ကျောင်းသားသမဂ္ဂများဖွဲ့စည်းမှုကိုကြိုဆိုထောက်ခံခြင်း နှင့်
အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့်နှင့်စည်းရုံးပိုင်ခွ င့်အား ကာကွယ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ်(၈၇)

အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့်နှင့်စည်းရုံးပိုင်ခွင့်အား ကာကွယ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ်(၈၇) ၁၉၄၈ ခုနှစ် ဇူလိုင်လ (၉) ရက် ၊ ဆန်ဖရန်စ္စကိုမြို့ ၊ အိုင်အယ်အို မှ လက်ခံကျင့်သုံးသည်။

{Freedom of Association and Protection of the Right of Organise Convention (No.87) 1984} FOA
အပိုဒ် (၁)
အိုင်အယ်အို အဖွဲ့ ဝင်တို့ အတွက် အကျိုးသက်ရောက်စေသော ဤပြဌာန်းချက်တွင် အိုင်အယ်အို အဖွဲ့ ဝင်တခု သည် အောက်ပါ သတ်မှတ်ချက်များကို အကောင်အထည်ဖေါ်၍ အကျိုးသက်ရောက်စေရမည်။
အပိုဒ် (၂)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ သည် ကွဲပြားခြားနားခြင်းမရှိဘဲ ကြိုတင်အမိန့် အာဏာပေးထားခြင့်ကြောင့် မဟုတ်ဘဲ မိမိတို့  စိတ်ကြိုက်သမဂ္ဂအဖွဲ့ အစည်းများကို ရွေးချယ်ပြီး ၎င်းအဖွဲ့ အစည်းတို့ ၏ စည်းမျဉ်းများကိုသာလိုက်နာ၍ တည်ထောင်ခွင့် ပါဝင်ခွင့်ရှိသည်။
အပိုဒ် (၃)
(၁) အလုပ်သမားများနှင့် အလုပ်ရှင်တို့ အဖွဲ့ အစည်းများ ၊ သမဂ္ဂများသည် ၎င်းတို့ ၏အဖွဲ့ အစည်း၊ သမဂ္ဂ စသည် တို့ ၏ အုပ်ချုပ်ပုံစည်းမျဉ်းများ၊ ဥပဒေစည်ကမ်းများရေးဆွဲရာ၌လည်းကောင်း ၎င်းတို့၏ကိုယ်စားလှယ်များကိုရွေးချယ်ရာ၌ လည်းကောင်း၊ ၎င်းတို့ ၏အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာ၌ လည်းကောင်း လွတ်လပ်စွာဆောင်ရွက်ရန် အခွင့်အရေး အပြည့်အ၀ရှိသည်။
(၂) သမဂ္ဂများ၏ တရားးဝင်လုပ်ငန်းဆောင်ရွက်ရာတွင် အနှောက်အယှက် အဟန့် အတားဖြစ်စေမည့် မည်သည့် စွက်ဖက်မှုမျိုးကိုမဆို အာဏာပိုင်တို့ မှ မလုပ်ဆောင်ရ။
အပိုဒ် (၄)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ သမဂ္ဂအဖွဲ့ အစည်းများသည် အုပ်ချုပ်ရေးအာဏာပိုင်တို့ ကြောင့် အဖွဲ့  အစည်းများ ပယ်ဖျက်ရခြင်းမဖြစ်စေရ။
အပိုဒ် (၅)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ သမဂ္ဂများသည် ကိုယ်ပိုင်လွတ်လပ်သောအဖွဲ့ ချုပ်များနှင့် အဖွဲ့ ပေါင်းချုပ် အဖွဲ့ ကြီးများနှင့် အခြားအဖွဲ့ အစည်းများအဖြစ် တည်ထောင်နိုင်ခွင့်။ ပါဝင်ပူးပေါင်းနိုင်ခွင့်ရှိသည်။ ၎င်းအဖွဲ့ ချုပ် - အဖွဲ့ ကြီး များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အလုပ်ရှင်များ အဖွဲ့ အစည်းတို့ နှင့် ဆက်သွယ်ပူးပေါင်း၍ အဖွဲ့ ဝင်ခွင့် ရှိသည်။
အပိုဒ် (၆)
အထက်တွင်ဖေါ်ပြထားသော အပိုဒ် ၂။ ၃။ နှင့် ၄ ပြဌာန်းချက်များသည် အဖွဲ့ ချုပ်များ အဖွဲ့ ပေါင်းချုပ်သမဂ္ဂများ နှင့် (Federation and Confederation) သက်ဆိုင်သည်။
အပိုဒ် (၇)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏သမဂ္ဂများ ကိုယ်ပိုင်လွတ်လပ်သောအဖွဲ့ ချုပ် (Federation) များနှင့် အဖွဲ့  ပေါင်းချုပ် (Confederation) တို့ သည် ဥပဒေပညာရှင်များကို အသုံးပြုကြရာတွင် အပိုဒ် ၂ နှင့် ၃ တိုတွင်ပါရှိသော ပြဌာန်းချက်များကို အဟန့် အတား မဖြစ်စေရ။
အပိုဒ် (၈)
(၁) ပြဌာန်းချက်မှ ပေးထားသော အခွင့်အရေးများကိုကျင့်သုံးရာတွင် အလုပ်သမားများနှင့် အလုပ်ရှင်များ၏ သက်ဆိုင်ရာအဖွဲ့ အစည်း သမဂ္ဂများသည် အခြားသူများ (သို့ ) အခြားအဖွဲ့ အစည်းများကဲ့သို့  သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာကြရမည်။
(၂) ထိုနိုင်ငံ၏ ဥပဒေနှင့် ၎င်းဥပဒေကိုကျင့်သုံးရာတွင် ဤပြဌာန်းချက်များမှ အာမခံကတိပြုထားချက်များကို ထိခိုက်အားနည်စေခြင်းမဖြစ်ရ။
အပိုဒ် (၉)
(၁) ဤပြဌာန်းချက်မှပေးထားသော အာမခံကတိပြုချက်များကို လက်နက်ကိုင်စစ်တပ်နှင့် ရဲများအား မည်သည့် အတိုင်းအတာအထိ ကျင့်သုံးပိုင်ခွင့်ပေးမည်ကို ၎င်းတို့ တိုင်းပြည်၏ ဥပဒေများနှင့် စည်းမျဉ်းများကသာ အဆုံးအဖြတ်ပေး ရမည်။
(၂) အိုင်အယ်အို၏ ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေအပိုဒ် (၁၉)။ စာပိုဒ် (၈)တွင် ပါဝင်သောမူနှင့်အညီ ဤပြဌာန်းချက် အား သဘောတူလက်မှတ်ရေးထိုးထားသော မည်သည့်အဖွဲ့ ဝင်ကမျှ အတည်ပြုလက်မှတ်ရေးထိုးခြင်းအားဖြင့် တည်ရှိနေ သော ဥပဒေ၊ စီရင်ဆုံးဖြတ်ချက်၊ ဓလေ့ထုံးစံ (သို့ ) သဘောတူဝန်ခံချက်တစုံတခုကိုမျှ လွှမ်းမိုးပြောင်းလွဲ ထိခိုက်စေနိုင် သည်ဟု မယူဆရ။ ထိုသို့  သဘောတူ လက်မှတ်ရေးထိုးထားခြင်းအားဖြင့် လက်နက်ကိုင်အဖွဲ့ ဝင်များ (သို့ ) ရဲတို့ ၏ အခွင့် အရေးကို ထိပါးခြင်းမရှိစေရ။
အပိုဒ် (၁၀)
ဤပြဌာန်းချက်တွင် “သမဂ္ဂအဖွဲ့ အစည်း” ကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ အကျိုး စီးပွားများ တိုးတက်စေရန်နှင့် အကာအကွယ်ပေးစေရန် အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ ဖွဲ့ စည်းထားသော မည်သည့် အဖွဲ့ အစည်းကိုမဆို ခေါ်ဆိုသည်။
အပိုဒ် (၁၁)
အိုင်အယ်အို အဖွဲ့ ဝင်တို့ အတွက် အကျိုးသက်ရောက်စေသော ဤပြဌာန်းချက်တွင် အိုင်အယ်အို အဖွဲ့ ဝင်တိုင်း သည် အလုပ်သမားများနှင့် အလုပ်ရှင်တို့ စည်းရုံးပိုင်ခွင့်ကို လွတ်လပ်စွာ အမှန်ဖေါ်ဆောင်နိုင်ရန် လိုအပ်သင့်လျှော်သော အရေးယူဆောင်ရွက်ချက်များပြုလုပ်ပေးမည်ဟု တာဝန်ခံကတိပြုပါသည်။

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment