၉၀ ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ကွယ်လွန်သူ ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း
ပြည်သူ့ခေတ်ဂျာနယ်အခမ်းဆက် ပြန်လည်ကောက်နုတ်ချက်

 
( ဧပြီလထဲမှာ ပြည်သူ့ခေတ်ဂျာနယ်မှာ ဦင်္းကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း ၁ခု အခမ်းဆက်ပါလာတယ်။ ဦးကြည်မောင်ကို ပြန်လည်မိတ်ဆက်ရရင် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦး၊ ၉၀ ရွေးကောက်ပွဲမှာ ပါတီကို အနိုင်ရပါတီအဖြစ် ဦးဆောင်ခဲ့သူ၊ တပ်မတော်ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၂၀၀၄ မှာ ဆရာကွယ်လွန်တယ်။ ပါတီထူထောင်ချိန်က စတင်ပြီး သုတေသနဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်လို့သူ့ကိုယ်ရေးအကျဉ်းမှာဖော်ပြထားတာကြောင့်ကိုလိုနီခေတ်ကျောင်းသားသပိတ်အရေးတော်ပုံတပ်သားတဦးအဖြစ်ကနေ အမျိုးသားရေးအတွက် စွမ်းစွံတမန်ဆောင်ရွက်ခဲ့သူ ဒီမိုကရေစီခေါင်းဆောင်တဦးရဲ့ မာန်မာနမရှိမှုကို ဖော်ကျုးထားသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။
၂၀၀၃ ခုနှစ် တနှစ်လုံး လူငယ်တွေအတွက် စာမျက်နှာ ၆၀ လောက်ရှိတဲ့ နိုင်ငံရေးစာတမ်းတွေ ရေးနေခဲ့ပါတယ်။ ၂၀၀၄ မှာ ဆရာ ကွယ်လွန်တယ်။ အဲသည်ထဲက စာတမ်းတခုဖြစ်တဲ့ နိုင်ငံအုပ်ချုပ်ပိုင်ခွင့်ကို ပြည်သူ့ခေတ်က မိသားစုထံက ခွင့်တောင်းဖော်ပြတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာပေး စာတမ်းအဖြစ် ပရိသတ်ကို မိုးမခကလည်း
ထပ်မံတင်ဆက်လိုက်ပါရစေ။
ဆရာက အချက် ၂ ချက်ကို ပြောထားပါတယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတွေဟာ နိုင်ငံရေးသမားတွေချည်းပဲ ဖြစ်ပါတယ်။ သတိရှိကြပါတဲ့။ နောက်တချက်ကတော့ အာဏာပိုင်ခွင့်မှာ အုပ်ချုပ်သူတွေကော အုပ်ချုပ်ခံတွေကပါ ငါတို့က ရိုက်တဲ့သူတွေ၊ သူတို့က အရိုက်ခံရသူတွေလို့ ခွဲခြားမမြင်ပါနဲ့ တဲ့။ ၂ ဖက်စလုံးဟာ တဦးတည်းလို့ ကြည်ကြည်လင်လင်မြင်တတ်ပါလို့ နိဂုံးချုပ်ထားပါယ်။
အင်န်အယ်ဒီပါတီရဲ့ ကွယ်လွန်သူ ခေါင်းဆောင်တဦးရဲ့ စာတမ်းကို အင်န်အယ်ဒီက ထုတ်ဝေတဲ့ ဒီလှိုင်းပါတီစာစောင်မှာ မဖော်ပြသေးခင် ပြည်သူ့ခေတ်မှာအရင်ဆုံးဖော်ပြနီုင်ခဲ့တာကလည်း ထူးခြားမှုတခုဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment