ကမ္ဘာ့သတင်းများ 11/04/2012
နိုင်ငံတကာသတင်း
ဗြိတိန်ဝန်ကြီးချုပ် မြန်မာပြည် သွားမည်၊ ဒေါ်စုနှင့် တွေ့မည့် ပထမဆုံးသော အနောက်တိုင်းနိုင်ငံ့ခေါင်းဆောင် ဖြစ်လာမည်
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မြန်မာပြည်သို့ ယခုတပတ် အတွင်း သွားမည်ဟု အစိုးရအရာရှိတို့က တနင်္လာနေ့တွင် ပြောသည်။ နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်သို့ သွားရောက်သည့် အဆင့်အမြင့်ဆုံး အနောက်တိုင်း ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။
ဒေးဗစ်ကင်မရွန်းသည် သောကြာနေ့တွင် သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့မည်ဟု အစိုးရ အရာရှိတဦးက ပြောသည်။
အခြား အရာရှိတစ်ဦးကလည်း ခရီးစဉ်နှင့် ပတ်သက်ပြီး အတည်ပြု ပြောကြားသော်လည်း အသေးစိတ် အစီအစဉ်များကို အဆုံးသတ်ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်တစ်ဦးကလည်း ဒေါ်စုနှင့် ဒေးဗစ်ကင်မရွန်းတို့ သောကြာနေ့ ရန်ကုန်တွင် တွေ့ဖွယ်ရှိသည်ဟု AFP ကို ပြောသည်။
ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ၁၅ နှစ်ကြာ ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထိုရွေးကောက်ပွဲမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အလွန် အရေးပါသည့် အဆင့်တခု ဖြစ်သည်ဟု အနောက်နိုင်ငံတို့က ဆိုထားကြသည်။
ဒေါ်စု၏ NLD ပါတီက ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရခဲ့ရာ စစ်တပ်နှင့်နိုင်ငံရေးမဟာမိတ်များကြီးစိုးထားသည့်လွှတ်တော်တွင် NLD က အဓိက အတိုက်အခံ အင်အားစု ဖြစ်လာသည်။တနင်္လာနေ့သတင်းများအရ ဒေါ်စုသည် ဧပြီ ၂၃ တွင် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတက်မည်ဟု ဆိုသည်။
ယခင်တပတ်ကလည်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်က ဒေါ်စု၏ ရွေးကောက်ပွဲမှ လွှတ်တော်သို့ ရောက်ရှိခြင်းသည် မြန်မာပြည်သားတို့၏ “သမိုင်းတွင်သည့်ရလဒ်” ဖြစ်သည်ဟု ဆိုလိုက်သည်။ ဦးသိန်းစိန်ကိုလည်း ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ကိုင်ရန် တိုက်တွန်းလိုက်သည်။
မြန်မာပြည် ဟန်ပြ အရပ်သားအစိုးရက ပြီးခဲ့သည့်နှစ်အတွင်း ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံတို့အား ပင်မရေစီးနိုင်ငံရေးလမ်းကြောင်းအတွင်း ၀င်ရောက်ရန် လမ်းဖွင့်ပေးခြင်း စသည့် အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် စစ်တပ်၏ပါတီအနိုင်ရခဲ့သည့် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရက အရပ်သားပုံစံစစ်အုပ်စုသို့အာဏာအပ်အပြီး မြန်မာပြည်သို့ သွားရောက်သည့် ပထမဆုံးသော အနောက်တိုင်းမှ နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။
မြန်မာပြည်အပေါ်ထားရှိသည့် ဒဏ်ခတ်ပိတ်ဆို့မှုတို့အား လျှော့ချရန် ဥရောပ သမဂ္ဂက ကြားဖြတ်ရွေးကောက်ပွဲအပြီး စဉ်းစားနေချိန်တွင် ဤခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့မှု အားလုံး ပယ်ဖျက်ရန် တောင်းဆိုနေချိန်တွင် ဗြိတိန်နှင့် ဥရောပနိုင်ငံတို့ကမူ ပြုပြင်ပြောင်းလဲမှုများ သေချာပေါက် ဆက်လက်ဖြစ်ပေါ်ရေးအတွက် တဆင့်ပြီးတဆင့် ဆောင်ရွက်သည့် နည်းလမ်းကို ကျင့်သုံးလျက်ရှိသည်ဟု ဥရောပ သံတမန်တို့က ပြောသည်။
အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂက ယခုနှစ်အတွင်း ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖျက်သိမ်းပြီးဖြစ်သည်။ လာမည့် ၂၃ ရက်နေ့ လူဇင်ဘတ်နိုင်ငံတွင် ပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ဖွယ်ရာများကို ဆုံးဖြတ်မည် ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှုအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် အကြံပြု
ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံမှာ ဘဏ်စနစ်ဝန်ဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေး ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အခြေစိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၅.၅% ရှိရာက ဒီနှစ် ၂၀၁၂ မှာ ၆% လောက်ရှိမယ်လို့ အေဒီဘီက ခန့်မှန်းထားပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးဟာ နိုင်ငံတကာနဲ့ အလျင်အမြန် ချိတ်ဆက်နိုင်မယ်ဆိုရင် ဒီနှစ်စီးပွားရေး တိုးတက်မှုနှုန်းဟာ အေဒီဘီ ခန့်မှန်းတာထက် ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။
ဆူနာမီရေလှိုင်းသတိပေးချက် ပြန်လည်ရုပ်သိမ်း
အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းက ကမ်းလွန် ပင်လယ်ရေအောက်မှာ ပြင်းအား ၈.၆ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယသမုဒ္ဒရာတလျှောက်မှာရှိတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံလောက်မှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားတာတွေ အခုတော့ အာဏာပိုင်တွေက ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ငလျင်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသက ခရိုင်မြို့တော်နဲ့ ၂၆၇ မိုင် လောက်ဝေးတဲ့နေရာက ပင်လယ် ရေမျက်နှာပြင်အောက် ၁၄ မိုင်မှာ လှုပ်သွားခဲ့တာပါ။ ပြင်းအား ၈.၂ ရှိတဲ့ နောက်ဆက်တွဲ ငလျင်တခု တနာရီလောက်အကြာမှာ ထပ်လှုပ်ခဲ့တယ်လို့လည်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။
အဲဒီ ငလျင်ဒဏ်ကို ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာလည်း ရိုက်ခတ်မှုတွေ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ ကမ္ဘာ့တိုက်ကြီးတော်တော်များများက တိုင်းပြည်တွေအပြင် မြန်မာနိုင်ငံက ပြင်ခရိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ Chedba ကျွန်း အပါအ၀င် ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း သတိပေးချက်တွေထုတ်ထားခဲ့တာကနေ အခုတော့ ပြန်လည်ရုပ်သိမ်းလိုက်တာပါ။
ထိုင်းနိုင်ငံအတွင်းက အပန်းဖြေ ကမ်းခြေတွေမှာလည်း အာဏာပိုင်တွေက အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေ လုပ်ဆောင်နေပြီး ဖူးခက်နဲ့ ဖန်င စတဲ့ အလုပ်သမား အများစု နေထိုင်တဲ့နေရာတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့တဲ့အကြောင်း အဲဒီမှာ ရောက်နေတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းမှာပဲ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်းအား ၉.၁ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်လှုပ်သွားခဲ့တာကြောင့် အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့ရာက လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။ အဲဒီ သေဆုံးသူ စုစုပေါင်းရဲ့ ထက်ဝက်လောက်ဟာ အာချေးဒေသက ဖြစ်ပါတယ်။
ရီပတ်ဘလီကဲန်သမ္မတကိုယ်စားလှယ်လောင်း ဆန်တိုရမ် မဲဆွယ်မှုရပ်ဆိုင်း
အမေရိကန် ပြည်ထောင်စုမှာ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ပါတီတွင်း ယှဉ်ပြိုင်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း မစ်ရွန်မနီ (Mitt Romney) တယောက် အခုတော့ ဒီမိုကရက် (Democrat) သမ္မတ ဘာရက် အိုဘားမာ (Barack Obama) နဲ့ ယှဉ် ပြိုင်ခွင့် ရဖို့ ပြိုင်ဘက်မရှိ ဖြစ်သွားပါပြီ။ ရီပတ်ဘလစ်ကန် ပါတီမှာ မစ္စတာ ရွန်မနီရဲ့ အဓိကပြိုင်ဘက် ဖြစ်နေသူ ရစ်ဆန်တိုရမ် (Rick Santorum) က သူ ဒီရွေးကောက်ပွဲမှာ ဆက်ပြီး မယှဉ် ပြိုင်တော့ဘူးလို့ ကြေညာသွားပြီး မဲဆွယ်စည်းရုံးရေးတွေကိုလည်း ရပ်လိုက်ပါပြီ။
“ဒီကနေ့ ကျနော့်အတွက် ကံကောင်းတဲ့ နေ့ တစ်နေ့ပါ။”
ရီပါပလစ်ကန် သမ္မလောင်း နေရာအတွက် ရှေ့ဆုံးက ပြေးနေတဲ့ မစ်ရွန်မနီ (Mitt Romney) အတွက်တော့ အဲဒီ သတင်းက မျှော်နေရတာ ကြာပြီဖြစ်တဲ့ သတင်းပါပဲ။ ပဲန်ဆယ်ဗေးနီးယား (Pennsylvania) အထက် လွှတ်တော် အမတ်ဟောင်း ရစ်ဆန်တိုရမ် (Rick Santorum) သမ္မတလောင်း နေရာအတွက် ဆက်ပြီး မပြိုင်တော့ဘူး ဆိုတာကို မစ္စတာ ရွန်မနီ အရင်ကတည်းက ကြားချင်နေတာပါ။
“ဒီသမ္မတနေရာအတွက် ယှဉ်ပြိုင်မှုကတော့ ကျနော့် အတွက် ပြီးဆုံးသွားပါပြီ။”
မစ္စတာ ဆန်တိုရမ်က လူမသိသူမသိ အခြေအနေက နေပြီးတော့ အိုင်အိုဝါ (Iowa) ပြည်နယ်နဲ့ တခြားဆယ် ပြည်နယ်မှာ အနိုင်ရကာ မစ္စတာရွန်မနီကို တကယ့်ကို ဇွဲနဘဲ ကြီးကြီးနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သမရိုးကျ ဝါဒီ ကိုင်စွဲသူတွေ၊ ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။
“ဘာရက် အိုဘာမား (Barrack Obama) နဲ့ ယှဉ် ပြိုင်ဖို့ဆိုရင် သူက ရီပတ်ဘလစ်ကန်တွေ ရှိရှိသမျှထဲမှာ အညံ့ဆုံးပါပဲ။”
မစ္စတာဆန်တိုရမ်ရဲ့ သမီး ဘဲလာ (Bella) ရှားရှားပါးပါး မျိုးရိုးဗီဇ ဖောက်ပြန်မှုဝေဒနာနဲ့ ဆေးရုံက ဆင်းပြီးတော့ နောက် တစ်နေ့မှာဘဲ အခုလိုမျိုး သမ္မတလောင်း နေရာအတွက် ဆက်ပြီးတော့ မပြိုင်တော့ဘူး ဆိုပြီးတော့ မစ္စတာ ဆန်တိုရမ် ကြေညာသွားတာပါ။ မစ္စတာရွန်မနီရဲ့ တုံ့ပြန်မှုကလည်း ပါးနပ်လှပါတယ်။
“ဒီနိုင်ငံရေး ဖြစ်စဉ်အတွက် သူ အရေးကြီးတဲ့ ကိစ္စတွေကို လုပ်ပေးသွားခဲ့ပါတယ်။ ကျနော်တို့ ရီပတ်ဘလစ်ကန် ပါတီမှာ သူက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ရှိသွားမှာပါ။”
မစ္စတာ ရွန်မနီဟာ သမ္မတလောင်း နေရာအတွက် တရားဝင် မရရှိသေးပေမယ့်လည်း အခုတော့ ပြိုင်ဘက်မရှိ ဖြစ်နေပြီမို့လို့ သူရဲ့ မဲဆွယ် စည်းရုံးရေးတွေက သမ္မတအိုဘားမားကို အနိုင်ရဖို့ အပြည့်အဝ အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။
သမ္မတအိုဘားမားက မနေ့က အင်္ဂါနေ့မှာ ဖလော်ရီဒါ (Florida) ပြည်နယ်တောင်ပိုင်းမှာ ရောက်ရှိနေခဲ့ပြီး တော့ မကြာခင်မှာပဲ အပူတပြင်း စတင်ရတော့မယ့် သမ္မတ မဲဆွယ်စည်းရုံးရေးတွေအတွက် ရန်ပုံငွေရရှိဖို့ လိုက်ပြီးတော့ လုပ်ဆောင်နေပါတယ်။
၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို ရုံးတင် စစ်ဆေးတော့မည်
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီးကို စီစဉ်ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ ၅ ဦးကို အမေရိကန် ပိုင် Guantanamo ပင်လယ်အော် အခြေစိုက်စခန်းမှာ စစ်ခုံရုံးတရားသူကြီး က စတင်စစ်ဆေးဖို့ မေလ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။
စစ်တရားသူကြီး James Pohl က စက်တင်ဘာ ၁၁ အကြမ်းဖက်မှု လုပ်ကြံမှုကို အကွက်ချ စီစဉ်ညွန်ကြားတယ်လို့ ယူဆရသူ Al-Qaida စစ်သွေးကြွအဖွဲ့ဝင် ၅ ဦးကို ထူးထူးခြားခြား စနေနေ့မှာ စတင် စစ်ဆေးဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဉ္စဂံဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ဒီ ၅ ဦးမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကို ကိုယ်တိုင် ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed နဲ့ ကြံရာပါ ၄ ဦးတို့ ပါဝင်ပါတယ်။ သူတို့ကို အကြမ်းဖက်၊ လေယာဉ်အပိုင်စီး မှု၊ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် သေဒဏ် ကျခံကြရမှာဖြစ်ပါတယ်။
တရုတ်ထိပ်တန်းခေါင်းဆောင် Bo Xilai ကို ပါတီကထုတ်ပယ်
နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေး အရှုပ်တော်ပုံမှာ သူ့ရဲ့ မိသားစုနဲ့အတူ ပါဝင်ပတ်သက် နေတယ်ဆိုပြီး တရုတ်ပြည် ကွန်မြူနစ် ပါတီရဲ့ အလွန် လူကြိုက်များခဲ့တဲ့ နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင် Bo Xilai ကို ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်ပါတယ်။
“အလွန်အရေးကြီးတဲ့ စည်းကမ်းချိုးဖောက်မှုများကြောင့်” Bo Xilai ကို ၂၅ ဦး ပါဝင်တဲ့ ပေါလစ်ဗျူရိုက လည်းကောင်း၊ အဖွဲ့ဝင် ၃၀၀ ရှိတဲ့ ဗဟို ကော်မတီက လည်းကောင်း ဖယ်ရှားလိုက်တာဖြစ်တယ်လို့ တရုတ် အစိုးရ သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြပါရှိပါတယ်။
၂၀၀၇ ခုနှစ်ကစပြီး အခုလို ပေါလစ်ဗျူရို အဖွဲ့ဝင်တယောက် ထုတ်ပယ်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဘိုရဲ့မိသားစုနဲ့ နီးစပ်တဲ့ ဗြိတိသျှ လုပ်ငန်းရှင် Neil Heywood အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘိုရဲ့ဇနီး Bo Kailai ကိုလည်း စစ်ဆေး မေးမြန်းနေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
Bo ရဲ့ နှစ်ရှည်ရဲမှူးကြီး Wang Lijun က အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ပြေးဝင်ပြီး ခိုလုံခွင့်တောင်းပြီးတဲ့ နောက် ပြီးခဲ့တဲ့လက Bo Xilai ကို တရုတ်ပြည် အနောက်တောင်ဒေသရဲ့ မြို့တော်ချုံကင်းရဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်အဖြစ်က ထုတ်ပယ်ခဲ့ပါတယ်။ အာဏာကုန် ပိုင်ဆိုင်တဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရို ခေါင်းဆောင် ဖြစ်လာမယ်လို့ Bo ကို တချိန်က ယူဆခဲ့ကြပါတယ်။
မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အဆင်သင့်ဖြစ်
နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းပြစ်တင် ရှုတ်ချ နေတဲ့ ကြားကပဲ မြောက်ကိုရီးယားက ဒုံပျံးတစီး အာကာသထဲ လွှတ်တင်ရေး ပြင်ဆင်မှုတွေ ပြီးပြည့်စုံပြီလို့ ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက် ပါတယ်။ အဲဒီ ဒုံးပျံကို ကြာသပတေးနေ့ အစောဆုံး ထားပြီး လွှတ်တင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြောက် ကိုရီးယား အာကာသ ရေးရာ တာဝန်ရှိသူတွေက ပြော ဆို လိုက်တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကတော့ ဒီ ဒုံးပျံ လွှတ်တင်မယ့် အစီအစဉ်ဟာ အကြီးအကျယ် ရန်စ မှု ဖြစ်တာကြောင့် တောင်ကိုရီးယားကို ကာကွယ်ဖို့ အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားအနေနဲ့ အခိုင်အမာ စိတ်ပိုင်းဖြတ် ထားတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။
ဒေသတွင်းလုံခြုံရေးကို အန္တရာယ်ပြုခြိမ်းခြောက်နိုင် တာကြောင့် တာဝေးပစ် ဒုံးလက်နက် စမ်းသပ်တာတွေ မလုပ်ပါဘူးလို့ မကြာသေးခင်က တာဝန်ခံခဲ့တာနဲ့ အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒါဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ ကိုချိုးဖေါက်တာလို့ အမေရိကန်အနေနဲ့ သဘော ထားကြောင်း၊ ဒါ့ကြောင့် ဒီအစီအစဉ် မသင့်တော်ဘူး ဆိုတာကို ဆက်လက် ထောက်ပြသွားမှာဖြစ်ကြောင်း Victoria Nuland က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး Susan Rice က လည်း မြောက်ကိုရီးယားရဲ့ ဒီ ဒုံးပျံ လွှတ်တင်မယ့် အစီအစဉ်ဟာ လုံခြုံကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်သလိုဖြစ်နေတာကြောင့် ဘယ်လို ပဲ့ထိန်းတပ် ဒုံးလက်နက်စမ်းသပ်တာမျိုးကိုမဆို တားမြစ်ရလိမ့်မယ် လို့ပြောပါတယ်။
ဆီယာချမ်း ရေခဲမြစ် စစ်မဲ့ဇုန်သတ်မှတ် ဖို့ အိန္ဒိယ ပါကစ္စတန် စဉ်းစား
အိန္ဒိယ နဲ့ ပါကစ္စတန် နယ်စပ်၊ ပါကစ္စတန် မြောက်ပိုင်း ကက်စ်ရှမီးရား ဒေသမှာ ကြီးမား တဲ့ ရေခဲ ပြိုကျမှု ဖြစ်ပွားပြီး တော့ ပါကစ္စတန် စစ်သား နဲ့ အရပ်သား ၁၀၀ ကျော် နှင်း နဲ့ ရေခဲ ပြင်အောက် မှာ နစ်မြုပ် သေဆုံး ခဲ့ရပြီးတော့ အဲဒီ ဒေသ ကို စစ်မဲ့ဇုန် အဖြစ် ပြုလုပ်ဖို့ တောင်းဆိုမှု တွေ ပြန်လည် ထွက်ပေါ်လာပါတယ်။
အမြင့် မီတာ ၂၀ ရှိတဲ့ နှင်းထု နံရံကြီးဟာ ဆီယာချမ်း ရေခဲမြစ် ဒေသရဲ့ အမြင့်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်း အတွင်းကို စနေနေ့ က ပြိုကျခဲ့ တာဖြစ်ပါတယ်။ အဲဒီ ဒေသမှာ အိန္ဒိယရော ပါကစ္စတန် ရှေ့တန်း စခန်းတွေ တည်ရှိပြီးတော့ ကမ္ဘာအမြင့် ဆုံး စစ်မြေပြင်လို့ အသိအမှတ် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။
ဒီတောအတွင်း အမေရိကန် ကျွမ်းကျင်သူ အဖွဲ့ တစ်ဖွဲ့ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ ပါဝင် အကူအညီ ပေးဖို့ အတွက် တနင်္လာနေ့မှာ ပါကစ္စတန် နိုင်ငံကို ရောက်ရှိလာပါတယ်။
ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် အာရှဖက် ပါဘက် ကရာနီ (Ashfaq Parvez Kayani) ဟာ အခင်းဖြစ်ပွားရာကို တနင်္ဂနွေ နေ့ က သွားခဲ့ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ ရဟတ်ယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေ သာမက အနံခံခွေးတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေး အမှုထမ်းတွေ ပါဝင်ပါတယ်။
အသက်ရှင် ကျန်ရစ်သူ ရှိတဲ့ လက္ခဏာ မတွေ့ရ သလို သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းတွေ တလောင်းမှ မတွေ့ရဘူး လို့ စစ်ဖက် ဆိုင်ရာ အရာရှိတွေ က ပြောပါတယ်။ တပ်သား ၁၂၄ ယောက် နဲ့ အရပ်သား ၁၁ ယောက် တို့ ဟာ နှင်းရေခဲ အောက်မှာ နှစ်မြုပ်နေတယ် လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။
အမြင့် မီတာ ၂၀ ရှိတဲ့ နှင်းထု နံရံကြီးဟာ ဆီယာချမ်း ရေခဲမြစ် ဒေသရဲ့ အမြင့်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်း အတွင်းကို စနေနေ့ က ပြိုကျခဲ့ တာဖြစ်ပါတယ်။ အဲဒီ ဒေသမှာ အိန္ဒိယရော ပါကစ္စတန် ရှေ့တန်း စခန်းတွေ တည်ရှိပြီးတော့ ကမ္ဘာအမြင့် ဆုံး စစ်မြေပြင်လို့ အသိအမှတ် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။
ဒီတောအတွင်း အမေရိကန် ကျွမ်းကျင်သူ အဖွဲ့ တစ်ဖွဲ့ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ ပါဝင် အကူအညီ ပေးဖို့ အတွက် တနင်္လာနေ့မှာ ပါကစ္စတန် နိုင်ငံကို ရောက်ရှိလာပါတယ်။
ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် အာရှဖက် ပါဘက် ကရာနီ (Ashfaq Parvez Kayani) ဟာ အခင်းဖြစ်ပွားရာကို တနင်္ဂနွေ နေ့ က သွားခဲ့ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ ရဟတ်ယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေ သာမက အနံခံခွေးတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေး အမှုထမ်းတွေ ပါဝင်ပါတယ်။
အသက်ရှင် ကျန်ရစ်သူ ရှိတဲ့ လက္ခဏာ မတွေ့ရ သလို သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းတွေ တလောင်းမှ မတွေ့ရဘူး လို့ စစ်ဖက် ဆိုင်ရာ အရာရှိတွေ က ပြောပါတယ်။ တပ်သား ၁၂၄ ယောက် နဲ့ အရပ်သား ၁၁ ယောက် တို့ ဟာ နှင်းရေခဲ အောက်မှာ နှစ်မြုပ်နေတယ် လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment