် ရပ်စဲမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့တော့ သမ္မတဆီ တင်ပြပေးမယ် ပြောတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ခူးဒယ်နီယယ်က ပြောကြောင်း
လေ့လာစောင့်ကြည့်သူ နိုင်ငံတကာအဖွဲ့အစည်းများ ပထမဦးဆုံး တက်ရောက်ခွင့်ရခဲ့သည့် KNPP နှင့် အစိုးရတို့၏ ဆွေးနွေးပွဲတွင် တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန်၊ KNPP အား မတရားသင်း ကြေညာခြင်းမှ ဖျက်သိမ်းပေးရန်နှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၆ လအတွင်း နိုင်ငံရေးဆွေးနွေးမှုစတင်ရန်အပါအ၀င်အချက်၂၀ကိုKNPPဖက်မှတောင်းဆိုခဲ့ကြောင်းအစိုးရကိုယ်စားလှယ်အဖွဲ့က အချက်တချို့ကို မူအားဖြင့် သဘောတူညီခဲ့သော်လည်း ကရင်နီ ပြည်နယ်အတွင်း စစ်ဆင်ရေးများအားလုံး ရပ်ဆိုင်းရန်၊ အစိုးရတပ်များ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်၊ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်တန်းကျောင်းများ တည်ဆောက်နေမှု ရပ်တန့်ထားရန် စသည့်အချက်များကို သမ္မတဦးသိန်းစိန်ထံ ပြန်လည် တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း
“အချက် ၂၀ ထဲမှာ ကျနော်တို့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တာ ၉ ချက်လောက်ပဲ ပါမယ်။ အဲဒီထဲက ၄ ချက်က သူတို့ ဆုံးဖြတ်ချက် ချလို့ မရသေးဘူး။ သူတို့ သဘောမတူတဲ့အချက်တွေက ကျနော်တို့အတွက် အဓိကကျတဲ့ အချက်တွေပါပဲ” ဟု KNPP ဗဟိုကော်မတီဝင်လည်းဖြစ်သူ ခူးဒယ်နီယယ်က ပြောကြောင်း
ထိုအချက်များအားလုံးကို ထပ်မံပြုလုပ်မည့် ပြည်ထောင်စုအဆင့် အစည်းအဝေးတွင် ဆွေးနွေးသွားရန် နှစ်ဖက် ကိုယ်စားလှယ်များသဘောတူညီခဲ့ကြသော်လည်းအစည်းအဝေးကျင်းပမည့်ရက်ကိုမူမသတ်မှတ်ရသေးကြောင်း “ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေကို တင်ပြပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တိတိကျကျနဲ့ သဘောတူညီချက်တွေ မရသေးတဲ့အတွက် သိပ်တော့ အားမရဘူး” ဟု KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောကြောင်းသို့သော် တခြားအဖွဲ့များ မရရှိခဲ့သည့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင် ဆွေးနွေးခွင့် ရခဲ့သည့်အတွက် အားရမိကြောင်း
ယမန်နေ့ ဆွေးနွေးပွဲသို့ လေ့လာစောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်တန် ဖက်ဒ်၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖစ်ရှန်နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် မစ္စတာ အန်ဒရူး ၀က်ဘ်စတာတို့ တက်ရောက်ခဲ့ကြကြောင်း အစိုးရနှင့် KNPP တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ လေ့လာနားထောင်ခွင့်ပေးရန် တောင်းဆိုခဲ့သည့်အတွက် ၎င်းတို့ ၃ ဦးကို တက်ရောက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ပြောဆိုကြောင်းယမန်နေ့က ဆွေးနွေးပွဲသို့ ရောက်ရှိလာသည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်လင်းအောင် စုစုပေါင်း ၀န်ကြီး ၆ ဦးအထိ ပါဝင်ကြောင်း
“၀န်ကြီး ၆ ယောက်စလုံးက အချက်အလက်တွေ အပေါ်မှာ အားလုံးတာဝန်ယူတယ်။ သူတို့ဘက်က မှားတယ်ဆိုရင်လည်း ဥပဒေအကြောင်းအရ တရားစွဲဖို့အထိ ပြောပါတယ်” ဟု ခူဒယ်နီယယ်က ပြောကြောင်း KNPP နှင့် အစိုးရတို့သည် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတို့တွင် ထိုင်းနိုင်ငံ၌ ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြကြောင်း
KNPP သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ၃ လ အကြာ ဇွန်လ ၂၉ ရက်နေ့တွင် ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ မသမာမှု ရှိမှာ ဒေါ်အောင်ဆန်းစုကြည်စိုးရိမ်
မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ဆိုရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ခိုင်ခိုင်မာမာရှိဖို့၊ အထူးသဖြင့် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကျင်းပမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မှန်မှန် ကန်ကန် ဆောင်ရွက်ရလိမ့်မယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ကြောင်းမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာနေတဲ့ အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့အတွက် ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ကြောင်း
တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့်ကဧပြီလ၁ရက်နေ့ကျင်းပမယ့်ကြားဖြတ် ရွေးကောက်ပွဲဟာ နိုင်ငံတကာက မျှော်လင့်သလို ဖြစ်-မဖြစ် စောင့်ကြည့်ပြီး တော့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးကိစ္စ စဉ်းစားမယ်လို့ ပြောဆိုခဲ့ကြောင်း--
“နောက်ထပ် ဖွံ့ဖြိုးရေး အကူအညီတွေ ကျနော်တို့ ပေးချင်ပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်းပေးချင် ပါတယ်။ ဒါပေမဲ့လည်း မဲပေးချိန်မှာ ဘယ်လိုဆောင်ရွက်သလဲ ဆိုတာကို တွေ့ရတဲ့ အချိန်မှပဲ ဒါဟာဖြစ်နိုင်ပါလိမ့်မယ်။”ကနေဒါနိုင်ငံဟာ တခြား အနောက်နိုင်ငံတွေလိုပဲ စစ်အစိုးရအုပ်ချုပ်စဉ်ကာလ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့အထဲ ပါဝင်တဲ့ နိုင်ငံဖြစ်ကြောင်းမြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူး ဆိုပြီး ၁၉၈၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ မရောင်းဖို့နဲ့ အကူအညီပေးအပ်တာတွေ မလုပ်ဖို့ ကနေဒါနိုင်ငံက တားမြစ်ထားကြောင်း၂ဝဝ၇ ခုနှစ် သံဃာတော်တွေကို နှိမ်နင်းမှုတွေ နောက်ပိုင်းမှာလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေကို တိုးမြှင့်ချထားခဲ့တာ ဖြစ်ကြောင်းတချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲအတွက် အာဏာပိုင်တွေ ဆောင်ရွက်ရာမှာ မမှန်မကန် လုပ်ရပ်တွေ တွေ့နေရတဲ့အကြောင်း--
“ မဲဆန္ဒရှင် စာရင်းတွေမှာ မမှန်ကန်တဲ့ ကိစ္စတွေ တော်တော်များများ ရှိနေတာကို ကျမတို့ တွေ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဒါနဲ့ ပတ်သက်လို့ တခုခုလုပ်ဖို့ အတွက်လည်း ကျမတို့ အကြောင်းကြားထားပါတယ်။ ဒါကြောင့်လည်း ကျမတို့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် ခြေလှမ်းတွေလှမ်းဖို့အတွက် စဉ်းစားဆုံးဖြတ်တာ တွေ မလုပ်ခင်မှာ ရွေးကောက်ပွဲမှာ ဖြစ်လာမယ့် အခြေအနေတွေနဲ့ လွတ်လပ်မျှတမှုရှိအောင် သေချာနီးနီးကပ်ကပ် စောင့်ကြည့်စေချင်ပါတယ်။”ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird နဲ့ မနေ့က တွေ့ဆုံအပြီးမှာ ခုလို ပြောလိုက်တာ ဖြစ်ကြောင်းနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ မသမာမှုဆိုတာနဲ့ ပတ်သက်ပြီးပြောဆိုရာမှာ မဲဆန္ဒရှင် စာရင်းထဲမှာ ကွယ်လွန်ပြီးသားသူတွေရဲ့ နာမည်တွေပါ ပါနေတဲ့ကိစ္စကို ဥပမာပေးပြီးပြောဆိုခဲ့တာလည်း ရှိကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ဟောပြောဖို့အတွက် ဘောလုံးကွင်း၊ အားကစားကွင်းတွေကို အသုံးပြုခွင့်မပေးဘဲ အစိုးရက တားမြစ်တဲ့ ကိစ္စတွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုနေတာ ရှိကြောင်း
မနေ့က သတင်းစာ ရှင်းလင်းပွဲမှာပဲ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ၊ ပွင့်လင်း မြင်သာမှု ရှိမရှိ ဆိုတာကို ကမ္ဘာက စောင့်ကြည့်နေမှာဖြစ်ပြီး တကယ်လို့သာ ဒီအခြေအနေ တွေနဲ့ မပြည့်စုံခဲ့ဘူးဆိုရင် ကနေဒါ နိုင်ငံအနေနဲ့လည်း ဒီအနေအထားကို ဆက်ပြီး စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးခံစားခွင့်ရမယ့် အကူအညီပေးမျိုးတွေကိုတော့ ပေးအပ်ဖို့ တောင်းဆိုခဲ့ကြောင်း
မြန်မာနိုင်ငံမှာ လာမယ့်လထဲ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာက စိတ်ဝင်စား နေချိန်မှာ အာဆီယံအဖွဲ့ကြီးကလည်း လေ့လာစောင့်ကြည့်တဲ့အဖွဲ့တဖွဲ့ လာရောက်ချင်ကြောင်း မြန်မာအစိုးရကို ကမ်းလှမ်းထားပြီး မြန်မာအစိုးရက စဉ်းစားမယ်လို့ အကြောင်းပြန်ထားခဲ့ပေမဲ့ ခုထိတော့ တစုံတရာ တရားဝင် ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးကြောင်းဒီသတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာဒ့် ဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု တရားဝင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါ်စု ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ဆုချီးမြင့်
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် (John Baird) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး - ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ အပါအ၀င် ဖွံ့ဖြိုးမှု အကူအညီပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပေးအပ်ခဲ့ကြောင်း
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာနေတွေ အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့အတွက် ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် ဟာ - ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ တွေ့ဆုံခဲ့ကြောင်း ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီးနောက် - ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် က ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဟာ နိုင်ငံတကာက မျှော်လင့်သလို ဖြစ်-မဖြစ် စောင့်ကြည့်ပြီးတော့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးကိစ္စ စဉ်းစားမယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက အခုလို ပြောပြကြောင်း
“အဓိကကတော့ ထုံးစံအတိုင်းပါပဲ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ မျှတမှု - အများလက်ခံနိုင်မှု ရှိ-မရှိ ဆိုတာကို ကြည့်ပြီးတော့မှပဲ သူကို ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုေ တွအားလုံးကို သူတို့ ပြန်ပြီး ရုတ်သိမ်း သွားမှာပေါ့နော်။ ဒါပေမဲ့ လုပ်သွားမယ် အဓိကပိုင်းတွေက လူမှုရေး အကူအညီတွေဖြစ်ဖို့များတယ်။ အဲ့ဒီအကြောင်းကို သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တွေကို ပြော သွားတယ်ခင်ဗျ။”မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးခံစား ခွင့်ရမယ့် အကူအညီပေးမျိုးတွေ ကို ပေးအပ်ဖို့ တောင်းဆိုခဲ့တယ်လို့ အဲ့ဒီသတင်းထောက်က ဆက်ပြောပြ ပါကြောင်း
“အဓိကကတော့ ပြည်သူတွေကို အကျိုးတိုက်ရိုက်သက်ရောက်မယ့်ဟာပေါ့ - ဥပမာဗျာ - သူဆိုလိုချင်တာကို ကျနော်တို့ ထင်တာကတော့ ကြားခံနဲ့မဟုတ်ဘဲနဲ့ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်မယ့် အလှူမျိုးပဲလို့ ပြောရမှာပေါ့ အဲ့လို အပိုင်းတွေမှာ အန်ဂျီအိုနဲ့ပဲဖြစ်ဖြစ် အိုင်အန်ဂျီအို နဲ့ပဲဖြစ်ဖြစ် တွဲပြီး လုပ်သွားဖို့ပေါ့”အဲ့ဒီနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာဒ့် ဟာ သတင်းထောက်တွေရှေ့မှာပဲ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု တရားဝင် ပေးအပ်ခဲ့ပါကြောင်းမစ္စတာဘာ့ဒ် ဟာ ဒေါ် အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် - နေပြည်တော်မှာ အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့သလို - သမ္မတ အိမ်တော်မှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြောင်း
အဲ့ဒီလို တွေ့ဆုံ ခဲ့ပြီးမှာ ရန်ကုန်ကို ထွက်ခွာလာပြီး - ညနေပိုင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ တာဖြစ်ကြောင်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ၁၉၈၈ ခုနှစ် ကတည်း က မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ မရောင်းဖို့နဲ့ အကူအညီပေးအပ်တာတွေ မလုပ်ဖို့ ကနေဒါနိုင်ငံက တားမြစ် ထားတာပါ။ ၂၀၀၇ ခုနှစ် သံဃာတော်တွေရဲ့ နှိမ်နင်းမှုတွေ နောက်ပိုင်းမှာလည်း စီးပွားရေးပိတ်ဆို့ ဒဏ်ခတ် မှုတွေကို တိုးမြှင့်ချထားခဲ့တာ ဖြစ်ကြောင်း
ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ လုပ် ဆောင်လာရာက အပြန်အလှန် သံအမတ်ကြီးတွေ ခန့်ထားတာလို ဆက်ဆံရေးတွေမှာ တိုးမြှင့်လာခဲ့ကြောင်းတချိန်တည်းမှာပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားရေး အတွက်ကို တော့ နိုင်ငံရေးအရ တိုးတက်မှု တွေဟာ ခိုင်ခိုင်မာမာ ဖြစ်-မဖြစ် စောင့်ကြည့်လိုတဲ့ ဆန္ဒရှိကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ကနေဒါပြော
မြန်မာအစိုးရက ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာကိုကြည့်ပြီး ကနေဒါနိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းသင့်မသင့် စဉ်းစားသွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘဲ့ဒ် (John Baird) က ပြောကြားလိုက်ကြောင်းသိရသည်။
ပြည်သူများက မှန်ကန်စွာဆုံးဖြတ်ချက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည် တော်ရှိ လစ်လပ်နေသော ပြည်သူ့လွှတ် တော်မဲဆန္ဒ နယ်များတွင် လာရောက် မဲဆွယ်ဟောပြောရာတွင် ပြည်သူများ အနေဖြင့် လာမည့်ကြားဖြတ်ရွေး ကောက်ပွဲတွင် မှန်ကန်စွာ ဆုံးဖြတ်ပေး မည်ကို ယုံကြည်သည်ဟု ယခုလ ၅ ရက် နှင့် ၆ ရက်က နေပြည်တော်သို့လာ ရောက်စဉ် ပြောကြားကြောင်း သိရသည်။
အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားမယ်
မြန်မာပြည် ကြားဖြတ် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell ဟာ ဒီလလယ်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြောင်း သိရသည်။
ဒဲရစ် မစ်ချယ်လ် မြန်မာနိုင်ငံ လာဦးမည်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်လ်သည် လာမည့် တနင်္ဂနွေနေ့၌ မြန်မာနိုင်ငံသို့ ထပ်မံ သွားရောက်ရန် ရှိကြောင်း သိရသည်။ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စ အပါအ၀င် မြန်မာပြည်အပြောင်းအလဲ ဆိုင်ရာများနှင့် ပတ်သက်ပြီး သွားရောက်ခြင်း ဖြစ်သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။ ဒဲရစ် မစ်ချယ်သည် မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှစတင်၍ တာဝန်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၅ ကြိမ် ခန့် သွားရောက်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ပါတီများ ရေဒီယိုနှင့် ရုပ်သံ ဟောပြောမှု စတင်
ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ၏ မူဝါဒ၊ သဘောထား လုပ်ငန်းစဉ်ဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင် သံကြားမှ ဟောပြောတင်ပြမှု အစီအစဉ်ကို ယမန်နေ့က စတင်ပြီ ဖြစ်ကြောင်း
ဟောပြောတင်ပြသည့် ပါတီ များမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)နှင့် လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးဆိုင်ရာ ဂုဏ်ပြုဆု ချီးမြှင့်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှ Berkeley Rotary Club အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေးဆိုင်ရာ ဂုဏ်ပြုဆု ယမန်နေ့က ချီးမြှင့်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်သည့်နည်းဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက်သည့်အပြင် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်သောကြောင့် ယင်းသို့ ဂုဏ်ပြု ဆုပေးခြင်းဖြစ်သည်ဟု Berkeley Rotary Club က ထုတ်ပြန်ထားကြောင်း သိရသည်။
ချင်းကျောင်းသားသမဂ္ဂ ဖွဲ့စည်း
စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကလေးတက္ကသိုလ်တို့မှ ပညာသင်ကြားနေကြသည့် ချင်းကျောင်းသား ၃၀ ကျော်တို့ တွေ့ဆုံဆွေးနွေးပြီး ချင်းကျောင်းသားသမဂ္ဂကို မတ်လ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ချင်းကျောင်းသားသမဂ္ဂအနေဖြင့် ကလေးမြို့ တက္ကသိုလ်အသီးသီးရှိ ကျောင်းသားများအရေးနှင့် ကျောင်းသားအခွင့်အရေးအတွက် လှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ အကြမ်းမဖက် ကျောင်းသား လှုပ်ရှားမှုဖြင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသူဟောင်း အမျိုးသမီးရဲစွမ်းသတ္တိဆု ရရှိ
ဒီမိုကရေစီအရေး ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ရာဒေသများတွင် ကူညီရေးလုပ်ငန်းများဆောင်ရွက်မှုတို့ကြောင့် နိုင်ငံရေးအကျဉ်း သူဟောင်း မဇင်မာအောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ၂၀၁၂ နိုင်ငံတကာ အမျိုးသမီးများ ရဲစွမ်းသတ္တိဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ မဇင်မာအောင်အပါအဝင် တခြား ဆုရှင်အမျိုးသမီးများကို ယနေ့တွင် ဝါရှင်တန်ဒီစီ၌ ဆုချီးမြှင့်မည်ဖြစ်ပြီး အမေရိကန်သမ္မတကတော် မစ်ရှဲ အိုဘားမား၊ အမျိုးသမီးနိုဗဲလ်ဆုရှင်များလည်း တက်ရောက်မည်ဟု သိရသည်။ မဇင်မာအောင်သည် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရကြောင်း သိရသည်။
အရှင် ဂမ္ဘီရကို ခေါ်ယူစစ်ဆေး
ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင် သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အာဏာပိုင်များ၏ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး ခံခဲ့ရပြီး ယမန်နေ့ည ၉ နာရီခန့်က ပြန်လည်လွတ်မြောက်လာသည်။ အရှင် ဂမ္ဘီရနှင့် သံဃာတပါးတို့သည် လွန်ခဲ့သည့် ရက်သတ္တပတ်က ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စစ်ဘေးကြောင့် မငြိမ်း ချမ်းသည့် အပြစ်မဲ့ ပြည်သူများကို စာနာသည့်အတွက် သွားရောက်လှူဒါန်းခြင်းဖြစ် ကြောင်း မတ်လ ၆ ရက်နေ့ည ၁၀ နာရီကျော်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့သစ်ရှိ မောင်နှမတော်သူ မခင်သူဌေးနေအိမ်၌ သတင်းသုံး နေစဉ် အရှင်ဂမ္ဘီရနှင့် ညီဖြစ်သူ ကိုလွင်မောင်မောင်၊ ကိုထွန်းထွန်းဦး တို့ကို အထူးရဲ အရာရှိတဦးနှင့်အဖွဲ့က လာရောက်ခေါ် ဆောင်သွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲ အထူး သတင်းတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်အထိ စစ်မေးခဲ့ကြောင်းလည်း သိရသည်။
ဒေါ်စု မော်လမြိုင်ဟောပြောပွဲ နေရာပြောင်းရ
ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် စည်းရုံးရေး ခရီးစဉ်အတွင်း မဲဆွယ် ဟောပြောခွင့် ရရန် တင်ပြထားသည့်နေရာကို မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြုသဖြင့် နေရာပြောင်းရွှေ့ လိုက်ရကြောင်း မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ စည်ပင်ပိုင် သံလွင်ဥယျာဉ်ကို မတ်လ ၁၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ အသုံးပြုခွင့်ရရန် လျှောက်ထားခဲ့သော်လည်း စည်ပင်က အသုံးပြုခွင့် မပေးသဖြင့် ကော်မရှင် အဖွဲ့ခွဲရုံးက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် NLD ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်က ပြောကြောင်း
“ဟောပြောပွဲမှာ လူများရင် ဥယျာဉ်ပျက်မယ်လို့ စည်ပင်က အကြောင်းပြတယ်။ ဥယျာဉ်စီမံကိန်း စတော့မယ် ဆိုပြီး ကျနော်တို့ တောင်းဆိုတာကို ငြင်းလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။
သံလွင်ဥယျာဉ်ကို အသုံးပြုခွင့်ရရန် သက်ဆိုင်ရာ ကော်မတီသို့ နှစ်ကြိမ်တိုင် တင်ပြခဲ့သော်လည်း ပယ်ချခံရသဖြင့်မော်လမြိုင်မြို့နှင့် ၆ မိုင်အကွာ ကျိုက်မရောမြို့နယ်အသွား မော်တော်ကား လမ်းဘေးရှိ ကျွဲခြံကုန်းကျေးရွာဘောလုံးကွင်းကို ထပ်မံတင်ပြခဲ့ရာ ဗုဒ္ဓဟူးနေ့က ခွင့်ပြုချက် ရရှိခဲ့သည်ဟုသူကပြောကြောင်း
ခွင့်ပြုချက် ရရှိသည့်ကွင်းမှာ သံလွင်ဥယျာဉ်ထက် ကျဉ်းပြီး မြို့နှင့် အလှမ်းဝေးသည့်အတွက် သွားလာရေး အခက်အခဲ ရှိနိုင်ကြောင်း ၎င်း၏ ခန့်မှန်းချက်အရ သံလွင်ဥယျာဉ်တွင် လူသုံးသိန်းကျော် ဝင်ဆံ့မည် ဖြစ်ပြီး ကျွဲခြံကုန်းရွာ ဘောလုံးကွင်းသည် လူတသိန်းခန့်သာ ဝင်ဆံ့မည် ဖြစ်ကြောင်း
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို စနေနေ့ နံနက်တွင် မော်တော်ကားဖြင့် ရန်ကုန်မှ စတင်မည်ဖြစ်ပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များသို့ ဝင်ရောက်ကာ မွန်းလွဲပိုင်းတွင်မော်လမြိုင်သို့ ရောက်ရှိမည် ဖြစ်ကြောင်းစနေညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်မည်ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) ကိုလည်း ဖိတ်ကြားထားကြောင်း မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွားသည့် ကြံ့ခိုင်ရေးပါတီမှ ဦးအေးမြင့် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာ ဖြစ်ကြောင်း ထိုနေရာတွင် NLD မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်သန်းဦးနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ မဲအောင်နိုင်ရေးနှင့် စည်းရုံးရေး ခရီးစဉ်များအတွင်း လှည်းကူး၊ မန္တလေး၊ တံတားဦး၊ မိတ္ထီလာနှင့် နေပြည်တော် စသည်တို့တွင် ဟောပြောပွဲ ပြုလုပ်ရန် နေရာအခက်အခဲနှင့် ကြုံခဲ့ရပြီး အချို့မြို့များတွင် လယ်ကွင်းပြင်များနှင့် သဲသောင်ပြင်များတွင် ဟောပြောခဲ့ရကြောင်း သိရသည်။
“ဟောပြောပွဲမှာ လူများရင် ဥယျာဉ်ပျက်မယ်လို့ စည်ပင်က အကြောင်းပြတယ်။ ဥယျာဉ်စီမံကိန်း စတော့မယ် ဆိုပြီး ကျနော်တို့ တောင်းဆိုတာကို ငြင်းလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။
သံလွင်ဥယျာဉ်ကို အသုံးပြုခွင့်ရရန် သက်ဆိုင်ရာ ကော်မတီသို့ နှစ်ကြိမ်တိုင် တင်ပြခဲ့သော်လည်း ပယ်ချခံရသဖြင့်မော်လမြိုင်မြို့နှင့် ၆ မိုင်အကွာ ကျိုက်မရောမြို့နယ်အသွား မော်တော်ကား လမ်းဘေးရှိ ကျွဲခြံကုန်းကျေးရွာဘောလုံးကွင်းကို ထပ်မံတင်ပြခဲ့ရာ ဗုဒ္ဓဟူးနေ့က ခွင့်ပြုချက် ရရှိခဲ့သည်ဟုသူကပြောကြောင်း
ခွင့်ပြုချက် ရရှိသည့်ကွင်းမှာ သံလွင်ဥယျာဉ်ထက် ကျဉ်းပြီး မြို့နှင့် အလှမ်းဝေးသည့်အတွက် သွားလာရေး အခက်အခဲ ရှိနိုင်ကြောင်း ၎င်း၏ ခန့်မှန်းချက်အရ သံလွင်ဥယျာဉ်တွင် လူသုံးသိန်းကျော် ဝင်ဆံ့မည် ဖြစ်ပြီး ကျွဲခြံကုန်းရွာ ဘောလုံးကွင်းသည် လူတသိန်းခန့်သာ ဝင်ဆံ့မည် ဖြစ်ကြောင်း
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို စနေနေ့ နံနက်တွင် မော်တော်ကားဖြင့် ရန်ကုန်မှ စတင်မည်ဖြစ်ပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များသို့ ဝင်ရောက်ကာ မွန်းလွဲပိုင်းတွင်မော်လမြိုင်သို့ ရောက်ရှိမည် ဖြစ်ကြောင်းစနေညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်မည်ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) ကိုလည်း ဖိတ်ကြားထားကြောင်း မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွားသည့် ကြံ့ခိုင်ရေးပါတီမှ ဦးအေးမြင့် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာ ဖြစ်ကြောင်း ထိုနေရာတွင် NLD မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်သန်းဦးနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ မဲအောင်နိုင်ရေးနှင့် စည်းရုံးရေး ခရီးစဉ်များအတွင်း လှည်းကူး၊ မန္တလေး၊ တံတားဦး၊ မိတ္ထီလာနှင့် နေပြည်တော် စသည်တို့တွင် ဟောပြောပွဲ ပြုလုပ်ရန် နေရာအခက်အခဲနှင့် ကြုံခဲ့ရပြီး အချို့မြို့များတွင် လယ်ကွင်းပြင်များနှင့် သဲသောင်ပြင်များတွင် ဟောပြောခဲ့ရကြောင်း သိရသည်။
KNPP နှင့် အစိုးရ ဆွေးနွေးမှု အမေရိကန်နှင့် ဗြိတိန် သံတမန်တို့ တက်ရောက်လေ့လာ
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ပနိုင်ငံများမှ လေ့လာသူများ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်
လေ့လာခဲ့ကြကြောင်းလွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာအတွင်း ဆွေးနွေးပွဲသို့ အမေရိကန်သံမှူး Mr Andrew Webster ၊ ဗြိတိန်သံရုံး ဒုတိယအတွင်းဝန် Mr Joe Fisher နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Hans ten Feld တို့ တက်ရောက်လေ့လာခဲ့ကြသည်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်ကြောင်း
လေ့လာခဲ့ကြကြောင်းလွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာအတွင်း ဆွေးနွေးပွဲသို့ အမေရိကန်သံမှူး Mr Andrew Webster ၊ ဗြိတိန်သံရုံး ဒုတိယအတွင်းဝန် Mr Joe Fisher နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Hans ten Feld တို့ တက်ရောက်လေ့လာခဲ့ကြသည်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်ကြောင်း
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးဉာဏ်ထွန်းအောာင်၊ ဦးသန်းဋ္ဌေး၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး တို့အပြင် ကယားပြည် နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးတို့ တက်ရောက်ခဲ့ကြောင်း
KNPP ဘက်မှလည်း ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးခူးရယ်၊ ကရင်နီ တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘုန်းတော်ကြီး ၇ ပါး တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း
ဆွေးနွေးပွဲသို့ သတင်းမီဒီယာ ၂ဝ ခန့်လည်း သတင်းယူခဲ့ကြပြီး ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို ဒေသခံ ပြည်သူ ၈,ဝဝဝ ခန့်က ကြိုဆိုခဲ့ကြသည်ဟုလည်း သိရသည်။
KNPP ဘက်မှလည်း ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးခူးရယ်၊ ကရင်နီ တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘုန်းတော်ကြီး ၇ ပါး တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း
ဆွေးနွေးပွဲသို့ သတင်းမီဒီယာ ၂ဝ ခန့်လည်း သတင်းယူခဲ့ကြပြီး ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို ဒေသခံ ပြည်သူ ၈,ဝဝဝ ခန့်က ကြိုဆိုခဲ့ကြသည်ဟုလည်း သိရသည်။
မန္တလေး လယ်မြေ အသိမ်းခံရမှု တောင်သူများက ဒုတိယသမ္မတထံ အသနားခံစာ တင်သွင်း
မန္တလေးတိုင်း ဒေသကြီး၊ အမရပူရ မြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု စည်ပင် ကျေးရွာနှင့် ဆောက်တောဝ ကျေးရွာရှိ လယ်ယာမြေ များအား ကုမ္ပဏီ များသို့ ဂရန်ချ ထားပေးခြင်း အပေါ် တောင်သူ များ စုပေါင်း လက်မှတ် ရေးထိုးကာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးထံ အသနားခံစာ တင်ပြ ထားကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်က မန္တလေးမြို့ တံခွန်တိုင် ရပ်ရှိ ပြည်သူ့ ဒီမိုကရေစီ ပါတီ ဌာနချုပ်တွင် ပြုလုပ်သော လယ်ယာမြေ အသိမ်းခံရသည့် ကိစ္စနှင့် ပတ်သက် သည့် ရှင်းလင်းပွဲမှ တစ်ဆင့် သိရ သည်။"ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က လယ်အသိမ်းခံရတဲ့ တောင်သူ တွေ စုပေါင်းပြီး ဒုတိယသမ္မတဆီ အသနားခံစာတင်ထားကြပါတယ်။ ကျွန်တော့်ပါတီကိုတောင်သူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီဆောင် ရွက်ပေးဖို့ ပြောလာတာကြောင့် ဆောင်ရွက်ပေးတာပါ။ အခုလက်ရှိ ဂရန်ရထားတဲ့သူတွေက တောင်သတွေကို ဖယ်ပေးဖို့ အတင်းတိုက် တွန်းပြောဆိုနေတယ်"ဟု ပြည်သူ့ ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်ဦးက ပြောသည်။
ဒုတိယသမ္မတထံသို့ အသ နားခံစာ တင်ရာတွင် တောင်သူ ၂၂ ဦးပါဝင်ပြီး အသိမ်းခံရသော လယ် မြေဧကမှာ ၈၀ ခန့်ရှိပြီး ၄င်းတို့ သည်ဘိုးဘွားအမွေဆက်ခံ၍အဆို ပါ လယ်မြေများပေါ်၌စိုက်ပျိုးကာ တောင်သူလုပ်ကိုင်နေသူများဖြစ် ကြောင်း၊ ၂၀ဝ၉ ခုနှစ်မှစ၍ မိမိတို့ လုပ်ကိုင်လျက်ရှိသော လယ်မြေ များကို ဖယ်ရှားပေးရန် ခေါ်ယူ ဖိအားပေး ခံခဲ့ရခြင်း များ ရှိကြောင်း ယခုလယ်ယာမြေများ ဆုံးရှုံးသွား ပါက လုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာ ရှိနိုင်ပါကြောင်း မိမိတို့လယ်မြေများကို မြို့ကွက် သစ်များ ဖန်တီးပြီး ငွေကြေး တောင့်တင်းသူဓနရှင်များက သိန်း ပေါင်းထောင်ဂဏန်းထိ ရောင်းချ ထားကြောင်း၊ လွှဲပြောင်းဝယ်ယူ သော ငွေကြေးရှင်များက မိမိတို့ လယ်မြေပေါ်တွင် ခြံစည်းရိုး အဓမ္မ ခတ်ခြင်း၊ အုပ်စုဖွဲ့၍ ဖယ်ရှားပေး ရန် လုပ်ဆောင်နေကြောင်း မိမိတို့လယ်မြေများ ဂရန်ပေါက်တာကို မိမိတို့လည်း မသိရှိပါကြောင်း ၄င်း တို့ တင်ပြသော အသနားခံစာတွင် ပါရှိသည်။
လယ်မြေတွေကို သိမ်းတယ် ဆိုတာလည်း နိုင်ငံတော်ပြန်တမ်း လည်းမပါဘူး။ တကယ်လို့ သိမ်း တယ်ဆိုရင် တောင်သူတွေကို ထိုက်သင့်တဲ့ လျော်ကြေး၊ နစ်နာ ကြေးတွေ ပေးရမှာ။ အခုချထား ပေးတဲ့ ဂရန်တွေမှာလည်း ၁၀၆ မြေရာဇဝင်မပါဘူး။ ကျွန်တော်တို့ ကတော့ ဘာကြောင့်သိမ်းတယ်ဆို တဲ့ အထောက်အထားခိုင်ခိုင်မာမာ ကို မပါရင် မြေကို တစ်လက်မ တောင်မပေးနိုင်ပါဘူး" ဟု စည်ပင် ရွာသား တောင်သူ ဦးသန့်စင်က ပြောသည်။
ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှ ၄င်းတို့အနေဖြင့် ဂရန်ရှိပြီး သားဖြစ်၍ နစ်နာကြေး တစ်ဧက လျှင် ကျပ်သိန်း ၅၀ ပေးမည်ဖြစ် ကြောင်း၊ ပေးတုန်းမယူပါက တစ် ပြားမှမရဘဲ အသိမ်းခံရမည်ဖြစ် ကြောင်းပြောကြားကြောင်း စည်ပင် ရွာမှ တောင်သူ ဦးတင်မောင်သန်း က ပြောသည်။
မန်းမောင်မောင် Venus News Journal
ဆေးတက္ကသိုလ် ပညာသင်နှစ် တစ်နှစ် ထပ်တိုး
တစ်နိုင်ငံလုံး အတွက် ဆေးတက္ကသိုလ် ဝင်ခွင့် ဦးရေကို ယခင် သတ်မှတ်ချက် တစ်နှစ် ၂၄၀ဝ ဦးရေမှ ၁၂၀ဝ ဦးရေသို့ ထက်ဝက် လျှော့ချပြီး ပညာသင်နှစ်ကို တစ်နှစ် ထပ်မံ တိုးမြှင့်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေး ဝန်ကြီး ဌာနမှ စုံစမ်း သိရသည်။"အဓိကတော့ ဆေးဝါးတွေနဲ့ ထိတွေ့မှုပိုများအောင် လုပ်ပေးချင်တာ။ သဘောပေါက် နားလည်ဖို့ အချိန်နည်းတဲ့အတွက်ရယ်၊ ဆေးပညာကို လေ့လာသင်ယူချင်စိတ် နည်းပါး လာတဲ့အတွက် အခုလို စီစဉ်ရတာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သင်တန်း ကာလကို အလုပ်သင် ဆရာဝန် သင်တန်းကာလ တစ်နှစ် အပါအဝင် ဖြစ်သော ခြောက်နှစ်မှ ယခုအခါခုနစ်နှစ်သို့ ထပ်မံတိုးမြှင့်လိုက်သည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယခင်က ဆေးတက္ကသိုလ်သို့ ဝင်ရောက်ရာတွင် အမျိုးသား ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းအတူတူသတ်မှတ်ကာ တက္ကသိုလ် ဝင်ခွင့် ရမှတ် ကွာဟချက် ကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ စုံစမ်းသိရသည်။
"အရေအတွက်ထက် အရည်အချင်းကို ပြန်သွားတာ ကောင်းတယ်။ အရင်က ပညာတတ်တာ ရာခိုင်နှုန်းအရပဲတိုးနေတာ။ အခုလို စနစ်တကျစိစစ်ပြီး ပိုကောင်းအောင် လုပ်နိုင်ရင် ကြိုဆို ရမှာပါ"ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကျောင်းသား မိဘ တစ်ဦးက ပြောသည်။
တက္ကသိုလ် ဝင်ခွင့် အမှတ်များကို တက္ကသိုလ် ရွေးချယ်ရေး အဖွဲ့မှ စိစစ်ကာ ဆေးတက္ကသိုလ်များ အတွက် ဆေးသိပ္ပံပညာ ဦးစီးဌာနက အမှတ်များခွဲခြား သတ်မှတ်ခြင်း ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် လေးခုရှိရာ ရန်ကုန်တွင် နှစ်ခု၊ မန္တလေးနှင့် မကွေးမြို့တို့တွင် တစ်ခုစီဖွင့်လှစ်ထားရှိသည်။
ထက်နိုင်ဇော် Venus News Journal
ခင်ဗျားပါးစပ် ဆက်ပိတ်ထား၊ အကြွေး ဘယ်သူဆပ်မလဲ
http://burma.irrawaddy.org/archives/6919
မကြာသေးမီက ပြည်တွင်းပြည်ပမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောဆိုနေတာက မြန်မာပြည်ကြီး အကြွေးတင်နေတယ် ဆိုတဲ့အကြောင်းအရာပါပဲ။မြန်မာပြည် အကြွေး ဒေါ်လာ ၁၁၀၂၃ ဒဿမ ၂၉၈ သန်း တင်ရပုံကို ကာတွန်း ဘီရုမာက ဧရာဝတီအတွက် အခုလို သရုပ်ဖော်ပေးထားပါတယ်
သယံဇာတ အများအပြား ထွက်နေတဲ့ မြန်မာနိုင်ငံကြီးဟာ ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလီယံကျော် တင်နေတယ် တဲ့။ဦးနေ၀င်း အစိုးရ နဲ့ နအဖ စစ်အစိုးရ ချေးယူခဲ့တဲ့ အကြွေးစာရင်းကို အခု သူတို့ရဲ့ နောက်ပေါက် တမတ်သားအစိုးရက ပထမဆုံး သတင်းထုတ်ပြန်လိုက်ခြင်းပါ။
ဒီလို ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ပေးတာကိုပဲ ကျေးဇူးတင်ရမလား၊ ဒီလို သတင်းမျိုးကို မကြားရရင် အကောင်းသားလို့ ပြောရမလား ဆိုပြီး မြန်မာပြည်သူတွေအကြား အံ့သြ အပြစ်တင် ၀မ်းနည်းသံတွေကတော့ မိုးလုံး ညံနေပါတော့တယ်။ သြော် … ဟို ကျေးဇူးရှင်အစိုးရတွေဟာ တိုင်းသူပြည်သားတွေအတွက် အမွေတွေ ချန်ထားခဲ့တာပါလား၊ ဒီလောက် အကြွေးတင်ရလောက်အောင် တိုင်းပြည်နဲ့ လူထုအတွက် ဘာတွေများ သုံးခဲ့လို့လဲ ဆိုပြီး ပြောသူတွေကလည်း ပြောကုန်ကြပါပြီ။
ရှေးဘုရင်မင်းများလက်ထက်မှာ တိုင်းသူပြည်သားတွေက သူတို့မှာ တင်နေတဲ့ အကြွေးတွေကို အရှင်မင်းကြီး ဆပ်ပေးဖို့ အသနားခံကြအခါမှာ ဘုရင်ကြီးက “ဘာမှ မစိုးရိမ်လေနဲ့။ ဖြေရှင်းပေးတော်မူမယ်” ဆိုတဲ့ စကားနဲ့အညီ “ကြွေးတင် ရှင်ဘုရင်ဆပ်” ဆိုတဲ့ စကားပုံတရပ် ရှိခဲ့ဖူးပါတယ်။
ကဲ မစပ်စုတို့ မြန်မာနိုင်ငံရဲ့ အရှင်မင်းကြီးများကရော ဘယ်ရောက်သွားပါလိမ့်။ တိုင်းသူပြည်သားတွေကရော ဘယ်မှာများသွားရောက် အသနားခံ တောင်းဆိုကြရပါလိမ့်မလဲလို့ တွေးတောစရာဖြစ်နေပါပြီ။
တချို့တွေကလည်း ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့အရှိန်တွေကြောင့် တိုင်းပြည်ရဲ့ အဓိက စီးပွားရေး အခန်းကဏ္ဍတွေကို ရရှိထားကြတဲ့ ဦးတေဇ (Htoo Trading Company)၊ ဦးဇော်ဇော် (Max Myanmar Group) မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ ဇေကမ္ဘာ ဦးခင်ရွှေ (Zaykabar Company)၊ ဦးအိုက်ထွန်း (Olympic Construction Company)၊ ဦးဌေးမြင်(Yuzana Company)၊ ဦးထွန်းမြင့်နိုင် (Asia World Company) စတဲ့ စတဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းများတောင် ၀င်နေမလား မသိနိုင်တဲ့ နာမည်ကြီး စီးပွားရေးသမားကြီးတွေကများ စုပေါင်းပြီး ဒီအကြွေးတွေကိုများ ဆပ်ပေးလိုက်ရင်.. ဆိုတဲ့ အသံတွေကလည်း ထွက်လာပါတော့တယ်။စပ်မိလို့ ပြောရရင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုတော် သရုပ်ဆောင် မင်းသမီးများကို ပိုက်ဆံထောင်တန် အုပ်လိုက် ဆုချီးမြှင့်နေတဲ့ ဓာတ်ပုံတွေ ဖေ့ဘုတ် စာမျက်နှာတွေပေါ် မကြာသေးမီက ရောက်လာတာနဲ့ ပတ်သက်ပြီး ဖြေရင်းချက်တောင် ထုတ်လိုက်ရပါသေးတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကလည်း လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ စစ်ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့် အလုပ်လက်မဲ့ ဖြစ်နေရှာတယ် ဆိုပြီး အလုပ်အကိုင် ပေးထားပါတယ်။ ဒါဟာ ကျေးဇူးဆပ်လိုက်တာပါလို့ ဆိုပါတယ်။အဲ့ဒီလို သဒ္ဓါတရား ကျေးဇူးတရားများ နားလည် သိတတ်လှတဲ့ မြန်မာပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများကရော မြန်မာပြည် တင်နေတဲ့ အကြွေးတွေ ဆပ်ပေးလိုက်ရင် ကောင်းလေမလားလို့ မစပ်စုနဲ့အတူ ပြည်သူတွေလည်း တွေးမိကြမယ် ထင်ပါတယ်။
အခုတော့ “ကြွေးတင်ရှင်ဘုရင်ဆပ်”ဆိုတဲ့ စကားပုံလေးက “ကြွေးတင် ပြည်သူဆပ်” ဆိုပြီး ပြောင်းသွားလေတော့မလားလို့ စိုးရိမ် ပူပန်ရင်း..။
ခင်ဗျားပါးစပ် ဆက်ပိတ်ထား
မြန်မာ့ရုပ်ရှင်အစည်းအရုံးဟာ NGO လို ရပ်တည်ရမယ်၊ အစိုးရနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမယ် ဆိုပြီး မြန်မာ့ရုပ်ရှင်လောကသားတွေ တကြော်ကြော် တောင်းဆိုနေရာကနေ မတ်လ ၁၂ ရက်နေ့ နောက်ပိုင်းမှာ အစည်းအရုံးရဲ့ နာယက၊ အမှုဆောင်သစ်တို့ကို စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့် ရခဲ့ပါတယ်။ဒီကိစ္စကို မြန်မာ့ရုပ်ရှင်လောကသားတွေနဲ့ ရုပ်ရှင်လုပ်ငန်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့တာပါ။
“အခုလို လုပ်လိုက်တဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ချုပ်ကိုင်မှု မပါတော့ဘူး။ နောက် … မဲရွေးတဲ့အခါမှာ ရွေးကောက်တဲ့ အခါမှာ မပါဘူးလို့ ပြောထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်လုပ်ငန်းရဲ့ အုပ်စီးမှု မပါတော့ဘူးပေါ့။ အရင်ကတော့ အနုပညာသည်က တခုခုပြောလိုက်ရင် ခင်ဗျားပါးစပ် ပိတ်ထား၊ ထိုင်ဆိုရင် ထိုင်ရတဲ့ အခြေအနေမျိုး မရှိတော့ဘူးပေါ့” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဧရာဝတီကို ပြောခဲ့ပါတယ်။
သူပြောသလို “ခင်ဗျားပါးစပ် ပိတ်ထား” ဆိုတဲ့အခြေအနေ မရှိတော့ဘူးလို့ ယူဆရတာပေါ့လေ။
စောစောက ပြောသလို စိတ်ကြိုက် လုပ်ခွင့် ပေးလိုက်ရာကနေ ပြန်ကြားရေးဌာန ဦးဆောင်ညွှန်မှူး၊ ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်မှူး တို့က ရွေးကောက် တင်မြှောက်ရာမှာ ပါဝင် လုပ်ဆောင်သွားမယ် လို့ မတ်လ ၂ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသွားပြန်ပါပြီ။ရုပ်ရှင်လောကသားတွေမှာတော့ ၀မ်းနည်းရမလို ၀မ်းသာရမလိုနဲ့ အပြောင်းအလဲ မြန်လှချည်လားရယ်လို့ ပြောဆိုကုန်ကြပါပြီ။
“နိုင်ငံတိုးတက်ကောင်းမွန်အောင် လုပ်နေတဲ့လူ နဲ့ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို နောက်ပြန်ဆွဲနေတဲ့လူ နှစ်ခု ရှိရင်တော့ ကောင်းတာလုပ်တဲ့လူကိုပဲ ဦးစားပေးလိမ့်မယ်လို့ ကျနော်တို့ မြန်မာတွေက ယုံကြည်တယ်ဗျ” လို့ မောင်မျိုးမင်းက ဆိုလိုက်ပါတယ်။
အခုတော့ ရုပ်ရှင်လောကသားတွေ စိတ်ကြိုက် လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်ရဖို့ တောင်းဆိုထားတာပါ ဆိုမှ ပြန်ကြားရေးနဲ့ ရုပ်ရှင်လုပ်ငန်းကပဲ ကြီးကြပ် လုပ်ကိုင်မယ်လို့ ချက်ချင်း စိတ်ပြောင်းသွားပြန်တော့ “ခုတမျိုးတော်ကြာတမျိုး” လို့ ပြောတာထက် ၊ “ခုတမျိုး ခုတမျိုး” လို့ ဆိုရင် ပိုပြီး သင့်တော်မယ် ထင်ပါတယ်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment