မြန်မာသတင်းများ ဇူလိုင် ၂၊ ၂၀၁၂



ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သုံးရက်ခွင့်ယူထားပြီး လွှတ်တော် မတက်ရောက်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Eleven Media Group သို့ ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာဇွန်လ ၁၃ ရက်နေ့မှဇွန်လ ၂၉ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံခရီးစဉ်အပြီး ကျန်းမာရေးအရ ခရီးပန်းလာသောကြောင့် ထိုသို့ ခွင့်ယူရခြင်းဖြစ်ကြောင်းလည်းဦးဉာဏ်ဝင်းက ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော် စတင်ကျင်းပမည့် ဇူလိုင်လ ၃ရက်နေ့မှ ၅ ရက်နေ့အထိ စုစုပေါင်း သုံးရက်ခွင့်ယူထားခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောပါသည်။

''စိုးရိမ်စရာမရှိပါဘူး။ ခရီးပန်းလို့ပါ။ အခုအနားယူနေပါတယ်။ ခွင့်ရက်ပြည့်ရင် လွှတ်တော် တက်မှာပါ''ဟု ဦးဉာဏ်ဝင်းက ဆိုပါသည်။

ဥရောပငါးနိုင်ငံခရီးစဉ်တွင်  ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက် ပါသွားသော နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်က ''ခရီးပန်းလို့ဆိုတာထက် ခရီးစဉ်တွေကဆက်နေလို့ ခဏအနား ယူဖို့ ကျွန်တော်တို့ တောင်းပန်ခဲ့တာပါ'' ဟုပြောပါသည်။

ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှ သုံးရက်ခွင့်ယူထား၍ တက်ရောက်နိုင်ခြင်း မရှိသေးသော်လည်း ကျန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှာ ဇူလိုင်လ ၄ ရက်နေ့မှစ၍ တက်ရောက်မည်ဖြစ်ကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြော ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းသည့်ဒဏ်ကြောင့် လွှတ်တော်တက်မည့်ရက် ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်က ယခု ဇူလိုင် ၄ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွက် ခွင့်တင်ကြောင်း၊ ဇူလိုင်လ ၉ ရက်မှ တက်ရောက်လိုကြောင်း တင်ပြထားသည်ဟု အင်န်အယ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားသည်ဟု သတင်းများတွင် ရေးသားထားသည်။ ဥရောပခရီးစဉ်မှ အပြန်တွင် ခရီးပင်ပန်းသည့်အတွက် ယခုလို ရွှေ့ဆိုင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလတွင် အင်န်အယ်ဒီပါတီကိုယ်စားလှယ် ၄၂ ဦး နဲ့အတူ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ နိုင်ငံတကာခရီးစဉ်များ ထွက်ခဲ့သည်။ နိုင်ငံတကာက အစိုးရများ၊ ပြည်သူများနှင့် အဝေးရောက်မြန်မာမိသားစုများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည့်နည်းတူ ဇွန်လ ၃၀ တွင် မြန်မာပြည်သို့ ပြန်လာသည့်အခါတွင်လည်း မြန်မာပြည်သူတွေက ထောင်သောင်းချီပြီး လမ်းပေါ်ထွက် ကြိုဆိုခဲ့ကြသည်။


ဒေါ်စု လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း

ဥရောပ ၅ နိုင်ငံခရီး ဆက်တိုက် ထွက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၄ ရက်နေ့ နေပြည်တော်မှာ ပြန်လည် ကျင်းပမယ့် ပထမအကြိမ် စတုတ္ထ ပုံမှန်လွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့ ရွှေ့ဆိုင်းခဲ့ကြောင်း ပါတီက အတည်ပြု ပြောဆိုပါတယ်။ ခရီးပန်းလွန်းတဲ့အတွက် ပထမတပတ်ကို လွှတ်တော် အစည်းအဝေး မတက်နိုင်ကြောင်း ပြီးခဲ့တဲ့တပတ်က တင်ပြခဲ့ပြီးနောက် လွှတ်တော်ကလည်း ခွင့်ပြုခဲ့တဲ့အတွက် အခုလို ရွှေ့ဆိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်ကြာ ၅ နိုင်ငံခရီး ဆက်တိုက် သွားရောက်ခဲ့တဲ့အတွက် ခရီးပင်ပန်းလွန်းတာကြောင့် လာမယ့် ဇူလိုင်လ ၄ ရက် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်တာသာ ဖြစ်ပြီး လွှတ်တော်ဘက်ကလည်း ဒါကို ခွင့်ပြု လက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။
“ဟုတ်တယ်။ ခရီးပန်းလာလို့ ၄ ရက်၊ ၅ ရက် နဲ့ ၆ ရက်ကို ကျနော်တို့ ခွင့်ယူထားပါတယ်။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့ကို မတက်ပါဘူး။ နောက်တပတ် ၉ ရက်နေ့က စတက်ပါမယ်။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ သူတို့ လက်ခံတယ်လို့ ပြောပါတယ်။”
ခရီးစဉ်ပင်ပန်းလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမတပတ် လွှတ်တော်အစည်းအဝေးကို မတက်ရောက်နိုင်ပေမဲ့လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကတော့ တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် က ပြောပါတယ်။
“အမေစုကို ခွင့်ယူဖို့အတွက် ကျနော်တို့ အားလုံးပဲ ၀ိုင်းဝန်းပြီးတော့ တိုက်တွန်းလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးစဉ်တလျှောက်လုံးလည်း ပင်ပန်းထားတဲ့အတွက်ကြောင့် မိုလို့ အနားယူသင့်တယ်လို့ ကျနော်တို့ တိုက်တွန်းတာပါ။ ကျန်းမာရေး အခြေအနေကြောင့် မဟုတ်ပါဘူးခင်ဗျ။ သွေးအားနည်းလို့ ဆိုတာလည်း မဟုတ်ပါဘူး၊ နောက် တခြား ဘာကိစ္စကြောင့်မှလည်း မဟုတ်ပါဘူး။ ခရီးစဉ်မှာ ခရီးတလျှောက်လုံး ပင်ပန်းလာတဲ့အတွက်ကြောင့်မိုလို့ အဲဒီအတွက် အနားယူသင့်လို့ ကျနော်တို့က အနားယူပါလို့ ၀ိုင်း တိုက်တွန်းလိုက်တာပါခင်ဗျ။ ခွင့်ရက် အနားယူပြီးသွားရင်တော့ အမြန်ဆုံး လိုက်လာမှာပါခင်ဗျ။ ကျနော်တို့က တက်ဖြစ်မှာပါခင်ဗျ။ ကျနော် မနက်ဖြန် သွားမှာပေါ့။ ၂ ရက်နေ့ သွားမှာပါခင်ဗျ။ ကိုယ်စားလှယ်တွေ အားလုံး တက်ဖြစ်မှာပါခင်ဗျာ။”
မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီကပြောဆိုပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာတော့ လွှတ်တော် အစည်းအဝေးကို ပြန်လည်တက်ရောက်မှာဖြစ်ပါ တယ်။
ဆယ်စုနှစ် ၂ ခုနီးပါးကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် ဥရောပကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် ၅ နိုင်ငံခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တာပါ။ ပထမဆုံး ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ်တာ (Didier Burkhalter) နဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နေမကောင်းတဲ့အတွက် သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးရှည်ကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းတော့ ကျန်တဲ့ခရီးစဉ်အားလုံးကို ချောချောမွေ့မွေ့နဲ့ သွားရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်ခရီးစဉ်ပြီးနောက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် နိုဘဲလ် မိန့်ခွန်း ပြောတာပြင် နော်ဝေနိုင်ငံ ဘာဂင်မြို့မှာလည်း  Rafto လူ့အခွင့်အရေးဆုကို လက်ခံခဲ့ပါတယ်။
အဲဒီနောက်  အိုင်ယာလန်နိုင်ငံဘက် ခရီးဆက်ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကချီးမြှင့်တဲ့ Ambassador of Conscience ဆုကို လက်ခံပါတယ်။
နောက်တော့  ဗြိတိန်နိုင်ငံမှာ ဗြိတိန် နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ချားလ်စ်နဲ့ရော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်စတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနဲ့လည်း လန်ဒန်မြို့မှာ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံကို နောက်ဆုံးသွားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ပြင်သစ်သမ္မတ Francois Hollande၊ သမ္မတဟောင်း နီကိုးလက်စ်ဆာကိုဇီ အပြင် ပြင်သစ်အစိုးရ အဖွဲ့ဝင်တချို့နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သလို ပါရီမြို့တော်သူ ဆုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံ ရယူခဲ့ပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာတော့ ဥရောပခရီးစဉ်အဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ခဲ့တာပါ။ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလူထုကလည်း သောင်းသောင်းဖြဖြနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။


ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရွှေ့ဆိုင်း

လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ်မှာ အရေးပေါ် ဥပဒေ ထုတ်ပြန်ထားတာကြောင့် ရွှေ့ဆိုင်းလိုက်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အရာရှိတွေက အတည်ပြု ပြောကြားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် bdnews24 အင်တာနက် သတင်းစာက အထူးသတင်း အဖြစ် ရေးသားထားပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ပေမယ့် ဇူလိုင်လ တတိယပတ်လောက် မှာတော့ ရောက်ရှိမယ်လို့ ထင်ကြေးပေးကြောင်း နောက်ထပ် ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ပြောတယ်လို့လည်း ပါရှိပါတယ်။

အာအက်ဖ်အေကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။

ဒီကနေ့မနက်မှာတော့ မြန်မာအစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ဒါကာမြို့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အကြို ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်ကို လာရောက် လည်ပတ်တဲ့အခါမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အပါအ၀င် ရိုဟင်ဂျာကိစ္စတွေကိုပါ ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။


တိုင်းရင်းသားဒေသ ဆင်းရဲမွဲတေမှုကြောင့် မတည်ငြိမ်တာတွေ ဖြစ်လာနိုင်

မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်သလို လူထုအုံကြွမှုတွေ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ သတိပေးလိုက် ပါတယ်။
ဆင်းရဲမွဲတေမှု အခြေအနေကို လေ့လာတဲ့အခါ မြန်မာနိုင်ငံက ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှု မညီမျှတဲ့ အချက်ကို ထည့်သွင်း တွက်ချက်ရပါမယ်။ တခြား ဆင်းရဲတဲ့ နိုင်ငံတွေလိုပါပဲ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု မညီမမျှဖြစ်နေတဲ့ အခြေအနေဟာ တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ အေဒီဘီအဖွဲ့ ရဲ့ ဒုတိယဥက္ကဋ္ဌ Stephen Groff က မြန်မာနိုင်ငံကို လည်ပတ်အပြီး အပြန်မှာ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ချင်း ၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေမှာ ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ ပြဿနာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ အထွက်နည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု အများဆုံး လို့ အေဒီဘီက သတ်မှတ်ထားပါတယ်။

စိုက်ပျိုးရေး ကဏ္ဍမှာ အထွက်တိုးအောင် ရင်းနှီးမြုပ်နှံတွေ များလာအောင် ဆောင်ရွက်နိုင်မယ် ပြည်တွင်း ပြည်ပ ဈေးကွက်တွေကို တိုးပေါက်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ဆင်းရဲမွဲတေမှု လျှော့ချပေးနိုင်မယ့် အနေအထား ရှိနေပါသေးတယ်လို့လည်း အေဒီဘီ အကြီးအကဲက ပြောခဲ့ပါတယ်။



လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူးဆိုသည့် သဘောရှိကြောင်းနှင့် စီးပွားရေးမကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံလူတန်းစား ဖြစ်သည့် လယ်သမား၊ အလုပ်သမားများဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့်ပွဲတွင် ပြောကြားခဲ့သည်။
ယင်းနေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့ နေရသည့် စီးပွားရေးအခြေအနေ အရပ်ရပ်နှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ပြောသွားတာတွေကို ပြန်ချုပ်လိုက်တဲ့အခါ ကျွန်တော်တို့နိုင်ငံ ရဲ့စီးပွားရေးဟာ ချုပ်ပြောရမယ်ဆိုရင် မကောင်းဘူးဆိုတဲ့ သဘောရှိတယ်။ စီးပွားရေးမကောင်းတာ ဘယ်မှာအထိခိုက်ဆုံးဖြစ်လဲဆိုတော့  တကယ့် အခြေခံလူတန်းစားတွေမှာ ဖြစ်နေတယ်။ တောင်သူလယ်သမားပြီးတဲ့ အခါမှာ အထည်ချုပ်မှာဆိုရင် အလုပ် သမားတွေဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ စီးပွားရေး မကောင်းဘူးဆိုတာ က စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူး အရှုံးပေါ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိသော်လည်း ခုနကလယ်သမားနဲ့ အလုပ်သမားများ မွေးမြူရေးသမားများ ပြောမယ်ဆိုရင် အခြေခံ Basic Production သို့မဟုတ်  Producer နဲ့ဆက်စပ်တဲ့ အလုပ်သမား တွေမှာအများကြီးထိခိုက်တယ်။ အဲဒီ ထိခိုက်တာက အတိုင်းအတာတစ်ခု ထိတော့တောင့်ခံနိုင်ပြီးတော့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလို့ရှိရင် တောင့်မခံနိုင်တဲ့အခါမှာ ကျွန်တော်တို့ မလိုချင်တဲ့ မဖြစ်ချင်တဲ့ကိစ္စတွေကို မဖြစ်စေချင်တဲ့အတွက် ဒီလို ဆွေးနွေးနေတယ်လို့ပဲ သဘောပေါက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူးဆိုသည့် သဘောရှိကြောင်းနှင့် စီးပွားရေးမကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံလူတန်းစား ဖြစ်သည့် လယ်သမား၊ အလုပ်သမားများဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့်ပွဲတွင် ပြောကြားခဲ့သည်။
ယင်းနေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့ နေရသည့် စီးပွားရေးအခြေအနေ အရပ်ရပ်နှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ပြောသွားတာတွေကို ပြန်ချုပ်လိုက်တဲ့အခါ ကျွန်တော်တို့နိုင်ငံ ရဲ့စီးပွားရေးဟာ ချုပ်ပြောရမယ်ဆိုရင် မကောင်းဘူးဆိုတဲ့ သဘောရှိတယ်။ စီးပွားရေးမကောင်းတာ ဘယ်မှာအထိခိုက်ဆုံးဖြစ်လဲဆိုတော့  တကယ့် အခြေခံလူတန်းစားတွေမှာ ဖြစ်နေတယ်။ တောင်သူလယ်သမားပြီးတဲ့ အခါမှာ အထည်ချုပ်မှာဆိုရင် အလုပ် သမားတွေဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ စီးပွားရေး မကောင်းဘူးဆိုတာ က စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူး အရှုံးပေါ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိသော်လည်း ခုနကလယ်သမားနဲ့ အလုပ်သမားများ မွေးမြူရေးသမားများ ပြောမယ်ဆိုရင် အခြေခံ Basic Production သို့မဟုတ်  Producer နဲ့ဆက်စပ်တဲ့ အလုပ်သမား တွေမှာအများကြီးထိခိုက်တယ်။ အဲဒီ ထိခိုက်တာက အတိုင်းအတာတစ်ခု ထိတော့တောင့်ခံနိုင်ပြီးတော့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလို့ရှိရင် တောင့်မခံနိုင်တဲ့အခါမှာ ကျွန်တော်တို့ မလိုချင်တဲ့ မဖြစ်ချင်တဲ့ကိစ္စတွေကို မဖြစ်စေချင်တဲ့အတွက် ဒီလို ဆွေးနွေးနေတယ်လို့ပဲ သဘောပေါက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
“ဒီနေ့ဆွေးနွေးတာ အားလုံးခြုံပြောရင် Sanction  အကြောင်း ပြောသွားတာရှိတယ်။ နောက်တစ်ခုက Transactional Cost  တွေ မြင့်နေတယ်။ နောက်တစ်ခုက တော်တော်များများ ပြောသွားတယ် ငွေလဲနှုန်း၊ ကျွန်တော်တို့က မြန်မာတွေ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားတွေ အတွက် အရေးကြီးတာက မြန်မာကျပ်ငွေပဲ။ အဲဒီအတိုင်းပဲ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်များကို ပြန်ကြည့်ရင် အခြေခံကတော့ လယ်ယာထွက် သီးနှံကုန်ပစ္စည်းများ ဖြစ်တယ်။ နောက်သားငါးပေါ့။ အဲဒီလို လယ်ယာ သားငါးပစ္စည်းတွေ ဟာ တင်ပို့တဲ့အခါမှာ ဈေးကောင်း ဒါမှမဟုတ်မှန်ကန်တဲ့ ဈေးရဖို့လိုပါတယ်။ အဲဒီနေရာမှာ ဒီကနေ့ လယ်ယာလုပ်သား၊ မွေးမြူသူတွေအနေနဲ့ သူတို့လိုချင်မှာကတော့ မြန်မာကျပ် ငွေပါပဲ၊ မြန်မာကျပ်ငွေ များများရဖို့ ဆိုရင် မြန်မာကျပ်ငွေရဲ့ လဲလှယ်နှုန်း တစ်ဒေါ်လာသို့မဟုတ် နိုင်ငံခြားငွေ တစ်ယူနစ် မြန်မာကျပ်ငွေ ဘယ်လောက်လဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိကာလမှာ နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေးလုပ်ငန်းများ အားလုံး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ နိုင်ငံသဘာဝ သယံဇာတကို အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ရောင်းဝယ်ရေး လုပ်ငန်းများမှာ အနည်းငယ် သက်သာခွင့်ရှိသော်လည်း နိုင်ငံသား အများစုမှာ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ပေးနေသည့် လုပ်ငန်းများမှာ အခက်အခဲဆုံး အနေများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းနှင့် အထူးသဖြင့် ကျေးလက်ဒေသ အခြေခံသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ အခက်အခဲဆုံးနှင့် အဆိုးဝါးဆုံး အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မရှင် နှင့် ကော်မတီများသို့ တင်ပြခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌဦးချစ်ခိုင်ကလည်း လယ်သမားများ၏ စီးပွားရေးအခြေအနေမှာ ဆိုးရွားနေကြောင်း၊ ရာသီဥတုနှင့် ဈေးကွက် အခြေအနေကြောင့် လယ်သမား များ အခြေအနေ မကောင်းရခြင်းဖြစ်ကြောင်း၊ ထိုသို့ စီးပွားရေးမကောင်း ခြင်းကြောင့် ဆန်စပါး အထူးပြုကုမ္ပဏီ များမှ ထုတ်ချေးငွေများကိုအပြေ အလည်မဆပ်နိုင်ကြောင်း၊ ဆန်စပါး အထူးပြုကုမ္ပဏီ အတော်များများမှာ လုပ်ငန်းရပ်ရမည့် အခြေအနေရှိကြောင်း လယ်ယာကဏ္ဍ အခြေအနေမှာ ဆိုးရွားသည့် အခြေအနေရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း ယခုအချိန်သည် Primary Producer များအတွက် အခက်အခဲဖြစ်နေကြောင်း၊ လယ်ယာသားငါး ကဏ္ဍများသည် ရပ်တည်ဖို့ မလွယ်ကူကြောင်း ၂၀၀၉၊ ၂၀၁၀ ခု နှစ်များမှစ၍ စီးပွားရေးမှတုံ့ဆိုင်း လာကြောင်း Transaction Cost  များ လျော့အောင် လျှော့ချနေသော်လည်း ထပ်မံလျှော့ရမည့် ဧရိယာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အချုပ်ပြောရရင်တော့ ဒီနေ့ဆွေးနွေး တင်ပြချက်တွေ အကုန်လုံးကိုရရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ကျွန်တော် ကတိပေးနိုင်တာက ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက်လာရေးကို တော့ ကတိပေးနိုင်ပါတယ်။ ကျွန်တော်တို့ ယခင်အစိုးရလက်ထက် က ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ဖို့ ပြည်သူများရဲ့ဆန္ဒကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောမယ် ဆိုရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကျွန်တော်ပြောတဲ့ ပြဋ္ဌာန်းချက် ပါပါတယ်။ အဲဒါက ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေ စီစနစ်၊ ဈေးကွက်စီးပွားရေးစနစ် ထူထောင်တဲ့နေရာမှာလည်း ကျွန်တော်တို့အားလုံး ပါဝင်ပြီးတော့ ထူထောင် ဖို့လိုပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တင်မရဘဲ ပြည်သူများ၊ ပြောမယ်ဆို လို့ရှိရင် မီဒီယာများပါ ပါဝင်ဆောင် ရွက်ဖို့လိုပါတယ်။ တိုင်းရင်းသားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း များပေးဖို့၊ ပြီးတဲ့အခါ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ဥပဒေပြီးတဲ့အခါ တိုင်းရင်းသားများ လုပ်ငန်းရှင်များနဲ့ နိုင်ငံသားများကို လုပ်နိုင်ဖို့အတွက် အကူအညီအထောက်အပံ့တွေ ပေးမယ်ဆိုတဲ့ မူဝါဒက ရှိနေဆဲပဲဖြစ်ပါ တယ်။ အဲလိုရှိနေတယ်ဆိုရင် ဒီလို စာရွက်ပေါ်မှာပဲ မထားဘဲ လက်တွေ့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ခုနက ကျွန်တော်ကတိပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီမူဝါဒရှိတယ်။ ဒီမူဝါဒနဲ့အညီ ကျွန်တော်တို့နိုင်ငံသားများရဲ့ ရပိုင်ခွင့်လုပ်ပိုင်ခွင့်များကို အဓိကထား ကာကွယ်နိုင်တဲ့ ဥပဒေမျိုးကျွန်တော် တို့ဖော်ဆောင်ပေးမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံသားများရဲ့အကျိုး စီးပွားကို ဖြစ်ထွန်းစေသော ဥပဒေ များ၊ နိုင်ငံသားများရဲ့အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ ဖြစ်ထွန်းရေးက ကျွန်တော်တို့အတွက် အဓိကတာဝန် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။



၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁/၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက် ရက်စွဲဖြင့် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ လယ်ယာမြေဥပဒေ၌ တောင်သူလယ်သမား၏ အကျိုးစီးပွားကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း ပြင်ဆင်ပြဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဇွန်လ၂၇ရက်နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သော စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG-The Food  Security Working Group)၊ မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group,LCG) ၏ လုပ်ငန်းစီမံချက်ကို တင်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း အခမ်းအနားတွင် ဆွေးနွေးပြောကြားချက်များအရ သိရှိရသည်။ 
အဆိုပါဆွေးနွေးပွဲသို့ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအန်ဂျီအိုများ၊ ကုလသမဂ္ဂနှင့် အလှူရှင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ လုပ်ငန်းရှင်၊ပညာရှင်များ၊ လယ်မြေအသိမ်းခံခဲ့ရသူများ စုစုပေါင်း ၈၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လယ်ယာမြေဥပဒေတွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ်မှု နည်းပါးနေပြီး လယ်ယာမြေအသိမ်းခံရမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေသောကြောင့် အဆိုပါဥပဒေအား တောင်သူလယ်သမားများ အကျိုးစီးပွား ကာကွယ်နိုင်မည့် ဥပဒေအဖြစ် ပြန် လည်သုံးသပ်ပြင်ဆင်ရန် စီစဉ်နေကြောင်း အဆိုပါအခမ်းအနားတွင် Land Core Group  ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားခဲ့သည်။



လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင် ဂုံးကျော်တံတားများတည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက်ကာ အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်ကျစရာ မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော်များ တည်ဆောက်မှုအတွက် ကုန်ကျငွေတောင်းခံသည့် မေးမြန်းချက်ပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက''အမေရိကန်ဒေါ်လာ ၄၅ သန်းက နောက်မှ ဖြစ်ပေါ်လာတဲ့ကိစ္စပါ။ သူက(ဂုံးကျော်တံတားများ)Cost တွက်ရတယ်။ အဲဒီ Costing ကို မြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာက စစ်ဆေးတယ်။ အဲဒါလည်း ခင်ဗျားတို့ သွားစစ်ရင်လည်း အချိန်မရွေး စစ်ဆေးခွင့်ရှိတယ်။ ခင်ဗျားတို့က စစ်ချင်တယ်ဆိုလည်း ကျွန်တော်က ပြောပြပေးမယ်။ သွားကြည့်ပါ''ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်၍''ဘုရင့်နောင်ကျတော့ တခြားအဖွဲ့ လုပ်တာ ဘုရင့်နောင်လမ်းကလည်း အလွန်တရာ အခက်အခဲ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကိုတင် ဒီဇိုင်းကိုစစ်၊ ကြိုက်ရင် ခင်ဗျားတို့နဲ့ စာချုပ်ချုပ် ဘယ်လောက်ကျမလဲ အ သေးစိတ် တွက်ရမယ်။ နောက်ပြီးတော့မှ အတည်ပြုပေးမှာ။ အတည်ပြုပြီးမှ ဘယ်လောက်ကျသလဲဆိုတာ ကြေညာမှာ။ အခုတော့ တန်းလန်းဖြစ်နေတယ်။ ပြီးရင်ကြေညာမှာ အခုတော့ မကြေညာဘူး။ သွားကြည့်ရင်ရတယ်။ ဘယ်ကုမ္ပဏီဗျာ ကျွန်တော်ကြည့်ချင်ပါတယ်ဆို ရတယ်။ မရှိမဖြစ်တော့ ဒီလိုသွားနေရတယ်။ အစိုးရအနေနဲ့ကလည်း ဘတ်ဂျက်က Law အနေနဲ့ သွားထားတော့ မပါဘူး။ လတ်တလောမှာလည်း ဒီပြဿနာရှိနေတယ်။ ရှိ တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုလုပ်ပါ ဘယ်လောက်ကျတယ်ဆိုတာ တိတိကျကျတွက်ပြီးမှ ကျွန်တော်တို့ ဘယ်လိုကောက်မလဲ။ ဂုံးကျော်တံတားပေါ်မှာတော့ တိုးဂိတ်က ကောက်လို့မရဘူးလေ။ BOT လည်း မဟုတ်ဘူး။ Build Transfer ပြီးရင် လွှဲမယ်။ Opreate လုပ်ရမှာက ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်ရမှာ။ သူတို့မလုပ်ဘူး (တည်ဆောက်သည့် ကုမ္ပဏီ)၊ သူတို့လည်း အကြာကြီး ဒီလိုပေးတာ မဟုတ်ဘူး။ အပ်လိုက်တဲ့သဘောပဲ။ အဲဒါတွေ ကျွန်တော်တို့ လုပ်နေတယ်။ တာမွေကျတော့ လုပ်ဖို့မလိုဘူး။ ပလက်ဖောင်းတွေ လှီးလိုက်ရင် Traffic နဲ့ အဆင်ပြေတယ်ဆိုတော့ မလုပ်တော့ဘူး။ နောက်တစ်ခုက ရွှေဂုံတိုင်နဲ့ မြေနီကုန်းက လိုအပ်တယ်။ ရွှေဂုံတိုင်ကို အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရက စဉ်းစားပြီး ဒီဇိုင်းထုတ် နေတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်က ၀ိုင်းဝန်းပြီးတော့ ကူညီပေးတဲ့အကြောင်းပဲ ရှိပါတယ်။ ၄၅ သန်း ကုန်ကျစရာလည်း အကြောင်းမရှိပါဘူး။ ၀န်ကြီး ဦးအောင်မင်းက ကားဟောင်းလဲပြီး ကားသစ်သွင်းရာကနေ Tax တွေက နိုင်ငံခြားငွေအနေနဲ့ ရှိနေတော့ သူက ဒီငွေတွေနဲ့ ရန်ကုန်တိုင်းမှာ လမ်းတွေဖွံ့ဖြိုးစေချင်တယ်။ အဲဒီအထဲက ငွေအချို့ကို သုံးလို့ရတယ်လို့ သမ္မတကြီးဆီ အကြံပြုတယ်။ သမ္မတကြီးက မူအားဖြင့် သဘောတူ ထားတော့ ဒါလုပ်တုန်း Process ပါ။ ၄၅ သန်းလုံးကို ဒီတံတားအတွက် ပေးတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ထည့်ပေးတယ်။ ပြီးမှ ကျတာပြန်ချေရမှာ''ဟု ပြောကြားခဲ့သည်။



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ရှိ၌ ဆိုက်ရောက် ဗီဇာစနစ်ဖြင့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ပေးသည့်စနစ်ဖြင့် ခွင့်ပြုပေးထားပြီး နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ တိုးချဲ့သွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။လက်ရှိတွင် ရန်ကုန်လေဆိပ်မှ Arrival Visa ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ခွင့်ပြုလျက်ရှိရာ Business Visa အမျိုးအစားတစ်မျိုးကိုသာ Arrival Visa ထုတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ခွင့်ပြုပေးထားကြောင်း သိရသည်။
''Arrival Visa ကို ဇွန်လ ၁ ရက်နေ့မှ စလုပ်ခဲ့တယ်။ Business Visa ကို စပြီးခွင့်ပြုပေးတာ။ သက်ဆိုင်ရာသံရုံးက ဗီဇာယူစရာ မလိုဘူး။ ဒီကိုလာခဲ့လိုက်။ တန်းပြီးထုပြီး အစစ်အဆေးမရှိပေးတယ်။ သူ့မှာ Black List ပါရင်တောင် နောက်မှ လိုက်စစ်တဲ့စနစ်ပါ။ ဇွန်လ ၁ ရက်နေ့ကစပြီး ဇွန်လ ၃၀ ရက်နေ့အထိ ၉၁၄ ယောက်ကို ပေးပြီးဖြစ်ပါတယ်။ အခုဆို တစ်ရက်ကို ပျမ်းမျှ ၅၀ ကျော်လောက် လာနေပါတယ်။ လုပ်ငန်းတွေကို ရန်ကုန်လေဆိပ်မှာပဲ စလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ မန္တလေး၊ နေပြည်တော်လေဆိပ်တွေမှာပါ တိုးချဲ့ပါမယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment